*စာရှည်ပါတယ်နော်။ ဘေးမှာကော်ဖီလေးတခွက်ချပြီးဖတ်ပါ :*"
ဟဲလို။ သက်တန့်ရောင်ပါ။ တန့်တန့်ပါ။ AFFECTION-နှောင်ကြိုးကို အပြီးသတ်ရေးနိုင်ခဲ့ပြီမို့ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဒီကနေ နူတ်ခွန်းဆက်သလိုက်ပါတယ်။ ကျေးဇူးတင်လွှာဆိုတော့ ကျေးဇူးလည်းတင်ရပါမယ်။ Page ထိ Review သွားတင်ပေးတဲ့သူတွေရော၊ Facebook ပေါ်တက်ပြီး Promotion ကူဆင်းပေးတဲ့သူတွေရော၊ ဒီတလျှောက်တန့်နဲ့တူတူ လိုက်ပါလာခဲ့တဲ့ ဒီစာဖတ်သူအပေါင်းတို့ Silent Reader လည်းမချန်၊ မန့်ပေါင်းတသောင်းနဲ့ ၀က်ဝက်ကွဲဝုန်းတဲ့ သူတွေလည်း အပါအ၀င် အားလုံးကိုကျေးဇူးတင်ရှိပါတယ်။ ဇာတ်သိမ်းပိုင်းကို ကျေနပ်သူ မကျေနပ်သူ သူတော်ကောင်း အပေါင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ><
မနေ့ကတည်းက ကျေးဇူးတင်လွှာကို တခါတည်း ဆက်တိုက်မတင်ခဲ့ရတဲ့ အကြောင်းရင်းက ဇာတ်သိမ်းပိုင်းမှာ စာဖတ်တဲ့ကလေးတွေ တုံ့ပြန်တာကို နည်းနည်းစောင့်ကြည့်ချင်လို့ပါ။ အခုတော့ ကြည့်လည်းကြည့်ပြီး၊ အဝေဖန်လည်း ခံရပြီး၊ အကောလည်း ခံရပြီးဆိုတော့ စပြီးပြောပါတော့မယ်။
ဇာတ်လမ်းတပုဒ်ပြီးသွားတဲ့အချိန် စိတ်က ထုံးစံအတိုင်း နှစ်ခွပါ။ ပထမတစ်ခုကတော့ ပြီးသွားပြီဆိုပြီး ဒုံးဒုံးချလိုက်နိုင်တဲ့ ပေါ့ပါးပျော်ရွှင်မူပါ။ တဆက်တည်းမှာဘဲ ငါရေးလိုက်တဲ့ဒီFictionတပုဒ်က တကယ်ရော စာဖတ်သူတွေအချိန်ပေးဖတ်ခဲ့ရလောက်အောင် တန်ခဲ့ရဲ့လား။ စာဖတ်တဲ့ကလေးတွေကို ရသတစ်ခုခုကိုများ လုံလောက်အောင်ပေးနိုင်ခဲ့ရလား ဆိုပြီး စိတ်ကနှစ်ခွနဲ့ ပျော်သလိုလို ၀မ်းနည်းသလိုလိုဖြစ်နေတဲ့ကာလပါဘဲ။
အရင်ဆုံးပြောရရင်တော့ AFFECTION-နှောင်ကြိုးဆိုပြီး စဖြစ်လာတဲ့ ကာလကို ပြန်ပြောပြချင်ပါတယ်။ မှတ်မှတ်ရရ မေလနောက်ဆုံးအပတ်ပါ။ Robot ကိုဆက်ရေးနေပေမယ့်လည်း ဖတ်တဲ့သူနည်းပြီး အကြီးအကျယ် ဖလုတ်( Flop)နေတဲ့ကာလပါ။ T_T ဗီလိန်နာမည်ကိုလည်း ဆက်စဉ်းစားမရတော့တာနဲ့ဘဲ စိတ်ကတောင်တွေးမြောက်တွေးနဲ့ တခြားဇာတ်လမ်းတွေ လျှောက်တွေးမိပါတော့တယ်။ အဲ့တာနဲ့ ကလေးမလေးတစ်ယောက်နဲ့ စကားပြောဖြစ်နေရင်း မမရဲ့ နောက်ထပ် Fiction ဘယ်လိုပုံစံဖတ်ချင်သလဲလို့ မေးမိပါတော့တယ်။
