แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€›แ€ฒแ€ทแ€€แ€œแ€ฑแ€ธแ€„แ€šแ€บ S3 [ Complet...

By moewathane

4.9M 403K 46.2K

#July - 17 - 2020 #Moewathan #Art by Maythitsar๐ŸŒน แ€šแ€แ€ฏแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ฝแ€„แ€บแ€•แ€ซแ€แ€„แ€บแ€žแ€ฑแ€ฌ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€”แ€พแ€„แ€บแ€ท แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ แ€‡แ€ฌแ€แ€บ... More

๐Ÿ’œ แ€‡แ€ฌแ€แ€นแ€ฑแ€€แ€ฌแ€„แ€นแ€™แ€ญแ€แ€นแ€†แ€€แ€น ๐Ÿ’œ
๐Ÿ’œ S3 EP - 1 ๐Ÿ’œ
๐Ÿ’œ S3 EP - 2 ๐Ÿ’œ
๐Ÿ’œ S3 EP - 3 ๐Ÿ’œ
๐Ÿ’œ S3 EP - 4 ๐Ÿ’œ
๐Ÿ’œ S3 EP - 5 ๐Ÿ’œ ๐ŸŒš
๐Ÿ’œ S3 EP - 6 ๐Ÿ’œ
๐Ÿ’œ S3 EP - 7 ๐Ÿ’œ
๐Ÿ’œ S3 EP - 8 ๐Ÿ’œ
๐Ÿ’œ S3 EP - 9 ๐Ÿ’œ
๐Ÿ’œ S3 EP - 10 ๐Ÿ’œ
๐Ÿ’œ S3 EP - 11 ๐Ÿ’œ
๐Ÿ’œ S3 EP - 12 ๐Ÿ’œ
๐Ÿ’œ S3 EP - 14 ๐Ÿ’œ
๐Ÿ’œ S3 EP - 15 ๐Ÿ’œ
๐Ÿ’œ S3 EP - 16 ๐Ÿ’œ
๐Ÿ’œ S3 EP - 17 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 18 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 19 ๐Ÿ’œ
๐Ÿ’œ S3 EP - 20 ๐Ÿ’œ
๐Ÿ’œ S3 EP - 21 ๐Ÿ’œ
๐Ÿ’œ S3 EP - 22 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 23 ๐Ÿ’œ
๐Ÿ’œ S3 EP - 24 ๐Ÿ’œ
๐Ÿ’œ S3 EP - 25 ๐Ÿ’œ
๐Ÿ’œ S3 EP - 26 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 27 ๐Ÿ’œ
๐Ÿ’œ S3 EP - 28 ๐Ÿ’œ
๐Ÿ’œ S3 EP - 29 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 30 ๐Ÿ’œ
๐Ÿ’œ S3 EP - 31 ๐Ÿ’œ
๐Ÿ’œ S3 EP - 32 ๐Ÿ’œ
๐Ÿ’œ S3 EP - 33 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 34 ๐Ÿ’œ
๐Ÿ’œ S3 EP - 35 ๐Ÿ’œ
๐Ÿ’œ S3 EP - 36 ๐Ÿ’œ
๐Ÿ’œ S3 EP - 37 ๐Ÿ’œ
๐Ÿ’œ S3 EP - 38 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 39 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 40 ๐Ÿ’œ END
๐Ÿ’œ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ ๐Ÿ’œ
๐Ÿ’œ Extra - 1 ๐Ÿ’œ
๐Ÿ’œ Extra - 2 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ Extra - 3 ๐Ÿ’œ
๐Ÿ’œ Extra - 4 ๐Ÿ’œ
๐Ÿ’œ Extra - 5 ๐Ÿ’œ
๐Ÿ’œ Extra - 6 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 7 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 8 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 9 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 10 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 11 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 12 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 13 ๐Ÿ’œEND
แ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บแ€™แ€ฝแ€”แ€บ ๐Ÿฅ๐ŸŒฑ
แ€™แ€พแ€ฐแ€ธแ€กแ€œแ€€แ€บแ€ฌ ( One Day )

๐Ÿ’œ S3 EP - 13 ๐Ÿ’œ

84.2K 7.8K 1K
By moewathane

Unicode...

ရှိုင်းထက်အောင်တစ်ယောက် သူရုံးခန်းထဲမှာထိုင်ရင် တစ်စုံတစ်ခုကိုအသည်းသန်စဉ်းစားနေတယ် ။ သူ့အတွက် ဒီရက်တွေမှာ နှိုင်းသုတ အနားကနေပို၍ဝေးကွာသွားသလိုခံစားနေရတယ် ဒါကြောင့် သူသာတစ်ခုခုမလုပ်ဘူးဆိုရင် နှိုင်းသုတ ကိုတခြားတစ်ယောက်ဆီသူထိုးပေးလိုက်ရမယ်လို့စိတ်ထဲမှာထင်နေတယ် ။

ရှိုင်းထက်အောင်က နှိုင်းသုတ ကျောင်းပြောင်းကျောင်းသားအသစ်အနေနဲ့ သူ့ကျောင်းကို ပြောင်းလာတဲ့အချိန်တည်းက အရိပ်တကြည့်ကြည့်နဲ့တိတ်တခိုးချစ်လာခဲ့တာ ... မထင်မှတ်တဲ့အချိန်မှာ နှိုင်းသုတ ဟာ သူ့ဘေးနားမှာထိုင်နေတဲ့ ရှိုင်းထက်အောင် ကို ပထမဦးဆုံးသူငယ်ချင်းဖွဲ့ခဲ့တာမို့ အရမ်းပျော်သွားခဲ့တယ် .. ။

ဒီလိုနဲ့သူငယ်ချင်းလေးယောက်ပေါင်းမိတဲ့အချိန်မှာ ရှိုင်းထက်အောင် ဟာ နှိုင်းသုတ ရဲ့ စိတ်နေစိတ်ထားနဲ့ အမှုအကျင့်လေးတွေကိုပို၍သဘောကျနှစ်သက်ခဲ့တယ် ။

နှိုင်းသုတ ရဲ့ နောက်ခံဟာ ဘယ်လိုမိသားစုလဲဆိုတာ ဖော်ပြမထားပေမယ့် နှိုင်းသုတ ဟာ အနေအေးပြီးစာတော်တဲ့လူတစ်ယောက်မို့ လွပ်လပ်စွာအပူပင်ကင်း၍ လူငယ်တစ်ယောက်လိုပျော်ရွင်နေမြဲပဲ ။

တဖက်သတ်ချစ်ရသူရဲ့နီးကပ်တဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့နေလိုက်ရတဲ့အချိန်ဟာ ကောင်းမွန်တယ်ဆိုပေမယ့် ဖွင့်ပြောဖို့အတွက်တော့ သူငယ်ချင်းဆိုတဲ့စည်းခြားသွားခဲ့တယ် ။ ဒါပေမယ့် ရှိုင်းထက်အောင် က စိတ်မညစ်ခဲ့ဘူး သူ့မှာအချိန်ရှိသမျှ နှိုင်းသုတ အနားမှာနေပြီး တစ်ချိန်မဟုတ် တစ်ချိန်ဖွင့်ပြောဖို့ စဉ်းစားထားတယ် ။

သို့သော်လည်း ရှိုင်းထက်အောင် ကိုယ်တိုင်က လွတ်လပ်တဲ့လူငယ်တစ်ယောက်မို့ အပျော်အပါးအနေနဲ့ Sex ကိုလက်ခံခုံမင်ချင်လာသလို ကောင်မလေးတွေထည်လဲတွဲတဲ့နေရာမှာဆရာတစ်ဆူဖြစ်လာတယ် ။

ရှိုင်းထက်အောင် အဲ့လိုတွဲနေတဲ့အချိန်မှာ နှိုင်းသုတ ဟာ ဘယ်တော့မှ စိတ်ပျက်သွားခြင်းမရှိခဲ့ပဲ လူငယ်တစ်ယောက်မို့ဆိုတဲ့အချက်နဲ့ ရှိုင်းထက်အောင် ကို နားလည်ပေးခဲ့တာမို့ ဆက်တွဲနေခဲ့မြဲ ....။

ကျောင်းမှာဆိုရင် နှိုင်းသုတ က ကျော်ကြားတဲ့ King တစ်ယောက်ဖြစ်တာကြောင့်ရော အနုပညာအတန်းကျောင်းသားတစ်ယောက်ဖြစ်တာကြောင့်ရော မိန်းကလေးတွေနဲ့ ယောက်ကျားလေးတွေကြားမှာ ရေပန်းစားတယ် .. ။

သို့သော် ရှိုင်းထက်အောင် က သူသာလျှင်ပွေရှုတ်ပေမယ့် နှိုင်းသုတ ကို လာကြောင်တဲ့မိန်းကလေး ယောက်ကျားလေးအားလုံးကို ရှင်းထုတ်ပြစ်ခဲ့တယ် ။  နှိုင်းသုတ အမြင်မှာ သူ့သူငယ်ချင်းကသူ့ကိုကာကွယ်ပေးတယ်ဆိုပေမယ့် တကယ်တမ့းတော့ ရှိုင်းထက်အောင် က သူ့အတွက်ကိုသူ ကာကွယ်ခဲ့တာ ။

အဲ့လိုနေ့ရက် နဲ့ နှစ်တွေအကြာကြီး မြိုသိပ်ပြီးချစ်ခဲ့တဲ့ နှိုင်းလေး ကို သူဘယ်လိုများ တခြားအကောင်လက်ထဲထည့်နိုင်မှာလဲ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး ။

ဒေါက် ဒေါက် ... !

ရှိုင်းထက်အောင် အတွေးများနေစဉ် တံခါးခေါက်သံကြောင့် အတွေးစပြတ်သွားတော့တယ် ။

" ဝင်ခဲ့ .. "

ဖိုင်တွဲတစ်ချို့ကိုကိုင်ကာ အထဲဝင်လာသူက ရှိုင်းထက်အောင် လူယုံတစ်ဖြစ်လဲအတွင်းရေးမူး ။

" Boss ရှာခိုင်းထားတဲ့ Demon ဆိုတဲ့ လူရဲ့အကြောင်းပါ .. "

ရှိုင်းထက်အောင် မှာ Demon အသံကြားတာနဲ့ချက်ချင်းဖိုင်တွဲကိုဖွင့်ကြည့်လိုက်သည် ။

ဖိုင်ထဲမှာပါတဲ့အကြောင်းအရာက များများစားစားမရှိ Demon အသက် နေထိုင်မှု့ပုံစံနဲ့ကျော်ကြားမှု့ ထို့နောက် သူပိုင်ဆိုင်တဲ့ Club ဒါ့အပြင်မပို ။

" ဒီကောင့်အကြောင်း ဒါအကုန်ပဲလား .. သူ့နေရပ်လိပ်စာ နဲ့ မိသားစုအကြောင်းကရော "

" Boss ကျွန်တော်တို့ထပ်ပြီးစုံစမ်းခဲ့ပြီးပါပြီး ဒါ့ထက်ပိုမရှိတော့ပါဘူး .. သူကများသောအားဖြင့် Club နဲ့ သူတို့နေရာကလွဲပြီး တခြားသွားလာတာမျိုးလဲ မရှိပါဘူး "

* အဟက် ပိုင်ဆိုင်မှု့က အဲ့ Club ပဲလား .. မင်းလိုကောင်က လမ်းဘေးကလူမိုက်သာသာပဲ ငါ့ကိုယှဉ်ချင်သေးတယ်ပေါ့ *

ရှိုင်းထက်အောင် က Demon ရဲ့ အတွင်းရေးဖိုင်ကိုယူကာ လှောင်ပြုံးပြုံးကာ တစ်ခုခုကိုကြံစည်နေတော့သည် ။

_______________________________________________________

ရုံးကနေအိမ်ပြန်ရောက်လို့ ညစာစားပြီးတည်းက နှိုင်း အခန်းထဲကိုဝင်လာပြီး ကျနစွာနေရာယူထားတဲ့ Demon ကြောင့် နှိုင်းသုတတစ်ယောက် ဘာလိုပြောလို့ပြောရမှန်းမသိဖြစ်နေသည် ။

တစ်ရက်တစ်ရက်နဲ့ ဒီကောင်လေး နှိုင်း အခန်းထဲမှာအိပ်တာဟာ စရောက်တဲ့နေ့ကတည်းက ခုချိန်ထိပဲ .. အခုလဲကြည့် သူ့အခန်းမှာ ညအိတ်ဝတ်စုံလဲပြီးတာနဲ့ နှိုင်း ကုတင်ပေါ်ရောက်နေပြန်ပြီ ။

အခုလက်ရှိ နှိုင်း တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အမည်တပ်စရာ မရှိသေးသော်လည်း မထင်ရင်မထင်သလိုထိတွေ့နမ်းတတ်တဲ့ဒီကောင်လေးကြောင့် တစ်ခါတလေနှိုင်း အတော်မျက်နှာပူရသည် ။

ငြင်းဆန်ဖို့အတွက် အခွင့်ရေးတွေအများကြီးရှိသော်ငြားလည်း နှိုင်း ကိုယ်တိုင်က ဒီကောင်လေးအပေါ်ခွင့်လွတ်ပေးနိုင်တဲ့စိတ်သဘောထားရှိနေတာဟာ နှိုင်း ရဲ့ တာဝန်ယူချင်စိတ်ကြောင့်လား ဒါမှမဟုတ် .. ဟူးးးးး ။

သေချာတာတစ်ခုကတော့ ဒီကောင်လေးက ငယ်သေးတဲ့အတွက် နှိုင်း တို့ဆင်ခြင်ရမယ်မလား ။ သူကငယ်လို့စိတ်ကစားနိုင်ပေမယ့် နှိုင်း ကတော့ ကိုယ့်ခံစားချက်ကို ကောင်းကောင်းနားလည်နေပြီဖြစ်တဲ့လူတစ်ယောက်လေ ။

နှိုင်း ဘေးမှာရှိနေတဲ့ ကောင်လေးကိုကြည့်ကာ ..

" Christo.. "

" ဟုတ် ကိုကို "

နှိုင်း ခေါ်လိုက်တော့ ကုတင်ပေါ်မှာ ဂိမ်းကစားရင်းထူးသည် ။

" ဒီနေ့ရော မင်းအခန်းဆီပြန်မအိပ်ဘူးလား "

နှိုင်း မေးလိုက်တော့ ဆော့လက်စဂိမ်းကိုရပ်တန့်ကာ Demon က နှိုင်း ကိုကြည့်လာသည် ။

" ဘာလို့လဲ .. ကိုကို ကျွန်တော်နဲ့အိပ်တာအဆင်မပြေလို့လား "

" အဲ့လိုမဟုတ်ပါဘူး ကိုယ့်အိပ်ရာကကျဉ်းတယ်လေ ကြာရင် မင်းအဆင်မပြေလောက်ဘူး ဟိုဘက်အခန်းမှာက .. "

" ကျွန်တော်ဆိုဖာမှာအိပ်ပေးမယ်လေ "

နှိုင်း စကားပင်မဆုံးသေး မျက်နှာငယ်လေးနဲ့ဖြတ်ပြောလိုက်တဲ့ Demon ကြောင့် နှိုင်း ချက်ချင်းပြာယာခပ်သွားတော့သည် ။

" ဟာ မဟုတ်တာ ကိုယ်ကအဲ့သဘောပြောတာမဟုတ်ပါဘူး .. ကိုယ့်အိပ်ရာကလူနှစ်ယောက်အတွက်ဆိုကျဉ်းတယ်လေ ကိုယ်ကအဆင်ပြေပေမယ့်ကြာရင် မင်းအတွက်အဆင်မပြေဖြစ်မှာစိုးလို့ပါ .. "

တကယ်လဲ နှိုင်း အိပ်ရာလေးက ၂ ယောက်စာအတွက်ဆိုကျဉ်းပါတယ် ။ အိပ်တတ်တဲ့ နှိုင်း က ကိစ္စမရှိပေမယ့် သူရော လွတ်လွတ်လပ်လပ်မအိပ်ချင်ဘူးလား ။

" ကျွန်တော်အတွက်အဆင်ပြေတယ် ဘာပြသာနာမှမရှိဘူး .. ဒါပေမယ့် ကိုကို့အတွက်အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော်ဆိုဖာမှာအိပ်ပေးပါ့မယ် "

Demon ရင်ထဲမှာ နှိုင်း က အခလိုပြောလိုက်တာကိုစိတ်မကောင်းဖြစ်သွားပေမယ့် အတတ်နိုင်ဆုံးထိန်းထားသည် ။

" မင်းအခန်းမှာသွားမအိပ်ချင်ဘူးလား "

"ကျွန်တော်အိပ်မပျော်ဘူး ကိုကို .. ကျွန်တော် ကိုကို့အနားကလွဲရင်တခြားမှာအိပ်လို့မရဘူး "

* အာ ဟုတ်သားပဲ မေ့နေလိုက်တာ .. *

နှိုင်း ဟာ Demon ရဲ့အခြေနေကိုချက်ချင်းသတိရလိုက်တာကြောင့် ပြောမိလိုက်တဲ့သူ့စကားအတွက်ချက်ချင်းနောင်တရသွားတော့သည် ။

* မေ့တတ်လိုက်တာကွာ ..*

အတွေးလွန်နေတဲ့ နှိုင်း ပုံစံကိုကြည့်ကာ Demon ထင်တာက သူနဲ့ရှိနေလို့ နှိုင်း အနေကျပ်နေတယ်လို့ထင်သွားသည် ။

နှိုင်း သာ အနေကျပ်နေခဲ့မယ်ဆို သူမအိပ်ရလဲကိစ္စမရှိ နှိုင်း အဆင်ပြေဖို့လိုအပ်တယ်မဟုတ်လား ။

" ကျွန်တော် အခန်းပြန်အိပ်လိုက်မယ် .. ကိုကိုနားချင်နားတော့လေ "

ထိုသို့ပြောပြီး Demon က သူ့ဖုန်းကိုယူကာ ကုတင်ပေါ်ကဆင်းမယ်လုပ်မှ နှိုင်း သတိဝင်လာသည် ။ နှိုင်း က ချက်ချင်းပင် Demon လက်ကိုလှမ်းဆွဲ၍ ။

" ရတယ် ဒီမှာပဲအိပ်လိုက် ကိုယ်ပြောတာစိတ်ထဲမထားနဲ့ .. မင်းအဆင်ပြေရင်ရပြီ "

" ကျွန်တော်အဆင်ပြေပါတယ်ကိုကို .. ကျွန်တော့်အခန်းထဲပဲပြန်အိပ်လိုက်မယ် .. "

" ဘာလို့လဲ ကိုယ်ပြောလိုက်လို့စိတ်ဆိုးသွားတာလား .. ကိုယ်ပြောတာက "

* စိတ်မကောင်းဖြစ်မိတာပါ *

နှိုင်း ပြောတဲ့စကားကိုဖြတ်ပြောပြန်သည်။

" ကျွန်တော်ကိုကို့ ကို စိတ်မဆိုးပါဘူး .. အဲ့ဒါကြောင့်လျှောက်မတွေးနဲ့တော့ Goodnight ကိုကို .. "

နှိုင်း ပါးလေးကိုလက်မနဲ့ဖွဖွပွတ်ကာ ပြုံး၍ပင်အခန်းထဲကထွက်သွားတဲ့ Demon ကြောင့် နှိုင်း ပြောမိလိုက်တဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတော့သည် ။

* ကျစ် ဘာလို့သွားပြောမိလိုက်တာလဲကွာ .. စိတ်ဆိုးသွားတာလားမသိဘူး .. ဒါပေမယ့် သူစိတ်မဆိုးဘူးပြောတာပဲ .. နှိုင်း ရေ မင်းက တကယ်ငတုံးပဲ *

ကိုယ့်ကိုကိုယ်အပြစ်တင်ကာ အခန်းထဲမှာတစ်ယောက်တည်းရေရွတ်နေတော့သည် ။

တဖက်အခန်းထဲမှာ စိတ်ပျက်လက်ပျက်ပြစ်လှဲချလိုက်တဲ့ Demon မှာ ဒီညတာကိုဘယ်လိုကျော်ဖြတ်ရမလဲတွေးနေတော့သည် ။

ကိုကို က သူနဲ့အရမ်းကြီးမရင်းနှီးသေးတာကြောင့် တစ်ခါတလေ ကိုကို အနေကျပ်နေတာမျိုးရှိနေမှာ Demon သိတာကြောင့် သူ ကိုကို့ ကိုအတင်းဖိအားမပေးချင်ဘူး ...။

Demon လိုလူက ကြမ်းတမ်းတယ် လိုချင်တာကိုရအောင်ယူတယ်ဆိုပေမယ့် ထိုထဲမှာ နူးညံ့တဲ့ကိုကို မပါဘူး .. ကိုကို က ဘယ်အရာမဆိုအကောင်းဘက်ကကြည့်တဲ့လူတစ်ယောက်မို့ Demon သာ ဆက်ပြောနေရင် သူအနေကျပ်နေရင်တောင် လက်ခံမှာ .. အဲ့တာကြောင့် ကိုကို့ ဆန္ဒမပါပဲနဲ့တော့ Demonတွန်းအားမပေးချင်ဘူး ။

" ချီးပဲ ..  ဒီညတော့ ကိုကို့ရဲ့ကိုယ်သင်းနံ့လေးကိုလွမ်းနေရတော့မှာပဲကွာ "

ဘာမှလုပ်စရာမရှိတဲ့အဆုံး Demon  ပြတင်းပေါက်ဘောင်မှာထိုင်ပြီး ဆေးလိပ်ထိုင်သောက်ရင်း နှိုင်း ရဲ့ ချစ်စရာကောင်းတဲ့အပြုမှုလေးတွေကိုပြန်တွေးကာ ဇိမ်ခံနေလိုက်သည် ။

ကိုကို့ ကိုရင်ခွင်ထဲထည့်မထားရတဲ့ဒီညဟာ Demon ဘယ်လိုမှ အိပ်မပျော်ဘူးဆိုတာ ကိုယ်တိုင်သာအသိဆုံးမဟုတ်လား ။

Demon က မိုးပေါ်ကလုံးဝန်းပြီးပြည့်နေတဲ့ လမင်းကြီးကိုကြည့်၍ပြုံးကာပင် တိုးတိုးလေးပြောလိုက်သည် ။

" ကျွန်တော်ပါတဲ့ အိမ်မက်လှလှမက်ပါစေ ကိုကို .."

