"ဦးထွန်း ကိုယ်ဝန်ကို ဖျက်ချလို့ရလား..."
"ကိုဘုန်း!..." "ထွန်းတောက်ဘုန်း!..." "သခင်လေး..."
"ကိုဘုန်း...ဘယ်လိုပြောလိုက်တာလဲ?...
ကျွန်တော်တို့ရင်သွေးကို ဖျက်ချစေချင်တာလား...
ကျွန်တော်လုံးဝဖျက်မပေးနိင်ဘူး..."
"အသေးလေး...ကိုယ်ပြောတာကို နားထောင်..
ဒီကိစ္စက ဘယ်လောက်အန္တရာယ်များလိမ့်မယ်ထင်လဲ?..
အခန့်မသင့်ရင် အသေးလေးအသက်ပါ ဆုံးရှုံးနိုင်တာနော်..."
"အဲ့တာဘာဖြစ်လို့လဲ?...
ကျွန်တော်တို့ရင်သွေးကိုတော့..ကျွန်တော်မွေးသွားချင်တယ်...
တကယ်လို့ ကျွန်တော့အသက်ကို ပေးရမယ်ဆိုရင်တောင်ပေါ့..."
"ဟာ....ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ?အသေးလေးရာ....
ကိုယ်ဒီကိစ္စကို လုံးဝသဘောမတူနိုင်ဘူး..."
"ကိုဘုန်းဝမ်းနဲ့လွယ်ရလို့လား...
ကျွန်တော့်ဝမ်းနဲ့လွယ်ရတာလေ...
ကျွန်တော်တောင်ဖြစ်ပါတယ်ဆိုတာကို..ကိုဘုန်းက ဘာလို့ဒီလောက်ခါးသီးနေရတာလဲ?..."
"မင်းဝမ်းနဲ့လွယ်ရတာမို့...ကိုယ်ဒီလောက်ဖြစ်နေတာပေါ့ကွ..."
"အဲ့တာကြောင့်...ကျွန်တော်ကဖြစ်ပါတယ်ဆိုမှ...ကိုဘုန်းက ဘာလို့ မလိုချင်ရတာလဲ?..."
ဒီကိုယ်ဝန်က..ကိုဘုန်းနဲ့ပဲ ရတာလေ..
အခြားသူနဲ့ရတာလည်းမဟုတ်ဘဲ..ကိုဘုန်းက ဘာလို့ ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေလည်း နားမလည်တော့ဘူး...
"မင်းတစ်ခုခုဖြစ်မှာကြောင့်လို့ပေါ့ကွ..."
"ကျွန်တော်တို့ရင်မဆိုင်ရသေးဘဲ..ဘာလို့ အရှုံးပေးချင်နေရတာလဲ?...
ကျွန်တော်တောင်ဘာမှမဖြစ်တာ..ကိုဘုန်းက ဘာလို့အဲ့လောက်တောင်စိုးရိမ်နေရတာလဲ?..."
"ကျစ်..အသေးလေး!...မင်း!...
ပြောနေရင်းနဲ့ကို..နားမလည်တာပဲ...
ဘာပဲဖြစ်ဖြစ် ဦးထွန်း ကျွန်တော်ပြောသလိုလုပ်ပေးပါ..."
"ကိုဘုန်း!....
ရတယ်လေ...ကိုဘုန်းက မလိုချင်မှတော့...
ကျွန်တော်တို့ ကွာရှင်းကြတာပေါ့...
ကျွန်တော့်ရင်သွေးကိုတော့..ကျွန်တော်မသတ်နိုင်ဘူး...
ဒီတော့...အကောင်းဆုံးနည်းလမ်းက ကွာရှင်းကြမယ်..."
"အသေးလေး!.."
"တော်ပြီ...တော်ပြီ...
အဖိုး...မင်းတို့ကိစ္စကို ဝင်မပြောချင်ပေမဲ့..
အခုတော့..အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်တော့မယ်...
မောင်ထွန်း..ပြောပါဦး...
