Part 16

5.9K 148 58
                                    

Unicode

"ဟဲ့ ငါ့အထင်တော့သူကသူဌေးနဲ့တစ်ခုခုတွေ နေမှာ"

"ဟုတ်ပ ငါလဲအဲ့လိုထင်တာ သူဌေးကဘယ်တုန်းကများ အတွင်းရေးမှူးခန့်ဖူးလို့လဲ မိန်းကလေးတွေကိုအနားတောင်အကပ်မခံတဲ့ ဟာကို"

"ဘာပဲဖြစ်ဖြစ် ငါတော့သူ့ကိုလေးစားသွားပြီ ငါတို့ဆို သူဌေးကိုမြှူဆွယ်နေခဲ့တာ ဘယ် လောက်တောင်ကြာနေခဲ့ပြီလဲ မျက်လုံးချင်း တောင်မဆုံဖူးဘူး"

"ဟဲ့ သူကကောင်းကောင်းမြှူဆွယ်နိုင်မှာပေါ့ သူ့ရုပ်လေးကလှတာကို ကိုရီးယားမလေးကျ နေတာပဲ မနက်ကCompanyထဲဝင်လာတုန်း ကဆို သူ့ရဲ့ပေါင်တံလေးတွေကိုလူတိုင်းက ဝိုင်းငေးကြည့်နေကြတာ"

"ဟယ် ဟုတ်လား ငါတော့အခုထိမတွေ့ဖူးသေးဘူး"

"ငါတော့တွေ့ပြီးပြီ အဲ့လောက်လှမှတော့လဲ သူဌေးကိုမြှူဆွယ်နိုင်တာမထူးဆန်းတော့ပါ ဘူးလေ"

ဆူးမေကော်ဖီဖျော်နေရင်းကြားနေရတဲ့အပြင် ဘက်ကအသံတွေကို သွားပြီးတုံ့ပြန်ချေပလိုက်ချင်သည် သူဘယ်သူ့ကိုမှမမြှူဆွယ်ခဲ့ ပါ ဒါကြောင့်အဲ့လိုသွားပုပ်လေလွင့်ပြောနေတာတွေကိုလဲ မကြိုက်ပါ ဒါပေမယ့်သူဘယ် သူနဲ့မှပြသနာမဖြစ်ချင်ဘူး ဒီCompanyမှာ မိတ်ဆွေမရှိလို့အကူအညီမရတဲ့အထဲ ရန်သူတွေပါရှိလာရင်သူ့အတွက်ဘယ်လိုမှမကောင်းနိုင်တော့ပါ ကော်ဖီခွက်ကိုသေချာကိုင်လာပြီး အခန်းထဲကအထွက်မှာ ချောင်း တစ်ချက်ဟန့်ပြလိုက်သည် အဲ့တော့မှ အပြင် ဘက်ကမိန်းကလေးတစ်စုလဲ မလုံမလဲဖြစ်ကာ ပြေးထွက်သွားတော့သည်

"အင့် အမလေး ပူလိုက်တာ"

တစ်စုံတစ်ယောက်ကအရှိန်နဲ့ဝင်တိုက်လိုက် တာမို့ လက်ထဲကကော်ဖီခွက်က ဆူးမေကိုယ် ပေါ်ကိုဖိတ်စင်ကုန်တော့သည် ကော်ဖီတွေဖိတ်ကျကုန်တာကြောင့်သူလန့်မသွားရပေမဲ့ ရုတ်တရတ်ခေါင်းထဲဝင်လာတဲ့ မြန်ဆန်လွန်း လှတဲ့ပုံရိပ်တချို့ကြောင့် ဖင်ထိုင်ရက်လဲကျ သွားရသည် သူ့ရဲ့ခေါင်းထဲမှာ ခုလိုမျိုးပဲ ကော်ဖီခွက်ကိုင်ထားတဲ့ဆူးမေနဲ့အတူ ငိုနေတဲ့ ဆူးမေကိုလဲတွေ့ခဲ့ရတယ် ဒါပေမယ့် ကျန် တာတွေအားလုံးကတော့ ဝေဝါးလွန်းတာမို့လို့ သူဘာမှသေချာမသိရ

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Oct 24, 2020 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

I'm your Master(You're Mine)Unde poveștirile trăiesc. Descoperă acum