Marriage And Love ( Comp...

By Mone_La_U

223K 29.4K 3.6K

We got married without Love More

MAL - 1
MAL - 2
MAL - 3
MAL - 4
MAL - 5
MAL - 6
MAL - 8
MAL - 9
MAL - 10
MAL - 11
MAL - 12
MAL - 13
MAL - 14
MAL - 15
MAL - 16
MAL - 17
MAL - 18
MAL - 19
MAL - 20
Notice !
MAL - 21
MAL - 22
MAL - 23
MAL - 24
MAL - 25
MAL - 26
MAL - 27
MAL - 28
MAL - 29
MAL - 30 ( Final )
Hey guyssssss !
Extra 1 ( Merry Christmas )
Extra - 2
Fic Book လေးလာပါပြီ ><♥

MAL - 7

5.3K 883 46
By Mone_La_U

Unicode

ယနေ့ Chanyeol သည် စာရင်းတွေကို စိစစ်နေရင်းမှ
လက်က နာရီကိုသာ တကြည့်ကြည့်ဖြစ်နေသည် ။

အခြားကြောင့်တော့ မဟုတ် ၊
ဒီနေ့ နေ့လည် 11 နာရီခွဲလောက် ယူနာနဲ့အတူ
နေ့လည်စာစားဖို့ ချိန်းထားသည့် အတွက်ကြောင့်ပင်
ဖြစ်သည် ။

အခြား Company တစ်ခု၏ Marketing အဖွဲ့တွင်
အဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်နေသော ယူနာသည်
ကံကောင်းထောက်မစွာ သူနှင့် နေ့လည် ရုံးဆင်းချိန်ချင်း
တိုက်ဆိုင်နေခဲ့၏  ။

ထို့ကြောင့်  ယူနာ့ company နားက ကုန်တိုက် တစ်ခုတွင်
နေ့လည်စာ အတူစားရင်း ယူနာ စျေးဝယ်ထွက်သည်ကိုပါ
အဖော်ပြုပေးရန်  ချိန်းဆိုထားခဲ့ခြင်းဖြစ်သည် ။

ယူနာနှင့် တွေ့ရမည့် ရက်ဆိုလျှင်
အမြဲ နာရီတကြည့်ကြည့်ဖြစ်နေတတ်သော
Chanyeol ရဲ့ အကျင့်ကလေးကတော့
အသက် 22 နှစ်အရွယ်မှတိုင် ခုချိန်ထိ မပြောင်းလဲခဲ့ပါ ။

_
_
_

' ဟေးး   ဟိုမှာ သစ္စာဖောက်ကောင် ရောက်လာပြီ ´

Baekhyun ရောက်လာသည်နှင့်
တစ်ဖွဲ့လုံး ဆူညံစွာဖြင့် အုံကြွလာရုံမက
ဂျုံအင်က  အမြန်ပြေးလာပြီး ခုန်အုပ်၍
သူ့ခေါင်းကို လက်မောင်းကြားညှပ်ကာ
ကြိုဆိုသည် ။

' အား  နာတယ်ဟေ့ကောင်ရ  လွှတ် လွှတ် ´

' လွှတ်စရာလား  မနေ့က မင်း out သွားလို့
ဟိုသောက်ကြီးသောက်ကျယ်ကောင် ရှင်းဟို ကို
ငါတို့အဖွဲ့နဲ့ လာကစားဖို့ ခေါ်လိုက်ရတယ် !
သစ္စာဖောက်  သစ္စာဖောက် ´

သူ့ခမျာ ဂျုံအင်လက်မောင်းကြား ခေါင်းညှပ်၍
ဆွဲခေါ်ရာနောက် ကားယား ကားယား ပါသွားရရုံတင်မက
ခေါင်းကိုလည်း လက်ဖဝါးနဲ့ ခပ်ဆတ်ဆတ် ၂ ချက်ဆင့်
ရိုက်ခံလိုက်ရသေးတယ် ။

ဤမျှ နှင့်ပင် မပြီးသေး ၊
ဂျုံအင်က သူ့ကို ဆိုဖာပေါ် လွှတ်ချလိုက်သည်နှင့်
အခြားကောင်တွေကပါ ဝိုင်းအုံလာပြီး
လက်မောင်းကို လက်သီးနဲ့ထိုး ၊ ကျောကုန်းကိုရိုက်
လုပ်နေတာ ခံရသေးသညါ ။

' ဟမ် ? ခါတိုင်း ပွဲကောင်းနေရင် 3 နာရီ 4 နာရီမှ
သေတဲ့ကောင်က မနေ့က ဘဲကြီးစကားတစ်ခွန်းနဲ့တင်
11 နာရီနဲ့ out သွားတယ်တဲ့  !
ဟေ့ကောင်  နည်းနည်းပါးပါး ဖြေရှင်းချက်ထုတ်စမ်း ´

' လည်ဂုတ်ကိုမဖိနဲ့ကွ   နာတယ် ခွေးသားလေးရဲ့ ´

Baekhyun သည် တိုး၍ တစ်သွယ် ကြိတ်၍ တစ်သွယ်
ဝိုင်းနှိပ်စက်နေကြသော မကောင်းစလောင်းတွေရဲ့
လက်တွေကို ခပ်ကြမ်းကြမ်း ဖယ်ပစ်လိုက်ပြီး
အရှေ့ စားပွဲပေါ်မှ Cass ဘီယာဘူးကိုသာ လက်လှမ်း
လိုက်သည် ။

ထို့နောက်  ဆိုဖာပေါ် မှီချရင်း တစ်ငုံသောက်ပစ်လိုက်တော့
ပြင်းရှရှ အရသာက ရင်ထဲအထိ ပူပါသွား၏ ။
သောက်ချင်လာရင် Baekhyun တို့က
မနက်အစောကြီးဘာညာရွေးမနေပါ ။

' အားနာဖို့ကောင်းတယ်လေ
သူက အလုပ်နဲ့အကိုင်နဲ့
အိပ်ချိန်တန်မအိပ်ရရင်ပင်ပန်းမှာပေါ့  ´

' အော် Byun Baekhyun အားနာတတ်တဲ့ နေ့လည်း
ရောက်လာသေးတာပဲ
အဲ့လို အားနာနေရင်လည်း အခန်းခွဲအိပ်လေ ´

' ဟေ့ကောင် ဟေ့ကောင်
ရခါစ အတွဲလေးကို  မင်းကိုယ်ချင်းမစာမနာမပြောပါနဲ့ဟ ´

ရယ်သံတွေ တသောသောညံသွားတာမို့
Baekhyun လက်ခလယ်တစ်ချက်
သေသေချာချာ ထောင်ပြခဲ့ပြီး  ဂျုံအင့်အခန်းထဲ
Cass တစ်ဘူးကိုင်ရင်းဝင်လာခဲ့တော့သည် ။
နောက်မှ ဂျုံအင် လိုက်လာသည်ကိုလည်း မြင်၏ ။

' ငါ့ Tablet ရော ?  ´

' စားပွဲပေါ်မှာ ရိှမှာပေါ့  နည်းနည်းပါးပါးရှာကြည့်လေ !
လူကို မေးဖို့ပဲ တတ်တာလား ´

Baekhyun သည် Jong in ၏ ဗိုက်ကို တစ်ချက်
လက်သီးဖြင့် ဝိုက်ထိုးခဲ့ပြီး စာအုပ်ပေါင်း
သောင်းခြောက်ထောင်နှင့် ရှုပ်ပွ ဖွာလန်ကြဲနေသော
စားပွဲထက်တွင် သူ့ Digital drawing tablet လေးကို
ရှာရတော့သည် ။

Jong in ကမူ အောင့်သွားသော ဗိုက်ကြောင့်
ပုစွန်တစ်ကောင်လို ကွေးပြီး အိပ်ယာထက် လှဲချ
သွားသော်လည်း  ဟန်ဆောင်ကာ မူပိုနေခြင်းဖြစ်ကြောင်း
သိသာလှ၏ ။ သူတို့ယောကျ်ားလေးတွေအတွက်
ဒီလောက် အားလေးဟာ စ နောက်ရုံ သက်သက်သာဖြစ်သည် ။

' ဟို ရှေ့ကကောင်တွေ ဒီထဲ မဝင်လာစေနဲ့
မင်းလည်းထွက် ! ´

' ဘာလဲ  ပုံအသစ်ရေးမလို့ Mood ဝင်လာလို့လား ´

အမှန်တကယ်တော့ Baekhyun သည်
digital drawing tablet လေးတစ်ခုနှင့်
ပုံတွေ အမြဲဆွဲလေ့ရိှပြီး ထိုပုံတွေကို သူ့ရဲ့
ကိုယ်ပိုင် website လေးမှာ အမြဲတင်သည် ။

