The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.16

6.3K 725 15
By khunsin

Drip ထိုးတုန်းက သတိလစ်နေလို့ မသိလိုက်ပေမယ့်.. Drip ဖြုတ်မှ ကလေးလို ကုန်းအော်ငိုသော ဟုန်လေ့ကြောင့် တအိမ်လုံး ရန်ကျင့်အခန်းသို့ ရောက်လာသည် ..

မျက်ရည်တွေရွှဲပြီး မျက်စိကြီး အတင်းပိတ်ထားသောသူ့ကို ရန်ကျင့်က ဖက်ထားပြီး .. ဖြုတ်ပြီးပြီ ဖြုတ်ပြီးပြီ မျက်စိလေးဖွင့်ကြည့်ပါဦးဆိုပြီး စနေသည် ... ဆရာဝန်ကလည်း ရယ်နေသည် .. .

ရန်ကျင့်၏ အဖေနဲ့ မိထွေးမှာလည်း တယောက်မျက်နှာတယောက်ကြည့်ကာ ရယ်ရခက် ငိုရခက်ဖြစ်နေသည် .. ဖန်းဟော်ကပါ ရောက်လာကာ မျက်ရည်လေးလည်ပြီး ပြုံးနေသည် .. သူမ သခင်လေးက ဒီအိမ်မှာ အချစ်ခံရတယ် .. တော်သေးတာပေါ့ ..

ဟုန်လေ့ ရှက်ပြီး ရန်ကျင့်ကို မကြည့်ရဲတာကြောင့် သတင်းစာကြီး ထောင်ကာ ခေါင်းကြီးငုံ့၍ စားနေသည် .. တော်သေးတယ် ရန်ကျင့် ပါးနဲ့မားက စားပြီးပြီမို့ ..
ဟုန်လေ့ ကိုယ်ဘာသာ သွားနမ်းပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ .. တခန်းလွတ်နေသည် .. ရန်ကျင့် ရှေ့တွေ တည်ငြိမ်နေပေမယ့် စိတ်ထဲတွင် ကမ္ဘာ ပျက်နေပြီ ..

What❗️အတည်ကြီး ‼️..
ငါဆိုတဲ့ကောင်က ရန်ကျင့်ကို သွားနမ်းတယ်❓
ရန်ကျင့်သိရင် သောက်ကျိုးတွေတော့ နည်းတော့မှာပဲ ..
သိသွားလား .. မသိလောက်ပါဘူးနော် .. သိများသွားလားပဲ ..

တချက်ချောင်းကြည့်လိုက်သည် .. ရန်ကျင့်ကလည်း ကြည့်နေ၍ .. မျက်နှာကြီးရဲကာ ခေါင်းပြန်ငုံပြီး သတင်းစာနဲ့ ကွယ်လိုက်သည် .. စားပွဲတဖက်မှ ရန်ကျင့်မှာတော့ ရယ်ချင်တာ အောင့်ထားရလွန်းလို့ ဗိုက်တွေတောင် နာနေပြီ ..

"အဟမ်း .. ကိုယ် ညက အိပ်မက်မက်တယ် .. က်ိုယ့်ကို နတ်သားလေးတယောက်က လာနမ်းတယ်တဲ့"

ဟုန်လေ့ သိသွားတာလားဆိုပြီး တုန်လှုပ်စွာ လှမ်းကြည့်လိုက်သည် .. သူ့ကို စိုက်ကြည့်ကာ ပြုံးနေသော ရန်ကျင့်ကြောင့် .. ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ .. သွားပြီ .. သိနေတာပဲ

ဟုန်လေ့ စကားတွေ ထစ်ကာ ..
"သိ .. သိနေတာလား ..
ရန် ... ရန်ကျင့် အဲ့တာ အဲ့တာက ငါ ဒီအတိုင်း"
"ဘာဒီအတိုင်းလည်း မရပါဘူးနော် .. ဒီက လူပျို နုနုထွတ်ထွတ်လေးကို .. လုပ်ချင်တာ လုပ်ပြီးမှ တာဝန်မယူချင်တာလား"

ဟုန်လေ့ ခေါင်းတွေ ပူအောင် ဆင်ခြေရှာနေသည် .. လက်တခါခါ လည်တခါခါနဲ့
"အာ .. မဟုတ် .. မဟုတ်ဖူးလေ .. မင်း ... မင်းကလည်း နဖူးလေးလောက် နမ်းမိတာကို .. ကလေး .. ဟုတ်တယ် .. ကလေးလေးတွေဆို ချစ်စရာကောင်းရင် နမ်းမိကြတာပဲလေ .. မင်းက ကလေးလို ချစ်စရာကောင်းနေတော့ ဒီအတိုင်း တိုင်း .. "

"ဘာခုမှ ကလေးတွေ လူကြီးတွေ လာလုပ်နေတာလဲ"
စားပွဲတဖက်မှာရှိနေတဲ့ရန်ကျင့်ရဲ့ အသံက သူ့နောက်က ထွက်လာတော့ လန့်ကာ ဇွန်းပါ လွတ်ကျသွားသည် ..

