𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔...
By Iris_Choi
232K 21.1K 1.4K
I will tell you a secret tale. " The love is beautiful but The end is hideous " -"Mianhae Tae"- -"Saranghae... More
(( 1 ))
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 ))
(( 24 ))
(( 25 ))
(( 26 ))
(( 27 )) - Final
17.1K 1.1K 166
By Iris_Choi
Unicode
ဆေးရုံခန်းလေးအတွင်း တိတ်ဆိတ်မှုတို့ကနေရာယူသည်။ သို့သော်အခန်းတွင်းရှိသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။
ဒီနေ့ကTaehyungမျက်စိပတ်တီးဖြည်မည့်နေ့။ တိတိကျကျပြောရပါလျှင် Taehyungလောကကြီးနှင့် ပြန်ဆက်သွယ်နိုင်တော့မည့်နေ့လေးပင်။
Appaရယ်Ommaရယ်ကခုတင်တစ်ဖက်တွင် စိတ်လှုပ်ရှားစွာရပ်နေကြသည်။ Yeonjunကတော့ အခန်းထောင့်လေးကနေစောင့်ကြည့်နေသည်။
"သား ဒေါက်တာပတ်တီးစဖြည်ပြီနော် မျက်စိတန်းမဖွင့်နဲ့အုံးနော် ..."
ဒေါက်တာကြီးက တဖြည်းဖြည်းပတ်တီးစလေးကိုလှည့်ပတ်ကာဖြည်လို့အပြီးတွင်တော့ မှိတ်ထားသည့်မျက်ခွံလေးတစ်စုံသာကျန်ရှိတော့သည်။
"စိတ်လှုပ်ရှားနေပြီလားကလေးလေး? ဖြည်းဖြည်းချင်းဖွင့်မယ်နော် တအားမြန်မြန်မဖွင့်ပဲ ဖြည်းဖြည်းချင်းစမ်းဖွင့်ကြည့်မယ်"
ဒေါက်တာပြောတော့ လှုပ်ရှားလာသည့်Taehyungမျက်ခွံလေးတွေ။ ထို့နောက်ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်လုံးလေးနှစ်လုံးသေချာပွင့်လာခဲ့လေသည်။
"အဆင်ပြေလားသား? ဒေါက်တာ့ကိုမြင်ရလား? သားOmma Appaကိုရောမြင်ရလား တစ်ချက်ကြည့်ပါအုံး"
ဒေါက်တာပြောတော့ Taehyungခေါင်းလေးကခုတင်တစ်ဖက်ကOmmaတိ​ု့ဖက်သို့လှည့်ကြည့်သည်။
"Omma! Appa! "
ထို့နောက် အမေနှင့်အဖေကိုဖက်ကာရင်ခွင်ထဲပြေးဝင်သွားသည့် Taehyungကိုမိဘတွေကလည်းပြန်ဖက်ရင်းငိုကြသည်။ Yeonjunကပါအနားသို့ ရောက်လာပြီးဖက်သည်။နောက်ဆုံးတော့ သူမတို့ကလေးလေးပြန်မြင်ရပြီ။ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီ။
"သား မငိုရဘူး။ မျက်ရည်ကျလို့မရသေးဘူးနော်။ မျက်လုံးလေးတွေကနုသေးတယ်လေ ခွဲစိတ်ထားတာမကြာသေးဘူး မငိုရဘူးနော်"
ထို့အခါမှTaehyungအငိုတိတ်သွားသည်။ မျက်လုံးလေးကအခန်းသို့ဝေ့ကြည့်ရင်း တစ်စုံတစ်ယောက်ကိုရှာနေဟန်။
ခွဲစိတ်မှုအောင်မြင်သွားသော်လည်း မျက်နှာလေးထက်မှာ ပျော်ရွှင်မှုထက်ဝမ်းနည်းမှုတို့သာကြီးစိုးနေသည့်Taehyungစိတ်ကို မည်သူမှနားလည်နိုင်မည်မထင်။
"သားHyungသိရင်လည်း ပျော်နေမှာပါ"
ထိုနေ့က သူ့အနားမှာသူအလိုအပ်ဆုံးလူသားနှစ်ယောက်မရှိနေခဲ့။ သူမျက်လုံးနှစ်လုံးစပြန်မြင်မြင်ရချင်းမှာ မျှော်လင့်နေခဲ့ရသူဟာတကယ်ပင်မရှိနေခဲ့။ တူတူရှိပေးမယ်ဆိုပြီး ကတိတွေအထပ်ထပ်ပေးခဲ့ပြီးမှ ထားခဲ့ရက်သည်​့Jeon။
ရက်စက်လိုက်တာလို့ မပြောနိုင်လောက်အောင်ပင် ကိုယ်ဟာသူ့ကိုသိပ်ချစ်နေမိခဲ့သည်။
-
-
-
-
-
-
-
2 years later...
