MY ONLY ONE (completed)

By Myuekhoe

1.8M 107K 1.3K

မင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌 More

Part-1
Part-2
Part-3
Part-4
Part-5
Part-1(Uni)
Part-2(Uni)
Part-3(Uni)
Part-4(Uni)
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Please!
Please!
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Part-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Extra-1
Extra-1(Uni)
Extra(2)
Extra-2(Uni)
Extra-3
Extra-3(Uni)

Part-41

8.7K 526 15
By Myuekhoe

//ထွန်းတောက်ဘုန်း
အခုတော့ မင်းအလှည့်ရောက်လာပြီပေါ့
မင်းရဲ့ယောက်ျားလေးက ငါ့ဆီမှာ
ငါ့မိသားစုပြိုကွဲသလို မင်းတို့မိသားစုလည်းပြိုကွဲစေရမယ်//

"ကျစ်....တောက်..."

"ဘယ်သူပို့တာလဲ?..ထွန်းတောက်.."

"အသေးလေးက ပြန်ပေးဆွဲခံရတာ..."

"ဟမ်.."

"ဟုတ်တယ် ဖိုးဖိုး...
ကျွန်တော့်ကိုမကျေနပ်တဲ့သူတစ်ယောက်က အသေးလေးကိုဖမ်းခေါ်သွားတာ.."

"အဲ့တာဘယ်သူလဲ မင်းသိလား.."

"မသိဘူး ဖိုးဖိုး..."

"ဘယ်လိုလူမျိုးက ငါတို့မိသားစုကို ဒီလိုလုပ်ရဲတာလဲ?..."

"စိတ်လျော့ပါ ဖိုးဖိုး...
ကျွန်တော်လည်း အသေးလေးကိုအထိခိုက်မခံနိုင်ပါဘူး ဖိုးဖိုး..."

ခနကြာတော့..ကျွန်တော်ဖုန်းလှမ်းဆက်ထားလို့ မင်းမြတ်ကရောက်လာတယ်..။ မင်းမြတ်ရဲ့အနောက်ကနေ လင်းရှိန်သာပါ ပါလာတယ်..။

"သူက ဘာလို့ပါလာတာလဲ?.."

"ငါလည်း လွန်းပျောက်နေတယ်ဆိုလို့ ဝိုင်းရှာမလို့လေ..."

"ကျစ်..."

"ထွန်းတောက်ရာ...မင်းကလည်း...
လင်းရှိန်သာပါ ပါတော့..ငါတို့လူများပြီး ပိုရှာလို့ကောင်းတာပေါ့.."

"ပြီးရောကွာ..."

"အခုငါတို့ဘယ်ကိုအရင်သွားမလဲ?..."

"လမ်းထိပ်က martကိုအရင်သွားမယ်...
CCTVများတပ်ထားလို့.."

"အေး..အဲ့တာဆို သွားကြမယ်လေ..."

"အေး...ဖိုးဖိုး ကျွန်တော်တို့သွားလိုက်ဦးမယ်နော်...
သားတို့ကိုတော့ ဖိုးဖိုးပဲ ကြည့်ထားပေးပါ..."

"အေးအေး..ဂရုစိုက်ပြီးသွားကြ..."

......................

လမ်းထိပ်ကmartကိုသွားမေးတော့..ကံကောင်းစွာနဲ့ပဲ..CCTVတပ်ထားတယ်..။ CCTVကိုကြည့်ကြည့်တော့..martထဲက ထွက်လာတဲာအသေးလေးရံ့အနားကို ကားတစ်စီးရပ်လာကာ..လူတစ်ယောက်က အသေးလေးကိုတိုးတိုး တိုးတိုးပြောပြီး..ကားပေါ်ကိုခေါ်တင်သွားတယ်..။

"ငါ အဲ့လူကို မြင်ဖူးသလိုပဲ..."

"အေး...ငါလည်း မြင်ဖူးသလိုပဲ...
ကျစ်...ဘယ်မှာလဲကွာ...
ဦးနှောက်ထဲက ထွက်ပါကွ..."

"အာ...သိပြီ...သိပြီ...
အဲ့လူ...မင်းထုတ်လိုက်တဲ့ မန်နေဂျာမလား..."

"ဟုတ်တယ်...ဖြစ်နိုင်တယ်...
ငါကိုမကျေနပ်တဲ့လူက သူပဲရှိတာ...
တောက်!..ကိုစိုး ခင်ဗျားနဲ့ကျွန်တော်တွေ့ကြသေးတာပေါ့.."