တုန်နေသော ပုခုံးကိုကိုင်ကာ ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်စေကာ . .

"လေ့ . . နားထောင် .. ငါက မင်းကိုချစ်နေတာ ကြာပြီ .. ဘယ်တုန်းကမှန်း မသိတော့ပေမယ့် ငါသိတဲ့အချိန်မှာ တော်တော်တောင် နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီ .. ကောမင်မင်းကို လိုက်နေတုန်းက မင်းလက်မခံနိုင်မှာစိုးလို့ အရိပ်အချေကြည့်ပြီး ဖြည်းဖြည်းချင်းမှ ပြောဖို့ စဉ်းစားထားပေမယ့် မနေ့က မင်းကို ပျောက်သွားတဲ့အချိန်မှာ ငါအရှင်လတ်လတ် ငရဲ ကျသလိုပဲ .. မင်းကို ဆုံးရှုံးလိုက်ရတော့မယ်ဆိုတဲ့ ခံစားချက်ကြီး ငါတကယ်ပဲ နောက်တခါ မခံစားချင်ဘူး .. မင်းမရှိပဲ ငါမနေနိုင်ဘူး .. အဲ့တာကြောင့်"

"လေ့ ....... ငါ့ကို လက်ခံပေးပါ .. "

"အား .. အားကျင့် .. အဲ့တာက"

ရင်ဘတ်ကို လက်ဖြင့် တွန်းထားကာ မယုံနိုင်သော မျက်ဝန်းများနဲ့ ကြည့်နေသော ဟုန်လေ့အမူအရာကြောင့် ရန်ကျင့် အသက်ရှူကြပ်လာသည် .. သူ လက်မခံနိုင်သေးတာလား

စကားပြောဖို့ ပါးစပ် ပြင်နေသော ဟုန်လေ့ကို .. ဇွတ်ဖြတ်ပြောကာ ..

"မင်းမချစ်သေးလည်း ရတယ် .. ငါ့ကို မငြင်းနဲ့ .. ငါနည်းနည်းတော့ စောင့်ပေးနိုင်တယ်" ရန်ကျင့်က နှုတ်ခမ်းကိုကိုက်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည် .. ရန်ကျင့်ရဲ့ ပါပီလေးလို မျက်ဝန်းကို ရင်ဆိုင်လိုက်ရသော ဟုန်လေ့မှာ ပြောရမှာတောင် တွန့်သွားသည် ..

"အွန်း ငါစဉ်းစားဦးမယ် .."
"အွန်း မကြာစေနဲ့ .. ဘယ်လောက်စောင့်ရမလဲ
"ဘယ်လောက်စောင့်ပေးနိုင်လဲ"
ရန်ကျင့် မျက်မှောင်ကုတ်ကာ အသည်းအသန် စဉ်းစားနေပြီးမှ ..
"နှစ်နာရီလောက်ပေါ့"
" ...... "

လဒ .. မင်းဟာက ချစ်ခွင့် ပန်နေတာလား ဓားပြတိုက်နေတာလား မသဲကွဲဘူး

"ရမလား နှစ်နာရီနဲ့ .."
"လေ့က တော်တာကို .. ခနစဉ်းစားရင် အဖြေထွက်ပါပြီ"
"မရဘူး နှစ်ပတ်"
"ဟင့်အင်း နှစ်ရက်ပဲယူ တော်ရောပေါ့"
"တပတ်ကွာ"
"ပြီးရော တပတ် .. ငါလိုချင်တဲ့ အဖြေပဲ ပေးရမှာနော် .. ဟီး"
"မင့် ဘိုးအေ $&@€££"

ညာလက်မောင်းက နာနေသေးတာမို့ ဘယ်လက်နဲ့ အားမလို အားမရစားနေတဲ့ ဟုန်လေ့ကို .. ရန်ကျင့်က အလိုက်သတိ ခွံကျွေးလာသည် .. ခါတိုင်းလည်း ခွံ့ကျွေးနေကျမို့ အသားကျနေပြီ ဖြစ်သော်လည်း .. နည်းနည်းတော့ ရှက်နေတာမို့ နားရွက်လေးတွေ နီရဲနေသေးသည် ..