ဘူဆန်ပြန်မယ်ဆိုပြီး ထားသွားခဲ့သည့်ထိုနေ့မှစ၍Taehyungမျက်စိခွဲစိတ်မှုအတွက် ဆေးရုံတက်နေသည့်တစ်လျှောက်လုံး အရိပ်မမြင်အသံပင်မကြားပဲ သူ့ဘဝထဲကပျောက်ချင်းမလှပျောက်ကွယ်ခဲ့တဲ့Jeon။
ခွဲစိတ်ခန်းမဝင်ခင်အချိန်ထိ ဇွဲကြီးကြီးနှင့်စောင့်နေခဲ့ပါသော်လည်းနေနိုင်သည့်Jeonဟာ ခွဲစိတ်မှုပြီးဆုံးချိန်ထိပေါ်မလာခဲ့။ မမျှော်လင့်ရဲပေမဲ့ ပတ်တီးဖြည်မဲ့အချိန်လေးမှာ ပထမဆုံးပြန်မြင်ရတဲ့သူဟာ Jeonဖြစ်ချင်ခဲ့တာပါ။
သူJungkookအပေါ် သိပ်ကိုမျှော်လင့်ချက်တွေထားခဲ့မိသည်ထင်သည်။
မြက်ခင်းစိမ်းစိမ်းလေးတွေဖြင့်မို့မောက်နေသည့် မြေပုံမို့မို့လေးနားတွင်ဒူးထောက်ထိုင်ချလိုက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးမိသည်။
"တောင်းပန်ပါတယ် Jimin ah....ငါတို့မိသားစုမင်းအပေါ်ကိုဘယ်လိုဆက်ဆံခဲ့လဲသိရက်နဲ့တောင် ငါကအရှက်မရှိစွာနဲ့ မင်းရဲ့မျက်ကြည်လွှာကိုရယူခဲ့မိတယ်"
သူHyungနဲ့Jeonကိုနားလည်နိုင်ပြီထင်ပါတယ်။ ချစ်ရသူရဲ့မျက်ကြည်လွှာယူထားတဲ့သူ့ကို ဘယ်သူကမျက်စိရှေ့မှာထားပြီး ဘယ်လိုအင်အားမျိုးနဲ့စိုက်ကြည့်ပြီးနေနိုင်ကြပါ့မလဲ?