Demon အတွက် စစ်မှန်တဲ့ ဆုတောင်းဆိုသော်လည်း လက်တွေ့မှာ သူ့ဆုတောင်းမပြည့်တာကိုတော့ Demon မသိပါ ။

Demon သူ့အခန်းဆီပြန်သွားထဲက နှိုင်း ကို စိတ်ဆိုးသွားတယ်လို့ထင်နေတာကြောင့် နှိုင်း စိတ်ထဲမကောင်းဖြစ်နေသည် ။

နှိုင်း အိပ်ပျော်အောင်ကြိုးစားပြီးအိပ်နေပေမယ့်လဲ စိတ်ထဲမှာ Demon ကို စိတ်ပူနေ၍လား ကိုယ်တိုင်ကပဲ Demon ရင်ခွင်မရှိလို့အိပ်မပျော်တာပဲလား မသိ ညအတော်နက်တဲ့အထိအိပ်လို့မပျော်ဖြစ်နေတော့သည် ။

ပုံမှန်ဆို ဒီအချိန်မှာ နှိုင်း က Demon ရင်ခွင်ထဲမှာ နှစ်ယောက်သားအိပ်ပျော်နေပြီဖြစ်ပေမယ့် အခုချိန်မှာတော့ အိပ်ရာထက်လူးလိမ့်နေယုံသာတတ်နိုင်သည် ။

*Christo ငါ့ကိုစိတ်ဆိုးသွားတာသေချာပါတယ် ငါဘယ်လိုလုပ်ရမလဲ .. သွားချော့လိုက်ရမလား*

* သူစိတ်မဆိုးဘူးဆိုရင် ငါအိပ်ခိုင်းတာဘာလို့မအိပ်တော့တာလဲ .. သေချာပါတယ် ဒီကောင်လေးစိတ်ဆိုးသွားတာပဲကို .. ဒါမှမဟုတ် စိတ်မကောင်းဖြစ်သွားတာလား *

* သူက ငါ့ဆီလာမအိပ်တော့ဘူးဆိုတော့ ငါကဘယ်လိုချော့ရမှာလဲ မနက်ကျမှချော့လိုက်ရင် ထူးဆန်းနေမလား .. အားး ရူးချင်တာပဲ အစောကြီးတည်းက ဘာလို့သွားပြောလိုက်တာလဲကွာ .. အလကားနေရင် ကလေးကစိတ်မကောင်းဖြစ်သွားပြီ *

အတွေးတွေနဲ့ ရှုတ်ထွေးကာ ဘာလုပ်ရမှန်းမသိဖြစ်နေတော့သည် ။
နောက်ဆုံးတစ်ခုအနေနဲ့ နှိုင်း သက်ပြင်းချ၍ ဆုံးဖြတ်ချက်ချလိုက်သည် ။

Demon ဆေးလိပ်သောက်နေပေမယ့်လဲ အများကြီးလဲမသောက်ရဲ ။ ဆေးလိပ်ကအနံ့မစွဲပေမယ့် ကိုကို့လိုဆေးလိပ်မသောက်တဲ့သူအဖို့ ဆေးလိပ်နံ့ကထွက်နေမှာပဲမို့ တော်ယုံပဲသောက်ကာ နားကျပ်ထိုးပြီးမျက်လုံးမှိတ်ရင်း သီချင်းနားထောင်နေလိုက်သည်။

နှိုင်း Demon အခန်းရှေ့ရောက်နေပေမယ့်အထဲဝင်သွားဖို့မဝင့်မရဲဖြစ်နေသည် ။

ကျွီ ...

လော့မချထားတဲ့အခန်းဖို့ ဖွင့်လိုက်ယုံနဲ့ပွင့်သည်။

" Christo အိပ်နေပြီလား "

နှိုင်း ရဲ့ မရဲတရဲခေါ်သံလေးနဲ့အတူ ဖြေးဖြေးချင်းလျှောက်လာပေမယ့် တကယ်လို့သာ Demon အိပ်ပျော်နေပြီဆိုရင် နှိုင်း ဒီတိုင်းလေးပဲလှည့်ပြန်ဖို့တွေးထားတယ် ။

သို့သော် နှိုင်း တွေ့လိုက်ရတာက Demon ဟာ ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ပြီးမျက်စိမှိတ်ကာ သီချင်းနားထောင်နေတာမို့ နှိုင်း ရောက်နေသည်ကိုပင်မသိ ။

နှိုင်း က Demon ကို လှန့်သလိုဖြစ်မှာစိုးတာ​ကြောင့် အနားကိုဖြေးဖြေးလေးသွားရပ်လိုက်သည် ။

Demon သည် သူ့အနားကိုတစ်ယောက်ယောက်လာတယ်ဆိုတာသိတာကြောင့် ကြည့်လိုက်တော့ သူသိပ်ချစ်ရတဲ့ကလေးလူကြီးလေး ။

" ကိုကို .. "

လက်နှစ်ဖက်ကိုယှက်ယက်ဆုတ်ကိုင်ကာ မရဲတရဲလေးဖြစ်နေတဲ့ ကိုကို က အစိမ်းနုရောင်ကော်လန်ပါပိုးသားညအိတ်ဝတ်စုံနဲ့ မီးအလင်းမှိန်မှိန်လေးထဲမှာတောင် ဖြူဖွေးတဲ့အသားရောင်နဲ့လိုက်ဖက်ညီစွာ လှပပြီးအသည်းယားဖို့လဲကောင်းသည် ။

" ဘာဖြစ်လို့လဲကိုကို .. အိပ်မပျော်လို့လား "

" ဟုတ်တယ် အိပ်မပျော်လို့ ဟို .... ဟို ... "

လာတုန်းကပြောဖို့မကြောက်ပေမယ့် တကယ်တမ်းပြောရမယ့်အချိန်မှာ ရှက်နေမိသည် ..။

Demon ကတော့ တစ်ခုခုကိုပြောချင်ပေမယ့် ပြောရခက်နေတဲ့ နှိုင်း ကို ကြည့်ကာ အသည်းယားလွန်းလို့တစ်ကိုယ်လုံးသိမ်းကျုံး၍မွေ့ရမ်းပြစ်လိုက်ချင်စိတ်ကိုထိန်းထားရသည် ။

" ဟို စောနက ကိုယ်ပြောတာကိုမင်းစိတ်ဆိုးသွားလားဟင် "

စိတ်မကောင်းဖြစ်နေတဲ့မျက်နှာ နှင့် နူးညံ့နွေးထွေးတဲ့အသံလေး နဲ့  Demon စိတ်ဆိုးနေတယ်ထင်ပြီး လာချော့နေပုံရတဲ့ ကလေးလူကြီးလေးကိုကြည့်ပြီး Demon ရဲ့ထွေးပွေ့ထားချင်စိတ်တွေမြင့်တတ်လာရပြန်သည် ။

Demon ဆံပင်အရှည်ကို တသ်ဝက်လောက်ပဲချည်ထားပြီး အနက်ရောင်ညအိတ်ဝတ်စုံနဲ့ ပြတင်းပေါက်ဘောင်မှာထိုင်ရင်း သူ့ကလေးလူကြီး ရဲ့အရမ်းလှပနေတဲ့ မျက်နှာလေးကို ငေးမောနေမိသည် ။

* တကယ်စိတ်ဆိုးသွားတာဖြစ်မယ် .. ဘယ်လိုလုပ်ရမလဲ *

နှိုင်းသုတ ခမျာ Demon ဆီက ဘာစကားသံမှထွက်မလာပဲစိုက်ကြည့်ခံနေရတာကြောင့် တကယ်စိတ်ဆိုးနေတယ်လို့သာထင်သွားပြီး ပြာယာခတ်သွားရသည် ။

" တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်မဆိုးပါနဲ့ .. ကိုယ် ... ကိုယ်အမှန်တိုင်းပြောပါ့မယ် .. "

" ကိုကို ပြော .. ကျွန်တော်နားထောင်နေတယ် "

Demon က နှိုင်း ကိုကြည့်နေရင်း အမှန်တိုင်းပြောပါ့မယ် ဆိုတဲ့စကားကိုစိတ်ဝင်စားသွားတာမို့ စကားထောက်ပေးလိုက်တယ် ။

နှိုင်း က Demon ဆီက စကားပြန်ရလာတာမို့ ချက်ချင်းပင် အားတတ်သရောနှင့် ။

" ကိုယ်တွေးတာက မင်းနဲ့ကိုယ်နဲ့ဆက်ဆံရေးကခေါင်းစဉ်တပ်လို့ရတဲ့အနေအထားမဟုတ်သေးဘူးလို့ထင်တယ် .. ဒါပေမယ့် မင်းက ကိုယ့်ကိုအမြဲလိုက်နမ်းပြီး ကပ်တွယ်နေတော့ "

" ကျွန်တော်က ကပ်တွယ်နေလို့ ကိုကိုမကြိုက်တာပေါ့ "

နှိုင်း ပြောချင်တာနဲ့ ပြောလိုက်တာ ကို Demon  အဓိပ္ပာယ်လွဲကောက်မိမှာစိုးတာကြောင့် နှိုင်း ချက်ချင်းပြန်ဖြေရှင်းရတယ် ။

" မဟုတ်ဘူး မဟုတ်ဘူး .. ကိုယ်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ဘူး .. ဒီလိုကွာ ကိုယ်ကမင်းနဲ့ဟိုလိုအတူနေခဲ့ဖူးပေမယ့်တကယ်တမ်း ကိုယ်တို့ကချစ်သူတွေမဟုတ်ဘူးလေ အဲ့တာကြောင့် တစ်ခါတလေ မင်းကိုယ့်ကိုလာထိပြီးနမ်းနေတာက ကိုယ့်အတွက်အဆင်မပြေဘူး .. အဆင်မပြေဘူးဆိုတာက ကိုယ်က .. ကိုယ်ကမင်းနဲ့ထပ်ပြီး အဲ့လိုမျိုး မင်းအပေါ်လုပ်မိမှာစိုးရိမ်တာ ပြီးတော့ အဲ့နေ့ညကလဲ ကိုယ်ကမင်းကိုနာကျင်စေခဲ့တယ်မလား .. အဲ့ဒါကြောင့် အဲ့ဒါကြောင့် "

စက်သေနတ်ပစ်သလိုစကားတွေ အကုန်ပြောထွက်ပြီးတော့မှ Demon ကို မော့ကြည့်လိုက်တော့ အံသြနေတာကြောင့်လား ဘာလားတော့မသိ Demon မျက်လုံးတွေက အရောင်တောက်ပနေပြီး နှိုင်း ကို ပြုံးနေတဲ့မျက်နှာမျိုးနဲ့ စိုက်ကြည့်နေသည် ။

* သေပြန်ပြီ .. ငါဘာတွေသွားပြောမိပြန်ပြီတုန်း .. ချစ်သူတောင်မဖြစ်သေးဘူး နောက်ထပ် Sex လုပ်ဖို့ကျော်ခွပြီးပြောမိလိုက်ပြီ .. ဒီကောင်လေးတော့ ငါ့ကိုနှာဘူးလို့ထင်နေတော့မှာပဲ *

နှိုင်း ဟာ သူပြောခဲ့မိတဲ့စကားတွေကိုပြန်သုံးသပ်ကြည့်ပြီး ရှက်လွန်းလို့အရူးတစ်ယောက်လိုပင် မျက်နှာလေးအိုဆာသွားတော့သည် ။

Demon ဟာ နှိုင်း စိတ်ထဲ ဒီလိုအတွေးတွေဝင်နေမှန်းမသိခဲ့ဘူး .. Demon က နှိုင်း အနားမှာနေရတာကိုသဘောကျတယ် ဖြစ်နိုင်ရင် နှိုင်း ကို သူ့အနားကနေဘယ်တော့မှမခွာစေချင်တဲ့အထိပဲ .. ဒါပေမယ့် နှိုင်း ဘက်ကကြည့်ရင် Demon ကို စိတ်ရှုတ်နေမယ်လို့တွေးပူနေခဲ့တာ ။

အခုတော့ Demon တွေးထားသလိုမဟုတ်ပဲ သူ့ရဲ့ကလေးလူကြီးလေးက Demon အပေါ်မတော်တရော်လုပ်မိမှာစိုးလို့ သူ့ကိုယ်သူထိန်းသိမ်းနေရတာမလွယ်ဘူး တဲ့လား ။

* ဟား ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလဲ ကလေးလူကြီးလေးရေ *

ပြောချင်တာပြောပြီးရှက်နေတဲ့ နှိုင်း ကိုဆက်ပြီး တစ်ယောက်တည်းတွေးတောနေဖို့ Demon ခွင့်မပြုနိုင်တော့ဘူး ... အရင်က နှိုင်း စိတ်ရှုတ်သွားမှာစိုးလို့ ဆိုတဲ့အတွေးရှိနေပေမယ့်အခုတော့ Demon ဟာ သူ့နည်းလမ်းအတိုင်းပဲ သွားဖို့စိတ်ကူးထားတယ် ။

ထို့ကြောင့် Demon သည် ပြတင်းပေါက်ဘောင်မှာထိုင်ရင်း သူ့အနီးနားမှာရှိနေတဲ့ နှိုင်း လက်ကိုလှမ်းဆွဲလိုက်တော့...

" ပါးပါး .. ! "

နှိုင်း လန့်ကာ အဝေးကပါးပါးကိုပင် တ လိုက်မိသည် ။ Demon ကတော့ နှိုင်း ရဲ့ ယောင်တဲ့ပုံစံလေးကိုအရမ်းသဘောကျတယ် ..။ Demon က နှိုင်း ခါးကိုလက်နှစ်ဖက်နဲ့ဖက်ထားလိုက်တော့ နှိုင်း လက်က Demon ရင်အုံပေါ်တင်ထားရင်း မော့အကြည့်မှာ Demon ရဲ့ စူးရဲတဲ့မျက်ဝန်းတစ်စုံနဲ့တိုက်ဆိုင်သွားရသည် ။

" ကိုကို .. "

ယောက်ကျားပီသတဲ့လည်ဇလုတ်သံအက်အက်နဲ့ ဖျားယောင်းတဲ့ခေါ်သံကြား စူးရဲတဲ့ Demon ရဲ့အကြည့်တွေကို နှိုင်း ရင်မဆိုင်ရဲစွာ ရှောင်လွဲလိုက်တော့ Demon က ပြန်ဆွဲယူ၍ မျက်နှာချင်းဆိုင်ကာ .. ။

" ကျွန်တော့်ကိုကြည့် .. "

" ....... "

" ကျွန်တော်နဲ့ကိုကိုရဲ့ဆက်ဆံရေးက အဲ့နေ့ညကစတင်ခဲ့ပေမယ့် ကျွန်တော်ကိုကို့ ကိုချစ်တယ် ဆိုတာ ကျွန်တော့်ဘဝနဲ့ကျိန်ပြီးပြောရဲတယ်."

" ........ "

နှိုင်း ဟာ ရုတ်တရက်ကြီး ဖွင့်ပြောလာတဲ့ Demon ရဲ့ ရင်ဖွင့်စကားကြောင့် အံသြ၍ဘာမှပင်ပြန်မပြောနိုင်ပဲ Demon ကို ကြည့်နေယုံသာတတ်နိုင်သည် ။

Demon က စကားပြောနေရင် နှိုင်း နှာဖူးလေး ကို မြတ်နိုးစွာ နမ်းရှိုက်ရင်း ... ။

" ကျွန်တော့်ပင်ကိုယ်ပုံစံကိုက ကြမ်းတမ်းတယ်ကိုကိုမြင်တွေ့နေတဲ့ ပုံစံထက် ပိုပြီးလဲမိုက်ရူးရဲဆန်တယ် .. အဲ့ဒါကြောင့် ကျွန်တော်ပြောတဲ့ချစ်စကားတွေက ကိုကို့အတွက်နူးညံ့ပြီး ကဗျာဆန်ချင်မှဆန်လိမ့်မယ် .. ဒါပေမယ့် ကိုကို့အပေါ်မှာထားတဲ့ကျွန်တော့်အချစ်ကိုတော့ ဘာနဲ့မှတိုင်းတာမပြချင်ဘူး ... "

" ...... "

" ကျွန်တော်ဒီစကားတွေကို ပြောဖို့အကြိမ်ကြိမ်တွေးနေခဲ့တာ ပြောဖို့အခွင့်ရေးမရခဲ့ဘူး အခုပြောလိုက်ပေမယ့် အချိန်ကောင်းတစ်ခုဟုတ်ရဲ့လား လို့လဲ ကျွန်တော်မသိဘူး .. ကျွန်တော်သိတာ ကိုကိုပဲ .. "

" ....... "

" ကိုကို ကျွန်တော့်ကိုတစ်ခုခုပြန်ဖြေပေးပါဦး "

" အဲ ... ဟို ... ကိုယ် .. ကိုယ်က .... "

စိတ်လှုပ်ရှားမှု့အပြည့်နဲ့ အရှက်သည်းနေတဲ့ချစ်ရသူကို Demon ရင်ခွင်ထဲထည့်၍ဖက်ထားပြီး ခေါင်းနောက်ကိုဖွဖွပွတ်ပေးလိုက်သည် ။

" တကယ်လို့ ကျွန်တော့်ကို ကိုကိုလိုချင်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး .. ကျွန်တော်ကိုကို့အတွက်ပေးနိုင်တယ် .. အဲ့ဒါကြောင့် ကိုကို ကျွန်တော့်ကိုမငြင်းလိုက်ပါနဲ့နော် "

Demon စကားတွေနားထောင်ပြီး နှိုင်း ရင်ခုန်နေတာ ပေါက်ကွဲထွက်မတတ်ပဲ .. အခုချိန်မှာ ဘယ်လိုအဖြေမျိုးကိုပေးသင့်လဲဆိုတာ နှိုင်း မစဉ်းစားနိုင်သေးဘူး .. နှိုင်း ရင်ဘတ်တစ်ခုလုံးတစ်ခါခါ​ကောင့်ပြည့်သိပ်နေပြီး တစ်ခါမှမခံစားဖူးတဲ့ခံစားမှု့မျိုးစည်းကြိုးနေတယ် ။

" ကိုယ် ... ကိုယ့်ကိုစဉ်းစားဖို့အချိန်ခဏလောက်ပေးလို့ရမလား "

အထစ် ထစ် နဲ့ ထွက်လာတဲ့စကားလုံးတစ်ချို့ ။

" ကောင်းပြီလေ ကိုကိုစဉ်းစားပါ .. ဒါပေမယ့် ကိုကို့အဖြေက ဘယ်လိုအဖြေမျိုးပဲဖြစ်နေပါစေ ကျွန်တော်ကတော့ ကိုကို့အနားက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးဆိုတာ သိတယ်မလား "

နှိုင်း ယောင်နစွာ ခေါင်းညှိမ့်လိုက်မိသည် ။

Demon က နှိုင်း ကိုဖက်ထားတာကြောင့် တဖက်မှာ ညစ်ကျယ်ကျယ်ပြုံးနေတဲ့ Demon ရဲ့ နတ်ဆိုးဆန်တဲ့အပြုံးတွေကိုမတွေ့လိုက်ပါ ။

နှိုင်း က အချိန်တစ်ခုထိ သူ့ကိုဖက်ထားတဲ့ Demon ကြောင့် သူ့နှလုံးခုန်သံတွေကပို၍ဆိုးရွားလာတာကြောင့် ရင်ခွင်ထဲကရုန်းကာ။

" ဟို အဲ့ အဲ့တာဆို ကိုယ်အခန်းပြန်တော့မယ် "

" မပြန်နဲ့တော့ ကျွန်တော်နဲ့ဒီမှာပဲအတူတူအိပ်ရအောင် .. "

" ဒါ ဒါပေမယ့် ... "

" လာပါ .. ကိုကိုမရှိရင် ကျွန်တော်အိပ်မပျော်ဘူးဆိုတာသိသားနဲ့ "

Demon က နှိုင်း ပုခုံးနှစ်ဖက်ကိုကိုင်၍ မျက်နှာလေးကိုစိုက်ကြည့်ကာပြောလိုက်တော့ .. နှိုင်း မှာ မငြင်းရက်ပြန် ။

" ကောင်းပြီ .. ညလဲနက်နေပြီ အိပ်ရအောင် "

" ဟုတ် ကိုကို "

Demon က နှိုင်း လက်ကိုကိုင်ပြီး အိပ်ရာဆီသွားပြီး အရင်ဆုံး ကုတင်ပေါ်မှာရှိတဲ့ ခေါင်းအုံးနှစ်လုံးထဲက တစ်လုံးကိုဆိုဖာပေါ်ပြစ်တင်လိုက်သည် ။

နှိုင်း က Demon လုပ်လိုက်တာကိုကြည့်ပြီး အူတူတူလေးနှင့် Demon ကို ပြန်ကြည့်ကာ ။

" ကိုယ် ဆိုဖာမှာသွားအိပ်ပေးရမလား "

" ကျွန်တော်က ကိုကို့ကိုအိပ်ခိုင်းမယ်ထင်နေလား"

" ဟင် .. !"

