Unicode
"ဟယ်လို အင်း ကိုကို ဆူးမေရောက်ပြီ အင်း ပါတယ် Davidတို့ဘေးနားမှာ.. အာ့"
ခပ်ပြင်းပြင်းတိုက်ချက်ကြောင့်ဆူးမေလက် ထဲမှာကိုင်ထားတဲ့ဖုန်းလွတ်ကျသွားသည်
"Sorry Sorry"
ထိုလူကဖုန်းကိုပြန်ကောက်ပေးရင်းသူ့ကိုတောင်းပန်စကားဆိုသည် ပြီးတော့ သူ့မျက်နှာကိုသေချာစိုက်ကြည့်ပြီးကြောင်နေသည် ထိုစဥ်Davidက
"မမလေး ကားရောက်နေပြီ သွားကြမယ်လေ"
"အော် အင်း သွားနှင့်လေ ဆူးမေလိုက်လာခဲ့မယ်"
"ဟုတ်ကဲ့ မကြာစေနဲ့နော်"
ခေါင်းတချက်ညိမ့်ပြလိုက်ပြီးမျက်စိရှေ့ကကြောင်ကြည့်နေတဲ့လူကို အကဲခတ်ကြည့်လိုက်သည် ဂျင်းအနွေးထည် ဂျင်းဘောင်းဘီနဲ့ တီရှပ်အဖြူလေးတစ်ထည်ကို တွဲဖက်ဝတ် ဆင်ထားပြီး ဦးထုပ်အမည်းလေးကိုခပ်ငိုက်ငိုက်ဆောင်းထားသည် ဆူးမေထက်တော့အသက်နည်းနည်းပိုကြီးမည့်ပုံ
"ဟို ဖုန်းလေး ပြန်ပေးလို့ရမလား ကျွန်မသွား ရတော့မှာမို့.."
"ဟင်..အော်...ဟုတ် ဟုတ် ဒီမှာပါ"
"ဟုတ် ကျေးဇူးပါ"
လူကိုကြောင်တောင်တောင်ကြည့်နေတဲ့သူကြောင့် ဆူးမေမြန်မြန်လစ်ထွက်လာခဲ့သည် ပုံစံကဝရမ်းပြေးပုံစံနဲ့ မယုံရဲဘူးရယ်
အပြေးလေးထွက်သွားတဲ့ညီမလေးကိုသူငေးကြည့်နေရင်းမျက်ရည်တွေဝဲတက်လာသည် သြော် ညီမလေးငါ့ကိုတကယ်မေ့သွားပြီပဲ
"Wow ဆူးမေကဒီလောက်ကြီးတဲ့အိမ်ကြီးမှာနေရမယ်တဲ့လား"
"ဟုတ်တယ်လေ Bossကပြင်ဆင်ပေးထားတာ မမလေးမကြိုက်ဘူးလား မကြိုက်ရင်ပြောင်းမယ်လေ အင်းလေးမှာတစ်အိမ်ရှိသေးတယ်"
"တော်ပါတော့ အင်းလေးကိုဘာသွားလုပ်ရ မှာလဲ ဒီမှာပဲနေတော့မယ် ဒါနဲ့ရှင်တို့လင်မယားကဘယ်မှာနေမှာလဲ"
"ကျွန်တော်တို့ ဒီဘေးကအိမ်မှာနေမှာလေ "
"ဟမ် ဟိုဘက်ခြံကအိမ်ကလဲ ကိုကိုပိုင်တာပဲ လား"
"ဟုတ်တယ် မမလေး Bossကမမလေးကိုစောင့်ရှောက်ဖို့ ဒီအိမ်မှာပဲတူတူနေခိုင်းတာ ဒါပေမယ့်ကျွန်တော်တို့ကမမလေးအနေရခက်မှာစိုးလို့ ဟိုဘက်ခြံမှာသွားနေပေးမို့"
