Marriage And Love ( Comp...

By Mone_La_U

223K 29.4K 3.6K

We got married without Love More

MAL - 1
MAL - 2
MAL - 3
MAL - 4
MAL - 6
MAL - 7
MAL - 8
MAL - 9
MAL - 10
MAL - 11
MAL - 12
MAL - 13
MAL - 14
MAL - 15
MAL - 16
MAL - 17
MAL - 18
MAL - 19
MAL - 20
Notice !
MAL - 21
MAL - 22
MAL - 23
MAL - 24
MAL - 25
MAL - 26
MAL - 27
MAL - 28
MAL - 29
MAL - 30 ( Final )
Hey guyssssss !
Extra 1 ( Merry Christmas )
Extra - 2
Fic Book လေးလာပါပြီ ><♥

MAL - 5

5.6K 865 85
By Mone_La_U

Unicode

' MD  ဧည့်သည်ရောက်နေတယ်ဗျ ´

စာရင်းစာရွက်တွေကြားထဲ  ခေါင်းနစ်နေရင်းမှ
ဝန်ထမ်းကောင်လေး၏ အသံကြောင့်
Chanyeol ခေါင်းထောင်ကာ ကြည့်လိုက်မိသည် ။

လွန်ခဲ့တဲ့ 2 လလောက်ကမှ နိုင်ငံခြားက ပြန်ရောက်လာသော
Chanyeol သည် အဖော်လည်းမမင်သူမို့
တကူးတက လာတွေ့စရာလူ သိပ်မရိှပါ ။
စိတ်ထဲမှလည်း ဘယ်သူ့ကိုမှ ခန့်မှန်းမရတာမို့
Chanyeol ဝန်ထမ်းကောင်လေးကို
ပြန်လည်မေးမြန်းလိုက်၏ ။

' ဘယ်သူလဲ ? ´

' ဟို   အဲ့တာတော့ ကျွန်တော် မသိဘူးခင်မျ ။
အောက်ထပ်မှာ ကော်ဖီသောက်ရင်း စောင့်နေမယ်ပြောတယ် ။
မိန်းကလေး တစ်ယောက်ပဲ ။ ´

မိန်းကလေးတစ်ယောက်ဟူသော စကားကြောင့်
Chanyeol ရင်တွေ ချက်ချင်း လှုပ်ခတ်သွားရသည် ။

မဟုတ်မှလွဲရော  သူမတော့ မဟုတ်လောက်ပါဘူးနော် ။

ချက်ချင်း ခြောက်ကပ်လာသော လည်ချောင်းကြောင့်
တံတွေးကိုသာ ခဏ ခဏ မျိုချနေလိုက်ရ၏ ။

အောက်ထပ်ကို ဆင်းလာသည့်တစ်ချိန်လုံးတွင်လည်း
စိတ်ရှုပ်ထွေးမှုများ ၊ အားနာ ရှက်ရွံ့မှုများနှင့်အတူ
သူ့မျက်လုံးတွေ ဂယောက်ဂယက် ဖြစ်နေမည်မှာ သေချာသည် ။

မကြာလိုက် ...
အောက်ထပ် ကော်ဖီဆိုင်ကိုအရောက်
အကြည့်တွေ ဝေ့ဝဲကြည့်လိုက်တော့
သူ့ကို မြင်သွားသော သူမသည် ခပ်သာသာပြုံးရင်း
လက်လှမ်းပြသည်ကို မြင်လိုက်ရ၏ ။

သူ့ဆုတောင်းတွေ မပြည့်လိုက်ပါ ။
သူမ မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ပေမယ့်
တိုက်ဆိုင်စွာပဲ သူမဖြစ်လို့နေသည် ။
မဝံ့မရဲစိတ်တို့ကြောင့်  သူခေါင်းပင် သေချာမမော့ရဲပဲ
သူမရှေ့ကို ဝင်ထိုင်လိုက်ပါ၏ ။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်မိကြသည့်အချိန်ထိ
တော်တော်ကြာ စကားမစဖြစ်ကြသေး ။
အမှန်တကယ်တော့ ဘယ်လို စရမလဲဆိုတာ
မသိသောကြောင့်သာ ဖြစ်သည် ။

Chanyeol က အကြည့်တွေကို ရှောင်ဖယ်ရင်းသာ
မျက်တောင် တဖြတ်ဖြတ်ခတ်နေမိတော့
သူမဘက်ကသာ စ၍ ပြုံးပြကာ နှုတ်ဆက်လာသည် ။

' နေကောင်းရဲ့လား Chanyeol ´

' အော် .. အွန်း  အွန်း အဆင်ပြေပါတယ် ´

Chanyeol ခုထိ ဘယ်လိုတုန့်ပြန်ရမလဲကို သေချာမသိသေး။
ရည်းစားဟောင်း ဖြစ်ခဲ့ပေမယ့် သူ့ဘက်ကပဲ ပြန်လည်
အဆင်ပြေမယ့်လမ်းကို ခင်းနေခဲ့သည့် အချိန်တွင်
ချက်ချင်းအခြားတစ်ယောက်နှင့် ရုတ်တရက်
လက်ထပ်လိုက်သော သူ့ကို သူမစိတ်ထဲတွင်
ဘယ်လို သတ်မှတ်နေမလဲ ဆိုတာကို Chanyeol
စိတ်ပင်မကူးရဲပါ ။

' လက်ထပ်လိုက်တဲ့ သတင်းကြားတယ် ။
ယောကျ်ားလေးတစ်ယောက်ဆို ? ဘယ်လိုဖြစ်တာလဲ
ငါ့အထင်တော့  နင်ကဒီလို မဟုတ်လောက်ဘူး ´

သူ့ဘက်ကသာ မဝံ့မရဲ ဖြစ်နေပေမယ့် ယူနာ ကတော့
ထုံးစံ သူမရဲ့ ပုံစံအတိုင်း ထက်ထက်မြက်မြက် ၊
နားလည်မှုရိှသည့် အမူအယာနှင့်သာ
ခပ်ဖြည်းဖြည်းမေးလာသည် ။

အနည်းဆုံးတော့ ရွဲ့စောင်း ထေ့ငေါ့ခံရမည်ဟု
မှတ်ယူထားသော Chanyeol အတွက်
သူမရဲ့ အမူအယာက အနည်းငယ်
သက်တောင့်သက်သာ ဖြစ်သွားစေ၏ ။

' အင်း ... အဖေစီစဥ်လိုက်တာ ´

ထိုစကားကို ကြားတော့ သူမက တိုးလွင်လွင်လေးရယ်လာသည် ။

' ထင်တဲ့အတိုင်းပဲ ။ ဦးလေးရဲ့ စနက်ကိုး ။
တစ်ဖက်ကောင်လေးက Prive´ ကဆို ?
သူသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ညီတော့
ယောကျ်ားလေးဖြစ်လည်းအဆင်ပြေတယ်ပေါ့ ။
နင့်အဖေကိုတော့ ငါတကယ်လိုက်လို့မမှီတော့ပါဘူး
Chanyeol ရယ်  ။ ´

ယူနာ သည် ကော်ဖီခွက် ကို လက်ဖဝါးလေး 2 ဖက်ထဲမှာ
ထည့်ကာ ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလာတော့
သူလည်း ဟင်းခနဲ တစ်ချက်လိုက်ရယ်ပစ်လိုက်သည် ။
သူမ စကားအတိုင်း Chanyeol ကိုယ်တိုင်လည်း
အဖေ့ရဲ့အတွေးတွေကို လိုက်မမှီနိုင်တော့ပါ ။

' ဓာတ်ပုံတွေကတော့ နင့်အဖေလုပ်တာ
မဟုတ်လောက်ပါဘူးနော် ´

ယူနာက စနောက်သလို ပုံစံလေးနှင့်
မေးလာတော့မှ  Chanyeol အသည်းအသန်ငြင်းရသည် ။

' မဟုတ်ဘူး  အဲ့ဓာတ်ပုံတွေက
နားလည်မှုလွဲသွားရုံသက်သက်ပဲ ။
နင်လည်း သိရဲ့သားနဲ့    ငါက .....