မပြောမဆိုနဲ့ Demon က မွေ့ယာပေါ်လှဲအိပ်ကာ ထိုင်နေတဲ့ နှိုင်း ကိုဆွဲ၍ သူ့ရင်ခွင်ထဲသွင်းကာ လက်မောင်းကို ခေါင်းအုံးစေသည် ။

Demon ကို ကျောပေးထါးတာကြောင့် Demon က နှိုင်း ခါးသိမ်သိမ်လေးကိုဖက်ထားပြီး လည်တိုင်ဖွေးဖွေးလေးကိုနမ်းရှိုက်ကာ ..။

" အခုကစပြီး ကျွန်တော့်လက်မောင်းတွေကို ကိုကို့အတွက် အားကိုးရာအဖြစ်ရော ညအိပ်ချိန် ခေါင်းအုံးအဖြစ်ပါထားပေးမှာမို့ ကျွန်တော်လိုချင်တဲ့အဖြေကိုပဲပေးဖို့စဉ်းစားထားပါ "

Demon ရဲ့ ကလေးဆန်ဆန်အတွေးနဲ့စကားကြောင့် နှိုင်း သဘောကျ၍ပြုံးလိုက်ရင်း ..။

" လာဒ်ထိုးနေတာလား "

" လာဒ်ထိုးလို့သာရမယ်ဆို ကျွန်တော့်ဘဝတစ်ခုလုံး လာဒ်ထိုးပြစ်ချင်နေတာ .. ကိုကိုလက်ခံမှာလား "

" တကယ်ပဲ မင်းကိုတော့ ကိုယ်နိုင်အောင်မပြောနိုင်ဘူး .. ဒီလိုစကားတွေကို မျက်တောင်တစ်ချက်မခတ်ပဲ ဘယ်လိုတောင်ပြောနိုင်တာလဲ "

" ကိုကိုတစ်ယောက်တည်းအတွက်သီးသန့်ဖြစ်တည်လာတာပါ "

" အိပ်တော့မယ် .. "

" ပြွတ် ... Goodnight ကိုကို .. အိမ်မက်ထဲမှာတွေ့ကြမယ် "

" Goodnight Christo.. "

စောနက Demon အခန်စထဲမလာခင်အထိ အိပ်လို့မပျော်ဖြစ်နေတဲ့ နှိုင်းသုတ ဟာ Demon လက်မောင်းပေါ်မှာ လှဲပြီး ငါးမိနစ်ပင်မပြည့်သေး အပူပင်ကင်းမဲ့၍ ယုံကြည်မှု့တွေနဲ့ အိပ်ပျော်သွားသည် ။

" ဟက် အိပ်ပျော်တာမြန်လိုက်တာ .. ကိုကိုက လူတွေကိုပဲအယုံလွယ်တာလား .. ကျွန်တော့်ကိုပဲယုံနေတာလား .."

Demon က နှိုင်း ရဲ့ ပါးပြင်လေးကိုနမ်းရှိုက်ကာ မျက်နှာလေးကိုကြည့်နေမိသည် ။

* ကိုကိုသိလား ကိုကိုရဲ့ဒီလိုအပြစ်ကင်းတဲ့ပုံစံလေးကြောင့် ကျွန်တော်အပိုင်ဖြစ်စေချင်စိတ်တွေကို မနည်းထိန်းထားရတယ် *

Demon သည် စောနက နှိုင်း ရဲ့ ချစ်ဖို့ကောင်းတဲ့အတွေးစကားတွေကိုပြန်ကြားယောင်ပြီး နှုတ်ခမ်းထက်မှာ အပြုံးတို့တွဲခိုလို့ ..။
 
Sex ကိစ္စတွေကို မိန်းကလေးတွေနဲ့တောင် အတွေ့ကြုံမရှိသေးတဲ့ ကိုကို က Demon ရဲ့ ဦးဆောင်သူဆိုတဲ့ ထိုနေ့ညက ကိစ္စကြောင့် သေချာပေါ့ Top လို့တွေးနေမှန်းသိပေမယ့် Demon ပြောပြဖို့စိတ်ကူးလုံးဝမရှိဘူး ။

အဲ့ဒီ့အဖြူရောင်မုသားစကားလေးက Demon နဲ့ ကိုကို့ကြားက ပေါင်းကူးတံတားလေးတစ်ခုမို့ ။

တကယ်တော့ ကိုကိုက Demon ရဲ့ ဦးဆောင်သူဆိုတဲ့စကားက မှားတော့လဲမမှားပါဘူး .. အခုလဲ ကိုကိုက Demon ဘဝတစ်ခုလုံးကိုဦးဆောင်နိုင်တဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီလေ ... အိပ်ရာထဲမှာတော့ Demon ရဲ့ ဦးဆောင်မှု့နောက်ကိုလိုက်ရမယ်ဆိုပေမယ့်ပေါ့ ။

" အရမ်းချစ်တယ်ကိုကို "

နားနားကပ်၍တီးတိုးပြောကာ နှိုင်းကိုဖက်လျက် အိပ်ပျော်အောင်အိပ်လိုက်သည် ။

__________________________________________________________

ရှော့ပင်းမောတစ်ခုတွင် အကန့်သတ်ထုတ်လက်ကိုင်အိတ်ကိုကိုင်ကာ အရိုင်းဆန်တဲ့အလှတရားအပြည့်နှင့်မိန်းကလေးဟာ နာမည်ကြီး၍ဈေးအကြီးဆုံးဆိုတဲ့ အိတ် ဖိနပ် နဲ့ အဝတ်စားတွေကို လက်ညှိုးညွှန်ကာ အထက်စီးဆန်ဆန်ဝယ်ယူနေသည် ။

သူမ လက်ထဲတွင် VIP Card ကိုင်ခေါ်ထားတာမို့ ဝန်ထမ်းတွေဟာ ခါးကျိုးမတတ်ရိုကျိုးစွာအဆင်ပြေအောင်လုပ်ပေးနေရသည် ။

ရင်ပြတ်အကျီခရမ်းရောင် ကိုမှပေါင်လည်ထိကိုယ်ကျပ်ဝတ်စုံဖြစ်ပြီး အပေါ်က ကုတ်အကျီအနက်ရောင်ကိုဝတ်ကာ ဆံပင်ကို ဘေးတစ်စောင်းချထား၍ နှုတ်ခမ်းခရမ်းဆီရောင်ကိုဆိုးထားတဲ့သူမ ဟာ သေးသွယ်တဲ့ကိုယ်လုံးကိုယ်ပေါက်နှင့် ဆွဲဆောင်မှု့ရှိနေတာကြောင့် ပုရိသတွေအားလုံးသူမရဲ့အလှကိုလည်ပြန်ကြည့်ကာ ငေးမောနေရသည် ။

သူမ နဲ့အတူပါလာတဲ့မိန်းကလေးဟာလဲ ထိုသူမနဲ့မယှဉ်နိုင်ရင်တောင် မလျှော့တဲ့လှပမှု့မျိုးနဲ့အတွဲညီညီရှော့ပင်းထွက်နေကြသည် ။

kinsley ဟာ ဒီနေ့သူမသူငယ်ချင်း Nina နဲ့အတူ စိတ်ပြေလက်ပျောက်ရှော့ပင်းအတူတူထွက်လာခဲ့သည် ။

ဒီရက်တွေမှာ kinsley စိတ်မပျော်ရွင်ဖြစ်နေတယ် .. အဲ့ဒါက Demon ဆိုတဲ့ သူမတစ်ဖက်သတ်ချစ်ရတဲ့နတ်ဆိုးလေးကြောင့် ... Demon ဟာ သူမတို့ဆုံနေကြနေရာကို လာတာမတွေ့တော့သလို Club ကိုလဲ လာတာမျိုးသိပ်မတွေ့ရတာကြောင့် အစအနရှာမရအောင် ပျောက်ချက့သားကောင်းနေတော့သည် ။

Demon သူငယ်ချင်းတွေကိုမေးချင်သော်လည်း ပြောပြမှာမဟုတ်ဘူးဆိုတာသိတာကြောင့် သွားမေးလဲအပိုပင် ။

" hay kinsley နင့်ရုပ်ကြီးကဘာဖြစ်ပြန်ပြီလဲ ပျော်ပျော်နေစမ်းပါဟာ "

" ငါမပျော်နိုင်ဘူးဖြစ်နေတယ် Nina .. ဒီရက်ပိုင်း Demon ကို မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ .. ငါသူ့ကိုလွမ်းတယ် "

" Demon လို လူက တစ်နေရာတည်းမှာ ကြာကြာနေမယ့်လူစားမျိုးမှမဟုတ်တာ ဒီနေရာမှာပျင်းလာရင် နောက်တစ်နေရာကိုသွားမှာပဲ .. အဲ့လိုပဲ သူအခုရောက်နေတဲ့နေရာမှာ ပျင်းတဲ့အခါ ပြန်ရောက်လာမှာပဲ စိတ်ပူမနေနဲ့ စောင့်လိုက် "

Nina က kinsley ရဲ့ စိုးရိမ်စိတ်ကိုလျှော့ချပေးဖို့ ပြောနေပေမယ့် kinsley စိတ်ထဲမှာတော့ တစ်ခုခုဖြစ်တော့မယ်ဆိုတာသိနေတယ် ။

" မဟုတ်သေးဘူး Nina ငါ့စိတ်ထဲခုနေတယ် .. ပြီးတော့ Demon က တစ်နေရာမှာအကြာကြီး မနေတတ်တဲ့လူတစ်ယောက်ဆိုရင် ဒီလောက်ရက်တွေကြာပြီ ဘာလို့ခုထိပေါ်မလာသေးတာလဲ ငါတွေးလို့မရဘူး "

" သူ့မှာလဲ သူ့အကြောင်းနဲ့ သူရှိမှာပေါ့ ဟာ .. နင်အများကြီးတွေးနေရင် အများကြီးစိတ်ဆင်းရဲရလိမ့်မယ် .. ဒီလိုလုပ် နင်အဲ့လောက်တွေ့ချင်နေရင် ငါတို့ ဒီနေ့ သူ့ Club မှာ အခြေနေသွားထပ်ကြည့်ရအောင် ဘယ်လိုလဲ "

Nina စကားကို kinsley ခေါင်းတစ်ချက်ညိမ့်၍ထောက်ခံကာ ..

" သွားရအောင် .. Demon သာ တစ်ယောက်ယောက်နဲ့အတူတူရှိနေခဲ့မယ်ဆိုရင် အဲ့လူငါ့လက်ကပြေးမလွတ်စေရဘူး "

" အဲ့လိုပုံမှန်အတိုင်း တတ်တတ်ကြွကြွနဲ့ နေစမ်းပါ "

* ဒါလင် ရှင်ကျွန်မကို ဘယ်လောက်ထိ ပုန်းနေနိုင်မှာလဲ .. ကျွန်မရှင့်ကိုတွေ့အောင်ရှာမယ် .. ကျွန်မဆိုတဲ့မိန်းမက လွယ်လွယ်နဲ့ခွာချ​ပြစ်လို့ရမယ့်လူတစ်ယောက်မဟုတ်ဘူး *

___________________________________________________________

" ကိုယ်မင်းအတွက် နေ့လည်စာချက်ထားခဲ့တယ် စားဖြစ်အောင်စားလိုက်ဦးနော် "

" Okay "

အလုပ်သွားခါနီး ကားထဲမဝင်ခင် Demon အတွက် မှာ​တန်းခြွေနေမိတဲ့ နှိုင်း က သူ့အဖြစ်ကို သူ့ဘာသာစဉ်းစားကြည့်တော့ ယောက်ကျားအလုပ်သွားခါနီးမှာနေတဲ့အိမ်ထောင်သည်လိုပဲလို့တွေးမိကာ ဘာရယ်မဟုတ် ပြုံးလိုက်မိသည် ။

" ကိုကိုညနေရုံးဆင်းရင် ကျွန်တော်နဲ့အတူတူဆိုင်ကယ်လျှောက်ဆင်းရအောင် "

" ဒီညနေ ကိုယ်အစည်းဝေးတစ်ခုတတ်စရာရှိလို့ ရုံးဆင်းချိန်နောက်ကျမယ်ထင်တယ် .. "

" အဲ့လိုလား ... "

Demon ရဲ့ စိတ်ပျက်သွားတဲ့လေသံဖျော့ဖျော့ကြောင့် နှိုင်း ချက်ချင်းပင် ....

" မနက်ဖြန်ဆိုရင်ရော .. မနက်ဖြန် ကိုယ်မင်းကိုအချိန်ပေးမယ် အဲ့လိုဆိုအဆင်ပြေလား "

" အဆင်ပြေတယ် .. "

" ဟုတ်ပြီ အဲ့ဒါဆို ကိုယ်သွားတော့မယ် .. အိမ်မှာကောင်းကောင်းနေခဲ့ "

Demon ကို ပြောပြီး ကားထဲဝင်ဖို့ပြင်နေတဲ့ ကလေးလူကြီးလေးကိုအသည်းယားတာကြောင့် လက်မောင်းကိုလှမ်းဆွဲကာ ပါးကိုမွှေးကြူလိုက်သည် ။

" ကျွန်တော့်အချစ် တစ်နေ့တာလုံးအဆင်ပြေပါစေနော် "

" ဟင် .. အင်း ... ကိုယ် ကိုယ်သွားပြီ "

Demon ရဲ့ လျက်တဖျတ်အနမ်းကြောင့် နှိုင်း ရင်ခုန်သံကိုထိန်းသိမ်းကာ ဟန်မပျက်ပြောပြီး ကားမောင်းထွက်လာခဲ့သည် ။

Demon က ကိုကို့ ရဲ့ အရှက်သည်းနေတဲ့ပုံစံလေးကိုအရမ်းသဘောကျတယ် .. ကိုကို က လူပေါင်းစုံနဲ့စီးပွားရေး လူမှု့ရေးအရသွားလာနေပေမယ့် ထိုသူတို့မမြင်ဖူးတဲ့ ကိုကို့ရဲ့တဘက်ခြမ်း နဲ့ ကိုကိုရဲ့ရင်ခုန်သံဟာ Demon ကြောင့် ဖြစ်တည်ပေးတယ်ဆိုတဲ့အတွေးနဲ့တင် ကိုကို့ ကိုသေလောက်အောင်ချစ်ဖို့လုံလောက်သည် ။

နှိုင်း Company ကို သွားတာနဲ့ Demon အရင်ဆုံးလုပ်တာက နှိုင်း အခန်းထဲကမွေ့ယာကိုအပြင်ဘက်ဆီထုတ်တာပဲ ။

Demon က နှိုင်း နဲ့ခွဲအိပ်ဖို့နည်းနည်းလေးမှ အတွေးမရှိဘူး .. ဒါပေမယ့် အလုပ်များတဲ့ နှိုင်း ကို Demon အခန်းဆီလာမအိပ်စေချင်ဘူးမို့ Demon စဥ်းစားမိတာက သူ့အခန်းထဲက မွေ့ယာအကြီးကို နှိုင်း မွေ့ယာနဲ့လဲရန်ပင် ။

Demon လို အားသန်မာတဲ့ယောက်ကျားတစ်ယောက်က တခြားလူအကူညီမပါပဲ မွေ့ယာတစ်ချက်ကိုသူ့တစ်ယောက်တည်းအားနဲ့မ ၍ လဲတယ်ဆိုတာ တကယ်ကိုအံသြစရာ ။

Demon အိမ်မှာနေလဲ ပျင်းနေတာကြောင့် ညနေ မှာ Demon သည် သူ့လက်လွှဲထားတဲ့ Showroom ဘက်တွေဆီ တစ်ချက်သွားကြည့်ရန်ဆုံးဖြတ်လိုက်သည် ။

ခေါင်းလျှော်ပြီးစ ဆံပင်ကို ခါတိုင်းလိုပင် ခေါင်းခြောက်အောင်ဘယ်တော့မှမသုတ်ပဲ အားပါပါနဲ့တစ်ချက်ခါလိုက်ရေသီးတွေကြွေစေလိုက်တယ်... အခုလိုချိန်မှာ Demon ကိုကို့ ကိုတွေးမိလိုက်တယ် .. ကိုကိုသာရှိရင် Demon ဆံပင်ကိုသေချာပေါက်တယုတယသုတ်ပေးမှာလေ ကိုကို
က အဲ့လိုလူမျိုးပဲ ။

Demon ဟာ သူ့ကိုယ်သူ ဘယ်လောက်ပဲကြမ်းတမ်းစွာဖြစ်သလိုနေပါစေ .. ကိုကိုကတော့ Demon နဲ့ ပက်သတ်တဲ့အရာမှန်သမျှကောင်းမွန်စွာလုပ်ကိုင်ပေးတတ်သည် ။

နှိုင်း အကြောင်းတွေးလိုက်တာနဲ့ နှုတ်ခမ်းတွေက ပြုံး၍ရင်ထဲမှာနွေးထွေးမှု့နဲ့ပြည့်နက်သွားတယ် ။

အနက်ရောင်လည်ပိတ်ဆွယ်တာလက်ရှည်နှင့် ဂျင်းဘောင်းဘီဒူးပြဲအနက်နှင့် အပေါ်ကလည်သာကုတ်အကျီကိုဝတ်ဆင်ကာ နားတွင် သေးငယ်တဲ့စတီးကွင်းလေးတစ်ဖက်ရှိနေပြီး သူ့လက်ထဲမှာမူ လက်စွပ်စွပ်ထားသည် ။