"အမလေး အပိုတွေလုပ်ပြန်ပြီ အခုမှညားခါစမို့ ဟိုဘက်အိမ်မှာနှစ်ယောက်တည်းပျော်ချင်တာမလား"
"ဟီး sofyတို့အရမ်းသိသာသွားတာလား တစ်ပတ်လောက်ပါပဲ မမလေးရယ်"
"နေတာကရပါတယ် ဒါပေမယ့်ငါဟိုဘက်အိမ်မှာနေမယ် နင်တို့ကဒီဘက်မှာနေ အိမ်ကြီးကအကြီးကြီးပဲ ငါတစ်ယောက်တည်းကြောက်တယ် ဟိုဘက်အိမ်ကငါနဲ့အဆင်ပြေတယ်"
"မမလေးကလဲ တစ်ယောက်တည်းမဟုတ်ပါဘူး အထဲမှာအိမ်ဖော်တွေမှအများကြီး"
"ဘာ ဘယ်လို အိမ်ဖော်တွေကဘာလို့ခန့်ထားတာလဲ ငါအဲ့လိုကြီးမနေချင်ပါဘူး ကိုမင်းဓန သွင်နဲ့တော့စိတ်ညစ်ပါတယ်"
"မနေချင်လဲနေလိုက်ပါ မမလေးရယ် Boss ဖုန်းဆက်တဲ့အချိန် မမလေးကဒီအိမ်မှာမနေဘူးဆိုတာသိရင် ကျွန်တော်ဒုက္ခရောက်မှာဗျ"
"ဟူး...ကဲ ပြီးရော ငါဟိုဘက်အိမ်မှာတစ်ပတ်တော့နေမယ် တစ်ပတ်ပြည့်ရင်ဒီအိမ်ကိုပြန်လာခဲ့မယ် ရပြီလား"
"အာ မမလေး မဖြစ်ဘူးထင်.."
"မဖြစ်ဘူးဆိုတာမရှိဘူး သူဖုန်းဆက်ရင်ငါ့ဆီကိုဖုန်းဆက်ဖို့ပြောလိုက် ငါသွားပြီ"
"မမလေး မမလေး ဒုက္ခပါပဲ ကျွန်တော်တော့ အပြောခံရတော့မှာပဲ"
Davidတို့လင်မယားကိုထားခဲ့ပြီး နှစ်ထပ်အိမ်လေးဆီကိုလမ်းလျှောက်လာခဲ့သည် သူဆေးရုံမှာနိုးလာကတည်းကကိုကိုပြီးရင်သူ့အနားအမြဲရှိနေခဲ့တာ Davidပင် သူကတရုတ်နဲ့အမေရိကန် ကပြား ခပ်မိုက်မိုက်စ တိုင်ကျတဲ့လူတစ်ယောက် ကိုကို့ရဲ့အားကိုးရ တဲ့တပည့်တစ်ယောက်ဆိုလဲပိုမှန်လိမ့်မည် ကိုကိုခိုင်းသမျှကိစ္စကိုဘယ်တော့မှလွဲချော် တာမျိုးမရှိပဲ စေ့စေ့စပ်စပ်လုပ်နိုင်သူတစ်ယောက် အသွင်တူရင်အိမ်သူဖြစ်တယ်ဆိုတဲ့စကားလိုပဲ ကိုကို့ရဲ့အားအကိုးရဆုံးနဲ့အတိကျဆုံးဖြစ်တဲ့ secretaryမလေး Sofyနဲ့သူတွေ့ဆုံခဲ့တယ် အခုတော့အဲ့တိကျကိုယ်တော် နှစ်ယောက်ကကိုယ့်နောက်လိုက်နေရတော့ မှာဆိုတော့အဆင်မပြေဘူး တစ်ခါတစ်လေ ကျတော့ကိုကိုသူ့ကိုစိတ်မချတာက တစ်ခုခုကိုကြောက်နေသလိုမျိုး နည်းနည်းလေးလွန် ကဲသလိုခံစားရသည်