ပြည့်လျှံကိုယ်ဝန်ဆောင်ရင်..ထွန်းတောက်ပြောသလို အသက်ထိပါ ဆုံးရှုံးနိုင်လား..."
"ကိုယ်ဝန်ဆောင်သည်ကို အားရှိတဲ့အစားအစာတွေကျွေးရင်တော့...မွေးရဖွားရလွယ်ပါတယ်...
ပြည့်လျှံက ယောက်ျားလေးမို့..ခွဲမွေးရမှာပါ...
မောင်ထွန်းတောက်ပြောသလို...အန္တရာယ်အရမ်းများတယ်ရယ်လို့တော့လည်း မဟုတ်ပါဘူး..
တကယ်လို့..ဖျက်ချမယ်ဆိုရင်တော့ အန္တရာယ်အရမ်းများပါတယ်..."
"ကောင်းပြီ...
ပြည့်လျှံရဲ့ ကိုယ်ဝန်ကို သေချာလေးကြည့်ပေးဖို့...မောင်ထွန်းကို အဖိုးတောင်းဆိုပါတယ်..."
"ရပါတယ်..အဖိုး..."
"ထွန်းတောက်..မင်းလည်း အစိုးရိမ်သိပ်မလွန်နေနဲ့...
မင်းစိုးရိမ်တာထက် ပြည့်လျှံက ပိုစိုးရိမ်တယ်ဆိုတာ...နားလည်ထားပါ...
ပြည့်လျှံလေးလည်း..စိတ်လျှော့နော်..
နောက်တစ်ခါ ကွာရှင်းမယ်ဆိုတဲ့စကားကို..အဖိုးမကြားချင်ဘူး..."
"တောင်းပန်ပါတယ်...အဖိုး...ရွှတ်..."
"အဖိုး နားလည်ပါတယ်..မြေးရယ်..
မငိုနဲ့တော့...တိတ်တော့...
မမြ နောက်နေ့ကစပြီး..ပြည့်လျှံလေးအတွက် အားရှိမယ့်အစားအစာတွေလုပ်ပေးဦးနော်...
စားရေးသောက်ရေးအတွက် မမြကို အပ်ပါတယ်..."
"ဟုတ်ကဲ့ပါ...သခင်ကြီး...
ပြည့်လျှံလေးကို ကျွန်မအတတ်နိူင်ဆုံး စောင့်ရှောက်ပေးပါ့မယ်.."
"ကျေးဇူးတင်ပါတယ်...ကြီးမြ..."
"ကဲ..ပြည့်လျှံလေးလည်း နားလိုက်ဦး...
မောင်ထွန်းကို အဖိုးပဲလိုက်ပို့ပေးလိုက်မယ်..
ထွန်းတောက်...မင်းလည်း စကားအရစ်မရှည်နဲ့တော့နဲ့နော်...
နောက်တစ်ခါ ဒီလိုစကားမျိုးထပ်ပြောမယ်ဆို..ပြည့်လျှံပြောသလို လုပ်လိုက်..."
"ဖိုးဖိုး!..."
"လာ...လာ...သွားကြမယ်..." ဆိုပြီး..အဖိုးက အကုန်လုံးကိုခေါ်ကာ အောက်ကိုဆင်းသွားတယ်...
အဖိုးတို့လည်း အောက်ဆင်းသွားတော့..ကျွန်တော်လည်း..အရှေ့မှာရပ်နေတဲ့ ကိုဘုန်းနဲ့မျက်နှာချင်းမဆိုင်ချင်တာမို့...စောင်ကို ခေါင်းမြှီးခြုံပြီး အိပ်လိုက်တယ်..။ ကိုဘုန်းကတော့..ဘာလုပ်နေလဲမသိဘူး...
အို...သူ့ဘာသာ ဘာလုပ်လုပ်ပေါ့...ငါနဲ့မဆိုင်ပါဘူး...
ခုနတုန်းက...ကိုဘုန်းက ကျွန်တော်မူးလဲသွားမို့..ကျွန်တော့်အနားနေပြီးတော့..ထမင်းမစားရသေးဘူးထင်တယ်...
ခန္ဓာကိုယ်က ကိုဘုန်းနဲ့မျက်နှာချင်းမဆိုင်ချင်သော်လည်း..ကျွန်တော့်စိတ်ကတော့ ကိုဘုန်းဆီရောက်နေတာမို့..အိပ်မရတော့ဘဲ..စောင်ကို နည်းနည်းဆွဲချပြီး ကြည့်လိုက်တော့...
"အံမယ်လေး...လန့်သွားတာပဲ...
ဘာ...ဘာလုပ်နေတာလဲ?..."
အသံမပေးဘဲ လူကိုအပေါ်က ငုံ့ကြည့်နေတဲ့ ကိုဘုန်းကြောင့်..လူက လန့်သွားတာပဲ...
"ခုနက..ထမင်းမစားရသေးဘူးမလား...သွားစားမယ်..."
"ကျွန်တော် မစားတော့ဘူး...
ကိုယ့်ဘာသာ သွားစား..."
"အသေးလေး...ကိုယ့်ကို စိတ်ဆိုးနေတာလား..."
"မဆိုးပါဘူး...
ကိုဘုန်းဗိုက်ဆာတာမဟုတ်လား..သွားစားပေါ့.."
"အင်းလေ...အသေးလေးက မစားချင်ဘူးဆိုတော့လည်း မစားနဲ့ပေါ့...
အသေးလေးက မဆာပေမဲ့..အသေးလေးရဲ့အထဲမှာရှိနေတဲ့ သေးသေးလေးက မနက်ကတည်းကသေသေချာချာမစားထားတော့..ဆာရင်ဆာနေမှာပေါ့..." လို့လည်းပြောလိုက်ရော..စောင်ထဲက ကုန်းထပြီး..ကျွန်တော့်အရှေ့ကနေ လှုပ်လှုပ်နဲ့ဆင်းသွားတယ်..။
"အဟက်...ဘယ်လိုလေးမှန်းမသိဘူး..."
ဘယ်သူကတော့ ကိုယ့်ရင်သွေးကို မလိုချင်ဘဲရှိပါ့မလဲ?...
အသေးလေးရဲ့အသက်နဲ့ရင်းပြီးတော့တော့..မလိုချင်ဘူး...ကိုယ့်သားသမီးအပေါ် မပြောထွက်သင့်တဲ့စကားပေမဲ့...အသေးလေးကိုဆုံးရှုံရမှာကြောက်လို့..ပြောလိုက်မိတဲ့စကားပါ...
ဦးထွန်းရှင်းပြလိုက်တော့မှ...စိုးရိမ်နေတဲ့စိတ်တွေ နည်းနည်းတော့ လျော့သွားတယ်...
ဘာပဲဖြစ်ဖြစ်..ဖြစ်လာမှတော့...အသေးလေးရော အသေးလေးရဲ့ဗိုက်ထဲက ကျွန်တော့်ရဲ့ကလေးလေးကိုရော..အထိခိုက်ခံမှာမဟုတ်တော့ဘူး....
...................
"အသေးလေး..ကိုယ့်ကို ဘယ်အချိန်ထိ စိတ်ကောက်မပြေသေးဘူးလားကွာ.."
ဟိုနေ့ထဲက..ကျွန်တော့်ကိုကောက်နေတဲ့အကောက်က..ဒီနေ့နဲ့ဆို၎ရက်ရှိပြီ...
ညဘက်ဆိုလည်း..ကျွန်တော်နဲ့ဆန့်ကျင်ဘက်ကိုလှည့်အိပ်တယ်...ပြီးရင်ဟုတ်တာလည်း မဟုတ်ဘူး အိပ်ပျော်သွားတာနဲ့ ကျွန်တော့်ကိုလာပြန်ဖက်တော့တာပဲ...
ထမင်းစားမယ်ဆိုလည်း...တူတူစားတယ်..စကားတော့တစ်ခွန်းမှ မပြောဘူး...
ကျွန်တော်နဲ့အတူရှိချိ်န်ဆို...မျက်နှာကို ဆူပုတ်ပြီး...ကျွန်တော်နဲ့ခပ်ကွာကွာနေတယ်...
အခုလည်း..အလုပ်လုပ်နေရင်း..ငိုက်ချင်လာတာမို့..အသေးလေးဖျော်ပေးတဲ့ကော်ဖီသောက်ချင်တာမို့...ဖျော်ခိုင်းလိုက်တော့..သွားဖျော်ပေးပြီး..တစ်ခွန်းမှမဟဘဲ ကျွန်တော့်အရှေ့ကိုလာချပေးတယ်..
ကျွန်တော်လည်း အသေးလေးလစ်လျူရှုရင်မနေနိုင်တာမို့..ပြန်ထွက်ဖို့လုပ်နေတဲ့အသေးလေးလက်ကိုဆွဲလိုက်ပြီး...မေးလိုက်တော့...
"မဟုတ်ပါဘူး..."
"မဟုတ်ရင်...ကိုယ့်ကိုဘာလို့မခေါ်လဲ?..."
"ဘာမှမဟုတ်ပါဘူး..."
"ဟင်း......."
အသက်ကိုပြင်းပြင်းရှူလိုက်ပြီး..အသေးလေးရဲ့လက်ကိုအားလေးနည်းနည်းထည့်ပြီးဆွဲလိုက်တော့..အလိုက်သင့်လေး ကျွန်တော့်ပေါင်ပေါ်ကျလာတယ်..။
"ဘာ...ဘာလုပ်တာလဲ?.."
"ဘာလုပ်ရမှာလဲ?..
ကိုယ့်ယောကျာ်းလေးကို ကိုယ့်ပေါင်ပေါ်တင်ထားတာလေ..."
"ဖယ်ဗျာ...
ကျွန်တော့်ကိုလွှတ်..."
"မလွှတ်ဘူးကွာ...မလွှတ်ဘူး..
စိတ်ကောက်ပြေသွားပြီဆိုမှ လွှတ်ပေးမယ်..."
"ရတယ်လေ...မလွှတ်ပေးနဲ့ပေါ့.." လို့ ပြောလိုက်ပြီး...ကိုဘုန်းရဲ့လက်ကို ကိုင်လိုက်ပြီး..ကိုက်လိုက်တယ်...
အခုမှပဲ စိတ်ပြေသွားတော့တယ်...ဟွန်း...
"အား!...အ!...အသေးလေး
အသေးလေးကနေ ခွေးလေးဖြစ်သွားပြီလား.."
"ဟွန့်..."
"ကဲ..အခုလိုကိုက်လိုက်ရတော့ စိတ်ကောက်ပြေသွားပြီလား..." လို့ မေးလိုက်တော့..ဘာမှပြန်မပြောဘဲ ငြိမ်နေတယ်...
"အသေးလေး စိတ်ကောက်မပြေသေးရင်လည်း..ထပ်ကိုက်..ရော့..." ဆိုပြီး ကျွန်တော့်လက်ကို ထပ်ပေးလိုက်တော့..
"အဟင့်...အဟင့်..အီးဟီး...အဟင့်..ရွှတ်..ရွှတ်.."
"ဘာလို့ငိုတာလဲကွာ...
ငိုစရာဘာပါလို့လဲ?..."
"ခင်ဗျားကြောင့်လေ...ခင်ဗျားကြောင့်..ရွှတ်..
ကျွန်တော့်ကိုအရွဲ့တိုက်ပြီး...လက်ထိုးပေးတာ မဟုတ်လား...အဟင့်..ရွှတ်..."
"အင်းအင်း...ဟုတ်တယ် ကိုယ့်ကြောင့်နော်...
အဲ့တာကြောင့် မငိုနဲ့တော့..တိတ်..တိတ်..."
