Part 2

5.1K 146 1
                                    
Unicode

"ဆူဆူးသွားမယ် ဒယ်ဒီ"

"ဆူဆူး ဒီကိစ္စကသေးသေးလေးမဟုတ်ဘူးနော် သမီးထင်ထားသလို ဒယ်ဒီတို့ရဲ့အကြွေးက မသေးဘူးနော်"

"အကြွေးတွေကဘယ်လောက်ရှိမှန်းမသိပေမယ့် ဆူဆူးလုပ်ပေးနိုင်တဲ့ ကိစ္စမို့လုပ်ပေးချင်တယ် ဆူဆူးမိသားစုကိုကယ်တင်ချင်တယ် မစိုးရိမ်ပါနဲ့ ဒယ်ဒီရယ်"

"မစိုးရိမ်ပဲဘယ်လိုနေရမလဲ ဆူဆူးရယ် ဟိုကောင်ကသမီးကိုဘာလုပ်ခိုင်းမှာလဲ ဘယ်လိုထားမှာလဲ ဘာဖြစ်လို့လိုချင်တာလဲ ဆိုတာတစ်ခုမှမသိပဲ ဒယ်ဒီဘယ်လိုစိတ်အေးနိုင်မှာလဲ"

"ဟုတ်တယ် ကိုကိုလဲညီမလေးကိုစိတ်မချဘူး ညီမလေးကမိန်းကလေးလေ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"ဒါဆိုတခြားနည်းလမ်းရှိလား ပြောလေ ဒယ်ဒီတို့မှာတခြားနည်းလမ်းရှိလို့လား ဘာနည်းလမ်းမှမရှိတော့တာကို ဘယ်လိုလုပ်ကြမလဲ တစ်ခုခုဖြစ်သွားမယ်ဆိုရင်လဲ ဆူဆူးကံလို့ပဲ သတ်မှတ်ရတော့မှာပဲ ဆူဆူးမသွားလိုက်ရင်အားလုံးဒုက္ခရောက်ကုန်မှာပေါ့"

"ဆူဆူးရယ် သမီးလေးကိုမာမီစိတ်မချဘူး သူကသမီးလေးကို အန္တရာယ်ပေးမှာစိုးတယ်"

"ဆူဆူးရင်ဆိုင်မယ် မာမီ သူကဘယ်သူပဲဖြစ်နေပါစေ ဆူဆူးရင်ဆိုင်မယ် မနက်ဖန်ဆူဆူး သူ့အိမ်ကိုသွားမယ် အကြွေးတွေကဘယ်လောက်များများ ဆူဆူးဆပ်ခဲ့မယ် ဆူဆူးအပေါ်မှာအထုပ်သွားပြင်လိုက်ဦးမယ် မာမီတို့ထမင်းစားနှင့် ဆူဆူးကိုမစောင့်နဲ့တော့"

ကျချင်နေတဲ့မျက်ရည်တွေကိုထိန်းထားရင်း အခန်းထဲကိုဝင်လာခဲ့သည် ဝင်ဝင်ချင်းတွေ့လိုက်ရတာ အပြာရောင်stichရုပ်နဲ့ မွေ့ယာလှလှလေး စိတ်ရှိလက်ရှိပစ်လှဲချလိုက်ပြီး မွေ့ယာကိုမျက်နှာအပ်ကာ ငိုချလိုက်သည် အခုမှဆယ်တန်းအောင်ခါစ ကလေးတစ်ယောက်က အဲ့အကြွေးတွေကိုဘယ်လိုများ ဆပ်နိုင်မှာတဲ့လဲ ဒါပေမဲ့မိသားစုအရေးမို့ မဖြစ်ဖြစ်အောင်လုပ်ရမယ် မာမီရင်ခွင်ထဲကနေ တစ်ခါလေးတောင်ခွဲမထွက်ဖူးတာမို့ မသွားချင်တာတော့ အမှန်ပဲ

မွေးကတည်းက နိုင်ငံရပ်ခြားမှာမှ မွေးတာမို့ မိဘနှစ်ပါးက နာမည်ကို ဘိုဆန်ဆန်လေးမှည့်ပေးထားသည် March Suzyတဲ့ အကိုလင်းနေ့စွဲထက် အချစ်ပိုခံခဲ့ရတဲ့ ဆူဇီကကံကောင်းစွာနဲ့ပဲ အကိုဆီကမနာလိုဝန်တိုခြင်းအစား ချစ်ခြင်းမေတ္တာကိုသာ ထပ်တိုးရရှိခဲ့သည် အနေအေးတဲ့ဆူဆူးကိုအနိုင်ကျင့်တဲ့သူတွေရှိရင်လဲ ကာကွယ်ပေးတတ်တဲ့ကောင်လေးတစ်ယောက်ကလဲ အကိုပါပဲ ဆူဆူးရဲ့ဘဝကိုဒီလောက်ထိအေးချမ်းမှူတွေပေးတဲ့မိသားစုလေးကို ဆူဆူးကဒုက္ခရောက်ခံခိုင့်ပါ့မလား ဆူဆူးကြောက်ပေမယ့်လဲ ရင်ဆိုင်မယ် အိမ်ဖော်လုပ်ရလဲဖြစ်တယ် အလုပ်ကြမ်းတွေလုပ်ဆိုလဲ ဖြစ်တယ် သူဘာပဲခိုင်းခိုင်း ဆူဆူးမိသားစုအတွက် ဆူဆူးဘာမဆိုလုပ်မယ် တစ်ခုခုဖြစ်ခဲ့တော့လဲ ဆူဆူးကံပဲပေါ့........

ဒီအပိုင်းလေးလဲတိုဦးမယ်နော် စာမေးပွဲနဲ့မို့ပါ

Zawgyi

Zawgyi

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

I'm your Master(You're Mine)Tahanan ng mga kuwento. Tumuklas ngayon