ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员...

By MinervaLance

299K 52.9K 5.3K

[灵异片演员app] Supernatural Movie Actor App (ကိုယ်တူစိတ်ခွဲ ချစ်သူ ) မူရင်း စာရေးသူ - 戏子祭酒 စဉ်းစားဆင်ခြင်ဉာဏ်၊ဖြ... More

အပိုင်း (၁) {Z+U}
Arc 1 (အပိုင်း ၂) {Z+U}
Arc 1 (အပိုင်း ၃) {Z+U}
Arc 1 (အပိုင်း ၄) {Z+U}
Arc 1 (အပိုင်း ၅){Z+U}
Arc 1 (အပိုင်း ၆) {Z+U}
Arc 1 (အပိုင်း ၇) {Z+U}
Arc 1 (အပိုင်း ၈) {Z+U}
Arc 1 (အပိုင်း ၉) {Z+U}
ကိုယ်တူစိတ်ခွဲရောဂါအ​ကြောင်း တ​စေ့တ​စောင်း
Arc 1 (အပိုင်း ၁၀) {Z+U}
Arc 1 (အပိုင်း ၁၁) {Z+U}
Arc 1 (အပိုင်း ၁၂) {Z+U}
Arc 1 (အပိုင်း ၁၃) {Z+U}
Arc 1 (အပိုင်း ၁၅) {Z+U}
အပိုင်း (၁၆) {Z+U}
အပိုင်း (၁၇) {Z+U}
Arc 2 (အပိုင်း ၁၈) {Z+U}
Arc 2 (အပိုင်း ၁၉) {Z+U}
Arc 2 (အပိုင်း ၂၀) {Z+U}
Arc 2 (အပိုင်း ၂၁) ပထမပိုင်း {Z+U}
Arc 2 (အပိုင်း ၂၁) ဒုတိယပိုင်း {Z+U}
Arc 2 (အပိုင်း ၂၂) {Z+U}
Arc 2 (အပိုင်း ၂၃) {Z+U}
အသိ​ပေးခြင်းနှင့် အညွှန်း

Arc 1 (အပိုင်း ၁၄) {Z+U}

8.6K 1.9K 113
By MinervaLance

ZAWGYI

ယန္က်င္းက သူနားၾကားမွားလိုက္သည္ဟု
ထင္မိလိုက္သည္။ "အကိုရွဲ႔၊ေစာနက
ဘယ္သူ႔ကို ေခၚလိုက္တာ....?"

က်န္းေရြ႕ႏွင့္ ေက်ာင့္မင္သည္လည္း အ
ၾကည့္ခ်င္းဖလွယ္မိၾကသည္။ ရွဲ႔ခ်ီက ကေလး
သရဲကို ေခၚေနသည္တဲ့လား။ သူရူးမ်ားသြား
သလား။

[ဘာေတြျဖစ္ေနတာလဲ။တစ္ေယာက္
ေလာက္ရွင္းျပၾကပါဦး]

[ကေလးသရဲရဲ႕ ေသြးက တုိက္စားႏိုင္တယ္
မလား။ ကေလးသရဲရဲ႕ ေသြးကိုသံုးၿပီး ဓာတ္
ေလွကားေအာက္ေျခကို တုိက္စားေအာင္
လုပ္ခ်င္ေနတာ။]

[ကေလးသရဲ:ငါ့မ်က္ႏွာကို ေထာက္ပါဦးလား]

[ဘယ္လိုျဖစ္ျဖစ္ သူ႔အေမကိုကယ္ဖို႔သံုးမွာ
ပဲ။ သူသေဘာမတူခ်င္ေတာင္ တူရမွာပဲ
ေလ။]

[ဟားဟားဟား ဗီရိုထဲကကိစၥျဖစ္ၿပီးတာ
ေတာင္ ကေလးသရဲ ထပ္ခံရဦးမယ္။] 

[တကယ္ကို ျပတ္သားတဲ့လူပဲ။]

ရွဲ႔ရွင္းလန္သည္ ကေလးသရဲေပၚလာမည္
ကို ေသခ်ာ၍ စိတ္ရွည္စြာေစာင့္ေနသည္။
ေသခ်ာတာေပါ့။စကၠန္႔ဒါဇင္ေလာက္လည္း
ၾကာေရာ လူႀကီးတစ္ေယာက္အရြယ္ရွိ တံခါး
နားက ပန္းအိုးႀကီးရုတ္တရက္လႈပ္လာၿပီး
ျဖဴျဖဴေသးေသး လက္ႏွစ္ဖက္ အိုးတြင္းမွ
ထြက္လာသည္။

က်န္းေရြ႕က ေၾကာက္လန္႔စြာ ေအာ္ဟစ္
လိုက္ၿပီး ေက်ာင့္မင္ကေတာ့ မ်က္ႏွာေဖြး
စုတ္ကာ ခ်က္ခ်င္းပုန္းေနလိုက္သည္။ကေလးသရဲသည္ ပန္းအိုးထဲတြင္ပုန္းေန
ၿပီး သူတုိ႔ေျပာသမၽွကို ခိုးနားေထာင္ေနလိမ့္
မည္ဟု သူတုိ႔လံုးဝမထင္ထားခဲ့ေပ။ကေလး
သရဲသည္ ပန္းအိုးတြင္းမွ ထြက္လာၿပီး ခုန္
ဆင္းကာ ရွဲ႔ရွင္းလန္နားကိုေလၽွာက္လာ
သည္။သူ႔မွာသာေခါင္းရွိေနခဲ့လၽွင္ သူ႔မ်က္ႏွာ
ေပၚက အမူအရာက မုန္းတီးမႈအျပည့္ႏွင့္
ကူကယ္ရာမဲ့ျခင္းတို႔ အျပည့္ျဖစ္ေနေပလိမ့္
မည္။

ရွဲ႔ရွင္းလန္က တည္ၿငိမ္စြာပင္ လက္ယမ္းျပ
လိုက္သည္။ "ျမန္ျမန္လာ"

ေလသံကေပါ့ေပါ့ပါးပါးႏွင့္ အမိန္႔ေပးဟန္က
အျပည့္ပင္။ ကေလးသရဲ၏ေဒါသ ထိုးတက္
သြားသည္။ သူ၏လက္သည္းရွည္ႀကီးမ်ား
က ေတာ္ေတာ္ၾကာေအာင္ ရွည္လာလိုက္
တိုသြားလိုက္ျဖစ္ေနၿပီးမွ ဓာတ္ေလွကား
ထံ လြင့္သြားလိုက္ၿပီး အျဖတ္ခံထားရ
သည့္ လည္ပင္းမွ ေသြးမ်ားကို ညႇစ္ခ်လိုက္
သည္။

က်န္ရွိေနသည့္သံုးေယာက္လံုး အံ့အားသင့္
သြားၾကသည္။ ဤရယ္စရာေကာင္းလွ
သည့္ ျမင္ကြင္းကိုၾကည့္ၿပီး ရယ္ခ်င္လွေသာ္
လည္း မရယ္ရဲၾကေပ။

ရွဲ႔ရွင္းလန္၏ ႏႈတ္ခမ္းမ်ားက တင္းတင္းေစ့
ထားၿပီး ထိုေနရာသို႔ေလၽွာက္သြားကာ ျမန္
ျမန္လုပ္ရန္ သရဲကို တြန္းအားေပးေတာ့
သည္။အဆိပ္ရွိသည့္ေသြးမ်ားက ဓာတ္ေလွ
ကားေအာက္ေျခကိုထိသြားၿပီး ျပန္႔သြားၾက
သည္။ မိနစ္အနည္းငယ္အတြင္းမွာပင္ ဓာတ္ေလွကားအေျခ၌ အနက္ေရာင္အ
ေပါက္ႀကီးေပၚလာၿပီး အေပါက္က က်ယ္
လာေနေသးတုန္းပင္။

ကေလးသရဲ၏ အဆိပ္ရွိေသြးအနံ႔ႏွင့္ လမ္း
ေၾကာင္းထဲမွထြက္လာသည့္ ညႇီနံ႔တို႔ေပါင္း
ကာ ယန္က်င္းတုိ႔ သံုးေယာက္အုပ္စုခမ်ာ
မူးလဲမတတ္ပင္။ ရွဲ႔ရွင္းလန္သည္သာ ရွဲ႔ခ်ီ
အရင္ကဝယ္ထားသည့္ mask ကို ေကာက္
တတ္ရန္ ႀကိဳေတြးထားသျဖင့္ အတည္ၿငိမ္
ဆံုးျဖစ္ေနေလသည္။

■{အားလံုးလည္း ရွဲ႔ရွင္းလန္လို ဉာဏ္ရွိရွိ
နဲ႔ အျပင္ထြက္တိုင္း mask တတ္ၾကပါ။မ
ဟုတ္ရင္ ယန္က်င္းတုိ႔လို အပုပ္နံ႔ရွဴ ေနရ
ပါမယ္။}■

ကေလးသရဲလည္း သူ႔လည္ပင္းကေန ညႇစ္
ထုတ္မေနေတာ့ေပ။အနက္ေရာင္ အ
ေပါက္ႀကီးေရွ႕တြင္ ငုတ္တုတ္ထိုင္ေနကာ
ခဏၾကာေအာင္ တိတ္ေနသည္။ ထို႔ေနာက္
ရုတ္တရက္ေအာက္သို႔ ၾကည့္လိုက္ၿပီး အ
နက္ေရာင္အေပါက္ထဲသုိ႔ သူရဲ႕လည္ပင္း
ကို ထိုးဝင္လိုက္သည္။ သူ႔တြင္ေခါင္းမရွိ
ေတာ့၍ သူ႔အေမကို မျမင္ရေသာ္လည္း တစ္
ခုခုကို ခံစားမိသည့္ပံုေပၚသည္။

ရွဲ႔ရွင္းလန္က ခ်က္ခ်င္းပင္ သူ႔နားမ်ားကို
အုပ္ကာထားလိုက္သည္။

ေက်ာင့္မင္သည္ ရွဲ႔ရွင္းလန္ လုပ္သည္ကို
ေၾကာင္ၾကည့္ေနေလသည္။ "အကို ရွဲ႔၊
မင္း..."

ရွဲ႔ရွင္းလန္သည္ လက္တစ္ဖက္ကိုဖယ္
လိုက္ၿပီး သူ႔ႏႈတ္ခမ္းထက္တြင္ သြယ္လ်
သည့္ လက္ညႇိဳးကိုတင္လိုက္ကာ ထိုသူ
အား တိတ္တိတ္ေနရန္ အခ်က္ျပလိုက္
သည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ နားမ်ားကို
ျပန္ကာထားလိုက္သည္။ ေက်ာင့္မင္က
ေတာ့ ခုထိ နားမလည္ေသးေပ။ ေနာက္တစ္
ခဏတြင္ ကေလးသရဲ၏ အရိုးစူးေလာက္
စရာ ေအာ္ငိုသံႀကီးက ေျမညီထပ္တစ္ထပ္
လံုး တုန္ဟီးသြားသည္။ ပန္းအိုးမ်ားလည္း
ကြဲကုန္ၿပီး စာအုပ္စင္မ်ားလည္း လဲက်ကုန္
သည္။ 

ယန္က်င္းတို႔ သံုးေယာက္အုပ္စု တုန္လႈပ္
သြားၾကၿပီး အသက္ရွဴရပင္ခက္ခဲလာသည္။
အသံလွိုင္းတိုက္ခိုက္မႈကို ကာကြယ္ရန္
ခ်က္ခ်င္ပင္ သူတုိ႔နားေတြကို အုပ္ထား
လိုက္ၾကသည္။ ေက်ာင့္မင္သည္ အျမဳပ္
မ်ားပင္ အန္ထြက္လုနီးျဖစ္ေနၿပီး သူ႔စိတ္
ကေတာ့ ဝမ္းနည္းမႈမ်ားျပည့္ေနသည္။
အမ်ားႀကီး လၽွာရွည္မေနသင့္ပဲ ရွဲ႔ခ်ီလုပ္
သည့္အတိုင္း လိုက္လုပ္ခဲ့သင့္တာ။

[ကေလးသရဲေလး သနားပါတယ္။သူ႔ခမ်ာ
အေမနဲ႔ ခြဲေနရတာ ၁၈ႏွစ္ေတာင္]

[အမုန္းတရားနဲ႔ျပည့္ေနတဲ့သူေတြမွာလည္း
သနားစရာေကာင္းတာေတြရွိေနတာပဲ။]

ကေလးသရဲ အငိုရပ္သြားသည္။ ရွဲ႔ရွင္းလန္
သည္ ေက်ာင့္မင္ႏွင့္ က်န္းေရြ႕ကို လက္ျပ
ေခၚလိုက္ၿပီး ေနာက္ဆက္လုပ္ရမည္ကို
ခပ္ျပတ္ျပတ္ရွင္းျပသည္။" မင္းတုိ႔ အျပင္
ထြက္ခ်င္တယ္ဆိုရင္ လာကူ။"

