" ကိုကို့ ရဲ့ ငယ် - 7 "
စာမေးပွဲဖြေနေရတဲ့ရက်တွေမှာ Kyung Soo. Yeol နဲ့အချိန်အတော်များများ အတူရှိဖြစ်တယ်
Yeol အိမ်မှာဖြစ်ဖြစ် Kyung Soo အိမ်မှာဖြစ်ဖြစ် နှစ်ယောက်အတူတူစာလုပ်ကြရင် သိပြီးသားစာတွေ ပြန်ပြန်ရှင်းပြခိုင်းပြီး ခိုးခိုးကြည့်နေတတ်တဲ့ Kyung Soo လူလည်လေး
Kyung Soo လည်း စာတော်တယ်ဆိုပေမယ့် စာမေးပွဲခန်းထဲ ဝင်ခါနီးရင် ကြောက်တတ်တာ ငယ်ငယ်တည်းက အကျင့်များ ဖြစ်နေမလား
Yeol သိပြီးသားမို့ အခန်းထဲမဝင်ရခင်ထိ Kyung Soo အနားမှာနေပေးတတ်ပေမယ့် Kyung Soo ကတော့ မူပိုပြီးကပ်ချွဲနေတုန်းပါပဲ
"ကိုကို~ "
သံရှည်ဆွဲခေါ်လိုက်တာကြောင့် Yeol စာပြန်ကြည့်နေရင်းက ထူးလိုက်တယ်
"ဟင်"
"ငယ် ကြောက်လို့ "
"ဒီတစ်ဘာသာပြီးရင် ပြီးပြီလေ ငယ် ကလည်း မကြောက်နဲ့နော်"
"ဒါပေမယ့်.."
Kyung Soo ချွဲလို့ရလိုက်တဲ့ အကျိုးဆက်ကတော့..
"ကိုကို့ ရဲ့ ငယ်လေး ကတော်ပြီးသားပါ"
ဆံပင်ဝဲဝဲလေးကိုဖွရင်း Yeol ရဲ့နှုတ်ဖျားကပြောတဲ့ စကားတစ်ချို့က Kyung Soo အတွက် မျက်ရည်ကျဖို့အထိ လုံလောက်ပါတယ်
^ကိုကို့ ရဲ့ ငယ်လေး က .....
ဘယ်လိုတောင် ပြောတတ်ရတာလဲ ကိုကိုရယ် ပျော်လွန်းလို့ ထခုန်လိုက်ချင်တော့တာပဲ^
"ခနနေရင် အခန်းဝင်ရတော့မယ်ဆိုတော့ သွားရင်သွားနှင့်လေ အကို"
အလိုက်မသိသူ Baekhyun🤭
ခုလေးမှ အနားရောက်လာပြီး အတင်းနှင်လွှတ်နေတာ
Kyung Soo ဂျိုကြည့်ကြည့်လိုက်တော့ ဘာမသိသလိုနေနေတဲ့ Baek
'တကယ်တော့ ဟိုးတည်းကမြင်နေရတာ အမြင်ကပ်လို့'
"ကိုကို သွားမယ် ငယ် ကောင်းကောင်းဖြေခဲ့နော် "
"ဟုတ် ကိုကို ရောပဲ"
Yeol ထွက်သွားတာကို Kyung Soo လိုက်ငေးနေလိုက်သေးတယ်
^ကိုကို က နောက်ကျောဘက်တောင် Smart ဖြစ်နေတာမျိုးပေါ့^
"ဟျောင့် မျက်လုံးကြီးကပ်ပါသွားမယ်"
"ကပ်ပါစရာလား စဥ်းစားလေ"
"အော်.. ခုနတော့ သူမဟုတ်တဲ့အတိုင်း ချွဲနေတာဘယ်သူများပါလိမ့်"
"တခြားလူနေမှာပေါ့"
နှစ်ယောက်တွေ့တာနဲ့ ဘုနဲ့ဘောက်ပဲ
ငယ်သူငယ်ချင်းတွေဆိုတော့လည်း
"နေပါအုန်း မင်း ခုနဘယ်ရောက်နေတာလဲ"
"ငါလား ဟိုနားမှာလေ"
"မတွေ့ပါဘူးကွာ"
"ငါ ရှိတယ်ဆို ရှိ.. ရှိတယ်ပေါ့"
"စကားတွေထစ်နေတာလား"
"ထစ်စရာလား စဥ်း.."