"ကျွန်တော့်ကို ကလေးလိုမဆက်ဆံနဲ့...ဟွန့်.."
"ဟောဗျာ...ကလေးလေးလိုချစ်ဖို့ကောင်းနေတော့...ကိုယ်က ကလေးလေးလို ဆက်ဆံမှာပေါ့..."
"ရွှတ်...ရွှတ်..."
ကျွန်တော့်ကို စကားပြန်ပြောလာပြီဆိုတော့..အခုချိန်က ကျွန်တော့်အတွက် အခွင့်အရေးပဲ..
အသေးလေးကို ကျွန်တော့်ပေါင်ပေါ်တင်ထားတာမို့..အသေးလေးရဲ့လည်တိုင်လေးကိုနမ်းလိုက်ပြီး..
"ကိုယ်ပြောပြမယ်နော် အသေးလေး...
ကိုယ်အသေးလေးကိုယ်ဝန်ကို ဖျက်ချခိုင်းတာက..အသေးလေးကိုထိခိုက်မှာစိုးလို့ပါ..
ကိုယ်အသေးလေးကို အဆုံးရှုံမခံနိုင်ဘူး...
အဲ့တာကြောင့် ပြောလိုက်မိတာပါ..."
"ရွှတ်...ရွှတ်.."
"ကိုယ်ကတော့..အသေးလေးနဲ့ကိုယ့်ရဲ့ရင်သွေးလေးကို မလိုချင်ဘဲ နေပါ့မလား...
ကိုယ်အစိုးရိမ်လွန်ပြီး ပြောမိပြောရာ ပြောလိုက်မိတာပါ..."
"ရွှတ်...ရွှတ်..."
"ကိုယ့်ကို စိတ်ကောက်ပြေတော့နော်...နော်လို့.." လို့ ပြောပြီး..အသေးလေးရဲ့ လည်ဂုတ်သားဖွေးဖွေးလေးကို ဖွဖွလေး စုပ်ယူလိုက်ေးတယ်...
"ကိုဘုန်း..ဟီးဟီး..ယားတယ်..ဟီးဟီး..ယားတယ်လို့..
ကိုဘုန်း..ဟီးဟီး...ယားပါတယ်ဆို..." ဆိုပြီး အသေးလေးက ကျွန်တော့်ကိုယ်ပေါ်မှာ တွန့်လိမ်နေတယ်...
"စိတ်ကောက်ပြေပြီပြောရင်..မလုပ်တော့ဘူး.."
"အင်းအင်း..ဟီး..စိတ်ကောက်ပြေပြီ..
တော်တော့လို့...ဟီးဟီး..."
ကျွန်တော်လည်း..အသေးလေးက စိတ်ကောက်ပြေပြီပြောတာမို့...ကျွန်တော့်လည်း နမ်းနေရာက..ရပ်လိုက်ပြီး...laptopကိုပိတ်လိုက်ပြီး..အသေးလေးကို ပွေ့ချီကာ..ကုတင်ပေါ်ချပေးလိုက်ပြီး...မနမ်းရတာကြာပြီဖြစ်တဲ့အသေးလေးရဲ့နှုတ်ခမ်းချိုချိုလေးကို အငမ်းမရနမ်းလိုက်ပြီး..အဆင့်တက်ခြင်းကို မပြုလုပ်ဘဲ...အသေးလေးရဲ့နှုတ်ခမ်းထက်က အချိုဓာတ်ကိုကုန်ဆုံးသွားသည်အထိ...နမ်းပြစ်လိုက်ပြီး..အောက်ကအနမ်းခံနေရတဲ့အသေးလေးကတော့...သူ့ကို ချော့သိပ်နေသည့်အလား...အိပ်တောင်ပျော်သွားပြီ...
တတ်လည်းတတ်နိုင်ပါ့ အသေးလေးရယ်...
💙အမှားပါသွားရင် ခွင့်လွှတ်ပါဗျ💙