ငါက ..... ´

ဒီလိုစကားမျ်ိုးပြောလို့ သင့်တော်သေးရဲ့လား ဆိုတဲ့
အတွေးနဲ့ Chanyeol ရုတ်တရက် ရပ်တန့်မိသွားသော်လည်း
ယူနာက  သူမနားထောင်နေတယ်နော် ဆိုတဲ့ပုံစံလေးနဲ့
မျက်ခုံးလေး ပင့်ပြနေတော့ Chanyeol ခေါင်းကိုငုံ့ချကာ
ခပ်တိုးတိုး ဆက်ပြောမိသည် ။

' ငါက တစ်ချိန်လုံး နင့်ကိုပဲ ချစ်လာခဲ့တယ်ဆိုတာကို ´

သူ့စကားက်ိုကြားတော့  ယူနာ ခပ်လွင်လွင်လေး
ထပ်ရယ်လာပြီး coffe နွေးနွေးလေးကိုသာ
တစ်ငုံ ယူသောက်နေသည် ။

' အင်း ... 6 နှစ်ဆိုတဲ့အချိန်ကာလက ငါယုံဖို့
လုံလောက်ပါတယ် ။
တစ်ခုမေးချင်တယ်  Chanyeol
အမှန်အတိုင်းဖြေပေးမလား ´

သူမရဲ့အကြည့်တွေက လေးလေးနက်နက် ပုံစံလေး
ပေါက်လာတော့ Chanyeol လည်း သက်ပြင်းကို
မသိမသာချ၍  ခေါင်းငြိမ့်မိလိုက်သည် ။

' နင် နိုင်ငံခြားက ပြန်ရောက်ပြီး
ငါတို့ 2 ခါတွေ့ဖြစ်ခဲ့သေးတယ်လေ
ပထမတစ်ခါက  နေ့လည်စာအတူသွားစားတာ ၊
ဒုတိယတစ်ခါက  ရုပ်ရှင်အတူကြည့်တာ ။
အဲ့တုန်းက  နင်ငါ့ကို သဘောကျခဲ့သေးလား ´

Chanyeol တစ်ချက်ပြုံးမိသွားသော်လည်း
ဝမ်းနည်းရိပ်တွေ များစွာပါဝင်နေသည် ။

မသင့်တော်တော့မှန်းသိပေမယ့် နောက်ဆုံးတစ်ခေါက်အနေနဲ့
သူ့ခံစားချက်အမှန်တွေကို ယူနာ သိအောင်ပြောပြခဲ့ချင်
သေးတယ် ။

' အင်း ... တကယ်တော့ နိုင်ငံခြားကိုရောက်နေတဲ့
6 နှစ်လုံးလည်း နင့်ကိုပဲငါ့စိတ်ထဲ ထည့်ထားခဲ့တာပါ ။
အဲ့ဒီမှာ ငါ့ခြေထောက်အပေါ်ငါရပ်နိုင်ဖို့ ကြိုးစား
လေ့လာခဲ့တယ် ။ အဲ့တုန်းက တွေးထားခဲ့တာက
Korea ကိုပြန်ရောက်ရင် နင့်နဲ့တွေ့ဖို့ !
အကယ်၍ နင်လည်းငါ့လို ခံစားချက်တွေ ဆက်ရိှနေသေးရင်
ဒီတစ်ခါတော့ အဖေ့ကို မရ ရအောင်ဆန့်ကျင်ရင်း
နင့်ဆီ ပြေးထွက်ခဲ့မလို့ပဲ  ´

' နှမြောစရာကောင်းလိုက်တာ ´

ယူနာက ခပ်သာသာအပြုံးလေးနဲ့အတူ မှန်တွေကာရံထားတဲ့
ဆိုင်အပြင်ဘက်ကို ငေးကြည့်ရင်း ရေရွတ်သည် ။
ခုချိန် ယူနာ့ ရင်ထဲမှာရော Chanyeol ရင်ထဲမှာရော
ဘယ်လောက်တောင် နာကျင်နေရသလဲဆိုတာ
ကာယကံရှင်တွေပဲ သိနိုင်သည် ။

ချစ်ခဲ့တဲ့နှစ်တွေပေါင်းက  ဘယ်လောက်တောင်မို့လဲ ။
7 နှစ်ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ ။

ပြန်လှည့်ကြည့်လာတဲ့ ယူနာက ပြုံးထားဆဲဖြစ်ပေမယ့်
မျက်ဝန်းမှာတော့ မျက်ရည်စတွေ ဝေ့ဝဲနေသည် ။

' တကယ်တော့လေ ..... ´

ယူနာက  အက်ကွဲတုန်ယင်သွားသော အသံကိုထိန်းရင်း
ခဏ ရပ်ပစ်လိုက်သည် ။
အတတ်နိုင်ဆုံးတော့ Chanyeol ရဲ့ရှေ့တွင်
မငိုချင်သော ပုံမျိုးနဲ့ ။

' ငါလည်း ဒီ 6 နှစ်အတွင်း တအားကြိုးစားခဲ့တာ ။
အရင်က ယူနာက ချို့ချို့တဲ့တဲ့
တက္ကသိုလ်​ကျောင်းသူတစ်ယောက်ဆိုပေမယ့်
အခုယူနာကတော့ အတော်အဆင်ပြေသွားပါပြီ ။

ငါတိုက်ခန်းတစ်ခန်းဝယ်ထားတယ် ၊ ကားလည်းဝယ်ထားတယ်။
အလုပ်လည်း ရာထူးမြင့်မြင့်မှာရိှပါတယ် ။ ငါထင်တာက ... ´

ယူနာ ထိန်းပြောနေရင်းမှ အသံတွေက တုန်ရီသွားသည် ။
2 ယောက်လုံး ပင်ပန်းခဲ့ရသည့်အကြောင်းများကို
ပြန်တွေးတော့ Chanyeol လည်း အမှန်တကယ်ပင်
ရင်ထဲ စူးအောင့်လာ၏ ။

' ငါထင်တာက ဒီလောက်ဆိုရင်တော့
နင့်လက်တွဲဖော် ဖြစ်လောက်တဲ့ အနေအထားမှာ ရိှပြီလားလ်ို့ ။

နင့်အဖေက အလွယ်တကူလက်မခံလောက်မှာ ငါသိပါတယ် ။
ငါတို့ကြိုးစားရင်တော့ လက်ခံလောက်မှာလို့ပဲ တွေးခဲ့တယ်။
6 နှစ်ကြာပြီးမှ နင်ပြန်လာတော့ ငါတအားပျော်ခဲ့တာ ...

တအားပဲ ...
ထုတ်မပြောပေမယ့် နင့်ကိုငါချစ်နေတုန်းပဲ ။
နင်လည်း ငါ့ကိုချစ်နေတုန်းပဲဆိုတာ သိတယ် ။

Chanyeol နင်သိလား ?
တကယ်တော့  ငါတို့ 2 ယောက်လုံးက
မာနတအားကြီးခဲ့ကြတာ ။
ပြီးတော့ အချိန်လည်း လုံလောက်ဦးမယ်ထင်လို့ ... ´

' ငါတောင်းပန်ပါတယ် ´

Chanyeol ရင်ထဲမှာလည်း အခု နောင်တတွေ
အလီလီနဲ့ ဖြစ်သည် ။
သူသာ နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း
ယူနာ့ကို အဖေလက်ခံနိုင်ဖို့ အရင်ကြိုးစားခဲ့ရင် ....
သူသာ နည်းနည်းလေးပဲ ဖြစ်ဖြစ်ထပ်ပြီး သတ္တိရိှခဲ့ရင် ...
7 နှစ်တိတိ ချစ်ခဲ့တဲ့ ယူနာ့ကို ဒီလိုပုံစံမျိုးနဲ့
လက်လွှတ်ခဲ့ရမလား ။

လွန်ခဲ့တဲ့ 6 နှစ် .. ယူနာနဲ့ချစ်သူဖြစ်ခဲ့တုန်းက
အဖေဖြစ်သူရဲ့ အတင်းအကျပ် ခွဲခွာခြင်းကိုခံခဲ့ရသည် ။
တက္ကသိုလ်ကျောင်းသားအရွယ် သူက ဘာမှ
မငြင်းဆန်နိုင်ခဲ့ပဲ အဖေ့ရဲ့ စကားတစ်ခွန်းအောက်မှ
နိုင်ငံတွေခြား၍ 6 နှစ်ဝေးခဲ့ရသည် ။
စဥ်းစားကြည့်ရင်  အကုန်သူ့ကြောင့်ပါပဲ ။
ယူနာ ရဲရင့်သလောက်တောင် မရဲရင့်နိုင်ခဲ့တဲ့သူကြောင့် ။

' Park Chanyeol !  ငကြောက် !

ခုထိ အဖေ့သားလေး လုပ်နေတုန်းလား  ဟင် ?
ခေါင်းကိုမော့ထားစမ်းပါ ။ ငါ့ကို ပစ်ပြီးရင်လည်း
ငါ့ရှေ့မှာ ပျော်ပျော်နေပြမှ ဖြစ်မှာပေါ့ ။
ဘာလဲ ဒီလိုပုံစံက  ´

ယူနာက တုန်ယင်နေသော အသံတွေကိုထိန်းရင်း
မျက်တောင်ကိုလည်း ပုတ်ခတ် ပုတ်ခတ်လုပ်ကာ
မော့၍ မျက်ရည်သိမ်းနေသည် ။

Chanyeol လည်း စိုစွတ်လာသော မျက်တောင်တွေကို
ခတ်ပစ်ကာ ဘေးဘက်မှန်နံရံမှ မြင်နေရသော
မြင်ကွင်းများကိုသာ အကြည့်ပို့ထားလိုက်၏ ။

2 ယောက်သား တုန်ရီချင်နေသော မေးများကို ထိန်းရင်း
ခံစားချက်များအနည်ကျသွားအောင် တိတ်ဆိတ် ထိုင်နေတာက
15 mins လောက်ကြာသွားသည် ။

ထို့နောက်တွင်တော့  ယူနာက တစ်ချက်အသက်ကို
ပြင်းပြင်းရှိုက်ပစ်ရင်း  ဆူဆောင့်ဆောင့်  လှမ်းကြည့်လာ၏ ။