"Byun Baekhyun "
"ဟုတ် တီချယ်"
"ခုထိစကားများနေသေးတယ်"
"အား! နာတယ် တီချယ်"
လက်သံပြောင်တာ နှစ်ယောက်မရှိတဲ့ အတန်းပိုင်ဆရာမရဲ့ နားရွက်လိမ်ဆွဲတာ ခံလိုက်ရတဲ့ Baek ရယ်ပါ
"အားလုံး အခန်းထဲဝင်လို့ရပြီနော်"
*************************
Yeol နောက်ဆုံးနှစ်မလို့ နာရီဝက်ထပ်ဖြေရတော့ Kyung Soo နဲ့ Baek ကျောင်းဆောင်ရှေ့က ထိုင်ခုံလေးမှာ ထိုင်စောင့်နေကြတယ်
တွေ့တိုင်းသာ ဘုကလန့်တွေပြောနေတာ နှစ်ယောက်လုံး သံယောဇဥ်ရှိကြသား
"ကိုကို လာရင် မုန့်သွားစားကြမယ် လိုက်မယ်မလား"
"မလိုက်တော့ဘူး ငါ ခုဗိုက်ဆာနေပြီ မနက်က မုန့်ပဲစားခဲ့ရလို့"
"စာမေးပွဲရက်ကို အိပ်ပျော်နေတာလား"
မုန့်ပဲစားရတယ်ဆိုတာနဲ့ Kyung Soo တန်းသိပြီးသား အကျင့်တူလို့ ပေါင်းလို့ရနေတာကို
"အေး တော်သေးတယ်အရိုက်မခံရတာ မင်း တစ်ယောက်တည်းစောင့်လို့ အဆင်ပြေလား"
"ပြေပါတယ် ကျောင်းထဲမှာပဲကို"
"ပြီးရော ငါ သွားပြီနော်"
"အေး"
Kyung Soo ခုံမှာ တစ်ယောက်တည်းပဲ ထိုင်စောင့်နေလိုက်တယ်
ကျောင်းထဲမှာလည်း လူအတော်လေးရှင်းနေပြီမလို့ Kyung Soo လျှောက်သွားကြည့်လိုက်တယ်
လေအေးအေးလေးတိုက်နေတာ အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းသား
ဆောင်းဦးမို့ ကျောင်းရှေ့က နီရဲရဲ Maple ရွက်လေးတွေ ယိမ်းနေတာလည်း တစ်မျိုးလှနေသေးတယ်
" ကြွေကျလာတဲ့vနီရဲရဲ Maple ရွက်တစ်ရွက်ကို ဖမ်းမိမယ်ဆိုရင် သင်နဲ့အတူ လျှောက်လှမ်းလာတဲ့သူနဲ့ ချစ်ကျွမ်းဝင်လိမ့်မယ် " တဲ့
Kyung Soo ဖတ်ခဲ့ဖူးတဲ့ Maple Leaf🍁 အကြောင်းပြန်တွေးမိလိုက်တယ်
ကြွေကျနေတဲ့ Maple ရွက်လေးတွေကြား လက်ဖဝါးနုနုကို ဖြန့်ကျက်မိတော့ ကျလာတဲ့ Maple ရွက်ရဲရဲလေး
"ကိုကို နဲ့အတူရှိမနေပေမယ့် ငယ် Maple ရွက်လေး ဖမ်းမိလိုက်တယ် ကိုကို
ငယ့် စိတ်ထဲမှာရှိတဲ့သူက ကိုကို ပဲလေ
နည်းနည်းတော့ စိတ်ကူးယဥ်ဆန်ပေမယ့် တကယ်ဆိုရင် ငယ် ပျော်မိမှာ "
"ငယ် ဘာတွေပြောနေတာလဲ"
ကြားလိုက်ရတဲ့အသံကြောင့် လန့်ဖြန့်ပြီး Kyung Soo ကိုယ်လေး တုန်သွားသည်