ယန္က်င္းအပါအဝင္ သံုးေယာက္လံုး စ
ကားတစ္ခြန္းမဆိုပဲ ေရွ႕သို႔ေျပးသြားၾက
သည္။ က်န္းေရြ႕သည္ ဓာတ္ေလွကားအ
ေျခရွိ ေသြးေတြကိုရွင္းရန္ တာဝန္က်ေလ
သည္။ေက်ာင့္မင္က ဓာတ္ေလွကားလမ္း
ေၾကာင္းထဲသို႔ ႀကိဳးထူထူကို တစ္ခါတည္း
ပစ္ခ်ရန္ ျပင္ေနေသာ္လည္း ရွဲ႔ရွင္းလန္က
မ်က္ေမွာင္က်ံဳ႕ကာ တားလိုက္သည္။ marker
တစ္ခုကိုေကာက္ယူလိုက္ၿပီး ႀကိဳးေပၚတြင္
အမွတ္အသားမ်ားဆြဲေတာ့သည္။

ရွဲ႔ရွင္းလန္က အမိန္႔ေပးလိုက္သည္။
" ေျမျပင္ကိုထိတာနဲ႔ အမွတ္ဘယ္ေလာက္
ရွိသြားၿပီလဲ ငါ့ကိုေျပာ"

ေက်ာင့္မင္သည္ ျပန္မေျဖပဲမေနႏိုင္ေပ။
ရွဲ႔ခ်ီက သရဲ၏အေလာင္းကိုေတြ႕သည္ႏွင့္
သရဲကားထဲမွ ထြက္ႏုိင္ေတာ့မည္ကိုေတြး
ရင္းအေပ်ာ္လြန္ေနသည္။ "အကိုရွဲ႔၊ အကို
က အရမ္း အေျမာ္ျမင္ရွိတာပဲ။"

ရွဲ႔ရွင္းလန္သည္ ထိုသူကိုလ်စ္လ်ဴ ရွဳေန
လိုက္ၿပီး ႀကိဳး၏အျခားအဆံုးတစ္ဖက္ကို
ေျမညီထပ္၏နံရံေပၚရွိ သံတိုင္ေပၚ၌
ခ်ည္လိုက္သည္။

ရွဲ႔ရွင္းလန္သည္ ေနာက္သို႔ဆုတ္ၿပီး သံတုိင္
ခိုင္မခိုင္ကို ေသခ်ာေစရန္ အားႏွင့္ဆြဲၾကည့္
သည္။ ထို႔ေနာက္ စီးကရက္ကို မီးျငႇိမ္းကာ
တစ္ဖက္က အမွိုက္ပံုးထဲပစ္လိုက္ၿပီး ဓာတ္
ေလွကား လမ္းေၾကာင္းဖက္သို႔ ေလၽွာက္
သြားလိုက္သည္။

ဒါက ပထမထပ္ျဖစ္သည္။ ဒီကေနၾကည့္
လၽွင္ ဓာတ္ေလွကားလမ္းေၾကာင္းက
သိပ္မနက္ေပ။ ၈-၉ မီတာခန္႔ေလာက္
သာရွိေလသည္။ သို႔ေသာ္ သာမန္အ
ေဆာက္အဦးေတြထက္ေတာ့ ပို၍နက္ၿပီး
ေၾကာက္စရာအရမ္းေကာင္းသည္။ အမ်ိဳးသ
မီးေဘာ့စ္သည္ သူ အေဆာက္အဦးဒီဇိုင္း
စဆြဲကတည္းက ကိုယ္ဝန္ေဆာင္ မိန္းက
ေလး၏ အေလာင္းကို ဒီေနရာတြင္ပစ္ရန္
ႀကိဳတင္စီစဥ္ထားၿပီးသား ျဖစ္ပံုေပၚသည္။

ရွဲ႔ရွင္းလန္သည္ လိုအပ္သည့္ ပစၥည္းတန္
ဆာမ်ားကို ျပင္ထားလိုက္ၿပီး ဓာတ္မီးတစ္
လက္ႏွင့္ ေအာက္သို႔ဆင္းေတာ့သည္။ယန္
က်င္းတို႔သံုးေယာက္၏ ႏွလံုးကေတာ့ လည္
မ်ိဳထဲေရာက္ေနၾကၿပီျဖစ္သည္။ ရွဲ႔ခ်ီကို ကူ
ရန္ရည္ရြယ္ခ်က္ျဖင့္ ရွိသမၽွ မီးေရာင္ေတြ
ကို ဓာတ္ေလွကားလမ္းေၾကာင္းေအာက္
သို႔ ထုိးထားၾကသည္။

ရွဲ႔ရွင္းလန္သည္ ႀကိဳးေပၚကအမွတ္ကို သတိ
ထားၾကည့္ေနသည္။ ေအာက္တြင္ ႏွစ္မီ
တာေလာက္သာ က်န္ေတာ့သည္ကိုေသခ်ာ
ေသာအခါ ကိုင္ထားသည့္လက္ကို လႊတ္
လိုက္ၿပီး ဓာတ္ေလွကားေအာက္သို႔ ခုန္
ဆင္းလိုက္သည္။

[ေၾကာက္စရာေကာင္းလိုက္တာ။အဲ့ဒီမွာ
သရဲမရဲ႕ အေလာင္းရွိေနတယ္။]

[အေပၚကလူရယ္ အလိုက္တာ။ ၁၈ ႏွစ္
ေတာင္ၾကာၿပီေလ။အေလာင္းရွိေနရင္
ေတာင္ အရိုးစုေတြပဲက်န္ေနမွာေပါ့။]

[အား၊သူ ဦးေခါင္းခြံႀကီးကို ကန္ပစ္တယ္။]

[သူက ရဲတင္းလြန္းတယ္။ ငါဆို အေမွာင္
ေၾကာက္ၿပီး ပိတ္ေလွာင္ခံရတာလည္း
ေၾကာက္တယ္။] 

ရွဲ႔ရွင္းလန္သည္ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး
သူ႔အိတ္ကပ္တြင္းမွ လက္အိတ္အျဖဴမ်ား
ကို ထုတ္ယူလိုက္သည္။ မနက္ကႀကိဳ ျပင္
ထားသည့္ ပလတ္စတစ္အိတ္အျဖဴ အႀကီး
ႀကီးကို ဖြင့္လိုက္ၿပီး ညႇပ္အႀကီးႀကီးမ်ားကို
သံုးကာ ေျမျပင္ေပၚက အရိုးျဖဴျဖဴမ်ားကို
ေကာက္လိုက္ၿပီး အိတ္ထဲပစ္ထည့္လိုက္
သည္။ လုပ္ေနသည့္တစ္ေလၽွာက္လံုး မ်က္
ႏွာေသႏွင့္ပင္။

ရွဲ႔ရွင္းလန္သည္ ရုတ္တရက္ ရွဲ႔ခ်ီကိုေတြးမိ
လိုက္ၿပီး ျပံဳးလိုက္သည္။

ဒီလိုအလုပ္မ်ိဳးကို သူသာလၽွင္ လုပ္သင့္ေပ
သည္။သန္႔ရွင္းေအာင္ေနတတ္ၿပီး အသန္႔
ႀကိဳက္လြန္းသည့္ ရွဲ႔ခ်ီကိုသာအပ္ထားလိုက္
လၽွင္ ရွဲ႔ခ်ီသည္ ဘာမၽွမျဖစ္သလိုဟန္ေဆာင္
ေနလိမ့္မည္။ သို႔ေသာ္ ၿပီးသြားသည္ႏွင့္
သန္႔စင္ခန္းထဲဝင္ပုန္းကာ သူ႔လက္ေတြ
ကို အခါတစ္ရာေလာက္ေဆးေပလိမ့္မည္။

■{အဟြတ္...ေခြးစာေတြ...အဟြတ္။ နင္
ေနပါၿပီ။ :3}■

ရွဲ႔ရွင္းလန္သည္ ဘယ္လူရိုးမွမက်န္ခဲ့ေစရန္ ဓာတ္ေလွကားလမ္းေၾကာင္း ေထာင့္ေစ့တစ္
ခုမက်န္ ႏွိုက္ႏွိုက္ခၽြတ္ခၽြတ္ရွာေလသည္။
ထို႔ေနာက္ ဓာတ္မီးကို သံုးခါဖြင့္ပိတ္လုပ္
လိုက္သည္။

အခ်က္ျပသည္ကိုရေသာအခါ က်န္းေရြ႕ႏွင့္
ယန္က်င္းသည္ ေနာက္ထပ္ႀကိဳးတစ္ေခ်ာင္း
ကို ပစ္ခ်လိုက္သည္။ဒီတစ္ခါေတာ့ ႀကိဳး၏
ေအာက္ေျခတြင္ ခ်ိတ္တစ္ခုကိုတြဲထားေလ
သည္။ ရွဲ႔ရွင္းလန္သည္ ေလၽွာက္သြားလိုက္
ၿပီး ခ်ိတ္ကို ပလတ္စတစ္အိတ္၏ လက္ကိုင္
ႏွစ္ခုတြင္ခ်ိတ္လိုက္ၿပီး ထူးျခားသည့္ အထံုး
ပံုစံထံုးလိုက္သည္။

[ဘုရားေရ၊အရမ္း လည္တာပဲ။ဘာလို႔မ်ား
အဲ့ေလာက္ႀကီးတဲ့ အရိုးအိတ္ႀကီးကိုသယ္
ထားတာလဲလို႔ ငါေတြးေနတာ။လက္စသတ္
ေတာ့ နားမလည္တာ ငါကိုး]

[ဒီလူ အရမ္းတည္ၿငိမ္လြန္းတာ ေၾကာက္စ
ရာေကာင္းတယ္။]

[အဲ့လို ထံုးတဲ့ပံုစံက ျပန္ျဖည္လို႔မရဘူး။ သူ
အဲ့လို လုပ္တတ္တာပဲ။ ဘယ္လိုထံုးလိုက္
လဲ ဆိုတာ ငါမသိလိုက္ဘူး။] 

ရွဲ႔ရွင္းလန္သည္ ဓာတ္မီးကို လႈပ္ျပလိုက္
ၿပီး သူၿပီးသြားၿပီျဖစ္ေၾကာင္းျပလိုက္သည္။
ထို႔ေနာက္ က်န္းေရြ႕ႏွင့္ ယန္က်င္းသည္ အား
ကုန္သံုးကာ အရိုးမ်ားကို ဆြဲတင္ေတာ့သည္။

အရိုးမ်ား ျဖည္းျဖည္းခ်င္းျမင့္တက္လာၿပီး
ယန္က်င္းသည္ သူတို႔ ဇာတ္ကားထဲမွ ထြက္
ရန္ အခ်ိန္သည္လည္း နီးကပ္လာေၾကာင္း
သိလိုက္သည္။ ဓာတ္ေလွကားလမ္းေၾကာင္း
ထဲသို႔ ေအာ္ေျပာလိုက္သည္။ "အကို ရွဲ႔၊
ေက်းဇူးတင္ပါတယ္။ အကုိ ထြက္လာတာနဲ႔
ကၽြန္ေတာ့္ကို ဆက္သြယ္ရမယ္ေနာ္၊ အရႈပ္
ထုပ္ အရံဇာတ္ေၾကာင္းကို အကို လုပ္ႏိုင္
မွာပါ။"

သူတို႔ အရင္တစ္ခါက app ထဲတြင္ အခ်င္း
ခ်င္း friend အျဖစ္ ေပါင္းထည့္ထားၾက
သည္။

ရွဲ႔ရွင္းလန္က ျပန္ေျဖသည္။ " ငါသိတယ္။"

အရိုးမ်ားကို အေပၚသို႔ဆြဲတင္ႏိုင္လိုက္သည္
ႏွင့္ အကုန္လံုး၏ app က အသိေပးသံ
ေပၚလာသည္။

[ဝတ္စံုနီဝတ္ဝိညာဥ္၏ အေလာင္းျပန္ေပၚ
လာၿပီး ဇာတ္ကား၏ အဓိကဇာတ္ေၾကာင္း
လံုးဝ ၿပီးဆံုးသြားပါၿပီ။]

[ဤဇာတ္ကားတြင္ အရံဇာတ္ေၾကာင္း တစ္
ခုရွိေသာေၾကာင့္ သရုပ္ေဆာင္မ်ား၏  ျခံဳငံုသံုးသပ္မႈကို အရံဇာတ္ေၾကာင္းၿပီးဆံုး
မွ သာလၽွင္ လုပ္ေဆာင္မည္ျဖစ္သည္။ ေက်း
ဇူးျပဳ၍ စိတ္ရွည္ၾကပါ။]

[သရုပ္ေဆာင္ ယန္က်င္း၊က်န္းေရြ႕ႏွင့္
ေက်ာင့္မင္တို႔သည္ အရံဇာတ္ေၾကာင္းမ
ဖြင့္ရေသးဟု ဆံုးျဖတ္လိုက္သည္။ သူတို႔
သည္ ခ်က္ခ်င္းပင္ ဇာတ္ကားမွ ထြက္သြား
ရမည္ျဖစ္သည္။ ] 

[အရံဇာတ္ေၾကာင္းအား မဖြင့္ရေသးေသာ
သရုပ္ေဆာင္မ်ားသည္ ေနာက္ဆက္တြဲ အျဖစ္ပ်က္မ်ားကို app မွတစ္ဆင့္ ၾကည့္ရွဳ
ႏိုင္ပါသည္။ ]