' ဟေ့  ငါ့ကို Ph No. ပေးဦး !
အိမ်ထောင်ကျသွားလို့  မစိမ်းကားသွားနဲ့ !
မတွဲခင်အထိ  ငါတို့က သူငယ်ချင်းဖြစ်ခဲ့တာ ´

Chanyeol သည် ခပ်ဖျော့တော့တော့ ပြုံးရင်း
ဖုန်းကို သူမရဲ့လက်ထဲသို့ စိတ်တိုင်းကျ လုပ်နိုင်အောင်
ကမ်းပေးလိုက်သည် ။
သမီးရည်းစား ဘဝတုန်းကလည်း Chanyeol ရဲ့
ပစ္စည်းမှန်သမျှကို ယူနာ့လက်ထဲ စိတ်ချလက်ချကို
အပ်လေ့ရိှတဲ့  အကျင့်လေးကြောင့်ပင် ။

' ဒီမှာ    ရော့  !
အခုချိန်က စပြီး ငါတို့သူငယ်ချင်းပဲနော်
ငါခေါ်ရင်လည်း အပြေးလာခဲ့
ငိုအောင်လုပ်တဲ့ အဖိုးအခအနေနဲ့တော့
ငါခိုင်းတာတွေ လုပ်ပေးမှရမယ် ´

' အေးပါဟာ ´

Chanyeol ခပ်သာသာရယ်ကာ
ဖုန်းကို ပြန်လှမ်းယူပြီးသည့်နောက် ယူနာက
သွားတော့မယ် ဟုမျက်စောင်းထိုးကာ​ နှုတ်ဆက်ရင်း
ထွက်သွားလေသည် ။

ဆံပင်ရှည်ရှည်ကောက်ကောက်ကလေးများနဲ့
ကျောပြင်ကို ငေးကြည့်ကျန်ခဲ့ရင်း Chanyeol
သက်ပြင်းဖွဖွသာ ချမိလေတော့၏ ။

* ဘယ်လိုမေ့နိုင်မလဲ ယူနာရယ် ...
နင်က  ငါ့အတွက်တော့ တစ်သက်လုံး ချစ်ရမယ့်သူပါပဲ *

_
_
_
_
_

ဒီနေ့ ယူနာနဲ့တွေ့ဖြစ် ပြောဖြစ်ခဲ့တဲ့ စကားတွေကြောင့်
တစ်နေကုန် စိတ်တွေ့ မပေါ့ပါး မလန်းဆန်းဖြစ်နေရသည် ။

ရုံးဆင်းချ်ိန် 4 နာရီကိုရောက်တော့  ညနေခင်းတို့
သဘာဝအတိုင်း လေးတဖြူးဖြူးတိုက်ခတ်ရင်း
လိမ္မော်ဆီရောင်သန်းလာသော ကောင်းကင်အောက်တွင်
အရာရာက တိတ်ဆိတ် အေးချမ်းနေဆဲ ။

Chanyeol သည် ကားကို ဖြည်းဖြည်းမှန်မှန်သာ
မောင်းလာရင်း  သူနေထိုင်သော ရပ်ကွက်
အတွင်းသို့ ဝင်လာတော့  သူတို့ ခြံဝန်းရှေ့တွင်
စုစု စုစုနှင့် လူငယ် 5 ယောက် 6 ယောက်လောက်ကို
တွေ့လိုက်ရသည် ။

Chanyeol ကားက ခြံဝန်းရှေ့ထိုး၍ ရပ်လာတော့
ထိုကောင်လေးတွေရဲ့ အကြည့်တွေက ကားပေါ်ကာ
ဆင်းလာသော Chanyeol ဆီသို့သာ စုပြုံ၍
ကျရောက်လာ၏ ။

အားလုံးသူရဲ့ လက်ထဲမှာလည်း စကိတ်ဘုတ်ပြားလေးတွေ
ကိုယ်စီပိုက်လျှက်နှင့် Baekhyun နဲ့ ရွယ်တူတွေ ။

' ဟေ့ကောင်တွေ ငါလာပြီ ´

မကြာလိုက်  စကိတ်ဘုတ်ပြား တစ်ခုပိုက်၍
ခြံထဲမှ ထွက်လာသော Baekhyun သည်
ကာကီရောင်အကျီ် Hoodie ပွပွကြီးတစ်ထည်ကို
ဒူးတိ ဘောင်းဘီနှင့်တွဲဖက် ဝတ်ထားရုံသာမက
ထုံးစံအတိုင်း ခြေသလုံးနီးပါးရှည်သော ခြေအိတ်ကိုလည်း
ဝတ်လာသေးသည် ။

ကောင်လေးတွေက Chanyeol ကိုပဲ
စူးစမ်းပြီး ဝိုင်းကြည့်နေကြတာမို့ တစ်ချက်ချောင်းဟန့်ကာ
အကြည့်လွှဲရင်း ခြံထဲမှ ထွက်လာသော
Baekhyun ဘက်ကိုသာမျက်နှာမူထားလိုက်သည် ။

' ဘယ်သွားမလို့လဲ ? ´

' ညနေတိုင်း ကျွန်တော်တို့  စကိတ်စီးနေကျလေ !
အဲ့ဒါသူတို့နဲ့ ဒီကနေ ချိန်းပြီးသွားမလို့
6 နာရီလောက်ဆို ပြန်ရောက်မယ် ´

Chanyeol ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတုန်း
လူအုပ်ကြားထဲမှ အသံတစ်သံထွက်ကျလာသည် ။

' Baekhyun အဲ့ဒါ  မင်း လူကြီးလား ?
အတူလိုက်ဖို့ ခေါ်ခဲ့လေ ´

အရပ်ခပ်ရှည်ရှည်နှင့်ကောင်လေး တစ်ယောက်က
Baekhyun နှင့်သူ၏ ဆက်ဆံရေးကို
စူးစမ်းချင်သည့်ဟန်နှင့် အပါခေါ်နေသည်ကို
Chanyeol ရိပ်မိသည် ။

သို့သော်လည်း ဒီလို ဆယ်ကျော်သက်တစ်အုပ်နဲ့
သွားလည်ပတ်နေရအောင်အထိ သူအားယားမနေပါ ။
ဘယ်လိုဖြစ်ဖြစ် ငြင်းရမှာပဲ ဖြစ်သည် ။

' ဟေးးးး  တော်စမ်းပါဟ !
Byun Baekhyun နဲ့က ဆက်ဆံရေးမကောင်းတဲ့ပုံပဲ
ခေါ်တိုင်း လိုက်ပါ့မလား  ဟ ဟ ´

ခုနကပဲ ဆံပင်ကေကြောင့် သူကြည့်မရဖြစ်နေသော
ထောင့်ကျိုးပုံ မရသည့်ကောင်လေးသည်
Baekhyun ကို မသိမသာထေ့ငေါ့ရင်း
ယခင် အရပ်ရှည်ရှည်နှင့် ကောင်လေး ပုခုံးကို
လှမ်းဖက်လိုက်ရင်း  ဆို၏ ။

အခြားကောင်လေးတွေလည်း ဟိုကြည့်ဒီကြည့်နှင့်
တောင့်သွားကြသလို  Baekhyun ၏
မျက်နှာလေးသည်လည်း ဒေါသစိတ်ကြောင့် နီရဲတက်လာသည်ကို
Chanyeol မြင်လိုက်ရ၏ ။

ခါတိုင်းလို   ပက်ပက်စက်စက် ဆဲရင်ဆဲ ၊
မဆဲရင်  ထထိုးတော့မည်ဟု သေချာပေါက်
မှတ်ယူထားသော်လည်း Baekhyun သည်
ဘာမှ စကားရှာမရဖြစ်နေသော ကလေးတစ်ယောက်ရဲ့ဟန်နဲ့
လက်သီးလေးသာ ဆုပ်၍ ဟိုကောင်လေးကို
ပေါက်ထွက် မတတ်ကြည့်နေသည်ကို မြင်လိုက်ရ၏ ။

ဘယ်လိုဖြစ်ဖြစ်  ခွေး ခွေးချင်းကိုက်ရင်တောင်
ကိုယ့်ခွေးကို နိုင်စေချင်တာ လူတွေရဲ့သဘာဝပဲမလား ။
Chanyeol လည်း လူထဲက လူမို့ Baekhyun ကိုတော့
မရှုံးစေလိုပါ ။

' လိုက်ခဲ့မယ်လေ ။
စကိတ်မစီးတတ်လည်း အပျော်ပေါ့ ´

တစ်ဖွဲ့လုံးအပြင် အရပ်ရှည်ရှည်ကောင်လေးရော
အုန်းမှုတ်ခွက်ကေနှင့်ကောင်ရော ယုတ်စွအဆုံး
Byun Baekhyun အထိ သူ့ကို ပြူးကြောင်ကြောင်နှင့်
ဝိုင်းကြည့်လာလေသည် ။

ခဏလေးသာ တအံ့တသြကြည့်၍
Baekhyun သည် ပါးတစ်ဖက်မို့အောင်
အနိုင်ပြုံး ပြုံးချလိုက်ပြီး  စကိတ်ကိုအောက်သို့
သေချာချလိုက်၏ ။

