" ကိုကို့ ရဲ့ ငယ် - 4 "
"ငယ် မုန့်စားတာမပြီးသေးဘူးလား "
"နေပါအုန်း ကိုကိုကလည်း "
"မရဘူး လာတော့ စာလုပ်ရမယ် "
"ဟွန့် လာမယ်လာမယ် "
ကုတင်ပေါ်မှာ မုန့်ထုပ်တွေကြားကနေ အချိုရည်ဘူးတစ်ဗူး ပါအောင်ယူလာပြီး ခြေဆောင့်လာနေတဲ့ Kyung Soo. Yeol ဘေးနားရောက်တဲ့ထိ နှုတ်ခမ်းစူနေတုန်း
"ငယ် "
"အွန်း "
"အဲဒါကုန်အောင်သောက်လိုက် "
"ဘာဖြစ်လို့လဲ ကိုကိုကလည်း "
မျက်လုံးကိုထောင့်ကပ်ပြီး ဂျိုကြည့်နဲ့မေးတဲ့ Kyung Soo ဘာရုပ်လေးမှန်းကိုမသိဘူး
"ပြီးရင်စာလုပ်ရမယ်လေ ငယ် ရဲ့ "
"ဒီနေ့ စာလုပ်စရာမရှိဘူး "
"ဘာလို့မရှိတာလဲ "
"ငယ် ကျောင်းမှာစာလုပ်ခဲ့တယ် "
"တကယ်လား ကိုကို့ ကိုမညာနဲ့ "
"တကယ် ကိုကို့ ကိုစိတ်ဆိုးပြီးတော့... "
"အော် ငယ် က ကိုကို့ ကိုစိတ်ဆိုးပြီး စာကိုအပြစ်ပုံချတယ်ဆိုပါတော့ "
"ဟုတ်တယ် "
"အဲဒါဆို နောက်ကျရင် ငယ့် ကိုစိတ်ဆိုးအောင်လုပ်ရတော့မယ်ထင်တယ် "
"လုပ်လေ မခေါ်ဘဲနေပစ်မှာ ဟွန့် "
Yeol ကိုမျက်စောင်းထိုးပြီး မုန့်စားနေတုန်း စိတ်ထဲရောက်လာတဲ့ စိုးရိမ်စိတ်တွေက တဖွားဖွား
^ကိုကို စိတ်ဆိုးအောင်လုပ်တာ အရေးမကြီးဘူး ပြန်မချော့ရင် ဘယ်လိုလုပ်မလဲ အဟင့် ငိုချင်လာပြီနော် ဒီပါးစပ်ကလည်း ဘာလို့ရောင်ပြီး ထွက်သွားလဲမသိဘူး ကိုကို ကလည်းဘာမှပြန်မပြောသေးဘူး တစ်ခုခုတော့ပြန်ပြောပါ ကိုကို ရယ်^
အတွေးတွေထဲမျောနေရင်း လက်ကတဖြည်းဖြည်းတုန်လာတော့တယ်
"ငယ် "
"ဟင်.. ဟင် "
အထစ်ထစ်အငေါ့ငေါ့နဲ့ထူးရင်း လှည့်ကြည့်လာတဲ့ Kyung Soo မျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးတွေ အဝိုင်းသားနဲ့
"ငယ် ကငိုတော့မလို့လား "
"မငိုပါဘူး အမှုန်.. ဟုတ်တယ် အမှုန်ဝင်သွားလို့ပါ "
"ကိုကို့ ကိုပြ ဒီဘက်လား "
Yeol. Kyung Soo မျက်နှာလေးကို ဖွဖွကိုင်ပြီး ဘယ်ဘက်မျက်လုံးနားကို လက်နဲ့ထိကြည့်တော့ တုပ်တုပ်မှမလှုပ်ငြိမ်နေတယ်
"ငယ် "
"ဟင်.. ရတယ် ကိုကို ငယ် အဆင်ပြေသွားပြီ "
Kyung Soo မျက်နှာကိုအမြန်လွှဲရင်း အကြည့်ကိုပါရှောင်လိုက်တယ်
^ဟူး... ကိုကိုကလည်း ဘယ်လိုတွေလာကြည့်နေတယ်မသိဘူး ကလိကလိတွေဖြစ်နေပြီ^