ပါးသိုင်းမွှေးအနည်းငယ်ထွက်နေတာကိုမရိတ်သိမ်းထားတာကြောင့် ထိုပါးသိုင်းမွှေးတွေကြောင့် ပို၍ပင် ယောက်ကျားပီသပြီး ခန့်ငြားချောမောနေတော့သည် ။

Demon အိမ်တံခါးတွေကိုသေချာပိတ်၍ သူ့ဆိုင်ကယ်သော့ကိုထုတ်မောင်းကာ အပြင်ထွက်လာခဲ့သည် ။

အရင်ဆုံး Demon က သူရဲ့ Car Showroom ကို အရင်သွားကြည့်သည် ။ Demon ရဲ့ Car Showroom က ရောင်းအားကောင်းတဲ့နေရာတစ်ခုဖြစ်တာကြောင့် ဝယ်သူတွေအများအပြားရှိနေသည် ။

ခက်ထန်ပြီးတင်းမာတဲ့မျက်နှာထားနဲ့ Demon ကို လုံခြုံရေးတွေက ကြောက်ရွံ့ကြည့်နေကြပြီး ဘာတစ်ခုမှ စစ်ဆေးမှု့မပြုရဲပေ ။

Demon ရောက်လာတာနဲ့ လက်လွဲယူထားတဲ့ မန်နေဂျာချုပ်က Demon အနားလာပြီး ရိုသေစွာနှုတ်ဆက်လိုက်သည် ။

Demon က လူအများကြားထဲမှာထင်ပေါ်နေမှာမုန်းတယ် .. အဲ့လိုမျိုးတွေမကြိုက်တဲ့လူတစ်ယောက်ဆိုတာ မန်နေဂျာချုပ်ကအတွင်းသိလိုဖြစ်နေတာမို့ ဝယ်သူတစ်ယောက်ကိုနှုတ်ဆက်သလိုမျိုး သာမာန်လိုပင် နှုတ်ဆက်ခေါ်ပြောနေသည် ။

" အခုတလော အဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ Boss အဆင်ပြေပါတယ် .. ဘာပြသာနာမှမရှိပါဘူး "

" ကောင်းပြီ ... ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့ ... "

Showroom ထဲမှာ ရှိနေတဲ့ ကားတွေအပြင် ဝန်ဆောင်မှု့ပိုင်းကိုအကဲခတ်စစ်ဆေးကြည့်နေရင်း ကားတွေကိုလိုက်စစ်ဆေးနေတော့သည် ။

Demon ရဲ့ ပုံစံက တကယ်ပင်လမ်းသရဲစတိုင်မို့ တခြားကားဝယ်သူတွေက Demon ကို နှာခေါင်းရှုံ့၍တီးတိုးပြောဆိုနေကြသည် ။ Demon ကတော့ ထိုလူတွေကို အေးစက်တဲ့အကြည့်တစ်ချက်ပေးလိုက်တော့ အားလုံးအလျိုလျိုပြန်ထွက်သွားကြတော့သည် ။

* တကယ့်အမှိုက်တွေ *

Demon ဟာ ကားတွေကိုစစ်ဆေးနေတုန်း အသစ်ဝင်လာတဲ့ကားကိုအတွင်းပိုင်းစစ်ကြည့်ရန် ဝင်ဖို့ပြင်လိုက်စဥ်...

" နေဦး .. နေဦး .. "

နောက်ကလှမ်းအော်လိုက်တဲ့ ဝန်ထမ်းအသံကြောင့် Demon ရပ်သွားတော့သည် ။

" ဒီကားကို အဲ့လိုတတ်စီးကြည့်လို့မရဘူး .. ဆေးပွန်းသွားရင် ရှင်တာဝန်ယူမှာလား .. "

ထိုဝန်ထမ်းရဲ့မျက်နှာထိ မျက်နှာထားပုံစံကြောင့် Demon မျက်မှောင်ကျုံ့ကာ သူမကိုကြည့်ပြီး ။

" နင်ကဒီမှာ ဝန်ထမ်းအသစ်လား "

" ဟုတ်ပါတယ် .. "

" ကားဝယ်ပါတယ်ဆိုမှ အရင်မစစ်​ဆေးပဲ ဝယ်ရအောင် ဝယ်သူတွေကိုစောက်ရူးထင်နေတာလား .. စက်ပစ္စည်းချို့ယွင်းနေခဲ့ရင် နင်တာဝန်ယူမှာလား "

" ကျွန်မတို့ဆိုင်က ရှင်ပြောသလိုချို့ယွင်းနေတဲ့ ပစ္စည်းမျိုးရောင်းတာမဟုတ်လို့ စိတ်မပူပါနဲ့ .. တကယ်လို့ ရှင်မဝယ်နိုင်ဘူးဆိုရင် မြန်မြန်ထွက်သွားသင့်ပြီ .. ကျွန်မတို့အချိန်ကိုမဖြန်းပါနဲ့ "

" ဝယ်သူတစ်ယောက်ကို ဆက်ဆံတဲ့ပုံစံကကြမ်းကြမ်းလှချည်လား ဟမ်!  "

Demon ရဲ့ ဒေါသကြောင့် ထိုကောင်မလေးမျက်နှာပျက်ကာ လန့်သွားသည် ။ မန်နေဂျာချုပ်လဲ Demon အနားပြန်ရောက်လာပြီး ပြာပြာသလဲနဲ့ပင်...

" Boss ဘာ ဘာဖြစ်လို့လဲ "

" ဒီဝန်ထမ်းကို မင်းခန့်ထားတာလား "

ထိုအခါမှ ဝန်ထမ်းကောင်မလေား က Demon ကို သိသွားပြီး ခေါင်းငုံ့ကာ အထပ်ထပ်တောင်းပန်နေတော့သည် ။

Demon ကတော့ သူမပုံစံကိုစိတ်ပျက်စရာတစ်ခုလိုကြည့်ကာ သူမရင်ဘတ်က ဝန်ထမ်းရင်ထိုးနာမည်ကိုဆောင့်ဆွဲ​ဖြုတ်ကာ ... ။

" ဒီနေ့ကစပြီး ငါတို့နဲ့သက်ဆိုင်တဲ့အလုပ်တွေမှာ သူမနာမည်ကို block လိုက်တော့ .. ဟင်းကောင်းလောက်ပဲအနံ့ခံချင်တဲ့လူမျိုး ငါ့နေရာမှာရှိတာ ရွံ့ဖို့ကောင်းတယ် "

ထိုသို့ပြောပြီး Demon နာမည်ကတ်ကိုလွတ်ပြစ်ကာ လှည့်ထွက်လာခဲ့သည် ။

Demon က စစ်ဆေးစရာရှိတာ စစ်ဆေးပြီးတဲ့အထိ တနေရာမှာရပ်ထားတဲ့ အနက်ရောင် ကားနှစ်စီးကတော့ ထွက်မသွားသေး ။ Demon ဟာ ထိုကားနှစ်စီးကိုမနှစ်မြို့စွာ အေးစက်စက်နဲ့စိုက်ကြည့်နေလိုက်သည် ။

* အဟက် အေးအေးဆေးဆေးနေတာကြာလို့ Mr'Weston က ပျင်းနေပြီထင်တယ် .. ရွေးကောက်ပွဲလေး ပွဲဆူအောင် အကောင်ကြီးကြီးတစ်ကောင်နဲ့ကစားလိုက်ရမလား *

Demon ခါတိုင်းလိုအခြေနေနဲ့ဆိုရင် စိတ်သွားတိုင်း ကိုယ်ပါ ဝုန်း ဒိုင်းကျဲပြစ်လိုက်ချင်ပေမယ့် အခုတော့ နှိုင်း နဲ့ အေးချမ်းတဲ့နေ့ရက်တွေ ဖြတ်သန်းချင်တာမို့ အတတ်နိုင်ဆုံး ဒါတွေကိုဘေးကပ်ထားချင်သည် ။

* မင်းတို့နဲ့ နည်းနည်းကစားကြည့်တာပေါ့ *

ထို့ကြောင့် Demon သည် ဆိုင်ကယ်ကိုအရှိန်ကုန်မောင်း၍ ထိုလူတွေကိုမျက်ခြေဖြတ်ရန်ကြိုးစားတော့သည် ။

Demon ရဲ့ မြန်ဆန်လွန်းတဲ့ဆိုင်ကယ်အရှိန်ကြောင့် နောက်ကကားနှစ်စီးက ထပ်ကျပ်မကွာလိုက်နေရပေမယ့် .. အဆုံးမှာ Demon ကို မျက်​ချေပြတ်သွားရသည် ။

" တောက် ! ဒီကောင်ဘာလို့ ဒီလောက်တောင်လျှင်တာလဲ .. ခဏလေးအတွင်း ငါတို့ကိုမျက်ခြေ​ဖြတ်နိုင်တယ် .. "

နောက်ယောင်ခံလိုက်တဲ့ ကားနှစ်စီးထဲကလူတွေဟာ Demon ရဲ့လျင်မြန်မှု့ကိုမျက်လုံးပြူး၍ စိတ်ပျက်လက်ပြတ်နဲ့ ကျန်နေခဲ့ရတော့သည် ။

ကျန်ခဲ့တဲ့ကားနှစ်စီးရဲ့အဝေးတစ်နေရာကနေ Demon လှမ်းကြည့်ရင်း အေးစက်စက်ပြုံးကာ ။

* မင်းတို့လိုကောင်တွေက ငါ့ကိုခြေရာခံချင်သေးတယ် .. မင်းတို့အသက်မသေတာပဲ ကျေးဇူးတင်လိုက် .. *

Demon ဟာ ထိုလူတွေကိုအရင်ကလိုမျိုး သတ်ပစ်ချစ်စိတ်ကိုမနည်းထိန်းထားရတယ် .. ဒီတစ်ကြိမ်မှာ သူ့စိတ်အလိုတိုင်းသာ ဒီလူတွေကိုရှင်းပြစ်လိုက်ရင် သူ့အဖေကသတိထားမိသွားပြီး တောက်လျှောက်လိုက်ပြီး စောင့်ကြည့်ခံရတော့မှာ .. Demon အတွက် အဲ့လိုစောင့်ကြည့်ခံရတာဟာ ကိစ္စမရှိပေမယ့် ကိုကို နဲ့ နေတဲ့အချိန်မှာ Demon အတတ်နိုင်ဆုံးစိတ်ကိုချုပ်ထိန်းရမည် ။

Demon အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး သူ့ဘဝရဲ့အမုန်းဆုံးလူကိုခေါ်လိုက်သည် ။

" Hello "

" ခင်ဗျား ကျွန်တော့်နောက်ကိုခွေးတွေလွတ်ထားတာပျော်စရာကောင်းလား Mr'Weston "

" မင်းရိုင်းလှချည်လား .. "

" Sorry ပဲ ကျုပ်ကဆုံးမ မယ့်သူမရှိလို့ ဒီလိုပဲ ရိုင်းစိုင်းတယ် .. ခင်ဗျားလူတွေကိုမထိုခိုက်စေချင်ရင် ကျုပ်နောက်ကိုထပ်မလိုက်ခိုင်းနဲ့ မဟုတ်ရင် ကျုပ် ခင်ဗျားမျက်နှာထောက်နေမှာမဟုတ်ဘူး .. "

" မင်းလုပ်ရဲလား .. ! ငါမွေးလို့လူဖြစ်လာတဲ့ကောင်က ငါ့ကိုခြိန်းခြောက်နေတယ်ပေါ့လေ "

" ခင်ဗျားမွေးလို့ လူဖြစ်လာလို့ ကျုပ်ကိုယ့်ကိုကိုယ်ပိုပြီးမုန်းတီးတာ .. "

" ကျေးဇူးကန်းတဲ့ကောင် မင်းလိုကောင်မျိုးက မမွေးလာသင့်တဲ့ကောင်မျိုး ... ငါ့အမိန့်တစ်ချက်ပေးလိုက်တာနဲ့ မင်းဘာဖြစ်သွားမယ်ထင်လဲ ဟမ်!"

Demon သူ့အဖေရဲ့ ရက်စက်တဲ့စကားကြောင့် ရင်ထဲမှာနာကျင်သွားရပေမယ့် အံကိုတင်းတင်းကြိတ်ကာ ...

" ခင်ဗျားအမိန့်တွေ ကျုပ်စိတ်မဝင်စားဘူး ကျုပ်နောက်ကိုသာ နောက်ထပ်ခွေးတွေထပ်မလွတ်နဲ့ ကျုပ်သည်းမခံနိုင်တဲ့တနေ့ အကုန်ရိုက်သတ်ပြစ်မိလိမ့်မယ် "

" ဘာကွ !! မင်း ...... !"

တီ ..

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ Demon ကြောင့် Mr'Weston ဒေါသတွေပေါက်ကွဲကာ သွေးတတ်နေရသည် ။

သို့သော် Demon ဟာ သူနဲ့ပက်သတ်ပြီး သူ့လူတွေကိုထိခိုက်အောင်လုပ်ဖို့အတွက် လက်တွန့်နေမယ့်သူတစ်ယောက်မဟုတ်တာမို့ San ကို ချက်ချင်းဆက်သွယ်ကာ သူ့လူတွေကို ပြန်ခေါ်လိုက်ရသည် ။

* သောက်အသုံးမကျတဲ့သားမိုက် *

Demon ဟာ သူ့အဖေကြောင့်ဒေါသတွေပေါက်ကွဲကာ လမ်းဘေးတစ်နေရာအုပ်ခုံကိုလက်သီးနဲ့တစ်ချက်ထိုးချလိုက်သည် ။ Demon လက်သီးကြောင့်သာ အုပ်ခုံအက်ကွဲသွားပေမယ့် လက်ကတော့ အကောင်းတိုင်းရှိနေမြဲ ။

" တောက် !! "

နောက်ယောင်ခံလိုက်တဲ့ကားနှစ်စီးလုံး ကို ပြန်ခေါ်လိုက်တာကြောင့်ထင်တယ် ချက်ချင်းပြန်လှည့်သွားကြသည် ။

Demon ဟာ သူ့အဖေနဲ့ပက်သတ်ရင်နာကျဥ်းချက်များတဲ့လူတစ်ယောက်မို့ သူ့အဖေပြောတဲ့ စကားတွေဟာ သူ့အတွက်တော့ မုန်းတီးစိတ်တွေပိုများလာပြီး ဒေါသမထိန်းနိုင်တာတွေပဲ ဖြစ်လာရသည် ။

စိတ်ထွက်ပေါက်အနေနဲ့ ဆိုက်ကယ်ကိုအရှိန်ကုန်တင်၍တိတ်ဆိတ်တဲ့တနေရာမှာရပ်၍ ဆေးလိပ်သောက်ကာ အတွေးတွေလွန်နေတော့သည် ။

* ကျွန်တော်က အစကတည်းက မမွေးဖွားလာသင့်တဲ့လူတစ်ယောက်လား မေမေ *

နာကျင်တယ် .. ခန္ဒာကိုယ်အစိတ်အပိုင်းတွေအကုန်ဓားနဲ့အထိုးခံလိုက်ရတဲ့အတိုင်းပဲ နာကျင်တယ် .. ။

Demon စိတ်ညစ်ညစ်နဲ့ ဒီညမူးကွဲနေအောင်သောက်ပြစ်ချင်တာပဲသိတယ် .. အဲ့တာကြောင့် Demon က သူ့သူငယ်ချင်းတွေဆီဖုန်းခေါ်ပြီး သူ့ကို Club မှာ စောင့်နေစေပြီး ... Club ကို ဦးတည်ပြီးမောင်းသွားလိုက်သည် ။

* ဒီနေ့တစ်ရက်တော့ ကျွန်တော်လူမှန်းသူမှန်းမသိတဲ့အထိမူးပါရစေကိုကို *
______________________________________________________

ရှင်လေးတို့ Demon ကြီးပြန်လာပါပြီရှင်😍

#VOTE - Cm ပေးခဲ့ရမယ်နော်😘
#September - 22 - 2020
#Moewathan.... 💜

______________________________________________________

Zawgyi....

ရွိုင္းထက္ေအာင္တစ္ေယာက္ သူ႐ုံးခန္းထဲမွာထိုင္ရင္ တစ္စုံတစ္ခုကိုအသည္းသန္စဥ္းစားေနတယ္ ။ သူ႕အတြက္ ဒီရက္ေတြမွာ ႏွိုင္းသုတ အနားကေနပို၍ေဝးကြာသြားသလိုခံစားေနရတယ္ ဒါေၾကာင့္ သူသာတစ္ခုခုမလုပ္ဘူးဆိုရင္ ႏွိုင္းသုတ ကိုတျခားတစ္ေယာက္ဆီသူထိုးေပးလိုက္ရမယ္လို႔စိတ္ထဲမွာထင္ေနတယ္ ။

ရွိုင္းထက္ေအာင္က ႏွိုင္းသုတ ေက်ာင္းေျပာင္းေက်ာင္းသားအသစ္အေနနဲ႕ သူ႕ေက်ာင္းကို ေျပာင္းလာတဲ့အခ်ိန္တည္းက အရိပ္တၾကည့္ၾကည့္နဲ႕တိတ္တခိုးခ်စ္လာခဲ့တာ ... မထင္မွတ္တဲ့အခ်ိန္မွာ ႏွိုင္းသုတ ဟာ သူ႕ေဘးနားမွာထိုင္ေနတဲ့ ရွိုင္းထက္ေအာင္ ကို ပထမဦးဆုံးသူငယ္ခ်င္းဖြဲ႕ခဲ့တာမို႔ အရမ္းေပ်ာ္သြားခဲ့တယ္ .. ။

ဒီလိုနဲ႕သူငယ္ခ်င္းေလးေယာက္ေပါင္းမိတဲ့အခ်ိန္မွာ ရွိုင္းထက္ေအာင္ ဟာ ႏွိုင္းသုတ ရဲ႕ စိတ္ေနစိတ္ထားနဲ႕ အမႈအက်င့္ေလးေတြကိုပို၍သေဘာက်ႏွစ္သက္ခဲ့တယ္ ။

ႏွိုင္းသုတ ရဲ႕ ေနာက္ခံဟာ ဘယ္လိုမိသားစုလဲဆိုတာ ေဖာ္ျပမထားေပမယ့္ ႏွိုင္းသုတ ဟာ အေနေအးၿပီးစာေတာ္တဲ့လူတစ္ေယာက္မို႔ လြပ္လပ္စြာအပူပင္ကင္း၍ လူငယ္တစ္ေယာက္လိုေပ်ာ္႐ြင္ေနၿမဲပဲ ။

တဖက္သတ္ခ်စ္ရသူရဲ႕နီးကပ္တဲ့သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ေနလိုက္ရတဲ့အခ်ိန္ဟာ ေကာင္းမြန္တယ္ဆိုေပမယ့္ ဖြင့္ေျပာဖို႔အတြက္ေတာ့ သူငယ္ခ်င္းဆိုတဲ့စည္းျခားသြားခဲ့တယ္ ။ ဒါေပမယ့္ ရွိုင္းထက္ေအာင္ က စိတ္မညစ္ခဲ့ဘူး သူ႕မွာအခ်ိန္ရွိသမွ် ႏွိုင္းသုတ အနားမွာေနၿပီး တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ဖြင့္ေျပာဖို႔ စဥ္းစားထားတယ္ ။

သို႔ေသာ္လည္း ရွိုင္းထက္ေအာင္ ကိုယ္တိုင္က လြတ္လပ္တဲ့လူငယ္တစ္ေယာက္မို႔ အေပ်ာ္အပါးအေနနဲ႕ Sex ကိုလက္ခံခုံမင္ခ်င္လာသလို ေကာင္မေလးေတြထည္လဲတြဲတဲ့ေနရာမွာဆရာတစ္ဆူျဖစ္လာတယ္ ။

ရွိုင္းထက္ေအာင္ အဲ့လိုတြဲေနတဲ့အခ်ိန္မွာ ႏွိုင္းသုတ ဟာ ဘယ္ေတာ့မွ စိတ္ပ်က္သြားျခင္းမရွိခဲ့ပဲ လူငယ္တစ္ေယာက္မို႔ဆိုတဲ့အခ်က္နဲ႕ ရွိုင္းထက္ေအာင္ ကို နားလည္ေပးခဲ့တာမို႔ ဆက္တြဲေနခဲ့ၿမဲ ....။

ေက်ာင္းမွာဆိုရင္ ႏွိုင္းသုတ က ေက်ာ္ၾကားတဲ့ King တစ္ေယာက္ျဖစ္တာေၾကာင့္ေရာ အႏုပညာအတန္းေက်ာင္းသားတစ္ေယာက္ျဖစ္တာေၾကာင့္ေရာ မိန္းကေလးေတြနဲ႕ ေယာက္က်ားေလးေတြၾကားမွာ ေရပန္းစားတယ္ .. ။

သို႔ေသာ္ ရွိုင္းထက္ေအာင္ က သူသာလွ်င္ေပြရႈတ္ေပမယ့္ ႏွိုင္းသုတ ကို လာေၾကာင္တဲ့မိန္းကေလး ေယာက္က်ားေလးအားလုံးကို ရွင္းထုတ္ျပစ္ခဲ့တယ္ ။  ႏွိုင္းသုတ အျမင္မွာ သူ႕သူငယ္ခ်င္းကသူ႕ကိုကာကြယ္ေပးတယ္ဆိုေပမယ့္ တကယ္တမ့းေတာ့ ရွိုင္းထက္ေအာင္ က သူ႕အတြက္ကိုသူ ကာကြယ္ခဲ့တာ ။

အဲ့လိုေန႕ရက္ နဲ႕ ႏွစ္ေတြအၾကာႀကီး ၿမိဳသိပ္ၿပီးခ်စ္ခဲ့တဲ့ ႏွိုင္းေလး ကို သူဘယ္လိုမ်ား တျခားအေကာင္လက္ထဲထည့္နိုင္မွာလဲ ဒါဘယ္လိုမွမျဖစ္နိုင္ဘူး ။

ေဒါက္ ေဒါက္ ... !