ဒါပေမယ့် ရှက်လွန်းလို့ ဒီအကြောင်းတွေက်ို
အဖေ့ကိုတောင် မပြောပြခဲ့ ။
မကောင်းတာလုပ်တာလည်း မဟုတ်ပါပဲနဲ့
သူဆွဲတဲ့ပုံတွေကို အခြားတစ်ယောက်ကို ပြရမှာ
ရှက်ခြင်းပင်ဖြစ်သည် ။
သူ ဘာဝါသနာ ပါလည်း ဆိုတာကိုလည်း
တစ်ယောက်မှ စိတ်မဝင်စားခဲ့သလို ယုတ်စွအဆုံး
Baekhyun ပုံဆွဲတတ်တယ် ဆိုတာတောင် မသိကြ ။
Jong In တစ်ယောက်သာပဲ ချွင်းချက်ဖြစ်သည် ။
သို့သော် ယနေ့တွင်မူ ချွင်းချက် နောက်တစ်ယောက်
တိုးလာခဲ့၏ ။

' Jong in ! ဟိုလူက ငါ့ဝါသနာကိုမေးတယ်  ´

' ဟမ် .... ဘယ်သူလဲ ? ´

Jong in က သူပြောတာကို သိပ်စိတ်ဝင်တစားမရိှ ။
ကုတင်ပေါ်မှ ထပြီး  နံရံကပ်စင်ပေါ်မှာ တင်ထားသော
သူ့ Marvel အရုပ်တွေကိုသာ သနေသည် ။

' ဘယ်သူရိှရမလဲ Park မျိုးရိုးပေါ့ ၊
ရုတ်တရက်ကြီး လန့်သွားတာတော့တကယ်ပဲ ဟ ဟ
တစ်ယောက်မှ ငါ့ကို ငါ့ဝါသနာက ဘာလဲလို့ မမေးဖူးဘူး ´

' အဲ့တော့ ပန်းချီဆွဲတာလို့ ဖြေလိုက်လား ´

' မင်းအဖေမှာ အခြားဝါသနာ ရိှသေးလို့လား ? ´

' သေချာပေါက်ရိှတာပေါ့
ငါ့အမြင်အရ မင်းက ပန်းချီဆွဲရတာထက်
ဆဲရတာကို ပိုဝါသနာပါတဲ့ပုံပဲ  !   ´

' ရှီးးးဘားလ်  ! ´

ကောင်းကောင်းမွန်မွန်ပြောနေသည်ကို
ကောင်းကောင်းမွန်မွန် မတုံ့ပြန်သော Jong in ၏
တင်ပါးကို Baekhyun ကုတင်ထက်မှနေ၍
ခြေဖမိုးနှင့် လှမ်းဖြတ်ကန် လိုက်သည် ။

' ဟုတ်ပြီ  ဟုတ်ပြီ  အဲ့တော့မင်းက
ပန်းချီဆွဲရတာ ဝါသနာပါတယ်လို့ ပြောလိုက်တယ်ပေါ့ ? ´

' အေး ´

' မင်း website နာမည်တွေ ဘာတွေပြောလိုက်သေးလား ´

' ရူးနေလို့ ပြောရမှာလားဟ
အဖေ့ကိုတောင် မပြောပါဘူးဆို ´

' အော် အဖေနဲ့ယောကျ်ားနဲ့တော့ တူမလား ~
အန်ကယ် ဘယ်လောက်ပြောပြော game နဲ့ပတ်သတ်ရင်
မရတဲ့ကောင်က  မနေ့ညက ယောကျ်ားစကားတစ်ခွန်းနဲ့တင်
ချက်ချင်း အိပ်သွားတယ်လေ  ´

Baekhyun သည် ချက်ချင်း ကုတင်ပေါ်မှ
ထလာကာ Jong in ကို ထိုးနှက်၍ အခန်းအပြင်
ဆွဲထုတ်တော့သည် ။

' မင်းအဖေကို ယောကျ်ားတော်နေလိုက် ! ချီးလိုပဲ
သောက်ရမ်း ကြက်သီးထစရာကောင်းတယ် ! ´

Jong in သည်  တက်သေတော့မည့်
လူတစ်ယောက်နှယ်  တဟားဟား အော်ရယ်ရင်း
အခန်းအပြင်ဘက်သို့  ကန်ထုတ်ခံလိုက်ရတော့၏  ။

အခန်းတံခါးကို အထဲက Lock ချပြီးတာနဲ့
Baekhyun လည်း ဂျုံအင့်ကုတင်ပေါ် ပြန်တက်
Tablet ကို ကောက်ကိုင်ရင်း ယနေ့ Mood ဝင်နေသော
new character တစ်ကောင်ကို စ၍ ပုံဖော်ပါတော့သည် ။

_
_
_

' Chanyeol  ah ! ငါဒီမှာ ´

Company ရှေ့မလှမ်းမကမ်းတွင် ကားရပ်ထားကာ
စောင့်နေသော Chanyeol ကို မြင်တော့ ယူနာက
လက်လှမ်းပြရင်း လျှောက်လာသည် ။

Chanyeol လည်း တစ်ချက် ပြန်ပြုံးပြကာ
လက်ထောင်ပြလိုက်၏ ။

တက္ကသိုလ်တုန်းက အတိုင်း ယူနာက ရှေ့ဆံမြိတ်လေးကို
တိတိပပ ချထားပြီး ကျောအောက်လောက်ရိှတဲ့
ဆံပင်ကောက်ကောက်လေးတွေကို အညိုနုရောင်လေး
ဆိုးထားသည် ။

ဒါပေမယ့် အရင်တုန်းကထက်တော့
ရင့်ကျက်တဲ့ဟန် ပေါက်သွားတာပါပဲ ။
တအားကြီး ကြပ်မနေတဲ့ ဘောင်းဘီရှည်ရယ်
Long coat ရယ်နဲ့ ယူနာက pincle heel
အကူအညီကြောင့်  အရပ်လည်းပိုပြီးရှည်နေသေးတယ် ။
ယူနာက အရင်ကလို ထက်မြက်တဲ့ ပုံစံအတိုင်း
ရိှနေတုန်းပဲ ။

' ငါ့ကား မယူလာခဲ့ဘူး နီးနီးနားနားမို့ ´

' ရပါတယ်  တက်လေ ´

Chanyeol က ကားတံခါးဖွင့်ပေးတော့
ယူနာက တစ်ချက်ရယ်ပြပြီး ကားထဲကို
ဝင်ထိုင်လေသည် ။
ထို့နောက်တွင်တော့ ဘယ်လောက်တောင်
မဝေးသည့်  shopping mall တစ်ခုကို
ရောက်လာခဲ့၏ ။

' နေ့လည်စာ အရင်စားမယ်မလား ?
ဒုတိယထပ်မှာ ဆိုင်ကောင်းကောင်းတစ်ဆိုင်ရိှတယ် ´

' အင်း   နင့်သဘောပဲ ´

အတူတူ ဘေးချင်းယှဥ် လမ်းလျှောက်ပြီးလာတော့
Chanyeol ဘက်က အနည်းငယ် ရင်တုန်သလို
ဖြစ်နေသလောက် ယူနာက တအားပေါ့ပါးနေသည် ။

Company မှာကြုံတွေ့ရတဲ့ ပြသနာတွေ
အကြောင်းပြောလိုက် ၊ စီးပွားရေး စျေးကွက်တွေ
အကြောင်း ရောက်သွားလိုက်နှင့်ပင် ။
မဟုတ်မှလွဲရော ယူနာ က သူ့အပေါ်
ဘာခံစားချက်မှ မရိှတော့တာလား ။

ဒီလို အတွေးဝင်မိတော့ ရင်ထဲ အောင့်သက်သက်ပင် ။
ဘယ်လောက်ပဲ ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့တဲ့
အခြေအနေလို့ပဲဆိုဆ်ို ဆက်ပြီးတော့ ချစ်နေစေချင်သေးတယ် ။
သူကလည်း ယူနာ့ကို ချစ်နေတုန်းပဲ ။
သူ့အချစ်ကတော့ ပိုင်ဆိုင်ရမှလို့ မဟုတ်ပါဘူး ။
ဒီတိုင်း ယူနာ့ဘေးနားမှာ ရိှနေခွင့်ရရင် ပျော်တယ် ။
တစ်ယောက်ကိုတစ်ယာက် ချစ်နေသေးတယ် ဆိုတဲ့
အတွေးလေးနဲ့ပဲ ဆက်ပြီးရှင်သန်သွားရလို့လည်း ဖြစ်ပါတယ် ။