"အယ် ကိုကို "
"ပြောလေ ငယ် "
"ငယ် မုန့်စားပြီးမှပြန်နော် မား မုန့်အခွံတွေတွေ့ရင် အဆူခံရလိမ့်မယ်
ကိုကို ဒီမှာပဲနေရမှာနော် မားဆီကိုမသွားရဘူး "
"အင်းပါ ငယ် ရဲ့ "
"ဟုတ် "
^ဒီမုန့်ခွံလောက်က Doh Kyung Soo အတွက်ပါးပါးလေးပဲ တီလေးကိုလွှင့်ပစ်ပေးပါ လို့ပြောရတာ တစ်ခါနှစ်ခါမှ မကတော့တာ
မားတွေ့သွားရင်လည်း ဒီတစ်ခါနောက်ဆုံးပါပေါ့
ကိုကို့ နဲ့ခနဖြစ်ဖြစ် အတူရှိဖို့ ဒီလိုပဲကြံတတ်ရမယ်လေ တော်လိုက်တဲ့ငါလေး^
"ငယ် ဘာတွေပြုံးနေတာလဲ "
"ဟမ် "
Kyung Soo အတွေးလွန်ပြီး ပြုံးမိမှန်းတောင် မသိလိုက်ဘူး
^ကိုကို ကအဲ့လိုအသေးအမွှားကစ ဂရုစိုက်တတ်တာ ညီအကိုတွေလိုပေါ့^
"နေ့လည်ကအကြောင်း တွေးမိလို့ပါ
ဘာမဟုတ်ဘူး ကိုကို😁"
သွားဖြဲပြီးရယ်ပြနေတဲ့ Kyung Soo ကိုကြည့်ပြီး Yeol ပြုံးမိတယ်
ပြီးမှ စာကြည့်စားပွဲပေါ်က Kyung Soo ပုံလေးသို့
*************************
Suho အလုပ်လုပ်နေရင်း နားထဲရောက်လာတဲ့ အသံစူးစူးလေးက နှစ်ယောက်မရှိတဲ့ Kyung Soo အသံ
"မား ကိုကို ပြန်တော့မယ်တဲ့ "
"အင်း တစ်ယောက်တည်းပြန်လို့ အဆင်ပြေရဲ့လား Yeolလေး "
"ဟုတ် ရပါတယ် အန်တီ "
"ကိုကို ငယ် လိုက်ပို့မယ်လေ "
"တံခါးနားထိပဲလိုက်ပို့ ခြံထဲကိုမလိုက်နဲ့တော့ "
"ဟုတ် "
"အန်တီ ပြန်လိုက်ပါဦးမယ်ဗျ "
"အေး သားရေ "
Kyung Soo. Yeolကိုအိမ်ဝထိလိုက်ပို့ပြီး ရပ်ကြည့်နေလိုက်တယ်
Yeol အပြင်ရောက်တော့ အိမ်ထဲကအသံပိစိနဲ့ လှမ်းအော်နေတာ
"ကိုကို တာ့တာ "
"တာ့တာ ငယ် "
အပေါ်ထပ်က Yeol ရဲ့အခန်း မီးလင်းတော့မှ Kyung Soo. Suho အနားပြေးသွားတော့တယ်
Kyung Soo ထိုင်နေတဲ့ Suho ကိုဘေးကနေဖက်ထားရင်း ပုခုံးပေါ်မေးတင်ပြီး သံရှည်ဆွဲခေါ်လိုက်တယ်
"မား~ "
"သား ကလာချွဲနေတယ်ပေါ့ "
"မချွဲပါဘူး မားကလည်း သား ဒီတိုင်းလေးနေချင်လို့ဟာကို "
"ဟုတ်ပါပြီ မား အလုပ်လုပ်ရဦးမယ်လေ သား ရဲ့ "
"အဲ့အလုပ်က မပြီးနိုင်သေးဘူးလား "
နှုတ်ခမ်းစူပြီးချွဲနေတဲ့ အချွဲတုံးလေး Kyung Soo
"ဒါလေးလက်စသတ်ပြီးရင်ပြီးပြီ "
"ပြီးရော သား မားနဲ့လာအိပ်မလို့ "
"မား နဲ့လာအိပ်မလို့ "
"ဟုတ်တယ်လေ မားကလည်း "