ရွိုင္းထက္ေအာင္ အေတြးမ်ားေနစဥ္ တံခါးေခါက္သံေၾကာင့္ အေတြးစျပတ္သြားေတာ့တယ္ ။

" ဝင္ခဲ့ .. "

ဖိုင္တြဲတစ္ခ်ိဳ႕ကိုကိုင္ကာ အထဲဝင္လာသူက ရွိုင္းထက္ေအာင္ လူယုံတစ္ျဖစ္လဲအတြင္းေရးမူး ။

" Boss ရွာခိုင္းထားတဲ့ Demon ဆိုတဲ့ လူရဲ႕အေၾကာင္းပါ .. "

ရွိုင္းထက္ေအာင္ မွာ Demon အသံၾကားတာနဲ႕ခ်က္ခ်င္းဖိုင္တြဲကိုဖြင့္ၾကည့္လိုက္သည္ ။

ဖိုင္ထဲမွာပါတဲ့အေၾကာင္းအရာက မ်ားမ်ားစားစားမရွိ Demon အသက္ ေနထိုင္မႈ႕ပုံစံနဲ႕ေက်ာ္ၾကားမႈ႕ ထို႔ေနာက္ သူပိုင္ဆိုင္တဲ့ Club ဒါ့အျပင္မပို ။

" ဒီေကာင့္အေၾကာင္း ဒါအကုန္ပဲလား .. သူ႕ေနရပ္လိပ္စာ နဲ႕ မိသားစုအေၾကာင္းကေရာ "

" Boss ကြၽန္ေတာ္တို႔ထပ္ၿပီးစုံစမ္းခဲ့ၿပီးပါၿပီး ဒါ့ထက္ပိုမရွိေတာ့ပါဘူး .. သူကမ်ားေသာအားျဖင့္ Club နဲ႕ သူတို႔ေနရာကလြဲၿပီး တျခားသြားလာတာမ်ိဳးလဲ မရွိပါဘူး "

* အဟက္ ပိုင္ဆိုင္မႈ႕က အဲ့ Club ပဲလား .. မင္းလိုေကာင္က လမ္းေဘးကလူမိုက္သာသာပဲ ငါ့ကိုယွဥ္ခ်င္ေသးတယ္ေပါ့ *

ရွိုင္းထက္ေအာင္ က Demon ရဲ႕ အတြင္းေရးဖိုင္ကိုယူကာ ေလွာင္ၿပဳံးၿပဳံးကာ တစ္ခုခုကိုႀကံစည္ေနေတာ့သည္ ။

_______________________________________________________

႐ုံးကေနအိမ္ျပန္ေရာက္လို႔ ညစာစားၿပီးတည္းက ႏွိုင္း အခန္းထဲကိုဝင္လာၿပီး က်နစြာေနရာယူထားတဲ့ Demon ေၾကာင့္ ႏွိုင္းသုတတစ္ေယာက္ ဘာလိုေျပာလို႔ေျပာရမွန္းမသိျဖစ္ေနသည္ ။

တစ္ရက္တစ္ရက္နဲ႕ ဒီေကာင္ေလး ႏွိုင္း အခန္းထဲမွာအိပ္တာဟာ စေရာက္တဲ့ေန႕ကတည္းက ခုခ်ိန္ထိပဲ .. အခုလဲၾကည့္ သူ႕အခန္းမွာ ညအိတ္ဝတ္စုံလဲၿပီးတာနဲ႕ ႏွိုင္း ကုတင္ေပၚေရာက္ေနျပန္ၿပီ ။

အခုလက္ရွိ ႏွိုင္း တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ အမည္တပ္စရာ မရွိေသးေသာ္လည္း မထင္ရင္မထင္သလိုထိေတြ႕နမ္းတတ္တဲ့ဒီေကာင္ေလးေၾကာင့္ တစ္ခါတေလႏွိုင္း အေတာ္မ်က္ႏွာပူရသည္ ။

ျငင္းဆန္ဖို႔အတြက္ အခြင့္ေရးေတြအမ်ားႀကီးရွိေသာ္ျငားလည္း ႏွိုင္း ကိုယ္တိုင္က ဒီေကာင္ေလးအေပၚခြင့္လြတ္ေပးနိုင္တဲ့စိတ္သေဘာထားရွိေနတာဟာ ႏွိုင္း ရဲ႕ တာဝန္ယူခ်င္စိတ္ေၾကာင့္လား ဒါမွမဟုတ္ .. ဟူးးးးး ။

ေသခ်ာတာတစ္ခုကေတာ့ ဒီေကာင္ေလးက ငယ္ေသးတဲ့အတြက္ ႏွိုင္း တို႔ဆင္ျခင္ရမယ္မလား ။ သူကငယ္လို႔စိတ္ကစားနိုင္ေပမယ့္ ႏွိုင္း ကေတာ့ ကိုယ့္ခံစားခ်က္ကို ေကာင္းေကာင္းနားလည္ေနၿပီျဖစ္တဲ့လူတစ္ေယာက္ေလ ။

ႏွိုင္း ေဘးမွာရွိေနတဲ့ ေကာင္ေလးကိုၾကည့္ကာ ..

" Christo.. "

" ဟုတ္ ကိုကို "

ႏွိုင္း ေခၚလိုက္ေတာ့ ကုတင္ေပၚမွာ ဂိမ္းကစားရင္းထူးသည္ ။

" ဒီေန႕ေရာ မင္းအခန္းဆီျပန္မအိပ္ဘူးလား "

ႏွိုင္း ေမးလိုက္ေတာ့ ေဆာ့လက္စဂိမ္းကိုရပ္တန႔္ကာ Demon က ႏွိုင္း ကိုၾကည့္လာသည္ ။

" ဘာလို႔လဲ .. ကိုကို ကြၽန္ေတာ္နဲ႕အိပ္တာအဆင္မေျပလို႔လား "

" အဲ့လိုမဟုတ္ပါဘူး ကိုယ့္အိပ္ရာကက်ဥ္းတယ္ေလ ၾကာရင္ မင္းအဆင္မေျပေလာက္ဘူး ဟိုဘက္အခန္းမွာက .. "

" ကြၽန္ေတာ္ဆိုဖာမွာအိပ္ေပးမယ္ေလ "

ႏွိုင္း စကားပင္မဆုံးေသး မ်က္ႏွာငယ္ေလးနဲ႕ျဖတ္ေျပာလိုက္တဲ့ Demon ေၾကာင့္ ႏွိုင္း ခ်က္ခ်င္းျပာယာခပ္သြားေတာ့သည္ ။

" ဟာ မဟုတ္တာ ကိုယ္ကအဲ့သေဘာေျပာတာမဟုတ္ပါဘူး .. ကိုယ့္အိပ္ရာကလူႏွစ္ေယာက္အတြက္ဆိုက်ဥ္းတယ္ေလ ကိုယ္ကအဆင္ေျပေပမယ့္ၾကာရင္ မင္းအတြက္အဆင္မေျပျဖစ္မွာစိုးလို႔ပါ .. "

တကယ္လဲ ႏွိုင္း အိပ္ရာေလးက ၂ ေယာက္စာအတြက္ဆိုက်ဥ္းပါတယ္ ။ အိပ္တတ္တဲ့ ႏွိုင္း က ကိစၥမရွိေပမယ့္ သူေရာ လြတ္လြတ္လပ္လပ္မအိပ္ခ်င္ဘူးလား ။

" ကြၽန္ေတာ္အတြက္အဆင္ေျပတယ္ ဘာျပသာနာမွမရွိဘူး .. ဒါေပမယ့္ ကိုကို႔အတြက္အဆင္မေျပဘူးဆိုရင္ေတာ့ ကြၽန္ေတာ္ဆိုဖာမွာအိပ္ေပးပါ့မယ္ "

Demon ရင္ထဲမွာ ႏွိုင္း က အခလိုေျပာလိုက္တာကိုစိတ္မေကာင္းျဖစ္သြားေပမယ့္ အတတ္နိုင္ဆုံးထိန္းထားသည္ ။

" မင္းအခန္းမွာသြားမအိပ္ခ်င္ဘူးလား "

"ကြၽန္ေတာ္အိပ္မေပ်ာ္ဘူး ကိုကို .. ကြၽန္ေတာ္ ကိုကို႔အနားကလြဲရင္တျခားမွာအိပ္လို႔မရဘူး "

* အာ ဟုတ္သားပဲ ေမ့ေနလိုက္တာ .. *

ႏွိုင္း ဟာ Demon ရဲ႕အေျခေနကိုခ်က္ခ်င္းသတိရလိုက္တာေၾကာင့္ ေျပာမိလိုက္တဲ့သူ႕စကားအတြက္ခ်က္ခ်င္းေနာင္တရသြားေတာ့သည္ ။

* ေမ့တတ္လိုက္တာကြာ ..*

အေတြးလြန္ေနတဲ့ ႏွိုင္း ပုံစံကိုၾကည့္ကာ Demon ထင္တာက သူနဲ႕ရွိေနလို႔ ႏွိုင္း အေနက်ပ္ေနတယ္လို႔ထင္သြားသည္ ။

ႏွိုင္း သာ အေနက်ပ္ေနခဲ့မယ္ဆို သူမအိပ္ရလဲကိစၥမရွိ ႏွိုင္း အဆင္ေျပဖို႔လိုအပ္တယ္မဟုတ္လား ။

" ကြၽန္ေတာ္ အခန္းျပန္အိပ္လိုက္မယ္ .. ကိုကိုနားခ်င္နားေတာ့ေလ "

ထိုသို႔ေျပာၿပီး Demon က သူ႕ဖုန္းကိုယူကာ ကုတင္ေပၚကဆင္းမယ္လုပ္မွ ႏွိုင္း သတိဝင္လာသည္ ။ ႏွိုင္း က ခ်က္ခ်င္းပင္ Demon လက္ကိုလွမ္းဆြဲ၍ ။

" ရတယ္ ဒီမွာပဲအိပ္လိုက္ ကိုယ္ေျပာတာစိတ္ထဲမထားနဲ႕ .. မင္းအဆင္ေျပရင္ရၿပီ "

" ကြၽန္ေတာ္အဆင္ေျပပါတယ္ကိုကို .. ကြၽန္ေတာ့္အခန္းထဲပဲျပန္အိပ္လိုက္မယ္ .. "

" ဘာလို႔လဲ ကိုယ္ေျပာလိုက္လို႔စိတ္ဆိုးသြားတာလား .. ကိုယ္ေျပာတာက "

* စိတ္မေကာင္းျဖစ္မိတာပါ *

ႏွိုင္း ေျပာတဲ့စကားကိုျဖတ္ေျပာျပန္သည္။

" ကြၽန္ေတာ္ကိုကို႔ ကို စိတ္မဆိုးပါဘူး .. အဲ့ဒါေၾကာင့္ေလွ်ာက္မေတြးနဲ႕ေတာ့ Goodnight ကိုကို .. "

ႏွိုင္း ပါးေလးကိုလက္မနဲ႕ဖြဖြပြတ္ကာ ၿပဳံး၍ပင္အခန္းထဲကထြက္သြားတဲ့ Demon ေၾကာင့္ ႏွိုင္း ေျပာမိလိုက္တဲ့ ကိုယ့္ကိုကိုယ္အျပစ္တင္ေနမိေတာ့သည္ ။

* က်စ္ ဘာလို႔သြားေျပာမိလိုက္တာလဲကြာ .. စိတ္ဆိုးသြားတာလားမသိဘူး .. ဒါေပမယ့္ သူစိတ္မဆိုးဘူးေျပာတာပဲ .. ႏွိုင္း ေရ မင္းက တကယ္ငတုံးပဲ *

ကိုယ့္ကိုကိုယ္အျပစ္တင္ကာ အခန္းထဲမွာတစ္ေယာက္တည္းေရ႐ြတ္ေနေတာ့သည္ ။

တဖက္အခန္းထဲမွာ စိတ္ပ်က္လက္ပ်က္ျပစ္လွဲခ်လိဳက္တဲ့ Demon မွာ ဒီညတာကိုဘယ္လိုေက်ာ္ျဖတ္ရမလဲေတြးေနေတာ့သည္ ။

ကိုကို က သူနဲ႕အရမ္းႀကီးမရင္းႏွီးေသးတာေၾကာင့္ တစ္ခါတေလ ကိုကို အေနက်ပ္ေနတာမ်ိဳးရွိေနမွာ Demon သိတာေၾကာင့္ သူ ကိုကို႔ ကိုအတင္းဖိအားမေပးခ်င္ဘူး ...။

Demon လိုလူက ၾကမ္းတမ္းတယ္ လိုခ်င္တာကိုရေအာင္ယူတယ္ဆိုေပမယ့္ ထိုထဲမွာ ႏူးညံ့တဲ့ကိုကို မပါဘူး .. ကိုကို က ဘယ္အရာမဆိုအေကာင္းဘက္ကၾကည့္တဲ့လူတစ္ေယာက္မို႔ Demon သာ ဆက္ေျပာေနရင္ သူအေနက်ပ္ေနရင္ေတာင္ လက္ခံမွာ .. အဲ့တာေၾကာင့္ ကိုကို႔ ဆႏၵမပါပဲနဲ႕ေတာ့ Demonတြန္းအားမေပးခ်င္ဘူး ။

" ခ်ီးပဲ ..  ဒီညေတာ့ ကိုကို႔ရဲ႕ကိုယ္သင္းနံ႕ေလးကိုလြမ္းေနရေတာ့မွာပဲကြာ "

ဘာမွလုပ္စရာမရွိတဲ့အဆုံး Demon  ျပတင္းေပါက္ေဘာင္မွာထိုင္ၿပီး ေဆးလိပ္ထိုင္ေသာက္ရင္း ႏွိုင္း ရဲ႕ ခ်စ္စရာေကာင္းတဲ့အျပဳမႈေလးေတြကိုျပန္ေတြးကာ ဇိမ္ခံေနလိုက္သည္ ။

ကိုကို႔ ကိုရင္ခြင္ထဲထည့္မထားရတဲ့ဒီညဟာ Demon ဘယ္လိုမွ အိပ္မေပ်ာ္ဘူးဆိုတာ ကိုယ္တိုင္သာအသိဆုံးမဟုတ္လား ။

Demon က မိုးေပၚကလုံးဝန္းၿပီးျပည့္ေနတဲ့ လမင္းႀကီးကိုၾကည့္၍ၿပဳံးကာပင္ တိုးတိုးေလးေျပာလိုက္သည္ ။

" ကြၽန္ေတာ္ပါတဲ့ အိမ္မက္လွလွမက္ပါေစ ကိုကို .."

Demon အတြက္ စစ္မွန္တဲ့ ဆုေတာင္းဆိုေသာ္လည္း လက္ေတြ႕မွာ သူ႕ဆုေတာင္းမျပည့္တာကိုေတာ့ Demon မသိပါ ။

Demon သူ႕အခန္းဆီျပန္သြားထဲက ႏွိုင္း ကို စိတ္ဆိုးသြားတယ္လို႔ထင္ေနတာေၾကာင့္ ႏွိုင္း စိတ္ထဲမေကာင္းျဖစ္ေနသည္ ။

ႏွိုင္း အိပ္ေပ်ာ္ေအာင္ႀကိဳးစားၿပီးအိပ္ေနေပမယ့္လဲ စိတ္ထဲမွာ Demon ကို စိတ္ပူေန၍လား ကိုယ္တိုင္ကပဲ Demon ရင္ခြင္မရွိလို႔အိပ္မေပ်ာ္တာပဲလား မသိ ညအေတာ္နက္တဲ့အထိအိပ္လို႔မေပ်ာ္ျဖစ္ေနေတာ့သည္ ။

ပုံမွန္ဆို ဒီအခ်ိန္မွာ ႏွိုင္း က Demon ရင္ခြင္ထဲမွာ ႏွစ္ေယာက္သားအိပ္ေပ်ာ္ေနၿပီျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ အိပ္ရာထက္လူးလိမ့္ေနယုံသာတတ္နိုင္သည္ ။

*Christo ငါ့ကိုစိတ္ဆိုးသြားတာေသခ်ာပါတယ္ ငါဘယ္လိုလုပ္ရမလဲ .. သြားေခ်ာ့လိုက္ရမလား*

* သူစိတ္မဆိုးဘူးဆိုရင္ ငါအိပ္ခိုင္းတာဘာလို႔မအိပ္ေတာ့တာလဲ .. ေသခ်ာပါတယ္ ဒီေကာင္ေလးစိတ္ဆိုးသြားတာပဲကို .. ဒါမွမဟုတ္ စိတ္မေကာင္းျဖစ္သြားတာလား *

* သူက ငါ့ဆီလာမအိပ္ေတာ့ဘူးဆိုေတာ့ ငါကဘယ္လိုေခ်ာ့ရမွာလဲ မနက္က်မွေခ်ာ့လိုက္ရင္ ထူးဆန္းေနမလား .. အားး ႐ူးခ်င္တာပဲ အေစာႀကီးတည္းက ဘာလို႔သြားေျပာလိုက္တာလဲကြာ .. အလကားေနရင္ ကေလးကစိတ္မေကာင္းျဖစ္သြားၿပီ *

အေတြးေတြနဲ႕ ရႈတ္ေထြးကာ ဘာလုပ္ရမွန္းမသိျဖစ္ေနေတာ့သည္ ။
ေနာက္ဆုံးတစ္ခုအေနနဲ႕ ႏွိုင္း သက္ျပင္းခ်၍ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္ ။

Demon ေဆးလိပ္ေသာက္ေနေပမယ့္လဲ အမ်ားႀကီးလဲမေသာက္ရဲ ။ ေဆးလိပ္ကအနံ႕မစြဲေပမယ့္ ကိုကို႔လိုေဆးလိပ္မေသာက္တဲ့သူအဖို႔ ေဆးလိပ္နံ႕ကထြက္ေနမွာပဲမို႔ ေတာ္ယုံပဲေသာက္ကာ နားက်ပ္ထိုးၿပီးမ်က္လုံးမွိတ္ရင္း သီခ်င္းနားေထာင္ေနလိုက္သည္။

ႏွိုင္း Demon အခန္းေရွ႕ေရာက္ေနေပမယ့္အထဲဝင္သြားဖို႔မဝင့္မရဲျဖစ္ေနသည္ ။

ကြၽီ ...