(၁) သူက သူငယ်ချင်းဇာတ်ဖတ်ချင်ပါတယ်လို့ ပြောပါတယ်။ တန့်လည်း စဉ်းစားကြည့်လိုက်မိတော့ သူငယ်ချင်းဇာတ်ကနေမှ တဆင့်ချင်းတက်လာတာမျိုးက တန့်မရေးဖြစ်သေးပါဘူး။
(၂) ပြီးတော့ တန့်ရဲ့စိတ်ထဲမှာ အမြစ်တွယ်နေတဲ့၊ ဘယ်လိုပြောရမလဲ အာသီသ ပြင်းပြနေတဲ့ အရာတစ်ခုရှိနေပါတယ်။ အဲ့တာဟာ တန့်ရေးတဲ့စာမှာ LGBT တွေရဲ့နာကျင်မူကိုပါ ဖော်ပြချင်တာမျိုးပါ။
(၃) ထပ်ပြီးတော့ တန့်ကို ဒရာမာရေးပါလားလို့ လာမြှောက်ပေးတဲ့သူကလည်း ရှိနေပါတယ်။အရင်က တန့်က Pure Romance ,Pure Comedy တွေဘဲရေးတာများတယ်ဆိုတာ တန့်စာကိုအရင်ကတည်းက ဖတ်တဲ့သူတွေသိပါတယ်။
အဲ့လို အချက်တွေပေါင်းစုံပြီး AFFECTION-နှောင်ကြိုးဆိုပြီး စဖြစ်လာပါတော့တယ်။
မှတ်မှတ်ရရ Character တွေ နာမည်တွေ စဉ်းစားပြီး ဇာတ်စတည်တာက မေလ ၂၉ရက်ပါ။ စပြီးရေးတဲ့အချိန်မှာ အစကနေ အဆုံးထိ AFFECTION-နှောင်ကြိုးဟာ အပိုင်းသုံးဆယ်ပတ်ဝန်းကျင်ဘဲရှိပါတယ်။ ဘာလို့ဆို ထက်မာန်ဦးတစ်ယောက်တည်းရဲ့ Point of View ကနေ ရေးသွားတာကြောင့်ပါ။ ဆရာမင်းလူရဲ့ ချစ်ရသော ပန်းကလေးမှာလား အချစ်ပန်းကလေးမှာလား ပြောခဲ့တဲ့ စကားတခွန်းလို စာရေးသူတွေဟာ သူတို့ကိုင်တွယ်လို့ လွယ်မယ့် ဇာတ်ကောင်ကိုဘဲ ဇာတ်လိုက်အဖြစ် ရွေးချယ်ပါတယ်တဲ့။ ဒီလိုနဲ့ဘဲ ထက်မာန်ဦးက ဒီတဇာတ်လုံးရဲ့ အဓိကဇာတ်လိုက်ဖြစ်လာပါတော့တယ်။ အဲ့တုန်းက ထက်မာန်ဦးက ကိုင်တွယ်လို့ လွယ်တယ် မလွယ်ဘူးဆိုတာထက် ထက်မာန်ဦးကလွဲရင် ကျန်တဲ့ဇာတ်ကောင်တွေကို တန့်ဘယ်လိုမှ နားမလည်နိုင်ခဲ့တာပါ။
သူ့သူငယ်ချင်းကို ကာကွယ်မယ်၊ သူ့သူငယ်ချင်းနားမှာရှိမယ်၊ သူ့သူငယ်ချင်းဘာဖြစ်ဖြစ် လက်ခံတယ်ဆိုတဲ့ ရိုးရှင်းတဲ့ထက်မာန်ဦးကိုဘဲ တန့်ကသေချာနားလည်နိုင်ခဲ့ပါတယ်။ ဇာတ်အချောကိုရေးမှသာ တခြားကာရိုက်တာတွေကို တန့်က တဖြည်းဖြည်း သိလာတာပါ။