"အသက်က ၁၆ ကျော်နေပြီလေ လူကြီးဖြစ်တော့မယ် မားနဲ့အိပ်ချင်တုန်းလား "
Suho. Kyung Soo ပါးဖောင်းလေးတစ်ဖက်ကိုဆွဲပြီး မေးလိုက်တော့ အပြစ်တင်သံလေးတွေ တစာစာ
"အွန်း မားက သားကိုမခေါ်ချင်ဘူးမဟုတ်လား ရပါတယ်ရပါတယ် "
ဖက်ထားတာကိုလွှတ် ဟိုဘက်လှည့်ပြီးကောက်နေပြန်ပါပြီ
"မား ကစတာလေ သား ရဲ့ "
"မစနဲ့ ဟွန့် "
"မား သားလေးကစိတ်ကောက်နေတာလား "
"မသိဘူးလေ "
"မားကစတာပါ သားရယ် လာ သွားရအောင် "
"ဟုတ် မား "
ဒီညတော့ Kyung Soo တစ်ယောက် မား Suho ကိုချွဲပြီးအတူအိပ်လိုက်တော့တယ်
*************************
Yeol အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ သိုးမွှေးထိုးနေတဲ့ Tao က
"သား ခနနေရင် သားအဖေက စာကြည့်ခန်းထဲလာခဲ့တဲ့ "
"ဟုတ် မေမေ"
Yeol. Tao ကိုပြန်ပြောလိုက်ပြီး Kris ရဲ့စာကြည့်ခန်းသို့သာ ဝင်သွားလိုက်သည်
"သား ဝင်လာလို့ရမလား ဖေဖေ"
"ဝင်ခဲ့ သား"
တံခါးကိုဖြည်းဖြည်းဖွင့်ပြီး ဝင်သွားတော့ စားပွဲပေါ်မှာ Laptop နဲ့အလုပ်လုပ်နေတဲ့ Kris
"သား ဟိုဘက်အိမ်က ပြန်လာတာလား"
Laptop မှအကြည့်မခွာဘဲမေးလာတဲ့ Kris
"ဟုတ် ဖေဖေ "
"ခနထိုင်နှင့် သား "
"ဟုတ် "
Yeol စာကြည့်ခန်းထဲက ဆိုဖာမှာဝင်ထိုင်လိုက်တယ်
စာကြည့်ခန်းဆိုပေမယ့် စားပွဲတစ်လုံးနဲ့ ဆိုဖာတစ်ခု ထားထားသေးတယ်
ခနကြာတော့ Yeol ဘေးကို Kris ရောက်လာတယ်
"သားစာမေးပွဲနီးပြီမဟုတ်လား"
"တစ်လခွဲလောက်တော့လိုပါသေးတယ် ဖေဖေ "
"သားကျောင်းပြီးရင် ဘာတက်မှာလဲ "
"ဆေးတက္ကသိုလ် တက်မယ်လို့တွေးထာားပါတယ် ဖေဖေ "
"သားကို Bussinessတက်စေချင်တာ ဒါပေမယ့် ဖေဖေ သား ဆန္ဒကိုလိုက်လျောလိုက်မယ် တစ်ချိန်ကျရင်တော့ ဖေဖေ့ဆန္ဒအတိုင်း သားလိုက်လျောနိုင်မယ်မဟုတ်လား "
"သားအတွက်ဖြစ်နိုင်ရင်ပေါ့ ဖေဖေ
သား သွားလို့ရပြီလား"
"ရပြီ သား"
Yeol ပုံမှန်နဲ့မတူဘဲ လေးလံနေတဲ့ခြေလှမ်းတွေနဲ့ ထွက်လာခဲ့တယ်
အခန်းထဲရောက်တော့ ဘာရယ်မဟုတ် ကုတင်ပေါ်မှာ ကန့်လန့်ဖြတ်ကြီးလှဲပြီး မှေးနေလိုက်တာနဲ့ သိစိတ်ရော မသိစိတ်ကိုပါ ဝင်ရောက်လာတဲ့ ငယ့် ရဲ့ပုံရိပ်လေးတစ်ချို့ ရယ်နေတာမှ မျက်လုံးလေးတွေတောင်မှိတ်နေရော
