"ကိုဘုန်း...အ!...ဖြေးဖြေးလုပ်...
ကိုဘုန်း...အ!...ဖြေးဖြေးဆို...အ!...
အားသိပ်မထည့်နဲ့နဲ့လေ...ကိုဘုန်း...အ!.."
"အသေးလေးကလည်းကွာ..
ကိုယ်လည်း ဖြေးဖြေးလုပ်နေတာပဲ...
အဲ့တာမှ..အသေးလေး သက်သာမှာလေ..."
"အာ့!...နာပါတယ်ဆိုမှ...
ဖြေးဖြေးလုပ်ပါဆို..မလုပ်ချင်လည်း ဖယ်တော့.."
"ဟာ...လုပ်ပေးပါမယ်ဆိုတာကို...
ဖြေးဖြေးလေးပဲ လုပ်ပေးမယ်..."
"အဲ့တာဆို ဖြေးဖြေးလုပ်...အားသိပ်မထည့်နဲ့.."
"ဟုတ်ကဲ့ပါ..."
ကျွန်တော်အလုပ်လုပ်နေတုန်း...အသေးလေးက ကုတင်ပေါ်မှာTVထိုင်ကြည့်နေရင်း...အကြောတက်တွေတက်နေပြီး တဝါးဝါးနဲ့ သမ်းနေလို့..အလုပ်လုပ်နေတဲ့ကျွန်တော်က မနေနိုင်တော့ဘဲ အသေးလေးရဲ့ပခုံးလေးကို နှိပ်ပေးနေခြင်းဖြစ်သည်..။
"ရပြီ...ရပြီ...
အခုမှပဲ အကြောတွေပြေသွားတော့တယ်..
တနေကုန် အိမ်မှာထိုင်နေရတော့..အကြောတွေတောင်တက်ကုန်တယ်..ဟီးဟီး.."
"ကိုယ်နဲ့companyလိုက်ခဲ့ဆိုတော့လည်း..မလိုက်ဘဲနဲ့...
အိမ်မှာပဲတနေကုန်TVထိုင်ကြည့်နေတော့..အကြောတွေတက်ကုန်မှာပေါ့.."
"ကိုဘုန်းပဲ ဘာမှမလုပ်ဘဲအိမ်မှာအေးအေးဆေးဆေးထိုင်နေဆို...
အဲ့တာကြောင့်..ဘာမှမလုပ်ဘဲ TVထိုင်ကြည့်နေတာပေါ့.."
"ဟုတ်ပါတယ်...
ကိုယ်က အသေးလေးကို အိမ်မှာဘာမှမလုပ်နဲ့လို့ပဲပြောတာလေ...
ခြံထဲလေးဆင်းပြီး..လမ်းလေးတော့ လျှောက်ပေါ့.."
"ဟင့်အင်း..မလျှောက်ပါဘူး...
ဟိုတစ်ခါကလို ချော်လဲမှာစိုးလို့...
ကိုဘုန်းပါမှ အတူတူလျှောက်မှာ..."
"အင်းပါ...ကိုယ်ကလည်း အသေးလေးကိုတစ်ယောက်တည်းမလုပ်ခိုင်းပါဘူး...
ကြီးမြနဲ့အတူတူလျှောက်ပေါ့..."
"ကိုဘုန်းနဲ့ပဲ အတူတူသွားချင်တာကို...ဟွန့်...."
"အဟက်...ဟုတ်ပါပြီ...
နောက်နေ့တွေ ကိုယ်နဲ့အတူတူလျှောက်မယ်နော်..."
"အင်း..."
"အသေးလေး...မနက်ဖြန် shoppingထွက်ပြီး dateမလား.."
"ဟင်.."
"ဟုတ်တယ်လေ..အသေးလေးကို အင်္ကျီကျယ်ကျယ်လေးတွေလိုက်ဝယ်ပေးမယ်...
ပြီးရင် ကလေးအဝတ်အစားလေးတွေလည်း လိုက်ဝယ်ကြမယ်နော်..."