ေလာ့မခ်ထားတဲ့အခန္းဖို႔ ဖြင့္လိုက္ယုံနဲ႕ပြင့္သည္။

" Christo အိပ္ေနၿပီလား "

ႏွိုင္း ရဲ႕ မရဲတရဲေခၚသံေလးနဲ႕အတူ ေျဖးေျဖးခ်င္းေလွ်ာက္လာေပမယ့္ တကယ္လို႔သာ Demon အိပ္ေပ်ာ္ေနၿပီဆိုရင္ ႏွိုင္း ဒီတိုင္းေလးပဲလွည့္ျပန္ဖို႔ေတြးထားတယ္ ။

သို႔ေသာ္ ႏွိုင္း ေတြ႕လိုက္ရတာက Demon ဟာ ျပတင္းေပါက္ေဘာင္ေပၚမွာထိုင္ၿပီးမ်က္စိမွိတ္ကာ သီခ်င္းနားေထာင္ေနတာမို႔ ႏွိုင္း ေရာက္ေနသည္ကိုပင္မသိ ။

ႏွိုင္း က Demon ကို လွန႔္သလိုျဖစ္မွာစိုးတာ​ေၾကာင့္ အနားကိုေျဖးေျဖးေလးသြားရပ္လိုက္သည္ ။

Demon သည္ သူ႕အနားကိုတစ္ေယာက္ေယာက္လာတယ္ဆိုတာသိတာေၾကာင့္ ၾကည့္လိုက္ေတာ့ သူသိပ္ခ်စ္ရတဲ့ကေလးလူႀကီးေလး ။

" ကိုကို .. "

လက္ႏွစ္ဖက္ကိုယွက္ယက္ဆုတ္ကိုင္ကာ မရဲတရဲေလးျဖစ္ေနတဲ့ ကိုကို က အစိမ္းႏုေရာင္ေကာ္လန္ပါပိုးသားညအိတ္ဝတ္စုံနဲ႕ မီးအလင္းမွိန္မွိန္ေလးထဲမွာေတာင္ ျဖဴေဖြးတဲ့အသားေရာင္နဲ႕လိုက္ဖက္ညီစြာ လွပၿပီးအသည္းယားဖို႔လဲေကာင္းသည္ ။

" ဘာျဖစ္လို႔လဲကိုကို .. အိပ္မေပ်ာ္လို႔လား "

" ဟုတ္တယ္ အိပ္မေပ်ာ္လို႔ ဟို .... ဟို ... "

လာတုန္းကေျပာဖို႔မေၾကာက္ေပမယ့္ တကယ္တမ္းေျပာရမယ့္အခ်ိန္မွာ ရွက္ေနမိသည္ ..။

Demon ကေတာ့ တစ္ခုခုကိုေျပာခ်င္ေပမယ့္ ေျပာရခက္ေနတဲ့ ႏွိုင္း ကို ၾကည့္ကာ အသည္းယားလြန္းလို႔တစ္ကိုယ္လုံးသိမ္းက်ဳံး၍ေမြ႕ရမ္းျပစ္လိုက္ခ်င္စိတ္ကိုထိန္းထားရသည္ ။

" ဟို ေစာနက ကိုယ္ေျပာတာကိုမင္းစိတ္ဆိုးသြားလားဟင္ "

စိတ္မေကာင္းျဖစ္ေနတဲ့မ်က္ႏွာ ႏွင့္ ႏူးညံ့ႏြေးေထြးတဲ့အသံေလး နဲ႕  Demon စိတ္ဆိုးေနတယ္ထင္ၿပီး လာေခ်ာ့ေနပုံရတဲ့ ကေလးလူႀကီးေလးကိုၾကည့္ၿပီး Demon ရဲ႕ေထြးေပြ႕ထားခ်င္စိတ္ေတြျမင့္တတ္လာရျပန္သည္ ။

Demon ဆံပင္အရွည္ကို တသ္ဝက္ေလာက္ပဲခ်ည္ထားၿပီး အနက္ေရာင္ညအိတ္ဝတ္စုံနဲ႕ ျပတင္းေပါက္ေဘာင္မွာထိုင္ရင္း သူ႕ကေလးလူႀကီး ရဲ႕အရမ္းလွပေနတဲ့ မ်က္ႏွာေလးကို ေငးေမာေနမိသည္ ။

* တကယ္စိတ္ဆိုးသြားတာျဖစ္မယ္ .. ဘယ္လိုလုပ္ရမလဲ *

ႏွိုင္းသုတ ခမ်ာ Demon ဆီက ဘာစကားသံမွထြက္မလာပဲစိုက္ၾကည့္ခံေနရတာေၾကာင့္ တကယ္စိတ္ဆိုးေနတယ္လို႔သာထင္သြားၿပီး ျပာယာခတ္သြားရသည္ ။

" ေတာင္းပန္ပါတယ္ ကိုယ့္ကိုစိတ္မဆိုးပါနဲ႕ .. ကိုယ္ ... ကိုယ္အမွန္တိုင္းေျပာပါ့မယ္ .. "

" ကိုကို ေျပာ .. ကြၽန္ေတာ္နားေထာင္ေနတယ္ "

Demon က ႏွိုင္း ကိုၾကည့္ေနရင္း အမွန္တိုင္းေျပာပါ့မယ္ ဆိုတဲ့စကားကိုစိတ္ဝင္စားသြားတာမို႔ စကားေထာက္ေပးလိုက္တယ္ ။

ႏွိုင္း က Demon ဆီက စကားျပန္ရလာတာမို႔ ခ်က္ခ်င္းပင္ အားတတ္သေရာႏွင့္ ။

" ကိုယ္ေတြးတာက မင္းနဲ႕ကိုယ္နဲ႕ဆက္ဆံေရးကေခါင္းစဥ္တပ္လို႔ရတဲ့အေနအထားမဟုတ္ေသးဘူးလို႔ထင္တယ္ .. ဒါေပမယ့္ မင္းက ကိုယ့္ကိုအၿမဲလိုက္နမ္းၿပီး ကပ္တြယ္ေနေတာ့ "

" ကြၽန္ေတာ္က ကပ္တြယ္ေနလို႔ ကိုကိုမႀကိဳက္တာေပါ့ "

ႏွိုင္း ေျပာခ်င္တာနဲ႕ ေျပာလိုက္တာ ကို Demon  အဓိပၸာယ္လြဲေကာက္မိမွာစိုးတာေၾကာင့္ ႏွိုင္း ခ်က္ခ်င္းျပန္ေျဖရွင္းရတယ္ ။

" မဟုတ္ဘူး မဟုတ္ဘူး .. ကိုယ္ေျပာတာအဲ့လိုသေဘာမ်ိဳးမဟုတ္ဘူး .. ဒီလိုကြာ ကိုယ္ကမင္းနဲ႕ဟိုလိုအတူေနခဲ့ဖူးေပမယ့္တကယ္တမ္း ကိုယ္တို႔ကခ်စ္သူေတြမဟုတ္ဘူးေလ အဲ့တာေၾကာင့္ တစ္ခါတေလ မင္းကိုယ့္ကိုလာထိၿပီးနမ္းေနတာက ကိုယ့္အတြက္အဆင္မေျပဘူး .. အဆင္မေျပဘူးဆိုတာက ကိုယ္က .. ကိုယ္ကမင္းနဲ႕ထပ္ၿပီး အဲ့လိုမ်ိဳး မင္းအေပၚလုပ္မိမွာစိုးရိမ္တာ ၿပီးေတာ့ အဲ့ေန႕ညကလဲ ကိုယ္ကမင္းကိုနာက်င္ေစခဲ့တယ္မလား .. အဲ့ဒါေၾကာင့္ အဲ့ဒါေၾကာင့္ "

စက္ေသနတ္ပစ္သလိုစကားေတြ အကုန္ေျပာထြက္ၿပီးေတာ့မွ Demon ကို ေမာ့ၾကည့္လိုက္ေတာ့ အံၾသေနတာေၾကာင့္လား ဘာလားေတာ့မသိ Demon မ်က္လုံးေတြက အေရာင္ေတာက္ပေနၿပီး ႏွိုင္း ကို ၿပဳံးေနတဲ့မ်က္ႏွာမ်ိဳးနဲ႕ စိုက္ၾကည့္ေနသည္ ။

* ေသျပန္ၿပီ .. ငါဘာေတြသြားေျပာမိျပန္ၿပီတုန္း .. ခ်စ္သူေတာင္မျဖစ္ေသးဘူး ေနာက္ထပ္ Sex လုပ္ဖို႔ေက်ာ္ခြၿပီးေျပာမိလိုက္ၿပီ .. ဒီေကာင္ေလးေတာ့ ငါ့ကိုႏွာဘူးလို႔ထင္ေနေတာ့မွာပဲ *

ႏွိုင္း ဟာ သူေျပာခဲ့မိတဲ့စကားေတြကိုျပန္သုံးသပ္ၾကည့္ၿပီး ရွက္လြန္းလို႔အ႐ူးတစ္ေယာက္လိုပင္ မ်က္ႏွာေလးအိုဆာသြားေတာ့သည္ ။

Demon ဟာ ႏွိုင္း စိတ္ထဲ ဒီလိုအေတြးေတြဝင္ေနမွန္းမသိခဲ့ဘူး .. Demon က ႏွိုင္း အနားမွာေနရတာကိုသေဘာက်တယ္ ျဖစ္နိုင္ရင္ ႏွိုင္း ကို သူ႕အနားကေနဘယ္ေတာ့မွမခြာေစခ်င္တဲ့အထိပဲ .. ဒါေပမယ့္ ႏွိုင္း ဘက္ကၾကည့္ရင္ Demon ကို စိတ္ရႈတ္ေနမယ္လို႔ေတြးပူေနခဲ့တာ ။

အခုေတာ့ Demon ေတြးထားသလိုမဟုတ္ပဲ သူ႕ရဲ႕ကေလးလူႀကီးေလးက Demon အေပၚမေတာ္တေရာ္လုပ္မိမွာစိုးလို႔ သူ႕ကိုယ္သူထိန္းသိမ္းေနရတာမလြယ္ဘူး တဲ့လား ။

* ဟား ဘယ္လိုေတာင္ခ်စ္ဖို႔ေကာင္းေနရတာလဲ ကေလးလူႀကီးေလးေရ *

ေျပာခ်င္တာေျပာၿပီးရွက္ေနတဲ့ ႏွိုင္း ကိုဆက္ၿပီး တစ္ေယာက္တည္းေတြးေတာေနဖို႔ Demon ခြင့္မျပဳနိုင္ေတာ့ဘူး ... အရင္က ႏွိုင္း စိတ္ရႈတ္သြားမွာစိုးလို႔ ဆိုတဲ့အေတြးရွိေနေပမယ့္အခုေတာ့ Demon ဟာ သူ႕နည္းလမ္းအတိုင္းပဲ သြားဖို႔စိတ္ကူးထားတယ္ ။

ထို႔ေၾကာင့္ Demon သည္ ျပတင္းေပါက္ေဘာင္မွာထိုင္ရင္း သူ႕အနီးနားမွာရွိေနတဲ့ ႏွိုင္း လက္ကိုလွမ္းဆြဲလိုက္ေတာ့...

" ပါးပါး .. ! "

ႏွိုင္း လန႔္ကာ အေဝးကပါးပါးကိုပင္ တ လိုက္မိသည္ ။ Demon ကေတာ့ ႏွိုင္း ရဲ႕ ေယာင္တဲ့ပုံစံေလးကိုအရမ္းသေဘာက်တယ္ ..။ Demon က ႏွိုင္း ခါးကိုလက္ႏွစ္ဖက္နဲ႕ဖက္ထားလိုက္ေတာ့ ႏွိုင္း လက္က Demon ရင္အုံေပၚတင္ထားရင္း ေမာ့အၾကည့္မွာ Demon ရဲ႕ စူးရဲတဲ့မ်က္ဝန္းတစ္စုံနဲ႕တိုက္ဆိုင္သြားရသည္ ။

" ကိုကို .. "

ေယာက္က်ားပီသတဲ့လည္ဇလုတ္သံအက္အက္နဲ႕ ဖ်ားေယာင္းတဲ့ေခၚသံၾကား စူးရဲတဲ့ Demon ရဲ႕အၾကည့္ေတြကို ႏွိုင္း ရင္မဆိုင္ရဲစြာ ေရွာင္လြဲလိုက္ေတာ့ Demon က ျပန္ဆြဲယူ၍ မ်က္ႏွာခ်င္းဆိုင္ကာ .. ။

" ကြၽန္ေတာ့္ကိုၾကည့္ .. "

" ....... "

" ကြၽန္ေတာ္နဲ႕ကိုကိုရဲ႕ဆက္ဆံေရးက အဲ့ေန႕ညကစတင္ခဲ့ေပမယ့္ ကြၽန္ေတာ္ကိုကို႔ ကိုခ်စ္တယ္ ဆိုတာ ကြၽန္ေတာ့္ဘဝနဲ႕က်ိန္ၿပီးေျပာရဲတယ္."

" ........ "

ႏွိုင္း ဟာ ႐ုတ္တရက္ႀကီး ဖြင့္ေျပာလာတဲ့ Demon ရဲ႕ ရင္ဖြင့္စကားေၾကာင့္ အံၾသ၍ဘာမွပင္ျပန္မေျပာနိုင္ပဲ Demon ကို ၾကည့္ေနယုံသာတတ္နိုင္သည္ ။

Demon က စကားေျပာေနရင္ ႏွိုင္း ႏွာဖူးေလး ကို ျမတ္နိုးစြာ နမ္းရွိုက္ရင္း ... ။

" ကြၽန္ေတာ့္ပင္ကိုယ္ပုံစံကိုက ၾကမ္းတမ္းတယ္ကိုကိုျမင္ေတြ႕ေနတဲ့ ပုံစံထက္ ပိုၿပီးလဲမိုက္႐ူးရဲဆန္တယ္ .. အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ေျပာတဲ့ခ်စ္စကားေတြက ကိုကို႔အတြက္ႏူးညံ့ၿပီး ကဗ်ာဆန္ခ်င္မွဆန္လိမ့္မယ္ .. ဒါေပမယ့္ ကိုကို႔အေပၚမွာထားတဲ့ကြၽန္ေတာ့္အခ်စ္ကိုေတာ့ ဘာနဲ႕မွတိုင္းတာမျပခ်င္ဘူး ... "

" ...... "

" ကြၽန္ေတာ္ဒီစကားေတြကို ေျပာဖို႔အႀကိမ္ႀကိမ္ေတြးေနခဲ့တာ ေျပာဖို႔အခြင့္ေရးမရခဲ့ဘူး အခုေျပာလိုက္ေပမယ့္ အခ်ိန္ေကာင္းတစ္ခုဟုတ္ရဲ႕လား လို႔လဲ ကြၽန္ေတာ္မသိဘူး .. ကြၽန္ေတာ္သိတာ ကိုကိုပဲ .. "

" ....... "

" ကိုကို ကြၽန္ေတာ့္ကိုတစ္ခုခုျပန္ေျဖေပးပါဦး "

" အဲ ... ဟို ... ကိုယ္ .. ကိုယ္က .... "

စိတ္လႈပ္ရွားမႈ႕အျပည့္နဲ႕ အရွက္သည္းေနတဲ့ခ်စ္ရသူကို Demon ရင္ခြင္ထဲထည့္၍ဖက္ထားၿပီး ေခါင္းေနာက္ကိုဖြဖြပြတ္ေပးလိုက္သည္ ။

" တကယ္လို႔ ကြၽန္ေတာ့္ကို ကိုကိုလိုခ်င္တယ္ဆိုရင္ေတာင္ ကိစၥမရွိဘူး .. ကြၽန္ေတာ္ကိုကို႔အတြက္ေပးနိုင္တယ္ .. အဲ့ဒါေၾကာင့္ ကိုကို ကြၽန္ေတာ့္ကိုမျငင္းလိုက္ပါနဲ႕ေနာ္ "

Demon စကားေတြနားေထာင္ၿပီး ႏွိုင္း ရင္ခုန္ေနတာ ေပါက္ကြဲထြက္မတတ္ပဲ .. အခုခ်ိန္မွာ ဘယ္လိုအေျဖမ်ိဳးကိုေပးသင့္လဲဆိုတာ ႏွိုင္း မစဥ္းစားနိုင္ေသးဘူး .. ႏွိုင္း ရင္ဘတ္တစ္ခုလုံးတစ္ခါခါ​ေကာင့္ျပည့္သိပ္ေနၿပီး တစ္ခါမွမခံစားဖူးတဲ့ခံစားမႈ႕မ်ိဳးစည္းႀကိဳးေနတယ္ ။

" ကိုယ္ ... ကိုယ့္ကိုစဥ္းစားဖို႔အခ်ိန္ခဏေလာက္ေပးလို႔ရမလား "

အထစ္ ထစ္ နဲ႕ ထြက္လာတဲ့စကားလုံးတစ္ခ်ိဳ႕ ။

" ေကာင္းၿပီေလ ကိုကိုစဥ္းစားပါ .. ဒါေပမယ့္ ကိုကို႔အေျဖက ဘယ္လိုအေျဖမ်ိဳးပဲျဖစ္ေနပါေစ ကြၽန္ေတာ္ကေတာ့ ကိုကို႔အနားက ဘယ္ေတာ့မွ ထြက္သြားမွာမဟုတ္ဘူးဆိုတာ သိတယ္မလား "

ႏွိုင္း ေယာင္နစြာ ေခါင္းညွိမ့္လိုက္မိသည္ ။

Demon က ႏွိုင္း ကိုဖက္ထားတာေၾကာင့္ တဖက္မွာ ညစ္က်ယ္က်ယ္ၿပဳံးေနတဲ့ Demon ရဲ႕ နတ္ဆိုးဆန္တဲ့အၿပဳံးေတြကိုမေတြ႕လိုက္ပါ ။

ႏွိုင္း က အခ်ိန္တစ္ခုထိ သူ႕ကိုဖက္ထားတဲ့ Demon ေၾကာင့္ သူ႕ႏွလုံးခုန္သံေတြကပို၍ဆိုး႐ြားလာတာေၾကာင့္ ရင္ခြင္ထဲက႐ုန္းကာ။

" ဟို အဲ့ အဲ့တာဆို ကိုယ္အခန္းျပန္ေတာ့မယ္ "

" မျပန္နဲ႕ေတာ့ ကြၽန္ေတာ္နဲ႕ဒီမွာပဲအတူတူအိပ္ရေအာင္ .. "

" ဒါ ဒါေပမယ့္ ... "

" လာပါ .. ကိုကိုမရွိရင္ ကြၽန္ေတာ္အိပ္မေပ်ာ္ဘူးဆိုတာသိသားနဲ႕ "

Demon က ႏွိုင္း ပုခုံးႏွစ္ဖက္ကိုကိုင္၍ မ်က္ႏွာေလးကိုစိုက္ၾကည့္ကာေျပာလိုက္ေတာ့ .. ႏွိုင္း မွာ မျငင္းရက္ျပန္ ။

" ေကာင္းၿပီ .. ညလဲနက္ေနၿပီ အိပ္ရေအာင္ "

" ဟုတ္ ကိုကို "

Demon က ႏွိုင္း လက္ကိုကိုင္ၿပီး အိပ္ရာဆီသြားၿပီး အရင္ဆုံး ကုတင္ေပၚမွာရွိတဲ့ ေခါင္းအုံးႏွစ္လုံးထဲက တစ္လုံးကိုဆိုဖာေပၚျပစ္တင္လိုက္သည္ ။

ႏွိုင္း က Demon လုပ္လိုက္တာကိုၾကည့္ၿပီး အူတူတူေလးႏွင့္ Demon ကို ျပန္ၾကည့္ကာ ။

" ကိုယ္ ဆိုဖာမွာသြားအိပ္ေပးရမလား "

" ကြၽန္ေတာ္က ကိုကို႔ကိုအိပ္ခိုင္းမယ္ထင္ေနလား"

" ဟင္ .. !"