^ငယ့် ပုံရိပ်လေး မြင်ယောင်မိရင်တောင် ပြုံးနေမိပြီ ငယ်^
*************************
"ဟူးးးးးး ပျင်းလိုက်တာ ငါလေး အဆင်ပြေမနေဘူးနော် မားနဲ့လိုက်သွားရင်ကောင်းသား ခုတော့ "
Suho ကရုံးပိတ်ရက်မလို့ Martမှာလိုတာတွေ သွားဝယ်နေပြီး Lulu ကအိမ်သန့်ရှင်းရေးလုပ်နေတော့ Kyung Soo တစ်ယောက်တည်းပျင်းနေရော
ကျောင်းလည်းပိတ်တော့ Kyung Soo နဲ့ ကြောင်မလေး Titi ခြံထဲကဒန်းမှာ ထိုင်နေကြတယ်
(စိတ်ထဲပေါ်လာတဲ့နာမည်ပါ😆)
'ကိုကိုပေးတဲ့ မွေးနေ့လက်ဆောင်လေးတစ်ခုပေါ့ မှတ်မှတ်ရရ မနှစ်ကမွေးနေ့ကလေ'
"Titi လေး မပျင်းဘူးလား
အေးပေါ့လေ အိပ်လိုက် စားလိုက် တညောင်ညောင်အော်လိုက် ပွတ်သီးပွတ်သပ်လုပ်လိုက် နဲ့ အပူအပင်ကိုမရှိဘူး ပျင်းတယ်ဆိုတာဘာလဲတောင် သိမှာမဟုတ်ပါဘူး "
ဝမ်းလျားမှောက်ပြီး လက်ပေါ်မေးတင်နေတဲ့ Titiကို နားရွက်နောက်ဖွဖွလေးကုတ်ပေးရင်းနဲ့ Kyung Soo တတွတ်တွတ်ပြောနေတော့တယ်
"ငါ ပျင်းတယ်လို့ ကြားလား ဟင်
ကိုကို နဲ့လည်းမတွေ့ရဘူး ငါလေး အတော်သနားဖို့ကောင်းနေပါပြီ "
"သား ဘာတွေပြောနေတာလဲ "
နောက်ကနေ Lulu ရဲ့အသံကြားတာမလို့ Kyung Soo ပြန်ဖြေလိုက်တယ်
"ဘာမဟုတ်ပါဘူး တီလေးရဲ့ သား ပျင်းလို့လေ "
မျက်နှာလေးစူပုပ်ပြီး ကလေးလိုလုပ်နေတဲ့ Kyung Soo လေး
"တီလေး အလုပ်ပြီးသွားတာလားဟင် "
"ဟုတ်တယ် သား ဘာဖြစ်လို့လဲ "
"အဲဒါဆို သားနဲ့ ကာတွန်းတူတူကြည့်ရအောင် "
"ဟမ်~ "
"တီလေးကလည်း လာပါ နော် နော် "
Lulu လက်ကိုဆွဲပြီး ကလေးမုန့်တောင်းသလို ပူဆာနေတဲ့ Kyung Soo ရယ်ပါ
"နေပါအုန်း သားရဲ့ Titi လေးကို မခေါ်တော့ဘူးလား "
"အာ~ ဟုတ်သားပဲ လာ Titiရော တီလေးရော သွားရအောင် "
Titi ကိုခုံပေါ်ကနေ ကောက်ပွေ့ပြီး Luluနဲ့အတူ အိမ်ထဲဝင်သွားတော့တယ်
Lulu တစ်ယောက်လည်း Kyung Soo နဲ့မှ ကလေးဖြစ်နေရော
*************************
Final စာမေးပွဲဖြေဖို့ တစ်လလောက်ပဲလိုတော့တာမလို့ Sehun. Yeol ကိုစာလုပ်ဖို့ခေါ်ထားပြီး ဘယ်နှစ်ယောက်မြောက်ရည်းစားလဲမသိ ဖုန်းပြောနေလေရဲ့
"ချစ်ကလည်းကွာ ကို မအားဘူးလေ "
"................"
"အင်း ပြီးရင်လာခဲ့လိုက်မယ်လေ "
"..............."
"အင်း ကို ရောပဲနော် "
^စာလုပ်ဖို့ပဲခေါ်တာလား ရည်းစားနဲ့ဖုန်းပြောတာကို နားထောင်ခိုင်းဖို့ခေါ်တာလား မသဲကွဲဘူး^
"မင်း ဖုန်းပြောတာပြီးအုန်းမှာလား "
"ပြီးပါပြီကွာ မင်းကလည်း "
"မင်းလေ မနှစ်ကကျမလိုဖြစ်လည်း အမှတ်မရှိဘူး "
"ဘာဆိုင်လို့လဲ သားကြီးကလည်း
မနှစ်က ဂျလေဘီလုပ်နေလို့ကျတာလေ "
"အေးပါ ငါမှားတာ "
"မင်းရော ရည်းစားမထားဘူးလား "
^ရည်းစားဆိုတာနဲ့ ဘာမဆိုင်ညာမဆိုင် ငယ့် မျက်နှာလေးမြင်မိပြန်ရော ရယ်စရာတော့ကောင်းသား မဖြစ်နိုင်တာတွေကိုပေါ့^
"ဟျောင့် ဘာတွေပြုံးနေတာလဲ "
"မ... မပြုံးပါဘူး "
"မပြုံးလို့သာပဲ မင်းပါးစပ်ထဲ ယင် ဝင်ဥတော့မယ် "
"လွန်လွန်းသွားပြီလေကွာ "
"ထားပါတော့ မင်း ဘာလို့ရည်းစားမထားတာလဲ "
"မထားချင်လို့ကွာ ရပြီလား "
"အော်~ မင်းနဲ့ ငယ် ကရော "
"သူ.. သူက ငါ့ညီလေးလေ "
/ငါတော့မထင်ပါဘူးကွာ/
Sehun တစ်ဖက်လှည့်ပြီး လေသံနဲ့တစ်ယောက်တည်းကြားရုံ တိုးတိုးလေးပြောလိုက်တယ်
"မင်း ဘာပြောနေတာလဲ "
"ဟမ် မပြောပါဘူး"
"ငါ ကြားလိုက်သလားလို့ "
"ထားလိုက်တော့ ငါ့ကိုဒါပြန်ရှင်းပြအုန်း "
"ဘာ! ခုနကမှ ရှင်းပြထားတာလေ"
Yeol စိတ်တိုပြီလေ ခုနမှရှင်းပြထားတဲ့စာက ဖုန်းပြောလိုက်တာနဲ့ ကြက်ပျောက်ငှက်ပျောက်ပဲ
"ငါ မသိတော့ဘူးကွ "
"ဘယ်သိမလဲ ရည်းစားနဲ့ဖုန်းပြောနေတာကို "
"မဟုတ်ပါဘူး မင်းကလည်း
ပြန်ရှင်းပြပါကွာ "
"ပြီးတာပဲ သေချာကြည့် "
"အေးပါ "
Sehun တက်ကြွနေတာ အကြောင်းရှိတယ်လေ ပြီးရင် ကောင်မလေးနဲ့ သွားတွေ့ရမယ်မလား
"Yeol ငါသွားစရာရှိသေးတယ်
ပြန်တော့ "
"ပြန်မှာပါကွာ ဖြစ်ပျက်နေတာမပြောချင်ဘူး "
"ပြီးရော ပြန်တော့ "
"ကျေးဇူးမသိတတ်တဲ့ကောင် "
Yeol အိမ်ပြန်လာခဲ့တယ်
^ ဒီချိန်ဆို ငယ် ပျင်းနေရောပေါ့ ဘာတွေလုပ်နေမယ်မသိဘူး^
*************************
အဖြူရောင်ပွင့်ဖတ်လေး ၃ ခု အဝါရောင်ဝတ်ဆံလေးတွေရှိပြီး မြေကိုငိုက်ပြီးပွင့်တတ်တဲ့ Snowdrop ပန်းလေးတွေက မြင်ရခဲပါတယ်