################################
"Daddy သားညီမလေးကိုလေဆိပ်မှာတွေ့ခဲ့ တယ် မင်းဓနဆီကသတင်းကြားလို့ကျွန် တော်သွားကြည့်ခဲ့တာ"
"ဟုတ်လား သမီးလေးကျန်းကျန်းမာမာရှိရဲ့ လား"
"ရှိပါတယ် Daddyရယ် သူ..သူသားတို့ကိုလုံး ဝမမှတ်မိတော့ဘူး"
"Daddyတို့ကအဲ့လိုဖြစ်အောင်လုပ်ခဲ့တာပဲ ဒီလိုမျိုးဖြစ်သွားတော့လဲပျော်ရမှာပေါ့ကွယ်"
"မင်းဓနကလဲညီမလေးကိုဘာလို့ရန်ကုန်ကို လာခွင့်ပြုလိုက်တာလဲမသိပါဘူးဗျာ ဟိုကောင်က ညီမလေးကိုရှာနေမှာ ကျိန်းသေတယ် ကျွန်တော်စိတ်မချဘူးဗျာ"
"စိတ်အေးအေးထားပါ သားရယ် ဒီလောက်လွယ်လွယ်နဲ့တော့ဒီကောင်ရှာတွေ့မှာမဟုတ် ပါဘူး သားလဲအသွားလာဂရုစိုက်ဦး သူကသားနောက်ကိုလဲလူလွှတ်ထားရင်လွှတ်ထား နိုင်တယ်"
"သားဂရုစိုက်ပါတယ်ဗျာ ဒါနဲ့Mommyရော ဘယ်လိုနေလဲ"
"သားMommyကအစားမှလုံးဝမစားတာ ဘယ်လိုနေပြန်ကောင်းမှာလဲ Daddyလဲတ ကယ်စိတ်ညစ်ပါတယ် သမီးလေးအိမ်ကထွက်သွားကတည်းက Daddyတို့မိသားစု ကြီးလဲ ကမောက်ကမတွေဖြစ်ကုန်တာပဲ အ ရင်လိုမအေးချမ်းတော့ဘူး"
"ဒါတွေအားလုံးက ဟိုကောင်ကြောင့်ဖြစ်တာ မြေခွေးလိုကောင် သူ့အထင်တစ်ခုတည်းနဲ့အ ရာအားလုံးကိုအရူးလိုလိုက်လုပ်နေတာ"
"သူ့ညီမမေကွန်းကိစ္စကိုသားမရှင်းပြဘူးလား သူ့ကိုမရှင်းပြရင်ပိုရှုပ်လာလိမ့်မယ်"
"ခုချိန်မှာတော့ဒီကောင်ကရှင်းပြလဲရတော့မယ်မထင်ဘူး ရှင်းပြဖို့ကြိုးစားလဲတစ်ခါမှနားမထောင်ဘူး"
"Daddyတို့သမီးလေးကဘာမှမသိပဲကြားညပ်ခဲ့ရတာပါကွယ် သူ့မိဘတွေအပေါ် Daddyတို့မှားခဲ့တာမှန်ပေမယ့် သားအပေါ် သူအထင်လွဲနေတဲ့ကိစ္စကိုတော့Daddyပြေ လည်စေချင်တယ် ဒါမှDaddyတို့သမီးလေး ကိုလွတ်မြောက်မှာ"
"တော်ပါဗျာ ဒီကောင်ကမေကွန်းကိစ္စကိုအ မှန်တိုင်းသိလဲ သူ့မိဘတွေကိစ္စကြောင့် ညီမလေးကိုဆွဲထည့်ဦးမှာပဲ ညီမလေးတစ်ခုခုသာ ထိခိုက်ကြည့် အဲ့ကောင်နဲ့ကျွန်တော်သူသေကိုယ်သေပဲ"
"သားရယ် တစ်ခုခုဆိုသေချာစဥ်းစားပြီးမှလုပ်ပါ"
"ဟုတ်ကဲ့ပါ Daddy ကျွန်တော်Mommyဆီသွားပြီးထမင်းကျွေးကြည့်ဦးမယ်"
အခန်းထဲဝင်သွားတော့ ခုတင်ပေါ်မှာငိုင်ငိုင်ကြီးထိုင်နေတဲ့မိခင်ကိုတွေ့တော့ သူစိတ်မကောင်းဖြစ်ရပြန်သည် ညီမလေးထွက်သွားတဲ့နေ့ကတည်းက Mommyကအစားအ သောက်စလျော့လာခဲ့ပြီး ကျန်းမာရေးထိခိုက် လာခဲ့သည် Mommyကိုထမင်းကျွေးဖို့လာတိုင်းညီမလေးကိုမေးပြီးငိုယိုလေ့ရှိတာကြောင့် သူပါအမြဲလိုက်ငိုမိခဲ့ရသည် ဒီလိုမျိုးဖြစ်ရ တာတွေကဟိုကောင်လွှမ်းမိုးစျာန်ကြောင့်ဆို ပေမယ့် သူ့မိဘနှစ်ပါးပေါ်လုပ်မိခဲ့တဲ့အပြစ် တွေရှိလို့သူရဲ့လူသတ်ချင်စိတ်ကိုဖျောက်ထားခဲ့ပေမယ့် ဘာမှမဆိုင်တဲ့ညီမလေးကိုပါ ဒီကောင်ထိပါးလာခဲ့ရင်တော့သူငြိမ်ခံမှာမဟုတ်တော့ပါ
Zawgyi
"ဟယ္လို အင္း ကိုကို ဆူးေမေရာက္ၿပီ အင္း ပါတယ္ Davidတို႔ေဘးနားမွာ.. အာ့"
ခပ္ျပင္းျပင္းတိုက္ခ်က္ေၾကာင့္ဆူးေမလက္ ထဲမွာကိုင္ထားတဲ့ဖုန္းလြတ္က်သြားသည္
"Sorry Sorry"
ထိုလူကဖုန္းကိုျပန္ေကာက္ေပးရင္းသူ႕ကိုေတာင္းပန္စကားဆိုသည္ ၿပီးေတာ့ သူ႕မ်က္ႏွာကိုေသခ်ာစိုက္ၾကည့္ၿပီးေၾကာင္ေနသည္ ထိုစဥ္Davidက
"မမေလး ကားေရာက္ေနၿပီ သြားၾကမယ္ေလ"
"ေအာ္ အင္း သြားႏွင့္ေလ ဆူးေမလိုက္လာခဲ့မယ္"
"ဟုတ္ကဲ့ မၾကာေစနဲ႕ေနာ္"
ေခါင္းတခ်က္ညိမ့္ျပလိုက္ၿပီးမ်က္စိေရွ႕ကေၾကာင္ၾကည့္ေနတဲ့လူကို အကဲခတ္ၾကည့္လိုက္သည္ ဂ်င္းအႏြေးထည္ ဂ်င္းေဘာင္းဘီနဲ႕ တီရွပ္အျဖဴေလးတစ္ထည္ကို တြဲဖက္ဝတ္ ဆင္ထားၿပီး ဦးထုပ္အမည္းေလးကိုခပ္ငိုက္ငိုက္ေဆာင္းထားသည္ ဆူးေမထက္ေတာ့အသက္နည္းနည္းပိုႀကီးမည့္ပုံ
"ဟို ဖုန္းေလး ျပန္ေပးလို႔ရမလား ကြၽန္မသြား ရေတာ့မွာမို႔.."
"ဟင္..ေအာ္...ဟုတ္ ဟုတ္ ဒီမွာပါ"
"ဟုတ္ ေက်းဇူးပါ"
လူကိုေၾကာင္ေတာင္ေတာင္ၾကည့္ေနတဲ့သူေၾကာင့္ ဆူးေမျမန္ျမန္လစ္ထြက္လာခဲ့သည္ ပုံစံကဝရမ္းေျပးပုံစံနဲ႕ မယုံရဲဘူးရယ္
အေျပးေလးထြက္သြားတဲ့ညီမေလးကိုသူေငးၾကည့္ေနရင္းမ်က္ရည္ေတြဝဲတက္လာသည္ ေၾသာ္ ညီမေလးငါ့ကိုတကယ္ေမ့သြားၿပီပဲ
"Wow ဆူးေမကဒီေလာက္ႀကီးတဲ့အိမ္ႀကီးမွာေနရမယ္တဲ့လား"
"ဟုတ္တယ္ေလ Bossကျပင္ဆင္ေပးထားတာ မမေလးမႀကိဳက္ဘူးလား မႀကိဳက္ရင္ေျပာင္းမယ္ေလ အင္းေလးမွာတစ္အိမ္ရွိေသးတယ္"
"ေတာ္ပါေတာ့ အင္းေလးကိုဘာသြားလုပ္ရ မွာလဲ ဒီမွာပဲေနေတာ့မယ္ ဒါနဲ႕ရွင္တို႔လင္မယားကဘယ္မွာေနမွာလဲ"
"ကြၽန္ေတာ္တို႔ ဒီေဘးကအိမ္မွာေနမွာေလ "
"ဟမ္ ဟိုဘက္ၿခံကအိမ္ကလဲ ကိုကိုပိုင္တာပဲ လား"
"ဟုတ္တယ္ မမေလး Bossကမမေလးကိုေစာင့္ေရွာက္ဖို႔ ဒီအိမ္မွာပဲတူတူေနခိုင္းတာ ဒါေပမယ့္ကြၽန္ေတာ္တို႔ကမမေလးအေနရခက္မွာစိုးလို႔ ဟိုဘက္ၿခံမွာသြားေနေပးမို႔"
"အမေလး အပိုေတြလုပ္ျပန္ၿပီ အခုမွညားခါစမို႔ ဟိုဘက္အိမ္မွာႏွစ္ေယာက္တည္းေပ်ာ္ခ်င္တာမလား"
"ဟီး sofyတို႔အရမ္းသိသာသြားတာလား တစ္ပတ္ေလာက္ပါပဲ မမေလးရယ္"
"ေနတာကရပါတယ္ ဒါေပမယ့္ငါဟိုဘက္အိမ္မွာေနမယ္ နင္တို႔ကဒီဘက္မွာေန အိမ္ႀကီးကအႀကီးႀကီးပဲ ငါတစ္ေယာက္တည္းေၾကာက္တယ္ ဟိုဘက္အိမ္ကငါနဲ႕အဆင္ေျပတယ္"
"မမေလးကလဲ တစ္ေယာက္တည္းမဟုတ္ပါဘူး အထဲမွာအိမ္ေဖာ္ေတြမွအမ်ားႀကီး"
"ဘာ ဘယ္လို အိမ္ေဖာ္ေတြကဘာလို႔ခန့္ထားတာလဲ ငါအဲ့လိုႀကီးမေနခ်င္ပါဘူး ကိုမင္းဓန သြင္နဲ႕ေတာ့စိတ္ညစ္ပါတယ္"
"မေနခ်င္လဲေနလိုက္ပါ မမေလးရယ္ Boss ဖုန္းဆက္တဲ့အခ်ိန္ မမေလးကဒီအိမ္မွာမေနဘူးဆိုတာသိရင္ ကြၽန္ေတာ္ဒုကၡေရာက္မွာဗ်"
"ဟူး...ကဲ ၿပီးေရာ ငါဟိုဘက္အိမ္မွာတစ္ပတ္ေတာ့ေနမယ္ တစ္ပတ္ျပည့္ရင္ဒီအိမ္ကိုျပန္လာခဲ့မယ္ ရၿပီလား"
"အာ မမေလး မျဖစ္ဘူးထင္.."
"မျဖစ္ဘူးဆိုတာမရွိဘူး သူဖုန္းဆက္ရင္ငါ့ဆီကိုဖုန္းဆက္ဖို႔ေျပာလိုက္ ငါသြားၿပီ"
"မမေလး မမေလး ဒုကၡပါပဲ ကြၽန္ေတာ္ေတာ့ အေျပာခံရေတာ့မွာပဲ"
Davidတို႔လင္မယားကိုထားခဲ့ၿပီး ႏွစ္ထပ္အိမ္ေလးဆီကိုလမ္းေလွ်ာက္လာခဲ့သည္ သူေဆး႐ုံမွာနိုးလာကတည္းကကိုကိုၿပီးရင္သူ႕အနားအၿမဲရွိေနခဲ့တာ Davidပင္ သူကတ႐ုတ္နဲ႕အေမရိကန္ ကျပား ခပ္မိုက္မိုက္စ တိုင္က်တဲ့လူတစ္ေယာက္ ကိုကို႔ရဲ႕အားကိုးရ တဲ့တပည့္တစ္ေယာက္ဆိုလဲပိုမွန္လိမ့္မည္ ကိုကိုခိုင္းသမွ်ကိစၥကိုဘယ္ေတာ့မွလြဲေခ်ာ္ တာမ်ိဳးမရွိပဲ ေစ့ေစ့စပ္စပ္လုပ္နိုင္သူတစ္ေယာက္ အသြင္တူရင္အိမ္သူျဖစ္တယ္ဆိုတဲ့စကားလိုပဲ ကိုကို႔ရဲ႕အားအကိုးရဆုံးနဲ႕အတိက်ဆဳံးျဖစ္တဲ့ secretaryမေလး Sofyနဲ႕သူေတြ႕ဆုံခဲ့တယ္ အခုေတာ့အဲ့တိက်ကိဳယ္ေတာ္ ႏွစ္ေယာက္ကကိုယ့္ေနာက္လိုက္ေနရေတာ့ မွာဆိုေတာ့အဆင္မေျပဘူး တစ္ခါတစ္ေလ က်ေတာ့ကိုကိုသူ႕ကိုစိတ္မခ်တာက တစ္ခုခုကိုေၾကာက္ေနသလိုမ်ိဳး နည္းနည္းေလးလြန္ ကဲသလိုခံစားရသည္
################################
"Daddy သားညီမေလးကိုေလဆိပ္မွာေတြ႕ခဲ့ တယ္ မင္းဓနဆီကသတင္းၾကားလို႔ကြၽန္ ေတာ္သြားၾကည့္ခဲ့တာ"
"ဟုတ္လား သမီးေလးက်န္းက်န္းမာမာရွိရဲ႕ လား"
"ရွိပါတယ္ Daddyရယ္ သူ..သူသားတို႔ကိုလုံး ဝမမွတ္မိေတာ့ဘူး"
"Daddyတို႔ကအဲ့လိုျဖစ္ေအာင္လုပ္ခဲ့တာပဲ ဒီလိုမ်ိဳးျဖစ္သြားေတာ့လဲေပ်ာ္ရမွာေပါ့ကြယ္"
"မင္းဓနကလဲညီမေလးကိုဘာလို႔ရန္ကုန္ကို လာခြင့္ျပဳလိုက္တာလဲမသိပါဘူးဗ်ာ ဟိုေကာင္က ညီမေလးကိုရွာေနမွာ က်ိန္းေသတယ္ ကြၽန္ေတာ္စိတ္မခ်ဘဴးဗ်ာ"
"စိတ္ေအးေအးထားပါ သားရယ္ ဒီေလာက္လြယ္လြယ္နဲ႕ေတာ့ဒီေကာင္ရွာေတြ႕မွာမဟုတ္ ပါဘူး သားလဲအသြားလာဂ႐ုစိုက္ဦး သူကသားေနာက္ကိုလဲလူလႊတ္ထားရင္လႊတ္ထား နိုင္တယ္"
"သားဂ႐ုစိုက္ပါတယ္ဗ်ာ ဒါနဲ႕Mommyေရာ ဘယ္လိုေနလဲ"