' ကဲ ကြားလား ။ လိုက်မယ်တဲ့ ။
သွားကြမယ် !
အော် ... ခင်များက ကားနဲ့ပဲဖြည်းဖြည်းမောင်းပြီး လိုက်ခဲ့နော်
ကျွန်တော်တို့က ဒီကပဲ စကိတ်တစ်ခါတည်းစီးသွားမှာ ´

Byun Baekhyun ၏ ဆော်သြသံအဆုံး
ကောင်လေးတွေ အဖွဲ့သည်လည်း ထပ်ပြီး
တောင့်တောင့်ကြီးရပ်မနေတော့ပဲ
စကိတ်ကိုယ်စီလမ်းပေါ်ချ၍ စီးကာ စထွက်တော့သည် ။

ထိုအုပ်စုနောက် သူလည်း ကားကို ခပ်မှန်မှန်သာ
မောင်း၍ လိုက်လာခဲ့တော့သည် ။

ကားကို တအားဖြည်းနေစရာပင်မလို ။
Baekhyun အပါအဝင် ကောင်လေးတွေ အုပ်စုက
ကျွမ်းကျင်အဆင့်ဖြစ်နေပြီမို့  ရှင်းလင်းနေသော
လမ်းမတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် စီးသွားကြသည်မို့
သူက နောက်မှ ပုံမှန်အရိှန်ဖြင့်သာ ကားကိုမောင်း၍
လိုက်ခဲ့ရသည် ။

စီးတတ်တဲ့ သူတွေ အတွက်တော့မသိပေမယ့်
အဲ့လိုတွေ တစ်ခါမှ မစမ်းဘူးတဲ့ Chanyeol အတွက်တော့
နောက်က ကြည့်တာတောင် အသည်းယားစရာ
အရိှန်မျိုးဖြစ်သည် ။

တဝူးဝူး  တဝါးဝါးလည်း အော်သွားကြသေးတဲ့အပြင်
တစ်ယောက်နား တစ်ယောက်လိုက်ကပ်၍လည်း
စ နေကြသောကြောင့် မတော်တဆတိုက်မိ၍လဲမည်ကို
အသဲတကြိမ်းကြိမ်းနှင့် ကြည့်နေရသေး၏ ။

သူတို့ လူငယ်တွေကတော့ တကယ်ကို
ပျော်နေကြသည့်ဟန်ဖြင့်
လေတဖြူးဖြူးတိုက်နေသော ညနေခင်းတွင်
လေဆံတွေ  လေထဲမှာလွင့်လျှက် တဟားဟား
ရယ်နေကြလေသည် ။

ဒူးကောက်ကွေး ဖွေးဖွေးလေးကို နောက်မှ
ဆက်တိုက်မြင်နေရသော Baekhyun သည်လည်း
သူ့ဘေးက ကောင်လေးနှင့် တွန်းရင်း တိုက်ရင်း
ပါးစပ်ကို ဆယ်တောင်လောက် ဟ ကာ
တဟားဟား ရယ်သွားသေး၏ ။

စကိတ်စီးခြင်းက ကျွမ်းကျင်လျှင်
တကယ့်ကို ပျော်စရာကောင်းသည်ဟု
Chanyeol ဒီညနေခင်းတွင် လက်ခံလိုက်ပါသည် ။

_
_
_
_

စကိတ်စီးသည့်ကွင်းတွင်  အသက် 5 နှစ် 6 နှစ်အရွယ်
ကလေးများမှ စ၍ Baekhyun တို့လ်ို 20 ကျော်အရွယ်
တွေအထိ   ကောင်လေးတွေ မြောက်များစွာပင်
လာရောက်ကစားနေကြသည် ။

ပြောရရင် Chanyeol ငယ်ဘဝတုန်းက ဒီလိုနေရာမျိုးကို
တစ်ခါမျှပင် မရောက်ဖူး မတွေ့ဖူးခဲ့ ။
ကျောင်းစာ ၊ အားကစားနှင့် အခြားဘာသာရပ် အမျိုးမျိုးကို
လေ့လာ၍ပဲ အချိန်ကုန်နေခဲ့ရတာများသည် ။

အပျော်အပါးဆိုတာ မအပ်စပ်သလို
တစ်ခါမျှပင် ဒီလို စိတ်လွတ်လက်လွတ်မပျော်ခဲ့ဖူးဘူး ။

တဖြည်းဖြည်း 5 နာရီစွန်းစွန်း အချိန်သို့ ရောက်လာသည့်တိုင်
Baekhyun တို့ အုပ်စုတွေက  လျှောစောက်ကြီးထဲမှာ
တဟေးဟေး တဝါးဝါး ထပ်ခါ ထပ်ခါ စီးကြတုန်းဖြစ်သည် ။

သူတို့ဟိုဘက် လျှောစောက်က ဆင်းပြီး
ဒီဘက်ကို မြောက်တက်လာလိုက် 
ဘေးကခုံမှာ ရေသန့်တစ်ဘူးနှင့်ထိုင်ကြည့်နေသော
Chanyeol က အသဲကျိန်းသွားလိုက်ဖြစ်၏ ။

တော်တော်ကြာမှ  Byun Baekhyun တစ်ယောက်
စကိတ်ကို ခပ်ဖြည်းဖြည်းကွေ့ကောက်စီးရင်း
သူ့ရှေ့သို့ ရောက်လာသည် ။

' ဟေးးး  ခင်များဘာလို့လိုက်တာလဲ
ဒီမှာ ဘာမှလုပ်စရာမရိှပဲနဲ့ ´

' မင်းအလှောင်ခံနေရတာလေ
ငါမလိုက်ရင် ပိုပြီးအလှောင်ခံရမှာမလား
ငါက လူ့ကျင့်ဝတ်တော့ ရိှပါတယ် ´

Baekhyun သည် သူ့စကားက်ိုလည်းကြားရော
အမှန်တကယ်ပင် ဟန်မဆောင်တိုင်း အားရပါးရ
ခေါင်းမော့၍ တဟားဟား ရယ်ပါတော့သည် ။

' ဟား ဟား ဟား ဟား  ..
တော်တယ် တော်တယ်
တအားကျေးဇူးတင်တယ် သိလား ´

သူ့ထက် အသက်ကြီး 8 နှစ်ကြီးသော
Chanyeol ၏ဆံပင်တွေကို
လေတဖြူးဖြူးနှင့်အတူတစ်ချက်ဖွသွားရင်း 
ရယ်မောကာ စကိတ်နှင့်စီးထွက်သွားသော
ကောင်လေးကြောင့် Chanyeol မှာ လှမ်းအော်ရအခက်
ဒေါသထွက်ရအခက် ဖြစ်ကျန်ခဲ့၏ ။

လိမ္မော်ရောင်သန်းနေသော ပတ်ဝန်းကျင်တွင်
အခြားကောင်လေးများကလည်း သူနှင့် Baekhyun ကို
မျက်စ ပစ်ပြ၍ ရိှနေခဲ့လေသည် ။

ဆက်ရန် ...

ဟယ်လို ... ဒီနေ့  မုန်လာဥ ရဲ့ Double update Day !
စကားမစပ် user name ကို
Mone_La_U  ( မုန်လာဥ ) လို့ပြောင်းလိုက်တယ်နော်
မုန့်လဥ  လို့ဖတ်မနေကြနဲ့ဦးးးး  :3

Zawgyi

' MD  ဧည့္သည္ေရာက္ေနတယ္ဗ် ´

စာရင္းစာ႐ြက္ေတြၾကားထဲ  ေခါင္းနစ္ေနရင္းမွ
ဝန္ထမ္းေကာင္ေလး၏ အသံေၾကာင့္
Chanyeol ေခါင္းေထာင္ကာ ၾကည့္လိုက္မိသည္ ။

လြန္ခဲ့တဲ့ 2 လေလာက္ကမွ နိုင္ငံျခားက ျပန္ေရာက္လာေသာ
Chanyeol သည္ အေဖာ္လည္းမမင္သူမို႔
တကူးတက လာေတြ႕စရာလူ သိပ္မရိွပါ ။
စိတ္ထဲမွလည္း ဘယ္သူ႕ကိုမွ ခန့္မွန္းမရတာမို႔
Chanyeol ဝန္ထမ္းေကာင္ေလးကို
ျပန္လည္ေမးျမန္းလိုက္၏ ။

' ဘယ္သူလဲ ? ´

' ဟို   အဲ့တာေတာ့ ကြၽန္ေတာ္ မသိဘူးခင္မ် ။
ေအာက္ထပ္မွာ ေကာ္ဖီေသာက္ရင္း ေစာင့္ေနမယ္ေျပာတယ္ ။
မိန္းကေလး တစ္ေယာက္ပဲ ။ ´