သူခွဲစိတ်မည့်နေ့က စစ်ထဲသို့ဝင်သွားသည့်Hyung။ ခွဲစိတ်ခန်းဝင်ခါနီး သူ့ကိုနောက်ဆုံးအနေဖြင့်လက်လေးဆုပ်ကိုင်အားပေးရင်း စကားတွေပြောခဲ့ပေးသည့်Hyungအသံဟာတိုးလျစွာ အားအင်တွေမဲ့နေခဲ့သည်။
Jiminieသေဆုံးတုန်းက Hyungသေလောက်အောင်နာကြင်နေခဲ့ရှာမည်ကိုတွေးမိတော့ စိတ်မကောင်းကြီးစွာကျရသည့်မျက်ရည်တွေကတသဲသဲ။
"မင်းအရမ်းရက်စက်တယ်Jimin ...ဘာလို့ငါတို့ကိုဒီလိုအခြေအနေတွေနဲ့ထားခဲ့ရတာလဲ? မင်းမျက်​ကြည်လွှာနဲ့ငါပြန်မြင်ခွင့်ခဲ့ရတာကျေးဇူးတင်ပေမဲ့ မင်းမရှိပဲငါဘယ်လိုမှပျော်ရွှင်မနေသင့်ဘူးထင်တယ် .... ငါ့ဘဝကပျော်ရွှင်ဖို့မထိုက်တန်ဘူးထင်တယ်.... နောက်ဆုံးမှာဘာလို့...ဘာလို့ငါ့နားမှာတစ်ယောက်မှမရှိနေတော့တာလဲ? "
Taehyungမျက်စိပြန်မြင်ရပြီး တစ်နှစ်ကြာမှJiminကိစ္စကိုOmmaတို့ပြောပြ၍သိခဲ့ရသည်။ စသိရချင်းတုန်းကဆို သူ့မှာရူးမတတ်။ သူ့သက်တမ်းတစ်လျှောက်လုံးသူ့သူငယ်ချင်းလေးကို အားနာစိတ်သေသည်အထိပင်စိတ်ဖြောင့်နိုင်ပါ့မလားမသိတော့။
ချစ်သူဖြစ်သူမိမိအစ်ကိုနှင့်တုန်းကလည်း မိမိကြောင့်ပိုင်ဆိုင်ခွင့်မရလိုက်ရ။ ထို့ပြင်မိမိအတွက်မျက်ကြည်လွှာကိုပင် ပေးလှုခဲ့သေးသည့်သူငယ်ချင်းလေး။ သူ့အပြစ်တွေသိပ်ကြီးမားခဲ့သည်ထင်။Jiminieရဲ့အစ်ကိုဖြစ်သူ မိမိချစ်ချစ်သူJeonကိုယ်နှိုက်က နှုတ်ပင်မဆက်ခဲ့ပဲ သူ့အနားကထွက်သွားခဲ့သည်။
မြေပုံလေးရှေ့မှမြေကြီးပေါ်တွင် ဒူးထောက်ထိုင်လျက်ရင်ဘတ်လေးကိုအသာဖိကာငိုရှိုက်နေသည့်ကောင်လေးကို ခပ်လှမ်းလှမ်းရှိသစ်ပင်ကြီးနောက်မှကွယ်ကာရပ်ကြည့်နေသည့်ကောင်လေးတစ်ယောက်ကလည်း မျက်ရည်များနှင့်ကြည့်နေခဲ့သည်ကိုတော့ ထိုကောင်လေးမသိ။
-
-
-
-
-
-
"သားဒီနေ့ပိတ်ရက်ဆိုတော့ Hyungနဲ့တစ်နေရာရာလျှောက်သွားကြလေ Yoongiလည်းစိတ်ပြေလက်ပျောက်ပေါ့"
"ဟင့်အင်းOmma ဒီနေ့သားသွားစရာရှိလို့... Hyungဒီနေ့မသွားတော့ဘူးနော် ဖြစ်တယ်မလား?"