မေျပာမဆိုနဲ႕ Demon က ေမြ႕ယာေပၚလွဲအိပ္ကာ ထိုင္ေနတဲ့ ႏွိုင္း ကိုဆြဲ၍ သူ႕ရင္ခြင္ထဲသြင္းကာ လက္ေမာင္းကို ေခါင္းအုံးေစသည္ ။

Demon ကို ေက်ာေပးထါးတာေၾကာင့္ Demon က ႏွိုင္း ခါးသိမ္သိမ္ေလးကိုဖက္ထားၿပီး လည္တိုင္ေဖြးေဖြးေလးကိုနမ္းရွိုက္ကာ ..။

" အခုကစၿပီး ကြၽန္ေတာ့္လက္ေမာင္းေတြကို ကိုကို႔အတြက္ အားကိုးရာအျဖစ္ေရာ ညအိပ္ခ်ိန္ ေခါင္းအုံးအျဖစ္ပါထားေပးမွာမို႔ ကြၽန္ေတာ္လိုခ်င္တဲ့အေျဖကိုပဲေပးဖို႔စဥ္းစားထားပါ "

Demon ရဲ႕ ကေလးဆန္ဆန္အေတြးနဲ႕စကားေၾကာင့္ ႏွိုင္း သေဘာက်၍ၿပဳံးလိုက္ရင္း ..။

" လာဒ္ထိုးေနတာလား "

" လာဒ္ထိုးလို႔သာရမယ္ဆို ကြၽန္ေတာ့္ဘဝတစ္ခုလုံး လာဒ္ထိုးျပစ္ခ်င္ေနတာ .. ကိုကိုလက္ခံမွာလား "

" တကယ္ပဲ မင္းကိုေတာ့ ကိုယ္နိုင္ေအာင္မေျပာနိုင္ဘူး .. ဒီလိုစကားေတြကို မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ဘယ္လိုေတာင္ေျပာနိုင္တာလဲ "

" ကိုကိုတစ္ေယာက္တည္းအတြက္သီးသန႔္ျဖစ္တည္လာတာပါ "

" အိပ္ေတာ့မယ္ .. "

" ႁပြတ္ ... Goodnight ကိုကို .. အိမ္မက္ထဲမွာေတြ႕ၾကမယ္ "

" Goodnight Christo.. "

ေစာနက Demon အခန္စထဲမလာခင္အထိ အိပ္လို႔မေပ်ာ္ျဖစ္ေနတဲ့ ႏွိုင္းသုတ ဟာ Demon လက္ေမာင္းေပၚမွာ လွဲၿပီး ငါးမိနစ္ပင္မျပည့္ေသး အပူပင္ကင္းမဲ့၍ ယုံၾကည္မႈ႕ေတြနဲ႕ အိပ္ေပ်ာ္သြားသည္ ။

" ဟက္ အိပ္ေပ်ာ္တာျမန္လိုက္တာ .. ကိုကိုက လူေတြကိုပဲအယုံလြယ္တာလား .. ကြၽန္ေတာ့္ကိုပဲယုံေနတာလား .."

Demon က ႏွိုင္း ရဲ႕ ပါးျပင္ေလးကိုနမ္းရွိုက္ကာ မ်က္ႏွာေလးကိုၾကည့္ေနမိသည္ ။

* ကိုကိုသိလား ကိုကိုရဲ႕ဒီလိုအျပစ္ကင္းတဲ့ပုံစံေလးေၾကာင့္ ကြၽန္ေတာ္အပိုင္ျဖစ္ေစခ်င္စိတ္ေတြကို မနည္းထိန္းထားရတယ္ *

Demon သည္ ေစာနက ႏွိုင္း ရဲ႕ ခ်စ္ဖို႔ေကာင္းတဲ့အေတြးစကားေတြကိုျပန္ၾကားေယာင္ၿပီး ႏႈတ္ခမ္းထက္မွာ အၿပဳံးတို႔တြဲခိုလို႔ ..။
 
Sex ကိစၥေတြကို မိန္းကေလးေတြနဲ႕ေတာင္ အေတြ႕ႀကဳံမရွိေသးတဲ့ ကိုကို က Demon ရဲ႕ ဦးေဆာင္သူဆိုတဲ့ ထိုေန႕ညက ကိစၥေၾကာင့္ ေသခ်ာေပါ့ Top လို႔ေတြးေနမွန္းသိေပမယ့္ Demon ေျပာျပဖို႔စိတ္ကူးလုံးဝမရွိဘူး ။

အဲ့ဒီ့အျဖဴေရာင္မုသားစကားေလးက Demon နဲ႕ ကိုကို႔ၾကားက ေပါင္းကူးတံတားေလးတစ္ခုမို႔ ။

တကယ္ေတာ့ ကိုကိုက Demon ရဲ႕ ဦးေဆာင္သူဆိုတဲ့စကားက မွားေတာ့လဲမမွားပါဘူး .. အခုလဲ ကိုကိုက Demon ဘဝတစ္ခုလုံးကိုဦးေဆာင္နိုင္တဲ့အေရးပါတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့ၿပီေလ ... အိပ္ရာထဲမွာေတာ့ Demon ရဲ႕ ဦးေဆာင္မႈ႕ေနာက္ကိုလိုက္ရမယ္ဆိုေပမယ့္ေပါ့ ။

" အရမ္းခ်စ္တယ္ကိုကို "

နားနားကပ္၍တီးတိုးေျပာကာ ႏွိုင္းကိုဖက္လ်က္ အိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္ ။

__________________________________________________________

ေရွာ့ပင္းေမာတစ္ခုတြင္ အကန႔္သတ္ထုတ္လက္ကိုင္အိတ္ကိုကိုင္ကာ အရိုင္းဆန္တဲ့အလွတရားအျပည့္ႏွင့္မိန္းကေလးဟာ နာမည္ႀကီး၍ေဈးအႀကီးဆုံးဆိုတဲ့ အိတ္ ဖိနပ္ နဲ႕ အဝတ္စားေတြကို လက္ညွိုးၫႊန္ကာ အထက္စီးဆန္ဆန္ဝယ္ယူေနသည္ ။

သူမ လက္ထဲတြင္ VIP Card ကိုင္ေခၚထားတာမို႔ ဝန္ထမ္းေတြဟာ ခါးက်ိဳးမတတ္ရိုက်ိဳးစြာအဆင္ေျပေအာင္လုပ္ေပးေနရသည္ ။

ရင္ျပတ္အက်ီခရမ္းေရာင္ ကိုမွေပါင္လည္ထိကိုယ္က်ပ္ဝတ္စုံျဖစ္ၿပီး အေပၚက ကုတ္အက်ီအနက္ေရာင္ကိုဝတ္ကာ ဆံပင္ကို ေဘးတစ္ေစာင္းခ်ထား၍ ႏႈတ္ခမ္းခရမ္းဆီေရာင္ကိုဆိုးထားတဲ့သူမ ဟာ ေသးသြယ္တဲ့ကိုယ္လုံးကိုယ္ေပါက္ႏွင့္ ဆြဲေဆာင္မႈ႕ရွိေနတာေၾကာင့္ ပုရိသေတြအားလုံးသူမရဲ႕အလွကိုလည္ျပန္ၾကည့္ကာ ေငးေမာေနရသည္ ။

သူမ နဲ႕အတူပါလာတဲ့မိန္းကေလးဟာလဲ ထိုသူမနဲ႕မယွဥ္နိုင္ရင္ေတာင္ မေလွ်ာ့တဲ့လွပမႈ႕မ်ိဳးနဲ႕အတြဲညီညီေရွာ့ပင္းထြက္ေနၾကသည္ ။

kinsley ဟာ ဒီေန႕သူမသူငယ္ခ်င္း Nina နဲ႕အတူ စိတ္ေျပလက္ေပ်ာက္ေရွာ့ပင္းအတူတူထြက္လာခဲ့သည္ ။

ဒီရက္ေတြမွာ kinsley စိတ္မေပ်ာ္႐ြင္ျဖစ္ေနတယ္ .. အဲ့ဒါက Demon ဆိုတဲ့ သူမတစ္ဖက္သတ္ခ်စ္ရတဲ့နတ္ဆိုးေလးေၾကာင့္ ... Demon ဟာ သူမတို႔ဆုံေနၾကေနရာကို လာတာမေတြ႕ေတာ့သလို Club ကိုလဲ လာတာမ်ိဳးသိပ္မေတြ႕ရတာေၾကာင့္ အစအနရွာမရေအာင္ ေပ်ာက္ခ်က့သားေကာင္းေနေတာ့သည္ ။

Demon သူငယ္ခ်င္းေတြကိုေမးခ်င္ေသာ္လည္း ေျပာျပမွာမဟုတ္ဘူးဆိုတာသိတာေၾကာင့္ သြားေမးလဲအပိုပင္ ။

" hay kinsley နင့္႐ုပ္ႀကီးကဘာျဖစ္ျပန္ၿပီလဲ ေပ်ာ္ေပ်ာ္ေနစမ္းပါဟာ "

" ငါမေပ်ာ္နိုင္ဘူးျဖစ္ေနတယ္ Nina .. ဒီရက္ပိုင္း Demon ကို မေတြ႕ရတာဘယ္ေလာက္ၾကာေနၿပီလဲ .. ငါသူ႕ကိုလြမ္းတယ္ "

" Demon လို လူက တစ္ေနရာတည္းမွာ ၾကာၾကာေနမယ့္လူစားမ်ိဳးမွမဟုတ္တာ ဒီေနရာမွာပ်င္းလာရင္ ေနာက္တစ္ေနရာကိုသြားမွာပဲ .. အဲ့လိုပဲ သူအခုေရာက္ေနတဲ့ေနရာမွာ ပ်င္းတဲ့အခါ ျပန္ေရာက္လာမွာပဲ စိတ္ပူမေနနဲ႕ ေစာင့္လိုက္ "

Nina က kinsley ရဲ႕ စိုးရိမ္စိတ္ကိုေလွ်ာ့ခ်ေပးဖို႔ ေျပာေနေပမယ့္ kinsley စိတ္ထဲမွာေတာ့ တစ္ခုခုျဖစ္ေတာ့မယ္ဆိုတာသိေနတယ္ ။

" မဟုတ္ေသးဘူး Nina ငါ့စိတ္ထဲခုေနတယ္ .. ၿပီးေတာ့ Demon က တစ္ေနရာမွာအၾကာႀကီး မေနတတ္တဲ့လူတစ္ေယာက္ဆိုရင္ ဒီေလာက္ရက္ေတြၾကာၿပီ ဘာလို႔ခုထိေပၚမလာေသးတာလဲ ငါေတြးလို႔မရဘူး "

" သူ႕မွာလဲ သူ႕အေၾကာင္းနဲ႕ သူရွိမွာေပါ့ ဟာ .. နင္အမ်ားႀကီးေတြးေနရင္ အမ်ားႀကီးစိတ္ဆင္းရဲရလိမ့္မယ္ .. ဒီလိုလုပ္ နင္အဲ့ေလာက္ေတြ႕ခ်င္ေနရင္ ငါတို႔ ဒီေန႕ သူ႕ Club မွာ အေျခေနသြားထပ္ၾကည့္ရေအာင္ ဘယ္လိုလဲ "

Nina စကားကို kinsley ေခါင္းတစ္ခ်က္ညိမ့္၍ေထာက္ခံကာ ..

" သြားရေအာင္ .. Demon သာ တစ္ေယာက္ေယာက္နဲ႕အတူတူရွိေနခဲ့မယ္ဆိုရင္ အဲ့လူငါ့လက္ကေျပးမလြတ္ေစရဘူး "

" အဲ့လိုပုံမွန္အတိုင္း တတ္တတ္ႂကြႂကြနဲ႕ ေနစမ္းပါ "

* ဒါလင္ ရွင္ကြၽန္မကို ဘယ္ေလာက္ထိ ပုန္းေနနိုင္မွာလဲ .. ကြၽန္မရွင့္ကိုေတြ႕ေအာင္ရွာမယ္ .. ကြၽန္မဆိုတဲ့မိန္းမက လြယ္လြယ္နဲ႕ခြာခ်​ျပစ္လို႔ရမယ့္လူတစ္ေယာက္မဟုတ္ဘူး *

___________________________________________________________

" ကိုယ္မင္းအတြက္ ေန႕လည္စာခ်က္ထားခဲ့တယ္ စားျဖစ္ေအာင္စားလိုက္ဦးေနာ္ "

" Okay "

အလုပ္သြားခါနီး ကားထဲမဝင္ခင္ Demon အတြက္ မွာ​တန္းေႁခြေနမိတဲ့ ႏွိုင္း က သူ႕အျဖစ္ကို သူ႕ဘာသာစဥ္းစားၾကည့္ေတာ့ ေယာက္က်ားအလုပ္သြားခါနီးမွာေနတဲ့အိမ္ေထာင္သည္လိုပဲလို႔ေတြးမိကာ ဘာရယ္မဟုတ္ ၿပဳံးလိုက္မိသည္ ။

" ကိုကိုညေန႐ုံးဆင္းရင္ ကြၽန္ေတာ္နဲ႕အတူတူဆိုင္ကယ္ေလွ်ာက္ဆင္းရေအာင္ "

" ဒီညေန ကိုယ္အစည္းေဝးတစ္ခုတတ္စရာရွိလို႔ ႐ုံးဆင္းခ်ိန္ေနာက္က်မယ္ထင္တယ္ .. "

" အဲ့လိုလား ... "

Demon ရဲ႕ စိတ္ပ်က္သြားတဲ့ေလသံေဖ်ာ့ေဖ်ာ့ေၾကာင့္ ႏွိုင္း ခ်က္ခ်င္းပင္ ....

" မနက္ျဖန္ဆိုရင္ေရာ .. မနက္ျဖန္ ကိုယ္မင္းကိုအခ်ိန္ေပးမယ္ အဲ့လိုဆိုအဆင္ေျပလား "

" အဆင္ေျပတယ္ .. "

" ဟုတ္ၿပီ အဲ့ဒါဆို ကိုယ္သြားေတာ့မယ္ .. အိမ္မွာေကာင္းေကာင္းေနခဲ့ "

Demon ကို ေျပာၿပီး ကားထဲဝင္ဖို႔ျပင္ေနတဲ့ ကေလးလူႀကီးေလးကိုအသည္းယားတာေၾကာင့္ လက္ေမာင္းကိုလွမ္းဆြဲကာ ပါးကိုေမႊးၾကဴလိုက္သည္ ။

" ကြၽန္ေတာ့္အခ်စ္ တစ္ေန႕တာလုံးအဆင္ေျပပါေစေနာ္ "

" ဟင္ .. အင္း ... ကိုယ္ ကိုယ္သြားၿပီ "

Demon ရဲ႕ လ်က္တဖ်တ္အနမ္းေၾကာင့္ ႏွိုင္း ရင္ခုန္သံကိုထိန္းသိမ္းကာ ဟန္မပ်က္ေျပာၿပီး ကားေမာင္းထြက္လာခဲ့သည္ ။

Demon က ကိုကို႔ ရဲ႕ အရွက္သည္းေနတဲ့ပုံစံေလးကိုအရမ္းသေဘာက်တယ္ .. ကိုကို က လူေပါင္းစုံနဲ႕စီးပြားေရး လူမႈ႕ေရးအရသြားလာေနေပမယ့္ ထိုသူတို႔မျမင္ဖူးတဲ့ ကိုကို႔ရဲ႕တဘက္ျခမ္း နဲ႕ ကိုကိုရဲ႕ရင္ခုန္သံဟာ Demon ေၾကာင့္ ျဖစ္တည္ေပးတယ္ဆိုတဲ့အေတြးနဲ႕တင္ ကိုကို႔ ကိုေသေလာက္ေအာင္ခ်စ္ဖို႔လုံေလာက္သည္ ။

ႏွိုင္း Company ကို သြားတာနဲ႕ Demon အရင္ဆုံးလုပ္တာက ႏွိုင္း အခန္းထဲကေမြ႕ယာကိုအျပင္ဘက္ဆီထုတ္တာပဲ ။

Demon က ႏွိုင္း နဲ႕ခြဲအိပ္ဖို႔နည္းနည္းေလးမွ အေတြးမရွိဘူး .. ဒါေပမယ့္ အလုပ္မ်ားတဲ့ ႏွိုင္း ကို Demon အခန္းဆီလာမအိပ္ေစခ်င္ဘူးမို႔ Demon စဥ္းစားမိတာက သူ႕အခန္းထဲက ေမြ႕ယာအႀကီးကို ႏွိုင္း ေမြ႕ယာနဲ႕လဲရန္ပင္ ။

Demon လို အားသန္မာတဲ့ေယာက္က်ားတစ္ေယာက္က တျခားလူအကူညီမပါပဲ ေမြ႕ယာတစ္ခ်က္ကိုသူ႕တစ္ေယာက္တည္းအားနဲ႕မ ၍ လဲတယ္ဆိုတာ တကယ္ကိုအံၾသစရာ ။

Demon အိမ္မွာေနလဲ ပ်င္းေနတာေၾကာင့္ ညေန မွာ Demon သည္ သူ႕လက္လႊဲထားတဲ့ Showroom ဘက္ေတြဆီ တစ္ခ်က္သြားၾကည့္ရန္ဆုံးျဖတ္လိုက္သည္ ။

ေခါင္းေလွ်ာ္ၿပီးစ ဆံပင္ကို ခါတိုင္းလိုပင္ ေခါင္းေျခာက္ေအာင္ဘယ္ေတာ့မွမသုတ္ပဲ အားပါပါနဲ႕တစ္ခ်က္ခါလိုက္ေရသီးေတြေႂကြေစလိုက္တယ္... အခုလိုခ်ိန္မွာ Demon ကိုကို႔ ကိုေတြးမိလိုက္တယ္ .. ကိုကိုသာရွိရင္ Demon ဆံပင္ကိုေသခ်ာေပါက္တယုတယသုတ္ေပးမွာေလ ကိုကို
က အဲ့လိုလူမ်ိဳးပဲ ။

Demon ဟာ သူ႕ကိုယ္သူ ဘယ္ေလာက္ပဲၾကမ္းတမ္းစြာျဖစ္သလိုေနပါေစ .. ကိုကိုကေတာ့ Demon နဲ႕ ပက္သတ္တဲ့အရာမွန္သမွ်ေကာင္းမြန္စြာလုပ္ကိုင္ေပးတတ္သည္ ။

ႏွိုင္း အေၾကာင္းေတြးလိုက္တာနဲ႕ ႏႈတ္ခမ္းေတြက ၿပဳံး၍ရင္ထဲမွာႏြေးေထြးမႈ႕နဲ႕ျပည့္နက္သြားတယ္ ။

အနက္ေရာင္လည္ပိတ္ဆြယ္တာလက္ရွည္ႏွင့္ ဂ်င္းေဘာင္းဘီဒူးၿပဲအနက္ႏွင့္ အေပၚကလည္သာကုတ္အက်ီကိုဝတ္ဆင္ကာ နားတြင္ ေသးငယ္တဲ့စတီးကြင္းေလးတစ္ဖက္ရွိေနၿပီး သူ႕လက္ထဲမွာမူ လက္စြပ္စြပ္ထားသည္ ။

ပါးသိုင္းေမႊးအနည္းငယ္ထြက္ေနတာကိုမရိတ္သိမ္းထားတာေၾကာင့္ ထိုပါးသိုင္းေမႊးေတြေၾကာင့္ ပို၍ပင္ ေယာက္က်ားပီသၿပီး ခန့္ျငားေခ်ာေမာေနေတာ့သည္ ။

Demon အိမ္တံခါးေတြကိုေသခ်ာပိတ္၍ သူ႕ဆိုင္ကယ္ေသာ့ကိုထုတ္ေမာင္းကာ အျပင္ထြက္လာခဲ့သည္ ။

အရင္ဆုံး Demon က သူရဲ႕ Car Showroom ကို အရင္သြားၾကည့္သည္ ။ Demon ရဲ႕ Car Showroom က ေရာင္းအားေကာင္းတဲ့ေနရာတစ္ခုျဖစ္တာေၾကာင့္ ဝယ္သူေတြအမ်ားအျပားရွိေနသည္ ။

ခက္ထန္ၿပီးတင္းမာတဲ့မ်က္ႏွာထားနဲ႕ Demon ကို လုံၿခဳံေရးေတြက ေၾကာက္႐ြံ႕ၾကည့္ေနၾကၿပီး ဘာတစ္ခုမွ စစ္ေဆးမႈ႕မျပဳရဲေပ ။

Demon ေရာက္လာတာနဲ႕ လက္လြဲယူထားတဲ့ မန္ေနဂ်ာခ်ဳပ္က Demon အနားလာၿပီး ရိုေသစြာႏႈတ္ဆက္လိုက္သည္ ။

Demon က လူအမ်ားၾကားထဲမွာထင္ေပၚေနမွာမုန္းတယ္ .. အဲ့လိုမ်ိဳးေတြမႀကိဳက္တဲ့လူတစ္ေယာက္ဆိုတာ မန္ေနဂ်ာခ်ဳပ္ကအတြင္းသိလိုျဖစ္ေနတာမို႔ ဝယ္သူတစ္ေယာက္ကိုႏႈတ္ဆက္သလိုမ်ိဳး သာမာန္လိုပင္ ႏႈတ္ဆက္ေခၚေျပာေနသည္ ။

" အခုတေလာ အဆင္ေျပရဲ႕လား "

" ဟုတ္ကဲ့ Boss အဆင္ေျပပါတယ္ .. ဘာျပသာနာမွမရွိပါဘူး "

" ေကာင္းၿပီ ... ကိုယ့္အလုပ္ကိုယ္သြားလုပ္ေတာ့ ... "

Showroom ထဲမွာ ရွိေနတဲ့ ကားေတြအျပင္ ဝန္ေဆာင္မႈ႕ပိုင္းကိုအကဲခတ္စစ္ေဆးၾကည့္ေနရင္း ကားေတြကိုလိုက္စစ္ေဆးေနေတာ့သည္ ။

Demon ရဲ႕ ပုံစံက တကယ္ပင္လမ္းသရဲစတိုင္မို႔ တျခားကားဝယ္သူေတြက Demon ကို ႏွာေခါင္းရႈံ႕၍တီးတိုးေျပာဆိုေနၾကသည္ ။ Demon ကေတာ့ ထိုလူေတြကို ေအးစက္တဲ့အၾကည့္တစ္ခ်က္ေပးလိုက္ေတာ့ အားလုံးအလ်ိဳလ်ိဳျပန္ထြက္သြားၾကေတာ့သည္ ။

* တကယ့္အမွိုက္ေတြ *

Demon ဟာ ကားေတြကိုစစ္ေဆးေနတုန္း အသစ္ဝင္လာတဲ့ကားကိုအတြင္းပိုင္းစစ္ၾကည့္ရန္ ဝင္ဖို႔ျပင္လိုက္စဥ္...