ဇာတ်အကြမ်းတစ်ခုလုံးချချိန်ဟာ တစ်လကျော်ကြာခဲ့ပြီး တန့်က သူတို့ရဲ့လူကြီးဘ၀ကို အရင်ရေးခဲ့ပါတယ်။ ဆိုလိုချင်တာက ထက်မာန်ဦးနဲ့ ဝေလွှမ်းတို့ ပြန်တွေ့တဲ့ ကိုးနှစ်ကြာပြီးနောက်ဆိုတဲ့အချိန်ကြီးကို တန့်ကအရင်ဆုံးစရေးခဲ့တာပါ။ ဘာလို့ဆို ကလေးဘ၀က ပိုခက်တဲ့အတွက်ကြောင့် နောက်မှ ရေးခဲ့ရပါတယ်။ အဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကလေးဘ၀မရေးခင်မှာကို ဇာတ်သိမ်းကရှိနှင့်ပြီးနေပါပြီ။
ဇာတ်လမ်းအကြမ်းဟာ ကိုယ်လိုချင်သလို ပုံသွင်းထားခဲ့ပေမယ့်လည်း ဇာတ်အချောမှာတော့ ထုံးစံအတိုင်း တချို့ကာရိုက်တာတွေကို နင်တို့ဟာ နင်တို့ သွားချင်သလို သွားကြစမ်း ဆိုပြီး တန့်ခမျှာ အောင့်သီးအောင့်သက်နဲ့ လွှတ်ပေးရတော့တယ်။ အဲ့ဒီမှာ ၀မ်းမနာသားသမီးတွေက မြင်းဇောင်းက လွှတ်လိုက်တဲ့ မြင်းတွေလိုဘဲ ၀ုန်းဒိုင်းကြဲပြီး ပြေးထွက်သွားတော့တာဘဲ။ ဝေလွှမ်းအဆိုးဆုံးပါဘဲ။ ဝေလွှမ်းက တကယ်ကို အဆိုးဆုံးပါဘဲ။ ><
ဝေလွှမ်းအတွက် အပိုင်းတွေကို ဖြူတ်ချထားခဲ့ရာကနေ တန့်မှာ အကုန်ပြန်ထည့်ပေးရပါတော့တယ်။ အရင်က သူအိမ်မှာ ဖိနှိပ်ခံရတာတွေက ထက်မာန်ဦးကနေ ရိပ်ဖမ်းသံဖမ်းလောက်ဘဲ ပြောခဲ့တာမျိုးပါ။ အခုကျတော့ အဲ့တာတွေမှဖော်ထုတ်မပြရင် ညညဆို တန့်ကိုလည်ပင်းလာညှစ်နေသလိုဘဲ။ ပြီးတော့ ဝေလွှမ်းက ထက်မာန်ဦးနဲ့ ကိုးနှစ် ကွဲသွားတဲ့အချိန်မှာ ထက်မာန်ဦးကိုစိတ်နာသွားပါတယ်။ (မူရင်း Plotမှာပါ)။ မင်းဥာဏ်နဲ့ရော စိုင်းဝေယံနဲ့ရော ရှုပ်ပါတယ်။ ထက်မာန်ဦးကိုရင်ထဲမှာရှိပေမယ့် သူ့ကိုထားရစ်ခဲ့လေခြင်းဆိုပြီး စိတ်နာသွားတာမျိုးပါ။ ဒါပေမယ့် အခုကျတော့ ဖတ်ခဲ့တဲ့အတိုင်းပါဘဲ။ ထက်မာန်ဦးကို စိတ်နာခွင့်ကို ဝေလွှမ်းက တန့်ကို အခွင့်အရေးမပေးခဲ့ပါဘူး။ တန့်တန့်က သူ့ကို သိပ်လန်းတဲ့ သိပ်မိုက်တဲ့ သိပ်စွံတဲ့ စစ်ဆေးဗိုလ်ကြီး အဖြစ်ဖန်တီးပေးမလို့ပါ။ ဒါပေမယ့် ဒင်းက လက်နဲ့ရေး ခြေနဲ့ဖျတ်ခဲ့ပါတယ်။
