"ဟင့်..ဟင့်...အူးဝါး...ပါး..ပေ..ပေ.."
"အေးအေး..အေးအေး..တိတ်ပါသားရယ်...
ဖေဖေပြန်လာတော့မယ်နော်..တိတ် တိတ်...
ညီလေးတောင်မငိုဘူးလေ..သားရယ်...တိတ်တိတ်...
ဖေဖေကပြန်လာတော့မှာနော်..တိတ်တိတ်.."
ကလေးသဘာဝ နေမကောင်းဖြစ်ရင်..ကိုယ့်ချစ်တဲ့သူကို တမ်းတကြတာမို့..အခုသားကြီးကလည်း ပေ ပေ ဆိုပြီး သူ့အဖေကိုတမ်းတခြင်းဖြစ်သည်..။ ကလေးက အီပြီး ကျွေးတာလည်းမစားတာမို့..ကျွန်တော်မနည်းချော့နေရတယ်...။
"ဆန်ပြုတ်လေးနည်းနည်းလောက်သောက်လိုက်ဦးနော်...
ပါပါး ဖေဖေ့ကို အခုလှမ်းခေါ်ပေးမယ်နော်...
သားကြ်ီးက လိမ္မာတယ်နော်...
နည်းနည်းလောက်ပဲစားလိုက်နော်..."
"ပေ...ပေ..."
"အင်းအင်း...ဖေဖေ့ကို အခုဖုန်းလှမ်းဆက်ပေးမယ်နော်..." လို့ သားကြီးကိုပြောပြီး ကိုဘုန်းဆီဖုန်းလှမ်းဆက်လိုက်တော့..ကိုဘုန်းက ဖုန်းပိတ်ထားတယ်..။
အဲ့တာနဲ့ကျွန်တော်လည်း..မသီတာဆီလှမ်းဆက်လိုက်တော့...ကိုဘုန်းက companyမှာမရှိဘဲ...ကုန်တိုက်ကို သွားတယ်လို့ပြောတယ်..။
"သားကြီး..ဖေဖေက ပြန်လာနေပြီတဲ့...
တိတ်တော့နော်...ဖေဖေပြန်လာရင် မုန့်မုန့်ဝယ်လာမှာလေနော်...တိတ်တော့...
ပါပါး ဆေးချိုချိုလေးတိုက်မယ်.." လို့ သားကြီးက ခေါင်းညိတ်ပြလာတာမို့..သားကြီးကို ဆေးတိုက်ပေးလိုက်တော့..ငိုထားတဲ့အရှိန်ရော ဆေးအရှိန်ကြောင့်ရော သားကြီးက အိပ်ပျော်သွားတယ်..။
သားငယ်ကိုတော့..အဖျားကူးမှာစိုးလို့ အဖိုးနဲ့ခနထားထားတယ်..။ သားငယ်က ငိုခြင်းသိပ်မရှိတာကြောင့်..အဖိုးနဲ့တော့ အဆင်ပြေပါတယ်..။ ကျွန်တော်လည်း..အဖိုးကို အကျိုးအကြောင်းပြောပြပြီး..ကိုဘုန်းကို သွားခေါ်ဖို့ ကုန်တိုက်ထွက်လာခဲ့လိုက်တယ်..။
ကုန်တိုက်ရောက်လို့..မန်နေဂျာဆီသွားတော့..ကိုဘုန်းပြန်သွားပြီလို့ ပြောတာမို့..ကျွန်တော်လည်း အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်..။ ကျွန်တော်လျှောက်လာရင်း...ကော်ဖီတစ်ဆိုင်နားရောက်တော့..ကိုဘုန်းကို တွေ့တာမို့ သွားခေါ်မယ်ဆိုပြီးပြင်လိုက်ပြီးမှ..ကိုဘုန်းနဲ့စကားပြောနေတဲ့သူကို တွေ့တော့..ကိုဘုန်းကိုသွားခေါ်မယ့်ကျွန်တော့ခြေလှမ်းတွေ ရပ်တန့်သွားတယ်..။
"တောက်!..."