ဖြည်းဖြည်းချင်လှည့်ကြည့်မိတော့ ပြုံးပြီးကြည့်နေတဲ့ Yeol
"ကိုကို ဘယ်ချိန်ကရောက်နေတာလဲ"
"ငယ် စကားမပြောခင်လေးက "
"ကိုကို ကြားသွားသေးလား"
"ဟင့်အင်း ငယ် ဘာတွေပြောနေတာလဲလို့"
Kyung Soo တိုးတိုးလေးပြောမိတာ ဟုတ်သွားသလိုပဲ ဒီအခြေအနေမှာ Yeol ကိုမသိစေချင်သေးဘူး
"Maple ရွက်တွေအကြောင်း ဖတ်ဖူးတာလေးတွေတွေးမိလို့ပါ
ကိုကို ဖြေနိုင်တယ်မလား"
"အင်း ငယ်ရော"
"ဖြေနိုင်တာပေါ့ ငယ် ပဲဟာကို
ကိုကို မုန့်သွားစားရအောင် ပြီးမှအိမ်ပြန်ကြမယ်နော်"
"ကိုကို လည်းဗိုက်ဆာနေပြီ"
Pov: ကိုကို ခုရက်ပိုင်း ကလေးလုပ်နေတာပဲ နှုတ်ခမ်းစူပြီးပြောနေတော့လည်း သူကငယ်တဲ့သူလိုလိုနဲ့
Kyung Soo ဖမ်းမိတဲ့ Maple ရွက်လေးကို ကျောပိုးအိတ်ထဲ ထည့်သိမ်းလိုက်တယ်
အိမ်ရောက်မှ ဗူးလေးထဲသေချာထည့်သိမ်းထားရမယ်လေ
*************************
Yeol နဲ့ Kyung Soo ကျောင်းနဲ့တစ်မှတ်တိုင်ကျော်က စားသောက်ဆိုင်ကို ထွက်လာခဲ့လိုက်ကြတယ်
ကျောင်းမှာနာမည်ကြီးတဲ့ ဆိုင်လေးတစ်ဆိုင်
စျေးအသင့်အတင့်ပေမယ့် အရသာက ပြောစရာမလိုအောင် ကောင်းပြီးသား
ဝိုင်းတစ်ခုစီမှာ ရိုးရိုးရှင်းရှင်း ပန်းအိုးခပ်သေးသေးတစ်လုံးနဲ့ Hydrangea ပန်းလေးတွေထိုးပေးထားတယ် အဓိပ္ပါယ်ကတော့ 'ကျေးဇူးတင်ပါတယ်' တဲ့
OST song ငြိမ့်ငြိမ့်လေးတွေလည်း ဖွင့်ပေးတတ်သလို အမှတ်တရနေ့တွေဆို လက်ဆောင်တွေလည်း ပေးတတ်ပါသေးတယ်
(ပုံဖော်ကြည့်လို့ရမယ် ထင်ပါတယ်နော်😁)
Yeol အတွက် Americano နဲ့ coffee cake. Kyung Soo အတွက်က orange juice နဲ့ strawberry cake မှာပြီး တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြဘဲ ထိုင်နေကြတယ်
ခုဆို Chen နဲ့ Punch ဆိုထားတဲ့ Everytime သီချင်းသံလေးက ဆိုင်ထဲမှာမတိုးမကျယ်ပျံ့လွင့်လျက်
♫︎ oh~ everytime I see you
ကိုယ် မင်းကို မြင်ရချိန်တိုင်း
♫︎ 그대 눈을 볼 떄면
မင်းရဲ့ မျက်ဝန်းတွေကို မြင်တဲ့အချိန်
♫︎ 자그 가슴이 또 설레여와
ကိုယ့် ရင်တွေတလှပ်လှပ်ခုန်လာတယ်
♫︎ 내 운명이죠
မင်းက ကိုယ့်ရဲ့ ကံကြမ္မာလေးပါ
♫︎ 세상 꿑이라도
ကမ္ဘာကြီး အဆုံးသတ်ချိန်ထိတိုင်