ဝေလွှမ်း လုပ်သွားတာတွေ အဲ့တစ်ခုတည်းမဟုတ်ပါဘူး။ သူ့ကောင်းမူနဲ့ဘဲ အပိုင်းက၆၀ နီးပါးကပ်သွားရတာပါ။ စိုင်းဝေယံနဲ့ မင်းဥာဏ်ကတော့ အနည်းငယ်မျှ ပြောင်းသွားတဲ့တိုင် Side Character တွေမို့ ဇာတ်ကိုအရမ်းကြီးပြောင်းမသွားစေပါဘူး။ အဲ့တာမို့ ခံသာပါတယ်။ တောက်လျှောက် တန်တန့်လက်ထဲမှာ ငြိမ်ငြိမ်လေးနဲ့ နေပေးခဲ့တာဆိုလို့ သားအလိမ္မာ ထက်မာန်ဦးလေးဘဲ ရှိပါတယ်။ ဒါတောင် ထက်မာန်ဦးက ဝေလွှမ်းနဲ့တူတူနေပြီးနောက်မှ တချက်တချက် ထဖောက် ပါသေးတယ်။ (ငါကနင့်ကိုစောက်ရမ်းဖြောင့်ပေးထားတာလေ ငထက်ရာ >< =စို့နင့်ကြေကွဲနေသော ငိုသံကြီးနှင့်။)
ဇာတ်ကိုအကျဉ်းလောက်ပြောပြီးတော့ လာပါပြီ။ ဇာတ်သိမ်းပိုင်း..။
တခြားစာရေးသူတွေတော့ မပြောတတ်ပေမယ့် တန့်အတွက်တော့ ဇာတ်သိမ်းပိုင်းက စိတ်အဖိစီးဆုံးပါဘဲ။ ခေါင်းစဉ်နဲ့လည်း ကိုက်ရမယ်။ ဇာတ်လမ်းတစ်ခုလုံးအတွက်လည်း ခြုံငုံသုံးသပ်မိစေရမယ်။ အဓိကဆိုလိုရင်းကိုလည်း ပေးနိုင်ရမယ်။ Must ပေါင်းမြောက်မြားစွာနဲ့ တိုင်ပတ်နေတာ သိတဲ့အတိုင်းဘဲ။ အကြမ်းရေးပြီးသားရှိနေတာတောင် ဒီအပိုင်းမတင်ခင် ရက်တော်တော်တောင် ကြာသွားတယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီအပိုင်းက အများအခေါ် Sad Ending ပေါ့လေ။ SEပေါ့။ ဒဘာလို့လဲ။ Main Lead နှစ်ယောက်မညားဘူးလေ။ နောက်ဆုံးမှာ ဝေးသွားရတယ်လေ။ အရမ်းကိုအကျင့်ပုတ်တဲ့ သာသာကြီးက ခွဲပစ်လိုက်တယ်လေ။ ><
ဒါမှမဟုတ်လည်း OE ပေါ့လေ။ မရှင်းမရှင်းလုပ်သွားတယ်ပေါ့။
ဒါပေမယ့် တန့်အပွင့်လင်းဆုံးပြောရရင် ဒီဇာတ်သိမ်းက လုံးဝ OEမဟုတ်ပါဘူး။ တန့်ကဒီဇာတ်သိမ်းအတွက်ကို ဇာတ်သိမ်းမှာမှ ရှင်းထုတ်တာ မဟုတ်ဘဲ ဟိုးအစကတည်းက အရိပ်အမြွတ်တွေအများကြီး၊ အများကြီးပြခဲ့ပါတယ်။ အဲ့လိုမျိုး ဟိုးအရင်ကတည်းက ပြခဲ့တာဖြစ်လို့ တန့်အတွက်က ဒီဇာတ်သိမ်းကနေ သွေဖယ်ပြီး ရုန်းပစ်လိုက်ဖို့ဆိုတာ တအားခက်နေတာမို့ မလုပ်နိုင်ခဲ့ပါဘူး။
ဒီဇာတ်သိမ်းက HE (or) SE ပါဘဲ။