ဗိုက်က၅လကျော်ပြီဖြစ်တာကြောင့်..အရင်အင်္ကျီတွေနဲ့နည်းနည်းလေး ကပ်ချင်သလိုတောင်ဖြစ်လာတာမို့..အသေးလေးအတွက် အင်္ကျီအကျယ်ကြီးတွေ ဝယ်ပေးချင်တာကြောင့်..အတူတူshoppingထွက်ဖို့ကို အသေးလေးကို ပြောနေရခြင်းဖြစ်သည်..။
"ဟင့်အင်း...ကျွန်တော်အပြင်မထွက်ချင်ဘူး..
ရှက်လို့..."
"ဘာလို့ရှက်ရမှာလဲ?ဗိုက်ကြောင့်လား.."
"အင်း...လူတွေက ထူးဆန်းသလိုလုပ်ကြည့်နေကြမှာ..ရှက်တယ်..."
"ဟင်း....ဒါ ရှက်စရာမှမဟုတ်တာ...
မနက်ဖြန် ကိုယ်နဲ့shoppingထွက်မယ်နော်...
အပြန်ကျရင် ဦးထွန်းဆီ ဝင်မယ်လေ.."
"အင်းပါ...အင်းပါ..."
"ကဲ...အဲ့တာဆို အိပ်တော့...
ကိုယ်လည်း TVပိတ်ပြီး..လာခဲ့မယ်.."
"ဟုတ်.." လို့ပြောပြီး..ပက်လက်လေးအိပ်နေတယ်..။ ကျွန်တော်လည်း..TVကိုပိတ်ကာ..အသေးလေးအနားကို ဝင်လှဲလိုက်ပြီး..အသေးလေးကို ဒီဘက်လှည့်စေကာ...နဖူးလေးကို နမ်းလိုက်တယ်..။ ဗိုက်လေးကိုမထိမိအောင် အသေးလေးရဲ့ခန္ဓာကိုယ်လေးကို ဖွဖွလေးဖက်ပြီး အိပ်လိုက်တယ်...။
..........................
"ကိုဘုန်း...အဆင်ပြေပါ့မလား.."
"ပြေပါတယ်ဆို...
အခု အသေးလေးက အရမ်းကိုချစ်ဖို့ကောင်းနေတာ.."
"ဟုတ်လို့လား.." ဆိုပြီး ကားမှန်ကနေ..သူ့ကိုယ်သူကြည့်နေရင်းပြောလာခြင်းဖြစ်တယ်..
"ဟုတ်ပါတယ်..
အခုချိန် အသေးလေး အထဲထဲရောက်သွားရင်..အသေးလေးကို မိန်းကလေးလို့ပဲထင်ကြမှာ...ဘာမှစိတ်ပူမနေနဲ့..."
"ဟူး.......
အဲ့တာဆို...သွားကြမယ်လေ.."
"အင်း...သွားမယ်လေ.." လို့ပြောပြီး ကားတံခါးကိုဖွင့်ပေးကာ..အသေးလေးလက်ကို ကိုင်ပြီး ကုန်တိုက်ထဲက်ို ဝင်လာခဲ့တယ်..။
အသေးလေးမှန်ကြည့်နေရခြင်းအကြောင်းအရင်းကတော့..ကျွန်တော်စည်းပေးထားတဲ့ အသေးလေးရဲ့ဆံပင်ပုံစံကြောင့် ဖြစ်တယ်..။ နားကိုဖုံးနေသည်အထိ ရှည်လာတဲ့အသေးလေးရဲ့ဆံပင်လေးကို...ဘေးတစ်ဖက်ကို ခေါင်းစီးကွင်းလေးနဲ့အပြောင်စီးပေးထားပြီး..တစ်ဖက်ကို ဒီတိုင်းချထားတာကြောင့် အသေးလေးက အရမ်းကိုချစ်ဖို့ကောင်းနေတယ်..။
ဝတ်ထားတဲ့အင်္ကျီကလည်း...ရှပ်အပွကြီးကိုမှ အောက်ကဘောင်းဘီအပွလေးနဲ့ တွဲဝတ်ထားတာကြောင့်..အသေးလေးရဲ့ပုံစံက အရမ်းချစ်ဖို့ကောင်းနေပါတယ်..။ အထဲရောက်ရင်တော့..လူတွေဝိုင်းကြည့်ကြမှာ မြင်ယောင်ပါသေးတယ်..။
...................
ကုန်တိုက်ထဲရောက်တော့...အထဲကိုဝင်လိုက်ပြီဆိုထဲက..အထဲမှာ ရှိတဲ့လူတော်တော်များများက ကျွန်တော်တို့ကိုကြည့်နေကြတယ်..။ ကျွန်တော့်ကိုကြည့်တာပဲလား ဘေးကအသေးလေးကိုကြည့်တာပဲလားတော့ မသိဘူး..တော်တော်များများက ကြည့်နေကြတာမို့..အသေးလေးက ရှက်ပြီး ကျွန်တော့်အနောက်မှာ ကွယ်နေတယ်..။
ကျွန်တော်လည်း..အကုန်လုံးကြည့်နေတဲ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး..အသေးလေးရဲ့လက်သေးသေးလေးကို ကိုင်ပြီး အပေါ်ကိုတက်လာခဲ့တယ်..။ အခုမှ..အသေးလေးက ကျွန်တော့်က်ို မော့ကြည့်ပြီး..ပြုံးပြလာတယ်..။
အပေါ်ထပ်ကို ရောက်တော့..အမျိုးသမီးဗိုက်ဖုံးအင်္ကျီတွေ ရောင်းတဲ့ဆိုင်ကို တွေ့တယ်..။ အသေးလေးက အမျိုးသားပေးမို့ shirtအကြီးကြီးတွေ ရောင်းတဲ့ဆိုင်ဘက်ကို ဝင်လာခဲ့လိုက်တယ်..။
"အသေးလေး...ကြိုက်တာရွေးထားနော်...
ကိုယ်toiletခနသွားဦးမယ်.."
"ဟုတ်..."
ကျွန်တော်လည်း..အသေးလေးကိုခနထားခဲ့ကာ..ခုနတုန်းတွေ့ခဲ့တဲ့ အမျိုးသမီးဗိုက်ဖုံးအင်္ကျီဆိုင်ကို ဝင်လာခဲ့လိုက်တယ်..။ ဆိုင်ထဲက ဝန်ထမ်းညီမလေးတွေအကုန်လုံးက..ကျွန်တော့်ကိုကြည့်နေကြတယ်..။ ကျွန်တော်လည်း ကိုယ်လိုချင်အရာ ရှိတာမို့..အကုန်လုံးရဲ့အကြည့်လစ်လျူရှုပြီး..ကျွန်တော်လိုချင်တဲ့အရာလေးကို ကြည့်နေတော့...
"အကို..ဘာများအလိုရှိလို့ပါလဲရှင်.."
"အင်း..ညီမလေး...
အကို့ကို ဒီအပြာရောင်အင်္ကျီလေးပေးပါ..."
"အကို့ ညီမလေးအတွက်လား..."
"အဟက်...အကို့မိန်းမအတွက်ပါ.." လို့လည်း ပြောလိုက်ရော...
"ကွဲပါပြီဟယ်.." "အံမယ်လေး ကုန်ပါပြီ.."
ဆိုတဲ့ ဆိုင်ထဲက မိန်းကလေးတစ်ချို့ရဲ့အသံကိုကြားမိတော့..နည်းနည်းတော့ ရှက်တောင်ရှက်သွားတယ်...
"ဟုတ်...ဟုတ်...အကို...
ညီမက မသိလို့ပါ...
ဒီအပြာလေးနော်..."
"အင်း.."
ခနကြာတော့..ဝန်ထမ်းကောင်မလေးက အင်္ကျီကိုလာပေးပြီး..ငွေရှင်းကာ ဆိုင်ထဲက ထွက်လာခဲ့တယ်..။
......
"ဟေ့...လွန်း...
မတွေ့တာကြာပြီနော်..."
"အာ...ကိုလင်းရှိန်သာ.."
"ဗိုက်တောင် တော်တော်ထွက်နေပြီပဲ...
ဘာလေးလဲ?.."
"ကိုလင်းရှိန်သာ ဘယ်လိုသိလဲ?.."
"ဒါကတော့..ဒီလိုပဲ ကြားတာပေါ့.."
"သြော်...အင်းအင်း..
ဒါနဲ့ ကိုလင်းရှိန်သာ..ဘာလာဝယ်တာလဲ?..."
"ဒီလိုပါပဲ..ပျင်းလို့shoppingထွက်လာတာ..
လွန်းရော ထွန်းတောက်ဘုန်းမပါဘူးလား.."
"ပါတယ်...
ပါတာပေါ့..ငါမပါဘဲ အသေးလေးဘယ်တော့မှအပြင်ထွက်မှာမဟုတ်ဘူး.." ဆိုပြီး ကိုဘုန်းက ကျွန်တော်တို့အနားကို ရောက်လာကာ..ကျွန်တော့်ပခုံးကိုဖက်ပြီး ကိုလင်းရှိန်သာကို ပြန်ပြောနေတယ်..
"အဟက်...ဟုတ်ပါပြီ..
ထွန်းတောက်ဘုန်းလည်း ရောက်လာပြီဆိုတော့..ကိုယ်သွားတော့မယ်နော်...လွန်း.."
"ဟုတ်...ကိုလင်းရှိန်သာ.."
ကိုလင်းရှိန်သာထွက်သွားတာနဲ့..
"ဒီကောင်ကတော့..သူ့များယောက်ျားကိုများ အဖျားစွတ်ပြီးခေါ်သွားသေးတယ်.."
"ကိုဘုန်းရယ်..ကိုလင်းရှိန်သာက ဒီလိုပဲခေါ်နေကျမလို့...ခေါ်တာပါ.."
"ဘာပဲဖြစ်ဖြစ်..ကိုယ်မကြိုက်ဘူးကွာ.."
"အဟက်...ဟုတ်ပါပြီ...
အခု..အင်္ကျီဖိုးအရင်သွားရှင်း...
ပြီးရင် ကျွန်တော်ရေခဲမုန့်စားချင်တယ်..လိုက်ကျွေး..."
"အာဘွားပေးရင် ရေခဲမုန့်လိုက်ကျွေးမယ်.."
"ကိုဘုန်းကလည်း..လူတွေအများကြီးနဲ့ကို...
ရှက်စရာကြီး.."
"လူတွေရှင်းတဲ့နေရာရောက်မှပေါ့..
ပေးမှာလား မပေးဘူးလား..
မပေးရင်လိုက်မကျွေးဘူး.."
"အင်းပါ...ပေးမယ်နော်...
အခုအင်္ကျီဖိုးသွားရှင်း..ပြီးရင် ရေခဲမုန့်လိုက်ကျွေး.."
"OKပါဗျ.."
ကိုဘုန်းက အင်္ကျီဖိုးတွေရှင်းပြီးတော့...ကျွန်တော့်လက်လေးကို ကိုင်ကာ..ရေခဲမုန့်ဆိုင်ကို ထွက်လာခဲ့တယ်..။ အစကတော့ လူရှင်းတဲ့နေရာရောက်မှ..ကိုဘုန်းကိုနမ်းမလို့ပဲ..
ဒါပေမဲ့..တချို့မိန်းကလေးတွေက ကိုဘုန်းက်ို လိုက်ကြည့်နေကြတာမို့လို့..ကျွန်တော့်အပိုင်မှန်းသိအောင် သူတို့ရှေ့မှာတင် ကိုဘုန်းပါးကို ရွှတ်ခနဲ လှမ်းနမ်းလိုက်တယ်..။
"အသေးလေး..." ဆိုပြီ ကိုဘုန်းက သူ့ပါးသူပြန်ကိုင်ပြီး ကျွန်တော့်ကို ကြည့်လာတယ်...
"ကိုဘုန်းကို သူများတွေဝိုင်းကြည့်နေလို့..."
"သဝန်တိုတယ်ပေါ့လေ.."
"တိုတာပေါ့...
ကိုဘုန်းက ဒီလောက်ချော...အု..အု..."
ကျွန်တော့်ဘက်က စကားတောင်ဆုံးအောင်မပြောရသေးဘူး..ကိုဘုန်းက ကျွန်တော်နှုတ်ခမ်းကို နမ်းနေတယ်..။ အဲ့တာကလည်း..၂ယောက်ထဲရှိနေတဲ့အချိန်မဟုတ်ဘူး..။ လူတွေအများကြီးအလယ်မှာ..ကျွန်တော်လေရှက်လွန်းလို့..ဒီနေရာကနေ အငွေ့တောင်ပြန်ချင်သွားတယ်..။
💙အမှားပါသွားရင် ခွင့်လွှတ်ပါ😊
ဦးဆုံးမို့ ficလေး completeသွားပါပြီနော်(ဈေးဗန်းပါဗျ😁)💙