ကိုယ့်သားသမီး နေမကောင်းလို့..ဖုန်းဆက်တာကိုတောင် မကိုင်နိုင်ဘဲနဲ့..ရည်းစားဟောင်းနဲ့တော့ ရယ်မောနေလိုက်တာ...
ဒေါသထွက်လွန်းလို့..ဆိုင်ထဲဝင်ပြီး သွားပြောလိုက်ချင်ပေမဲ့..သူ့ဂုဏ်သိက္ခာထိခိုက်မှာကြောင့်လို့..အိမ်ကိုပဲပြန်လာခဲ့လိုက်တယ်..။
...........................
"အသေးလေး...ကိုယ်ပြန်လာပြီ.."
"သြော်...ပြန်လာသေးတယ်ပေါ့..."
"ကိုယ်ကမပြန်လာလို့ ဘယ်သွားရမှာလဲ?..အသေးလေးရဲ့..."
"အဟက်...မသိဘူးလေ..ဘယ်ကိုသွားချင်နေလဲလို့..."
"ဘာတွေပြောနေတာလဲ?..အသေးလေးရာ...
ပင်ပန်းရတဲ့အထဲ..."
"သြော်...ရည်းစားဟောင်းနဲ့တွေ့ပြီးပြန်လာတာ ပင်ပန်းတယ်ပေါ့..."
"ကျစ်...အသေးလေး မင်းအခုကိုယ့်ကို ဘာပြောချင်တာလဲ?..."
"သားက ခင်ဗျားကိုတနေမို့လို့...ကျွန်တော်ခင်ဗျားကိုဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ...
အဟက်...မကိုင်တဲ့အကြောင်းအရင်းကလည်း ရည်းစားဟောင်းနဲ့တွေ့နေတာကို..."
"ကိုယ်တို့က ရိုးရိုးသားသားစကားထိုင်ပြောနေတာ.."
"ကျွန်တော်ကလည်း..မရိုးမသားလို့မပြောမိပါဘူး..."
"အသေးလေး!!.."
"ကျွန်တော့်ကိုလာမအော်နဲ့..."
"မအော်လို့မရဘူး..မင်းကထင်ရာမြင်ရာတွေနဲ့ လျှောက်စွပ်စွဲနေတာ.."
"ထင်ရာမြင်ရာလျှောက်စွပ်စွဲနေတာမဟုတ်ဘူး..ကျွန်တော့်မျက်လုံးနဲ့ကိုယ်တိုင်မြင်တာ..
သားက ခင်ဗျားကိုပဲ ခေါ်နေတာမို့လို့..ကျွန်တော်ခင်ဗျားကို လိုက်ခေါ်တာ...
အဟက်...မြင်လိုက်ရတဲ့မြင်ကွင်းက ကိုယ့်ယောက်ျားက ရည်းစားဟောင်းနဲ့ရယ်မောပျော်ရွှင်စွာ စကားပြောနေကြတာကျတာကိုပဲ..."
"ကျစ်...မင်းထင်သလိုမဟုတ်ပါဘူးလို့..ကိုယ်ဘယ်နှခါပြောရမလဲ?.."
"ဘာမှလာမပြောနဲ့တော့..."
"အေး...မပြောဘူးကွာမပြောဘူး..
ရှင်းပြတော့လည်း နားမထောင်..ကိုယ်ပြောချင်ရာကိုပဲ စွတ်ပြောနေ...
ဟုတ်တယ်ကွာ..မင်းထင်နေသလို ဟုတ်တယ်ကွာ..အဲ့တော့ဘာဖြစ်လဲ?..."
"ဘာ!..."
ဒေါသတွေထွက်လွန်းလို့..အရှေ့မှာရပ်နေတဲ့လူရဲ့မျက်နှာကို ဆွဲသာကုတ်ပြစ်လိုက်ချင်တော့တယ်...
"ရတယ်..ခင်ဗျားတောင် ဒီလိုဝန်ခံလာပြီဆိုမှတော့..