ဒီဇာတ်သိမ်းကို ရေးတော့ ဇာတ်ဟိုးအစကနေ အဆုံးထိ ပြန်ဖတ်တယ်။ ဖတ်ပြီးပြီဆို ဇာတ်သိမ်းကို စစဉ်းစားရပါပြီ။ ဒီနေရာမှာ ကိုယ့်စိတ်ကိုယ့်ခံစားချက် ကိုယ်ဖြစ်စေချင်တာထက် ဇာတ်ကောင်တွေရဲ့ နေရာမှာ ၀င်ပြီး စဉ်းစားခဲ့တယ်။ ငါသာ လွှမ်းဆို ဘာလုပ်မလဲ၊ ငါသာ မာန်ဆို ဘာလုပ်မလဲပေါ့။
ဇာတ်ရဲ့အဓိကအရေးကြီးတဲ့ တထောင့်တနေရာကနေ ပါဝင်ခဲ့တဲ့ ဒေါ်ခင်ဝေကို တန့်ကလုံးဝ ဖြတ်ချခဲ့လို့မရဘူး။ ထက်မာန်ဦးရဲ့ခေါင်းထဲကိုသေရာပါစွဲနေတဲ့ အတွေးတွေ ထည့်သွင်းပေးခဲ့တဲ့၊ ကလေးနှစ်ယောက်ကြားမှာ အဟန့်အတားတစ်ခုအနေနဲ့ ပါခဲ့တဲ့ ၊ ငါအသက်ရှိနေသရွေ့ငါ့သားဟာ ငါ့အရိပ်အောက်ကနေ မထွက်သွားရဘူးလို့ ကြိမ်းဝါးခဲ့တဲ့ အဲ့အမျိုးသမီးကို မေ့ထားလိုက်လို့မရခဲ့ဘူး။
တဆက်တည်းမှာဘဲ အမေအိပ်နေရင် နိုးမှာစိုးလို့ အခန်းနားလာရင်တောင် ခြေသံဖွဖွလေးနဲ့ ကပ်လာတတ်တဲ့၊ မဟာမြတ်မုနိဘုရားက မျက်နှာသစ်တော်ရေကို အမေအတွက် တခုတ်တရနဲ့သိမ်းလာပေးတဲ့၊ မန္တလေးကို သွားခါနီး မခွဲနိုင်ပါဘူးမေမေရဲ့ လို့ အသံသေးသေးလေးနဲ့ ပြောခဲ့တဲ့ ကလေးလေးကိုလည်း ပြန်မြင်ယောင်ခဲ့မိရင် ဘာလို့ ဒီဇာတ်ကဒီလိုသိမ်းရတယ်ဆိုတာ နားလည်ပါလိမ့်မယ်။
ဝေလွှမ်းက ထက်မာန်ဦးကို ဘာလို့ နားလည်ပေးလိုက်တယ်ဆိုတာကတော့ အထွေအထူးတောင် ပြောစရာမလိုတော့ပါဘူး။ ဝေလွှမ်းက ကိုယ့်ကိုယ်ကို ဆုံးရှုံးရမှာထက် မာန့်ကို ဆုံးရှုံးရမှာကို ပိုကြောက်ပါတယ်။ အဲ့တာထက်ကို မာန့်ကိုနာကျင်စေမိမှာကို ပိုလို့ကြောက်ပါတယ်။ လွှမ်းကအဲ့တာကို နောက်ဆုံးမှာ မာန့်ကိုဖွင့်ထုတ်ပြောခဲ့ပါတယ်။
တကယ်လို့များ ဒီဇာတ်သိမ်းကို စာဖတ်တဲ့ကလေးလေးတွေက SE နဲ့ OE လို့ယူဆကြရင်တော့ တန့်ကအရမ်းစိတ်မကောင်းဖြစ်ရပါလိမ့်မယ်။ အဲ့လိုယူဆကြရင် အရှေ့မှာ တန့်ရေးခဲ့တဲ့ ၅၆ပိုင်းလုံးက ဇာတ်ကောင်လေးတွေရဲ့ စိတ်၊့ဇာတ်ကောင်လေးတွေရဲ့ကာရိုက်တာတွေကို လုံလောက်အောင် တန့်ချမပြနိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါဆိုလည်း အဲ့တာဟာ တန့်ရဲ့လိုအပ်ချက်မို့ နောက် Fiction တွေမှာ သေချာဂရုစိုက်ပါ့မယ်။
"AFFECTION-နှောင်ကြိုး"ပါ။