"သူက ဘယ်မှာနေတာလဲ?...
သူ့ဆီလိုက်သွားကြမယ်လေ..."

"ငါ့ဆီက ထွက်သွားတာကြာပြီလေကွာ...
ငါက ဘယ်သိပါ့မလဲ?..."

"ကိုစိုး...Lynn companyက မန်နေဂျာကိုစိုးနဲ့အတူတူပဲလား..." ဆိုပြီး လင်းရှိန်သာက ဝင်ပြောလာတယ်...

"Lynm company?.."

"ဟုတ်တယ်...ငါတစ်ခါ Lynn companyကို မြေကွက်ကိစ္စနဲ့သွားတုန်းက..ရတီလင်းနဲ့အတူ သူ့မန်နေဂျာကိုစိုးပါ ပါလာတယ်..
ငါနဲ့မိတ်ဆက်ပေးလို့ ငါသိတာ.."

"အဲ့တာဆို..ဒီကိစ္စမှာ ရတီပါပါနေတာလားမသိဘူး.." ဆိုပြီး မင်းမြတ်က ပြောလာတယ်..

"ဟင်း......ဖြစ်နိုင်ချေ အများဆုံးပဲ..
ရတီက ငါ့ကြောင့်နဲ့အသေးလေးကို ဒီလိုလုပ်တာလားမသိဘူး..
သေချာမသေချာမသိသေးတဲ့အတွက်..ရတီ့ကိုတော့ မစွပ်စွဲချင်သေးဘူး.."

"မစားရတဲ့အမဲ သဲနဲ့ပတ်တယ် ဆိုတာ..ဒါမျိုးကိုပြောတာ..." ဆိုပြီး လင်းရှိန်သာပါ ဝင်ပြောလာတယ်..

"ဟူး.....ငါတို့အခု ဘယ်လိုလုပ်ကြမလဲ?.."

"ကိုစိုးအိမ်ကို လိုက်သွားကြည့်ရင်ကောင်းမလား..."

"မင်းကသိလို့လား..ကိုစိုးအိမ်ကို..."

"မသိတော့မသိဘူး...
ဒါပေမဲ့ မသီတာကိုမေးကြည့်လိုက်မယ်လေ..
မသီတာ သိချင်သိမှာပေါ့..."

"အေး..အဲ့တာဆိုလည်း အမြန်ဖုန်းဆက်လိုက်လေ..."

ကျွန်တော်လည်း..မသီတာကိုဖုန်းလှမ်းဆက်လိုက်တော့..ကံကောင်းစွာနဲ့ပဲ မသီတာက ကိုစိုးနေတဲ့တိုက်ခန်းကို အိမ်တက်တုန်းက ရောက်ဖူးတယ်တဲ့...
ကျွန်တော်တို့လည်း..အချိန်ဆွဲမနေတော့ဘဲ..မသီတာပြောတဲ့ ကိုစိုးနေတဲ့တိုက်ခန်းကို ထွက်လာခဲ့လိုက်တယ်...။

ကားပါကင်မှာစောင့်နေရင်း..လုံခြုံရေးဦးလေးကြီးကို သွားမေးတော့..ကိုစိုးက ဒီတိုက်ခန်းမှာပဲ နေတယ်တဲ့..
ကျွန်တော်တို့လည်း သင်းကိုထိုင်စောင့်နေတာ..တစ်ညလုံးသာ ကုန်သွားတယ်..
သင်းက ပြန်မလာဘူး...

.......................

"ငါ့ကို ဘာလို့ကြိုးချည်ထားတာလဲ?...
လွှတ်ပေးစမ်း..အရူးတွေ..."

"ဟိတ်...တိတ်စမ်း...
လူကောင်သေးသလောက်ေ-ာက်သံကလာကျယ်နေသေးတယ်...
တိတ်တိတ်နေစမ်း..."

"ဘာလို့တိတ်ရမှာလဲ?...
မင်းပါးစပ်က ငှားပြောနေတာဟုတ်လို့လား...
ပြောစမ်း..မင်းတို့ကို ဘယ်သူခိုင်းတာလဲ?.."

"မင်းကို ဘာလို့ပြောရမှာလဲ...
မင်းအပေါက်ကိုပိတ်ထားစမ်း...
ငါတို့ဆော့နေတာ အနှောင့်အယှက်ဖြစ်တယ်.."

နေ့လယ်၃နာရီလောက်ကတည်းက..ကျွန်တော့်ကိုခေါ်လာပြီး..ထိုင်ခုံမှာကြိုးချည်ထားတာ အခုဆို ညတောင်ရောက်နေပြီ..။ ဗိုက်ကလည်း ဆာလာပြီ..။ ကျွန်တော့်ကိုကျ ဘာခုမှမကျွေးဘဲ သူတို့ကျ ဖဲဆော့နေကြတယ်..။

"ဒီမှာ...ငါဗိုက်ဆာနေပြီ..
တစ်ခုခုလာကျွေးကြပါဟ.."

"ကျစ်...မင်းကို မအော်နဲ့လို့ ပြောထားတယ်လေ..နားမပါဘူးလား..."

"မင်းတို့မှ ငါ့ကိုတစ်ခုခုလာမကျွေးကြတာ...
ငါကအော်မှာ..."

"ဟျောင့်တွေ...မုန့်တစ်ခုလောက်မရှိဘူးလား...
ဒီကောင့်ပါးစပ်ပိတ်သွားအောင် တစ်ခုခုကျွေးလိုက်စမ်းပါ..."

"ဒီမှာ ပေါင်မုန့်တစ်ခုတော့ရှိတယ်..ရော့..."

"အေး....ပေး...
ရော့...မင်းပါးစပ်ကို ဒါနဲ့ပိတာထားလိုက်..." ဆိုပြီး ကျွန်တော့်ဆီကို ပေါင်မုန့်တစ်ထုတ်ပြစ်ပေးတယ်..

"ငါ့လက်ကို ကြိုးချည်ထားတာ ငါကဘယ်လိုစားရမှာလဲကွ..."

"ကျစ်...ရော့...ရော့.." ဆိုပြီး သူတို့ထဲက တစ်ယောက်ထဲက မုန့်ကိုဖောက်ပြီး ကျွန်တော့်ပါးစပ်ထဲကို အတင်းထိုးထည့်လာတယ်..

ဖြေးဖြေးထည့်တော့ ဘာဖြစ်မှာမို့လို့လဲ?..
အကုန်လုံးကို ထောင်ထဲထည့်ဖြစ်မယ်..

ဟင်း...အခုချိန် သားတွေငိုနေပြီလားမသိဘူး...
ကိုဘုန်းလည်း..ကျွန်တော့်ကို လိုက်ရှာနေပြီလား..
ဟင်း...ကျွန်တော်နဲ့ရန်ငြိုးမရှိဘဲ ဘာလို့ဖမ်းချုပ်ထားလဲ စဉ်းစားလို့ကို မရတော့ဘူး...

"ဟူး........."

"သက်ပြင်းတွေက ချလာချည်လာကွ..."

"ဟင်...ခင်ဗျားက ဘယ်သူလဲ?...
ခင်ဗျားကို ကျွန်တော်မြင်ဖူးသလိုပဲ.."

"အဟက်...မြင်ဖူးမှာပေါ့...
မင်းယောက်ျားcompanyမှာ မန်နေဂျာလုပ်ဖူးတယ်လေ....
မင်းကိုလည်း တွေ့ဖူးပါတယ်..ဘုန်းထွဋ်ခေါင်ဆိုတဲ့ အဖိုးကြီးနဲ့ပါပါလာတဲ့တစ်ယောက်မလား..."

"ခင်ဗျားနဲ့ကျွန်တော်တို့မိသားစုနဲ့ ရန်ငြိုးရန်စရှိလို့လား...ခင်ဗျားက ဒီလိုလုပ်ရအောင်..."

"ဘာလို့မရှိရမှာလဲ?...
မင်းယောက်ျားထွန်းတောက်ဘုန်းကြောင့် ငါ့အလုပ်ပြုတ်ခဲ့ရတယ်...
ငါ့အလုပ်ပြုတ်သွားတော့ ဆေးရုံတက်နေရတဲ့ ငါ့မိန်းမလည်းဆေးကုသစရိတ်တွေမတက်နိုင်တာကြောင့် ဆုံးသွားရတယ်...
ငါ့သားသမီးတွေကို နယ်ကသူ့အဖိုးအဖွားတွေက လာခေါ်သွားတယ်...
အခု ငါ့ဘဝမှာ ဘာမှမရှိတော့ဘူး...
အားလုံးက မင်းယောက်ျားကြောင့်ပဲ...
ငါ့မိသားစုပြိုကွဲရသလို ထွန်းတောက်ဘုန်းတို့မိသားစုပြိုကွဲရမယ်လို့ ငါအမြဲဆုတောင်းနေတာ..အခုတော့ ငါ့ဆုတောင်းတွေပြည့်တော့မယ်...ဟား ဟား ဟား..."