♫︎ 치켜주고 싶은 단한 사람
ကိုယ် ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ တစ်ယောက်တည်းသော သူလေး
♫︎ baby oh..oh..oh..oh'''
'ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ တစ်ဦးတည်းသော သူလေး '
ချစ်သူကိုရည်ရွယ်ပြီး ရေးစပ်ထားတဲ့ စာသားပေမယ့် Yeol အတွက်တော့ Kyung Soo ကိုသာ ရည်ရွယ်ထားသလိုပဲ
^ ဒီလူသားလေးကို ကာကွယ်ပေးချင်တယ် စောင့်ရှောက်ပေးချင်တယ် လုံးဝအထိခိုက်မခံနိုင်လောင်တဲ့ထိ
ချစ်တယ် အဖြူထည်သက်သက်ပဲပေါ့ ^
Kyung Soo အမှတ်တမဲ့ ခုံပေါ်တင်ထားတဲ့ Yeol လွယ်အိတ်ကို ကြည့်လိုက်မိတော့ မနှစ်က Yeol မွေးနေ့က သူပေးခဲ့တဲ့ ဂစ်တာkeychain လေးနဲ့
Keychain တွေပေးဖြစ်တာများပေမယ့် မနှစ်ကပေးတုန်းကတော့ Yeol ပါးချိုင့်လေးတွေပေါ်အောင် ရယ်နေတာကို Kyung Soo မှတ်မိနေတယ်
"ငယ်"
"............"
"ငယ်"
"ဟုတ်"
"ဘာတွေတွေးနေတာလဲ"
"ဘာမဟုတ်ပါဘူး😁"
"ဒီမှာရပြီ"
"ဟုတ်"
Kyung Soo ဒူးတနှန့်နှန့်နဲ့ မုန့်ထိုင်စားနေတာ ကလေးပေါက်စလေးကျနေတာပဲ
Yeol ရှေ့က Kyung Soo ကိုကြည့်ပြီး ပြောဖို့အားနာတာအမှန်
သူမရှိရင် ဒီကလေး ဂျီကျနေတော့မှာ
"ငယ်"
"အွန်း"
"နောက်ရက်ကျရင် ကိုကို အဘွားအိမ်မှာ သွားနေမလို့ မတွေ့တာလည်းကြာတာနဲ့ ပြီးတော့ uni တက်ဖို့ကလည်း အတော်လိုသေးတယ်လေ"
"ဘယ်လောက်ကြာကြာနေမှာလဲ"
"တစ်လလောက်ပါပဲ"
"ငယ် နောက်လ အဘိုးတို့ဆီကိုသွားရမှာ ကိုကို နဲ့ ငယ် လွဲသွားမှာပေါ့"
ဝမ်းနည်းနေတဲ့လေသံ တစ်ဝက်တပျက်လေးက မပါမဖြစ်
"တကယ်လို့လွဲသွားရင်တောင် ငယ် ပြန်လာရင် တွေ့ဦးမှာပဲကို"
"ဟုတ်"
Kyung Soo ကြောင့် Yeol စိတ်မကောင်းဖြစ်မိပေမယ့် အဘွားကိုလည်း 'အထက်တန်းပြီးရင်လာပါမယ်' လို့ပြောခဲ့တာမလို့ မသွားလို့လည်းမဖြစ်ဘူးလေ
*************************
ဘာလိုလိုနဲ့ တစ်ပတ်ကလည်း မကြာလိုက်သလိုပဲ
စာမေးပွဲပြီးတော့ နားနေတာနဲ့ Sehun ကလာခေါ်တော့ အပြင်သွားရတာနဲ့ Yeol. Kyung Soo နဲ့မတွေ့ရတာလည်း ကြာနေပြီ
Yeol အဘွားအိမ်ကိုသွားဖို့ လိုတာတွေပြင်ဆင်နေရင်း Tao ရောက်လာတော့တယ်
"သား မေမေလိုက်ခဲ့ရမလား"
"ရပါတယ် မေမေရဲ့ သား ကလေးမှမဟုတ်တော့တာ"
"သား ဘယ်တော့လောက်ပြန်လာမလဲ"
"တစ်လလောက်တော့နေမယ် ယာထဲမှာလည်း ကူလုပ်ရမယ်လေ"
"သားအဘွားကလေ မေမေတို့နဲ့ လာနေပါဆိုတော့လည်းမနေဘူး ဇာတိမှာပဲ ခေါင်းချချင်တယ်တဲ့"
"အဘွားဆန္ဒအတိုင်းပေါ့ မေမေရယ် သားတို့လည်း အဘွားဆီသွားလို့ရတာပဲကို
မနက်ဖြန်ကျရင် သား လိုင်းကားနဲ့ပဲ သွားလိုက်မယ် ပြန်ကာမှလာကြိုပေါ့"
"အေးပါ သားရယ်"
^ငယ် ခုချိန်ဆို ဘာလုပ်နေမလဲမသိဘူး ကိုကို နဲ့မတွေ့ရတဲ့အပြင် လာမချော့ဘူးဆိုပြီး စိတ်ကောက်နေမလား ဟိုတစ်ခါလို အရုပ်ကိုပဲ အပြစ်တင်နေမလားမသိဘူး
နောက်နှစ်လောက်ဆို လူကြီးဖြစ်တော့မယ့် ကလေးပေါက်စလေး^
ကိုယ့်အတွေးနဲ့ကိုယ် ရယ်လိုက်မိတယ်
^ တွေးလိုက်မိရုံနဲ့တင် Yeol ကို ရယ်အောင်လုပ်နိုင်တဲ့ Kyung Soo ဆိုတဲ့လူသားလေးက သူ့အတွက် ကလေးတစ်ယောက်ဆိုတာထက် မပိုခဲ့ပါဘူး ^
*************************
"မား ဒီနှစ်ပါးနှစ်ပတ်လည်သွားမှာမဟုတ်လား"
၁၆ နှစ်သား Kyung Soo လေး ၆ နှစ်သားလေးလို Suho ပေါင်ပေါ်မှာခေါင်အုန်းပြီး ချွဲနေတော့တယ်
"သွားရမှာပေါ့ သားရဲ့"
"သားလိုက်လို့ မရသေးဘူးလားဟင်"
"မား သားကိုစိတ်မချလို့ပါ သားရယ်"
"မားလည်းရှိနေတာပဲကို"
"ဒါပေမယ့်.."
"နောက်နှစ်ဆို သား လိုက်မှာနော်
ပြီးတော့ ပါးဆီကိုလည်း မသွားရတာကြာနေပြီ ပါးကိုသတိရတယ်"
မှတ်မှတ်ရရ Kyung Soo. Korea ရောက်တည်းက ပါပါးနှစ်ပတ်လည် မသွားရတော့တာ
မာမားကလည်း စိတ်မချဘူးပဲ ပြောနေတော့ အဘိုးနဲ့အဘွားဆီမှာ သွားနေရတယ်လေ
"နောက်နှစ်ကျရင် သားမလိုက်ချင်တောင် မားခေါ်ရမှာ ဘွားဘွားက သူ့မြေးလေးကိုလွမ်းလှပါပြီ တဲ့"
"ဟုတ် ဒီနှစ်တော့ မားမသွားခင် သား မားအနားမှာပဲနေတော့မယ်"
"ဟုတ်ပါပြီ မားရဲ့ မင်းသားလေးရယ်"
"မင်းသားလေး မဟုတ်ပါဘူး
မားရဲ့ သား ကလေးပေါက်စလေး ပါဗျ"
"အဲဒါဆိုလည်း မားရဲ့ ကလေးပေါက်စလေး ရပြီလား"
"ဟုတ်"
Suho ရယ်ပြီး Kyung Soo ဆံပင်အုပ်အုပ်လေးကို ဖွပေးလိုက်တယ်
Suho. Kyung Soo ကို တကယ်စိတ်မချနိုင်တာ