AFFECTION ဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ တစိမ့်စိမ့်ချစ်လာတဲ့ နူးညံ့သိမ်မွေ့တဲ့ချစ်ခြင်းမေတ္တာပါ။ မေတ္တာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူကခိုင်မြဲပါတယ်။ LOVE လိုPassionate မဖြစ်ပေမယ့် ကြည်လင်တဲ့ မေတ္တာဓာတ်ကလေးပါ။ AFFECTION ကိုတန့်ကအဓိကပုံဖော်သွားချင်ခဲ့တာပါ။
အကျဉ်းချုပ်ပြောရရင် ဒီကလေးလေးတွေနဲ့ တူတူကြီးပြင်းလာတဲ့ခဲ့တဲ့ ဆယ့်တစ်နှစ်တာ ကာလပတ်လုံး (ဆယ်တန်းစတက်တဲ့ ၁၅နှစ်ကနေ နောက်ဆုံး ၂၆နှစ်ထိ)
လွှမ်းနဲ့ မာန်ရဲ့ကြားက ချစ်ခြင်းကိုများ ခံစားနိုင်ခဲ့မယ်ဆိုရင်၊
သူတို့နှစ်ယောက်ကို ချည်နှောင်ထားတဲ့်ကြိုးမျှင်မျှင်လေးကိုများ မြင်နိုင်ခဲ့မယ်ဆိုရင်၊
သေခြင်းတရားကတောင် မခွဲခွာနိုင်ခဲ့တဲ့ မေတ္တာအတိမ်အနက်ကိုများ နားလည်ခဲ့မယ်ဆိုရင်...
မိုင်ရာချီဝေးပြီး နှစ်ပေါင်းများစွာကြာခဲ့တာတောင် နွေးထွေးနေဆဲ သံယောဇဉ်ကိုများ သတိထားခဲ့မိရင်
သူတို့နှစ်ယောက်ကို ယုံကြည်ပေးခဲ့မယ်ဆိုရင်...
ဒီဇာတ်သိမ်းဟာ စာဖတ်သူတို့အတွက်ဖြစ်လာပါလိမ့်မယ်။
လွှမ်းနဲ့ မာန်တို့တူတူနေခဲ့တဲ့ အိမ်လေးရဲ့ ခြံထဲမှာ စိုက်ထားတဲ့ ဂန္ဓမာပန်းအဖြူရောင်တွေဟာ သစ္စာရှိခြင်းကို ကိုယ်စားပြုပါတယ်။ လွှမ်းဟာ အဲ့အိမ်လေးမှာ သူချစ်တဲ့ ဂန္ဓမာပန်းတွေနဲ့အတူ မာန့်ကိုစောင့်နေပါလိမ့်မယ်...။
*AFFECTION-နှောင်ကြိုးက No Extraပါ။*
အဲ့လိုပြောလို့ ကလေးတွေ သိပ်စိတ်ဆိုးမယ်ဆိုတာနားလည်ပေမယ့်လည်း မျှော်တလင့်လင့်နဲ့ စောင့်မခိုင်းနေရက်လို့ပါ။ T_T ဘာဘဲဖြစ်ဖြစ် ကလေးတွေဆီကနေ Review လေးလိုချင်ပါတယ်။ Facebook မှာ တောက်ပတဲ့ ပိုတေးတိုးကို Tag တွဲပြီး ရေးလို့ပြောလို့ရပါတယ်။ Page တွေမယ် တင်ပေးရင်လည်း ကျေးဇူးတင်မှာပါ။ ဇာတ်လမ်းတစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့ Reviewပေါ့လေ။ ကောချင်သပဆိုလည်း ထည့်ကောလို့ ရပါတယ်။ ဇာတ်သိမ်းမကျေနပ်လည်း တန့်ကဘာမှ ပြောခွင့်မရှိပါဘူး။ ရွှတ် T_T