မိန္းကေလးတစ္ေယာက္ဟူေသာ စကားေၾကာင့္
Chanyeol ရင္ေတြ ခ်က္ခ်င္း လႈပ္ခတ္သြားရသည္ ။

မဟုတ္မွလြဲေရာ  သူမေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။

ခ်က္ခ်င္း ေျခာက္ကပ္လာေသာ လည္ေခ်ာင္းေၾကာင့္
တံေတြးကိုသာ ခဏ ခဏ မ်ိဳခ်ေနလိုက္ရ၏ ။

ေအာက္ထပ္ကို ဆင္းလာသည့္တစ္ခ်ိန္လုံးတြင္လည္း
စိတ္ရႈပ္ေထြးမႈမ်ား ၊ အားနာ ရွက္႐ြံ႕မႈမ်ားႏွင့္အတူ
သူ႕မ်က္လုံးေတြ ဂေယာက္ဂယက္ ျဖစ္ေနမည္မွာ ေသခ်ာသည္ ။

မၾကာလိုက္ ...
ေအာက္ထပ္ ေကာ္ဖီဆိုင္ကိုအေရာက္
အၾကည့္ေတြ ေဝ့ဝဲၾကည့္လိုက္ေတာ့
သူ႕ကို ျမင္သြားေသာ သူမသည္ ခပ္သာသာၿပဳံးရင္း
လက္လွမ္းျပသည္ကို ျမင္လိုက္ရ၏ ။

သူ႕ဆုေတာင္းေတြ မျပည့္လိုက္ပါ ။
သူမ မဟုတ္ပါေစနဲ႕လို႔ အႀကိမ္ႀကိမ္ဆုေတာင္းခဲ့ေပမယ့္
တိုက္ဆိုင္စြာပဲ သူမျဖစ္လို႔ေနသည္ ။
မဝံ့မရဲစိတ္တို႔ေၾကာင့္  သူေခါင္းပင္ ေသခ်ာမေမာ့ရဲပဲ
သူမေရွ႕ကို ဝင္ထိုင္လိုက္ပါ၏ ။

ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ထိုင္မိၾကသည့္အခ်ိန္ထိ
ေတာ္ေတာ္ၾကာ စကားမစျဖစ္ၾကေသး ။
အမွန္တကယ္ေတာ့ ဘယ္လို စရမလဲဆိုတာ
မသိေသာေၾကာင့္သာ ျဖစ္သည္ ။

Chanyeol က အၾကည့္ေတြကို ေရွာင္ဖယ္ရင္းသာ
မ်က္ေတာင္ တျဖတ္ျဖတ္ခတ္ေနမိေတာ့
သူမဘက္ကသာ စ၍ ၿပဳံးျပကာ ႏႈတ္ဆက္လာသည္ ။

' ေနေကာင္းရဲ႕လား Chanyeol ´

' ေအာ္ .. အြန္း  အြန္း အဆင္ေျပပါတယ္ ´

Chanyeol ခုထိ ဘယ္လိုတုန့္ျပန္ရမလဲကို ေသခ်ာမသိေသး။
ရည္းစားေဟာင္း ျဖစ္ခဲ့ေပမယ့္ သူ႕ဘက္ကပဲ ျပန္လည္
အဆင္ေျပမယ့္လမ္းကို ခင္းေနခဲ့သည့္ အခ်ိန္တြင္
ခ်က္ခ်င္းအျခားတစ္ေယာက္ႏွင့္ ႐ုတ္တရက္
လက္ထပ္လိုက္ေသာ သူ႕ကို သူမစိတ္ထဲတြင္
ဘယ္လို သတ္မွတ္ေနမလဲ ဆိုတာကို Chanyeol
စိတ္ပင္မကူးရဲပါ ။

' လက္ထပ္လိုက္တဲ့ သတင္းၾကားတယ္ ။
ေယာက်္ားေလးတစ္ေယာက္ဆို ? ဘယ္လိုျဖစ္တာလဲ
ငါ့အထင္ေတာ့  နင္ကဒီလို မဟုတ္ေလာက္ဘူး ´

သူ႕ဘက္ကသာ မဝံ့မရဲ ျဖစ္ေနေပမယ့္ ယူနာ ကေတာ့
ထုံးစံ သူမရဲ႕ ပုံစံအတိုင္း ထက္ထက္ျမက္ျမက္ ၊
နားလည္မႈရိွသည့္ အမူအယာႏွင့္သာ
ခပ္ျဖည္းျဖည္းေမးလာသည္ ။

အနည္းဆုံးေတာ့ ႐ြဲ႕ေစာင္း ေထ့ေငါ့ခံရမည္ဟု
မွတ္ယူထားေသာ Chanyeol အတြက္
သူမရဲ႕ အမူအယာက အနည္းငယ္
သက္ေတာင့္သက္သာ ျဖစ္သြားေစ၏ ။

' အင္း ... အေဖစီစဥ္လိုက္တာ ´

ထိုစကားကို ၾကားေတာ့ သူမက တိုးလြင္လြင္ေလးရယ္လာသည္ ။

' ထင္တဲ့အတိုင္းပဲ ။ ဦးေလးရဲ႕ စနက္ကိုး ။
တစ္ဖက္ေကာင္ေလးက Prive´ ကဆို ?
သူသတ္မွတ္ထားတဲ့ စံႏႈန္းနဲ႕ညီေတာ့
ေယာက်္ားေလးျဖစ္လည္းအဆင္ေျပတယ္ေပါ့ ။
နင့္အေဖကိုေတာ့ ငါတကယ္လိုက္လို႔မမွီေတာ့ပါဘူး
Chanyeol ရယ္  ။ ´

ယူနာ သည္ ေကာ္ဖီခြက္ ကို လက္ဖဝါးေလး 2 ဖက္ထဲမွာ
ထည့္ကာ ပြတ္သပ္ရင္း ေပါ့ေပါ့ပါးပါးဟန္ျဖင့္ ေျပာလာေတာ့
သူလည္း ဟင္းခနဲ တစ္ခ်က္လိုက္ရယ္ပစ္လိုက္သည္ ။
သူမ စကားအတိုင္း Chanyeol ကိုယ္တိုင္လည္း
အေဖ့ရဲ႕အေတြးေတြကို လိုက္မမွီနိုင္ေတာ့ပါ ။

' ဓာတ္ပုံေတြကေတာ့ နင့္အေဖလုပ္တာ
မဟုတ္ေလာက္ပါဘူးေနာ္ ´

ယူနာက စေနာက္သလို ပုံစံေလးႏွင့္
ေမးလာေတာ့မွ  Chanyeol အသည္းအသန္ျငင္းရသည္ ။

' မဟုတ္ဘူး  အဲ့ဓာတ္ပုံေတြက
နားလည္မႈလြဲသြား႐ုံသက္သက္ပဲ ။
နင္လည္း သိရဲ႕သားနဲ႕    ငါက .....

ငါက ..... ´

ဒီလိုစကားမ်္ိုးေျပာလို႔ သင့္ေတာ္ေသးရဲ႕လား ဆိုတဲ့
အေတြးနဲ႕ Chanyeol ႐ုတ္တရက္ ရပ္တန့္မိသြားေသာ္လည္း
ယူနာက  သူမနားေထာင္ေနတယ္ေနာ္ ဆိုတဲ့ပုံစံေလးနဲ႕
မ်က္ခုံးေလး ပင့္ျပေနေတာ့ Chanyeol ေခါင္းကိုငုံ႕ခ်ကာ
ခပ္တိုးတိုး ဆက္ေျပာမိသည္ ။

' ငါက တစ္ခ်ိန္လုံး နင့္ကိုပဲ ခ်စ္လာခဲ့တယ္ဆိုတာကို ´

သူ႕စကားက္ိုၾကားေတာ့  ယူနာ ခပ္လြင္လြင္ေလး
ထပ္ရယ္လာၿပီး coffe ႏြေးႏြေးေလးကိုသာ
တစ္ငုံ ယူေသာက္ေနသည္ ။

' အင္း ... 6 ႏွစ္ဆိုတဲ့အခ်ိန္ကာလက ငါယုံဖို႔
လုံေလာက္ပါတယ္ ။
တစ္ခုေမးခ်င္တယ္  Chanyeol
အမွန္အတိုင္းေျဖေပးမလား ´

သူမရဲ႕အၾကည့္ေတြက ေလးေလးနက္နက္ ပုံစံေလး
ေပါက္လာေတာ့ Chanyeol လည္း သက္ျပင္းကို
မသိမသာခ်၍  ေခါင္းၿငိမ့္မိလိုက္သည္ ။

' နင္ နိုင္ငံျခားက ျပန္ေရာက္ၿပီး
ငါတို႔ 2 ခါေတြ႕ျဖစ္ခဲ့ေသးတယ္ေလ
ပထမတစ္ခါက  ေန႕လည္စာအတူသြားစားတာ ၊
ဒုတိယတစ္ခါက  ႐ုပ္ရွင္အတူၾကည့္တာ ။
အဲ့တုန္းက  နင္ငါ့ကို သေဘာက်ခဲ့ေသးလား ´

Chanyeol တစ္ခ်က္ၿပဳံးမိသြားေသာ္လည္း
ဝမ္းနည္းရိပ္ေတြ မ်ားစြာပါဝင္ေနသည္ ။

မသင့္ေတာ္ေတာ့မွန္းသိေပမယ့္ ေနာက္ဆုံးတစ္ေခါက္အေနနဲ႕
သူ႕ခံစားခ်က္အမွန္ေတြကို ယူနာ သိေအာင္ေျပာျပခဲ့ခ်င္
ေသးတယ္ ။