ရန်ကျင့်ရဲ့ အယုအယတွေက သူ့အပေါ်မှာ သဘာဝကျစွာပဲ နေသားတကျ ဖြစ်တည်နေခဲ့ပြီးပြီ .. ရန်ကျင့် သူ့ကို ဘယ်လောက်ဂရုစိုက်ပေးလဲ သူအသိဆုံး .. ရန်ကျင့်လို ဥစ္စာပေါ ရုပ်ချော အကျင့်စရိုက်ကောင်းပြီး ထက်မြက်တဲ့သူကို .. သူ့အနေနဲ့ ..ဘာငြင်းစရာရှိမှာလဲ .. ဒါပေမယ့် သူ့ဘက်ကရော ...

HL1 - မင်း နမ်းတောင် နမ်းပြီးမှ ဘာတွေ လာစဉ်းစားနေတာလဲ ..
HL2- နမ်းတာ စိတ်လွတ်သွားလို့ကွ .. သူက သောက်ရမ်းချောလို့ .. ငါသူ့ကို ရင်မှ မခုန်တာ .. ညီအကိုလို သူငယ်ချင်းလိုပဲ သဘောထားတာ
HL1- မင်းဖင်ကြီးပဲ ညီအကိုနေလိုက်လေ .. မင်းတခြားကောင်ဆို နမ်းမလားပြော ..
HL2-နမ်းစရာလား .. ရန်ကျင့်လောက်မှ မချောပဲ
HL1-အာ့ဆို ကောမင်ကျ ဘာလို့ လက်မခံလဲ ချောတာပဲလေ
HL2- အာ အဲ့ကောင်အကြောင်း မပြောစမ်းနဲ့
HL1- အဲ့မှာ သိသာနေတာကြီးကို ..
HL2-မင်းနဲ့ မပြောဘူး
HL1- ဝန်ခံလိုက်စမ်းဘာ 🤓 ဟုန်လေ့ကလည်း ဂေးပဲဟာ
HL2- အဲ့တာ မူလပိုင်ရှင်ကွ ငါက မဂေးဘူး

ဟုန်လေ့ ခေါင်းတွေ ပူထူလာသည် .. သူရန်ကျင့်ကို သူများထက်တော့ ပိုပြီး သံယောဇဉ်ရှိသည် .. ခက်တာက သံယောဇဉ်ရှိရုံနဲ့ အချစ် ဖြစ်မလာဘူး .. တော်ကြာ ကိစ္စတွေ ဆိုးရွာစွာ ဖြစ်ပြီးမှ ပြန်ပြင်မရတော့မှာ သူကြောက်တာပဲ ဖြစ်သည် .. သူကိုယ်တိုင်လည်း မနာကျင်ချင်သလို ရန်ကျင့်ကိုလည်း မနာကျင်စေချင်ပါ ..ပြီးတော့ သူ(ဖေးရဲ့)က ဒီကမ္ဘာရဲ့ ဧည့်သည် ..
...............

'ရှင်း ဇာတ်လိုက်မ ဘာဖြစ်သွားလဲ'
'ဇာတ်လိုက်မ ကျိုးရန်နဲ့ ဖြစ်သွားပြီး ရန်ကျင့်ရဲ့ စေခိုင်းချက်အရ .. သူ့လက်ထောက်က ဟိုနှစ်ယောက် မီးကုန်ယမ်းကုန် သောင်းကျန်းနေတဲ့ပုံကို အင်တာနက်မှာ Video တင်လိုက်ပါတယ် .. မနေ့ကတော့ သိပ်မသိသာသေးပေမယ့် ဒီနေ့ အရမ်းပြန့်နေပါပြီ .. CEO ကျောက်ကတော့ ရန်ကျင့်ပြန်သွားတယ်လို့ သိထားတာကြောင့် အနည်းငယ် စိတ်ခုနေပါတယ် .. ကျိုးရန်ကို မြေအောက်ဂိုဏ်းသားမှန်း ဖော်ထုတ်ပြီး သူ့ရဲ့ ဒုစရိုက်မှုတွေနဲ့ ရဲလက်အပ်ထားပါတယ် .. ရဲလက်ထဲ မရောက်ခင် မနေ့ညက ရန်ကျင့်က Host အိပ်နေတုန်းမှာ Hostကို ကြံစည်ရကောင်းလားဆိုပြီး ကျိုးရွမ်ကို ဆယ်ခါလောက် သွားကန်ပါသေးတယ်'

'..............'

'ဇာတ်လိုက်မက ရှက်လို့ အပြင်မထွက်ပဲ အခန်းအောင်းနေပါတယ် .. ဖုန်းပိတ်ထားပါတယ်'

'အယ် ပုန်းနေတယ်လား .. ပုန်းမရအောင် လုပ်ပေးရမှာပေါ့'

"အားကျင့် ငါ တိုက်ခန်း ပြန်တော့မယ်" လက်ကဒဏ်ရာကို ဖုံးဖို့ ရန်ကျင့်ဗီဒိုထဲက အားကျင့်လာရင် သူယူယူဝတ်နေကြ Hoodie လေးကောက်စွတ်ကာ ..