" ေနဦး .. ေနဦး .. "

ေနာက္ကလွမ္းေအာ္လိုက္တဲ့ ဝန္ထမ္းအသံေၾကာင့္ Demon ရပ္သြားေတာ့သည္ ။

" ဒီကားကို အဲ့လိုတတ္စီးၾကည့္လို႔မရဘူး .. ေဆးပြန္းသြားရင္ ရွင္တာဝန္ယူမွာလား .. "

ထိုဝန္ထမ္းရဲ႕မ်က္ႏွာထိ မ်က္ႏွာထားပုံစံေၾကာင့္ Demon မ်က္ေမွာင္က်ဳံ႕ကာ သူမကိုၾကည့္ၿပီး ။

" နင္ကဒီမွာ ဝန္ထမ္းအသစ္လား "

" ဟုတ္ပါတယ္ .. "

" ကားဝယ္ပါတယ္ဆိုမွ အရင္မစစ္​ေဆးပဲ ဝယ္ရေအာင္ ဝယ္သူေတြကိုေစာက္႐ူးထင္ေနတာလား .. စက္ပစၥည္းခ်ိဳ႕ယြင္းေနခဲ့ရင္ နင္တာဝန္ယူမွာလား "

" ကြၽန္မတို႔ဆိုင္က ရွင္ေျပာသလိုခ်ိဳ႕ယြင္းေနတဲ့ ပစၥည္းမ်ိဳးေရာင္းတာမဟုတ္လို႔ စိတ္မပူပါနဲ႕ .. တကယ္လို႔ ရွင္မဝယ္နိုင္ဘူးဆိုရင္ ျမန္ျမန္ထြက္သြားသင့္ၿပီ .. ကြၽန္မတို႔အခ်ိန္ကိုမျဖန္းပါနဲ႕ "

" ဝယ္သူတစ္ေယာက္ကို ဆက္ဆံတဲ့ပုံစံကၾကမ္းၾကမ္းလွခ်ည္လား ဟမ္!  "

Demon ရဲ႕ ေဒါသေၾကာင့္ ထိုေကာင္မေလးမ်က္ႏွာပ်က္ကာ လန့္သြားသည္ ။ မန္ေနဂ်ာခ်ဳပ္လဲ Demon အနားျပန္ေရာက္လာၿပီး ျပာျပာသလဲနဲ႕ပင္...

" Boss ဘာ ဘာျဖစ္လို႔လဲ "

" ဒီဝန္ထမ္းကို မင္းခန့္ထားတာလား "

ထိုအခါမွ ဝန္ထမ္းေကာင္မေလား က Demon ကို သိသြားၿပီး ေခါင္းငုံ႕ကာ အထပ္ထပ္ေတာင္းပန္ေနေတာ့သည္ ။

Demon ကေတာ့ သူမပုံစံကိုစိတ္ပ်က္စရာတစ္ခုလိုၾကည့္ကာ သူမရင္ဘတ္က ဝန္ထမ္းရင္ထိုးနာမည္ကိုေဆာင့္ဆြဲ​ျဖဳတ္ကာ ... ။

" ဒီေန႕ကစၿပီး ငါတို႔နဲ႕သက္ဆိုင္တဲ့အလုပ္ေတြမွာ သူမနာမည္ကို block လိုက္ေတာ့ .. ဟင္းေကာင္းေလာက္ပဲအနံ႕ခံခ်င္တဲ့လူမ်ိဳး ငါ့ေနရာမွာရွိတာ ႐ြံ႕ဖို႔ေကာင္းတယ္ "

ထိုသို႔ေျပာၿပီး Demon နာမည္ကတ္ကိုလြတ္ျပစ္ကာ လွည့္ထြက္လာခဲ့သည္ ။

Demon က စစ္ေဆးစရာရွိတာ စစ္ေဆးၿပီးတဲ့အထိ တေနရာမွာရပ္ထားတဲ့ အနက္ေရာင္ ကားႏွစ္စီးကေတာ့ ထြက္မသြားေသး ။ Demon ဟာ ထိုကားႏွစ္စီးကိုမႏွစ္ၿမိဳ႕စြာ ေအးစက္စက္နဲ႕စိုက္ၾကည့္ေနလိုက္သည္ ။

* အဟက္ ေအးေအးေဆးေဆးေနတာၾကာလို႔ Mr'Weston က ပ်င္းေနၿပီထင္တယ္ .. ေ႐ြးေကာက္ပြဲေလး ပြဲဆူေအာင္ အေကာင္ႀကီးႀကီးတစ္ေကာင္နဲ႕ကစားလိုက္ရမလား *

Demon ခါတိုင္းလိုအေျခေနနဲ႕ဆိုရင္ စိတ္သြားတိုင္း ကိုယ္ပါ ဝုန္း ဒိုင္းက်ဲျပစ္လိုက္ခ်င္ေပမယ့္ အခုေတာ့ ႏွိုင္း နဲ႕ ေအးခ်မ္းတဲ့ေန႕ရက္ေတြ ျဖတ္သန္းခ်င္တာမို႔ အတတ္နိုင္ဆုံး ဒါေတြကိုေဘးကပ္ထားခ်င္သည္ ။

* မင္းတို႔နဲ႕ နည္းနည္းကစားၾကည့္တာေပါ့ *

ထို႔ေၾကာင့္ Demon သည္ ဆိုင္ကယ္ကိုအရွိန္ကုန္ေမာင္း၍ ထိုလူေတြကိုမ်က္ေျချဖတ္ရန္ႀကိဳးစားေတာ့သည္ ။

Demon ရဲ႕ ျမန္ဆန္လြန္းတဲ့ဆိုင္ကယ္အရွိန္ေၾကာင့္ ေနာက္ကကားႏွစ္စီးက ထပ္က်ပ္မကြာလိုက္ေနရေပမယ့္ .. အဆုံးမွာ Demon ကို မ်က္​ေခ်ျပတ္သြားရသည္ ။

" ေတာက္ ! ဒီေကာင္ဘာလို႔ ဒီေလာက္ေတာင္လွ်င္တာလဲ .. ခဏေလးအတြင္း ငါတို႔ကိုမ်က္ေျခ​ျဖတ္နိုင္တယ္ .. "

ေနာက္ေယာင္ခံလိုက္တဲ့ ကားႏွစ္စီးထဲကလူေတြဟာ Demon ရဲ႕လ်င္ျမန္မႈ႕ကိုမ်က္လုံးျပဴး၍ စိတ္ပ်က္လက္ျပတ္နဲ႕ က်န္ေနခဲ့ရေတာ့သည္ ။

က်န္ခဲ့တဲ့ကားႏွစ္စီးရဲ႕အေဝးတစ္ေနရာကေန Demon လွမ္းၾကည့္ရင္း ေအးစက္စက္ၿပဳံးကာ ။

* မင္းတို႔လိုေကာင္ေတြက ငါ့ကိုေျခရာခံခ်င္ေသးတယ္ .. မင္းတို႔အသက္မေသတာပဲ ေက်းဇူးတင္လိုက္ .. *

Demon ဟာ ထိုလူေတြကိုအရင္ကလိုမ်ိဳး သတ္ပစ္ခ်စ္စိတ္ကိုမနည္းထိန္းထားရတယ္ .. ဒီတစ္ႀကိမ္မွာ သူ႕စိတ္အလိုတိုင္းသာ ဒီလူေတြကိုရွင္းျပစ္လိုက္ရင္ သူ႕အေဖကသတိထားမိသြားၿပီး ေတာက္ေလွ်ာက္လိုက္ၿပီး ေစာင့္ၾကည့္ခံရေတာ့မွာ .. Demon အတြက္ အဲ့လိုေစာင့္ၾကည့္ခံရတာဟာ ကိစၥမရွိေပမယ့္ ကိုကို နဲ႕ ေနတဲ့အခ်ိန္မွာ Demon အတတ္နိုင္ဆုံးစိတ္ကိုခ်ဳပ္ထိန္းရမည္ ။

Demon အိတ္ကပ္ထဲက ဖုန္းကိုထုတ္ၿပီး သူ႕ဘဝရဲ႕အမုန္းဆုံးလူကိုေခၚလိုက္သည္ ။

" Hello "

" ခင္ဗ်ား ကြၽန္ေတာ့္ေနာက္ကိုေခြးေတြလြတ္ထားတာေပ်ာ္စရာေကာင္းလား Mr'Weston "

" မင္းရိုင္းလွခ်ည္လား .. "

" Sorry ပဲ က်ဳပ္ကဆုံးမ မယ့္သူမရွိလို႔ ဒီလိုပဲ ရိုင္းစိုင္းတယ္ .. ခင္ဗ်ားလူေတြကိုမထိုခိုက္ေစခ်င္ရင္ က်ဳပ္ေနာက္ကိုထပ္မလိုက္ခိုင္းနဲ႕ မဟုတ္ရင္ က်ဳပ္ ခင္ဗ်ားမ်က္ႏွာေထာက္ေနမွာမဟုတ္ဘူး .. "

" မင္းလုပ္ရဲလား .. ! ငါေမြးလို႔လူျဖစ္လာတဲ့ေကာင္က ငါ့ကိုၿခိန္းေျခာက္ေနတယ္ေပါ့ေလ "

" ခင္ဗ်ားေမြးလို႔ လူျဖစ္လာလို႔ က်ဳပ္ကိုယ့္ကိုကိုယ္ပိုၿပီးမုန္းတီးတာ .. "

" ေက်းဇူးကန္းတဲ့ေကာင္ မင္းလိုေကာင္မ်ိဳးက မေမြးလာသင့္တဲ့ေကာင္မ်ိဳး ... ငါ့အမိန့္တစ္ခ်က္ေပးလိုက္တာနဲ႕ မင္းဘာျဖစ္သြားမယ္ထင္လဲ ဟမ္!"

Demon သူ႕အေဖရဲ႕ ရက္စက္တဲ့စကားေၾကာင့္ ရင္ထဲမွာနာက်င္သြားရေပမယ့္ အံကိုတင္းတင္းႀကိတ္ကာ ...

" ခင္ဗ်ားအမိန့္ေတြ က်ဳပ္စိတ္မဝင္စားဘူး က်ဳပ္ေနာက္ကိုသာ ေနာက္ထပ္ေခြးေတြထပ္မလြတ္နဲ႕ က်ဳပ္သည္းမခံနိုင္တဲ့တေန႕ အကုန္ရိုက္သတ္ျပစ္မိလိမ့္မယ္ "

" ဘာကြ !! မင္း ...... !"

တီ ..

ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားတဲ့ Demon ေၾကာင့္ Mr'Weston ေဒါသေတြေပါက္ကြဲကာ ေသြးတတ္ေနရသည္ ။

သို႔ေသာ္ Demon ဟာ သူနဲ႕ပက္သတ္ၿပီး သူ႕လူေတြကိုထိခိုက္ေအာင္လုပ္ဖို႔အတြက္ လက္တြန့္ေနမယ့္သူတစ္ေယာက္မဟုတ္တာမို႔ San ကို ခ်က္ခ်င္းဆက္သြယ္ကာ သူ႕လူေတြကို ျပန္ေခၚလိုက္ရသည္ ။

* ေသာက္အသုံးမက်တဲ့သားမိုက္ *

Demon ဟာ သူ႕အေဖေၾကာင့္ေဒါသေတြေပါက္ကြဲကာ လမ္းေဘးတစ္ေနရာအုပ္ခုံကိုလက္သီးနဲ႕တစ္ခ်က္ထိုးခ်လိဳက္သည္ ။ Demon လက္သီးေၾကာင့္သာ အုပ္ခုံအက္ကြဲသြားေပမယ့္ လက္ကေတာ့ အေကာင္းတိုင္းရွိေနၿမဲ ။

" ေတာက္ !! "

ေနာက္ေယာင္ခံလိုက္တဲ့ကားႏွစ္စီးလုံး ကို ျပန္ေခၚလိုက္တာေၾကာင့္ထင္တယ္ ခ်က္ခ်င္းျပန္လွည့္သြားၾကသည္ ။

Demon ဟာ သူ႕အေဖနဲ႕ပက္သတ္ရင္နာက်ဥ္းခ်က္မ်ားတဲ့လူတစ္ေယာက္မို႔ သူ႕အေဖေျပာတဲ့ စကားေတြဟာ သူ႕အတြက္ေတာ့ မုန္းတီးစိတ္ေတြပိုမ်ားလာၿပီး ေဒါသမထိန္းနိုင္တာေတြပဲ ျဖစ္လာရသည္ ။

စိတ္ထြက္ေပါက္အေနနဲ႕ ဆိုက္ကယ္ကိုအရွိန္ကုန္တင္၍တိတ္ဆိတ္တဲ့တေနရာမွာရပ္၍ ေဆးလိပ္ေသာက္ကာ အေတြးေတြလြန္ေနေတာ့သည္ ။

* ကြၽန္ေတာ္က အစကတည္းက မေမြးဖြားလာသင့္တဲ့လူတစ္ေယာက္လား ေမေမ *

နာက်င္တယ္ .. ခႏၵာကိုယ္အစိတ္အပိုင္းေတြအကုန္ဓားနဲ႕အထိုးခံလိုက္ရတဲ့အတိုင္းပဲ နာက်င္တယ္ .. ။

Demon စိတ္ညစ္ညစ္နဲ႕ ဒီညမူးကြဲေနေအာင္ေသာက္ျပစ္ခ်င္တာပဲသိတယ္ .. အဲ့တာေၾကာင့္ Demon က သူ႕သူငယ္ခ်င္းေတြဆီဖုန္းေခၚၿပီး သူ႕ကို Club မွာ ေစာင့္ေနေစၿပီး ... Club ကို ဦးတည္ၿပီးေမာင္းသြားလိုက္သည္ ။

* ဒီေန႕တစ္ရက္ေတာ့ ကြၽန္ေတာ္လူမွန္းသူမွန္းမသိတဲ့အထိမူးပါရေစကိုကို *
______________________________________________________

ရွင္ေလးတို႔ Demon ႀကီးျပန္လာပါၿပီရွင္😍

#VOTE - Cm ေပးခဲ့ရမယ္ေနာ္😘
#September - 22 - 2020
#Moewathan.... 💜

______________________________________________________

Continue Reading

You'll Also Like

3K 159 17
แ€แ€ซแ€žแ€”แ€ฌแ€กแ€›โ€Œ แ€•แ€‘แ€™แ€†แ€ถแ€ฏแ€ธแ€ฑแ€›แ€ธแ€žแ€ฌแ€ธแ€ปแ€แ€„แ€นแ€ธแ€™แ€ญแ€ฏแ‚” แ€กแ€™แ€ฝแ€ฌแ€ธแ€•แ€ซแ€แ€ฒแ€ทแ€›แ€„แ€นแ‚€แ€€แ€ญแ€ณแ€แ€„แ€นโ€Œแ€ฑแ€แ€ฌแ€„แ€นแ€ธแ€•แ€”แ€นแ€•แ€ซแ€›แ€ฑแ€… ๐Ÿ› แ€žแ€ฐแพแ€€แ€™แ€นแ€ธแ€€แ€ญแ€ฏแ€šแ€นแพแ€€แ€™แ€นแ€ธแ€ฑแ€œแ€ธแ€ฑแ€›แ€ธแ€™แ€ฝแ€ฌแ€•แ€ซ แ€ฑแ€แ€ผแ€ธแ€…แ€ฌแ€ฑแ€แ€ผแ€œแ€ฒแ€กแ€™แ€บแ€ฌแ€ธแ‚€แ€€แ€ฎแ€ธแ€…แ€ฌแ€ธแ€›แ€™แ€ฝแ€ฌแ€•แ€ซ แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€แ€ฑแ€แ€ผแ€ธแ€ฑแ€žแ€ผแ€ธแ€ฑ...
5.3K 478 8
แ€€แ€ญแ€ฏแ€šแ€บแ€ทแ€›แ€ฒแ€ท One shot แ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€’แ€ฎแ€™แ€พแ€ฌ แ€…แ€ฏแ€…แ€Šแ€บแ€ธแ€•แ€ผแ€ฎแ€ธ แ€แ€„แ€บแ€•แ€ฑแ€ธแ€žแ€ฝแ€ฌแ€ธแ€™แ€พแ€ฌแ€•แ€ซแ‹
1.1M 47K 59
แ€„แ€ซแ€œแ€ฌแ€ธ.... แ€…แ€ญแ€แ€บแ€แ€ป...... แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€›แ€ฑแ€ฌแ€€แ€บแ€›แ€„แ€บแ€œแ€Šแ€บแ€ธ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€•แ€ฒ แ€แ€ปแ€…แ€บแ€”แ€ฑแ€กแ€ฏแ€ถแ€ธแ€™แ€พแ€ฌ.......... แ€žแ€ฏแ€”แ€ฑแ€แ€„แ€บแ€‘แ€ฝแ€‹แ€บ แ€€แ€™แ€นแ€˜แ€ฌแ€•แ€ปแ€€แ€บแ€žแ€œแ€ญแ€ฏ แ€œแ€ฑแ€•แ€ผแ€„แ€บแ€ธแ€™แ€ญแ€ฏแ€ธแ€žแ€ถแ€แ€ฝแ€ฑแ€‘...
153K 19.8K 29
แ€žแ€„แ€บแ€นแ€แ€ปแ€ญแ€ฏแ€„แ€บแ€ธแ€™แ€ผแ€ฑแŒ แ€•แ€ฑแ€ซแ€€แ€บแ€›แ€ฑแ€ฌแ€€แ€บแ€”แ€ฑแ€žแ€Šแ€ทแ€บ แ€แ€ฑแ€ซแ€„แ€บแ€›แ€™แ€บแ€ธแ€•แ€„แ€บแ€™แ€พ แ€แ€ฑแ€ซแ€„แ€บแ€›แ€™แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€แ€…แ€บแ€•แ€ฝแ€„แ€ทแ€บแ€แ€ฝแ€„แ€บ แ€™แ€พแ€ฎแ€แ€ญแ€ฏแ€”แ€ฑแ€‘แ€ญแ€ฏแ€„แ€บแ€”แ€ฑแ€žแ€ฑแ€ฌ แ€กแ€–แ€ฑแ€ฌแ€บแ€™แ€ฒแ€ท แ€แ€ญแ€Šแ€ฌแ€‰แ€บแ€œแ€ฑแ€ธแ€แ€…แ€บแ€แ€ฏ... แ€‘แ€ญแ€ฏแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€แ€ฐแ€ธแ แ€กแ€ญแ€™แ€บแ€žแ€ญแ€ฏ...