ပထမထပ္တြင္ ယန္က်င္းတို႔သံုးေယာက္
လံုး လံုးဝေပ်ာက္ကြယ္သြားသည္။

သရဲကား၏ အျပင္ဖက္တြင္ ရုပ္ရွင္ပိတ္ကား
သည္ ဓာတ္ေလွကားလမ္းေၾကာင္းတြင္းရွိ
ရွဲ႔ခ်ီကို အနီးကပ္ဆြဲျပထားသည္။

ေမွာင္မည္းေနသည့္ ဓာတ္ေလွကားလမ္း
ေၾကာင္းထဲတြင္ လူသစ္ေလးသည္ အေပၚ
ကို နည္းနည္းေမာ့ၾကည့္လိုက္ၿပီး ဓာတ္မီး
ကို ဖြင့္လိုက္သည္။ တိတ္ဆိတ္မႈအတိအ
တြင္းတြင္ သူ၏မ်က္လံုးမ်ားက ၾကယ္စင္
မ်ားသဖြယ္ နက္ရွိုင္းေနကာ သူ၏မ်က္ဆံ
မ်ားထဲတြင္ေတာ့ ဓာတ္ေလွကားလမ္း
ေၾကာင္း၏ နံရံေလးခုက အရိပ္ထင္ေန
သည္။ လမ္းေၾကာင္း၏ ထိပ္ဆံုးရွိ ေမၽွာ္လင့္
ခ်က္ကို ကိုယ္စားျပဳေနေသာ ေတာက္ပသည့္ အလင္းေရာင္သည္ အနည္းငယ္ လက္လွမ္း
မမွီႏိုင္သည့္ပံုေပၚေနသည္။

အျဖဴေရာင္အလင္းမ်ားျဖင့္ေတာက္ပေန
ေသာ ေဖာက္ျမင္ေနရသည့္ သရဲထီးတစ္
ေကာင္သည္ နည္းနည္းစိတ္မရွည္ေတာ့
ပဲ မတ္တပ္ထရပ္လိုက္သည္။ "မိန္းမေရ၊
ငါေတာ့ ျပန္ေတာ့မယ္။ ေတာ္ေတာ္ဆိုးမယ့္
ဇာတ္ကားလို႔ ထင္ထားေပမယ့္ ၾကည့္ရ
တာေတာ္ေတာ္ လန္းတယ္ကြ။ လူသစ္က
ေတာ္ေတာ္ စြမ္းေပမယ့္ ဇာတ္သိမ္းႀကီးက
တမင္ကို လုပ္ယူထားတာ။ တို႔လို႔တန္း
လန္းနဲ႔ ေနာက္ဆက္တြဲရွိေနမယ္လို႔ ခံစား
ရတယ္။ "

အျပာေရာင္ အလင္းႏွင့္ ေဖာက္ျမင္ေနရ သည့္ မိန္းမက သူ႔ကိုဆြဲလိုက္သည္။
" အရံဇာတ္ေၾကာင္းရွိေသးတယ္မလား။
ေရွာင္ေကာေကာက သူေနခဲ့မယ္လို႔ ေျပာ
တယ္ေလ။"

သရဲထီးက သိပ္စိတ္မရွည္ေတာ့ေပ။ "သူ
စိတ္ေျပာင္းရင္ ေျပာင္းသြားမွာေပါ့။ဘယ္
လိုျဖစ္ျဖစ္ သူတစ္ေယာက္ပဲက်န္ေတာ့ၿပီး ဓာတ္ေလွကား လမ္းေၾကာင္းထဲမွာေလ။
အရံဇာတ္ေၾကာင္းက ဘာေတြျပဦးမွာလဲ
ဘယ္ႀကီးေတာ္ကသိမွာလဲ။ ျပန္ရေအာင္ပါ"

ေကာင္မေလးက မရပ္ခ်င္ရပ္ခ်င္ထရပ္ၿပီး
ေရမ်ားက တစက္စက္က်ေနသည္။ သူတို႔
ရုပ္ရွင္ၾကည့္ေနသည္မွာ သံုးရက္ၾကာေန
ၿပီျဖစ္ၿပီး သူမ၏ေျခေထာက္ေအာက္တြင္
ရႊံ႕ႏွင့္ေရာေနသည့္ ေရကြက္အႀကီးႀကီး
ရွိေနေလသည္။ သူတို႔ပတ္လည္တြင္လည္း
သရဲမ်ားက ဆူညံပြက္ေလာရိုက္ေနၾကသည္။
"ငါ သူ အရံဇာတ္ေၾကာင္းဖြင့္တာ ျမင္ခ်င္
တယ္။ သူဖြင့္ရဲတယ္ဆိုရင္ ငါသူ႔ကိုတစ္
သက္လံုး follow ေတာ့မယ္။"

"ႏႈတ္ဆက္ပါတယ္။ သူက အနာဂတ္လမ္း
ေၾကာင္းေကာင္းတဲ့ လူသစ္ေလးသာသာပါ
ပဲ။ အဲ့ေလာက္ႀကီး ရင္းႏွီးေနစရာမလိုဘူး။
ငါေတာ့ ျပန္ၿပီ..."

ရုပ္ရွင္ရံုသည္ အလြန္ကိုႀကီးမားၿပီး လူအ
ေယာက္ ၂၀၀၊၃၀၀ ေလာက္ အသာေလး
ဆန္႔သည္။ ပတ္လည္ကို ၾကည့္လိုက္လၽွင္
တစ္ဝက္မၽွေသာ သရဲမ်ားက အျဖဴေရာင္
ျဖစ္သည္။ ၃၀ မွ ၄၀% ကေတာ့ အနက္
ျဖစ္ၿပီး ၁၀% က အေရာင္စံုျဖစ္သည္။ ေရ
လိုမ်ိဳး အျပာေရာင္ႏွင့္ မီးလို လိေမၼာ္ေရာင္
မ်ားလည္း ရွိသည္။

ပိတ္ကားကရပ္ေနတုန္း သရဲမ်ားက ျပန္
ၾကေတာ့မည္ျပင္ၿပီးမွ ရုတ္တရက္ ျပန္ျပ
လာသည္။ သရဲအားလံုး ရပ္သြားၾကသည္။
ထို႔ေနာက္ စကၠန္႔နည္းနည္းၾကာေသာအခါ
သူတို႔ျပံဳးလိုက္ၿပီး ကုိယ့္ေနရာကိုယ္ အျမန္
ျပန္သြားၾကသည္။

"သူ အရံဇာတ္ေၾကာင္းကို ဖြင့္လိုက္ၿပီ။"

"ဒီလို စိတ္မာတဲ့သူကို သေဘာက်တယ္။သူ
သူ အသက္ရွင္ရင္ သူ႔ကိုပဲ သစၥာရွိေတာ့
မယ္။"

“ငရဲပိုက္ဆံ ၁၀၀ ကတန္တယ္ေဟ့။ ဇာတ္
ေၾကာင္းကအရမ္းျပည့္စံုၿပီး အရံဇာတ္
ေၾကာင္းကိုလည္း ၾကည့္ရေသးတယ္။"

"ငါ့အထင္ အဲ့ဒီလမ္းေၾကာင္းဝင္ေပါက္က
တစ္ခုခုေျပာခ်င္ေနတယ္ထင္တယ္။" 

***
ရွဲ႔ရွင္းလန္သည္ အရံဇာတ္ေၾကာင္းကို လက္
ခံလိုက္ၿပီး ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္
လိုက္ၿပီး ႀကိဳးကိုဆုပ္ကိုင္ကာ လမ္းေၾကာင္း
၏ နံရံကို သံုးၿပီးျပန္တက္လာသည္။

အေမွာင္က သူ႔ကို ဘယ္လိုစိတ္ဖိအားကိုမွ
မေပးေပ။ သူ႔မ်က္ႏွာထက္တြင္ ေၾကာက္ရြံ႕
ျခင္းကို တစိုးတစဥ္းမွမျမင္ရေပ။သူ႔ကို
ၾကည့္ရသည္မွာ ေအးစက္ၿပီး ဆန္းၾကယ္
သည့္ ညနက္ႏွင့္သာသက္ဆိုင္ေနသဖြယ္
ပင္။ထိုအခ်ိန္တြင္ ခပ္ေဝးေဝးမွ ၾကမ္းျပင္
ေပၚ ေဒါက္ျမင့္ဖိနပ္ျဖင့္ ေလၽွာက္လာသံကို
ၾကားလိုက္ရသည္။ ထိုအသံက ပရိသတ္
၏ ႏွလံုးသားကို ရိုက္ခတ္ေနေလသည္။

[အမ်ိဳးသမီးပင့္ကူေဘာ့စ္ႀကီး လာေနၿပီ]

[သူအခုထိ လမ္းေၾကာင္းထဲက မထြက္ရ
ေသးဘူး။] 

[ေရွာင္ေကာေကာကအလ်င္လိုေနေတာ့
အမ်ိဳးသမီးေဘာ့စ္က သူ႔ေယာက်ာ္းကို သတ္
လိုက္တာ မေတြ႕လိုက္ရဘူး။ ဖား၊ သူ႔ဖက္
က အားနည္းေနတယ္။]

[ငါက ေကာင္ေခ်ာေလးနဲ႔ ပင့္ကူခ်ေနတာကို
ၾကည့္ရေတာ့မွာလား။]

[သရုပ္ေဆာင္ေတြက ကိုယ္ဝန္ရွိေနတဲ့ အ
မ်ိဳးသမီးေဘာ့စ္ကို မတိုက္ရဘူးဆုိတာေမ့
သြားၿပီလား။]

[ဒါဆို ဒါႀကီးက မျဖစ္ႏိုင္ဘူးေပါ့?!!!] 

ပိတ္ကားထက္တြင္ အမ်ိဳးသမီးေဘာ့စ္၏
မ်က္ႏွာသည္ အေၾကာက္တရားမ်ားႏွင့္
ျပည့္ေနၿပီး သူ႔ေျခလွမ္းမ်ားကလည္း ေဇာ
ႀကီးၿပီး ေယာက္ယက္ခပ္ေနသည္။ သူမ၏
ကူေကာင္က ဓာတ္ေလွကားထဲရွိသရဲမ
လြတ္သြားၿပီျဖစ္ေၾကာင္းႏွင့္ ေနာက္ထပ္
သံုး၍မရေတာ့ေၾကာင္းေျပာလာသည္။

"မျဖစ္ဘူး။မျဖစ္ဘူး။"အမ်ိဳးသမီးေဘာ့စ္က
အရူးတစ္ပိုင္း ေအာ္ဟစ္လိုက္သည္။ဆြဲ
ေဆာင့္ပစ္ဖို႔ရာမေနႏိုင္ေတာ့သလို သူမ
၏ ဆံပင္ေတြကိုဆြဲေနသည္။ ပထမထပ္
ကို ေရာက္သြားလိုက္သည္ႏွင့္ သံတိုင္တြင္
ခ်ည္ထားသည့္ ႀကိဳးထူထူကိုျမင္ၿပီး ခ်က္
ခ်င္းပင္ တံု႔ျပန္ေတာ့သည္။

“အဲ့ဒီ အသံုးမက်တဲ့ ယာယီအလုပ္သမား
ေတြကေတာ့" အမ်ိဳးသမီးေဘာ့စ္သည္ ေအာ္
ဟစ္လိုက္ၿပီး သူ၏ခႏၶာကိုယ္တစ္ခုလံုး
အလြန္ လႈပ္ရွားလြယ္သည္ကို ျပလိုက္
သည္။

သူမ၏ခါးက ထူးဆန္းသည့္ပံုစံေကြးပစ္ကာ တျဖည္းျဖည္းခ်င္း ေလးဖက္ေထာက္ႀကီး ျဖစ္သြားသည္။ 

ရွဲ႔ရွင္းလန္သည္ အမ်ိဳးသမီးေဘာ့စ္၏ ေအာ္
သံကို ၾကားေသာ္လည္း အလ်င္နည္းနည္း
မွ မလိုသည့္ လႈပ္ရွားမႈမ်ားျဖင့္ လမ္းေၾကာင္း
နံရံကို ဆက္ၿပီးတြယ္တက္ေနသည္။ သူ
၏ အာရံုငါးပါးလံုးကို အဆံုးစြန္ထိ စူးရွေန
ေအာင္လုပ္ထားၿပီး အင္မတန္တည္ၿငိမ္
မႈကိုလည္း ထိန္းသိမ္းထားသည္။

အရင္က ေပါ့ပါးခဲ့ေသာ္လည္း ယခုမူ ေလး
ပင္သည့္ေျခလွမ္းမ်ားက နီးကပ္လာသည္။
ရွဲ႔ရွင္းလန္၏ မ်က္လံုးမ်ား စူးရွစြာ ေမွးက်ဥ္း
သြားသည္။ အမ်ိဳးသမီးေဘာ့စ္က ....လူ
ေကာ ဟုတ္ေသးရဲ႕လား။ လူက အဲ့သလို
ေလၽွာက္ႏိုင္လို႔လား။

