ကျွန်တော်ကုတင်ပေါ်မှာ ထိုင်ပြီးအလုပ်လုပ်နေရင်း...ဘေးကအသေးလေးကတော့ အနောက်ကိုမှီပြီး TVကြည့်နေတယ်..။ မနက်စာစားပြီးထဲက ထိုင်ကြည့်နေတာ..အခုချိန်ထိပဲ..။ တော်သေးတာပေါ့..အခုချိန်မလန့်သေးလို့..ကျွန်တော့်ကိုလည်း သူဘာမှမဖြစ်ခဲ့အတိုင်း..အရင်တိုင်းပဲစကားပြန်ပြောတယ်...။
ဟင်း...ညကတော့..တရေးနိုးကြီး ထယောင်ပြီး ငိုလို့ ကျွန်တော့်မှာ ထချော့ရသေးတယ်..။ တရေနိုးကြီးထငိုတော့..ကျွန်တော့်မှာ တခြားအခန်းထဲလူတွေကို အားနာလို့...အငိုတိတ်အောင် ချော့တာချော့လို့ကိုမရဘူး..။ မရတဲ့အဆုံး အသေးလေးခန္ဓာကိုယ်လေးကိုချီလိုက်ကာ..အသေးလေးခြေထောက်၂ဖက်ကိုကျွန်တော့်ခါးတွင် ခွချိတ်ထားစေပြီး...ကလေးချော့သလို့ ကျောလေးကိုပုတ်ပြီး ချော့သိပ်လိုက်မှ...ရှိုက်ရင်းနဲ့ အိပ်ပျော်သွားတယ်..။
မနက်ရောက်လာတော့...ညကငိုခဲ့တာ သူမဟုတ်တဲ့အတိုင်း...ရေထချိုးပြီး ကျွန်တော်နဲ့အတူ မနက်စာစားပြီး...TVကြည့်နေတယ်..။ TVကြည့်နေရင်းနဲ့လည်း..ဇာတ်ကားထဲက မင်းသမီးမင်းသားတွေအကြောင်း..အလုပ်လုပ်နေတဲ့ကျွန်တော့်ကိုပြောပြတတ်သေးတယ်..။
"တင်!..တင်!..." ဆိုပြီး မက်ဆေ့ခ်ျပို့သံကြားရလို့လှည့်ကြည့်လိုက်တော့..အသေးလေးဖုန်းဆီက...
အသေးလေးက..ဖုန်းကိုကြည့်ပြီး လှုပ်လှုပ်ရွရွဖြစ်နေတယ်...။ ကြည့်ရတာစာပြန်ပို့နေတာထင်တယ်..။ ကျွန်တော်လည်း..ဘာမှမပြောဘဲ အလုပ်လုပ်ချင်ယောင်ဆောင်နေလိုက်တယ်..။ ဘေးကအသေးလေးကတော့ လှုပ်စိလှုပ်စိနဲ့ TVမကြည့်ဘဲ ဖုန်းကိုသဲကြီးမဲကြီးကြည့်နေတယ်...။
ခနကြာတော့..အသေးလေးက ဖုန်းကြည့်နေရာမှ..ကျွန်တော့်ဘက်ကိုလှည့်ပြီး ကြည့်လာတယ်..။ ကျွန်တော်လည်း သူကြည့်နေတာကို သိပေမဲ့..မသိချင်ယောင်ဆောင်နေလိုက်တယ်..။
"ကိုဘုန်း..."
"အင်း..."
"ကိုဘုန်း..."
"အင်း..."
"ကိုဘုန်းလို့..."
"ဟင်း...ဘာပြောမလို့လဲ?..အသေးလေး..."
"ဟို...ရေမကူးချင်ဘူးလားဟင်.."
"မကူးချင်ပါဘူး...ကိုယ် ရေချိုခန်းထဲမှာပဲ ချိုးလိုက်မယ်.."
"ဟွန့်...ကိုမင်းမြတ်တို့က hotelက ရေကူးကန်မှာ..ရေကူးမလို့တဲ့..
ကိုဘုန်းကိုလာကူးပါလားတဲ့..."
အသေးလေးပြောပုံအရ..ခုနက အသေးလေးနဲ့စာပို့နေတာ..မင်းမြတ်ကို..တော်သေးတာပေါ့..အခြားလူဖြ၀်နေမှာစိုလို့း...
"ကိုယ်မလာတော့ဘူးလို့ပြောလိုက်.."
"ဟာ...ကိုဘုန်းကလည်း...
ကမ်းခြေလာပြီး..ရေမကူးတာတော့မဟုတ်ပါဘူး...
ပြီးတော့..ကျွန်တော်သွားချင်တယ်..ကိုမင်းမြတ်တို့ဆီ..."
"ဘာသွားလုပ်မှာလဲ?..."
"ရေသွားကူးမလို့..အယ်.."