ကျွန်တော်ခင်ဗျားနဲ့တစ်ခန်းတည်းအတူမနေနိုင်ဘူး..." ဆိုပြီး အိပ်နေတဲ့သားကြီးကို ပွေ့ချီကာ အခန်းထဲက ထွက်မယ်လုပ်တော့...
"နေဦး..."
"မင်းတို့မသွားနဲ့..ကိုယ်သွားမယ်...
ကိုယ်ကလည်း ကိုယ့်ကိုအယုံအကြည်မရှိတဲ့သူနဲ့..အတူမနေန်ိုင်ဘူး..." ဆိုပြီး ကိုဘုန်းက အခန်းထဲကနေ ထွက်သွားတယ်..
"အဟက်...သူကများပြောရတယ်ရှိသေးတယ်..
ရတယ်..တစ်သက်လုံး အခန်းထဲမလာခဲ့နဲ့...
ဟင့်...လူယုတ်မာကြီး..ရွှတ်..ရွှတ်.."
"အဟင့်..အဟင့်...အူးဝါး..."
"ကျွတ်..ကျွတ်..သားကြီးရယ်...မငိုပါနဲ့...
ပါပါးက မေ့ပြီးအော်လိုက်မိတာ..ကျွတ်ကျွတ်.."
သူ့ကိုပြောနေရတာနဲ့..သားကြီးတောင်လန့်နိုးသွားတယ်..။
"ကျွတ်ကျွတ်...အိပ်ပါကွယ်..." လို့ ပြောပြီး..သားကြီးကိုပွေ့ချီကာ ပုတ်ပေးလိုက်တော့အငိုမတိတ်သေးတာမို့..အင်္ကျီလေးကိုလှန်ပြီး နို့တိတ်လိုက်တော့မှ အငိုတိတ်သွားတော့တယ်..။
........................
အသေးလေးနဲ့ရန်ဖြစ်ပြီး စကားမပြောတာ..၁ရက်ရှိသွားပြီ..။ကျွန်တော်အခုလာနေတဲ့အခန်းက..အသေးလေးရဲ့အရင်အခန်းဖြစ်တာမို့..မျက်နှာချင်းဆိုင်က အသေးလေးနဲ့ကလေးတွေရဲ့အသံကိုကြားနေရပါသော်လည်း..ကိုယ့်မှာ ဝင်မကြည့်ရဲတဲ့ဘဝ...
အသဲမာတဲ့အသေးလေးကတော့..ကျွန်တော့်ကို လှည့်တောင်မကြည့်ဘူး..။ အသေးလေးနဲ့ကျွန်တော်စကားမပြောဖြစ်တာ ဒီနေ့နဲ့ဆို ၁ရက်နဲ့၂ညရှိပြီ..။ မနက်တုန်းက..companyကိုသွားဖို့ ရေချိုးပြီးတော့..အဝတ်အစားလဲဖို့ အခန်းထဲဝင်သွားတော့..သား၂ယောက်ပဲကုတင်ပေါ်မှာ အိပ်ပျော်နေကြတယ်..အသေးလေးကတော့ ဘယ်ရောက်နေမှန်းမသိဘူး..။
ကျွန်တော်မနက်စားပြီး..companyကိုသွားတဲ့အချိန်ထိ အသေးလေးကို မတွေ့ရဘူး..။ အားလုံးက ကျွန်တော့်အပြစ်တွေပါပဲ..။ ကျွန်တော်နည်းနည်းလောက် ထပ်ချော့လိုက်ရင်ဖြစ်နေတာပဲကို..ကျွန်တော်ရဲ့အပြောမကောင်းမှုကြောင့်..အခုတော့ ညတိုင်းစားနေကျ ဂျယ်လီတုံးလေးလည်းမစားရတော့ဘူး..။ ကိုင်နေကျမက်မွန်သီးလေးရော ချယ်ရီသီးလေးရော..စဉ်းစားရင်နဲ့တောင် ကိုင်ချင်လာပြီ..။ အဟင့်...အဟင့်...
ကျွန်တော်အလုပ်လုပ်နေရင်း..မျက်နှာချင်းဆိုင်က အခန်းက သားတို့ရဲ့ငိုသံက ပိုကျယ်လာတာမို့..ကျွန်တော်လည်း အခန်းထဲကထွက်ပြီး..အသေးလေးတို့အခန်းနားကိုကပ်ပြီး နားထောင်လိုက်တော့..သားကြီးဆီမှ ပေ ပေ ဆိုပြီး ခေါ်ကာ အော်ငိုသံကြားရတယ်..။
ကျွန်တော်နားထောင်နေရင်းနဲ့..ငိုသံက နီးလာတာမို့...
"ချလောက်!.." ဆိုပြီး အသေးလေးက သားကြီးကိုချီလာပြီး...အပြင်ကိုထွက်လာတယ်..
"ဟို...ဟို..."
"ရော့...ခင်ဗျားသားက ခင်ဗျားဆီလာချင်လို့တဲ့..." ဆိုပြီး သားကြီးကို ကျွန်တော့်ဆီထိုးပေးကာ..အခန်းတံခါးကို ဆောင့်ပိတ်သွားတယ်..
"ဒီမိန်းမကတော့...မှားလို့...
ဒီအသေးလေးကတော့..
ခင်ဗျားသားဆိုတော့ ဟုတ်တယ် ကိုယ့်သားဆိုတာ မင်းအသိဆုံးဖြစ်မှာပေါ့.."
"ရွှတ်...ပေ..ပေ..."
"အေးအေး..ဖေ့သားကြီးက ဖေ့ဆီလာချင်တာကို...
အေးအေး...ဖေဖေက ချီရမှာပေါ့..."
သားကြီးက ကျွန်တော်လည်းပြောလိုက်ရော သားကြီးကရယ်ပြလာတယ်..။ သားငယ်ကတော့..ခုနတံခါးဖွင့်တုန်းက အထဲကိုလှမ်းကြည့်လိုက်တော့..ကျွန်တော်တို့ကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမဲ့..ဘာမှမပြောဘဲ သူ့အရုပ်သာကိုင်ပြီးဆော့နေတယ်..။ အသဲမာတာ သူ့ပါပါးအတိုင်းပဲ...ဖအေကိုတစ်ချက်တောင်လှမ်းမခေါ်ဘူး...။
သားကြီးကခုနကတည်းက ငိုထားတာမို့..ကျွန်တော်ချီပြီး ချော့သိပ်လိုက်တော့..အိပ်ပျော်သွားတယ်..။ သားကြီးအိပ်ပျော်သွားတာမို့..အသေးလေးဆီပို့ပေးမယ်ဆိုပြီး..တံခါးသွားဖွင့်လ်ိုက်တော့..ဂျက်ကိုချထားတယ်..။
ဒါ သက်သက် ကျွန်တော့်ကိုအထဲကိုဝင်မှာစိုးလို့..တမင်ပိတ်ထားတာ..
ဒီအသေးလေးကတော့...
အဆင်ပြေသွားတဲ့နေ့ တစ်ကိုယ်လုံးကို အမုန်းဆွဲပြစ်မယ်..ဟွန်း...
အသေးလေးပိတ်ထားတော့လည်း..ကျွန်တော်နဲ့သားကြီးအတူတူအိပ်ရတော့တာပေါ့..
💙အမှားပါသွားရင် ခွင့်လွှတ်ပါ😁💙
💙တစ်ခုပြောစရာရှိလို့ပါ ချယ့်ficတွေကို ချယ်ပဲlinkလိုက်ချတာပါ😁
MO2ကိုလူသိပ်မသိဘူးထင်လို့ပါ
အိမ်ထောင်ရေးဆိုတော့ ချယ်လဲ linkချမိသွားတာ😁
လာပြောပေးတဲ့ သူကို တကယ်ကျေးဇူးတင်ပါတယ်နော်☺️
ချယ့်ficကိုသိတဲ့သူသိပ်မရှိဘူးထင်နေတာ အခုလိုသိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်😊💙