"အင်းပါ ရပါတယ်Tae Taeရဲ့"
"ဒါဆ်ိုသားထနှင့်ပြီOmma "
ထို့နောက် ထမင်းစားဝိုင်းမှထကာထွက်သွားသည့် Taehyungieကိုကြည့်ပြီး Yoongiသက်ပြင်းချမိသည်။ သူ့စိတ်တွေအခုဆို အဆင်ပြေသလောက်ရှိနေခဲ့ပြီ။ အနည်ထိုင်သလောက်ရှိနေခဲ့ပါပြီ။ တိုက်ဆိုင်မှုတွေရှိခဲ့သည့်အခါ သတိရလို့မျက်ရည်ကျမိတာကလွဲရင် သူအဆင်ပြေနေပါပြီ။
ဒါပေမဲ့ အဆင်မပြေတာကTaehyungie။ သူတို့ကလေးကို စိတ်ဒဏ်ရာတွေပေးမိခဲ့ပြီထင်သည်။ တကယ်က ထိုအချိန်တုန်းကခွဲစိတ်ပြီးသည့်အခါBabeမျက်ကြည်လွှာပိုင်ရှင်ဖြစ်နေမည့်Taehyungရဲ့ မျက်လုံးတွေကိုသူကြည့်ဖို့အင်အားတွေမရှိခဲ့ခြင်း။ ထို့ကြောင့်ကြောက်ရွံ့စွာကလေးငယ်အားမရင်ဆိုင်ရဲသဖြင့် အရင်ကတည်းက ကုမ္ပဏီကြောင့်အချိန်ရွေ့ဆိုင်းထားသည့် စစ်မှုထမ်းတာဝန်ကိုစောကာထမ်းဆောင်ခဲ့ခြင်းပင်။
သို့သော်သူ့စိတ်တွေအဆင်ပြေသွားလို့ သူအိမ်ပြန်ရောက်လာချိန်မှာ ကလေးငယ်နှင့်သူရဲ့ကြားကာစိမ်းကားသွားသည့်ဆက်ဆံရေး။ ဥပဒေအရကွာရှင်းပြတ်စဲပြီးကြသော်လည်း Taehyungဆိုတာဟိုးငယ်ငယ်ကတည်းက သူရဲ့ထာဝရညီငယ်လေး။ သူတို့မိသားစုရဲ့ဆည်းလည်းလေးမဟုတ်ပါလား?
အခုတော့ ရင့်ကျင်သွားသည့်ပုံစံငယ်ဖြင့် သူအားပြန်ရောက်လာကတည်းကမျက်လုံးတည့်တည့်ပင် မကြည့်တော့ပဲစိမ်းကားသွားသည့် ကလေးငယ်ကြောင့်Yoongiရင်ထဲပူလောင်ရသည်။
'Hyungတောင်းပန်ပါတယ်Tae Tae ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့Hyungမထင်ထားခဲ့ဘူး"
တစ်ဖန်Taehyungieအတွက်လိုအပ်နေသည့် တစ်ဦးတည်းသောလူသားအကြောင်းစဉ်းစားမိပြန်တော့ ထိုသူအတွက်လည်းသူစိတ်မကောင်း။
သူကိုယ်ချင်းစာပါသည်။ Jungkookလည်း သူ့လိုခံစားနေခဲ့ရမှာအသေအချာပင်။ ထို့ကြောင့် ထိုစိတ်တွေရော အပြစ်စိတ်တွေရောပါပေါင်းပြီးTaehyungieအနားကထွက်သွားခဲ့ခြင်း။ ထိုနေ့... Jungkookထွက်မသွားခင်က ပြောသွားခဲ့သည့်စကားတစ်ခွန်း...
"မင်းကဘာလို့ထွက်သွားမှာလဲ? ရူးနေလားJeon Jungkook! Taehyungကမင်းကိုလိုအပ်တယ်"
"ငါသိတယ် ဒါပေမဲ့...ဒါပေမဲ့...ငါငယ်လေးအတွက် Taeကိုပက်သက်ဖို့ ငါ့စိတ်တွေမဝံ့ရဲဘူးMin Yoongi။ ပြီးတော့ငါသူ့ကို အစကတည်းကဘယ်လိုစိတ်နဲ့ချဉ်းကပ်ခဲ့သလဲဆိုတာမင်းလဲသိပါတယ်
Jiminအတွက်ရော Taeပေါ်ထားတဲ့ငါ့စိတ်တွေရှင်းတဲ့တစ်နေ့ ....အဲ့တစ်နေ့ရောက်ခဲ့ရင်တော့ငါပြန်လာဖြစ်မှာပါ။ ငါဒီကြားထဲအချိန်လိုအပ်တယ်.... "
"ကျေးဇူးပဲ ပြီးတော့တောင်းပန်ပါတယ်ဖြစ်ခဲ့သမျှတွေအကုန်လုံးအတွက်"
ထို့နောက်သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ အားပေးဖြစ်ကြသည်။
ထိုအချိန်ကJungkookပြောခဲ့သည့်စကားတွေကိုပြန်စဉ်းစားမိတော့ Yoongiပြုံးမိသည်။
"အဲ့တစ်နေ့ရောက်သင့်နေပြီJungkook...."