"ဟင်း...အသေးလေး..မနေ့ကလေးတင် ရေနစ်ထားတာနော်..မဆိုးစမ်းနဲ့..."
"ဟွန့်...အဲ့တာက မနေ့ကလေ..
ကိုဘုန်းမပါလို့ အဲ့လိုဖြစ်တာပါ...
ကိုဘုန်းသာပါရင် ဖြစ်မှာမဟုတ်ဘူး...
နော်...နော်လို့...သွားရအောင်နော်လို့.."ဆိုပြီး ကျွန်တော့်လက်ကိုလှုပ်ပြီးပြောလာတဲ့အသေးလေး
ချုပ်စမ်း..အသေးလေးနော်...ကိုယ့်ကို မင်းအလိုလိုက်မိအောင် မပြောစမ်းပါနဲ့...
ဒီကလူက အချုပ်မခံချင်ရှာဘူးဆိုတော့..
"ပြောတော့...ရေထဲမဆင်းတော့ပါဘူးဆို..."
"အဲ့တာက..ဖြစ်ဖြစ်ချင်းမို့လို့ပါ..
ဖြစ်သွားတာကလည်း လေ့ကျင့်ခန်းမလုပ်ဘဲ ကူးလိုက်တော့...ကြွက်တက်သွားလို့ပါ...
ကျွန်တော်က ရေကူးတာအရမ်းကြိုက်တာ..
အဲ့တာကြောင့် ရောက်တုန်းရောက်ခိုက် ကူးချင်လို့ပါ...သွားရအောင်လေနော်...နော်လို့..."
"ဟင်း....ကိုယ်လိုက်ပို့ပေးမယ်..."
"တကယ်နော်..."
"ဒါပေမဲ့......
Give and take ဆိုတာရှိတယ်လေ..
ကိုယ်ကအသေးလေးကိုလိုက်ပို့ပေးရင်...အသေးလေးဘက်က ကိုယ့်ကိုတစ်ခုပြန်ပေးရမယ်.."
"ဟွန်း...ဘာပေးရမှာလဲ?.."ဆိုပြီး အသေးလေးကမေးလာတော့...အသေးလေးအနားကို ကပ်လိုက်ပြီး...
"ဒီည...ကိုယ်ညစာစားချင်တယ်.."
"ည..ညစာက ကျွန်တော်လည်း...စားမှာပဲလေ.."
"အဟင်း...ကိုယ်ဘာကိုပြောချင်လဲဆိုတာ အသေးလေးသိပါတယ်...ဟင်းဟင်း..." လို့ပြောလိုက်တော့...
"နှာဘူးကြီး..."ဆိုပြီး တိုးတိုးလေးပြောနေတဲ့အသေးလေး..
"ကိုယ့်ယောကျာ်းကိုဘာတွေပြောနေတာလဲ? အသေးလေး..."
"ဘာမှမဟုတ်ဘူး...
သွားမယ်လေ အဲ့တာဆို...
ဟိုမှာစောင့်နေကြပြီလားမသိဘူး..." ဆိုပြီး ထထွက်ဖို့လုပ်နေတဲ့အသေးလေးကို..လက်ကနေဆွဲချလိုက်တော့ ကျွန်တော့်အရှေ့ကိုကျကာ..ထိုင်ချမိသလို ဖြစ်သွားတယ်...။
"နေပါဦး...ဘာလို့လောနေတာလဲ?...
ကိုယ်ပြောထားတာကို မမေ့နဲ့နော်...
ညကျရင်တော့...ဟင်းဟင်း..." လို့ပြောလိုက်တော့..အသေးလေးနားရွက်လေးရဲသွားတာတွေ့ရတယ်..။ ကြည့်ရင်းနဲ့အသဲယားလာတာမို့..အသေးလေးကိုလည်တိုင်လေးကို စုပ်လိုက်ပြီးကိုက်လိုက်ကာ လွှတ်ပေးလိုက်တယ်...
"အ!..."
"အဲ့တာ ကိုယ့်ယောကျာ်းမှန်းသူများသိအောင်လို့..."
"ဟွန့်..."
"ထ...သွားမယ်..." လိုပြောပြီး..အသေးလေးလက်ကိုကိုင်ကာ..hotelကရေကူးကန်ဆီသို့ ထွက်လာခဲ့တယ်..။
......................
ရေကူးကန်ရောက်တော့...မင်းမြတ်ရောမသီတာရောကျွန်တော်တို့ကိုလာခေါ်တယ်...။ ၂ယောက်လုံးက..မနေ့ကအသေးလေးရေနစ်တာအတွက်...သူတို့ကြောင့်ပါဆိုပြီး တောင်းပန်ကြတယ်...။ ကျွန်တော်လည်း ရပါတယ်လို့ပြောလိုက်ရော...ကျွန်တော့်ကိုတောင်မခေါ်ဘဲ အကုန်လုံးအင်္ကျီတွေချွတ်ကာ ရေထဲဆင်းသွားကြတယ်..။ ရှိစေတော့....