' အင္း ... တကယ္ေတာ့ နိုင္ငံျခားကိုေရာက္ေနတဲ့
6 ႏွစ္လုံးလည္း နင့္ကိုပဲငါ့စိတ္ထဲ ထည့္ထားခဲ့တာပါ ။
အဲ့ဒီမွာ ငါ့ေျခေထာက္အေပၚငါရပ္နိုင္ဖို႔ ႀကိဳးစား
ေလ့လာခဲ့တယ္ ။ အဲ့တုန္းက ေတြးထားခဲ့တာက
Korea ကိုျပန္ေရာက္ရင္ နင့္နဲ႕ေတြ႕ဖို႔ !
အကယ္၍ နင္လည္းငါ့လို ခံစားခ်က္ေတြ ဆက္ရိွေနေသးရင္
ဒီတစ္ခါေတာ့ အေဖ့ကို မရ ရေအာင္ဆန့္က်င္ရင္း
နင့္ဆီ ေျပးထြက္ခဲ့မလို႔ပဲ  ´

' ႏွေျမာစရာေကာင္းလိုက္တာ ´

ယူနာက ခပ္သာသာအၿပဳံးေလးနဲ႕အတူ မွန္ေတြကာရံထားတဲ့
ဆိုင္အျပင္ဘက္ကို ေငးၾကည့္ရင္း ေရ႐ြတ္သည္ ။
ခုခ်ိန္ ယူနာ့ ရင္ထဲမွာေရာ Chanyeol ရင္ထဲမွာေရာ
ဘယ္ေလာက္ေတာင္ နာက်င္ေနရသလဲဆိုတာ
ကာယကံရွင္ေတြပဲ သိနိုင္သည္ ။

ခ်စ္ခဲ့တဲ့ႏွစ္ေတြေပါင္းက  ဘယ္ေလာက္ေတာင္မို႔လဲ ။
7 ႏွစ္ဆိုတာ နည္းနည္းေနာေနာမွ မဟုတ္တာ ။

ျပန္လွည့္ၾကည့္လာတဲ့ ယူနာက ၿပဳံးထားဆဲျဖစ္ေပမယ့္
မ်က္ဝန္းမွာေတာ့ မ်က္ရည္စေတြ ေဝ့ဝဲေနသည္ ။

' တကယ္ေတာ့ေလ ..... ´

ယူနာက  အက္ကြဲတုန္ယင္သြားေသာ အသံကိုထိန္းရင္း
ခဏ ရပ္ပစ္လိုက္သည္ ။
အတတ္နိုင္ဆုံးေတာ့ Chanyeol ရဲ႕ေရွ႕တြင္
မငိုခ်င္ေသာ ပုံမ်ိဳးနဲ႕ ။

' ငါလည္း ဒီ 6 ႏွစ္အတြင္း တအားႀကိဳးစားခဲ့တာ ။
အရင္က ယူနာက ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့
တကၠသိုလ္​ေက်ာင္းသူတစ္ေယာက္ဆိုေပမယ့္
အခုယူနာကေတာ့ အေတာ္အဆင္ေျပသြားပါၿပီ ။

ငါတိုက္ခန္းတစ္ခန္းဝယ္ထားတယ္ ၊ ကားလည္းဝယ္ထားတယ္။
အလုပ္လည္း ရာထူးျမင့္ျမင့္မွာရိွပါတယ္ ။ ငါထင္တာက ... ´

ယူနာ ထိန္းေျပာေနရင္းမွ အသံေတြက တုန္ရီသြားသည္ ။
2 ေယာက္လုံး ပင္ပန္းခဲ့ရသည့္အေၾကာင္းမ်ားကို
ျပန္ေတြးေတာ့ Chanyeol လည္း အမွန္တကယ္ပင္
ရင္ထဲ စူးေအာင့္လာ၏ ။

' ငါထင္တာက ဒီေလာက္ဆိုရင္ေတာ့
နင့္လက္တြဲေဖာ္ ျဖစ္ေလာက္တဲ့ အေနအထားမွာ ရိွၿပီလားလ္ို႔ ။

နင့္အေဖက အလြယ္တကူလက္မခံေလာက္မွာ ငါသိပါတယ္ ။
ငါတို႔ႀကိဳးစားရင္ေတာ့ လက္ခံေလာက္မွာလို႔ပဲ ေတြးခဲ့တယ္။
6 ႏွစ္ၾကာၿပီးမွ နင္ျပန္လာေတာ့ ငါတအားေပ်ာ္ခဲ့တာ ...

တအားပဲ ...
ထုတ္မေျပာေပမယ့္ နင့္ကိုငါခ်စ္ေနတုန္းပဲ ။
နင္လည္း ငါ့ကိုခ်စ္ေနတုန္းပဲဆိုတာ သိတယ္ ။

Chanyeol နင္သိလား ?
တကယ္ေတာ့  ငါတို႔ 2 ေယာက္လုံးက
မာနတအားႀကီးခဲ့ၾကတာ ။
ၿပီးေတာ့ အခ်ိန္လည္း လုံေလာက္ဦးမယ္ထင္လို႔ ... ´

' ငါေတာင္းပန္ပါတယ္ ´

Chanyeol ရင္ထဲမွာလည္း အခု ေနာင္တေတြ
အလီလီနဲ႕ ျဖစ္သည္ ။
သူသာ နိုင္ငံျခားက ျပန္ေရာက္ေရာက္ခ်င္း
ယူနာ့ကို အေဖလက္ခံနိုင္ဖို႔ အရင္ႀကိဳးစားခဲ့ရင္ ....
သူသာ နည္းနည္းေလးပဲ ျဖစ္ျဖစ္ထပ္ၿပီး သတၱိရိွခဲ့ရင္ ...
7 ႏွစ္တိတိ ခ်စ္ခဲ့တဲ့ ယူနာ့ကို ဒီလိုပုံစံမ်ိဳးနဲ႕
လက္လႊတ္ခဲ့ရမလား ။

လြန္ခဲ့တဲ့ 6 ႏွစ္ .. ယူနာနဲ႕ခ်စ္သူျဖစ္ခဲ့တုန္းက
အေဖျဖစ္သူရဲ႕ အတင္းအက်ပ္ ခြဲခြာျခင္းကိုခံခဲ့ရသည္ ။
တကၠသိုလ္ေက်ာင္းသားအ႐ြယ္ သူက ဘာမွ
မျငင္းဆန္နိုင္ခဲ့ပဲ အေဖ့ရဲ႕ စကားတစ္ခြန္းေအာက္မွ
နိုင္ငံေတြျခား၍ 6 ႏွစ္ေဝးခဲ့ရသည္ ။
စဥ္းစားၾကည့္ရင္  အကုန္သူ႕ေၾကာင့္ပါပဲ ။
ယူနာ ရဲရင့္သေလာက္ေတာင္ မရဲရင့္နိုင္ခဲ့တဲ့သူေၾကာင့္ ။

' Park Chanyeol !  ငေၾကာက္ !

ခုထိ အေဖ့သားေလး လုပ္ေနတုန္းလား  ဟင္ ?
ေခါင္းကိုေမာ့ထားစမ္းပါ ။ ငါ့ကို ပစ္ၿပီးရင္လည္း
ငါ့ေရွ႕မွာ ေပ်ာ္ေပ်ာ္ေနျပမွ ျဖစ္မွာေပါ့ ။
ဘာလဲ ဒီလိုပုံစံက  ´

ယူနာက တုန္ယင္ေနေသာ အသံေတြကိုထိန္းရင္း
မ်က္ေတာင္ကိုလည္း ပုတ္ခတ္ ပုတ္ခတ္လုပ္ကာ
ေမာ့၍ မ်က္ရည္သိမ္းေနသည္ ။

Chanyeol လည္း စိုစြတ္လာေသာ မ်က္ေတာင္ေတြကို
ခတ္ပစ္ကာ ေဘးဘက္မွန္နံရံမွ ျမင္ေနရေသာ
ျမင္ကြင္းမ်ားကိုသာ အၾကည့္ပို႔ထားလိုက္၏ ။

2 ေယာက္သား တုန္ရီခ်င္ေနေသာ ေမးမ်ားကို ထိန္းရင္း
ခံစားခ်က္မ်ားအနည္က်သြားေအာင္ တိတ္ဆိတ္ ထိုင္ေနတာက
15 mins ေလာက္ၾကာသြားသည္ ။

ထို႔ေနာက္တြင္ေတာ့  ယူနာက တစ္ခ်က္အသက္ကို
ျပင္းျပင္းရွိုက္ပစ္ရင္း  ဆူေဆာင့္ေဆာင့္  လွမ္းၾကည့္လာ၏ ။

' ေဟ့  ငါ့ကို Ph No. ေပးဦး !
အိမ္ေထာင္က်သြားလို႔  မစိမ္းကားသြားနဲ႕ !
မတြဲခင္အထိ  ငါတို႔က သူငယ္ခ်င္းျဖစ္ခဲ့တာ ´