ယူနာ့ကတော့ အတွေးလွန်နေတဲ့ သူ့ကို
သတိမထားမိတဲ့အလား  စကားတွေပြောရင်း
မှန်နားကပ်နေသည့်  ထောင့်ဆုံးဝိုင်းမှာ ဝင်ထိုင်သည် ။

ဆိုင်ထိုင်ရင် ထင်ထင်ပေါ်ပေါ်မရိှတဲ့ ထောင့်ဆုံးတွေကိုချည်း
ရွေးတတ်တဲ့ အကျင့်ကလေးလည်း မပျောက်သေးဘူးပဲ။

' ဘာစားမလဲ Chanyeol
ငါကတော့ Meatball pasta ပဲ  ´

' ငါ့ကိုလည်း အဲ့ဒါပဲ မှာပေးပါ ´

' သောက်စရာက  Americano ? ´

' အင်း ´

Chanyeol တစ်ချက်တော့ ပြုံးမိသွားသည် ။
ယူနာက သူ Americano သောက်တတ်တာကိုတော့
မှတ်မိနေသားပဲ ။
ဒီလောက်ဆို ယူနာက သူ့အပေါ်လုံးဝ စိတ်ပြတ်သွားတာမျိုးတော့
မဟုတ်ဘူး ထင်တာပါပဲ ။

' ကဲ   ပြောပါဦး  ။
ဟိုကလေးနဲ့ အဆင်ပြေရဲ့လား ?
ကြားတာတော့ တစ်ဖက်ကောင်လေးက အတော်ငယ်တာဆို ´

မှာစရာ ရိှတာတွေ မှာပြီးတော့ ယူနာက
ခုံပေါ် မေးတစ်ဖက် ထောက်လျှက် သူ့ကိုကြည့်ကာ
စကားစလာသည် ။
အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ မေးခွန်းတွေ အမေးခံရတိုင်း
Chamyeol ရှိုးတို့ရှန့်တန့် ဖြစ်ရ၏ ။

' အင်း သူက 21 ပဲရိှသေးတာ ။
ငါ့ထက် 8 နှစ်တောင်ငယ်တယ် ´

ယူနာက မျက်ခုံးဘေးပင့်ကာ ဝိုး ဟု ရေရွတ်ရင်း
ရယ်သည် ။

' ကလေးသာသာအရွယ်လေးတွေက
ပိုပြီး ဂျစ်တစ်တစ်ဆန်တယ်နော် ။
နင့်လို အေးစက်စက်ကြီးနဲ့ အဆင်ပြေတယ်လား ´

ယူနာ့စကားက မမှားတာမို့ Chanyeol တစ်ချက်
ပြုံးလိုက်မိ၏ ။

' အဆင်ပြေမလားဟာ ။
ညဘက်ဆို ငါက စာရင်းတွေ စိစစ်ပြီး
11 နာရီလောက်ဆို တော်တော်ပင်ပန်းနေပြီ ။
သူတို့တွေက အဲ့ချိန် game ဆော့လို့ ကောင်းတုန်းလေ ။
အသံတွေနဲ့ အိပ်မရဘူး ။ ရှေ့ဆက် ဘယ်လို နေရမလဲတောင်
တွေးရင်း စိတ်ညစ်တယ် ။ ´

' အဲ့တော့ တစ်ခန်းထဲ အတူအိပ်တယ်ပေါ့ ? ´

ယူနာက ခပ်ပြုံးပြုံးမျက်နှာပေးလေးနဲ့
မေးလာတော့ Chanyeol ချက်ချင်းချွေးပြန်သွားပြီး
ဖြေရှင်းချက်ထုတ်ရသည် ။

' တစ်ခန်းတည်း အိပ် ..အိပ်ပေမယ့်
ဘာမှ မဖြစ်ဘူး ။ တကယ်ပြောတာ ။
သူ့လည်း သူ့ဟာသူနေ ၊ ငါလည်းငါ့ဟာငါ နေပဲ ´

သူ့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပုံမြင်တော့
ယူနာက ဟက်ဟက်ပက်ပက်ကို ရယ်တော့သည် ။

' အေးပါဟ ငါကဘာပြောနေလို့လဲ ။
ဇွတ်ငြင်း ´

ယူနာက ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့
အခြားအကြောင်းအရာတွေဘက် တစ်ခုပြီးတစ်ခု
ပြောင်းပြောင်းသွား၏ ။

အမှန်တကယ်ပြောရရင် သူတို့တွဲနေခဲ့တဲ့ အရွယ်ကလည်း
ယူနာက သဝန်တိုတယ်လို့ သိပ်မရိှ ။
သူ့ကို တခြားမိန်းကလေးတွေနဲ့ တွဲမြင်ရင်လည်း
ပြုံးရယ်လို့သာ နှုတ်ဆက်သည် ။
၂ ယောက်တည်းအတူရိှတော့မှ Chanyeol က
ဘာမှ မပတ်သတ်ကြောင်း အဲ့နေ့က ဘာလို့ အတူရိှနေရကြောင်း
ပြန်ရှင်းပြရင်လည်း  ခပ်သာသာရယ်၍ အမြဲပြန်ပြောသည့်
စကားက  ' ငါသိပါတယ်ဟ  နင်ကလည်း ။
ရှင်းပြစရာမလိုပါဘူး ´  ဆိုတဲ့စကား ။

တစ်ခါတစ်လေ  သဝန်မတိုဘူးလား ဟု
Chanyeol ဘက်က ထုတ်မေးလျှင်တောင်
' ငါက အဲ့လိုသဘောထားမပြည့်ဝတဲ့သူမဟုတ်ဘူး ´
ဟူ၍ပဲ ပြန်ဖြေသည် ။

တစ်တစ်ခါတစ်လေ အတွေးလွန်သည့်အခါများတွင်
ယူနာက သူ့ကို မချစ်ဘူးလား ဟုတွေးမိပေမယ့်
အရာရာ ဂရုစိုက်ပြီး အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့
ယူနာရဲ့ အပြုအမူတွေကို သတိရတော့ အဲ့လို တွေးမိတာကိုပင်
အားနာရသည် ။
တစ်ခါတစ်လေတော့လည်း ယူနာ့လို ကောင်မလေးမျိုးကို
ချစ်သူအဖြစ် ရထားခြင်းအတွက်ကြောင့်လည်း
အတော့်ပင် ကံကောင်းသည်ဟု တွေးမိ၏ ။

ယခု 6 နှစ်ကြာပြီးမှ ပြန်တွေ့ရတဲ့ ယူနာ ကလည်း
အရင်က ယူနာဖြစ်နေဆဲပင် ။
တွဲနေဆဲ အချိန်ကလည်း တီတီတာတာတွေ သိပ်မပြောပဲ
ခုလို ပေါ့ပေါ့ပါးပါး စကားလက်ဆုံကျနေကျပဲဖြစ်သည် ။
ပြောရလျှင်  လက်ထပ်ပြီးသော်လည်း ယူနာနဲ့သူ့ရဲ့
ဆက်ဆံရေးက ပြောင်းလဲမသွားခဲ့ပါ ။
ချစ်တယ် ဆိုတဲ့စကားကို ပေါ့ပေါ့ပါးပါး
မပြောနိုင်တာကလွဲရင် အရင်လို ဖြစ်နေဆဲ ။

' အာ ... ပြီးရင်ငါ့ကို Dryer အသစ်ဝယ်ဖို့လည်း
သတိဖောက်ပါဦး ။
မနေ့ညက ခေါင်းလျှော်ပြီး Dryer မှုတ်မလို့ကြည့်လိုက်တာ
ပျက်နေရော ။ ငါ့လက်ထဲမှာလည်း ဘယ်ပစ္စည်းမှ
ကြာကြာမခံဘူး ´

' ညဘက်ကြီး ခေါင်းလျှော်နေပြန်ပြီလား ။
ဖျားမယ်လေ ။ ´

ယူနာက အဓိပ္ပာယ်ရိှသော အပြုံးလေးကို မျက်လွှာချရင်း
ခပ်သာသာကလေးပြုံးဖြစ်သည် ။
Chanyeol က အမြဲအဲ့လိုပဲ စကားတစ်ခွန်း နှစ်ခွန်းထက်
ပိုမပြောတတ် ။ ပိုပြီး စိတ်မပူပြတတ် ။

တကယ်တမ်းတော့ သူတို့ကြားထဲမှာ
ထုတ်ပြောပြီး ညှိမယူဖြစ်ခဲ့တဲ့ အဖုအထစ်လေးတွေ
အများကြီး ။

' စားပြီးရင်လည်း သွားရအောင်လေ ။
ငါတို့သိပ်အချိန်ဖြုန်းနေလို့မရဘူး ။
Night cream လည်းကုန်ပြီဟ ။
ဝယ်စရာတွေများတယ် ´