ဘေးနားကကောင်လေးတွေရောကောင်မလေးတွေရော..အသေးလေးတို့အုပ်စုကိုကြည့်နေကြတယ်..။ ဖြူဖွေးနေတဲ့ရင်ဘက်ကို ပြထားတာ....ပြစ်မှားချင်စရာပဲ...တော်တော်သဘောနေတယ်...ဒီအသေးလေးကတော့..
ကျွန်တော်လည်း...အင်္ကျီအမြန်ချွတ်လိုက်ပြီး..ရေထဲအမြန်ထဲဆင်းလိုက်ကာ...အသေးလေးရဲ့ဘေးနားကို ကူးသွားလိုက်ပြီး...သူနားမှာရပ်နေလိုက်တယ်...။ ဘာမှမသိတဲ့အသေးလေးကတော့...ပျော်ပျော်ရွှင်ရွှင်နဲ့ရေကူးနေတယ်...။
အခုချိန်...ကျွန်တော့်ဆီမှာ ကိုယ့်ယောက်ျားကိုစိတ်မချဖြစ်နေရတဲ့ရောဂါ စွဲကပ်နေတယ်...။ ကုလို့ရတဲ့ဆေးရှိမယ်မထင်ဘူး...ဟူး.......
...................
ညရောက်တော့...မင်းမြတ်တို့နဲ့အတူ ညစာစားပြီးတဲ့အချိန်ထဲက...အခန်းထဲကိုအရင်ပြန်နှင့်မယ်ဆိုပြီး...ပြန်သွားတာ...ကျွန်တော်လည်း အခန်းထဲရောက်တော့...စောင်ခြုံ ပြီးအိပ်နေတဲ့အသေးလေးကို တွေ့ရတယ်...။ တနည်းအားဖြင့်အိပ်ချင်ယောင်ဆောင်နေတဲ့အသေးလေး..
ထွန်းတောက်ဘုန်းကို ဒီလိုလာလုပ်လို့ဘယ်ရမလဲ?...
အိပ်ချင်ယောင်ဆောင်နေတဲ့အသေးလေးရဲ့စောင်ကိုဖယ်လိုက်တော့..မျက်လုံးမှိတ်ထားရာမှ မျက်ခွံလေးလှုပ်နေတာကိုတွေ့ရတယ်...။
"အဟက်...အသေးလေး..
အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့...
မထရင်တော့...အသေးလေးက ကိုယ့်ကတိကိုမတည်တဲ့လူပဲ..." လို့ ပြောလိုက်တော့..
"ဘယ်မှာမတည်လို့လဲ?..."ဆိုပြီး အိပ်ချင်ယောင်ဆောင်နေရာကနေ ထလာတဲ့အသေးလေး..
"ဟား...ဟား...ကိုယ်ကအိပ်ချင်ယောင်ဆောင်နေတယ်ထင်တာ..."
"အိပ်ချင်ယောင်ဆောင်တာမဟုတ်ပါဘူးနော်...
ခန...ခနအိပ်ပျော်သွားတာ..."
"ဟား...ဟား....ဟုတ်ပါပြီ...
ကိုယ်ဘာမှမပြောတော့ဘူးနော်...
အဲ့တာဆို...ကိုယ်စရတော့မလား..." လို့ပြောလိုက်တော့..
"ဘာတွေလာပြောနေမှန်းမသိဘူး.." ဆိုပြီး ကုတင်ပေါ်ဘေးတစောင်းပြန်လှဲဖို့လုပ်နေတဲ့အသေးလေးကို..လှဲချလိုက်ပြီး အပေါ်ကအုံ့မိုးလိုက်ကာ...အသေးလေးရဲ့စူထော်ပြီး ကျွန်တော့်ကိုပြန်ပြန်ပြောနေတဲ့နှုတ်ခမ်းလေးကို နမ်းလိူက်တယ်..။
နှုတ်ခမ်းလေးကို နမ်းပြ်ီးတော့..အသေးလေးရဲ့အင်္ကျီကို ချွတ်ပေးလိုက်ကာ...လည်တိုင် ရင်ညွှန်းရိုးတစ်လျှောက်က်စုပ်ပြီး ကိုက်လိုက်တော့
"အ!.." ဆိုပြီး အသေးလေးရဲ့ညီးသံတွေထွက်လာတယ်..။
အသေးလေးနာကျင်မှာကိုသိပေမဲ့...ကိုယ်အတတ်နိုင်ဆုံးညင်သာပေးမှာမို့..ကိုယ်ခေါ်ဆောင်ရာအချစ်ခရီးလမ်းကို ရဲရဲကြီးလိုက်ခဲ့ပေးဖို့..အသေးလေးကိုတောင်းဆိုရင်း...ကိုယ်တစ်ယောက်တည်းသာ ပိုင်ဆိုင်ထားတဲ့ အချစ်နယ်မြေ ကျူးကျော်မိလိုက်တယ်...