"သားMommyကအစားမွလုံးဝမစားတာ ဘယ္လိုေနျပန္ေကာင္းမွာလဲ Daddyလဲတ ကယ္စိတ္ညစ္ပါတယ္ သမီးေလးအိမ္ကထြက္သြားကတည္းက Daddyတို႔မိသားစု ႀကီးလဲ ကေမာက္ကမေတြျဖစ္ကုန္တာပဲ အ ရင္လိုမေအးခ်မ္းေတာ့ဘူး"
"ဒါေတြအားလုံးက ဟိုေကာင္ေၾကာင့္ျဖစ္တာ ေျမေခြးလိုေကာင္ သူ႕အထင္တစ္ခုတည္းနဲ႕အ ရာအားလုံးကိုအ႐ူးလိုလိုက္လုပ္ေနတာ"
"သူ႕ညီမေမကြန္းကိစၥကိုသားမရွင္းျပဘူးလား သူ႕ကိုမရွင္းျပရင္ပိုရႈပ္လာလိမ့္မယ္"
"ခုခ်ိန္မွာေတာ့ဒီေကာင္ကရွင္းျပလဲရေတာ့မယ္မထင္ဘူး ရွင္းျပဖို႔ႀကိဳးစားလဲတစ္ခါမွနားမေထာင္ဘူး"
"Daddyတို႔သမီးေလးကဘာမွမသိပဲၾကားညပ္ခဲ့ရတာပါကြယ္ သူ႕မိဘေတြအေပၚ Daddyတို႔မွားခဲ့တာမွန္ေပမယ့္ သားအေပၚ သူအထင္လြဲေနတဲ့ကိစၥကိုေတာ့Daddyေျပ လည္ေစခ်င္တယ္ ဒါမွDaddyတို႔သမီးေလး ကိုလြတ္ေျမာက္မွာ"
"ေတာ္ပါဗ်ာ ဒီေကာင္ကေမကြန္းကိစၥကိုအ မွန္တိုင္းသိလဲ သူ႕မိဘေတြကိစၥေၾကာင့္ ညီမေလးကိုဆြဲထည့္ဦးမွာပဲ ညီမေလးတစ္ခုခုသာ ထိခိုက္ၾကည့္ အဲ့ေကာင္နဲ႕ကြၽန္ေတာ္သူေသကိုယ္ေသပဲ"
"သားရယ္ တစ္ခုခုဆိုေသခ်ာစဥ္းစားၿပီးမွလုပ္ပါ"
"ဟုတ္ကဲ့ပါ Daddy ကြၽန္ေတာ္Mommyဆီသြားၿပီးထမင္းေကြၽးၾကည့္ဦးမယ္"
အခန္းထဲဝင္သြားေတာ့ ခုတင္ေပၚမွာငိုင္ငိုင္ႀကီးထိုင္ေနတဲ့မိခင္ကိုေတြ႕ေတာ့ သူစိတ္မေကာင္းျဖစ္ရျပန္သည္ ညီမေလးထြက္သြားတဲ့ေန႕ကတည္းက Mommyကအစားအ ေသာက္စေလ်ာ့လာခဲ့ၿပီး က်န္းမာေရးထိခိုက္ လာခဲ့သည္ Mommyကိုထမင္းေကြၽးဖို႔လာတိုင္းညီမေလးကိုေမးၿပီးငိုယိုေလ့ရွိတာေၾကာင့္ သူပါအၿမဲလိုက္ငိုမိခဲ့ရသည္ ဒီလိုမ်ိဳးျဖစ္ရ တာေတြကဟိုေကာင္လႊမ္းမိုးစ်ာန္ေၾကာင့္ဆို ေပမယ့္ သူ႕မိဘႏွစ္ပါးေပၚလုပ္မိခဲ့တဲ့အျပစ္ ေတြရွိလို႔သူရဲ႕လူသတ္ခ်င္စိတ္ကိုေဖ်ာက္ထားခဲ့ေပမယ့္ ဘာမွမဆိုင္တဲ့ညီမေလးကိုပါ ဒီေကာင္ထိပါးလာခဲ့ရင္ေတာ့သူၿငိမ္ခံမွာမဟုတ္ေတာ့ပါ