Yixing ဆုံးသွားရတဲ့ အကြောင်းရင်းကိုရောတရားခံကိုပါသိပေမယ့် အစပြန်ဖော်ရင် Kyung Soo အတွက်ပဲ ထိခိုက်နိုင်တယ်မဟုတ်လား
^မား သား ကိုမထိခိုက်စေချင်လို့ပါ သားရယ် ဖြစ်နိုင်ရင် သားရဲ့ပါးကလွဲပြီး ဘယ်သူ့ကိုမှ မပတ်သက်စေချင်တော့ဘူး သားအတွက် အနှောက်အယှက်တွေဖြစ်နေနိုင်တယ်^
ရင်ခွင်ထဲက Kyung Soo လေးကတော့ Suho ခေါင်းကိုပုတ်ပေးတာနဲ့တင် အိပ်ပျော်နေပါပြီ
'အပြစ်ကင်းတဲ့ ဒီကလေးကျမှ ဘာလို့လဲ'
*************************
" ကိုကို့ ရဲ့ ငယ် - 7 "
"ကိုကို~ "
"ဟင်"
"ငယ် ကြောက်လို့ "
"ဒါပေမယ့်.."
^ကိုကို့ ရဲ့ ငယ်လေး က .....
အလိုက်မသိသူ Baekhyun
"ဟုတ် ကိုကို ရောပဲ"
"တခြားလူနေမှာပေါ့"
"ငါလား ဟိုနားမှာလေ"
"မတွေ့ပါဘူးကွာ"
"စကားတွေထစ်နေတာလား"
"ထစ်စရာလား စဉ်း.."
"Byun Baekhyun "
"ဟုတ် တီချယ်"
"အား! နာတယ် တီချယ်"
*************************
"အေး"
"ကြွေကျလာတဲ့ နီရဲရဲ Maple ရွက်တစ်ရွက်ကို ဖမ်းမိမယ်ဆိုရင် သင်နဲ့အတူ လျှောက်လှမ်းလာတဲ့သူနဲ့ ချစ်ကျွမ်းဝင်လိမ့်မယ် " တဲ့
"ငယ် ဘာတွေပြောနေတာလဲ"
"ငယ် စကားမပြောခင်လေးက "
"အင်း ငယ်ရော"
*************************
ဈေးအသင့်အတင့်ပေမယ့် အရသာက ပြောစရာမလိုအောင် ကောင်းပြီးသား
ဝိုင်းတစ်ခုစီမှာ ရိုးရိုးရှင်းရှင်း ပန်းအိုးခပ်သေးသေးတစ်လုံးနဲ့ Hydrangea ပန်းလေးတွေထိုးပေးထားတယ် အဓိပ်ပါယျကတော့ 'ကျေးဇူးတင်ပါတယ်' တဲ့
♫︎ oh~ everytime I see you
♫︎ 그대 눈을 볼 떄면
♫︎ 자그 가슴이 또 설레여와
♫︎ 내 운명이죠
♫︎ 세상 꿑이라도
♫︎ 치켜주고 싶은 단한 사람
baby oh..oh..oh..oh'''
ချစ်သူကိုရည်ရွယ်ပြီး ရေးစပ်ထားတဲ့ စာသားပေမယ့် Chan အတွက်တော့ Kyung Soo ကိုသာ ရည်ရွယ်ထားသလိုပဲ
"ငယ်"
"............"
"ငယ်"
"ဟုတ်"
"ဘာတွေတွေးနေတာလဲ"
"ဘာမဟုတ်ပါဘူး😁"
"ဒီမှာရပြီ"
"ဟုတ်"
"ငယ်"
"အွန်း"
"တစ်လလောက်ပါပဲ"
"ဟုတ်"
*************************
"အေးပါ သားရယ်"
*************************
"သွားရမှာပေါ့ သားရဲ့"
"မားလည်းရှိနေတာပဲကို"
"ဒါပေမယ့်.."
"ဟုတ်"
*************************