"ကြီးမြ...အသေးလေးကို စပ်တာတွေ သိပ်မကျွေးနဲ့နော်...
ပန်းပင်တွေကိုလည်း..ရေသွားမလောင်စေနဲ့နော်...
အပေါ်နဲ့အောက်ကိုလည်း..ခေါက်တုံ့ခေါက်ပြန် မတက်စေနဲ့နော်.."
"ဟုတ်ကဲ့ပါ...သခင်လေးရယ်...
ကြီးမြ ပြည့်လျှံလေးကို သေချာဂရုစိုက်ပါ့မယ်...
နေ့တိုင်းပဲမှာနေတာ..သခင်လေးကတော့ မသိဘူး...ကြီးမြတော့ အလွတ်ရနေပြီ...
စိုးရိမ်လွန်ရောပါ့သခင်လေးရယ်..."
"ဒီလောက်မှာထားမှ တော်ကာကျတာ...
ဒီအသေးလေးကို မှာရင်တော့လား...ပါးစပ်ကသာ ဟုတ်ကဲ့ဟုတ်ကဲ့ နဲ့...ပြီးကျရင် နားမထောင်ပဲ လျှောက်လုပ်တတ်လွန်းလို့..."
"ဘယ်မှာလုပ်လို့လဲ?...
ကျွန်တော် အိမ်ထဲမှာ ငြိမ်ငြိမ်လေးပဲနေတဲ့ဟာကို..."
"ဟုတ်သားပဲ...ထွန်းတောက်ရာ...
ငါလည်း ဒီမှာရှိနေတာပဲ...ပြည့်လျှံလေးက မင်းပြောသလောက်လည်းမဟုတ်ပါဘူး..."
"ဟင်း.....ဖိုးဖိုးတို့မသိဘူး...
ဒီအသေးလေး သရက်သီးသုပ်တွေ..ခိုးခိုးစားနေတယ်...
လဲထားတဲ့အင်္ကျီတွေမှာ ငရုတ်သီးဖတ်တွေတွေ့ရတယ်..."
"အဲ့...အဲ့တာက...တခါတလေမှ စားတာပဲကို..
အထဲက ကလေးလေးက စားချင်နေလို့ စားတဲ့ဟာ..
သူစားချင်တာမစားရရင် ကလေးလေးကစိတ်ဆိုးမှာပေါ့လို့...
ဟုတ်တယ်နော်...ကြီးမြ..."
"အယ်...ပြည့်လျှံလေး...
ကြီးမြကို အဖော်လာဆွယ်တယ်ပေါ့လေ..."
"ဟီးဟီး..."
"တော်ပါ..ကြီးမြကို အဖော်သွားဆွယ်မနေနဲ့...
စကားတတ်တိုင်းလျှောက်ပြောနေတယ်...
လာ..ကိုယ်သွားတော့မယ်..ကိုယ့်ကိုလိုက်ပို့..."
"အင်း..." ဆိုပြီး နို့တစ်ခွက်ကိုမော့ချလိုက်ပြီး..ကျွန်တော့်အနောက်ကနေ လိုက်လာတယ်..
အခုဆို ကိုယ်ဝန်၃လကျော်လာပြီမို့...အသေးလေးဗိုက်လေးက နည်းနည်းလေးဆူလာလေပြီ..။ သူ့အရင်အဝတ်အစားတွေက ရှပ်အင်္ကျီအသေးလေးတွေမို့...ဗိုက်နဲ့ဆိုတော့..နည်းနည်းတော့ ကျပ်တာပေါ့...။
ကျွန်တော်လည်း...ကျပ်နေတော့နေရခက်မှာစိုးလို့...ကိုယ့်အင်္ကျီတွေ ယူဝတ်ချင်ယူဝတ်ပါလားလို့...ပြောလိုက်တဲ့နေ့ကစပြီး..အသေးလေးရဲ့ကိုယ်ပေါ်မှာ..သူ့အဝတ်အစားတွေမရှိတော့ဘူး...ကျွန်တော့်အင်္ကျီအကြီးကြီးတွေကို..တစ်နေ့တစ်နေ့မျိုးစုံဝတ်တယ်..။
သူဝတ်တာတွေကလည်း...ကျွန်တော်အခုဝတ်နေတဲ့အင်္ကျီတွေဖယ်ပြီး..အနှစ်နှစ်အလလ ကျွန်တော်ဆယ်ကျော်သက်တုန်းက အင်္ကျီတွေကို ဘယ်ကဘယ်လိုတွေ့လဲမသိဘူး...ဝတ်တော့တာပဲ..။ ကျွန်တော်ဆယ်ကျော်သက်တုန်းက အင်္ကျီတွေကတောင်..အသေးလေးထက်နည်းနည်းကြီးသေးတယ်..။ အဲ့တာကြောင့်မို့...အသေးလေးလို့ခေါ်တာပေါ့...။
"companyသွားခါနီး...ကိုယ့်ကို အားဆေးမကျွေးချင်ဘူးလား..." လို့ပြောလိုက်တော့..
"ဟင့်အင်း..."ဆိုပြီး ခေါင်းကိုခါပြတယ်..
"အဟက်...ဘယ်လိုလေးလဲကွာ...
ကိုယ်အသဲယားနေပြီ.." လို့ပြောပြီး..အသေးလေက်ထဲကို လက်ကိုင်အိတ်ကိုခနပေးထားလိုက်ပြီး..အသေးလေးရဲ့မျက်နှာလေးကို ကျွန်တော့်လက်၂ဖက်နဲ့အုပ်ကိုင်လိုက်တော့..အသေးလေးရဲ့နှုတ်ခမ်းလေးက..အရှေ့ကို ဆူထော်လာတယ်..။ ဆူထော်လာတဲ့နှုတ်ခမ်းလေးကို..အသာယာလေးစုပ်ယူလိုက်ပြီး...တစ်ချက်ကိုက်ကာ လွှတ်ပေးလိုက်တယ်..။
"အ!...ဘာလို့ ကိုက်တာလဲ?...
သွေးထွက်ကုန်ပြီလားမသိဘူး...
နှုတ်ခမ်းပေါက်သွားလို့ အစပ်စားရင်..စပ်ပါတယ်ဆိုမှ.."
"ဘာပြောလိုက်တယ်...အသေးလေး...
အစပ်က စားချင်နေသေးတယ်ပေါ့...
ဟင်း.....ကိုယ်ပြောပြမယ် အသေးလေးကတော့ ကိုယ်ဝန်ဆောင်သည်မို့..ချဉ်ချဉ်စပ်စပ်စားချင်တာ ကိုယ်နားလည်ပါတယ်...
ဒါပေမဲ့...ကိုယ်ဝန်သည်က အရမ်းအစပ်စားရင် အထဲက ကလေးက ပူပြ်ီး ဆံပင်ကျဲတတ်တယ်တဲ့...
ဆံပင်ကျဲတော့..ရုပ်ဘယ်လောက်ချောချောဘယ်ကြည့်ပါ့ကောင်းမလဲ?..
အသေးလေးက ကိုယ့်ကလေးကို ဆံပင်ကျဲစေချင်ရင်တော့...အစပ်များများစားပေါ့..." လို့ ပြောလိုက်တော့..တွေတွေလေးရပ်ပြီး တစ်ခုခုကိုစဉ်စားနေသလို လုပ်နေတယ်...
"ကဲ...ကိုယ်သွားပြီနော်...
ထမင်းကိုသေချာစား...ကုန်းကုန်းကွကွလည်းမနေနဲ့ဦး...
အပေါ်တက်အောက်ဆင်းလည်း သတိထား...
ကိုယ့်အဝတ်အစားတွေသွားမလျှော်နဲ့နော်..ကိုယ့်ဘာသာလျှော်ပေးမယ်...
ရေချိုးလည်းသတိထားနော်..ချော်မယ်...
ကြားလား...အသေးလေး..."
"ဟုတ်...ကြားပါတယ်..."
"အဲ့တာဆို ကိုယ်သွားပြီ...မွ..." လို့ပြောပြီး ပါးလေးကို တစ်ချက်နမ်းလိုက်ပြီး...ကားပေါ်တက်ကာ..မောင်းထွက်လာခဲ့လိုက်တယ်...။
.................
အိမ်ထဲမှာနေရင်း..ဘာမှမလုပ်ရဘဲ TVကြည့်လိုက် အိပ်လိုက်လုပ်နေတော့လည်း..ကြာလာတော့ ပျင်းလာတာကြောင့်..ကြီးမြရှိတဲ့ မီးဖိုဆောင်အခန်းးထဲကို ဝင်လာခဲ့လိုက်တယ်..။ မီးဖိုဆောင်အခန်းထဲရောက်တော့..ကြီးမြက သရက်သီးတွေကို.. အမျှင်လိုက်လေး ခြစ်နေတယ်..။
"ကြီးမြ...ဘာလုပ်နေတာလဲ?..."
"သြော်...ပြည့်လျှံလေး...လာလေ...
ကြီးမြတို့ သရက်သီးသုပ်စားမလို့...
ပြည့်လျှံလေးစားဦးမလား...ကြီးမြ ပိုခြစ်လိုက်မယ်လေ..."
သရက်သီးတွေကို ခြစ်ထားတာလေးမြင်တော့...အရင်ကစားခဲ့တဲ့ စပ်စပ်လေးသုပ်ထားတဲ့ သရက်သီးသုပ်ကို မြင်ယောင်လာပြီး..တံထွေးတောင်မြိုချမိတယ်..။
ဒါပေမဲ့..ကိုဘုန်းပြောတဲ့စကားတွေကို ပြန်ကြားယောင်မိတော့...စားချင်တဲ့စိတ်လေးကို မြိုသိပ်ပြီး...
"တော်ပါပြီ...
သားမစားချင်တော့ဘူး..."
"အဲ့တာဆို..ပြည့်လျှံလေး စားချင်တာပြောလေ..
ကြီးမြလုပ်ကျွေးမယ်..."
"တော်ပြီ...မစားချင်တော့ဘူး...
နို့တစ်ခွက်ပဲ သောက်လိုက်တော့မယ်..."
အထဲကကလေးလေးက နို့တော့ကြိုက်လားမသိဘူး..နို့သောက်လိုက်ရင် ဘာမှမဖြစ်ဘူး...
ကြက်သားဟင်းနံ့ဆို ခံလို့ကို မရဘူး...
ကျွန်တော်လည်း...နို့တစ်ခွက်ကို သောက်လိုက်ပြီး..အခန်းထဲမပြန်တော့ဘဲ..ဧည့်ခန်းထဲမှာပဲ ကိုဘုန်းအလာကို စောင့်ရင်း..TVထိုင်ကြည့်နေလိုက်တယ်...
..............
ကျွန်တော်စောင့်နေလို့..တရေးသာရသွားတယ်..ကိုဘုန်းက အခုထိပြန်မလာသေးဘူး...။ ဘာဖြစ်နေလို့လဲ မသိဘူး..။ companyမှာ အလုပ်ကိစ္စတွေအရမ်းရှုပ်နေလို့ထင်ပါရဲ့..။
ညဘက်ရောက်တော့..အဖိုးနဲ့အတူထမင်းစားပြီးသည်အထိ..ကိုဘုန်းပြန်မလာသေးဘူး..။ ဖုန်းဆက်မယ်ဆိုပြီး..အခန်းထဲသွားပြီး ဖုန်းသွားယူတော့..ကိုဘုန်းခေါ်ထားတဲ့ ဖုန်းကောလ်တွေတွေ့ရတာမို့..ပြန်ဆက်လိုက်တော့..ဖုန်းကိုမကိုင်ဘူး..။
"ကျစ်!...ဘာဖြစ်နေတာလဲ?...
လူကိုစိတ်ပူအောင်လို့..."
စိုးရိမ်စိတ်တွေနဲ့အတူ..ထိုင်မရထမရဖြစ်ကာ..ဧည့်ခန်းထဲကို ပြန်ဆင်းပြီး...TVကိုဖွင့်ပြီး ကြည့်နေသော်လည်း..စိတ်ကတော့ ခြံရှေ့ကိုသာ လှမ်းလှမ်းပြီး ကြည့်နေမိတယ်..။
ခနကြာတော့..ကားဟွန်းတီးသံနဲ့အတူ..ဦးပုရဲ့တံခါးဖွင့်ပေးတဲ့အသံကိုလည်း ကြားရတာမို့..အိမ်ပေါက်ဝကို အမြန်သွားလိုက်တော့..
ကားကိုရပ်ပြီး..ကိုဘုန်းက အရက်နံ့တွေမွှန်ထူနေပြီးတော့..ဒယိမ်းဒယိုင်နဲ့ ဆင်းလာတယ်..။
"ကိုဘုန်း..သောက်လာတာလား..."
"ဟီး...အင်း...
ကိုယ့်ကိုစောင့်နေတာလား ကိုယ့်ယောကျာ်းလေးက..ဟီး..." ဆိုပြီး ကျွန်တော့်ပခုံးကို ဖက်ပြီး..မူးမူးရူးရူးနဲ့ပြောလာတယ်..
"ဖယ်စမ်းပါဗျာ...နံစော်နေတာပဲ..."
"ဟင်...ဟုတ်လို့လား...
ကိုယ်ချွေးသိပ်မထွက်ပါဘူး..အေ့..." ဆိုပြီး အမူးသမား ကိုယ့်အင်္ကျီကိုယ်ပြန်နမ်းပြီးပြောလာတယ်...
"ဦးပု...ကိုဘုန်းကို တွဲပြီး လိုက်ပို့ပေးလို့ရမလားဟင်..."
"ရပါတယ်..ပြည့်လျှံလေး...
သခင်လေး ကျွန်တော့တွဲမယ်နော်..." လို့ပြောပြီး..ဦးပုက ကိုဘုန်းလက်ကို ပခုံးပေါ်တင်လိုက်တော့...
"မတွဲနဲ့...ဦးပုမတွဲနဲ့နော်...အေ့...
ကျွန်တော့်ယောက်ျားလေးကိုပဲ တွဲခိုင်း...
သူတွဲပြီး လိုက်ပို့မှ အခန်းထဲကိုသွားမှာ...
မဟုတ်ရင် မလိုက်ဘူး..အေ့..." ဆိုပြီး မူးမူးရူးရူးနဲ့ ဦးပုကိုပြောနေတယ်...
"သခင်လေးရယ်...
ပြည့်လျှံလေးက ဗိုက်နဲ့လေ...
တစ်ခုခုဖြစ်မှာစိုးလို့ ဦးပုကလိုက်ပို့ပေးမှာလေ..."
"ဟင်..ဟုတ်သားပဲ...
အသေးလေးမှာ ကိုယ်ဝန်ရှိနေတာပဲ...
အသေးလေးမတွဲနဲ့တော့..အေ့..ဦးပုပဲတွဲပို့.."
"လာ..သခင်လေး အပေါ်ကိုတက်မယ်.." ဆိုပြီ ဦးပုက အပေါ်ကို တွဲခေါ်သွားတယ်..
"အသေးလေး ကိုယ့်နောက်ကနေအမြန်လိုက်ခဲ့နော်...အေ့...
ကိုယ်ဒီည ညစာစားမှာနော်..ဟီးဟီး..အေ့..
မြန်မြန်လာခဲ့..အသေးလေး..." ဆိုပြီး ဦးပုကိုမှ အားမနာ..အရှက်မရှိအော်ပြောသွားသေးတယ်...
ရှက်လွန်းလို့...ဦးပုနဲ့ကျွန်တော်ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ?...
"ဦးပု ကျေးဇူးတင်ပါတယ်နော်..."
"ရပါတယ်..ပြည့်လျှံလေး..
တစ်ယောက်တည်း အဆင်ပြေရဲ့လား..."
"ရပါတယ်..ဦးပု..."
"အဲ့တာဆို..ဦးပု သွားပြီနော်..." ဆိုပြီး ဦးပုကပြုံးပြီးအောက်ကို ဆင်းသွားတယ်..
ကျွန်တော်လည်း ကိုဘုန်းကို အဝတ်အစားလဲပေးမယ်လုပ်တော့...
"အသေးလေး...ကိုယ် ညစာ စားမှာနော်... ဆိုပြီး မျက်လုံးကြီးမှိတ်ပြီး အော်ပြောနေတယ်..
လူကြည့်တော့ ရေချိန်ကိုက်ပြီး လှုပ်တောင်မလှုပ်နိုင်ဘဲ..
"တိတ်တိတ်နေစမ်းပါဗျာ...
ကျွန်တ်ာအဝတ်အစားလဲပေးနေတယ်...
ငြိမ်ငြ်ိမ်နေ..." လို့ ပြောလိုက်တော့..အိပ်ပျော်သွားတာလားတော့မသိဘူး...ငြိမ်သွားပြီး ဘာမှမပြောတော့ဘူး...
ကျွန်တော်လည်း ကိုဘုန်းကိုစောင်ခြုံပေးလိုက်ပြီး..အရက်နံ့မခံနိုင်တာမို့..အလယ်မှာ ခွခေါင်းအုံးခြားကာ..စောင်ခြုံ ပြီး ဒီဘက်လှည့်အိပ်လိုက်တယ်...။
💙အမှားပါသွားရင် ခွင့်လွှတ်ပါ💙