-
-
-
-
-
-
-
"Arjusii မင်္ဂလာပါ"
"အော်...ချာတိတ်လေး လာပြီလားကွဲ့ "
မြင်းစီးကွင်းသို့ရောက်တော့ ထုံးစံအတိုင်းမြင်းဇောင်းကဦးလေးကြီးကို အရင်နှုတ်ဆက်ဖြစ်သည်။ မျက်စိပြန်ပြင်ရပြီးနောက်ပိုင်း Jeonနှင့်အတူသွားချင်ခဲ့သည့်နေရာတွေကို သူတစ်ယောက်တည်းအမြဲလာဖြစ်သည်။  Jeonနဲ့နှစ်ယောက်တူတူလာခဲ့ဖူးသည့် ဤမြင်းစီးကွင်းလေးကတော့ တစ်လတစ်ခါပုံမှန်ရောက်နေကြပင်။
ထို့ကြောင့်ဦးလေးကြီးကပင်မျက်မှန်းတန်းမိနေကာ ရင်းပင်ရင်းနှီးကြနေပြီဖြစ်သည်။ Jungkookနှင့်အတူတခါလာဖူးသည့်သူ့အားဦးလေးကြီးကလည်းမမေ့ရှာ။ သို့သော်သူမျက်စိပြန်ပြီးသည့်နောက်ပိုင်းတွင်တော့ Jungkookလည်းမြင်းစီးကွင်းသို့ထပ်ရောက်မလာတော့ကြောင်း ရင်နာစွာသိရသည်။
"ဟုတ်... ဒါဆိုကျွန်တော်မြင်းသွားယူလိုက်အုံးမယ်နော်Arjusii"
"ဒါနဲ့ဆရာလေးလည်းပြန်ရောက်နေပါ့ဗျာ ချာတိတ်တို့တူတူတွေ့ဖို့များ ချိန်းထားကြသလားကွဲ့?"
မြင်းယူပြီးထွက်လာတော့ ဦးလေးကြီးပြောလိုက်သာ့်စကားကြောင့်Taehyungနှလုံးခုန်သံတွေဟာဒိန်းခနဲဆောင့်ခုန်သည်။
"ဆ..ဆရာလေးဆိုတော့ Jeonလား? ဟုတ်လားArjusii Jeon Jungkookလား?"
"ဟုတ်တယ်လေ ချာတိတ်ရဲ့..."
ဦးလေးကြီးစကားပင်မဆုံးသေး Taehyungပြေးထွက်လာမိသည်။ ဒီအတောအတွင်း Taehyungဘယ်တောင်တောင်ရှာခဲ့ရသလဲJeonရယ်။ အပုန်းကောင်းသူကြီးကို ပြန်တွေ့တဲ့အခါပွေ့ဖက်ပစ်ပြီး ဘာလို့ထားခဲ့သလဲဆိုပြီး စိတ်တွေဆိုးပစ်ချင်ပါရဲ့။
-
-
-
-
-
-
-
ရေပြင်ကျယ်ကြီးကိုငေးကြည့်ရင်း အတွေးတို့သည်ဟိုရောက်သည်ရောက်။ သူဒီနှစ်နှစ် အတွင်းအမေရိကားကိုပြန်ပြီး ဒီမြေဒီလေနှင့်အဆက်သွယ်ပြတ်နေခဲ့သည်။
ဟင့်အင်း ဖြတ်ပစ်ခဲ့တာဆိုရင်မှန်မလား? နာကြင်စရာတွေသာပြည့်နေသည့်ဒီမြေပေါ်တွင် သူနေဖို့ခွန်းအားတွေမရှိခဲ့။ ဒါပေမဲ့ အချိန်အလုံအလောက်သုံးသပ်ပြီးမိချိန်တွင် သိလိုက်ရသည့်အမှန်တရားတစ်ခုက ထိုဝမ်းနည်းစရာမြေတွင်ကျန်ရှိနေခဲ့သည့်သူ့နှလုံးသားပန်းပွင့်ကလေး။
ရင်မဆိုင်ရဲသေးလို့ မတွေ့အောင်ရှောင်ကာမှသူပြန်ရောက်ရောက်ချင်းငယ်လေးရဲ့အထိမ်းအမှတ်မြေအုပ်ဂူတွင် ငိုကြွေးနေသည့်သူ့နှလုံးသားငယ်ကိုတွေ့ခဲ့ရသည်။ အပြန်လမ်းတစ်လျှောက်လုံးထိုကလေးငယ်နှင့်အတူ လမ်းလျှောက်လျက်သူလိုက်ပါခဲ့သည်။ သို့သော်အမြင်အာရုံပြန်ရသွားသည့်ကလေးငယ်သည် သူ့ကိုမှတ်မိနိုင်လိမ့်မည်မဟုတ်တော့။
အခုလည်း Taehyungနှင့်ပေးခဲ့ဖူးသည့်ကတိတွေမတည်နိုင်ခဲ့ခြင်းအပေါ်ပြန်တွေးမိရင်း ကိုယ်ကို့ကိုယ်အပြစ်တင်မိသည့်စိတ်တွေက နေ့စဉ်ညဆက်။
"ဒီနေရာလေးကို တစ်ခေါက်တူတူထပ်လာချင်ခဲ့တာကို.."
တစ်ယောက်တည်းတိတ်ဆိတ်စွာရေရွတ်ရင်း ဘေးနားကမြင်းကိုဆွဲယူကာပြန်မည်အပြု တစ်ဖက်သို့အလှည့်မျက်ရည်လဲ့နေသည့်မျက်ဝန်းလေးတွေဖြင့်သူ့အားလှမ်းကြည့်နေသည့် ခပ်လှမ်းလှမ်းမှသူ့ရဲ့ကမ္ဘာငယ်လေး။
သူလည်းရုတ်တရက်စွံ့အလျက် ဘာစကားမှမဆိုနိုင်။ မဟုတ်သေးပါဘူး Taeကသူ့ကိုဘယ်လိုလုပ်မှတ်မိမှာလဲ?
သူအမြန်ပင်တစ်ဖက်သို့ပြန်လှည့်လိုက်သည်။ ပြည့်လျှံလာသည့် မျက်ရည်တို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း တဒိတ်ဒိတ်ခုန်နေသည့်နှလုံးသားလေးကိုအသာဖိလျက်။
'အင့်'
ရုတ်တရက်နောက်ကနေအင့်ခနဲမည်အောင် အဖက်ခံလိုက်ရသည်။ ခါးပေါ်သ်ု့သွယ်ယှက်လာသည့်လက်ချောင်းလေးတွေအပေါ်အုပ်ကိုင်လိုက်တော့ ရှိုက်သံလေးကပိုကျယ်လာသည်။
"မှတ်မိတယ်..."
"Tae"
"Jeonရဲ့ကိုယ်သင်းနံ့ ပြီးတော့မမြင်ခဲ့ဖူးပေမဲ့ ခံစားခဲ့ဖူးတဲ့အချစ်တွေJeonရဲ့မျက်ဝန်းမှာရှာတွေ့ခဲ့တယ်"
Taeဖက်သို့လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့မျက်ရည်ကြည်တွေ့ဖွဲ့နေသည့်မျက်ဝန်းငယ်လေးဟာ သူ့မျက်လုံးကိုလွတ်သွားမတတ်စိုက်ကြည့်နေသည်။
ထို့နောက်ပါးပြင်လေးပေါ်အုပ်ကိုင်လာသည့် လက်ငယ်လေးတွေရဲ့အထိအတွေ့ကြောင့် မျက်လုံးလေးမှိတ်ထားတော့ ကလေးငယ်ရဲ့စကားကြောင့်မှိတ်ထားသည့်မျက်ဝန်းမှမျက်ရည်လေးစီးကျသည်။
"ကျွန်တော့်ရဲ့Jeon"
"ကိုယ်တောင်းပန်ပါတယ် "
"ဟင့်အင်း ...မလိုပါဘူး ကျွန်တော့်ဘက်ကအမြဲခွင့်လွှတ်နေခဲ့တာမလို့"
အရင်လိုဆံပင်ပြာပြာလေးမဟုတ်ပဲ အညိုရောင်ခေါင်းလုံးလုံးလေးဖြစ်သွားသည့်Taehyungသည် ပြောင်းလဲသွားခြင်းမရှိ။ အရင်လိုချစ်စရာကောင်းနေဆဲဖြစ်သည်။
"ကျွန်တော်ကသာ တောင်းပန်ရမှာပါ Jiminie.."
"ရှုး... ပြီးခဲ့ပြီလေ တွေးကြည့်လိုက်ပါ Taeအခုလိုပြန်မြင်နိုင်ရတာ သူဘယ်လောက်တောင်ဂုဏ်ယူနေလိုက်မလဲ? သူလဲပျော်နေမှာပါ..."
ထို့နောက် တဖန်သူ့ကိုမော့ကြည့်ကာသူ့မျက်ဝန်းတွေကိုစိုက်ကြည့်လာသည့်ကလေးငယ်။ မျက်ရည်လေးတွေကျနေပေမဲ့ Taehyungပြုံးနေခဲ့သည်။မျက်ရည်လေးတွေကိုသုတ် အသာသုတ်ပေးတော့
"ကျွန်တော်ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ Jeonကို..."
"ကိုယ်ပြန်လာပြီလေ ...ကိုယ်ဘယ်တော့မှTaeအနားကပျောက်ကွယ်မသွားတော့ဘူး ကိုယ်​ေနာက်မကျသေးဘူးမလားTae.."
"အင်း ...Jeonကိုအမြဲတမ်းမျှော်နေခဲ့ရသူမလို့ နောက်ကျတယ်ဆိုတာဘယ်တုန်းကမှမရှိခဲ့ပါဘူး အမြဲတမ်းစောင့်နေခဲ့တာပါ"
"ဒါဆိုကိုယ့်ဆန္ဒတစ်ခုလောက်ဖြည့်ဆည်းပေးမလားTae"
"ဘာလဲဟင်?"
"မှတ်မိလား ကိုယ်ပြောခဲ့ဖူးတယ်လေ ကိုယ့်ဆန္ဒက Taeမျက်စိပြန်မြင်ရတဲ့တစ်နေ့ကျရင် Taeရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးအကြင်နာပေးချင်တယ်လို့ပြောတာ"
သူပြောလိုက်တော့ ရဲပတောင်းခတ်သွားသည့်ပါးလေးနှစ်ဖက်နှင့်အတူ အကြည့်တွေပါလွှဲသွားသည့်Taehyungပုံစံလေးကြောင့်အူးယားစွာခါးလေးကိုဆွဲဖက်လိုက်တော့ အလန့်တကြားပြန်မော့လာသည့်ကလေးငယ်။
"ချစ်တယ်...Tae"
သူပြောတော့ အဖြေအဖြစ်ပြန်ပေးလာသည့်Taeရဲ့တန်းဖိုအရှိဆုံး အေးချမ်းသည့်အပြုံးလေး။ တဖြည်းဖြည်းနီးကပ်လာသည့်မျက်နှာချောချောကိုTaehyungမရှောင်မိတော့။ သူသိပ်မြတ်နိုးခဲ့ရသည့်အနမ်းတွေ။ လွမ်းဆွတ်ခဲ့ရသည့် Jeonရဲ့အထိအတွေ့တွေပင်မလား။
ချစ်တယ်Jeon။ အခက်အခဲတွေ နာကြင်မှုတွေ ဝမ်းနည်းမှုတွေကြားကနေဖြစ်တည်လာသည့် ခက်ခဲသည့်အချစ်တစ်ခုမလို့ အသက်ထက်ပိုမြတ်နိုးမိသည်။
ပထမဆုံးနှင့် နောက်ဆုံးဖြစ်သလို ဘဝရဲ့ဝမ်းနည်းစရာအကောင်ဆုံးအဖြစ်အပျက်တွေကြားထဲမှ ဖြစ်တည်လာသည့်အချစ်ပန်းငယ်လေး။ အရင်ပန်းငယ်လေးရဲ့ပုံပြင်လိုမျိုးဇာတ်သိမ်းမလှမှာစိုးတာကြောင့် မျက်ရည်တွေနှင့်နာကြင်မှုတို့ကိုစားသုံးကာ ဝမ်းနည်းမှုလွင်ပြင်ထဲမှ ရှင်သန်လာသည့်သူ့ရဲ့ဤအချစ်ပန်းလေးကိုတော့Jeonနှင့်တူတူ တစ်ဘဝလုံးစောင့်ရှောက်သွားချင်တယ်....