"နေဦး ငါလိုက်မယ် ခဏစောင့်"
"အာ .. နေခဲ့ပါ .. ငါ ပြီးရင် တန်းအိပ်မှာ အလုပ်လည်း မလုပ်နိုင်ဘူး မင်းကိုလည်း အဖော်လုပ်မပေးနိုင်ဘူး .. ဘာလိုက်လုပ်မှာလဲ နေခဲ့ .. လိမ္မာတယ် နော်"
"မရဘူး လိုက်မှာပဲ မင်းထွက်ပြေးသွားရင် ဘယ့်နှယ့်လုပ်မလဲ .. မနက်ကမှ ဖွင့်ပြောထားတာ ငါ့ကို ထားပြီးထွက်ပြေးဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်"

"အပိုတွေ လုပ်မနေနဲ့ .. မင်းငါ့ကို တချိန်လုံး စောင့်ကြည့်နိုင်မှာမလို့လား"
"ကြည့်နိုင်တယ် .. ပါးဆီကတောင် ခွင့်တောင်းပြီးပြီ .. မင်းကို စိတ်မချလို့ ဒီရက်ပိုင်း မင်းနဲ့ သွားနေမှာလို့"

"မင်း .. မင်း .. လူကြီးကို ...."
"ပူမနေနဲ့ မနေ့ကတည်းက မနက်လင်းတဲ့ထိ ဒူးထောက်ခဲ့ရပြီးပြီ ညက ပါးအကုန်ပြောပြီးတောင်းပန်ထားပြီးသား .. ပါး အကုန်သိတယ် ပါးဆီက ခွင့်ပြုချက်ရပြီးသား"

"အား ... သေလိုက်ပါတော့ .. ရှက်လိုက်တာ"
"ဘာာ‼️.. ငါနဲ့ တွဲရမှာ ရှက်တယ်ပေါ့ ... ဟုန်လေ့ .. မင်း"

ဟုန်လေ့လို့ တခါမှ မခေါ်ဖူးသော၊ ဒေါသကို ထိန်းထားပုံရသော ရန်ကျင့်၏ မျက်နှာမှာ နာကျင်မှုက အထင်းသား ..
သူ့ကို တခါမှ ဒေါသမထွက်ဖူးသောကြောင့် ဟုန်လေ့ လန့်ကာ တောင့်တင်းသွားသည် ..

ရန်ကျင့်ကိုယ့်ကိုယ်ကို ခဏ ထိန်းချုပ်လိုက်ပြီးမှ လေသံပျော့သွားကာ "ဆောရီး .. လန့်သွားလား .." ဟုန်လေ့၏လည်ပင်းကနေ ဆံပင်ကြားထဲ လက်ထိုးထည့်လိုက်ပြီး ပါးကို လက်မလေးနဲ့ ဖြည်းဖြည်းလေးပွတ်ကာ မျက်လုံးအစုံကို စိုက်ကြည့်ရင်း

"လေ့ .. မင်း ငါ့ကို အထင်သေးတာလား .. ငါ့အတွက် မင်းကို ချစ်ရတာ လွယ်တယ်များ ထင်နေခဲ့တာလား .. "

ဟုန်လေ့ "မဟုတ်ဖူး မဟုတ်ဖူး .. မင်နဲ့တွဲရမှာ ရှက်လို့ မဟုတ်ဖူး .. ငါတို့အကြောင်း သိသွားတော့ ငါ .. ငါ မျက်မ
နှာပူလို့ပါ .."

မျက်နှာရဲပြီး ခေါင်းငုံသွားသောသူ့ကို မေးဖျားကနေလက်ဖြင့်ပင့်ရင်း နီးကပ်လာသော ရန်ကျင့် ..

🟥🟥🟥🟥🟥🟥

Drip ထိုးတုန္းက သတိလစ္ေနလို႔ မသိလိုက္ေပမယ့္.. Drip ျဖဳတ္မွ ကေလးလို ကုန္းေအာ္ငိုေသာ ဟုန္ေလ့ေၾကာင့္ တအိမ္လုံး ရန္က်င့္အခန္းသို႔ ေရာက္လာသည္ ..

မ်က္ရည္ေတြ႐ႊဲၿပီး မ်က္စိႀကီး အတင္းပိတ္ထားေသာသူ႔ကို ရန္က်င့္က ဖက္ထားၿပီး .. ျဖဳတ္ၿပီးၿပီ ျဖဳတ္ၿပီးၿပီ မ်က္စိေလးဖြင့္ၾကည့္ပါဦးဆိုၿပီး စေနသည္ ... ဆရာဝန္ကလည္း ရယ္ေနသည္ .. .