Chanyeol သည္ ခပ္ေဖ်ာ့ေတာ့ေတာ့ ၿပဳံးရင္း
ဖုန္းကို သူမရဲ႕လက္ထဲသို႔ စိတ္တိုင္းက် လုပ္နိုင္ေအာင္
ကမ္းေပးလိုက္သည္ ။
သမီးရည္းစား ဘဝတုန္းကလည္း Chanyeol ရဲ႕
ပစၥည္းမွန္သမွ်ကို ယူနာ့လက္ထဲ စိတ္ခ်လက္ခ်ကိဳ
အပ္ေလ့ရိွတဲ့  အက်င့္ေလးေၾကာင့္ပင္ ။

' ဒီမွာ    ေရာ့  !
အခုခ်ိန္က စၿပီး ငါတို႔သူငယ္ခ်င္းပဲေနာ္
ငါေခၚရင္လည္း အေျပးလာခဲ့
ငိုေအာင္လုပ္တဲ့ အဖိုးအခအေနနဲ႕ေတာ့
ငါခိုင္းတာေတြ လုပ္ေပးမွရမယ္ ´

' ေအးပါဟာ ´

Chanyeol ခပ္သာသာရယ္ကာ
ဖုန္းကို ျပန္လွမ္းယူၿပီးသည့္ေနာက္ ယူနာက
သြားေတာ့မယ္ ဟုမ်က္ေစာင္းထိုးကာ​ ႏႈတ္ဆက္ရင္း
ထြက္သြားေလသည္ ။

ဆံပင္ရွည္ရွည္ေကာက္ေကာက္ကေလးမ်ားနဲ႕
ေက်ာျပင္ကို ေငးၾကည့္က်န္ခဲ့ရင္း Chanyeol
သက္ျပင္းဖြဖြသာ ခ်မိေလေတာ့၏ ။

* ဘယ္လိုေမ့နိုင္မလဲ ယူနာရယ္ ...
နင္က  ငါ့အတြက္ေတာ့ တစ္သက္လုံး ခ်စ္ရမယ့္သူပါပဲ *

_
_
_
_
_

ဒီေန႕ ယူနာနဲ႕ေတြ႕ျဖစ္ ေျပာျဖစ္ခဲ့တဲ့ စကားေတြေၾကာင့္
တစ္ေနကုန္ စိတ္ေတြ႕ မေပါ့ပါး မလန္းဆန္းျဖစ္ေနရသည္ ။

႐ုံးဆင္းခ်္ိန္ 4 နာရီကိုေရာက္ေတာ့  ညေနခင္းတို႔
သဘာဝအတိုင္း ေလးတျဖဴးျဖဴးတိုက္ခတ္ရင္း
လိေမၼာ္ဆီေရာင္သန္းလာေသာ ေကာင္းကင္ေအာက္တြင္
အရာရာက တိတ္ဆိတ္ ေအးခ်မ္းေနဆဲ ။

Chanyeol သည္ ကားကို ျဖည္းျဖည္းမွန္မွန္သာ
ေမာင္းလာရင္း  သူေနထိုင္ေသာ ရပ္ကြက္
အတြင္းသို႔ ဝင္လာေတာ့  သူတို႔ ၿခံဝန္းေရွ႕တြင္
စုစု စုစုႏွင့္ လူငယ္ 5 ေယာက္ 6 ေယာက္ေလာက္ကို
ေတြ႕လိုက္ရသည္ ။

Chanyeol ကားက ၿခံဝန္းေရွ႕ထိုး၍ ရပ္လာေတာ့
ထိုေကာင္ေလးေတြရဲ႕ အၾကည့္ေတြက ကားေပၚကာ
ဆင္းလာေသာ Chanyeol ဆီသို႔သာ စုၿပဳံ၍
က်ေရာက္လာ၏ ။

အားလုံးသူရဲ႕ လက္ထဲမွာလည္း စကိတ္ဘုတ္ျပားေလးေတြ
ကိုယ္စီပိုက္လွ်က္ႏွင့္ Baekhyun နဲ႕ ႐ြယ္တူေတြ ။

' ေဟ့ေကာင္ေတြ ငါလာၿပီ ´

မၾကာလိုက္  စကိတ္ဘုတ္ျပား တစ္ခုပိုက္၍
ၿခံထဲမွ ထြက္လာေသာ Baekhyun သည္
ကာကီေရာင္အက်ီ္ Hoodie ပြပြႀကီးတစ္ထည္ကို
ဒူးတိ ေဘာင္းဘီႏွင့္တြဲဖက္ ဝတ္ထား႐ုံသာမက
ထုံးစံအတိုင္း ေျခသလုံးနီးပါးရွည္ေသာ ေျခအိတ္ကိုလည္း
ဝတ္လာေသးသည္ ။

ေကာင္ေလးေတြက Chanyeol ကိုပဲ
စူးစမ္းၿပီး ဝိုင္းၾကည့္ေနၾကတာမို႔ တစ္ခ်က္ေခ်ာင္းဟန့္ကာ
အၾကည့္လႊဲရင္း ၿခံထဲမွ ထြက္လာေသာ
Baekhyun ဘက္ကိုသာမ်က္ႏွာမူထားလိုက္သည္ ။

' ဘယ္သြားမလို႔လဲ ? ´

' ညေနတိုင္း ကြၽန္ေတာ္တို႔  စကိတ္စီးေနက်ေလ !
အဲ့ဒါသူတို႔နဲ႕ ဒီကေန ခ်ိန္းၿပီးသြားမလို႔
6 နာရီေလာက္ဆို ျပန္ေရာက္မယ္ ´

Chanyeol ေခါင္းတစ္ၿငိမ့္ၿငိမ့္လုပ္ေနတုန္း
လူအုပ္ၾကားထဲမွ အသံတစ္သံထြက္က်လာသည္ ။

' Baekhyun အဲ့ဒါ  မင္း လူႀကီးလား ?
အတူလိုက္ဖို႔ ေခၚခဲ့ေလ ´

အရပ္ခပ္ရွည္ရွည္ႏွင့္ေကာင္ေလး တစ္ေယာက္က
Baekhyun ႏွင့္သူ၏ ဆက္ဆံေရးကို
စူးစမ္းခ်င္သည့္ဟန္ႏွင့္ အပါေခၚေနသည္ကို
Chanyeol ရိပ္မိသည္ ။

သို႔ေသာ္လည္း ဒီလို ဆယ္ေက်ာ္သက္တစ္အုပ္နဲ႕
သြားလည္ပတ္ေနရေအာင္အထိ သူအားယားမေနပါ ။
ဘယ္လိုျဖစ္ျဖစ္ ျငင္းရမွာပဲ ျဖစ္သည္ ။

' ေဟးးးး  ေတာ္စမ္းပါဟ !
Byun Baekhyun နဲ႕က ဆက္ဆံေရးမေကာင္းတဲ့ပုံပဲ
ေခၚတိုင္း လိုက္ပါ့မလား  ဟ ဟ ´

ခုနကပဲ ဆံပင္ေကေၾကာင့္ သူၾကည့္မရျဖစ္ေနေသာ
ေထာင့္က်ိဳးပုံ မရသည့္ေကာင္ေလးသည္
Baekhyun ကို မသိမသာေထ့ေငါ့ရင္း
ယခင္ အရပ္ရွည္ရွည္ႏွင့္ ေကာင္ေလး ပုခုံးကို
လွမ္းဖက္လိုက္ရင္း  ဆို၏ ။

အျခားေကာင္ေလးေတြလည္း ဟိုၾကည့္ဒီၾကည့္ႏွင့္
ေတာင့္သြားၾကသလို  Baekhyun ၏
မ်က္ႏွာေလးသည္လည္း ေဒါသစိတ္ေၾကာင့္ နီရဲတက္လာသည္ကို
Chanyeol ျမင္လိုက္ရ၏ ။

ခါတိုင္းလို   ပက္ပက္စက္စက္ ဆဲရင္ဆဲ ၊
မဆဲရင္  ထထိုးေတာ့မည္ဟု ေသခ်ာေပါက္
မွတ္ယူထားေသာ္လည္း Baekhyun သည္
ဘာမွ စကားရွာမရျဖစ္ေနေသာ ကေလးတစ္ေယာက္ရဲ႕ဟန္နဲ႕
လက္သီးေလးသာ ဆုပ္၍ ဟိုေကာင္ေလးကို
ေပါက္ထြက္ မတတ္ၾကည့္ေနသည္ကို ျမင္လိုက္ရ၏ ။

ဘယ္လိုျဖစ္ျဖစ္  ေခြး ေခြးခ်င္းကိုက္ရင္ေတာင္
ကိုယ့္ေခြးကို နိုင္ေစခ်င္တာ လူေတြရဲ႕သဘာဝပဲမလား ။
Chanyeol လည္း လူထဲက လူမို႔ Baekhyun ကိုေတာ့
မရႈံးေစလိုပါ ။

' လိုက္ခဲ့မယ္ေလ ။
စကိတ္မစီးတတ္လည္း အေပ်ာ္ေပါ့ ´

တစ္ဖြဲ႕လုံးအျပင္ အရပ္ရွည္ရွည္ေကာင္ေလးေရာ
အုန္းမႈတ္ခြက္ေကႏွင့္ေကာင္ေရာ ယုတ္စြအဆုံး
Byun Baekhyun အထိ သူ႕ကို ျပဴးေၾကာင္ေၾကာင္ႏွင့္
ဝိုင္းၾကည့္လာေလသည္ ။