ရွဲ႔ရွင္းလန္ အေပၚသို႔ေမာ့ၾကည့္လိုက္သည္။
လမ္းေၾကာင္း၏ဝင္ေပါက္ႏွင့္ ယခုသူေရာက္
ေနသည့္ေနရာသည္ ႏွစ္မီတာကြာေဝး
သည္။ ျပႆ      နာက တိတ္ဆိတ္စြာပင္ေရာက္
လာသည္။ လံုးဝတိတ္ဆိတ္မႈထဲတြင္ ရွဲ႔ခ်ီ
က သူ႔ဖာသာအရင္ ႏိုးထလာသည္။သူ၏
အသံက ခပ္နိမ့္နိမ့္ႏွင့္ ညႇင္သာေသာ္
လည္း နည္းနည္းအားေလ်ာ့ေနသည္။
"ကိုကို၊ ဒီတိုက္ပြဲမွာ ကိုကိုတစ္ေယာက္
တည္းမဟုတ္ဘူး။ ကိုကို႔မွာ ကၽြန္ေတာ္
ရွိတယ္။"

ရွဲ႔ရွင္းလန္ျပံဳးလိုက္သည္။ ရွဲ႔ခ်ီဟာ အျမဲသူ
ႏွင့္ရွိေနသည္ေလ။ အမ်ိဳးသမီးေဘာ့စ္ ဓာတ္
ေလွကားလမ္းေၾကာင္းဆီသို႔ ပံုမွန္မဟုတ္
သည့္ အရွိန္ႏွင့္ လာေနေလသည္။ ထို႔
ေနာက္ အထဲရွိ ရွဲ႔ရွင္းလန္ကို ေတြ႕သြား
သည္။

"ၾကည့္ရတာ မင္းကေတာ့ မသြားရေသး
ဘူးထင္တယ္။ ဟားဟား မင္းက သူ႔ကို ေစ
တနာေတြနဲ႔ လႊတ္ေပးလိုက္မွေတာ့ သူ႔အ
စား ဒီေနရာမွာပဲ ထာဝရေနေပေတာ့။"

သူမ၏အမူအရာမ်ား အယုတ္တမာဆန္
သြားၿပီး မ်က္ႏွာက သံသယျဖစ္ဖြယ္ မည္း
နက္ေနသည္။ ရွဲ႔ရွင္းလန္သည္ ေလးေထာင့္
ဝင္ေပါက္ရွိ အမ်ိဳးသမီးေဘာ့စ္၏ လက္က
ရုတ္တရက္ မည္းနက္နက္၊ခပ္ခၽြန္ခၽြန္ ....
ပင့္ကူ ေျခေထာက္မ်ားျဖစ္သြားသည္ကို
ၾကည့္ေနခဲ့သည္။ အလြန္ထူသည့္ႀကိဳးကို
ပင့္ကူေျခေထာက္မ်ားက အလြယ္တကူ
ျဖတ္လိုက္ေသာ္လည္း ရွဲ႔ရွင္းလန္သည္
အမ်ိဳးသမီးေဘာ့စ္ထင္ထားသည့္အတိုင္း
ျပဳတ္က်ၿပီး မေသသြားေပ။

ရွဲ႔ရွင္းလန္သည္ ေလွာင္လိုက္ၿပီး သူ၏ ေျခ
ေခ်ာင္းမ်ားျဖင့္ နံရံမွ အားကုန္ တြန္းထုတ္
လိုက္သည္။ ျပန္ကန္သည့္အားကို အသံုးခ်
ၿပီး ခုန္လိုက္ကာ ဓာတ္ေလွကားလမ္း
ေၾကာင္း၏ အစြန္းကို ေခ်ာေမြ႕စြာ လက္ျဖင့္
လွမ္းဖမ္းလိုက္ႏိုင္သည္။ ထို႔ေနာက္ ေဘး
ဖက္မွာ အသာလွည့္ထြက္လိုက္ၿပီး သူ၏
တစ္ကိုယ္လံုး ဓာတ္ေလွကားလမ္းေၾကာင္း
အတြင္းမွ ထြက္လာေလသည္၊

သူျပဳမႈသြားသည့္ ပံုစံမ်ားက သရဲအလား
ပင္။ ေပါ့ပါးၿပီး ခန္႔ညားလွသည္။

[သူ သာမန္လူေကာ ဟုတ္ေသးရဲ႕လား။
သူ ေအာက္ဆင္းျပန္တက္ဖို႔ ႀကိဳးကိုလိုမွာ
မဟုတ္ဘူး။ အရင္က အဲ့ဒီ သရုပ္ေဆာင္
ေတြအတြက္ လုပ္ေပးတာေနမယ္။]

[ဘုရားေရ၊ ငါစိတ္လႈပ္ရွားလိုက္တာ]

သူျပန္တက္လာႏိုင္လိမ့္မည္ဟာ အမ်ိဳးသမီး ေဘာ့စ္ လံုးဝ မထင္ထားခဲ့ေပ။ စကၠန္႔အ
နည္းငယ္ၾကာ အံ့အားသင့္ေနၿပီးေနာက္
သူ၏တစ္ကိုယ္လံုး ရွဲ႔ရွင္းလန္ထံ အရွိန္
ႏွင့္လာေတာ့သည္။

ရွဲ႔ရွင္းလန္သည္ သပ္ရပ္လြယ္ကူစြာပင္
သူမ တိုက္ခိုက္သည္ကို ေရွာင္လိုက္သည္။

အမ်ိဳးသမီးေဘာ့စ္သည္ မုန္းတီးေနသည့္ပံု
ေပၚၿပီး ခ်က္ခ်င္းပင္ ထပ္၍တိုက္ခိုက္ျပန္
သည္။ ရွဲ႔ရွင္းလန္သည္ စားပြဲေပၚသို႔ ခုန္
တက္လိုက္ၿပီး တည္ၿငိမ္စြာေရွာင္လိုက္သည္
အခ်ိန္တိုင္းတြင္ အမ်ိဳးသမီးေဘာ့စ္၏ ဟာ
ကြက္မရွိ၊ၾကမ္းတမ္းသည္ဟုထင္ရသည့္
တုိက္ခ်က္မ်ားကို ဒဏ္ရာမရပဲ တိကၽစြာ
ေရွာင္ရွားႏိုင္ေလသည္။

အမ်ိဳးသမီးေဘာ့စ္သည္ လံုးဝေဒါသထြက္
သြားၿပီး ျမင္သမၽွကို အရူးအမူးဖ်က္ဆီး
ေတာ့သည္။ ခိုင္မာသည့္ ပင့္ကူေျခေထာက္
မ်ားက သူမလမ္းကိုပိတ္ထားသမၽွ အရာ
တုိင္းအား ဖ်က္စီးပစ္ေလသည္။ ပင့္ကူေျခ
ေထာက္မ်ားကို သူ႔အားလာစိုက္မိေတာ့
မည္ကို ျမင္ေသာအခါ ရွဲ႔ရွင္းလန္သည္ စား
ပြဲခံုထက္သို႔ လွဲခ်ကာတစ္ဖက္သို႔ လွိမ့္
သြားလိုက္သည္။ အမ်ိဳးသမီးေဘာ့စ္၏
ပင့္ကူေျခေထာက္မ်ားက စားပြဲခံုကို ခပ္
နက္နက္ထိုးစိုက္သြားၿပီး သူမ၏ ထိုးစစ္
သည္လည္း အနည္းငယ္ အားေလ်ာ့သြား
သည္။

အေရးေပၚအေျခအေနၾကားတြင္ ရွဲ႔ရွင္းလန္
သည္ ဓားေျမွာင္တစ္ခုကို စမ္းမိလိုက္သည္
အရင္တစ္ခါက ခုခံရန္ ရွဲ႔ခ်ီဝယ္လာသည့္
အရာပင္။

ခဏၾကာၿပီးေနာက္ ပထမထပ္တစ္ခုလံုး
လံုးဝ စုတ္ျပတ္သတ္ေနေလသည္။ ရွဲ႔ရွင္း
လန္၏ ဆံပင္မ်ားလည္းရႈပ္ပြေနၿပီး စားပြဲ
ခံု တစ္ဖက္ရွိ လူမဆန္သည့္ သတၱဝါႀကီး
ကို ၾကည့္ကာ နည္းနည္း ေမာဟိုက္လာ
သည္။

[ဘာလို႔ သူက ခံပဲခံေနၿပီး ျပန္မတိုက္တာ
လဲ။]

[ခ်ီးကိုမွျပန္တုိက္ပါလား။ သူတိုက္လိုက္
တာနဲ႔ အမွတ္ ၁၀၀ အႏုတ္ခံရမွာေလ။ အဲ့
ဒါ ရွံဳးၿပီဟ။]

[သူ အမ်ိဳးသမီးေဘာ့စ္ကို တိုက္ခိုက္လို႔ မရ
ဘူးဆိုတာ ေမ့သြားတယ္။]

ခဏတာအသက္ရွဴ ၿပီးသည့္ေနာက္ အမ်ိဳးသ
မီးေဘာ့စ္သည္ ပင့္ကူေျခေထာက္မ်ားကို
ဆြဲထုတ္လိုက္ၿပီး တစ္ဖန္ ျပန္ထိုးစိုက္ျပန္
ေတာ့သည္။ 

ရွဲ႔ရွင္းလန္သည္ ျပန္မတိုက္ႏိုင္ပဲ သူ၏
ဓားေျမွာင္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္
လိုက္သည္။ တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး
ဒုတိယထပ္သို႔ ဦးတည္သြားေလကာ အ
မ်ိဳးသမီးေဘာ့စ္က ေနာက္မွ လိုက္လာေလ
သည္။

ပင့္ကူေျခေထာက္မ်ား နီးကပ္လာသည္ႏွင့္
အမၽွ ရွဲ႔ရွင္းလန္သည္ ဒုတိယထပ္၏ လက္
ရန္းကို လက္တစ္ဖက္ျဖင့္ ဆြဲကိုင္လိုက္ၿပီး
သူ၏ေျခေထာက္မ်ားကို ေျမာက္ကာ ေဘး
တိုက္မတင္လိုက္သည္။ ထို႔ေနာက္ ဒုတိယ
ထပ္မွ ခုန္ဆင္းကာ ကိုယ့္ကိုကိုယ္ အသာ
ထိန္းလိုက္ရင္း ျပန္ထလာသည္။

■{ သေဘာက ဒုတိယထပ္ကို သြားၿပီးမွ ပထ
မထပ္ဆီ ျပန္ခုန္ဆင္းတာပါ :3 }■

အမ်ိဳးသမီးေဘာ့စ္က ေနာက္မွလိုက္လာရင္း
သူမ၏ ပံုစံကို နည္းနည္းခ်င္း မျမင္ရေတာ့
ေပ။ ကမၻာေျမႀကီး၏ ဆြဲအားမွ လံုးဝကို
ကၽြတ္လြတ္သြားၿပီး လူသားအျဖစ္ကို ေက်ာ္
လြန္၍သြားေတာ့သည္။ အမ်ဳိးသမီးေဘာ့စ္
သည္ နံရံအား ေတာက္တဲ့(သို႔) လင္းႏို႔
သဖြယ္ တြယ္ကပ္ေနေတာ့သည္။

သူမ အေမာမေဖာက္လာဟု မဆိုလိုျခင္း
ေတာ့မဟုတ္။ အမ်ိဳးသမီးေဘာ့စ္၏ ေျခ
ေထာက္မ်ားသည္ ဒုတိယထပ္ လက္ရန္း
ကို တြယ္ကုပ္ထားၾကရင္း သူမကေတာ့
အသက္ကို ျပင္းစြာရွဴ ေနသည္။ သူမ အ
သက္ရွဴ လိုက္တုန္း သူမ၏ ေဖာင္းကား
ေနသည့္ ခႏၶာကိုယ္သည္ ေအာ္ဟစ္ေန
သည့္ဖားျပဳပ္ႀကီး၏ ပါးမ်ားသဖြယ္ထူးဆန္းစြာ လႈပ္ခါေနသည္။  

သူမ ေကာင္းေကာင္းအနားယူလိုက္သည္။
ထို႔ေနာက္ အင္မတန္ မိုက္သည့္ ခုန္ခ်က္
ျဖင့္ ပထမထပ္ရွိ ရွဲ႔ရွင္းလန္ဆီကို ခုန္အုပ္
လိုက္သည္။ ရွဲ႔ရွင္းလိုက္သည္ မထိန္းလိုက္
ႏိုင္ပဲ သူမကို ဓားေျမွာင္ႏွင့္ ထိုးလိုက္သည္။
ထို႔ေနာက္မွ စည္းမ်ဥ္းမ်ားကို သတိရၿပီး ဆဲ
လိုက္ကာ သူ၏ဓားကို ဖယ္လိုက္ရင္း ေရွာင္
ရန္ တစ္ဖက္လို႔ လွိမ့္သြားလိုက္သည္။

အကြာအေဝးက အရမ္းနီးလြန္းေနၿပီး အမ်ိဳး
သမီးေဘာ့စ္၏ ပင့္ကူေျခေထာက္မ်ားက
သူ႔ဆီ ေရာက္လာေသးသည္။ သက္ေရာက္
မႈ အႀကီးႀကီးျဖစ္သြားၿပီး ရွဲ႔ရွင္းလန္အား
သူ႔ေနာက္ဖက္ရွိ နံရံျဖဴ ဆီ အပစ္ခံလိုက္ရ
သည္။ သူ၏ ေျခလက္မ်ား ဆန္႔ကားသြား
ၿပီး ႏႈတ္ခမ္းေထာင့္မွ ေသြးစီးက်လာသည္။
သူ႔ တစ္ကိုယ္လံုးတြင္ ေနရာတိုင္း၌ ဒဏ္
ရာကိုယ္စီရထားၾကေလသည္။

[အဲ့လိုမလုပ္နဲ႔ေလ။ေရွာင္ေကာေကာက
တိုက္လို႔မရရင္ သူရွံဳးမွာေပါ့]

[ငါ အရမ္း စိတ္ဆင္းရဲေနၿပီ။] 

[သူဒီမွာေတာ့ ရွင္းျပစရာမလိုေတာ့ဘူး
ဟုတ္တယ္မလား။]

အမ်ိဳးသမီးေဘာ့စ္သည္ သူမ၏ သားေကာင္
ကို ေဆာ့ကစားရင္း သူ၏ စိတ္ပုိင္းဆိုင္ရာ
ကို ဖ်က္စီးခ်င္ပံုေပၚသည္။ ေအာင္ႏိုင္သူ
တစ္ေယာက္အလား ျဖည္းျဖည္းခ်င္း ေရွ႕
တိုးလာသည္။

အၾကာႀကီး တိတ္ဆိတ္ေနခဲ့ေသာ ရွဲ႔ခ်ီသည္
ရုတ္တရက္ စကားေျပာလာသည္။ " ကိုကို၊
စည္းမ်ဥ္းက 'ကေလး'ရွိေနတဲ့ ကုိယ္ဝန္
သည္ အမ်ိဳးသမီးေဘာ့စ္ကို မတိုက္ခိုက္ဖို႔။
အဲ့လိုသာဆို တကယ္လို႔ သူကိုယ္ဝန္ရွိ
ေနတာက ... ကေလးတစ္ေယာက္ မဟုတ္
ခဲ့ရင္ေကာ။"

“ဥပမာ—” ရွဲ႔ခ်ီက ရပ္လိုက္သည္။ " သူ
ကုိယ္ဝန္ရွိေနတာ...တကယ့္ ကေလးေခါင္း
နဲ႔ ကူေကာင္သာဆိုရင္။"

[အား.... ေနာက္ခံစကားေျပာတဲ့အကြက္]

[တကယ္လို႔ ကေလးကို ကိုယ္ဝန္ရွိေနတာ
မဟုတ္ဘူးဆိုရင္ အမ်ဳိးသမီးေဘာ့စ္ကို
တိုက္ခိုက္လို႔မရဘူးဆိုတဲ့ စည္းကမ္းမရွိ
ေတာ့ဘူး။]

[စာလံုးကိုကစားထားတာပဲ။]

[ဘာလို႔ သူက သူ႔ကိုယ္သူ စကားေတြေျပာ
ေနတာလဲ။] 

ရွဲ႔ရွင္းလန္သည္ ၾကမ္းျပင္ကို လက္တစ္
ဖက္ေထာက္ကာ ကိုယ္ကို ထိန္းထားလိုက္
ၿပီး သူ၏ပါးစပ္ေထာင့္ရွိ ေသြးနီစြန္းကို
လက္မျဖင့္ သုတ္လိုက္သည္။ သူ၏ေရွ႕ရွိ
မည္းနက္ကာဆိုရြားလွသည့္ ပင့္ကူသ႑န္
သတၱဝါကို ၾကည့္လိုက္ရင္း ေလွာင္ျပံဳးျပံဳး
လိုက္ကာ မ်က္လံုးမ်ားကေတာ့ ေအးစက္
ၿပီး နက္ရႈိင္းေနခဲ့သည္။
" အခုေတာ့ ငါ့ အလွည့္ေပါ့။"

♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡

​ေနာက္တစ္ပိုင္း Arc 1 ဇာတ္သိမ္း!!!
Sunday ညက်မွ ေတြ႕မယ္ေလေနာ္။

□■□■□■□■□■UNICODE■□■□■□■□

ယန်ကျင်းက သူနားကြားမှားလိုက်သည်ဟု
ထင်မိလိုက်သည်။ "အကိုရှဲ့၊စောနက
ဘယ်သူ့ကို ခေါ်လိုက်တာ....?"

ကျန်းရွေ့နှင့် ကျောင့်မင်သည်လည်း အ
ကြည့်ချင်းဖလှယ်မိကြသည်။ ရှဲ့ချီက ကလေးသရဲကို ခေါ်နေသည်တဲ့လား။ သူရူးများသွားသလား။

[ဘာတွေဖြစ်နေတာလဲ။တစ်ယောက်
လောက်ရှင်းပြကြပါဦး]

[ကလေးသရဲရဲ့ သွေးက တိုက်စားနိုင်တယ်
မလား။ ကလေးသရဲရဲ့ သွေးကိုသုံးပြီး ဓာတ်
လှေကားအောက်ခြေကို တိုက်စားအောင်
လုပ်ချင်နေတာ။]

[ကလေးသရဲ:ငါ့မျက်နှာကို ထောက်ပါဦးလား]

[ဘယ်လိုဖြစ်ဖြစ် သူ့အမေကိုကယ်ဖို့သုံးမှာ
ပဲ။ သူသဘောမတူချင်တောင် တူရမှာပဲ
လေ။]

[ဟားဟားဟား ဗီရိုထဲကကိစ္စဖြစ်ပြီးတာ
တောင် ကလေးသရဲ ထပ်ခံရဦးမယ်။] 

[တကယ်ကို ပြတ်သားတဲ့လူပဲ။]

ရှဲ့ရှင်းလန်သည် ကလေးသရဲပေါ်လာမည်
ကို သေချာ၍ စိတ်ရှည်စွာစောင့်နေသည်။
သေချာတာပေါ့။စက္ကန့်ဒါဇင်လောက်လည်း
ကြာရော လူကြီးတစ်ယောက်အရွယ်ရှိ တံခါး
နားက ပန်းအိုးကြီးရုတ်တရက်လှုပ်လာပြီး
ဖြူဖြူသေးသေး လက်နှစ်ဖက် အိုးတွင်းမှ
ထွက်လာသည်။

ကျန်းရွေ့က ကြောက်လန့်စွာ အော်ဟစ်
လိုက်ပြီး ကျောင့်မင်ကတော့ မျက်နှာဖွေး
စုတ်ကာ ချက်ချင်းပုန်းနေလိုက်သည်။ကလေးသရဲသည် ပန်းအိုးထဲတွင်ပုန်းနေ
ပြီး သူတို့ပြောသမျှကို ခိုးနားထောင်နေလိမ့်
မည်ဟု သူတို့လုံးဝမထင်ထားခဲ့ပေ။ကလေး
သရဲသည် ပန်းအိုးတွင်းမှ ထွက်လာပြီး ခုန်
ဆင်းကာ ရှဲ့ရှင်းလန်နားကိုလျှောက်လာ
သည်။သူ့မှာသာခေါင်းရှိနေခဲ့လျှင် သူ့မျက်နှာပေါ်က အမူအရာက မုန်းတီးမှု အပြည့်နှင့် ကူကယ်ရာမဲ့ခြင်းတို့ အပြည့်ဖြစ် နေပေလိမ့်မည်။

ရှဲ့ရှင်းလန်က တည်ငြိမ်စွာပင် လက်ယမ်းပြ
လိုက်သည်။ "မြန်မြန်လာ"

လေသံကပေါ့ပေါ့ပါးပါးနှင့် အမိန့်ပေးဟန်က
အပြည့်ပင်။ ကလေးသရဲ၏ဒေါသ ထိုးတက်
သွားသည်။ သူ၏လက်သည်းရှည်ကြီးများ
က တော်တော်ကြာအောင် ရှည်လာလိုက်
တိုသွားလိုက်ဖြစ်နေပြီးမှ ဓာတ်လှေကား
ထံ လွင့်သွားလိုက်ပြီး အဖြတ်ခံထားရ
သည့် လည်ပင်းမှ သွေးများကို ညှစ်ချလိုက်
သည်။

ကျန်ရှိနေသည့်သုံးယောက်လုံး အံ့အားသင့်
သွားကြသည်။ ဤရယ်စရာကောင်းလှ
သည့် မြင်ကွင်းကိုကြည့်ပြီး ရယ်ချင်လှသော်
လည်း မရယ်ရဲကြပေ။

ရှဲ့ရှင်းလန်၏ နှုတ်ခမ်းများက တင်းတင်း စေ့ထားပြီး ထိုနေရာသို့လျှောက်သွားကာ မြန်
မြန်လုပ်ရန် သရဲကို တွန်းအားပေးတော့သည် အဆိပ်ရှိသည့်သွေးများက ဓာတ် လှေ
ကားအောက်ခြေကိုထိသွားပြီး ပြန့်သွားကြ
သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ဓာတ်လှေကားအခြေ၌ အနက်ရောင်အ
ပေါက်ကြီးပေါ်လာပြီး အပေါက်က ကျယ်
လာနေသေးတုန်းပင်။

ကလေးသရဲ၏ အဆိပ်ရှိသွေးအနံ့နှင့် လမ်းကြောင်းထဲမှထွက်လာသည့် ညှီနံ့တို့ ပေါင်းကာ ယန်ကျင်းတို့ သုံးယောက်အုပ်စု ခမျာမူးလဲမတတ်ပင်။ ရှဲ့ရှင်းလန်သည်သာ ရှဲ့ချီအရင်ကဝယ်ထားသည့် mask ကို ကောက်တတ်ရန် ကြိုတွေးထားသဖြင့် အတည်ငြိမ်ဆုံးဖြစ်နေလေသည်။

■{အားလုံးလည်း ရှဲ့ရှင်းလန်လို ဉာဏ်ရှိ ရှိနဲ့ အပြင်ထွက်တိုင်း mask တတ်ကြပါ။မ
ဟုတ်ရင် ယန်ကျင်းတို့လို အပုပ်နံ့ရှူ နေရ
ပါမယ်။}■

ကလေးသရဲလည်း သူ့လည်ပင်းကနေ ညှစ်
ထုတ်မနေတော့ပေ။အနက်ရောင် အ
ပေါက်ကြီးရှေ့တွင် ငုတ်တုတ်ထိုင်နေကာ
ခဏကြာအောင် တိတ်နေသည်။ ထို့နောက်
ရုတ်တရက်အောက်သို့ ကြည့်လိုက်ပြီး အ
နက်ရောင်အပေါက်ထဲသို့ သူရဲ့လည်ပင်း
ကို ထိုးဝင်လိုက်သည်။ သူ့တွင်ခေါင်းမရှိ
တော့၍ သူ့အမေကို မမြင်ရသော်လည်း တစ်
ခုခုကို ခံစားမိသည့်ပုံပေါ်သည်။

ရှဲ့ရှင်းလန်က ချက်ချင်းပင် သူ့နားများကို
အုပ်ကာထားလိုက်သည်။

ကျောင့်မင်သည် ရှဲ့ရှင်းလန် လုပ်သည်ကို
ကြောင်ကြည့်နေလေသည်။ "အကို ရှဲ့၊
မင်း..."

ရှဲ့ရှင်းလန်သည် လက်တစ်ဖက်ကိုဖယ်
လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် သွယ်လျ
သည့် လက်ညှိုးကိုတင်လိုက်ကာ ထိုသူ
အား တိတ်တိတ်နေရန် အချက်ပြလိုက်
သည်။ ထို့နောက် ချက်ချင်းပင် နားများကို
ပြန်ကာထားလိုက်သည်။ ကျောင့်မင်က
တော့ ခုထိ နားမလည်သေးပေ။ နောက်တစ်
ခဏတွင် ကလေးသရဲ၏ အရိုးစူးလောက်
စရာ အော်ငိုသံကြီးက မြေညီထပ်တစ်ထပ်
လုံး တုန်ဟီးသွားသည်။ ပန်းအိုးများလည်း
ကွဲကုန်ပြီး စာအုပ်စင်များလည်း လဲကျကုန်
သည်။ 

ယန်ကျင်းတို့ သုံးယောက်အုပ်စု တုန်လှုပ်
သွားကြပြီး အသက်ရှူရပင်ခက်ခဲလာသည်။
အသံလှိုင်းတိုက်ခိုက်မှုကို ကာကွယ်ရန်
ချက်ချင်ပင် သူတို့နားတွေကို အုပ်ထား
လိုက်ကြသည်။ ကျောင့်မင်သည် အမြုပ်
များပင် အန်ထွက်လုနီးဖြစ်နေပြီး သူ့စိတ်
ကတော့ ဝမ်းနည်းမှုများပြည့်နေသည်။
အများကြီး လျှာရှည်မနေသင့်ပဲ ရှဲ့ချီလုပ်
သည့်အတိုင်း လိုက်လုပ်ခဲ့သင့်တာ။

[ကလေးသရဲလေး သနားပါတယ်။သူ့ခမျာ
အမေနဲ့ ခွဲနေရတာ ၁၈နှစ်တောင်]

[အမုန်းတရားနဲ့ပြည့်နေတဲ့သူတွေမှာလည်း
သနားစရာကောင်းတာတွေရှိနေတာပဲ။]

ကလေးသရဲ အငိုရပ်သွားသည်။ ရှဲ့ရှင်း လန်သည် ကျောင့်မင်နှင့် ကျန်းရွေ့ကို လက်ပြခေါ်လိုက်ပြီး နောက်ဆက်လုပ်ရ မည်ကိုခပ်ပြတ်ပြတ်ရှင်းပြသည်။" မင်းတို့ အပြင်ထွက်ချင်တယ်ဆိုရင် လာကူ။"

ယန်ကျင်းအပါအဝင် သုံးယောက်လုံး စ
ကားတစ်ခွန်းမဆိုပဲ ရှေ့သို့ပြေးသွားကြ
သည်။ ကျန်းရွေ့သည် ဓာတ်လှေကားအ
ခြေရှိ သွေးတွေကိုရှင်းရန် တာဝန်ကျလေ
သည်။ကျောင့်မင်က ဓာတ်လှေကားလမ်း
ကြောင်းထဲသို့ ကြိုးထူထူကို တစ်ခါတည်း
ပစ်ချရန် ပြင်နေသော်လည်း ရှဲ့ရှင်းလန်က
မျက်မှောင်ကျုံ့ကာ တားလိုက်သည်။ markerတစ်ခုကိုကောက်ယူလိုက်ပြီး ကြိုးပေါ် တွင်အမှတ်အသားများဆွဲတော့သည်။

ရှဲ့ရှင်းလန်က အမိန့်ပေးလိုက်သည်။
" မြေပြင်ကိုထိတာနဲ့ အမှတ်ဘယ်လောက်
ရှိသွားပြီလဲ ငါ့ကိုပြော"

ကျောင့်မင်သည် ပြန်မဖြေပဲမနေနိုင်ပေ။
ရှဲ့ချီက သရဲ၏အလောင်းကိုတွေ့သည်နှင့်
သရဲကားထဲမှ ထွက်နိုင်တော့မည်ကိုတွေး
ရင်းအပျော်လွန်နေသည်။ "အကိုရှဲ့၊ အကို
က အရမ်း အမြော်မြင်ရှိတာပဲ။"

ရှဲ့ရှင်းလန်သည် ထိုသူကိုလျစ်လျူ ရှုနေ
လိုက်ပြီး ကြိုး၏အခြားအဆုံးတစ်ဖက်ကို
မြေညီထပ်၏နံရံပေါ်ရှိ သံတိုင်ပေါ်၌
ချည်လိုက်သည်။

ရှဲ့ရှင်းလန်သည် နောက်သို့ဆုတ်ပြီး သံတိုင်
ခိုင်မခိုင်ကို သေချာစေရန် အားနှင့်ဆွဲကြည့်
သည်။ ထို့နောက် စီးကရက်ကို မီးငြှိမ်းကာ
တစ်ဖက်က အမှိုက်ပုံးထဲပစ်လိုက်ပြီး ဓာတ်
လှေကား လမ်းကြောင်းဖက်သို့ လျှောက်
သွားလိုက်သည်။

ဒါက ပထမထပ်ဖြစ်သည်။ ဒီကနေကြည့်
လျှင် ဓာတ်လှေကားလမ်းကြောင်းက
သိပ်မနက်ပေ။ ၈-၉ မီတာခန့်လောက်
သာရှိလေသည်။ သို့သော် သာမန်အ
ဆောက်အဦးတွေထက်တော့ ပို၍နက်ပြီး
ကြောက်စရာအရမ်းကောင်းသည်။ အမျိုးသ
မီးဘော့စ်သည် သူ အဆောက်အဦးဒီဇိုင်း
စဆွဲကတည်းက ကိုယ်ဝန်ဆောင် မိန်းက
လေး၏ အလောင်းကို ဒီနေရာတွင်ပစ်ရန်
ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ပုံပေါ်သည်။

ရှဲ့ရှင်းလန်သည် လိုအပ်သည့် ပစ္စည်း တန်ဆာများကို ပြင်ထားလိုက်ပြီး ဓာတ်မီးတစ်
လက်နှင့် အောက်သို့ဆင်းတော့သည်။ယန်
ကျင်းတို့သုံးယောက်၏ နှလုံးကတော့ လည်
မျိုထဲရောက်နေကြပြီဖြစ်သည်။ ရှဲ့ချီကို ကူ
ရန်ရည်ရွယ်ချက်ဖြင့် ရှိသမျှ မီးရောင်တွေ
ကို ဓာတ်လှေကားလမ်းကြောင်းအောက်
သို့ ထိုးထားကြသည်။

ရှဲ့ရှင်းလန်သည် ကြိုးပေါ်ကအမှတ်ကို သ တိထားကြည့်နေသည်။ အောက်တွင် နှစ်မီ
တာလောက်သာ ကျန်တော့သည်ကိုသေချာ
သောအခါ ကိုင်ထားသည့်လက်ကို လွှတ်
လိုက်ပြီး ဓာတ်လှေကားအောက်သို့ ခုန်
ဆင်းလိုက်သည်။

[ကြောက်စရာကောင်းလိုက်တာ။အဲ့ဒီမှာ
သရဲမရဲ့ အလောင်းရှိနေတယ်။]

[အပေါ်ကလူရယ် အလိုက်တာ။ ၁၈ နှစ်
တောင်ကြာပြီလေ။အလောင်းရှိနေရင်
တောင် အရိုးစုတွေပဲကျန်နေမှာပေါ့။]

[အား၊သူ ဦးခေါင်းခွံကြီးကို ကန်ပစ်တယ်။]

[သူက ရဲတင်းလွန်းတယ်။ ငါဆို အမှောင်
ကြောက်ပြီး ပိတ်လှောင်ခံရတာလည်း
ကြောက်တယ်။] 

ရှဲ့ရှင်းလန်သည် ငုတ်တုတ်ထိုင်ချလိုက်ပြီး
သူ့အိတ်ကပ်တွင်းမှ လက်အိတ်အဖြူများ
ကို ထုတ်ယူလိုက်သည်။ မနက်ကကြို ပြင်
ထားသည့် ပလတ်စတစ်အိတ်အဖြူ အကြီး
ကြီးကို ဖွင့်လိုက်ပြီး ညှပ်အကြီးကြီးများကို
သုံးကာ မြေပြင်ပေါ်က အရိုးဖြူဖြူများကို
ကောက်လိုက်ပြီး အိတ်ထဲပစ်ထည့်လိုက်
သည်။ လုပ်နေသည့်တစ်လျှောက်လုံး မျက်
နှာသေနှင့်ပင်။

ရှဲ့ရှင်းလန်သည် ရုတ်တရက် ရှဲ့ချီကိုတွေး မိလိုက်ပြီး ပြုံးလိုက်သည်။

ဒီလိုအလုပ်မျိုးကို သူသာလျှင် လုပ်သင့်ပေ
သည်။သန့်ရှင်းအောင်နေတတ်ပြီး အသန့်
ကြိုက်လွန်းသည့် ရှဲ့ချီကိုသာအပ်ထားလိုက်
လျှင် ရှဲ့ချီသည် ဘာမျှမဖြစ်သလိုဟန် ဆောင်နေလိမ့်မည်။ သို့သော် ပြီးသွားသည် နှင့်သန့်စင်ခန်းထဲဝင်ပုန်းကာ သူ့လက်တွေ
ကို အခါတစ်ရာလောက်ဆေးပေလိမ့်မည်။

■{အဟွတ်...ခွေးစာတွေ...အဟွတ်။ နင်
နေပါပြီ။ :3}■

ရှဲ့ရှင်းလန်သည် ဘယ်လူရိုးမှမကျန်ခဲ့ စေရန် ဓာတ်လှေကားလမ်းကြောင်း ထောင့်စေ့တစ်ခုမကျန် နှိုက်နှိုက် ချွတ် ချွတ်ရှာလေသည်။ထို့နောက် ဓာတ်မီးကို သုံးခါဖွင့်ပိတ်လုပ်လိုက်သည်။

အချက်ပြသည်ကိုရသောအခါ ကျန်းရွေ့နှင့်
ယန်ကျင်းသည် နောက်ထပ်ကြိုးတစ်ချောင်း
ကို ပစ်ချလိုက်သည်။ဒီတစ်ခါတော့ ကြိုး၏
အောက်ခြေတွင် ချိတ်တစ်ခုကိုတွဲထားလေ
သည်။ ရှဲ့ရှင်းလန်သည် လျှောက်သွား လိုက်ပြီး ချိတ်ကို ပလတ်စတစ်အိတ်၏ လက်ကိုင်နှစ်ခုတွင်ချိတ်လိုက်ပြီး ထူးခြားသည့် အထုံးပုံစံထုံးလိုက်သည်။

[ဘုရားရေ၊အရမ်း လည်တာပဲ။ဘာလို့များ
အဲ့လောက်ကြီးတဲ့ အရိုးအိတ်ကြီးကိုသယ်
ထားတာလဲလို့ ငါတွေးနေတာ။လက်စသတ်
တော့ နားမလည်တာ ငါကိုး]

[ဒီလူ အရမ်းတည်ငြိမ်လွန်းတာ ကြောက်စ
ရာကောင်းတယ်။]

[အဲ့လို ထုံးတဲ့ပုံစံက ပြန်ဖြည်လို့မရဘူး။ သူ
အဲ့လို လုပ်တတ်တာပဲ။ ဘယ်လိုထုံးလိုက်
လဲ ဆိုတာ ငါမသိလိုက်ဘူး။] 

ရှဲ့ရှင်းလန်သည် ဓာတ်မီးကို လှုပ်ပြလိုက်
ပြီး သူပြီးသွားပြီဖြစ်ကြောင်းပြလိုက်သည်။
ထို့နောက် ကျန်းရွေ့နှင့် ယန်ကျင်းသည် အားကုန်သုံးကာ အရိုးများကို ဆွဲတင်တော့ သည်။

အရိုးများ ဖြည်းဖြည်းချင်းမြင့်တက်လာပြီး
ယန်ကျင်းသည် သူတို့ ဇာတ်ကားထဲမှ ထွက်
ရန် အချိန်သည်လည်း နီးကပ်လာကြောင်း
သိလိုက်သည်။ ဓာတ်လှေကားလမ်းကြောင်း
ထဲသို့ အော်ပြောလိုက်သည်။ "အကို ရှဲ့၊
ကျေးဇူးတင်ပါတယ်။ အကို ထွက်လာတာနဲ့
ကျွန်တော့်ကို ဆက်သွယ်ရမယ်နော်၊ အရှုပ်
ထုပ် အရံဇာတ်ကြောင်းကို အကို လုပ်နိုင်
မှာပါ။"

သူတို့ အရင်တစ်ခါက app ထဲတွင် အချင်း
ချင်း friend အဖြစ် ပေါင်းထည့်ထားကြ
သည်။

ရှဲ့ရှင်းလန်က ပြန်ဖြေသည်။ " ငါသိတယ်။"

အရိုးများကို အပေါ်သို့ဆွဲတင်နိုင်လိုက်သည်
နှင့် အကုန်လုံး၏ app က အသိပေးသံ
ပေါ်လာသည်။

[ဝတ်စုံနီဝတ်ဝိညာဉ်၏ အလောင်းပြန်ပေါ်
လာပြီး ဇာတ်ကား၏ အဓိကဇာတ်ကြောင်း
လုံးဝ ပြီးဆုံးသွားပါပြီ။]

[ဤဇာတ်ကားတွင် အရံဇာတ်ကြောင်း တစ်
ခုရှိသောကြောင့် သရုပ်ဆောင်များ၏  ခြုံငုံသုံးသပ်မှုကို အရံဇာတ်ကြောင်းပြီးဆုံး
မှ သာလျှင် လုပ်ဆောင်မည်ဖြစ်သည်။ ကျေးဇူးပြု၍ စိတ်ရှည်ကြပါ။]

[သရုပ်ဆောင် ယန်ကျင်း၊ကျန်းရွေ့နှင့်
ကျောင့်မင်တို့သည် အရံဇာတ်ကြောင်းမ
ဖွင့်ရသေးဟု ဆုံးဖြတ်လိုက်သည်။ သူတို့
သည် ချက်ချင်းပင် ဇာတ်ကားမှ ထွက်သွား
ရမည်ဖြစ်သည်။ ] 

[အရံဇာတ်ကြောင်းအား မဖွင့်ရသေးသော
သရုပ်ဆောင်များသည် နောက်ဆက်တွဲ အဖြစ်ပျက်များကို app မှတစ်ဆင့် ကြည့်ရှု
နိုင်ပါသည်။ ]

ပထမထပ်တွင် ယန်ကျင်းတို့သုံးယောက်
လုံး လုံးဝပျောက်ကွယ်သွားသည်။

သရဲကား၏ အပြင်ဖက်တွင် ရုပ်ရှင်ပိတ်ကား
သည် ဓာတ်လှေကားလမ်းကြောင်းတွင်းရှိ
ရှဲ့ချီကို အနီးကပ်ဆွဲပြထားသည်။

မှောင်မည်းနေသည့် ဓာတ်လှေကားလမ်း
ကြောင်းထဲတွင် လူသစ်လေးသည် အပေါ်
ကို နည်းနည်းမော့ကြည့်လိုက်ပြီး ဓာတ်မီး
ကို ဖွင့်လိုက်သည်။ တိတ်ဆိတ်မှုအတိအ
တွင်းတွင် သူ၏မျက်လုံးများက ကြယ်စင်
များသဖွယ် နက်ရှိုင်းနေကာ သူ၏မျက်ဆံ
များထဲတွင်တော့ ဓာတ်လှေကားလမ်း
ကြောင်း၏ နံရံလေးခုက အရိပ်ထင်နေ
သည်။ လမ်းကြောင်း၏ ထိပ်ဆုံးရှိ မျှော် လင့်ချက်ကို ကိုယ်စားပြုနေသော တောက် ပသည့် အလင်းရောင်သည် အနည်းငယ် လက်လှမ်းမမှီနိုင်သည့်ပုံပေါ်နေသည်။

အဖြူရောင်အလင်းများဖြင့်တောက်ပနေ
သော ဖောက်မြင်နေရသည့် သရဲထီးတစ်
ကောင်သည် နည်းနည်းစိတ်မရှည်တော့
ပဲ မတ်တပ်ထရပ်လိုက်သည်။ "မိန်းမရေ၊
ငါတော့ ပြန်တော့မယ်။ တော်တော်ဆိုးမယ့်
ဇာတ်ကားလို့ ထင်ထားပေမယ့် ကြည့်ရ
တာတော်တော် လန်းတယ်ကွ။ လူသစ်က
တော်တော် စွမ်းပေမယ့် ဇာတ်သိမ်းကြီးက
တမင်ကို လုပ်ယူထားတာ။ တို့လို့တန်း
လန်းနဲ့ နောက်ဆက်တွဲရှိနေမယ်လို့ ခံစား
ရတယ်။ "

အပြာရောင် အလင်းနှင့် ဖောက်မြင်နေရ သည့် မိန်းမက သူ့ကိုဆွဲလိုက်သည်။
" အရံဇာတ်ကြောင်းရှိသေးတယ်မလား။
ရှောင်ကောကောက သူနေခဲ့မယ်လို့ ပြော
တယ်လေ။"

သရဲထီးက သိပ်စိတ်မရှည်တော့ပေ။ "သူ
စိတ်ပြောင်းရင် ပြောင်းသွားမှာပေါ့။ဘယ်
လိုဖြစ်ဖြစ် သူတစ်ယောက်ပဲကျန်တော့ပြီး ဓာတ်လှေကား လမ်းကြောင်းထဲမှာလေ။
အရံဇာတ်ကြောင်းက ဘာတွေပြဦးမှာလဲ
ဘယ်ကြီးတော်ကသိမှာလဲ။ ပြန်ရအောင်ပါ"

ကောင်မလေးက မရပ်ချင်ရပ်ချင်ထရပ်ပြီး
ရေများက တစက်စက်ကျနေသည်။ သူတို့
ရုပ်ရှင်ကြည့်နေသည်မှာ သုံးရက်ကြာနေ
ပြီဖြစ်ပြီး သူမ၏ခြေထောက်အောက်တွင်
ရွှံ့နှင့်ရောနေသည့် ရေကွက်အကြီးကြီး
ရှိနေလေသည်။ သူတို့ပတ်လည်တွင်လည်း
သရဲများက ဆူညံပွက်လောရိုက်နေကြသည်။
"ငါ သူ အရံဇာတ်ကြောင်းဖွင့်တာ မြင်ချင်
တယ်။ သူဖွင့်ရဲတယ်ဆိုရင် ငါသူ့ကိုတစ်
သက်လုံး follow တော့မယ်။"

"နှုတ်ဆက်ပါတယ်။ သူက အနာဂတ်လမ်း
ကြောင်းကောင်းတဲ့ လူသစ်လေးသာသာပါ
ပဲ။ အဲ့လောက်ကြီး ရင်းနှီးနေစရာမလိုဘူး။
ငါတော့ ပြန်ပြီ..."

ရုပ်ရှင်ရုံသည် အလွန်ကိုကြီးမားပြီး လူအ
ယောက် ၂၀၀၊၃၀၀ လောက် အသာလေး
ဆန့်သည်။ ပတ်လည်ကို ကြည့်လိုက်လျှင်
တစ်ဝက်မျှသော သရဲများက အဖြူရောင်
ဖြစ်သည်။ ၃၀ မှ ၄၀% ကတော့ အနက်
ဖြစ်ပြီး ၁၀% က အရောင်စုံဖြစ်သည်။ ရေ
လိုမျိုး အပြာရောင်နှင့် မီးလို လိမ္မော်ရောင်
များလည်း ရှိသည်။

ပိတ်ကားကရပ်နေတုန်း သရဲများက ပြန်
ကြတော့မည်ပြင်ပြီးမှ ရုတ်တရက် ပြန်ပြ
လာသည်။ သရဲအားလုံး ရပ်သွားကြသည်။
ထို့နောက် စက္ကန့်နည်းနည်းကြာသောအခါ
သူတို့ပြုံးလိုက်ပြီး ကိုယ့်နေရာကိုယ် အမြန်
ပြန်သွားကြသည်။

"သူ အရံဇာတ်ကြောင်းကို ဖွင့်လိုက်ပြီ။"

"ဒီလို စိတ်မာတဲ့သူကို သဘောကျတယ်။သူ
သူ အသက်ရှင်ရင် သူ့ကိုပဲ သစ္စာရှိတော့
မယ်။"

“ငရဲပိုက်ဆံ ၁၀၀ ကတန်တယ်ဟေ့။ ဇာတ်
ကြောင်းကအရမ်းပြည့်စုံပြီး အရံဇာတ်
ကြောင်းကိုလည်း ကြည့်ရသေးတယ်။"

"ငါ့အထင် အဲ့ဒီလမ်းကြောင်းဝင်ပေါက်က
တစ်ခုခုပြောချင်နေတယ်ထင်တယ်။" 

***
ရှဲ့ရှင်းလန်သည် အရံဇာတ်ကြောင်းကို လက်ခံလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲပြန် ထည့်လိုက်ပြီး ကြိုးကိုဆုပ်ကိုင်ကာ လမ်း ကြောင်း၏ နံရံကို သုံးပြီးပြန်တက်လာသည်။

အမှောင်က သူ့ကို ဘယ်လိုစိတ်ဖိအားကိုမှ
မပေးပေ။ သူ့မျက်နှာထက်တွင် ကြောက်ရွံ့
ခြင်းကို တစိုးတစဉ်းမှမမြင်ရပေ။သူ့ကို
ကြည့်ရသည်မှာ အေးစက်ပြီး ဆန်းကြယ်
သည့် ညနက်နှင့်သာသက်ဆိုင်နေသဖွယ်
ပင်။ထိုအချိန်တွင် ခပ်ဝေးဝေးမှ ကြမ်းပြင်
ပေါ် ဒေါက်မြင့်ဖိနပ်ဖြင့် လျှောက်လာသံကို
ကြားလိုက်ရသည်။ ထိုအသံက ပရိသတ်
၏ နှလုံးသားကို ရိုက်ခတ်နေလေသည်။

[အမျိုးသမီးပင့်ကူဘော့စ်ကြီး လာနေပြီ]

[သူအခုထိ လမ်းကြောင်းထဲက မထွက်ရ
သေးဘူး။] 

[ရှောင်ကောကောကအလျင်လိုနေတော့
အမျိုးသမီးဘော့စ်က သူ့ယောက်ျားကို သတ်
လိုက်တာ မတွေ့လိုက်ရဘူး။ ဖား၊ သူ့ဖက်
က အားနည်းနေတယ်။]

[ငါက ကောင်ချောလေးနဲ့ ပင့်ကူချနေတာကို
ကြည့်ရတော့မှာလား။]

[သရုပ်ဆောင်တွေက ကိုယ်ဝန်ရှိနေတဲ့ အ
မျိုးသမီးဘော့စ်ကို မတိုက်ရဘူးဆိုတာမေ့
သွားပြီလား။]

[ဒါဆို ဒါကြီးက မဖြစ်နိုင်ဘူးပေါ့?!!!] 

ပိတ်ကားထက်တွင် အမျိုးသမီးဘော့စ်၏
မျက်နှာသည် အကြောက်တရားများနှင့်
ပြည့်နေပြီး သူ့ခြေလှမ်းများကလည်း ဇော
ကြီးပြီး ယောက်ယက်ခပ်နေသည်။ သူမ၏
ကူကောင်က ဓာတ်လှေကားထဲရှိသရဲမ
လွတ်သွားပြီဖြစ်ကြောင်းနှင့် နောက်ထပ်
သုံး၍မရတော့ကြောင်းပြောလာသည်။

"မဖြစ်ဘူး။မဖြစ်ဘူး။"အမျိုးသမီးဘော့စ်က
အရူးတစ်ပိုင်း အော်ဟစ်လိုက်သည်။ဆွဲ
ဆောင့်ပစ်ဖို့ရာမနေနိုင်တော့သလို သူမ
၏ ဆံပင်တွေကိုဆွဲနေသည်။ ပထမထပ်
ကို ရောက်သွားလိုက်သည်နှင့် သံတိုင်တွင်
ချည်ထားသည့် ကြိုးထူထူကိုမြင်ပြီး ချက်
ချင်းပင် တုံ့ပြန်တော့သည်။

“အဲ့ဒီ အသုံးမကျတဲ့ ယာယီအလုပ်သမား
တွေကတော့" အမျိုးသမီးဘော့စ်သည် အော်
ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး
အလွန် လှုပ်ရှားလွယ်သည်ကို ပြလိုက်
သည်။

သူမ၏ခါးက ထူးဆန်းသည့်ပုံစံကွေးပစ်ကာ တဖြည်းဖြည်းချင်း လေးဖက်ထောက်ကြီး ဖြစ်သွားသည်။ 

ရှဲ့ရှင်းလန်သည် အမျိုးသမီးဘော့စ်၏ အော်
သံကို ကြားသော်လည်း အလျင်နည်းနည်း
မှ မလိုသည့် လှုပ်ရှားမှုများဖြင့် လမ်း ကြောင်းနံရံကို ဆက်ပြီးတွယ်တက်နေသည်။ သူ၏ အာရုံငါးပါးလုံးကို အဆုံးစွန်ထိ စူးရှနေ
အောင်လုပ်ထားပြီး အင်မတန်တည်ငြိမ်
မှုကိုလည်း ထိန်းသိမ်းထားသည်။

အရင်က ပေါ့ပါးခဲ့သော်လည်း ယခုမူ လေး
ပင်သည့်ခြေလှမ်းများက နီးကပ်လာသည်။
ရှဲ့ရှင်းလန်၏ မျက်လုံးများ စူးရှစွာ မှေး ကျဉ်းသွားသည်။ အမျိုးသမီးဘော့စ်က ....လူ
ကော ဟုတ်သေးရဲ့လား။ လူက အဲ့သလို
လျှောက်နိုင်လို့လား။

ရှဲ့ရှင်းလန် အပေါ်သို့မော့ကြည့်လိုက်သည်။
လမ်းကြောင်း၏ဝင်ပေါက်နှင့် ယခုသူရောက်
နေသည့်နေရာသည် နှစ်မီတာကွာဝေး
သည်။ ပြဿ      နာကတိတ်ဆိတ်စွာပင် ရောက်လာသည်။

လုံးဝတိတ်ဆိတ်မှုထဲတွင် ရှဲ့ချီ
က သူ့ဖာသာအရင် နိုးထလာသည်။သူ၏
အသံက ခပ်နိမ့်နိမ့်နှင့် ညှင်သာသော်
လည်း နည်းနည်းအားလျော့နေသည်။
"ကိုကို၊ ဒီတိုက်ပွဲမှာ ကိုကိုတစ်ယောက်
တည်းမဟုတ်ဘူး။ ကိုကို့မှာ ကျွန်တော်
ရှိတယ်။"

ရှဲ့ရှင်းလန်ပြုံးလိုက်သည်။ ရှဲ့ချီဟာ အမြဲသူ
နှင့်ရှိနေသည်လေ။ အမျိုးသမီးဘော့စ် ဓာတ်လှေကားလမ်းကြောင်းဆီသို့ ပုံမှန် မဟုတ်သည့် အရှိန်နှင့် လာနေလေသည်။ ထို့နောက် အထဲရှိ ရှဲ့ရှင်းလန်ကို တွေ့သွားသည်။

"ကြည့်ရတာ မင်းကတော့ မသွားရသေး
ဘူးထင်တယ်။ ဟားဟား မင်းက သူ့ကို စေ
တနာတွေနဲ့ လွှတ်ပေးလိုက်မှတော့ သူ့အ
စား ဒီနေရာမှာပဲ ထာဝရနေပေတော့။"

သူမ၏အမူအရာများ အယုတ်တမာဆန်
သွားပြီး မျက်နှာက သံသယဖြစ်ဖွယ် မည်း
နက်နေသည်။ ရှဲ့ရှင်းလန်သည် လေး ထောင့်ဝင်ပေါက်ရှိ အမျိုးသမီးဘော့စ်၏ လက်ကရုတ်တရက် မည်းနက်နက်၊ခပ်ချွန်ချွန် ....ပင့်ကူ ခြေထောက်များဖြစ် သွားသည်ကို ကြည့်နေခဲ့သည်။ အလွန်ထူ သည့်ကြိုးကိုပင့်ကူခြေထောက်များက အလွယ်တကူဖြတ်လိုက်သော်လည်း ရှဲ့ရှင်းလန်သည်အမျိုးသမီးဘော့စ်ထင်ထားသည့်အတိုင်းပြုတ်ကျပြီး မသေသွားပေ။

ရှဲ့ရှင်းလန်သည် လှောင်လိုက်ပြီးသူ၏ ခြေ
ချောင်းများဖြင့် နံရံမှ အားကုန် တွန်းထုတ်
လိုက်သည်။ ပြန်ကန်သည့်အားကို အသုံးချ
ပြီး ခုန်လိုက်ကာ ဓာတ်လှေကားလမ်း
ကြောင်း၏ အစွန်းကို ချောမွေ့စွာ လက်ဖြင့်
လှမ်းဖမ်းလိုက်နိုင်သည်။ ထို့နောက် ဘေး
ဖက်မှာ အသာလှည့်ထွက်လိုက်ပြီး သူ၏
တစ်ကိုယ်လုံး ဓာတ်လှေကားလမ်းကြောင်း
အတွင်းမှ ထွက်လာလေသည်၊

သူပြုမှုသွားသည့် ပုံစံများက သရဲအလား
ပင်။ ပေါ့ပါးပြီး ခန့်ညားလှသည်။

[သူ သာမန်လူကော ဟုတ်သေးရဲ့လား။
သူ အောက်ဆင်းပြန်တက်ဖို့ ကြိုးကိုလိုမှာ
မဟုတ်ဘူး။ အရင်က အဲ့ဒီ သရုပ်ဆောင်
တွေအတွက် လုပ်ပေးတာနေမယ်။]

[ဘုရားရေ၊ ငါစိတ်လှုပ်ရှားလိုက်တာ]

သူပြန်တက်လာနိုင်လိမ့်မည်ဟာ အမျိုးသမီး ဘော့စ် လုံးဝ မထင်ထားခဲ့ပေ။ စက္ကန့်အ
နည်းငယ်ကြာ အံ့အားသင့်နေပြီးနောက်
သူ၏တစ်ကိုယ်လုံး ရှဲ့ရှင်းလန်ထံ အရှိန်
နှင့်လာတော့သည်။

ရှဲ့ရှင်းလန်သည် သပ်ရပ်လွယ်ကူစွာပင်
သူမ တိုက်ခိုက်သည်ကို ရှောင်လိုက်သည်။

အမျိုးသမီးဘော့စ်သည် မုန်းတီးနေသည့်ပုံ
ပေါ်ပြီး ချက်ချင်းပင် ထပ်၍တိုက်ခိုက်ပြန်
သည်။ ရှဲ့ရှင်းလန်သည် စားပွဲပေါ်သို့ ခုန်
တက်လိုက်ပြီး တည်ငြိမ်စွာရှောင်လိုက်သည်
အချိန်တိုင်းတွင် အမျိုးသမီးဘော့စ်၏ ဟာ
ကွက်မရှိ၊ကြမ်းတမ်းသည်ဟုထင်ရသည့်
တိုက်ချက်များကို ဒဏ်ရာမရပဲ တိကျစွာ
ရှောင်ရှားနိုင်လေသည်။

အမျိုးသမီးဘော့စ်သည် လုံးဝဒေါသထွက်
သွားပြီး မြင်သမျှကို အရူးအမူးဖျက်ဆီး
တော့သည်။ ခိုင်မာသည့် ပင့်ကူခြေထောက်
များက သူမလမ်းကိုပိတ်ထားသမျှ အရာ
တိုင်းအား ဖျက်စီးပစ်လေသည်။ ပင့်ကူခြေ
ထောက်များကို သူ့အားလာစိုက်မိတော့
မည်ကို မြင်သောအခါ ရှဲ့ရှင်းလန်သည် စား
ပွဲခုံထက်သို့ လှဲချကာတစ်ဖက်သို့ လှိမ့်
သွားလိုက်သည်။ အမျိုးသမီးဘော့စ်၏
ပင့်ကူခြေထောက်များက စားပွဲခုံကို ခပ်
နက်နက်ထိုးစိုက်သွားပြီး သူမ၏ ထိုးစစ်
သည်လည်း အနည်းငယ် အားလျော့သွား
သည်။

အရေးပေါ်အခြေအနေကြားတွင် ရှဲ့ရှင်းလန်
သည် ဓားမြှောင်တစ်ခုကို စမ်းမိလိုက်သည်
အရင်တစ်ခါက ခုခံရန် ရှဲ့ချီဝယ်လာသည့်
အရာပင်။

ခဏကြာပြီးနောက် ပထမထပ်တစ်ခုလုံး
လုံးဝ စုတ်ပြတ်သတ်နေလေသည်။ ရှဲ့ရှင်း
လန်၏ ဆံပင်များလည်းရှုပ်ပွနေပြီး စားပွဲ
ခုံ တစ်ဖက်ရှိ လူမဆန်သည့် သတ္တဝါကြီး
ကို ကြည့်ကာ နည်းနည်း မောဟိုက်လာ
သည်။

[ဘာလို့ သူက ခံပဲခံနေပြီး ပြန်မတိုက်တာ
လဲ။]

[ချီးကိုမှပြန်တိုက်ပါလား။ သူတိုက်လိုက်
တာနဲ့ အမှတ် ၁၀၀ အနုတ်ခံရမှာလေ။ အဲ့
ဒါ ရှုံးပြီဟ။]

[သူ အမျိုးသမီးဘော့စ်ကို တိုက်ခိုက်လို့ မရ
ဘူးဆိုတာ မေ့သွားတယ်။]

ခဏတာအသက်ရှူ ပြီးသည့်နောက် အမျိုးသ
မီးဘော့စ်သည် ပင့်ကူခြေထောက်များကို
ဆွဲထုတ်လိုက်ပြီး တစ်ဖန် ပြန်ထိုးစိုက်ပြန်
တော့သည်။ 

ရှဲ့ရှင်းလန်သည် ပြန်မတိုက်နိုင်ပဲ သူ၏
ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်
လိုက်သည်။ တစ်ချက်မော့ကြည့်လိုက်ပြီး
ဒုတိယထပ်သို့ ဦးတည်သွားလေကာ အ
မျိုးသမီးဘော့စ်က နောက်မှ လိုက်လာလေ
သည်။

ပင့်ကူခြေထောက်များ နီးကပ်လာသည်နှင့်
အမျှ ရှဲ့ရှင်းလန်သည် ဒုတိယထပ်၏ လက်ရန်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက် ပြီးသူ၏ခြေထောက်များကို မြောက်ကာ ဘေး
တိုက်မတင်လိုက်သည်။ ထို့နောက် ဒုတိယ
ထပ်မှ ခုန်ဆင်းကာ ကိုယ့်ကိုကိုယ် အသာ
ထိန်းလိုက်ရင်း ပြန်ထလာသည်။

■{ သဘောက ဒုတိယထပ်ကို သွားပြီးမှ ပထမထပ်ဆီ ပြန်ခုန်ဆင်းတာပါ :3 }■

အမျိုးသမီးဘော့စ်က နောက်မှလိုက်လာရင်း
သူမ၏ ပုံစံကို နည်းနည်းချင်း မမြင်ရတော့
ပေ။ ကမ္ဘာမြေကြီး၏ ဆွဲအားမှ လုံးဝကို
ကျွတ်လွတ်သွားပြီး လူသားအဖြစ်ကို ကျော်
လွန်၍သွားတော့သည်။ အမျိုးသမီးဘော့စ်
သည် နံရံအား တောက်တဲ့(သို့) လင်းနို့
သဖွယ် တွယ်ကပ်နေတော့သည်။

သူမ အမောမဖောက်လာဟု မဆိုလိုခြင်း
တော့မဟုတ်။ အမျိုးသမီးဘော့စ်၏ ခြေ
ထောက်များသည် ဒုတိယထပ် လက်ရန်း
ကို တွယ်ကုပ်ထားကြရင်း သူမကတော့
အသက်ကို ပြင်းစွာရှူ နေသည်။ သူမ အ
သက်ရှူ လိုက်တုန်း သူမ၏ ဖောင်းကား
နေသည့် ခန္ဓာကိုယ်သည် အော်ဟစ်နေ
သည့်ဖားပြုပ်ကြီး၏ ပါးများသဖွယ်ထူးဆန်းစွာ လှုပ်ခါနေသည်။  

သူမ ကောင်းကောင်းအနားယူလိုက်သည်။
ထို့နောက် အင်မတန် မိုက်သည့် ခုန်ချက်
ဖြင့် ပထမထပ်ရှိ ရှဲ့ရှင်းလန်ဆီကို ခုန် အုပ်လိုက်သည်။ ရှဲ့ရှင်းလိုက်သည် မထိန်းလိုက်နိုင်ပဲ သူမကို ဓားမြှောင်နှင့် ထိုးလိုက်သည်။

ထို့နောက်မှ စည်းမျဉ်းများကို သတိရပြီး ဆဲ
လိုက်ကာ သူ၏ဓားကို ဖယ်လိုက်ရင်း ရှောင်
ရန် တစ်ဖက်လို့ လှိမ့်သွားလိုက်သည်။

အကွာအဝေးက အရမ်းနီးလွန်းနေပြီး အမျိုး
သမီးဘော့စ်၏ ပင့်ကူခြေထောက်များက
သူ့ဆီ ရောက်လာသေးသည်။ သက်ရောက်
မှု အကြီးကြီးဖြစ်သွားပြီး ရှဲ့ရှင်းလန်အား
သူ့နောက်ဖက်ရှိ နံရံဖြူ ဆီ အပစ်ခံလိုက်ရ
သည်။ သူ၏ ခြေလက်များ ဆန့်ကားသွား
ပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။
သူ့ တစ်ကိုယ်လုံးတွင် နေရာတိုင်း၌ ဒဏ်
ရာကိုယ်စီရထားကြလေသည်။

[အဲ့လိုမလုပ်နဲ့လေ။ရှောင်ကောကောက
တိုက်လို့မရရင် သူရှုံးမှာပေါ့]

[ငါ အရမ်း စိတ်ဆင်းရဲနေပြီ။] 

[သူဒီမှာတော့ ရှင်းပြစရာမလိုတော့ဘူး
ဟုတ်တယ်မလား။]

အမျိုးသမီးဘော့စ်သည် သူမ၏ သားကောင်
ကို ဆော့ကစားရင်း သူ၏ စိတ်ပိုင်းဆိုင်ရာ
ကို ဖျက်စီးချင်ပုံပေါ်သည်။ အောင်နိုင်သူ
တစ်ယောက်အလား ဖြည်းဖြည်းချင်း ရှေ့
တိုးလာသည်။

အကြာကြီး တိတ်ဆိတ်နေခဲ့သော ရှဲ့ချီသည်
ရုတ်တရက် စကားပြောလာသည်။ " ကိုကို၊
စည်းမျဉ်းက 'ကလေး'ရှိနေတဲ့ ကိုယ်ဝန်
သည် အမျိုးသမီးဘော့စ်ကို မတိုက်ခိုက်ဖို့။
အဲ့လိုသာဆို တကယ်လို့ သူကိုယ်ဝန်ရှိ
နေတာက ... ကလေးတစ်ယောက် မဟုတ်
ခဲ့ရင်ကော။"

“ဥပမာ—” ရှဲ့ချီက ရပ်လိုက်သည်။ " သူ
ကိုယ်ဝန်ရှိနေတာ...တကယ့် ကလေးခေါင်း
နဲ့ ကူကောင်သာဆိုရင်။"

[အား.... နောက်ခံစကားပြောတဲ့အကွက်]

[တကယ်လို့ ကလေးကို ကိုယ်ဝန်ရှိနေတာ
မဟုတ်ဘူးဆိုရင် အမျိုးသမီးဘော့စ်ကို
တိုက်ခိုက်လို့မရဘူးဆိုတဲ့ စည်းကမ်းမရှိ
တော့ဘူး။]

[စာလုံးကိုကစားထားတာပဲ။]

[ဘာလို့ သူက သူ့ကိုယ်သူ စကားတွေပြော
နေတာလဲ။] 

ရှဲ့ရှင်းလန်သည် ကြမ်းပြင်ကို လက်တစ်
ဖက်ထောက်ကာ ကိုယ်ကို ထိန်းထားလိုက်
ပြီး သူ၏ပါးစပ်ထောင့်ရှိ သွေးနီစွန်းကို
လက်မဖြင့် သုတ်လိုက်သည်။ သူ၏ရှေ့ရှိ
မည်းနက်ကာဆိုရွားလှသည့် ပင့်ကူသဏ္ဍ န်သတ္တဝါကို ကြည့်လိုက်ရင်း လှောင်ပြုံးပြုံး
လိုက်ကာ မျက်လုံးများကတော့ အေးစက်
ပြီး နက်ရှိုင်းနေခဲ့သည်။
" အခုတော့ ငါ့ အလှည့်ပေါ့။"

♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡♤♡

​နောက်တစ်ပိုင်း Arc 1 ဇာတ်သိမ်း!!!
Sunday ညကျမှ တွေ့မယ်လေနော်။

Continue Reading

You'll Also Like

32.7K 4.3K 43
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
54.7K 6.8K 12
သရဲအခြောက်ကြမ်းသော ဆေးရုံကြီး၏ ရာဇဝင်ကိုမသိပဲ ထိုဆေးရုံတွင် တာဝန် စတင်ထမ်းဆောင်ရသော ခွဲစိတ် ဆရာဝန်ပေါက်စလေး Jeon Jungkook 👨‍⚕️ သူငယ်ချင်းနှင့်အတူ...
232K 48K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
23.3K 2.3K 49
"A ganinka wannan shine adalcin da zakayi min, matsayina na matarka amma idan zakayi kwanciyar aure dani sai dai kayi min fyaɗe, wannan wace irin aza...