ရန္က်င့္၏ အေဖနဲ႔ မိေထြးမွာလည္း တေယာက္မ်က္ႏွာတေယာက္ၾကည့္ကာ ရယ္ရခက္ ငိုရခက္ျဖစ္ေနသည္ .. ဖန္းေဟာ္ကပါ ေရာက္လာကာ မ်က္ရည္ေလးလည္ၿပီး ၿပဳံးေနသည္ .. သူမ သခင္ေလးက ဒီအိမ္မွာ အခ်စ္ခံရတယ္ .. ေတာ္ေသးတာေပါ့ ..

ဟုန္ေလ့ ရွက္ၿပီး ရန္က်င့္ကို မၾကည့္ရဲတာေၾကာင့္ သတင္းစာႀကီး ေထာင္ကာ ေခါင္းႀကီးငုံ႔၍ စားေနသည္ .. ေတာ္ေသးတယ္ ရန္က်င့္ ပါးနဲ႔မားက စားၿပီးၿပီမို႔ ..
ဟုန္ေလ့ ကိုယ္ဘာသာ သြားနမ္းၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ .. တခန္းလြတ္ေနသည္ .. ရန္က်င့္ ေရွ႕ေတြ တည္ၿငိမ္ေနေပမယ့္ စိတ္ထဲတြင္ ကမာၻ ပ်က္ေနၿပီ ..

What❗️အတည္ႀကီး ‼️..
ငါဆိုတဲ့ေကာင္က ရန္က်င့္ကို သြားနမ္းတယ္❓
ရန္က်င့္သိရင္ ေသာက္က်ိဳးေတြေတာ့ နည္းေတာ့မွာပဲ ..
သိသြားလား .. မသိေလာက္ပါဘူးေနာ္ .. သိမ်ားသြားလားပဲ ..

တခ်က္ေခ်ာင္းၾကည့္လိုက္သည္ .. ရန္က်င့္ကလည္း ၾကည့္ေန၍ .. မ်က္ႏွာႀကီးရဲကာ ေခါင္းျပန္ငုံၿပီး သတင္းစာနဲ႔ ကြယ္လိုက္သည္ .. စားပြဲတဖက္မွ ရန္က်င့္မွာေတာ့ ရယ္ခ်င္တာ ေအာင့္ထားရလြန္းလို႔ ဗိုက္ေတြေတာင္ နာေနၿပီ ..

"အဟမ္း .. ကိုယ္ ညက အိပ္မက္မက္တယ္ .. က္ိုယ့္ကို နတ္သားေလးတေယာက္က လာနမ္းတယ္တဲ့"

ဟုန္ေလ့ သိသြားတာလားဆိုၿပီး တုန္လႈပ္စြာ လွမ္းၾကည့္လိုက္သည္ .. သူ႔ကို စိုက္ၾကည့္ကာ ၿပဳံးေနေသာ ရန္က်င့္ေၾကာင့္ .. ေခါင္းကို မိုးႀကိဳးပစ္ခ်လိုက္သလိုပဲ .. သြားၿပီ .. သိေနတာပဲ

ဟုန္ေလ့ စကားေတြ ထစ္ကာ ..
"သိ .. သိေနတာလား ..
ရန္ ... ရန္က်င့္ အဲ့တာ အဲ့တာက ငါ ဒီအတိုင္း"
"ဘာဒီအတိုင္းလည္း မရပါဘူးေနာ္ .. ဒီက လူပ်ိဳ ႏုႏုထြတ္ထြတ္ေလးကို .. လုပ္ခ်င္တာ လုပ္ၿပီးမွ တာဝန္မယူခ်င္တာလား"

ဟုန္ေလ့ ေခါင္းေတြ ပူေအာင္ ဆင္ေျခရွာေနသည္ .. လက္တခါခါ လည္တခါခါနဲ႔
"အာ .. မဟုတ္ .. မဟုတ္ဖူးေလ .. မင္း ... မင္းကလည္း နဖူးေလးေလာက္ နမ္းမိတာကို .. ကေလး .. ဟုတ္တယ္ .. ကေလးေလးေတြဆို ခ်စ္စရာေကာင္းရင္ နမ္းမိၾကတာပဲေလ .. မင္းက ကေလးလို ခ်စ္စရာေကာင္းေနေတာ့ ဒီအတိုင္း တိုင္း .. "

"ဘာခုမွ ကေလးေတြ လူႀကီးေတြ လာလုပ္ေနတာလဲ"
စားပြဲတဖက္မွာရွိေနတဲ့ရန္က်င့္ရဲ႕ အသံက သူ႔ေနာက္က ထြက္လာေတာ့ လန္႔ကာ ဇြန္းပါ လြတ္က်သြားသည္ ..

တုန္ေနေသာ ပုခုံးကိုကိုင္ကာ ဆြဲလွည့္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစကာ . .

"ေလ့ . . နားေထာင္ .. ငါက မင္းကိုခ်စ္ေနတာ ၾကာၿပီ .. ဘယ္တုန္းကမွန္း မသိေတာ့ေပမယ့္ ငါသိတဲ့အခ်ိန္မွာ ေတာ္ေတာ္ေတာင္ နက္နက္ရႈိင္းရႈိင္း ခ်စ္မိေနၿပီ .. ေကာမင္မင္းကို လိုက္ေနတုန္းက မင္းလက္မခံႏိုင္မွာစိုးလို႔ အရိပ္အေခ်ၾကည့္ၿပီး ျဖည္းျဖည္းခ်င္းမွ ေျပာဖို႔ စဥ္းစားထားေပမယ့္ မေန႔က မင္းကို ေပ်ာက္သြားတဲ့အခ်ိန္မွာ ငါအရွင္လတ္လတ္ ငရဲ က်သလိုပဲ .. မင္းကို ဆုံးရႈံးလိုက္ရေတာ့မယ္ဆိုတဲ့ ခံစားခ်က္ႀကီး ငါတကယ္ပဲ ေနာက္တခါ မခံစားခ်င္ဘူး .. မင္းမရွိပဲ ငါမေနႏိုင္ဘူး .. အဲ့တာေၾကာင့္"

"ေလ့ ....... ငါ့ကို လက္ခံေပးပါ .. "

"အား .. အားက်င့္ .. အဲ့တာက"

ရင္ဘတ္ကို လက္ျဖင့္ တြန္းထားကာ မယုံႏိုင္ေသာ မ်က္ဝန္းမ်ားနဲ႔ ၾကည့္ေနေသာ ဟုန္ေလ့အမူအရာေၾကာင့္ ရန္က်င့္ အသက္ရွဴၾကပ္လာသည္ .. သူ လက္မခံႏိုင္ေသးတာလား

စကားေျပာဖို႔ ပါးစပ္ ျပင္ေနေသာ ဟုန္ေလ့ကို .. ဇြတ္ျဖတ္ေျပာကာ ..

"မင္းမခ်စ္ေသးလည္း ရတယ္ .. ငါ့ကို မျငင္းနဲ႔ .. ငါနည္းနည္းေတာ့ ေစာင့္ေပးႏိုင္တယ္" ရန္က်င့္က ႏႈတ္ခမ္းကိုကိုက္ကာ တြန္႔ဆုတ္စြာ ေျပာလိုက္သည္ .. ရန္က်င့္ရဲ႕ ပါပီေလးလို မ်က္ဝန္းကို ရင္ဆိုင္လိုက္ရေသာ ဟုန္ေလ့မွာ ေျပာရမွာေတာင္ တြန္႔သြားသည္ ..

"အြန္း ငါစဥ္းစားဦးမယ္ .."
"အြန္း မၾကာေစနဲ႔ .. ဘယ္ေလာက္ေစာင့္ရမလဲ
"ဘယ္ေလာက္ေစာင့္ေပးႏိုင္လဲ"
ရန္က်င့္ မ်က္ေမွာင္ကုတ္ကာ အသည္းအသန္ စဥ္းစားေနၿပီးမွ ..
"ႏွစ္နာရီေလာက္ေပါ့"
" ...... "

လဒ .. မင္းဟာက ခ်စ္ခြင့္ ပန္ေနတာလား ဓားျပတိုက္ေနတာလား မသဲကြဲဘူး

"ရမလား ႏွစ္နာရီနဲ႔ .."
"ေလ့က ေတာ္တာကို .. ခနစဥ္းစားရင္ အေျဖထြက္ပါၿပီ"
"မရဘူး ႏွစ္ပတ္"
"ဟင့္အင္း ႏွစ္ရက္ပဲယူ ေတာ္ေရာေပါ့"
"တပတ္ကြာ"
"ၿပီးေရာ တပတ္ .. ငါလိုခ်င္တဲ့ အေျဖပဲ ေပးရမွာေနာ္ .. ဟီး"
"မင့္ ဘိုးေအ $&@€££"

ညာလက္ေမာင္းက နာေနေသးတာမို႔ ဘယ္လက္နဲ႔ အားမလို အားမရစားေနတဲ့ ဟုန္ေလ့ကို .. ရန္က်င့္က အလိုက္သတိ ခြံေကြၽးလာသည္ .. ခါတိုင္းလည္း ခြံ႕ေကြၽးေနက်မို႔ အသားက်ေနၿပီ ျဖစ္ေသာ္လည္း .. နည္းနည္းေတာ့ ရွက္ေနတာမို႔ နား႐ြက္ေလးေတြ နီရဲေနေသးသည္ ..