"ခင်ဗျား အမှားမရှိဘဲ..ကိုဘုန်းက အလုပ်ထုတ်စရာအကြောင်းမရှိဘူး..
ခင်ဗျားအမှားရှိလို့သာ ကိုဘုန်းက အလုပါထုတ်လိုက်တာပဲဖြစ်မှာ..."

"ဘာ!!..ငါ့အမှား ဟုတ်လား...ပြန်ပြောစမ်း..." ဆိုပြ်ီး ကျွန်တော့်မျက်နှာကို သူ့လက်နဲ့ညှစ်ကာ ပြောလာတယ်...
သူကျွန်တော့်ကို တစ်ခုခုပြောမယ်ပြင်ပြီးမှ..

Ringing...Ringing...

"Hello!...မမလေး.."

မမလေး..အဲ့တာဘယ်သူလဲ?..

"အေး...အဲ့ကောင် အခုဘယ်လိုနေလဲ? ကိုစိုး.."

"ဟိုမေးဒီမေးလျှောက်မေးနေပါတယ်..မမလေး.."

"အဲ့ကောင်ကို မသေမရှင်လုပ်ထားလိုက်...
ငါမနက်ဖြန်လာမှ အဲ့ကောင်ကို သတ်ပြစ်မယ်..
ဘာမှတော့မဖြစ်စေနဲ့နော်.."

"မမလေးဆိုတာဘယ်သူလဲ?..
သူကရောကျွန်တော်နဲ့ ဘာရန်ငြိုးရှိလို့လဲ?.."

"ဟေ့...မင်းအပေါက်ကို ပိတ်ထားစမ်း..
ဘာမှမကြားရတာကတစ်မျိုး...
ဟုတ်ကဲ့ မမလေး...အဲ့ကောင် ဘာမှမဖြစ်စေရပါဘူး.."

{မသေမရှင်လုပ်ထားလိုက် ဆိုတဲ့ စကားကို...အသေးလေးက အော်နေတာကြောင့် ကိုစိုးမကြားလိုက်ပါဘူးနော်..}

"ကောင်းပြ်ီ...ငါမနက်ဖြန်လာခဲ့မယ်..."

"ဟုတ်ကဲ့ မမလေး..."

"ကဲ....မင်းက ငါမသတ်လည်း သတ်ချင်တဲ့သူက အရမ်းများတာပဲ...
အဲ့တော့လည်း ငါ့လက်သွေးမစွန်းတော့ဘူးပေါ့...အဟက်..." လို့ ပြောပြီး..ကိုစိုးက ထွက်သွားတယ်...

မနက်ဖြန်ကျ..ကျွန်တော်တကယ်သေရတော့မှာလား...

........................

"ဖြန်း!..." ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်မျက်နှာတစ်ခုလုံး ရေတွေစိုရွှဲသွားတယ်...

"အသေကောင်လို အိပ်နိုင်သေးတယ်...
အခု၁၀နာရီထိုးနေပြီကွ.."

အချိန်တွေက အဲ့လောက်တောင်ရှိသွားပြ်ီလား...တစ်ညလုံး ဟိုတွေဒီတွေးနဲ့ အိပ်ပျော်သွားတာ ဒီချိန်တောင်ရှိသွားပြီလား...

"ကိုစိုး...ကျွန်တော်တို့က ဘယ်အချိန်ထိစောင့်ပေးရဦးမှာလဲ?.." ဆိုပြီး ကျွန်တော့်ကို တစ်ညလုံးထိုင်စောင့်နေကြတဲ့ထဲက တစ်ယောက်က ဝင်ပြောလာတယ်...

"ခနနေဦး...မမလေး လာတော့မယ်...
မမလေးလာရင် မင်းတို့ကိုပိုက်ဆံပါပေးဦးမှာ...
ခနလောက်စောင့်နေလိုက်.."

"အင်းအင်း.."