Snowdrop လေးတွေရဲ့ အဓိပါယ်က "ဖြူစင်ခြင်း" ပါတဲ့
'ကိုကို ငယ့် ကိုချစ်တဲ့အချစ်က ဖြူစင်လောက်ပါရဲ့ ငယ်♥´
*************************
" ကိုကို့ ရဲ့ ငယ် - 4 "
"ဟွန့် လာမယ်လာမယ် "
"ငယ် "
"အွန်း "
"ဘာလို့မရှိတာလဲ "
"ဟုတ်တယ် "
Pov: ကိုကို စိတ်ဆိုးအောင်လုပ်တာ အရေးမကြီးဘူး ပြန်မချော့ရင် ဘယ်လိုလုပ်မလဲ အဟင့် ငိုချင်လာပြီနော် ဒီပါးစပ်ကလည်း ဘာလို့ရောင်ပြီး ထွက်သွားလဲမသိဘူး ကိုကို ကလည်းဘာမှပြန်မပြောသေးဘူး တစ်ခုခုတော့ပြန်ပြောပါ ကိုကို ရယ်
"ငယ် "
"ဟင်.. ဟင် "
"ငယ် ကငိုတော့မလို့လား "
"ငယ် "
"အယ် ကိုကို "
"ပြောလေ ငယ် "
"အင်းပါ ငယ် ရဲ့ "
"ဟုတ် "
"ငယ် ဘာတွေပြုံးနေတာလဲ "
"ဟမ် "
ဘာမဟုတ်ဘူး ကိုကို😁"
*************************
"ဟုတ် ရပါတယ် အန်တီ "
"ဟုတ် "
"အေး သားရေ "
"ကိုကို တာ့တာ "
"တာ့တာ ငယ် "
"မား~ "
"သား ကလာချွဲနေတယ်ပေါ့ "
"မား နဲ့လာအိပ်မလို့ "
"ဟုတ်တယ်လေ မားကလည်း "
"အသက်က ၁၆ ကျော်နေပြီလေ လူကြီးဖြစတော့မယ် မားနဲ့အိပ်ချင်တုန်းလား "
"မား ကစတာလေ သား ရဲ့ "
"မစနဲ့ ဟွန့် "
"မသိဘူးလေ "
"ဟုတ် မာမား "
*************************
"ဟုတ် မေမေ"
"ဝင်ခဲ့ သား"
"ဟုတ် ဖေဖေ "
"ခနထိုင်နှင့် သား "
"ဟုတ် "
"ဆေးတက္ကသိုလ် တကျမယျလို့တှေးထာားပါတယျ ဖေဖေ "
သား သွားလို့ရပြီလား"
"ရပြီ သား"
*************************
"Titi လေး မပျင်းဘူးလား
"ငါ ပျင်းတယ်လို့ ကြားလား ဟငျ
"သား ဘာတွေပြောနေတာလဲ "
"ဟမ်~ "
*************************
"................"
"..............."
"အင်း ကို ရောပဲနော် "
"အေးပါ ငါမှားတာ "
"မ... မပြုံးပါဘူး "
"အော်~ မင်းနဲ့ ငယ် ကရော "
"သူ.. သူက ငါ့ညီလေးလေ "
"ငါတော့မထင်ပါဘူးကွာ "
"မင်း ဘာပြောနေတာလဲ "
"ဟမ် မပြောပါဘူး"
"ငါ ကြားလိုက်သလားလို့ "
"ငါ မသိတော့ဘူးကွ "
"မဟုတ်ပါဘူး မင်းကလည်း
ပြန်ရှင်းပြပါကွာ "
"ပြီးတာပဲ သေချာကြည့် "
"အေးပါ "
ပြန်တော့ "
"ပြီးရော ပြန်တော့ "
*************************
*************************