ရန္က်င့္ရဲ႕ အယုအယေတြက သူ႔အေပၚမွာ သဘာဝက်စြာပဲ ေနသားတက် ျဖစ္တည္ေနခဲ့ၿပီးၿပီ .. ရန္က်င့္ သူ႔ကို ဘယ္ေလာက္ဂ႐ုစိုက္ေပးလဲ သူအသိဆုံး .. ရန္က်င့္လို ဥစၥာေပါ ႐ုပ္ေခ်ာ အက်င့္စ႐ိုက္ေကာင္းၿပီး ထက္ျမက္တဲ့သူကို .. သူ႔အေနနဲ႔ ..ဘာျငင္းစရာရွိမွာလဲ .. ဒါေပမယ့္ သူ႔ဘက္ကေရာ ...

HL1 - မင္း နမ္းေတာင္ နမ္းၿပီးမွ ဘာေတြ လာစဥ္းစားေနတာလဲ ..
HL2- နမ္းတာ စိတ္လြတ္သြားလို႔ကြ .. သူက ေသာက္ရမ္းေခ်ာလို႔ .. ငါသူ႔ကို ရင္မွ မခုန္တာ .. ညီအကိုလို သူငယ္ခ်င္းလိုပဲ သေဘာထားတာ
HL1- မင္းဖင္ႀကီးပဲ ညီအကိုေနလိုက္ေလ .. မင္းတျခားေကာင္ဆို နမ္းမလားေျပာ ..
HL2-နမ္းစရာလား .. ရန္က်င့္ေလာက္မွ မေခ်ာပဲ
HL1-အာ့ဆို ေကာမင္က် ဘာလို႔ လက္မခံလဲ ေခ်ာတာပဲေလ
HL2- အာ အဲ့ေကာင္အေၾကာင္း မေျပာစမ္းနဲ႔
HL1- အဲ့မွာ သိသာေနတာႀကီးကို ..
HL2-မင္းနဲ႔ မေျပာဘူး
HL1- ဝန္ခံလိုက္စမ္းဘာ 🤓 ဟုန္ေလ့ကလည္း ေဂးပဲဟာ
HL2- အဲ့တာ မူလပိုင္ရွင္ကြ ငါက မေဂးဘူး

ဟုန္ေလ့ ေခါင္းေတြ ပူထူလာသည္ .. သူရန္က်င့္ကို သူမ်ားထက္ေတာ့ ပိုၿပီး သံေယာဇဥ္ရွိသည္ .. ခက္တာက သံေယာဇဥ္ရွိ႐ုံနဲ႔ အခ်စ္ ျဖစ္မလာဘူး .. ေတာ္ၾကာ ကိစၥေတြ ဆိုး႐ြာစြာ ျဖစ္ၿပီးမွ ျပန္ျပင္မရေတာ့မွာ သူေၾကာက္တာပဲ ျဖစ္သည္ .. သူကိုယ္တိုင္လည္း မနာက်င္ခ်င္သလို ရန္က်င့္ကိုလည္း မနာက်င္ေစခ်င္ပါ ..ၿပီးေတာ့ သူ(ေဖးရဲ႕)က ဒီကမာၻရဲ႕ ဧည့္သည္ ..
...............

'ရွင္း ဇာတ္လိုက္မ ဘာျဖစ္သြားလဲ'
'ဇာတ္လိုက္မ က်ိဳးရန္နဲ႔ ျဖစ္သြားၿပီး ရန္က်င့္ရဲ႕ ေစခိုင္းခ်က္အရ .. သူ႔လက္ေထာက္က ဟိုႏွစ္ေယာက္ မီးကုန္ယမ္းကုန္ ေသာင္းက်န္းေနတဲ့ပုံကို အင္တာနက္မွာ Video တင္လိုက္ပါတယ္ .. မေန႔ကေတာ့ သိပ္မသိသာေသးေပမယ့္ ဒီေန႔ အရမ္းျပန္႔ေနပါၿပီ .. CEO ေက်ာက္ကေတာ့ ရန္က်င့္ျပန္သြားတယ္လို႔ သိထားတာေၾကာင့္ အနည္းငယ္ စိတ္ခုေနပါတယ္ .. က်ိဳးရန္ကို ေျမေအာက္ဂိုဏ္းသားမွန္း ေဖာ္ထုတ္ၿပီး သူ႔ရဲ႕ ဒုစ႐ိုက္မႈေတြနဲ႔ ရဲလက္အပ္ထားပါတယ္ .. ရဲလက္ထဲ မေရာက္ခင္ မေန႔ညက ရန္က်င့္က Host အိပ္ေနတုန္းမွာ Hostကို ႀကံစည္ရေကာင္းလားဆိုၿပီး က်ိဳး႐ြမ္ကို ဆယ္ခါေလာက္ သြားကန္ပါေသးတယ္'

'..............'