"မင်းအတွက်တော့..ငါ ကြိုတင်စိတ်မကောင်းဖြစ်ပေးထားတယ်နော်...အဟက်..."

ခနကြာတော့...အရှေ့မှာ ကားစက်ရပ်သံတ၀်ခုကိုကြားရပြီး..တံခါးပွင့်လာကာ..ဝင်လာသူက...

"မငွေရတီလင်း..."

"ကိုစိုး...သူက ဘာလို့ဒီလိုဖြစ်နေတာလဲ?..."

"မမလေးပဲ ဘာမှမလုပ်နဲ့ဆို..."

"ကျစ်...ရှင့်ကို သူ့ကိုမသေမရှင်ဖြစ်အောင် လုပ်ခိုင်းထားတာ.."

"ဟင်...ဟုတ်လား...
ကျွန်တော်မကြားလိုက်လို့...အခုတစ်ခါတည်း လုပ်သွားရမလား..."

"တော်ပြီ...ရှင်တို့ပြန်တော့...
ရော့...ဒီမှာ ပိုက်ဆံ...ရှင်တို့ပြန်တော့...
နှုတ်ကတော့ မဖွာနဲ့နော်...
အကုန် သတ်ပြစ်မှာ..."

"ဟုတ်...ဟုတ်ကဲ့ပါ..."

"ရပြီ...ရှင်တို့ပြန်ကြတော့..." ဆိုပြီး မငွေရတီလင်းက ပြောလိုက်တော့...ကားထွက်သွားတဲ့အသံနဲ့အတူ မငွေရတီလင်းက ကျွန်တော့်အနားကိုလျှောက်လာတယ်...

"မငွေရတီလင်း...ခင်ဗျား ဒါဘာလုပ်တာလဲ?.."

"ဘာလုပ်ရမှာလဲ?..
မင်းကိုသတ်ပြစ်မလို့ ဖမ်းထားခိုင်းလိုက်တာလေ..."

"ဘာ!!...
ခင်ဗျားအတော် ယုတ်မာပါလား.."

"ယုတ်မာတာ ဘယ်သူလဲ?..
ငါ့နေရာကို မင်းကဝင်ယူပြီး ပျော်ရွှင်နေတာ..ငါကကျေနပ်နေရမှာလား..ဟမ်..."

အခုလိုပြောနေတဲ့ မငွေရတီလင်းပုံစံ..စိတ်ရောဂါသည်တစ်ယောက်လိုပဲ...

"မင်းခန္ဓာကိုယ်ကို ဖြေးဖြေးချင်းညှင်းပြီးမှသတ်မှာ..
ပြီးတော့..မင်းကိုဒီတိုင်းမထားခဲ့ပါဘူး...
ဒီဂိုထောင်ကို မီးရှို့လိုက်ရင်..မင်းက ဘယ်သူမသိဘဲ အလိုအလျောက်ပျောက်ကွယ်သွားမှာ..အဟက်..."

"ခင်ဗျား ရူးနေတာလား..."

"ဘာ!...ရူးနေတာလား ဟုတ်လား...
ဟုတ်တယ် ငါရူးနေတာ.." လို့ ပြောပြီး ဓားအချွန်သေးသေးလေးနဲ့ ကျွန်တော့်ရင်ဘက်ကို အချောင်းလိုက် ခြစ်လိုက်တာကြောင့် သွေးတွေကစီးကျလာတယ်..

"အ!!.."

"မနာပါနဲ့ဦး...ကျွတ် ကျွတ်..
ဒီပုလင်းလေးကို တွေ့လား...
ဒါဘာလေးလို့ထင်လဲ?.."

ပုလင်းပုံစံကြည့်ရတာ..မဟုတ်မှလွဲရော အက်စစ်ပုလင်းများလား...

"အဟက်...အဲ့လောက်လန့်မသွားပါနဲ့...
ဒါဟာ အက်စစ်ပုလင်းလေးပါပဲ..အဟက်...
ဒီအက်စစ်ပုလင်းလေးကို နင့်မျက်နှာပေါ်လောင်းလိုက်ရင်...
အကယ်၍ ငါမသတ်လိုက်ရရင်တော့..နင့်မျက်နှာလေးဟာ...ဟား ဟား ဟား..."

💙အမှားပါသွားရင် ခွင့်လွှတ်ပါ💙

Continue Reading

You'll Also Like

1.4M 48.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.6M 68.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
345K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
4.6M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...