ယူနာက ပြောပြီးသည်နှင့် ကျသင့်သည့် bill ကို
တစ်ဝက်ထုတ်ရှင်းသည် ။
ကိုယ်စားတာ ကိုယ်ရှင်းပြီး Chanyeol ဆီက
ဘာမှ လက်မခံလိုသော မာနကလေးကို
သိနေသည်မို့  Chanyeol လည်း ဘာမှမပြောလိုတော့ ။

ထို့နောက်  လျှက်စစ်ပစ္စည်း Show room ဘက်သို့
သူတို့ လျှောက်လာခဲ့တော့သည် ။

' ဒီတစ်ခေါက်တော့ Brand ကောင်းကောင်းလေး
ဝယ်မှ ဖြစ်တော့မယ် ။ စျေးသက်သာတာဝယ်ရင်း
ခဏ ခဏ ပျက်နေတာနဲ့ အဆင်မပြေတော့ဘူး ´

စိစစ်တတ်သည့်ထုံးစံအတိုင်း ယူနာက
စကားတပြောပြောနှင့် စင်ပေါ်မှာတင်ထားသည့်
Drier ဘူးတွေကို တစ်ခုပြီးတစ်ခု စိတ်ရှည်ရှည်
ယူကြည့်နေသည် ။

ဘေးမှာ ရပ်စောင့်ပေးနေသော Chanyeol သည်
မျက်စိတစ်ချက်ဝေ့ကာ ကြည့်လိုက်တော့
ခပ်လှမ်းလှမ်းမှ လူတစ်ယောက်သည် ယူနာကို
ခဏ ခဏ လှမ်းကြည့်နေသည်ကို မြင်ရ၏ ။

မကြာလိုက်  သူတို့ရွေးနေသည့် စင်နားကို
လျှောက်လာကာ ယူနာ့ပုခုံးကို ထိမတတ်
အနားကို ကပ်လာသောကြောင့် Chanyeol
ယူနာ့ ပုခုံးတစ်ခက်ကို ဆွဲဖက်လိုက်ကာ အနားကို
ခပ်ဖြည်းဖြည်း ဆွဲယူလိုက်သည် ။

ယူနာက ကြောင်တောင်တောင် ပုံလေးနှင့်
သူ့ကို မော့ကြည့်လာပြီး တစ်ဘက်လူကို
ပြန်လှည့်ကြည့်ပြီးမှ နားလည်သွားသည့် ပုံစံလေးနှင့်
ခပ်တိုးတိုးရယ်လာ၏ ။

Chanyeol ကမူ သုန်မှုန်နေသော မျက်နှာပေးနှင့်
ရိှနေတုန်းဖြစ်သည် ။
ထိုအခါမှ တစ်ဘက်လူလည်း ချောင်းတဟန့်ဟန့်နှင့် ဘေးမှ
ထွက်သွားတော့၏ ။

' ဟေ့ ... ခင်များက ဒီရောက်နေတာလား ´

Chanyeol သည် ကျောနောက်မှ ကြားလိုက်ရသော
အသံကြောင့် အနည်းငယ် ကြက်သီးမွေးညှင်းထသွားကာ
ယူနာ့ ပုခုံးကို လွှတ်လိုက်ပြီး ယူနာနဲ့အတူ လှည့်ကြည့်လိုက်မိ၏ ။
သေချာပေါက် Byun Baekhyun ဟူသော
ကောင်လေးသည်  သူ့နှင့်ယူနာ၏ နောက်ဘက်တွင်
ရပ်လျှက် ကြောင်တောင်တောင်မျက်နှာပေးလေးနှင့်
စက္ကူအိတ်လေးလက်ကဆွဲ၍ရိှနေခဲ့လေ၏ ။

' မင်း .. မင်းလည်းဒီရောက်နေတာလား ´

' အင်း  ကျွန်တော့် mouse က
နည်းနည်းကြောင်နေပြီ ထင်လို့ အသစ်တစ်ခုလာကြည့်တာ !
ခင်များကရော ဘာလုပ်နေတာလဲ ´

ထိုစကားမေးပြီးခါမှ Baekhyun သည်
Chanyeol ဘေးနားမှာ ရိှသော ယူနာ့ထံ
အကြည့်ရောက်လာသည် ။
စူးစမ်းရုံပုံလေးပါပဲ  ။ ဘာမှတော့
ထူးထူးခြားခြား အမူအယာမျိုး မတွေ့ရ ။

' ဟဲ့   ဒါ နင့်ကောင်လေးဆိုတာလား  ´

ယူနာက ခပ်တိုးတိုးလေးနှင့် မော့ကြည့်ပြီး မေးလာတော့မှ
Chanyeol  နှဖူးကို လက်ညှိုးလေးနှင့်အသာကုတ်ရင်း
ခေါင်းငြိမ့်ပြလိုက်သည် ။
ယူနာသည် ချက်ချင်းပြုံးရယ်ကာ Baekhyun ရှေ့သို့
တိုးသွားတော့သည် ။

' အမလေး  ချစ်စရာလေးပဲ ။
အာညော် .. အစ်မက မင်းလူကြီးရဲ့ သူငယ်ချင်း ´

Baekhyun သည် သူ့ခေါင်းကို ချစ်စနိုးလေးနှင့်
လှမ်းပုတ်လာပြီး နှုတ်ဆက်သော အစ်မကြောင့်
မျက်နှာက ခပ်မဲ့မဲ့လေးနှင့် ကြောင်အန်းအန်းဖြစ်သွားရ၏ ။
သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံခြင်းအား
Baekhyun လုံးဝ မနှစ်မြို့ပါ ။ 
မကောင်းတတ်တာမို့ ခေါင်းလေး တစ်ချက်ငြိမ့်ကာ
ပြန်နှုတ်ဆက်လိုက်သည် ။

' ဟုတ် ´

ထို့နောက်တွင်မူ Chanyeol မျက်နှာကို
ပြန်ကြည့်လာသည် ။

' ခင်များ ဒါပြီးရင် အလုပ်သွားမှာမလား ?
ညနေစာကို ကျွန်တော့်အတွက်မပြင်နဲ့တော့ ။
ညမှ ပြန်ရောက်မှာ ။ ဒါဆို ကျွန်တော်သွားပြီ ´

Baekhyun ၏ မျက်လုံးလေးသည်
ဘေးမှ ယူနာ့ထံ မသိမသာ အကဲခတ်သွားပြီးနောက်
လှည့်ပြန်သွားလေသည် ။

Baekhyun ထွက်သွားတော့မှ ယူနာသည်
Chanyeol မျက်နှာကို တစ်ချက်ကြည့်ရင်း
မျက်ခုံး နှစ်ဖက်ကို ပင့်ပြကာ သက်ပြင်းရှိုက်လိုက်တော့၏ ။

TBC ......

မနေ့ညက comment တစ်ခုထိသွားလို့
ချက်ချင်းကောက်ရေးလိုက်တာ  ဟဲ ဟဲ
မဟုတ်ရင် မုန်လာဥ ဘယ်လောက်အပျင်းတစ်နေဦးမယ်
မသိဘူး  -,-

Zawgyi

ယေန႕ Chanyeol သည္ စာရင္းေတြကို စိစစ္ေနရင္းမွ
လက္က နာရီကိုသာ တၾကည့္ၾကည့္ျဖစ္ေနသည္ ။

အျခားေၾကာင့္ေတာ့ မဟုတ္ ၊
ဒီေန႕ ေန႕လည္ 11 နာရီခြဲေလာက္ ယူနာနဲ႕အတူ
ေန႕လည္စာစားဖို႔ ခ်ိန္းထားသည့္ အတြက္ေၾကာင့္ပင္
ျဖစ္သည္ ။

အျခား Company တစ္ခု၏ Marketing အဖြဲ႕တြင္
အဖြဲ႕မႉး အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ယူနာသည္
ကံေကာင္းေထာက္မစြာ သူႏွင့္ ေန႕လည္ ႐ုံးဆင္းခ်ိန္ခ်င္း
တိုက္ဆိုင္ေနခဲ့၏  ။

ထို႔ေၾကာင့္  ယူနာ့ company နားက ကုန္တိုက္ တစ္ခုတြင္
ေန႕လည္စာ အတူစားရင္း ယူနာ ေစ်းဝယ္ထြက္သည္ကိုပါ
အေဖာ္ျပဳေပးရန္  ခ်ိန္းဆိုထားခဲ့ျခင္းျဖစ္သည္ ။

ယူနာႏွင့္ ေတြ႕ရမည့္ ရက္ဆိုလွ်င္
အၿမဲ နာရီတၾကည့္ၾကည့္ျဖစ္ေနတတ္ေသာ
Chanyeol ရဲ႕ အက်င့္ကေလးကေတာ့
အသက္ 22 ႏွစ္အ႐ြယ္မွတိုင္ ခုခ်ိန္ထိ မေျပာင္းလဲခဲ့ပါ ။