                   -Love In Sadness-
-
-
-
-
-
Yoonmin
**We were destined to meet each other
  Not to be together **
Taekook
**You came to me without my invitation
  And you left me without my permission **
The End
With love💜
||Tae_For_Jeon
Jeon_To_Tae||
A/N - Love In Sadness လေးဇာတ်သိမ်းသွားခဲ့ပါပြီရှင်။ နောက်ဆုံးအပိုင်းအထိလိုက်ပါစီးမြောဖတ်ပေးခဲ့ကြတဲ့သူတွေရော Silent readerတွေရော vote and feedbackပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်။
တစ်ခုပါပဲ။ Characterလေးယောက်လုံးရဲ့ခံစားချက်တွေက နားလည်ဖို့အရမ်းခက်သလိုသနားစရာကောင်းပါတယ်။ တတ်နိုင်သလောက်ကြိုးစားဖော်ပြပေးခဲ့တာမလို့ မြင်အောင်ဖတ်ပေးနိုင်ရင်တော့အကောင်းဆုံးပါ။ အထူးသဖြင့်နောက်ဆုံးနှစ်ပိုင်းက Yoongiနဲ့Jungkookရဲ့ခံစားချက်တွေကိုနားလည်ကြရဲ့လားမသိဘူး။ 🥺
Love In Sadnessဆိုတဲ့အတိုင်းDrama ficလေးဖြစ်လို့ Readersတွေအတွက်သိပ်စိတ်တိုင်းမကျလောက်ကျပေမဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ခံစားချက်တွေနဲ့ဇာတ်လမ်းပုံစံလေးကို ဝင်ခံစားပေးခဲ့ပြီး သဘောကျရင်ကျေနပ်ပါပြီရှင်။အရေးအသားတွေလည်းဒီထက်ပိုကောင်းအောင်လည်း နောက်Ficလေးတွေမှာကြိုးစားသွားပါမယ်နော်။
Because Of Jeon Taehyungလေးမှာပြန်တွေ့ကြမယ်နော်💜
-
-
-
-
-
-
-
Zawgyi
"Omma! Appa! "
-
-
-
-
-
-
-
2 years later...
-
-
-
-
-
-
"ဒါဆိုသားထနှင့်ပြီOmma "
-
-
-
-
-
-
-
"Arjusii မင်္ဂလာပါ"
"ဟုတ်တယ်လေ ချာတိတ်ရဲ့..."
-
-
-
-
-
-
-
'အင့်'
"မှတ်မိတယ်..."
"Tae"
"ကျွန်တော့်ရဲ့Jeon"
"ကိုယ်တောင်းပန်ပါတယ် "
"ကိုယ်ပြန်လာပြီလေ ...ကိုယ်ဘယ်တော့မှTaeအနားကပျောက်ကွယ်မသွားတော့ဘူး ကိုယ်​နောက်မကျသေးဘူးမလားTae.."
"ဘာလဲဟင်?"
"ချစ်တယ်...Tae"
         -Love In Sadness-
-
-
-
-
-
Yoonmin
  Not to be together **
Taekook
The End
With love💜
||Tae_For_Jeon
Jeon_To_Tae||
Continue Reading
You'll Also Like
15.7K 318 9
You are Y/N, a Green lantern with a Red lantern ring. You became Hal's sidekick as a green lantern, but after a while, your anger issues became abund...
377K 13.5K 60
π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire is the first female f1 driver in π——π—˜π—–π—”π——π—˜π—¦ OR π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire and charle...
186K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
94.9K 2.8K 30
Afra Coventry, a CEO of a Fortune 500 Company and Jaeson Coventry, one of Cloverdale's top five lawyers are a newly wed couple. They have everything...