'ဇာတ္လိုက္မက ရွက္လို႔ အျပင္မထြက္ပဲ အခန္းေအာင္းေနပါတယ္ .. ဖုန္းပိတ္ထားပါတယ္'

'အယ္ ပုန္းေနတယ္လား .. ပုန္းမရေအာင္ လုပ္ေပးရမွာေပါ့'

"အားက်င့္ ငါ တိုက္ခန္း ျပန္ေတာ့မယ္" လက္ကဒဏ္ရာကို ဖုံးဖို႔ ရန္က်င့္ဗီဒိုထဲက အားက်င့္လာရင္ သူယူယူဝတ္ေနၾက Hoodie ေလးေကာက္စြတ္ကာ ..

"ေနဦး ငါလိုက္မယ္ ခဏေစာင့္"
"အာ .. ေနခဲ့ပါ .. ငါ ၿပီးရင္ တန္းအိပ္မွာ အလုပ္လည္း မလုပ္ႏိုင္ဘူး မင္းကိုလည္း အေဖာ္လုပ္မေပးႏိုင္ဘူး .. ဘာလိုက္လုပ္မွာလဲ ေနခဲ့ .. လိမၼာတယ္ ေနာ္"
"မရဘူး လိုက္မွာပဲ မင္းထြက္ေျပးသြားရင္ ဘယ့္ႏွယ့္လုပ္မလဲ .. မနက္ကမွ ဖြင့္ေျပာထားတာ ငါ့ကို ထားၿပီးထြက္ေျပးဖို႔ လုပ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"အပိုေတြ လုပ္မေနနဲ႔ .. မင္းငါ့ကို တခ်ိန္လုံး ေစာင့္ၾကည့္ႏိုင္မွာမလို႔လား"
"ၾကည့္ႏိုင္တယ္ .. ပါးဆီကေတာင္ ခြင့္ေတာင္းၿပီးၿပီ .. မင္းကို စိတ္မခ်လို႔ ဒီရက္ပိုင္း မင္းနဲ႔ သြားေနမွာလို႔"

"မင္း .. မင္း .. လူႀကီးကို ...."
"ပူမေနနဲ႔ မေန႔ကတည္းက မနက္လင္းတဲ့ထိ ဒူးေထာက္ခဲ့ရၿပီးၿပီ ညက ပါးအကုန္ေျပာၿပီးေတာင္းပန္ထားၿပီးသား .. ပါး အကုန္သိတယ္ ပါးဆီက ခြင့္ျပဳခ်က္ရၿပီးသား"

"အား ... ေသလိုက္ပါေတာ့ .. ရွက္လိုက္တာ"
"ဘာာ‼️.. ငါနဲ႔ တြဲရမွာ ရွက္တယ္ေပါ့ ... ဟုန္ေလ့ .. မင္း"

ဟုန္ေလ့လို႔ တခါမွ မေခၚဖူးေသာ၊ ေဒါသကို ထိန္းထားပုံရေသာ ရန္က်င့္၏ မ်က္ႏွာမွာ နာက်င္မႈက အထင္းသား ..
သူ႔ကို တခါမွ ေဒါသမထြက္ဖူးေသာေၾကာင့္ ဟုန္ေလ့ လန္႔ကာ ေတာင့္တင္းသြားသည္ ..

ရန္က်င့္ကိုယ့္ကိုယ္ကို ခဏ ထိန္းခ်ဳပ္လိုက္ၿပီးမွ ေလသံေပ်ာ့သြားကာ "ေဆာရီး .. လန္႔သြားလား .." ဟုန္ေလ့၏လည္ပင္းကေန ဆံပင္ၾကားထဲ လက္ထိုးထည့္လိုက္ၿပီး ပါးကို လက္မေလးနဲ႔ ျဖည္းျဖည္းေလးပြတ္ကာ မ်က္လုံးအစုံကို စိုက္ၾကည့္ရင္း

"ေလ့ .. မင္း ငါ့ကို အထင္ေသးတာလား .. ငါ့အတြက္ မင္းကို ခ်စ္ရတာ လြယ္တယ္မ်ား ထင္ေနခဲ့တာလား .. "

ဟုန္ေလ့ "မဟုတ္ဖူး မဟုတ္ဖူး .. မင္နဲ႔တြဲရမွာ ရွက္လို႔ မဟုတ္ဖူး .. ငါတို႔အေၾကာင္း သိသြားေတာ့ ငါ .. ငါ မ်က္မ
ႏွာပူလို႔ပါ .."

မ်က္ႏွာရဲၿပီး ေခါင္းငုံသြားေသာသူ႔ကို ေမးဖ်ားကေနလက္ျဖင့္ပင့္ရင္း နီးကပ္လာေသာ ရန္က်င့္ ..

Continue Reading

You'll Also Like

128K 14.2K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
342K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
625K 21.7K 52
Story ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖ...