Marriage And Love ( Comp...

By Mone_La_U

223K 29.4K 3.6K

We got married without Love More

MAL - 1
MAL - 3
MAL - 4
MAL - 5
MAL - 6
MAL - 7
MAL - 8
MAL - 9
MAL - 10
MAL - 11
MAL - 12
MAL - 13
MAL - 14
MAL - 15
MAL - 16
MAL - 17
MAL - 18
MAL - 19
MAL - 20
Notice !
MAL - 21
MAL - 22
MAL - 23
MAL - 24
MAL - 25
MAL - 26
MAL - 27
MAL - 28
MAL - 29
MAL - 30 ( Final )
Hey guyssssss !
Extra 1 ( Merry Christmas )
Extra - 2
Fic Book လေးလာပါပြီ ><♥

MAL - 2

6.6K 940 6
By Mone_La_U


( Unicode )

သတင်းတစ်ပုဒ်အား အပြည့်အစုံ ဖတ်ပြီးသည့်နောက်
လက်ထဲ မှ Tablet ကို အိပ်ယာပေါ် ပစ်ချလိုက်ပြီး
Chanyeol မျက်လုံးများကို စုံမှတ်ထားမိလိုက်သည် ။

ရှည်လျားသော သက်ပြင်းများကို မကြာခဏ ချရင်း
မျက်နှာကို လက်ဖဝါး နှစ်ဖက်နဲ့ အခါခါ ပွတ်သပ်မိသည့်တိုင်
ဒီ အကျဥ်းအကျပ်ထဲမှ ရုန်းထွက်ဖို့ လမ်းစ မရပေ ။

ယနေ့ည ချက်ချင်းတွင်ပဲ သူနှင့် Prive' Group က
သားငယ်တို့၏ နှစ်ဦးသဘောတူအချစ်ရေးအပြင် စေ့စပ်ကြောင်းလမ်းပြီး သည့် သတင်းတစ်ပုဒ် က တက်လာသည် ။

မကြာခင် လက်ထပ်တော့မည် ဖြစ်ကြောင်း ထည့်ရေးထားသည့်အပြင် လိင်တူလက်ထပ်မှုသည်
ပြစ်မှုမမြောက်ကြောင်း သနားဖွယ်ရာ ဖွဲ့နွဲ့ထားသည်က
အစအဆုံး သူ့အဖေ၏ စီစဥ်မှုများ ဆိုတာကို ငြင်းဆန်ဖွယ်ရာမရိှ။

အရာရာ အဖေ့ သဘောကျ အဖေထားရာနေ စေရာသွားခဲ့တဲ့
ပုံစံခွက်ထဲက ဘဝ ကို ဒုတိယ​အကြိမ် သူ အကြီးအကျယ်
စိတ်ပျက်လာမိ၏ ။

သူ့ဘဝ တစ်လျှောက်လုံး အဖေသည် သူ့အပေါ်မှာ အကောင်းဆုံးအဖေ ဖြစ်ခဲ့သည် ။ အတော်ဆုံး ဆိုသည့် နေရာများကို ရယူစေသလို အကောင်းဆုံး ဆိုသည့်အရာများကိုပဲ ဖြည့်ဆည်းပေးတတ်သည် ။

သူ အထက်တန်းကျောင်းသား အရွယ် လောက်တွင်ပဲ
အမေဟာ ရောဂါကြောင့် ဆေးရုံကို အိမ်လုပ်ခဲ့ရသလို
ကုတင်ပေါ်မှ မထနိုင်သေးပဲ လူမမာ အဖြစ်သာ
တစ်ချိန်လုံး ရိှနေခဲ့ရာမှသေဆုံးခဲ့ရသည် ။

ထို ကြားကာလများတွင်လည်း အဖေဟာ နောက်အိမ်ထောင်မပြုခဲ့ ။
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သာ
တစ်ဦးတည်းသော သားဖြစ်သည့် Chanyeol ကို
စနစ်တကျပျိုးထောင်ခဲ့သည် ။

အဖေ က တည်ကြည်တယ် ၊ စည်းကမ်းရိှတယ် ။
ခပ်သာသာအပြုံးတစ်ခုနဲ့ ကြင်နာတတ်တယ်လို့ထင်ရတဲ့ အဖေဟာ
အပေါ်ယံ သက်သက် ဖုံးအုပ်ထားခဲ့ရုံပဲ ။
သူလိုချင်တာ ရိှရင် မရ ရအောင် ယူတယ် ။
သူ့ ပုံစံခွက်ထဲမှာ မနေရင် စွန့်လွှတ်လိုက်ဖို့လည်း ဝန်မလေးဘူး ။
အတ္တကြီးတယ် ၊ Chanyeol နဲ့ပတ်သတ်တဲ့ လောဘ ကိုလည်း
အတော မသတ်နိုင်ဘူး ။
သူ့သားဖြစ်တဲ့ Chanyeol ကို အားလုံးထဲမှာ အကောင်းဆုံး ဆိုတာမျိုးပဲ သူဖြစ်စေချင်တယ် ။

ကြာလာတော့ ဒီအကျဥ်းအကျပ်ထဲက ပဲ ရုန်းထွက်နိုင်တဲ့
သတ္တိတွေ Chanyeol မှာ မရိှတော့ဘူး ။
အဖေကြိုးဆွဲရာ က တဲ့ ဘဝမှာ သားလိမ္မာ အနေနဲ့ပဲ သူနေသားကျနေပြီ ။

သက်ပြင်းချရုံထက် ပိုပြီးသူဘာလုပ်နိုင်မတဲ့လဲ ။

Marriage And Love

ဥက္ကဌဗြောင် အခန်းထဲကို ဝင်သွားတော့ သူ့သားဖြစ်သူက
အရာအားလုံးကို ဖျက်ဆီး ရိုက်ခွဲထားပြီ ။

ကုတင်ပေါ်မှာ ဒူးနှစ်ဖက်ထောင် လက်တင်ပြီး ထိုင်နေတဲ့ သားဖြစ်သူကိုကြည့်ကာ သက်ပြင်း အသာချရင်း
ကျိုးကြေနေတဲ့ ပစ္စည်း အပိုင်းအစတွေကို ရှောင်ကာ အနားကို တိုးကပ်သွားလိုက်၏ ။

မီးပိတ်ထား၍ အလင်းရောင် အလုံအလောက်မရသော်လည်း
သားငယ်လက်က ပွန်းပဲ့ ဒဏ်ရာတွေကို သူထင်ထင်ရှားရှားကြီးကို
မြင်နေရပါသည်။

' သားငယ် '

' ဘာလို့လုပ်ခဲ့တာလဲ ။ သား သဘောမတူခဲ့ပဲနဲ့ !
သား ဘက် ကိုမကြည့်ပဲနဲ့ ဘာလို့ အဖေ့စိတ်တိုင်းကျ
အကုန်လုပ်ပစ်လိုက်ရတာလဲ '

တင်းမာနေတဲ့ မျက်နှာလေး မော့လာကာ အော်ဟစ်မေးတော့
မျက်ရည်တွေကပါ စီးကျရင်း ငိုနေပြန်သည် ။
သားငယ်ဟာ ဒေါသကြီးသလောက် ထစ်ခနဲဆို ငိုဖို့သာသိသည့်
အသည်းနုတဲ့ကလေး ။

' အဖေ ဘာလို့ ဒီလို လုပ်တာလဲ မသိဘူးလား သားငယ် !
အကုန် သားငယ် ကောင်းဖို့ ချည်းပဲ '

' မဟုတ်ဘူးးး ! အဖေက အဖေ့ company အတွက်ပဲ အဖေ
ကြည့်တာ ။ သားက အဲ့လူနဲ့ လက်ထပ်ပြီး အဖေ့အတွက် မျိုးဆက်
အသစ် မပေးနိုင်တော့လည်း အဖေ အဆင်ပြေတာပဲလား ။
သားကရော သားသူငယ်ချင်းတွေကို ဘယ်လိုမျက်နှာပြရမှာတဲ့လဲ
အဖေ ဒါတွေကို ရော စဥ်းစားမိရဲ့လား ။ '

အသက်ရှူသံ တွေ ပြင်းထန် နေတဲ့ သားငယ် ဟာ
မျက်ရည်တွေကို လက်နဲ့ ခပ်ပြင်းပြင်းပဲ ပွတ်ဆွဲသုတ်ပြီး
သူကို စူးရဲစွာကြည့်နေတယ် ။

' ခုရော ? သူငယ်ချင်းတွေကို မျက်နှာပြရဲလား ?
ဒီလို အတူအိပ်နေတဲ့ ပုံတွေ ပျံ့သွားပြီးတော့ရော မျက်နှာပြရဲ ရဲ့လားလို့ ? '

လေသံမာမာနှင့် မေးပစ်လိုက်တော့ အံကိုကြိတ်ကာ မျက်နှာကို တစ်ဖက်လွှဲသွားသော သားဖြစ်သူကြောင့် အသာနားချရန်
လေသံကို ပြန်လျှော့ပစ်ရသည် ။

' မြေးတွေ ဘာတွေ အထိ အဖေမတွေးပါဘူး သားငယ်ရာ ။
အဖေ အခုတွေးတာ အဓိက က သားငယ်လေးမထိခိုက်ဖို့ရယ်
ဒီ ပြသနာကို ဘယ်လိုဖြေရှင်းရင် သားအတွက် အကောင်းဆုံးဖြစ်မဘဲ ဆိုတာပဲ အဖေ့ခေါင်းထဲရိှတယ် ။ '

' အဲ့ကလေး ရိှနေလို့မလား ?
သား မရိှလည်း အဲ့ကလေးက အဖေ့သွေးဆိုတော့
မျိုးဆက်အတွက် စိတ်ပူစရာ မလိုဘူးလေ ။
အဲ့ကလေးရိှနေလို့ အခု သားကို စွန့်ပစ်ဖို့ ....

' Byun Baekhyun !!!!! '

မြောက်တက်လာတဲ့ အဖေ့ လက်သီး တစ်ချက်ကို မြင်သော်လည်း
ဘတ်ဟျွန်း လုံးဝ မတုန်လှုပ်ပဲ အံကြိတ်ကာ စူးစူးရဲရဲ မော့ကြည့်နေသောကြောင့် အဖေလည်း စိတ်ကို အတင်းဖြေချလိုက်ရသည် ထင်၏ ။ ဒေါသကြောင့် တုန်ရင်နေသောလက်ကို ပြန်ရုတ်သွားသည် ။

' အဖေ့ ဘဝ တစ်လျှောက်လုံး မင်းကို
ဘယ်လိုပျိုးထောင်လာခဲ့လို့ ခုလို စွန့်ပစ်တယ် ဆိုတဲ့ စကားကို
ထွက်မယ် လုပ်နေတာလဲ ။ '

အဖေက ဝဲတက်လာသော မျက်ရည်တွေနှင့် အဖျားခတ်တုန်ယင်သွားသော အသံတို့ကို ထိန်းထားရင်း
ပြောလာတော့ Baekhyun ငိုသာ ငိုချမိလိုက်တော့သည် ။

' အဖေ့ ဘဝမှာ မူးပြီးလူစိတ်ပျောက်နေတုန်း ဖြစ်ခဲ့တဲ့ အမှားတစ်ခုကြောင့် အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတဲ့
အမည်းစက် တစ်ခု ထင်းခဲ့တယ် ။ ခု မင်းကို အဲ့လို အမည်းစက်ကျန်မနေခဲ့ စေချင်လို့ အကောင်းဆုံးဖြစ်အောင်
အဖေ စီစဥ်ပေးနေတာ သားငယ် ။

မင်းတို့ သားအမိကို အားနာလွန်းလို့ အဲ့ကလေးကိုတောင်
ငါ့သားအနေနဲ့ အသိအမှတ်ပြုခဲ့တာ မဟုတ်ဘူး ။
သားငယ်နေရာမှာ အဖေက ဘယ်လို အစားထိုးနိုင်မှာတဲ့လဲ ။ '

သည်းသည်းထန်ထန်ငိုကြွေးနေမိသည်ကို မရပ်တန့်မိသေးသော်လည်း
အဖေ့မျက်ရည် တွေကို မမြင်ရက်တော့ သဖြင့် Baekhyun
ကျောခိုင်းကာ အိပ်ချလိုက်ပြီး စောင်ကိုပဲ ခေါင်းထိ ဆွဲခြုံထားလိုက်သည် ။

သ်ိတာပေါ့ အဖေ ဘယ်လောက်ထိ သူ့ကို ချစ်တယ်ဆိုတာကို ။
သူ့ကို ချစ်လွန်းလို့ပဲ အမေဆုံးသွားတာတောင် သူ့ရဲ့သွေးသားရင်းဖြစ်တဲ့ တိတ်တိတ်ပုန်းကလေး ကို အိမ်ပေါ်ခေါ်မတင်လာပဲ အခြားတစ်နေရာမှာ စောင့်ရှောက်ထားတယ်
ဆိုတာကို ။

အဖေ့စိတ် ကို အပြည့်အဝ နားလည်ပေမယ့် ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်ရမယ့် အခြေအနေကြီးကိုတော့ အလိုက်သင့် လက်မခံနိုင်သေးပါ ။
သူ့ ဘဝ တစ်ခုလုံး စိတ်ဆင်းရဲနေရပြီး စုန်းစုန်းမြုပ်မယ့် အကြောင်းတွေကိုကျ အဖေ မတွေးမိဘူးလား ။

အသံထွက်ကာ မရပ်မနား ငိုနေမိသော သူ့ခေါင်းအပေါ် အဖေ့လက်ဖဝါးနွေးနွေးကကျရောက်လာသည် ။
အဖေ့ အသံကလည်း တိုးဝင်ကာ ဆို့နင့်နင့် ...

' လက်ခံလိုက်ပါသားငယ်ရာ ။
နောက်ပြန်လည်း ဆုတ်လို့ မရတော့တဲ့ အခြေအနေမှာ မငြင်းပါနဲ့တော့ ။
နောက် 2 ရက်နေရင် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမယ် ။
သားစိတ်က အသင့်ဖြစ်နေတာကိုပဲ ဖေဖေ လိုချင်တယ် ။
အိပ်တော့ သားငယ် ! မငိုနဲ့ '

ခေါင်းကို အသာပုတ်ပေးပြီး အဖေ အခန်းထဲက ထွက်သွားတော့ ဘတ်ဟျွန်း ဖက်ထားမိသော ခေါင်းအုံးကို ငိုနေရင်း ကုတင်ပေါ်က လွှင့်ပစ်လိုက်မိသည် ။

ဖေဖေ က သူငယ်ငယ်ကလို ငိုပြီး ပူဆာတိုင်း မလိုက်လျောပေးတော့ဘူး ။
အခု သူတတ်နိုင်တာ ဘာမှ မရိှတော့ဘူး ။

Marriage And Love

ဒီရက် 2 ရက်အတွင်း Baekhyun အခန်းထဲမှ အခန်းပြင်မထွက်။
ဘယ် သူငယ်ချင်းနှင့်မှ အဆက်အသွယ်မလုပ်သလို Social media လည်း တစ်ခုမှ မသုံးပေ ။
တစ်ချိန်လုံး game သာ ထိုင်ဆော့၍နေသည် ။
game ဆော့ရာတွင်လည်း အကုန် ID အသစ်ဖွင့်ကာ ဆော့၍
တတ်နိုင်သမျှ အားလုံးနဲ့ အဆက်အသွယ်ဖြတ်ထား၏ ။

Power off ထားသော Phone ကို ဖွင့်လိုက်လျှင်လည်း
ရဲရဲနီနေသော miss call များကြောင့် စိတ်ပျက်လက်ပျက် ပြန်ပိတ်လိုက်ရသည်ချည်း ။

ကိုယ့်ဟာကိုယ်တောင် စိတ်မကြည်နိုင်သေးတဲ့ အခြေအနေမှာ
အပေါင်းအသင်းပေါင်း မြောက်များစွာ၏ မေးခွန်းများကို
ခေါင်းခြောက်ခံပြီး သူဖြေမနေနိုင်ပါ ။

2 ရက်ဆိုသော အချိန်ကာလ သည် 2 နှစ်လောက် အကျဥ်းချခံရသလို မွန်းကျပ်၏ ။
ဒီ 2 ရက်ကို ကျော်လွန်သွားရင်လည်း တစ်ဘဝလုံးစာ အကျဥ်းချခံရတော့မည်ကို စဥ်းစားမိတော့ ပို၍ ပို၍ မွန်းကျပ်ရသည်။

' အဲ့ဒါ အကုန် ဆန်းမင်း ဆိုတဲ့ကောင်ကြောင့် !
အဲ့နေ့ကသာ သူ့မွေးနေ့ Party မလုပ်ခဲ့ရင် ဘာမှ ဖြစ်လာစရာ အကြောင်းမရိှဘူး ! '

တွေးလေ တွေးလေ မဆိုင်တဲ့သူရော ဆိုင်တဲ့သူရော Baekhyun
ဒေါသထွက်ပြီး ပတ်ယမ်း ပစ်ချင်လာသည် ။

' အဲ့ဒီ ဓာတ်ပုံတွေကိုရော ဘယ်ခွေးမသား တွေက ရိုက်သွားတာလဲ '

game ဆော့ရင်း အာရုံက ဒေါသထွက်တဲ့ဘက် ရောက်သွားပြန်တာမို့ ရေခဲသေတ္တာထဲက ရေခဲတွေကို ထုတ်ယူရင်း တဂျွမ်းဂျွမ်း ထိုင်ဝါးနေမိသည် ။

Baekhyun အဖေ ဆိုတာ အခန်းထဲထိ ရေခဲသေတ္တာ အပြည့်အစုံ
game စက်ဆိုလည်း အများကြီး Baekhyun လိုချင်သမျှ တောင်းဆိုစရာတောင် မလိုအောင် ဖြည့်ဆည်းပေးခဲ့တဲ့ အဖေမျိုး ။

ဒီလိုကျတော့ သားကို အဲ့ Park မျိုးရိုးကတစ်ယောက်ရဲ့
လက်ထဲကို အတွန့်အဆုတ် မရိှ ထည့်ပေးနိုင်တယ်တဲ့လား ။
အဲ့လူက ဘာတွေ ဒီလောက်ထိ တော်နေလို့လဲ ။
ဘာလို့ ဒီလောက် ယုံကြည် နေရတာလဲ ။

ဟို LOEY ရဲ့ CEO ကြီးကရော ဘာလို့ သူ့သားကို
သူနဲ့ အတင်းလက်ထပ်ပေးချင်နေရတာလဲ တစ်ခုမှ စဥ်းစား၍ မရတော့ပေ ။
သူ့အတွက် ဒီလောက် လက်ခံဖို့ ခဲယဥ်းနေတဲ့ ကိစ္စကြီးကို
အသေးအမွှားလေးလို အတွန့်အဆုတ်မရိှ လုပ်သွားနိုင်တဲ့ သူ
တွေကို အံ့သြမိသလို ဒေါသလည်း ထွက်မိပြန်သည် ။

မနက်ဖြန် လက်မှတ်ထိုးရတော့မည် ကိစ္စကို တွေးမိတော့
လက်ရိှထက် အဆပေါင်း များစွာပင် စိတ်ညစ်ညူးသွားရ၏ ။

နောက်ပြန်လှည့်လို့ မရမှတော့ သူ့ဒဏ်ကို ကောင်းကောင်းကြီး
ခံကြည့်ကြပေါ့ ။

_______________________________________

လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမည့် လူနှစ်ယောက်တဲ့ ။

Baekhyun သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော
ဟိုလူ့ကို ခပ်စူးစူးကြည့်နေမိသည် ။
Suit အပြည့်အစုံနှင့် ဆံပင်တွေကို သပ်သပ်ရပ်ရပ် လှန်တင်ထားသော အဲ့လူနဲ့ Hoodie ပွပွ တစ်ထည်ကို ဒူးတိ
ဘောင်းဘီ တစ်ထည်ဖြင့် တွဲဖက်ဝတ်ထားတဲ့သူနဲ့ ...
ဘယ်လိုကြည့်ကြည့် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ လူနှစ်ယောက်က
အခု လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမတဲ့လား ။

ဟာသ တစ်ခုလို ဖြစ်နေပေမယ့် Baekhyun မရယ်နိုင် ။
သူ့ရှေ့ကို အဖေတိုးပေးလာတဲ့ စာချုပ်ကိုသာ စိုက်ကြည့်နေမိသည်။

' သားငယ် .. လက်မှတ်ထိုးလိုက်လေ '

ဖြစ်လာမှတော့ ဘယ်လိုမှ ရှောင်ပြေးမရသည့်အဆုံး Baekhyun
မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး လက်မှတ်ကို လွယ်လွယ်ကူကူပင် ထိုးပေးလိုက်သည် ။
ထို့နောက်တွင်မူ စာချုပ်အား မျက်နှာချင်းဆိုင်နေရာက လူရှေ့ပင်
တိုးပေးလိုက်သေး၏ ။

ကြည့်ရသလောက်တော့ အဲ့လူက Baekhyun ထက်ပင်
တွန့်ဆုတ်နေပုံ ပေါ်သည် ။
စာချုပ်ကို စိုက်ကြည့်နေသည်က အတော်ပင် အချိန်လင့်သွား၏ ။

' Chanyeol ! လက်မှတ်ထိုး '

သူ့အဖေ က အပြုံးတစ်ချက်နှင့် ​သတိပေးလိုက်သော်လည်း
Baekhyunအဖေ လို ချော့မော့နေသည့် လေသံမျိုး မဟုတ်ပါ။
အမိန့်ဆန်သည် ။
ထိုလူလည်း ထိုအခါမှသာ စာချုပ်ကိုယူ၍ လက်မှတ်ကို ခပ်မြန်မြန်ထိုးချလိုက်တော့သည် ။

ခုမှပဲ လူကြီးတွေလည်း ပြုံးရယ်ကာ စကားတပြောပြောဖြစ်သွားပေမယ့် Baekhyun က လက်ပိုက်ကာ မှီချရင်း ရှေ့က လူကိုသာ စူးစိုက်၍ ကြည့်နေမိသည် ။
ထိုသူက ခေါင်းပင်မော့မလာ ။
ကြည့်ရတာ သူ့ထက် အသက်တော်တော် ကြီးဟန်ပေါ်ပေမယ့်
အဖေကို တွန်းလှန်နိုင်တဲ့ အစွမ်းအစ မရိှသည့်ပုံမျိုး ။

' ကျွန်တော် တစ်ခု တောင်းဆိုလို့ရတယ်မလား '

ရုတ်တရက် အသံမြှင့်၍ ထပြောလိုက်တော့ စကားပြောဆိုနေကြသော လူကြီးတွေ၏ အာရုံကလည်း သူထံကို ပြန်လည်ရောက်ရိှလာသည် ။

' အိမ်ခွဲနေမယ် '

' သားငယ် '

အဖေက ထပြီး ဟန့် လာသလို ဟိုဘက်က အဖေဖြစ်သူလည်း
အနည်းငယ်အပြုံးလျော့သွားသည်ကို မြင်လိုက်ရ၏ ။

' အဖေတို့ 2 ယောက်လုံး ငြင်းလို့မရပါဘူး ။
သားလည်း ဟိုဘက်အိမ်မှာ သွားမနေနိုင်သလို ဒီလူကလည်း
သားတို့အိမ်ကို လိုက်နေဖို့ အစီအစဥ် မရိှဘူးထင်တယ် ။
ပြီးတော့ ဒီစာချုပ်​နဲ့ သားရဲ့ဘဝ ကို အချုပ်ခံပြီးပြီမို့
ထိုက်တန်တဲ့ လွတ်လပ်ခွင့်တော့ ပြန်ယူသင့်တယ်လို့ ထင်တယ် ။
အဲ့တော့ .. ကွန်ဒို တစ်လုံးဝယ်ပေးပါ ။
အဲ့ဒီဘက်ကလူ နေနေ မနေနေ သားကတော့ ခွဲနေမယ် ။
ပြီးတော့ လုပ်ချင်တာလုပ်မယ် ။ တားလည်း မတားနဲ့ ။
တားရင်လည်း သား က လက်ခံမှာမဟုတ်ဘူးးး '

မျက်နှာတည်တည်နှင့် တရစပ် ပြောချပစ်လိုက်တော့
ဟိုဘက်လူရဲ့အဖေက သဘောကျစွာ တဟားဟားရယ်လာသည်။
အဖေကတော့ အဆိုးအပေလေး အတွက် ရှက်ပြုံးလေးဖြင့်သာ
အကြည့်နဲ့ ဟန့်တားနေရ၏ ။
ရှေ့ကလူကတော့ ခုမှ သူ့ကို သေချာကြည့်လာတော့သည် ။
သူကလည်း သေချာပြန်ကြည့်လိုက်ရင်း မျက်ဝန်းတွင် လှောင်ရယ်ရိပ်ထည့်ကာ နှုတ်ခမ်းတွန့်ရုံလေး ပြုံးပစ်လိုက်၏ ။

Chanyeol သည့်ရှေ့က ကောင်လေး၏ အကြည့်နှင့် လုပ်ရပ်ကြောင့် ရုတ်တရက် ကြောင်အ သွားရသည် ။
ဒီလို လေးစားမှု မရိှတဲ့ ဂျစ်ကန်ကန် မိုက်ကန်းကန်းလေးကို
သူ ဘာကိစ္စနှင့် ကူညီ ခဲ့မှန်း နားမလည်နိုင်အောင်ဖြစ်နေ၏ ။
နောင်တတွေလည်း တသီကြီး ။

ခုလည်း အိမ်ခွဲနေဖို့ တောင်းဆို နေပြန်သည် ။
သူ့အဖေကတော့ အလိုလိုက်ဟန်ပေါ်ပေမယ့် ကိုယ်အဖေအကြောင်း
ကိုယ်ပဲ သိတာမို့ မျက်လွှာချ၍ သာ ငြိမ်နေလိုက်၏ ။
အဖေကတော့ ဘယ်လိုနည်းနဲ့မှ သဘောတူနိုင်မည် မဟုတ်ပါ ။

' ဟုတ်ပြီ ။ ဦးလေး ပိုင်တဲ့ လုံးချင်းအိမ်တစ်လုံးကို သားနာမည်နဲ့
လွှဲပေးမယ် ၊ မဂ်လာ လက်ဖွဲ့လို့ သဘောထားလိုက်ပေါ့ '

Chanyeol မျက်ခုံးပင့်မိသွားသည် ။
အံ့သြစိတ်နဲ့အတူ နှုတ်ခမ်းနှစ်လွှာ အသာဟ သွားသော်လည်း
ရုပ်ပျက်ဆင်းပျက်ကြီးတော့ ဖြစ်မသွား ။
ဒီကောင်လေး တောင်းဆိုတာကို အဖေက အလွယ်တကူ လိုက်လျောပေးခဲ့သည်တဲ့ ။
တစ်ဆက်တည်း သိချင်သွားတာက တောင်းဆိုခဲ့တဲ့သူက
သူဆိုရင်ရော အဖေ ခုလို လိုက်လျော ပေးမလားဆိုတဲ့ အချက်ပါပဲ ။

ရှေ့က ကောင်လေးကတော့ အသိအမှတ်ပြုကာ ခေါင်းတစ်ချက် ငြိမ့်ပြရင်း အပေါ်ထပ်ကို ပြန်တက်သွားတော့သည် ။
Chanyeol ကတော့ စ်ိတ်ရှုတ်ထွေးမှုတွေ ကြားထဲမှာသာ
သက်ပြင်းအသာချမိတော့သည် ။

( Zawgyi )

သတင္းတစ္ပုဒ္အား အျပည့္အစုံ ဖတ္ၿပီးသည့္ေနာက္
လက္ထဲ မွ Tablet ကို အိပ္ယာေပၚ ပစ္ခ်လိဳက္ၿပီး
Chanyeol မ်က္လုံးမ်ားကို စုံမွတ္ထားမိလိုက္သည္ ။

ရွည္လ်ားေသာ သက္ျပင္းမ်ားကို မၾကာခဏ ခ်ရင္း
မ်က္ႏွာကို လက္ဖဝါး ႏွစ္ဖက္နဲ႕ အခါခါ ပြတ္သပ္မိသည့္တိုင္
ဒီ အက်ဥ္းအက်ပ္ထဲမွ ႐ုန္းထြက္ဖို႔ လမ္းစ မရေပ ။

ယေန႕ည ခ်က္ခ်င္းတြင္ပဲ သူႏွင့္ Prive' Group က
သားငယ္တို႔၏ ႏွစ္ဦးသေဘာတူအခ်စ္ေရးအျပင္ ေစ့စပ္ေၾကာင္းလမ္းၿပီး သည့္ သတင္းတစ္ပုဒ္ က တက္လာသည္ ။

မၾကာခင္ လက္ထပ္ေတာ့မည္ ျဖစ္ေၾကာင္း ထည့္ေရးထားသည့္အျပင္ လိင္တူလက္ထပ္မႈသည္
ျပစ္မႈမေျမာက္ေၾကာင္း သနားဖြယ္ရာ ဖြဲ႕ႏြဲ႕ထားသည္က
အစအဆုံး သူ႕အေဖ၏ စီစဥ္မႈမ်ား ဆိုတာကို ျငင္းဆန္ဖြယ္ရာမရိွ။

အရာရာ အေဖ့ သေဘာက် အေဖထားရာေန ေစရာသြားခဲ့တဲ့
ပုံစံခြက္ထဲက ဘဝ ကို ဒုတိယ​အႀကိမ္ သူ အႀကီးအက်ယ္
စိတ္ပ်က္လာမိ၏ ။

သူ႕ဘဝ တစ္ေလွ်ာက္လုံး အေဖသည္ သူ႕အေပၚမွာ အေကာင္းဆုံးအေဖ ျဖစ္ခဲ့သည္ ။ အေတာ္ဆုံး ဆိုသည့္ ေနရာမ်ားကို ရယူေစသလို အေကာင္းဆုံး ဆိုသည့္အရာမ်ားကိုပဲ ျဖည့္ဆည္းေပးတတ္သည္ ။

သူ အထက္တန္းေက်ာင္းသား အ႐ြယ္ ေလာက္တြင္ပဲ
အေမဟာ ေရာဂါေၾကာင့္ ေဆး႐ုံကို အိမ္လုပ္ခဲ့ရသလို
ကုတင္ေပၚမွ မထနိုင္ေသးပဲ လူမမာ အျဖစ္သာ
တစ္ခ်ိန္လုံး ရိွေနခဲ့ရာမွေသဆံုးခဲ့ရသည္ ။

ထို ၾကားကာလမ်ားတြင္လည္း အေဖဟာ ေနာက္အိမ္ေထာင္မျပဳခဲ့ ။
ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္အေနနဲ႕သာ
တစ္ဦးတည္းေသာ သားျဖစ္သည့္ Chanyeol ကို
စနစ္တက်ပ်ိဳးေထာင္ခဲ့သည္ ။

အေဖ က တည္ၾကည္တယ္ ၊ စည္းကမ္းရိွတယ္ ။
ခပ္သာသာအၿပဳံးတစ္ခုနဲ႕ ၾကင္နာတတ္တယ္လို႔ထင္ရတဲ့ အေဖဟာ
အေပၚယံ သက္သက္ ဖုံးအုပ္ထားခဲ့႐ုံပဲ ။
သူလိုခ်င္တာ ရိွရင္ မရ ရေအာင္ ယူတယ္ ။
သူ႕ ပုံစံခြက္ထဲမွာ မေနရင္ စြန့္လႊတ္လိုက္ဖို႔လည္း ဝန္မေလးဘူး ။
အတၱႀကီးတယ္ ၊ Chanyeol နဲ႕ပတ္သတ္တဲ့ ေလာဘ ကိုလည္း
အေတာ မသတ္နိုင္ဘူး ။
သူ႕သားျဖစ္တဲ့ Chanyeol ကို အားလုံးထဲမွာ အေကာင္းဆုံး ဆိုတာမ်ိဳးပဲ သူျဖစ္ေစခ်င္တယ္ ။

ၾကာလာေတာ့ ဒီအက်ဥ္းအက်ပ္ထဲက ပဲ ႐ုန္းထြက္နိုင္တဲ့
သတၱိေတြ Chanyeol မွာ မရိွေတာ့ဘူး ။
အေဖႀကိဳးဆြဲရာ က တဲ့ ဘဝမွာ သားလိမၼာ အေနနဲ႕ပဲ သူေနသားက်ေနၿပီ ။

သက္ျပင္းခ်႐ုံထက္ ပိုၿပီးသူဘာလုပ္နိုင္မတဲ့လဲ ။

Marriage And Love

ဥကၠဌေျဗာင္ အခန္းထဲကို ဝင္သြားေတာ့ သူ႕သားျဖစ္သူက
အရာအားလုံးကို ဖ်က္ဆီး ရိုက္ခြဲထားၿပီ ။

ကုတင္ေပၚမွာ ဒူးႏွစ္ဖက္ေထာင္ လက္တင္ၿပီး ထိုင္ေနတဲ့ သားျဖစ္သူကိုၾကည့္ကာ သက္ျပင္း အသာခ်ရင္း
က်ိဳးေၾကေနတဲ့ ပစၥည္း အပိုင္းအစေတြကို ေရွာင္ကာ အနားကို တိုးကပ္သြားလိုက္၏ ။

မီးပိတ္ထား၍ အလင္းေရာင္ အလုံအေလာက္မရေသာ္လည္း
သားငယ္လက္က ပြန္းပဲ့ ဒဏ္ရာေတြကို သူထင္ထင္ရွားရွားႀကီးကို
ျမင္ေနရပါသည္။

' သားငယ္ '

' ဘာလို႔လုပ္ခဲ့တာလဲ ။ သား သေဘာမတူခဲ့ပဲနဲ႕ !
သား ဘက္ ကိုမၾကည့္ပဲနဲ႕ ဘာလို႔ အေဖ့စိတ္တိုင္းက်
အကုန္လုပ္ပစ္လိုက္ရတာလဲ '

တင္းမာေနတဲ့ မ်က္ႏွာေလး ေမာ့လာကာ ေအာ္ဟစ္ေမးေတာ့
မ်က္ရည္ေတြကပါ စီးက်ရင္း ငိုေနျပန္သည္ ။
သားငယ္ဟာ ေဒါသႀကီးသေလာက္ ထစ္ခနဲဆို ငိုဖို႔သာသိသည့္
အသည္းႏုတဲ့ကေလး ။

' အေဖ ဘာလို႔ ဒီလို လုပ္တာလဲ မသိဘူးလား သားငယ္ !
အကုန္ သားငယ္ ေကာင္းဖို႔ ခ်ည္းပဲ '

' မဟုတ္ဘူးးး ! အေဖက အေဖ့ company အတြက္ပဲ အေဖ
ၾကည့္တာ ။ သားက အဲ့လူနဲ႕ လက္ထပ္ၿပီး အေဖ့အတြက္ မ်ိဳးဆက္
အသစ္ မေပးနိုင္ေတာ့လည္း အေဖ အဆင္ေျပတာပဲလား ။
သားကေရာ သားသူငယ္ခ်င္းေတြကို ဘယ္လိုမ်က္ႏွာျပရမွာတဲ့လဲ
အေဖ ဒါေတြကို ေရာ စဥ္းစားမိရဲ႕လား ။ '

အသက္ရႉသံ ေတြ ျပင္းထန္ ေနတဲ့ သားငယ္ ဟာ
မ်က္ရည္ေတြကို လက္နဲ႕ ခပ္ျပင္းျပင္းပဲ ပြတ္ဆြဲသုတ္ၿပီး
သူကို စူးရဲစြာၾကည့္ေနတယ္ ။

' ခုေရာ ? သူငယ္ခ်င္းေတြကို မ်က္ႏွာျပရဲလား ?
ဒီလို အတူအိပ္ေနတဲ့ ပုံေတြ ပ်ံ့သြားၿပီးေတာ့ေရာ မ်က္ႏွာျပရဲ ရဲ႕လားလို႔ ? '

ေလသံမာမာႏွင့္ ေမးပစ္လိုက္ေတာ့ အံကိုႀကိတ္ကာ မ်က္ႏွာကို တစ္ဖက္လႊဲသြားေသာ သားျဖစ္သူေၾကာင့္ အသာနားခ်ရန္
ေလသံကို ျပန္ေလွ်ာ့ပစ္ရသည္ ။

' ေျမးေတြ ဘာေတြ အထိ အေဖမေတြးပါဘူး သားငယ္ရာ ။
အေဖ အခုေတြးတာ အဓိက က သားငယ္ေလးမထိခိုက္ဖို႔ရယ္
ဒီ ျပသနာကို ဘယ္လိုေျဖရွင္းရင္ သားအတြက္ အေကာင္းဆုံးျဖစ္မဘဲ ဆိုတာပဲ အေဖ့ေခါင္းထဲရိွတယ္ ။ '

' အဲ့ကေလး ရိွေနလို႔မလား ?
သား မရိွလည္း အဲ့ကေလးက အေဖ့ေသြးဆိုေတာ့
မ်ိဳးဆက္အတြက္ စိတ္ပူစရာ မလိုဘူးေလ ။
အဲ့ကေလးရိွေနလို႔ အခု သားကို စြန့္ပစ္ဖို႔ ....

' Byun Baekhyun !!!!! '

ေျမာက္တက္လာတဲ့ အေဖ့ လက္သီး တစ္ခ်က္ကို ျမင္ေသာ္လည္း
ဘတ္ဟြၽန္း လုံးဝ မတုန္လႈပ္ပဲ အံႀကိတ္ကာ စူးစူးရဲရဲ ေမာ့ၾကည့္ေနေသာေၾကာင့္ အေဖလည္း စိတ္ကို အတင္းေျဖခ်လိဳက္ရသည္ ထင္၏ ။ ေဒါသေၾကာင့္ တုန္ရင္ေနေသာလက္ကို ျပန္႐ုတ္သြားသည္ ။

' အေဖ့ ဘဝ တစ္ေလွ်ာက္လုံး မင္းကို
ဘယ္လိုပ်ိဳးေထာင္လာခဲ့လို႔ ခုလို စြန့္ပစ္တယ္ ဆိုတဲ့ စကားကို
ထြက္မယ္ လုပ္ေနတာလဲ ။ '

အေဖက ဝဲတက္လာေသာ မ်က္ရည္ေတြႏွင့္ အဖ်ားခတ္တုန္ယင္သြားေသာ အသံတို႔ကို ထိန္းထားရင္း
ေျပာလာေတာ့ Baekhyun ငိုသာ ငိုခ်မိလိုက္ေတာ့သည္ ။

' အေဖ့ ဘဝမွာ မူးၿပီးလူစိတ္ေပ်ာက္ေနတုန္း ျဖစ္ခဲ့တဲ့ အမွားတစ္ခုေၾကာင့္ အိမ္ေထာင္ေရးေဖာက္ျပန္တယ္ဆိုတဲ့
အမည္းစက္ တစ္ခု ထင္းခဲ့တယ္ ။ ခု မင္းကို အဲ့လို အမည္းစက္က်န္မေနခဲ့ ေစခ်င္လို႔ အေကာင္းဆုံးျဖစ္ေအာင္
အေဖ စီစဥ္ေပးေနတာ သားငယ္ ။

မင္းတို႔ သားအမိကို အားနာလြန္းလို႔ အဲ့ကေလးကိုေတာင္
ငါ့သားအေနနဲ႕ အသိအမွတ္ျပဳခဲ့တာ မဟုတ္ဘူး ။
သားငယ္ေနရာမွာ အေဖက ဘယ္လို အစားထိုးနိုင္မွာတဲ့လဲ ။ '

သည္းသည္းထန္ထန္ငိုေႂကြးေနမိသည္ကို မရပ္တန့္မိေသးေသာ္လည္း
အေဖ့မ်က္ရည္ ေတြကို မျမင္ရက္ေတာ့ သျဖင့္ Baekhyun
ေက်ာခိုင္းကာ အိပ္ခ်လိဳက္ၿပီး ေစာင္ကိုပဲ ေခါင္းထိ ဆြဲၿခဳံထားလိုက္သည္ ။

သ္ိတာေပါ့ အေဖ ဘယ္ေလာက္ထိ သူ႕ကို ခ်စ္တယ္ဆိုတာကို ။
သူ႕ကို ခ်စ္လြန္းလို႔ပဲ အေမဆုံးသြားတာေတာင္ သူ႕ရဲ႕ေသြးသားရင္းျဖစ္တဲ့ တိတ္တိတ္ပုန္းကေလး ကို အိမ္ေပၚေခၚမတင္လာပဲ အျခားတစ္ေနရာမွာ ေစာင့္ေရွာက္ထားတယ္
ဆိုတာကို ။

အေဖ့စိတ္ ကို အျပည့္အဝ နားလည္ေပမယ့္ ေယာက်္ားတစ္ေယာက္နဲ႕ လက္ထပ္ရမယ့္ အေျခအေနႀကီးကိုေတာ့ အလိုက္သင့္ လက္မခံနိုင္ေသးပါ ။
သူ႕ ဘဝ တစ္ခုလုံး စိတ္ဆင္းရဲေနရၿပီး စုန္းစုန္းျမဳပ္မယ့္ အေၾကာင္းေတြကိုက် အေဖ မေတြးမိဘူးလား ။

အသံထြက္ကာ မရပ္မနား ငိုေနမိေသာ သူ႕ေခါင္းအေပၚ အေဖ့လက္ဖဝါးႏြေးႏြေးကက်ေရာက္လာသည္ ။
အေဖ့ အသံကလည္း တိုးဝင္ကာ ဆို႔နင့္နင့္ ...

' လက္ခံလိုက္ပါသားငယ္ရာ ။
ေနာက္ျပန္လည္း ဆုတ္လို႔ မရေတာ့တဲ့ အေျခအေနမွာ မျငင္းပါနဲ႕ေတာ့ ။
ေနာက္ 2 ရက္ေနရင္ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးရမယ္ ။
သားစိတ္က အသင့္ျဖစ္ေနတာကိုပဲ ေဖေဖ လိုခ်င္တယ္ ။
အိပ္ေတာ့ သားငယ္ ! မငိုနဲ႕ '

ေခါင္းကို အသာပုတ္ေပးၿပီး အေဖ အခန္းထဲက ထြက္သြားေတာ့ ဘတ္ဟြၽန္း ဖက္ထားမိေသာ ေခါင္းအုံးကို ငိုေနရင္း ကုတင္ေပၚက လႊင့္ပစ္လိုက္မိသည္ ။

ေဖေဖ က သူငယ္ငယ္ကလို ငိုၿပီး ပူဆာတိုင္း မလိုက္ေလ်ာေပးေတာ့ဘူး ။
အခု သူတတ္နိုင္တာ ဘာမွ မရိွေတာ့ဘူး ။

Marriage And Love

ဒီရက္ 2 ရက္အတြင္း Baekhyun အခန္းထဲမွ အခန္းျပင္မထြက္။
ဘယ္ သူငယ္ခ်င္းႏွင့္မွ အဆက္အသြယ္မလုပ္သလို Social media လည္း တစ္ခုမွ မသုံးေပ ။
တစ္ခ်ိန္လုံး game သာ ထိုင္ေဆာ့၍ေနသည္ ။
game ေဆာ့ရာတြင္လည္း အကုန္ ID အသစ္ဖြင့္ကာ ေဆာ့၍
တတ္နိုင္သမွ် အားလုံးနဲ႕ အဆက္အသြယ္ျဖတ္ထား၏ ။

Power off ထားေသာ Phone ကို ဖြင့္လိုက္လွ်င္လည္း
ရဲရဲနီေနေသာ miss call မ်ားေၾကာင့္ စိတ္ပ်က္လက္ပ်က္ ျပန္ပိတ္လိုက္ရသည္ခ်ည္း ။

ကိုယ့္ဟာကိုယ္ေတာင္ စိတ္မၾကည္နိုင္ေသးတဲ့ အေျခအေနမွာ
အေပါင္းအသင္းေပါင္း ေျမာက္မ်ားစြာ၏ ေမးခြန္းမ်ားကို
ေခါင္းေျခာက္ခံၿပီး သူေျဖမေနနိုင္ပါ ။

2 ရက္ဆိုေသာ အခ်ိန္ကာလ သည္ 2 ႏွစ္ေလာက္ အက်ဥ္းခ်ခံရသလို မြန္းက်ပ္၏ ။
ဒီ 2 ရက္ကို ေက်ာ္လြန္သြားရင္လည္း တစ္ဘဝလုံးစာ အက်ဥ္းခ်ခံရေတာ့မည္ကို စဥ္းစားမိေတာ့ ပို၍ ပို၍ မြန္းက်ပ္ရသည္။

' အဲ့ဒါ အကုန္ ဆန္းမင္း ဆိုတဲ့ေကာင္ေၾကာင့္ !
အဲ့ေန႕ကသာ သူ႕ေမြးေန႕ Party မလုပ္ခဲ့ရင္ ဘာမွ ျဖစ္လာစရာ အေၾကာင္းမရိွဘူး ! '

ေတြးေလ ေတြးေလ မဆိုင္တဲ့သူေရာ ဆိုင္တဲ့သူေရာ Baekhyun
ေဒါသထြက္ၿပီး ပတ္ယမ္း ပစ္ခ်င္လာသည္ ။

' အဲ့ဒီ ဓာတ္ပုံေတြကိုေရာ ဘယ္ေခြးမသား ေတြက ရိုက္သြားတာလဲ '

game ေဆာ့ရင္း အာ႐ုံက ေဒါသထြက္တဲ့ဘက္ ေရာက္သြားျပန္တာမို႔ ေရခဲေသတၱာထဲက ေရခဲေတြကို ထုတ္ယူရင္း တဂြၽမ္းဂြၽမ္း ထိုင္ဝါးေနမိသည္ ။

Baekhyun အေဖ ဆိုတာ အခန္းထဲထိ ေရခဲေသတၱာ အျပည့္အစုံ
game စက္ဆိုလည္း အမ်ားႀကီး Baekhyun လိုခ်င္သမွ် ေတာင္းဆိုစရာေတာင္ မလိုေအာင္ ျဖည့္ဆည္းေပးခဲ့တဲ့ အေဖမ်ိဳး ။

ဒီလိုက်ေတာ့ သားကို အဲ့ Park မ်ိဳးရိုးကတစ္ေယာက္ရဲ႕
လက္ထဲကို အတြန့္အဆုတ္ မရိွ ထည့္ေပးနိုင္တယ္တဲ့လား ။
အဲ့လူက ဘာေတြ ဒီေလာက္ထိ ေတာ္ေနလို႔လဲ ။
ဘာလို႔ ဒီေလာက္ ယုံၾကည္ ေနရတာလဲ ။

ဟို LOEY ရဲ႕ CEO ႀကီးကေရာ ဘာလို႔ သူ႕သားကို
သူနဲ႕ အတင္းလက္ထပ္ေပးခ်င္ေနရတာလဲ တစ္ခုမွ စဥ္းစား၍ မရေတာ့ေပ ။
သူ႕အတြက္ ဒီေလာက္ လက္ခံဖို႔ ခဲယဥ္းေနတဲ့ ကိစၥႀကီးကို
အေသးအမႊားေလးလို အတြန့္အဆုတ္မရိွ လုပ္သြားနိုင္တဲ့ သူ
ေတြကို အံ့ၾသမိသလို ေဒါသလည္း ထြက္မိျပန္သည္ ။

မနက္ျဖန္ လက္မွတ္ထိုးရေတာ့မည္ ကိစၥကို ေတြးမိေတာ့
လက္ရိွထက္ အဆေပါင္း မ်ားစြာပင္ စိတ္ညစ္ၫူးသြားရ၏ ။

ေနာက္ျပန္လွည့္လို႔ မရမွေတာ့ သူ႕ဒဏ္ကို ေကာင္းေကာင္းႀကီး
ခံၾကည့္ၾကေပါ့ ။

_______________________________________

လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးရမည့္ လူႏွစ္ေယာက္တဲ့ ။

Baekhyun သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ
ဟိုလူ႕ကို ခပ္စူးစူးၾကည့္ေနမိသည္ ။
Suit အျပည့္အစုံႏွင့္ ဆံပင္ေတြကို သပ္သပ္ရပ္ရပ္ လွန္တင္ထားေသာ အဲ့လူနဲ႕ Hoodie ပြပြ တစ္ထည္ကို ဒူးတိ
ေဘာင္းဘီ တစ္ထည္ျဖင့္ တြဲဖက္ဝတ္ထားတဲ့သူနဲ႕ ...
ဘယ္လိုၾကည့္ၾကည့္ ဆန့္က်င္ဘက္ ျဖစ္ေနတဲ့ လူႏွစ္ေယာက္က
အခု လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးရမတဲ့လား ။

ဟာသ တစ္ခုလို ျဖစ္ေနေပမယ့္ Baekhyun မရယ္နိုင္ ။
သူ႕ေရွ႕ကို အေဖတိုးေပးလာတဲ့ စာခ်ဳပ္ကိုသာ စိုက္ၾကည့္ေနမိသည္။

' သားငယ္ .. လက္မွတ္ထိုးလိုက္ေလ '

ျဖစ္လာမွေတာ့ ဘယ္လိုမွ ေရွာင္ေျပးမရသည့္အဆုံး Baekhyun
မ်က္ခုံးတစ္ခ်က္ပင့္လိုက္ၿပီး လက္မွတ္ကို လြယ္လြယ္ကူကူပင္ ထိုးေပးလိုက္သည္ ။
ထို႔ေနာက္တြင္မူ စာခ်ဳပ္အား မ်က္ႏွာခ်င္းဆိုင္ေနရာက လူေရွ႕ပင္
တိုးေပးလိုက္ေသး၏ ။

ၾကည့္ရသေလာက္ေတာ့ အဲ့လူက Baekhyun ထက္ပင္
တြန့္ဆုတ္ေနပုံ ေပၚသည္ ။
စာခ်ဳပ္ကို စိုက္ၾကည့္ေနသည္က အေတာ္ပင္ အခ်ိန္လင့္သြား၏ ။