_
_
_

' ေဟးး   ဟိုမွာ သစၥာေဖာက္ေကာင္ ေရာက္လာၿပီ ´

Baekhyun ေရာက္လာသည္ႏွင့္
တစ္ဖြဲ႕လုံး ဆူညံစြာျဖင့္ အုံႂကြလာ႐ုံမက
ဂ်ဳံအင္က  အျမန္ေျပးလာၿပီး ခုန္အုပ္၍
သူ႕ေခါင္းကို လက္ေမာင္းၾကားညွပ္ကာ
ႀကိဳဆိုသည္ ။

' အား  နာတယ္ေဟ့ေကာင္ရ  လႊတ္ လႊတ္ ´

' လႊတ္စရာလား  မေန႕က မင္း out သြားလို႔
ဟိုေသာက္ႀကီးေသာက္က်ယ္ေကာင္ ရွင္းဟို ကို
ငါတို႔အဖြဲ႕နဲ႕ လာကစားဖို႔ ေခၚလိုက္ရတယ္ !
သစၥာေဖာက္  သစၥာေဖာက္ ´

သူ႕ခမ်ာ ဂ်ဳံအင္လက္ေမာင္းၾကား ေခါင္းညွပ္၍
ဆြဲေခၚရာေနာက္ ကားယား ကားယား ပါသြားရ႐ုံတင္မက
ေခါင္းကိုလည္း လက္ဖဝါးနဲ႕ ခပ္ဆတ္ဆတ္ ၂ ခ်က္ဆင့္
ရိုက္ခံလိုက္ရေသးတယ္ ။

ဤမွ် ႏွင့္ပင္ မၿပီးေသး ၊
ဂ်ဳံအင္က သူ႕ကို ဆိုဖာေပၚ လႊတ္ခ်လိဳက္သည္ႏွင့္
အျခားေကာင္ေတြကပါ ဝိုင္းအုံလာၿပီး
လက္ေမာင္းကို လက္သီးနဲ႕ထိုး ၊ ေက်ာကုန္းကိုရိုက္
လုပ္ေနတာ ခံရေသးသညါ ။

' ဟမ္ ? ခါတိုင္း ပြဲေကာင္းေနရင္ 3 နာရီ 4 နာရီမွ
ေသတဲ့ေကာင္က မေန႕က ဘဲႀကီးစကားတစ္ခြန္းနဲ႕တင္
11 နာရီနဲ႕ out သြားတယ္တဲ့  !
ေဟ့ေကာင္  နည္းနည္းပါးပါး ေျဖရွင္းခ်က္ထုတ္စမ္း ´

' လည္ဂုတ္ကိုမဖိနဲ႕ကြ   နာတယ္ ေခြးသားေလးရဲ႕ ´

Baekhyun သည္ တိုး၍ တစ္သြယ္ ႀကိတ္၍ တစ္သြယ္
ဝိုင္းႏွိပ္စက္ေနၾကေသာ မေကာင္းစေလာင္းေတြရဲ႕
လက္ေတြကို ခပ္ၾကမ္းၾကမ္း ဖယ္ပစ္လိုက္ၿပီး
အေရွ႕ စားပြဲေပၚမွ Cass ဘီယာဘူးကိုသာ လက္လွမ္း
လိုက္သည္ ။

ထို႔ေနာက္  ဆိုဖာေပၚ မွီခ်ရင္း တစ္ငုံေသာက္ပစ္လိုက္ေတာ့
ျပင္းရွရွ အရသာက ရင္ထဲအထိ ပူပါသြား၏ ။
ေသာက္ခ်င္လာရင္ Baekhyun တို႔က
မနက္အေစာႀကီးဘာညာေ႐ြးမေနပါ ။

' အားနာဖို႔ေကာင္းတယ္ေလ
သူက အလုပ္နဲ႕အကိုင္နဲ႕
အိပ္ခ်ိန္တန္မအိပ္ရရင္ပင္ပန္းမွာေပါ့  ´

' ေအာ္ Byun Baekhyun အားနာတတ္တဲ့ ေန႕လည္း
ေရာက္လာေသးတာပဲ
အဲ့လို အားနာေနရင္လည္း အခန္းခြဲအိပ္ေလ ´

' ေဟ့ေကာင္ ေဟ့ေကာင္
ရခါစ အတြဲေလးကို  မင္းကိုယ္ခ်င္းမစာမနာမေျပာပါနဲ႕ဟ ´

ရယ္သံေတြ တေသာေသာညံသြားတာမို႔
Baekhyun လက္ခလယ္တစ္ခ်က္
ေသေသခ်ာခ်ာ ေထာင္ျပခဲ့ၿပီး  ဂ်ဳံအင့္အခန္းထဲ
Cass တစ္ဘူးကိုင္ရင္းဝင္လာခဲ့ေတာ့သည္ ။
ေနာက္မွ ဂ်ဳံအင္ လိုက္လာသည္ကိုလည္း ျမင္၏ ။

' ငါ့ Tablet ေရာ ?  ´

' စားပြဲေပၚမွာ ရိွမွာေပါ့  နည္းနည္းပါးပါးရွာၾကည့္ေလ !
လူကို ေမးဖို႔ပဲ တတ္တာလား ´

Baekhyun သည္ Jong in ၏ ဗိုက္ကို တစ္ခ်က္
လက္သီးျဖင့္ ဝိုက္ထိုးခဲ့ၿပီး စာအုပ္ေပါင္း
ေသာင္းေျခာက္ေထာင္ႏွင့္ ရႈပ္ပြ ဖြာလန္ႀကဲေနေသာ
စားပြဲထက္တြင္ သူ႕ Digital drawing tablet ေလးကို
ရွာရေတာ့သည္ ။

Jong in ကမူ ေအာင့္သြားေသာ ဗိုက္ေၾကာင့္
ပုစြန္တစ္ေကာင္လို ေကြးၿပီး အိပ္ယာထက္ လွဲခ်
သြားေသာ္လည္း  ဟန္ေဆာင္ကာ မူပိုေနျခင္းျဖစ္ေၾကာင္း
သိသာလွ၏ ။ သူတို႔ေယာက်္ားေလးေတြအတြက္
ဒီေလာက္ အားေလးဟာ စ ေနာက္႐ုံ သက္သက္သာျဖစ္သည္ ။

' ဟို ေရွ႕ကေကာင္ေတြ ဒီထဲ မဝင္လာေစနဲ႕
မင္းလည္းထြက္ ! ´

' ဘာလဲ  ပုံအသစ္ေရးမလို႔ Mood ဝင္လာလို႔လား ´

အမွန္တကယ္ေတာ့ Baekhyun သည္
digital drawing tablet ေလးတစ္ခုႏွင့္
ပုံေတြ အၿမဲဆြဲေလ့ရိွၿပီး ထိုပုံေတြကို သူ႕ရဲ႕
ကိုယ္ပိုင္ website ေလးမွာ အၿမဲတင္သည္ ။

ဒါေပမယ့္ ရွက္လြန္းလို႔ ဒီအေၾကာင္းေတြက္ို
အေဖ့ကိုေတာင္ မေျပာျပခဲ့ ။
မေကာင္းတာလုပ္တာလည္း မဟုတ္ပါပဲနဲ႕
သူဆြဲတဲ့ပုံေတြကို အျခားတစ္ေယာက္ကို ျပရမွာ
ရွက္ျခင္းပင္ျဖစ္သည္ ။
သူ ဘာဝါသနာ ပါလည္း ဆိုတာကိုလည္း
တစ္ေယာက္မွ စိတ္မဝင္စားခဲ့သလို ယုတ္စြအဆုံး
Baekhyun ပုံဆြဲတတ္တယ္ ဆိုတာေတာင္ မသိၾက ။
Jong In တစ္ေယာက္သာပဲ ခြၽင္းခ်က္ျဖစ္သည္ ။
သို႔ေသာ္ ယေန႕တြင္မူ ခြၽင္းခ်က္ ေနာက္တစ္ေယာက္
တိုးလာခဲ့၏ ။

' Jong in ! ဟိုလူက ငါ့ဝါသနာကိုေမးတယ္  ´

' ဟမ္ .... ဘယ္သူလဲ ? ´

Jong in က သူေျပာတာကို သိပ္စိတ္ဝင္တစားမရိွ ။
ကုတင္ေပၚမွ ထၿပီး  နံရံကပ္စင္ေပၚမွာ တင္ထားေသာ
သူ႕ Marvel အ႐ုပ္ေတြကိုသာ သေနသည္ ။

