MY ONLY ONE (completed)

By Myuekhoe

1.8M 107K 1.3K

မင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌 More

Part-1
Part-2
Part-3
Part-4
Part-5
Part-1(Uni)
Part-2(Uni)
Part-3(Uni)
Part-4(Uni)
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Please!
Please!
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Part-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Extra-1
Extra-1(Uni)
Extra(2)
Extra-2(Uni)
Extra-3
Extra-3(Uni)

Part-17

14.3K 740 5
By Myuekhoe

"ထွန်းတောက်...ဒီနေ့ နိုင်ငံခြားကဧည့်သည်တွေနဲ့တွေ့တာ အဆင်ပြေခဲ့လား..."

ကျွန်တော်တို့ညစာစားနေရင်း...အလုပ်ကိစ္စအကြောင်း မမေးစဖူးမေးလာတဲ့ ဖိုးဖိုး...
ကျွန်တော့်အဖိုးဆိုသည်မှာ အဲ့လိုပဲ...ကျွန်တော်ကပြောစရာမလိုဘဲ အကုန်သိနေတာ...

ဒီနေ့နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့မယ့်ကိစ္စကိုလည်း...ကျွန်တော်ဖိုးဖိုးကို မပြောဖြစ်ဘူး...။
အဲ့တာကို ဖိုးဖိုးကသိနေတယ်..။
ဖိုးဖိုးသိတယ်ဆိုတာလည်း..အဆန်းတော့မဟုတ်ပါဘူးလေ...ဘာလို့ဆို companyမှာဖိုးဖိုးလူယုံတွေအများကြီးပဲရှိတာမို့...တစ်ယောက်မဟုတ်တစ်ယောက်ဆီကကြားတာပဲနေမှာ...

"အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်..."

"ပြေတယ်လို့ ပြောလို့ရပါတယ် ဆိုတာ ဘာစကားလဲ?...ပြေရင်ပြေတယ်...မပြေရင်မပြေဘူးပေါ့..."

"ဒီလိုပါ ဖိုးဖိုး...
စာချုပ်ချုပ်မယ့်ကိစ္စကို...သူတို့ချောင်းသာကိုသွားမှာမလို့ အဲ့မှာပဲ ချုပ်ချင်တယ်လို့ပြောပါတယ်...
အဲ့တာနဲ့ ကျွန်တော်လည်း..ကျွန်တော်တို့hotelမှာတည်းဖို့ပြောခဲ့ပါတယ်...
ကျန်တဲ့ကိစ္စတော့ ဟိုရောက်မှဆက်လုပ်မယ်..."

"အဲ့တာဆို...မင်းရော ချောင်းသာလိုက်သွားရမှာပေါ့..."

"ဟုတ်တယ်..ဖိုးဖိုး..."

"ဘယ်သူနဲ့သွားမှာလဲ?..."

"အတွင်းရေးမှူးမသီတာလည်းပါတယ်..."

"မိန်းကလေးနဲ့၂ယောက်ထဲ သွားလို့ဘယ်သင့်တော်ပါ့မလဲ?..."

"သူက အိမ်ထောင်ရှိတယ်..ဖိုးဖိုး..."

"ပြည့်လျှံပါလိုက်သွားလိုက်ပါလား.."

"ဗျာ..."  "ဗျာ..."

"ဟုတ်တယ်လေ...
မင်းတို့လက်ထပ်ပြီးထဲက honey moonမသွားရသေးဘူးမလား...
တစ်ခါတည်းသွားလိုက်ပေါ့..."

"အင်း...ဟုတ်သားပဲ...
အသေးလေးရောက်ဖူးလား...ချောင်းသာကို..."

"မရောက်ဖူးဘူး..."

"အဲ့တာဆို...လိုက်ခဲ့လေ..."

"ရပါတယ်...ကိုဘုန်းတို့ အနှောင့်အယှက်ဖြစ်ဦးမယ်...."

"မဖြစ်ပါဘူး...မင်းပါတော့ ကိုယ်လည်းအဖော်ရတာပေါ့...
ညစာလည်းမလွတ်တော့ဘူးပေါ့..."

ကျွန်တော်နားကိုကပ်ကာ..တိုးတိုးလေးပြောလိုက်တဲ့စကားကြောင့်..ကျွန်တော်ကြက်သီးတောင်ထသွားတယ်..။
အဖိုးလည်းရှိနေတာကို..ကိုဘုန်းတော်တော်အရှက်မရှိတာပဲ...အဖိုးမကြားလောက်ဘူးလို့တော့ထင်တာပဲ...
ကြားသာကြားသွားလို့ကတော့...အမယ်လေ..ရှက်လိုက်တာနော်...

"အဟမ်း...မင်းတို့က ဘယ်နေ့သွားမှာလဲ?..." ဆိုပြီး..ချောင်းဟန့်သံဖြင့် မေးလိုက်တော့မှ..ကိုဘုန်းက ကျွန်တော့်ကို ကြည့်နေရာမှ အဖိုးဘက်ကိုလှည့်ပြီး စကားပြန်ပြောတယ်...

"နောက်တစ်ပတ်မှပါ..ဖိုးဖိုး..."

"သြော်...အေးအေး...
ဆက်စားကြ..."

"ဟုတ် ဖိုးဖိုး..."

...........

"ကိုဘုန်း...ကျွန်တော်လိုက်ခဲ့လို့ ဖြစ်ရောဖြစ်လို့လား..."

ထမင်းစားပြီးလို့ အခန်းထဲရောက်တော့...ကျွန်တော်လည်း လုပ်စရာကျန်သေးတဲ့အလုပ်တွေကို လုပ်နေရင်း...TVကြည့်နေတဲ့အသေးလေးက ချောင်းသာသွားမယ့်ကိစ္စကို ပြောလာတယ်..

"ရပါတယ်...ဘာလို့မရရမှာလဲ?...
အခုသွားရမယ့်အလုပ်က...အသေးလေးယောက်ျားရဲ့companyအလုပ်ကိစ္စအတွက် သွားရတာလေ...အသေးလေးလိုက်လို့မရဘဲနေမလား...လျှောက်မတွေးနေနဲ့..."

"ဟာ....ကိုဘုန်းကလည်း..."

"ကိုဘုန်းက မလဲနေနဲ့...
မအိပ်သေးဘူးလား...
ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး...
သေးသေးလေးဖြစ်နေပြီ...အိပ်ရေးဝဝအိပ်ပြီး အစားကိုကောင်းကောင်းစားလေ...
မသိရင် ကိုယ်က အနိုင်ကျင့်နေလို့ အိပ်ရေးတွေပျက်ပြီး ပိန်နေတယ်လို့ ထင်ကြဦးမယ်..."

"ကျွန်တော်က ကိုဘုန်းပြောသလောက်လည်း..မသေးပါဘူးနော်...
အရင်ကတည်းက ဒီခန္ဓာကိုယ်ပဲ...
သူ့ဘာသာတက်မလာတာ...ဟွန်း...
အို...တချို့ဝတဲ့သူတွေတောင် ဝိတ်ချနေတဲ့ခေတ်မှာ...ကျွန်တော်က စားသမျှအဆီမဖြစ်တဲ့ နတ်သားလေး ဖြစ်နေတာလေ...ဟွန့်..."

"နတ်သားလေး...ဟုတ်လား..ဟား...ဟား...
အသေးလေး...ကိုယ်မင်းကို ဟာသပြောတတ်လိမ့်မယ်လို့ ကိုယ်မထင်ထားဘူး..ဟား..ဟား.."

"ဟာ...ကိုဘုန်း...အခု ကျွန်တော့်ကိုလှောင်နေတာလား..."

"မဟုတ်ပါဘူး...ကိုယ်က မင်းပြောတာလေးကို တကယ်သဘောကျလို့ပါ...အဟက်..."

"ဟွန့်..."

"ကဲ...အသေးလေး အိပ်တော့...
ကိုယ်နည်းနည်းကျန်သေးလို့...အိပ်နှင့်တော့နော်...."

"အင်းအင်း...အဲ့တာဆို ကျွန်တော်အိပ်နှင့်ပြီ..." လို့ပြောပြီး..စောင်ကိုခြုံကာ အိပ်သွားတဲ့အသေးလေး...
အိပ်တုန်းကစောင်ကိုခြုံပြီးတော့ အိပ်တာပဲ...ခနလောက်နေရင်စောင်ကို ကန်ချထားလိုက်ရော...ပြီးရင်လည်း သူ့ဘာသာ အိပ်ချင်မူးတူးနဲ့စောင်ထစမ်းကာ ပြန်ခြုံပြီး ပြန်အိပ်တယ်...။

အဲ့လိုပုံစံမျိုးကို...ကျွန်တော်အလုပ်လုပ်နေရင်းနဲ့ အမြဲတွေ့နေရတာမို့..အသေးလေးရဲ့ဒီလိုအပြုအမူက ကျွန်တော့်အတွက်တော့ ချစ်စရာကောင်းနေတယ်...။

...................

ချောင်းသာသွားမယ့်နေ့...

"ကိုဘုန်း...ကျွန်တော်အကုန်ထည့်ပြီးပြီ...
ဘာကျန်သေးလဲ စစ်ပေးပါဦး..."

မနက်ကတည်းက..အဝတ်အစားတွေကိုသေချာစီထည့်နေတာ..အခုချိန်ထိပဲ...ရေလည်းမချိုးရသေးဘူး...
အသေးလေးက...တစ်ခါမှခရီးမထွက်ဖူးလားမသိဘူး...အခုလိုသွားရတာပျော်ရွှင်နေမှန်းအရမ်းသိသာတယ်...

"ဟင်း...အသေးလေး...ရေသွားချိုးတော့...
ကိုယ်ကြည့်ပေးထားမယ်..သွားချိုးတော့..."

"အင်းအင်း...ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်..ကိုဘုန်း သေချာစစ်ပေးထားဦး..."

"အင်းအင်း...သွားချိုး..." လို့ပြောလိုက်တော့...ရေလဲပုဆိုးကိုယူကာ...ရေချိုးခန်းထဲကိုဝင်သွားတယ်...

ကျွန်တော်လည်း...ထည့်စရာရှိသေးတဲ့ပစ္စည်းတွေကို ထည့်လိုက်ပြီး luggageအသေးလေးကိုပိတ်ကာ..ရေချိုးပြီးပြီမို့ အဝတ်အစားလဲလိုက်တယ်..။

ခနကြာတော့...အသေးလေးရေချိုးခန်းထဲက ထွက်လာတယ်..။ ရေလဲပုဆိုးပဲဝတ်ထားတာမို့..အပေါ်ပိုင်းက အကုန်လုံးကိုမြင်နေရတယ်..။ ရင်ဘက်မှာလည်း..တနေ့ကညကမှပေးထားတဲ့ အညိုရောင် အချစ်အမှတ်အသားတွေက..ဖွေးနေတဲ့အသားအရည်မှာ ထင်ပေါ်နေတယ်...။

"ဘာ....ဘာကြည့်နေတာလဲ?..."ဆိုပြီး ရင်ဘက်ကိုလက်နဲ့အုပ်ကာ...သဘက်တစ်ထည်ကိုယူပြီး ခေါင်းကနေခြုံလိုက်တယ်..။ ခေါင်းကနေခြုံမှာပေါ့...ခရီးသွားမယ့်ဟာကို ခေါင်းကိုလျှော်လာတယ်...။ ဖျားမှ ရေမကူးလိုက်ရဖြစ်တော့မယ်..။

"ဘာလို့ခေါင်းလျှော်လာတာလဲ?...
နေမကောင်းဖြစ်ဦးမယ်...
လာ...ဒီမှာ လာထိုင်...ကိုယ်သုတ်ပေးမယ်..." လို့ပြောလိုက်တော့ ကျွန်တော့်ဘေးမှာ လာထိုင်တယ်...။

ခေါင်းကိုသုတ်ပေးနေတော့...ငြိမ်ငြိမ်လေးထိုင်ပြီး မျက်လုံးမှိတ်ကာ ဇိမ်ခံနေသေးတယ်...။ ကျွန်တော်တို့ထိုင်နေတဲ့အရှေ့မှာ မှန်ရှိနေတာ...အသေးလေးမသိတာလား...။ အံမယ်...သူက ပြုံးတောင်ပြုံးလိုက်သေးတယ်...။

ကျွန်တော်ကြည့်ရင်းနဲ့...အသေးလေးကို အသဲယားလာပါပြီ...။ အသဲယားသလို သွားလည်းယားလာတဲ့အတွက်ကြောင့်..အသေးလေးခေါင်းကို ဘေးကိုစောင်းကာ...ပေါ်လာတဲ့လည်တိုင်လေးကို ကိုက်လိုက်တယ်...။

"အ!...ကိုဘုန်း ဘာလုပ်တာလဲ?...အ!...."

အသေးလေးရဲ့အသံကိုကြားသော်လည်း...ကိုက်ချင်တဲ့စိတ်က ကြီးစိုးနေသည်မို့...တစ်ချက်ထပ်ကိုက်ပြီး စုပ်လိုက်ကာ...ပြန်လွှတ်ပေးလိုက်တယ်...။

"တော်ပြီ...ခေါင်းခြောက်သွားပြ်ီ...
အဝတ်အစားလဲတော့မယ်..." ဆိုပြီး ကျွန်တော့်အနားကထွက်သွားကာ...အဝတ်အစားသွားလဲနေတဲ့အသေးလေး...

"ဘယ်လိုလေးမှန်းကိုမသိဘူး...."

အဝတ်အစားလဲလို့ပြီးသွားတော့...

"ကိုဘုန်းသွားမယ်လေ...
ဟိုအမကို သွားခေါ်ရဦးမှာမလား...သွားမယ်လေ..."

"အင်း...သွားမယ်လေ...
မသီတာကိုတော့ သွားမခေါ်ရတော့ဘူး...
မင်းမြတ်ခေါ်လာလိမ့်မယ်..."

"အဲ့တာဆို...ကိုမင်းမြတ်လည်းလိုက်မှာလား..."

"ဟုတ်တယ်...ကိုယ်က လမ်းတွေသိပ်မကျွမ်းသေးဘူးလေ..အဲ့တာကြောင့်..မင်းမြတ်ကိုခေါ်လိုက်တာ..."

"ကိုမင်းမြတ်ပါ ပါမှာဆိုတော့...
ပျော်စရာကြ်ီး..ဟီးဟီး..."

"အသေးလေးကို ကိုယ်တစ်ခါတည်းပြောထားမယ်နော်...ကိုယ်အနားမှာပဲနေ...
လျှောက်လျှောက်မသွားနဲ့...
မင်းမြတ်အနားလည်း သိပ်မကပ်နဲ့နော်..."

"အင်းပါ...
ကိုဘုန်းစကားကို နားထောင်ပါ့မယ်..."

အခုကျွန်တော်တို့ဖြစ်နေတဲ့ပုံစံက...ခရီးထွက်ခါနီး ကလေးကို အမေကမှာနေတဲ့ ပုံစံမျိုးဖြစ်နေတယ်...

အောက်ရောက်တော့...မင်းမြတ်တို့ကားက ရောက်နှင့်နေပြီ...

"ဟေ့...ပြည့်လျှံ..."

"ကိုမင်းမြတ်...
သြော်...အမ တွေ့ရတာဝမ်းသာပါတယ်..."

"အင်းအင်း...မောင်လေး..."

"ပြည့်လျှံပါ ပါမှာဆိုတော့...ကိုယ်တို့အတူတူဆော့လို့ရတာပေါ့..."

"ဟုတ်..ကိုမင်းမြတ်...ဟီးဟီး..."

"အသေးလေး...စကားများမနေနဲ့ ကားပေါ်တက်တော့..."

"ဟုတ်..." ဆိုပြီး...ကားပေါ်တက်သွားတဲ့အသေးလေး...

ကားကိုမြင်ကတည်းက...ပြုံးရွှင်ပြီး ဆင်းပြေးသွားတာ...luggageကိုလည်း ကျွန်တော်ပဲကိုင်ခဲ့ရပြီး...ကျွန်တော်ပဲအနောက်မှာ သွားထည့်ရတယ်...။ အသေးလေးကတော့..မင်းမြတ်နဲ့ပြုံးရွှင်စွာစကားပြောနေတယ်...။ ကျွန်တော်လည်းကြည့်မရတော့တာနဲ့..စကားကိုဖြတ်ကာဝင်ပြောလိုက်ပြီး...အသေးလေးကို ကာေးပေါ်တက်ခိုင်းလိုက်တယ်...။ ဟိုရောက်ရင်လည်း...မင်းမြတ်နဲ့ပဲ ကပ်နေမှာကို ကျွန်တော်စိုးရိမ်နေမိတယ်...။

💙လိုသွားရင် sorryပါနော်☺️
တစ်ခုခုမှားတာရှိရင် ခွင့်လွှတ်ပါ💙

Continue Reading

You'll Also Like

278K 6.7K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 67.2K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...