ခဏေလးသာ တအံ့တၾသၾကည့္၍
Baekhyun သည္ ပါးတစ္ဖက္မို႔ေအာင္
အနိုင္ၿပဳံး ၿပဳံးခ်လိဳက္ၿပီး  စကိတ္ကိုေအာက္သို႔
ေသခ်ာခ်လိဳက္၏ ။

' ကဲ ၾကားလား ။ လိုက္မယ္တဲ့ ။
သြားၾကမယ္ !
ေအာ္ ... ခင္မ်ားက ကားနဲ႕ပဲျဖည္းျဖည္းေမာင္းၿပီး လိုက္ခဲ့ေနာ္
ကြၽန္ေတာ္တို႔က ဒီကပဲ စကိတ္တစ္ခါတည္းစီးသြားမွာ ´

Byun Baekhyun ၏ ေဆာ္ၾသသံအဆုံး
ေကာင္ေလးေတြ အဖြဲ႕သည္လည္း ထပ္ၿပီး
ေတာင့္ေတာင့္ႀကီးရပ္မေနေတာ့ပဲ
စကိတ္ကိုယ္စီလမ္းေပၚခ်၍ စီးကာ စထြက္ေတာ့သည္ ။

ထိုအုပ္စုေနာက္ သူလည္း ကားကို ခပ္မွန္မွန္သာ
ေမာင္း၍ လိုက္လာခဲ့ေတာ့သည္ ။

ကားကို တအားျဖည္းေနစရာပင္မလို ။
Baekhyun အပါအဝင္ ေကာင္ေလးေတြ အုပ္စုက
ကြၽမ္းက်င္အဆင့္ျဖစ္ေနၿပီမို႔  ရွင္းလင္းေနေသာ
လမ္းမတစ္ေလွ်ာက္ အရွိန္ျပင္းျပင္းျဖင့္ စီးသြားၾကသည္မို႔
သူက ေနာက္မွ ပုံမွန္အရိွန္ျဖင့္သာ ကားကိုေမာင္း၍
လိုက္ခဲ့ရသည္ ။

စီးတတ္တဲ့ သူေတြ အတြက္ေတာ့မသိေပမယ့္
အဲ့လိုေတြ တစ္ခါမွ မစမ္းဘူးတဲ့ Chanyeol အတြက္ေတာ့
ေနာက္က ၾကည့္တာေတာင္ အသည္းယားစရာ
အရိွန္မ်ိဳးျဖစ္သည္ ။

တဝူးဝူး  တဝါးဝါးလည္း ေအာ္သြားၾကေသးတဲ့အျပင္
တစ္ေယာက္နား တစ္ေယာက္လိုက္ကပ္၍လည္း
စ ေနၾကေသာေၾကာင့္ မေတာ္တဆတိုက္မိ၍လဲမည္ကို
အသဲတႀကိမ္းႀကိမ္းႏွင့္ ၾကည့္ေနရေသး၏ ။

သူတို႔ လူငယ္ေတြကေတာ့ တကယ္ကို
ေပ်ာ္ေနၾကသည့္ဟန္ျဖင့္
ေလတျဖဴးျဖဴးတိုက္ေနေသာ ညေနခင္းတြင္
ေလဆံေတြ  ေလထဲမွာလြင့္လွ်က္ တဟားဟား
ရယ္ေနၾကေလသည္ ။

ဒူးေကာက္ေကြး ေဖြးေဖြးေလးကို ေနာက္မွ
ဆက္တိုက္ျမင္ေနရေသာ Baekhyun သည္လည္း
သူ႕ေဘးက ေကာင္ေလးႏွင့္ တြန္းရင္း တိုက္ရင္း
ပါးစပ္ကို ဆယ္ေတာင္ေလာက္ ဟ ကာ
တဟားဟား ရယ္သြားေသး၏ ။

စကိတ္စီးျခင္းက ကြၽမ္းက်င္လွ်င္
တကယ့္ကို ေပ်ာ္စရာေကာင္းသည္ဟု
Chanyeol ဒီညေနခင္းတြင္ လက္ခံလိုက္ပါသည္ ။

_
_
_
_

စကိတ္စီးသည့္ကြင္းတြင္  အသက္ 5 ႏွစ္ 6 ႏွစ္အ႐ြယ္
ကေလးမ်ားမွ စ၍ Baekhyun တို႔လ္ို 20 ေက်ာ္အ႐ြယ္
ေတြအထိ   ေကာင္ေလးေတြ ေျမာက္မ်ားစြာပင္
လာေရာက္ကစားေနၾကသည္ ။

ေျပာရရင္ Chanyeol ငယ္ဘဝတုန္းက ဒီလိုေနရာမ်ိဳးကို
တစ္ခါမွ်ပင္ မေရာက္ဖူး မေတြ႕ဖူးခဲ့ ။
ေက်ာင္းစာ ၊ အားကစားႏွင့္ အျခားဘာသာရပ္ အမ်ိဳးမ်ိဳးကို
ေလ့လာ၍ပဲ အခ်ိန္ကုန္ေနခဲ့ရတာမ်ားသည္ ။

အေပ်ာ္အပါးဆိုတာ မအပ္စပ္သလို
တစ္ခါမွ်ပင္ ဒီလို စိတ္လြတ္လက္လြတ္မေပ်ာ္ခဲ့ဖူးဘူး ။

တျဖည္းျဖည္း 5 နာရီစြန္းစြန္း အခ်ိန္သို႔ ေရာက္လာသည့္တိုင္
Baekhyun တို႔ အုပ္စုေတြက  ေလွ်ာေစာက္ႀကီးထဲမွာ
တေဟးေဟး တဝါးဝါး ထပ္ခါ ထပ္ခါ စီးၾကတုန္းျဖစ္သည္ ။

သူတို႔ဟိုဘက္ ေလွ်ာေစာက္က ဆင္းၿပီး
ဒီဘက္ကို ေျမာက္တက္လာလိုက္ 
ေဘးကခုံမွာ ေရသန့္တစ္ဘူးႏွင့္ထိုင္ၾကည့္ေနေသာ
Chanyeol က အသဲက်ိန္းသြားလိုက္ျဖစ္၏ ။

ေတာ္ေတာ္ၾကာမွ  Byun Baekhyun တစ္ေယာက္
စကိတ္ကို ခပ္ျဖည္းျဖည္းေကြ႕ေကာက္စီးရင္း
သူ႕ေရွ႕သို႔ ေရာက္လာသည္ ။

' ေဟးးး  ခင္မ်ားဘာလို႔လိုက္တာလဲ
ဒီမွာ ဘာမွလုပ္စရာမရိွပဲနဲ႕ ´

' မင္းအေလွာင္ခံေနရတာေလ
ငါမလိုက္ရင္ ပိုၿပီးအေလွာင္ခံရမွာမလား
ငါက လူ႕က်င့္ဝတ္ေတာ့ ရိွပါတယ္ ´

Baekhyun သည္ သူ႕စကားက္ိုလည္းၾကားေရာ
အမွန္တကယ္ပင္ ဟန္မေဆာင္တိုင္း အားရပါးရ
ေခါင္းေမာ့၍ တဟားဟား ရယ္ပါေတာ့သည္ ။

' ဟား ဟား ဟား ဟား  ..
ေတာ္တယ္ ေတာ္တယ္
တအားေက်းဇူးတင္တယ္ သိလား ´

သူ႕ထက္ အသက္ႀကီး 8 ႏွစ္ႀကီးေသာ
Chanyeol ၏ဆံပင္ေတြကို
ေလတျဖဴးျဖဴးႏွင့္အတူတစ္ခ်က္ဖြသြားရင္း 
ရယ္ေမာကာ စကိတ္ႏွင့္စီးထြက္သြားေသာ
ေကာင္ေလးေၾကာင့္ Chanyeol မွာ လွမ္းေအာ္ရအခက္
ေဒါသထြက္ရအခက္ ျဖစ္က်န္ခဲ့၏ ။

လိေမၼာ္ေရာင္သန္းေနေသာ ပတ္ဝန္းက်င္တြင္
အျခားေကာင္ေလးမ်ားကလည္း သူႏွင့္ Baekhyun ကို
မ်က္စ ပစ္ျပ၍ ရိွေနခဲ့ေလသည္ ။

ဆက္ရန္ ...

ဟယ္လို ... ဒီေန႕  မုန္လာဥ ရဲ႕ Double update Day !
စကားမစပ္ user name ကို
Mone_La_U  ( မုန္လာဥ ) လို႔ေျပာင္းလိုက္တယ္ေနာ္
မုန့္လဥ  လို႔ဖတ္မေနၾကနဲ႕ဦးးးး  :3

Continue Reading

You'll Also Like

98.7K 6.2K 35
ချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
17.7K 1.8K 47
Zawgyi + Unicode " ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့ " Start - 28.9.2022 Wed End - 27.4.2023 Thu
715K 26.3K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
25.2K 1.7K 24
One wants to die... One is dying...