' ဘယ္သူရိွရမလဲ Park မ်ိဳးရိုးေပါ့ ၊
႐ုတ္တရက္ႀကီး လန့္သြားတာေတာ့တကယ္ပဲ ဟ ဟ
တစ္ေယာက္မွ ငါ့ကို ငါ့ဝါသနာက ဘာလဲလို႔ မေမးဖူးဘူး ´

' အဲ့ေတာ့ ပန္းခ်ီဆြဲတာလို႔ ေျဖလိုက္လား ´

' မင္းအေဖမွာ အျခားဝါသနာ ရိွေသးလို႔လား ? ´

' ေသခ်ာေပါက္ရိွတာေပါ့
ငါ့အျမင္အရ မင္းက ပန္းခ်ီဆြဲရတာထက္
ဆဲရတာကို ပိုဝါသနာပါတဲ့ပုံပဲ  !   ´

' ရွီးးးဘားလ္  ! ´

ေကာင္းေကာင္းမြန္မြန္ေျပာေနသည္ကို
ေကာင္းေကာင္းမြန္မြန္ မတုံ႕ျပန္ေသာ Jong in ၏
တင္ပါးကို Baekhyun ကုတင္ထက္မွေန၍
ေျခဖမိုးႏွင့္ လွမ္းျဖတ္ကန္ လိုက္သည္ ။

' ဟုတ္ၿပီ  ဟုတ္ၿပီ  အဲ့ေတာ့မင္းက
ပန္းခ်ီဆြဲရတာ ဝါသနာပါတယ္လို႔ ေျပာလိုက္တယ္ေပါ့ ? ´

' ေအး ´

' မင္း website နာမည္ေတြ ဘာေတြေျပာလိုက္ေသးလား ´

' ႐ူးေနလို႔ ေျပာရမွာလားဟ
အေဖ့ကိုေတာင္ မေျပာပါဘူးဆို ´

' ေအာ္ အေဖနဲ႕ေယာက်္ားနဲ႕ေတာ့ တူမလား ~
အန္ကယ္ ဘယ္ေလာက္ေျပာေျပာ game နဲ႕ပတ္သတ္ရင္
မရတဲ့ေကာင္က  မေန႕ညက ေယာက်္ားစကားတစ္ခြန္းနဲ႕တင္
ခ်က္ခ်င္း အိပ္သြားတယ္ေလ  ´

Baekhyun သည္ ခ်က္ခ်င္း ကုတင္ေပၚမွ
ထလာကာ Jong in ကို ထိုးႏွက္၍ အခန္းအျပင္
ဆြဲထုတ္ေတာ့သည္ ။

' မင္းအေဖကို ေယာက်္ားေတာ္ေနလိုက္ ! ခ်ီးလိုပဲ
ေသာက္ရမ္း ၾကက္သီးထစရာေကာင္းတယ္ ! ´

Jong in သည္  တက္ေသေတာ့မည့္
လူတစ္ေယာက္ႏွယ္  တဟားဟား ေအာ္ရယ္ရင္း
အခန္းအျပင္ဘက္သို႔  ကန္ထုတ္ခံလိုက္ရေတာ့၏  ။

အခန္းတံခါးကို အထဲက Lock ခ်ၿပီးတာနဲ႕
Baekhyun လည္း ဂ်ဳံအင့္ကုတင္ေပၚ ျပန္တက္
Tablet ကို ေကာက္ကိုင္ရင္း ယေန႕ Mood ဝင္ေနေသာ
new character တစ္ေကာင္ကို စ၍ ပုံေဖာ္ပါေတာ့သည္ ။

_
_
_

' Chanyeol  ah ! ငါဒီမွာ ´

Company ေရွ႕မလွမ္းမကမ္းတြင္ ကားရပ္ထားကာ
ေစာင့္ေနေသာ Chanyeol ကို ျမင္ေတာ့ ယူနာက
လက္လွမ္းျပရင္း ေလွ်ာက္လာသည္ ။

Chanyeol လည္း တစ္ခ်က္ ျပန္ၿပဳံးျပကာ
လက္ေထာင္ျပလိုက္၏ ။

တကၠသိုလ္တုန္းက အတိုင္း ယူနာက ေရွ႕ဆံၿမိတ္ေလးကို
တိတိပပ ခ်ထားၿပီး ေက်ာေအာက္ေလာက္ရိွတဲ့
ဆံပင္ေကာက္ေကာက္ေလးေတြကို အညိုႏုေရာင္ေလး
ဆိုးထားသည္ ။

ဒါေပမယ့္ အရင္တုန္းကထက္ေတာ့
ရင့္က်က္တဲ့ဟန္ ေပါက္သြားတာပါပဲ ။
တအားႀကီး ၾကပ္မေနတဲ့ ေဘာင္းဘီရွည္ရယ္
Long coat ရယ္နဲ႕ ယူနာက pincle heel
အကူအညီေၾကာင့္  အရပ္လည္းပိုၿပီးရွည္ေနေသးတယ္ ။
ယူနာက အရင္ကလို ထက္ျမက္တဲ့ ပုံစံအတိုင္း
ရိွေနတုန္းပဲ ။

' ငါ့ကား မယူလာခဲ့ဘူး နီးနီးနားနားမို႔ ´

' ရပါတယ္  တက္ေလ ´

Chanyeol က ကားတံခါးဖြင့္ေပးေတာ့
ယူနာက တစ္ခ်က္ရယ္ျပၿပီး ကားထဲကို
ဝင္ထိုင္ေလသည္ ။
ထို႔ေနာက္တြင္ေတာ့ ဘယ္ေလာက္ေတာင္
မေဝးသည့္  shopping mall တစ္ခုကို
ေရာက္လာခဲ့၏ ။

' ေန႕လည္စာ အရင္စားမယ္မလား ?
ဒုတိယထပ္မွာ ဆိုင္ေကာင္းေကာင္းတစ္ဆိုင္ရိွတယ္ ´

' အင္း   နင့္သေဘာပဲ ´

အတူတူ ေဘးခ်င္းယွဥ္ လမ္းေလွ်ာက္ၿပီးလာေတာ့
Chanyeol ဘက္က အနည္းငယ္ ရင္တုန္သလို
ျဖစ္ေနသေလာက္ ယူနာက တအားေပါ့ပါးေနသည္ ။

Company မွာႀကဳံေတြ႕ရတဲ့ ျပသနာေတြ
အေၾကာင္းေျပာလိုက္ ၊ စီးပြားေရး ေစ်းကြက္ေတြ
အေၾကာင္း ေရာက္သြားလိုက္ႏွင့္ပင္ ။
မဟုတ္မွလြဲေရာ ယူနာ က သူ႕အေပၚ
ဘာခံစားခ်က္မွ မရိွေတာ့တာလား ။

ဒီလို အေတြးဝင္မိေတာ့ ရင္ထဲ ေအာင့္သက္သက္ပင္ ။
ဘယ္ေလာက္ပဲ ေပါင္းစပ္ဖို႔ မျဖစ္နိုင္ေတာ့တဲ့
အေျခအေနလို႔ပဲဆိုဆ္ို ဆက္ၿပီးေတာ့ ခ်စ္ေနေစခ်င္ေသးတယ္ ။
သူကလည္း ယူနာ့ကို ခ်စ္ေနတုန္းပဲ ။
သူ႕အခ်စ္ကေတာ့ ပိုင္ဆိုင္ရမွလို႔ မဟုတ္ပါဘူး ။
ဒီတိုင္း ယူနာ့ေဘးနားမွာ ရိွေနခြင့္ရရင္ ေပ်ာ္တယ္ ။
တစ္ေယာက္ကိုတစ္ယာက္ ခ်စ္ေနေသးတယ္ ဆိုတဲ့
အေတြးေလးနဲ႕ပဲ ဆက္ၿပီးရွင္သန္သြားရလို႔လည္း ျဖစ္ပါတယ္ ။

ယူနာ့ကေတာ့ အေတြးလြန္ေနတဲ့ သူ႕ကို
သတိမထားမိတဲ့အလား  စကားေတြေျပာရင္း
မွန္နားကပ္ေနသည့္  ေထာင့္ဆုံးဝိုင္းမွာ ဝင္ထိုင္သည္ ။

ဆိုင္ထိုင္ရင္ ထင္ထင္ေပၚေပၚမရိွတဲ့ ေထာင့္ဆုံးေတြကိုခ်ည္း
ေ႐ြးတတ္တဲ့ အက်င့္ကေလးလည္း မေပ်ာက္ေသးဘူးပဲ။

' ဘာစားမလဲ Chanyeol
ငါကေတာ့ Meatball pasta ပဲ  ´

' ငါ့ကိုလည္း အဲ့ဒါပဲ မွာေပးပါ ´

' ေသာက္စရာက  Americano ? ´

' အင္း ´

Chanyeol တစ္ခ်က္ေတာ့ ၿပဳံးမိသြားသည္ ။
ယူနာက သူ Americano ေသာက္တတ္တာကိုေတာ့
မွတ္မိေနသားပဲ ။
ဒီေလာက္ဆို ယူနာက သူ႕အေပၚလုံးဝ စိတ္ျပတ္သြားတာမ်ိဳးေတာ့
မဟုတ္ဘူး ထင္တာပါပဲ ။

' ကဲ   ေျပာပါဦး  ။
ဟိုကေလးနဲ႕ အဆင္ေျပရဲ႕လား ?
ၾကားတာေတာ့ တစ္ဖက္ေကာင္ေလးက အေတာ္ငယ္တာဆို ´

မွာစရာ ရိွတာေတြ မွာၿပီးေတာ့ ယူနာက
ခုံေပၚ ေမးတစ္ဖက္ ေထာက္လွ်က္ သူ႕ကိုၾကည့္ကာ
စကားစလာသည္ ။
အိမ္ေထာင္ေရးနဲ႕ပတ္သတ္တဲ့ ေမးခြန္းေတြ အေမးခံရတိုင္း
Chamyeol ရွိုးတို႔ရွန့္တန့္ ျဖစ္ရ၏ ။

' အင္း သူက 21 ပဲရိွေသးတာ ။
ငါ့ထက္ 8 ႏွစ္ေတာင္ငယ္တယ္ ´

ယူနာက မ်က္ခုံးေဘးပင့္ကာ ဝိုး ဟု ေရ႐ြတ္ရင္း
ရယ္သည္ ။

' ကေလးသာသာအ႐ြယ္ေလးေတြက
ပိုၿပီး ဂ်စ္တစ္တစ္ဆန္တယ္ေနာ္ ။
နင့္လို ေအးစက္စက္ႀကီးနဲ႕ အဆင္ေျပတယ္လား ´

ယူနာ့စကားက မမွားတာမို႔ Chanyeol တစ္ခ်က္
ၿပဳံးလိုက္မိ၏ ။

' အဆင္ေျပမလားဟာ ။
ညဘက္ဆို ငါက စာရင္းေတြ စိစစ္ၿပီး
11 နာရီေလာက္ဆို ေတာ္ေတာ္ပင္ပန္းေနၿပီ ။
သူတို႔ေတြက အဲ့ခ်ိန္ game ေဆာ့လို႔ ေကာင္းတုန္းေလ ။
အသံေတြနဲ႕ အိပ္မရဘူး ။ ေရွ႕ဆက္ ဘယ္လို ေနရမလဲေတာင္
ေတြးရင္း စိတ္ညစ္တယ္ ။ ´

' အဲ့ေတာ့ တစ္ခန္းထဲ အတူအိပ္တယ္ေပါ့ ? ´

ယူနာက ခပ္ၿပဳံးၿပဳံးမ်က္ႏွာေပးေလးနဲ႕
ေမးလာေတာ့ Chanyeol ခ်က္ခ်င္းေခြၽးျပန္သြားၿပီး
ေျဖရွင္းခ်က္ထုတ္ရသည္ ။

' တစ္ခန္းတည္း အိပ္ ..အိပ္ေပမယ့္
ဘာမွ မျဖစ္ဘူး ။ တကယ္ေျပာတာ ။
သူ႕လည္း သူ႕ဟာသူေန ၊ ငါလည္းငါ့ဟာငါ ေနပဲ ´

သူ႕ မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႕ပုံျမင္ေတာ့
ယူနာက ဟက္ဟက္ပက္ပက္ကို ရယ္ေတာ့သည္ ။

' ေအးပါဟ ငါကဘာေျပာေနလို႔လဲ ။
ဇြတ္ျငင္း ´

ယူနာက ထုံးစံအတိုင္း ေပါ့ေပါ့ပါးပါးပုံစံမ်ိဳးနဲ႕
အျခားအေၾကာင္းအရာေတြဘက္ တစ္ခုၿပီးတစ္ခု
ေျပာင္းေျပာင္းသြား၏ ။

အမွန္တကယ္ေျပာရရင္ သူတို႔တြဲေနခဲ့တဲ့ အ႐ြယ္ကလည္း
ယူနာက သဝန္တိုတယ္လို႔ သိပ္မရိွ ။
သူ႕ကို တျခားမိန္းကေလးေတြနဲ႕ တြဲျမင္ရင္လည္း
ၿပဳံးရယ္လို႔သာ ႏႈတ္ဆက္သည္ ။
၂ ေယာက္တည္းအတူရိွေတာ့မွ Chanyeol က
ဘာမွ မပတ္သတ္ေၾကာင္း အဲ့ေန႕က ဘာလို႔ အတူရိွေနရေၾကာင္း
ျပန္ရွင္းျပရင္လည္း  ခပ္သာသာရယ္၍ အၿမဲျပန္ေျပာသည့္
စကားက  ' ငါသိပါတယ္ဟ  နင္ကလည္း ။
ရွင္းျပစရာမလိုပါဘူး ´  ဆိုတဲ့စကား ။

တစ္ခါတစ္ေလ  သဝန္မတိုဘူးလား ဟု
Chanyeol ဘက္က ထုတ္ေမးလွ်င္ေတာင္
' ငါက အဲ့လိုသေဘာထားမျပည့္ဝတဲ့သူမဟုတ္ဘူး ´
ဟူ၍ပဲ ျပန္ေျဖသည္ ။

တစ္တစ္ခါတစ္ေလ အေတြးလြန္သည့္အခါမ်ားတြင္
ယူနာက သူ႕ကို မခ်စ္ဘူးလား ဟုေတြးမိေပမယ့္
အရာရာ ဂ႐ုစိုက္ၿပီး အရိပ္တၾကည့္ၾကည့္ျဖစ္ေနတဲ့
ယူနာရဲ႕ အျပဳအမူေတြကို သတိရေတာ့ အဲ့လို ေတြးမိတာကိုပင္
အားနာရသည္ ။
တစ္ခါတစ္ေလေတာ့လည္း ယူနာ့လို ေကာင္မေလးမ်ိဳးကို
ခ်စ္သူအျဖစ္ ရထားျခင္းအတြက္ေၾကာင့္လည္း
အေတာ့္ပင္ ကံေကာင္းသည္ဟု ေတြးမိ၏ ။

ယခု 6 ႏွစ္ၾကာၿပီးမွ ျပန္ေတြ႕ရတဲ့ ယူနာ ကလည္း
အရင္က ယူနာျဖစ္ေနဆဲပင္ ။
တြဲေနဆဲ အခ်ိန္ကလည္း တီတီတာတာေတြ သိပ္မေျပာပဲ
ခုလို ေပါ့ေပါ့ပါးပါး စကားလက္ဆုံက်ေနက်ပဲျဖစ္သည္ ။
ေျပာရလွ်င္  လက္ထပ္ၿပီးေသာ္လည္း ယူနာနဲ႕သူ႕ရဲ႕
ဆက္ဆံေရးက ေျပာင္းလဲမသြားခဲ့ပါ ။
ခ်စ္တယ္ ဆိုတဲ့စကားကို ေပါ့ေပါ့ပါးပါး
မေျပာနိုင္တာကလြဲရင္ အရင္လို ျဖစ္ေနဆဲ ။

' အာ ... ၿပီးရင္ငါ့ကို Dryer အသစ္ဝယ္ဖို႔လည္း
သတိေဖာက္ပါဦး ။
မေန႕ညက ေခါင္းေလွ်ာ္ၿပီး Dryer မႈတ္မလို႔ၾကည့္လိုက္တာ
ပ်က္ေနေရာ ။ ငါ့လက္ထဲမွာလည္း ဘယ္ပစၥည္းမွ
ၾကာၾကာမခံဘူး ´

' ညဘက္ႀကီး ေခါင္းေလွ်ာ္ေနျပန္ၿပီလား ။
ဖ်ားမယ္ေလ ။ ´

ယူနာက အဓိပၸာယ္ရိွေသာ အၿပဳံးေလးကို မ်က္လႊာခ်ရင္း
ခပ္သာသာကေလးၿပဳံးျဖစ္သည္ ။
Chanyeol က အၿမဲအဲ့လိုပဲ စကားတစ္ခြန္း ႏွစ္ခြန္းထက္
ပိုမေျပာတတ္ ။ ပိုၿပီး စိတ္မပူျပတတ္ ။

တကယ္တမ္းေတာ့ သူတို႔ၾကားထဲမွာ
ထုတ္ေျပာၿပီး ညွိမယူျဖစ္ခဲ့တဲ့ အဖုအထစ္ေလးေတြ
အမ်ားႀကီး ။

' စားၿပီးရင္လည္း သြားရေအာင္ေလ ။
ငါတို႔သိပ္အခ်ိန္ျဖဳန္းေနလို႔မရဘူး ။
Night cream လည္းကုန္ၿပီဟ ။
ဝယ္စရာေတြမ်ားတယ္ ´

ယူနာက ေျပာၿပီးသည္ႏွင့္ က်သင့္သည့္ bill ကို
တစ္ဝက္ထုတ္ရွင္းသည္ ။
ကိုယ္စားတာ ကိုယ္ရွင္းၿပီး Chanyeol ဆီက
ဘာမွ လက္မခံလိုေသာ မာနကေလးကို
သိေနသည္မို႔  Chanyeol လည္း ဘာမွမေျပာလိုေတာ့ ။

ထို႔ေနာက္  လွ်က္စစ္ပစၥည္း Show room ဘက္သို႔
သူတို႔ ေလွ်ာက္လာခဲ့ေတာ့သည္ ။

' ဒီတစ္ေခါက္ေတာ့ Brand ေကာင္းေကာင္းေလး
ဝယ္မွ ျဖစ္ေတာ့မယ္ ။ ေစ်းသက္သာတာဝယ္ရင္း
ခဏ ခဏ ပ်က္ေနတာနဲ႕ အဆင္မေျပေတာ့ဘူး ´

စိစစ္တတ္သည့္ထုံးစံအတိုင္း ယူနာက
စကားတေျပာေျပာႏွင့္ စင္ေပၚမွာတင္ထားသည့္
Drier ဘူးေတြကို တစ္ခုၿပီးတစ္ခု စိတ္ရွည္ရွည္
ယူၾကည့္ေနသည္ ။

ေဘးမွာ ရပ္ေစာင့္ေပးေနေသာ Chanyeol သည္
မ်က္စိတစ္ခ်က္ေဝ့ကာ ၾကည့္လိုက္ေတာ့
ခပ္လွမ္းလွမ္းမွ လူတစ္ေယာက္သည္ ယူနာကို
ခဏ ခဏ လွမ္းၾကည့္ေနသည္ကို ျမင္ရ၏ ။

မၾကာလိုက္  သူတို႔ေ႐ြးေနသည့္ စင္နားကို
ေလွ်ာက္လာကာ ယူနာ့ပုခုံးကို ထိမတတ္
အနားကို ကပ္လာေသာေၾကာင့္ Chanyeol
ယူနာ့ ပုခုံးတစ္ခက္ကို ဆြဲဖက္လိုက္ကာ အနားကို
ခပ္ျဖည္းျဖည္း ဆြဲယူလိုက္သည္ ။

ယူနာက ေၾကာင္ေတာင္ေတာင္ ပုံေလးႏွင့္
သူ႕ကို ေမာ့ၾကည့္လာၿပီး တစ္ဘက္လူကို
ျပန္လွည့္ၾကည့္ၿပီးမွ နားလည္သြားသည့္ ပုံစံေလးႏွင့္
ခပ္တိုးတိုးရယ္လာ၏ ။

Chanyeol ကမူ သုန္မႈန္ေနေသာ မ်က္ႏွာေပးႏွင့္
ရိွေနတုန္းျဖစ္သည္ ။
ထိုအခါမွ တစ္ဘက္လူလည္း ေခ်ာင္းတဟန့္ဟန့္ႏွင့္ ေဘးမွ
ထြက္သြားေတာ့၏ ။

' ေဟ့ ... ခင္မ်ားက ဒီေရာက္ေနတာလား ´

Chanyeol သည္ ေက်ာေနာက္မွ ၾကားလိုက္ရေသာ
အသံေၾကာင့္ အနည္းငယ္ ၾကက္သီးေမြးညွင္းထသြားကာ
ယူနာ့ ပုခုံးကို လႊတ္လိုက္ၿပီး ယူနာနဲ႕အတူ လွည့္ၾကည့္လိုက္မိ၏ ။
ေသခ်ာေပါက္ Byun Baekhyun ဟူေသာ
ေကာင္ေလးသည္  သူ႕ႏွင့္ယူနာ၏ ေနာက္ဘက္တြင္
ရပ္လွ်က္ ေၾကာင္ေတာင္ေတာင္မ်က္ႏွာေပးေလးႏွင့္
စကၠဴအိတ္ေလးလက္ကဆြဲ၍ရိွေနခဲ့ေလ၏ ။

' မင္း .. မင္းလည္းဒီေရာက္ေနတာလား ´

' အင္း  ကြၽန္ေတာ့္ mouse က
နည္းနည္းေၾကာင္ေနၿပီ ထင္လို႔ အသစ္တစ္ခုလာၾကည့္တာ !
ခင္မ်ားကေရာ ဘာလုပ္ေနတာလဲ ´

ထိုစကားေမးၿပီးခါမွ Baekhyun သည္
Chanyeol ေဘးနားမွာ ရိွေသာ ယူနာ့ထံ
အၾကည့္ေရာက္လာသည္ ။
စူးစမ္း႐ုံပုံေလးပါပဲ  ။ ဘာမွေတာ့
ထူးထူးျခားျခား အမူအယာမ်ိဳး မေတြ႕ရ ။

' ဟဲ့   ဒါ နင့္ေကာင္ေလးဆိုတာလား  ´

ယူနာက ခပ္တိုးတိုးေလးႏွင့္ ေမာ့ၾကည့္ၿပီး ေမးလာေတာ့မွ
Chanyeol  ႏွဖူးကို လက္ညွိုးေလးႏွင့္အသာကုတ္ရင္း
ေခါင္းၿငိမ့္ျပလိုက္သည္ ။
ယူနာသည္ ခ်က္ခ်င္းၿပဳံးရယ္ကာ Baekhyun ေရွ႕သို႔
တိုးသြားေတာ့သည္ ။

' အမေလး  ခ်စ္စရာေလးပဲ ။
အာေညာ္ .. အစ္မက မင္းလူႀကီးရဲ႕ သူငယ္ခ်င္း ´

Baekhyun သည္ သူ႕ေခါင္းကို ခ်စ္စနိုးေလးႏွင့္
လွမ္းပုတ္လာၿပီး ႏႈတ္ဆက္ေသာ အစ္မေၾကာင့္
မ်က္ႏွာက ခပ္မဲ့မဲ့ေလးႏွင့္ ေၾကာင္အန္းအန္းျဖစ္သြားရ၏ ။
သူ႕ကို ကေလးတစ္ေယာက္လို ဆက္ဆံျခင္းအား
Baekhyun လုံးဝ မႏွစ္ၿမိဳ႕ပါ ။ 
မေကာင္းတတ္တာမို႔ ေခါင္းေလး တစ္ခ်က္ၿငိမ့္ကာ
ျပန္ႏႈတ္ဆက္လိုက္သည္ ။

' ဟုတ္ ´

ထို႔ေနာက္တြင္မူ Chanyeol မ်က္ႏွာကို
ျပန္ၾကည့္လာသည္ ။

' ခင္မ်ား ဒါၿပီးရင္ အလုပ္သြားမွာမလား ?
ညေနစာကို ကြၽန္ေတာ့္အတြက္မျပင္နဲ႕ေတာ့ ။
ညမွ ျပန္ေရာက္မွာ ။ ဒါဆို ကြၽန္ေတာ္သြားၿပီ ´

Baekhyun ၏ မ်က္လုံးေလးသည္
ေဘးမွ ယူနာ့ထံ မသိမသာ အကဲခတ္သြားၿပီးေနာက္
လွည့္ျပန္သြားေလသည္ ။

Baekhyun ထြက္သြားေတာ့မွ ယူနာသည္
Chanyeol မ်က္ႏွာကို တစ္ခ်က္ၾကည့္ရင္း
မ်က္ခုံး ႏွစ္ဖက္ကို ပင့္ျပကာ သက္ျပင္းရွိုက္လိုက္ေတာ့၏ ။

TBC ......

မေန႕ညက comment တစ္ခုထိသြားလို႔
ခ်က္ခ်င္းေကာက္ေရးလိုက္တာ  ဟဲ ဟဲ
မဟုတ္ရင္ မုန္လာဥ ဘယ္ေလာက္အပ်င္းတစ္ေနဦးမယ္
မသိဘူး  -,-

Continue Reading

You'll Also Like

99.4K 6.3K 35
ချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
23K 2.2K 9
Mirror mirror on the wall who is the most pitiful....
1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
45.2K 1.4K 134
Mostly JiHan, ChanCheol, JunHao right here because these three friendship are my favorite ! Enjoy <3 Request open ! " Soft, hot stuff.." ( I can wri...