' Chanyeol ! လက္မွတ္ထိုး '

သူ႕အေဖ က အၿပဳံးတစ္ခ်က္ႏွင့္ ​သတိေပးလိုက္ေသာ္လည္း
Baekhyunအေဖ လို ေခ်ာ့ေမာ့ေနသည့္ ေလသံမ်ိဳး မဟုတ္ပါ။
အမိန့္ဆန္သည္ ။
ထိုလူလည္း ထိုအခါမွသာ စာခ်ဳပ္ကိုယူ၍ လက္မွတ္ကို ခပ္ျမန္ျမန္ထိုးခ်လိဳက္ေတာ့သည္ ။

ခုမွပဲ လူႀကီးေတြလည္း ၿပဳံးရယ္ကာ စကားတေျပာေျပာျဖစ္သြားေပမယ့္ Baekhyun က လက္ပိုက္ကာ မွီခ်ရင္း ေရွ႕က လူကိုသာ စူးစိုက္၍ ၾကည့္ေနမိသည္ ။
ထိုသူက ေခါင္းပင္ေမာ့မလာ ။
ၾကည့္ရတာ သူ႕ထက္ အသက္ေတာ္ေတာ္ ႀကီးဟန္ေပၚေပမယ့္
အေဖကို တြန္းလွန္နိုင္တဲ့ အစြမ္းအစ မရိွသည့္ပုံမ်ိဳး ။

' ကြၽန္ေတာ္ တစ္ခု ေတာင္းဆိုလို႔ရတယ္မလား '

႐ုတ္တရက္ အသံျမႇင့္၍ ထေျပာလိုက္ေတာ့ စကားေျပာဆိုေနၾကေသာ လူႀကီးေတြ၏ အာ႐ုံကလည္း သူထံကို ျပန္လည္ေရာက္ရိွလာသည္ ။

' အိမ္ခြဲေနမယ္ '

' သားငယ္ '

အေဖက ထၿပီး ဟန့္ လာသလို ဟိုဘက္က အေဖျဖစ္သူလည္း
အနည္းငယ္အၿပဳံးေလ်ာ့သြားသည္ကို ျမင္လိုက္ရ၏ ။

' အေဖတို႔ 2 ေယာက္လုံး ျငင္းလို႔မရပါဘူး ။
သားလည္း ဟိုဘက္အိမ္မွာ သြားမေနနိုင္သလို ဒီလူကလည္း
သားတို႔အိမ္ကို လိုက္ေနဖို႔ အစီအစဥ္ မရိွဘူးထင္တယ္ ။
ၿပီးေတာ့ ဒီစာခ်ဳပ္​နဲ႕ သားရဲ႕ဘဝ ကို အခ်ဳပ္ခံၿပီးၿပီမို႔
ထိုက္တန္တဲ့ လြတ္လပ္ခြင့္ေတာ့ ျပန္ယူသင့္တယ္လို႔ ထင္တယ္ ။
အဲ့ေတာ့ .. ကြန္ဒို တစ္လုံးဝယ္ေပးပါ ။
အဲ့ဒီဘက္ကလူ ေနေန မေနေန သားကေတာ့ ခြဲေနမယ္ ။
ၿပီးေတာ့ လုပ္ခ်င္တာလုပ္မယ္ ။ တားလည္း မတားနဲ႕ ။
တားရင္လည္း သား က လက္ခံမွာမဟုတ္ဘူးးး '

မ်က္ႏွာတည္တည္ႏွင့္ တရစပ္ ေျပာခ်ပစ္လိုက္ေတာ့
ဟိုဘက္လူရဲ႕အေဖက သေဘာက်စြာ တဟားဟားရယ္လာသည္။
အေဖကေတာ့ အဆိုးအေပေလး အတြက္ ရွက္ၿပဳံးေလးျဖင့္သာ
အၾကည့္နဲ႕ ဟန့္တားေနရ၏ ။
ေရွ႕ကလူကေတာ့ ခုမွ သူ႕ကို ေသခ်ာၾကည့္လာေတာ့သည္ ။
သူကလည္း ေသခ်ာျပန္ၾကည့္လိုက္ရင္း မ်က္ဝန္းတြင္ ေလွာင္ရယ္ရိပ္ထည့္ကာ ႏႈတ္ခမ္းတြန့္႐ုံေလး ၿပဳံးပစ္လိုက္၏ ။

Chanyeol သည့္ေရွ႕က ေကာင္ေလး၏ အၾကည့္ႏွင့္ လုပ္ရပ္ေၾကာင့္ ႐ုတ္တရက္ ေၾကာင္အ သြားရသည္ ။
ဒီလို ေလးစားမႈ မရိွတဲ့ ဂ်စ္ကန္ကန္ မိုက္ကန္းကန္းေလးကို
သူ ဘာကိစၥႏွင့္ ကူညီ ခဲ့မွန္း နားမလည္နိုင္ေအာင္ျဖစ္ေန၏ ။
ေနာင္တေတြလည္း တသီႀကီး ။

ခုလည္း အိမ္ခြဲေနဖို႔ ေတာင္းဆို ေနျပန္သည္ ။
သူ႕အေဖကေတာ့ အလိုလိုက္ဟန္ေပၚေပမယ့္ ကိုယ္အေဖအေၾကာင္း
ကိုယ္ပဲ သိတာမို႔ မ်က္လႊာခ်၍ သာ ၿငိမ္ေနလိုက္၏ ။
အေဖကေတာ့ ဘယ္လိုနည္းနဲ႕မွ သေဘာတူနိုင္မည္ မဟုတ္ပါ ။

' ဟုတ္ၿပီ ။ ဦးေလး ပိုင္တဲ့ လုံးချင်းအိမ် တစ္လုံးကို သားနာမည္နဲ႕
လႊဲေပးမယ္ ၊ မဂ္လာ လက္ဖြဲ႕လို႔ သေဘာထားလိုက္ေပါ့ '

Chanyeol မ်က္ခုံးပင့္မိသြားသည္ ။
အံ့ၾသစိတ္နဲ႕အတူ ႏႈတ္ခမ္းႏွစ္လႊာ အသာဟ သြားေသာ္လည္း
႐ုပ္ပ်က္ဆင္းပ်က္ႀကီးေတာ့ ျဖစ္မသြား ။
ဒီေကာင္ေလး ေတာင္းဆိုတာကို အေဖက အလြယ္တကူ လိုက္ေလ်ာေပးခဲ့သည္တဲ့ ။
တစ္ဆက္တည္း သိခ်င္သြားတာက ေတာင္းဆိုခဲ့တဲ့သူက
သူဆိုရင္ေရာ အေဖ ခုလို လိုက္ေလ်ာ ေပးမလားဆိုတဲ့ အခ်က္ပါပဲ ။

ေရွ႕က ေကာင္ေလးကေတာ့ အသိအမွတ္ျပဳကာ ေခါင္းတစ္ခ်က္ ၿငိမ့္ျပရင္း အေပၚထပ္ကို ျပန္တက္သြားေတာ့သည္ ။
Chanyeol ကေတာ့ စ္ိတ္ရႈတ္ေထြးမႈေတြ ၾကားထဲမွာသာ
သက္ျပင္းအသာခ်မိေတာ့သည္ ။

Continue Reading

You'll Also Like

465K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
99.7K 6.3K 35
ချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
304K 9.1K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.3M 58.1K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC