စင္ျမင့္ေပၚက ဘြဲ႕၀တ္စံုေလးနဲ႔ ေရွာင္းက်န္႔ကို
ၾကည့္ရင္း လက္ခုပ္အက်ယ္ႀကီးတီးကာ
ဂုဏ္ျပဳမိသည္။ခ်စ္စရာေကာင္းတ့ဲ သူ႔ေကာင္ေလး
ေရွာင္းက်န္႔က ယုန္သြားေလးေတြေပၚတ့ဲထိ ၿပံဳးလို႔
႐ႊင္လို႔။သူ႔ေဘးနားက ရိက်န္႔နဲ႔ခ်န္းေယာလ္ကလည္း
သူတို႔ပါးပါးအတြက္ ေပ်ာ္ျမဴးေနၾကသည္။
စင္ေအာက္ေရာက္လာတ့ဲ ေကာင္ေလးနားကို
ဆီးႀကိဳဂုဏ္ျပဳတဲ့အေနနဲ႔ က်ဴးလစ္ပန္းစည္းေလး
လက္ထဲထည့္ေပးလိုက္သည့္တစ္ခဏ
သူ႔လည္တိုင္ကိုလာဖက္တြယ္လာတ့ဲ ငတံုးရဲ႕ ခါးေလးကိုသိမ္းဖက္ထားလိုက္မိသည္။
ဘယ္လိုခံစားခ်က္လဲဆိုေတာ့ သားတစ္ေယာက္
ကိုေကာင္းေကာင္းပ်ိဴးေထာင္နိုင္ခဲ့တ့ဲ အေဖ
တစ္ေယာက္လိုမ်ိဴး။
"ငါ့ ေယာက်ၤားေလးေတာင္ ဘြဲ႕ရသြားၿပီ!"
ငတံုးဆံစေလးကို ခပ္ဖြဖြေလးဆြဲရင္းေျပာလိုက္
ေတာ့ ကေလးေတြရဲ႕ေဖေဖေလးက မ်က္၀န္း
စိုေလးေတြကို လျခမ္းေကြးေလးျဖစ္တ့ဲအထိ
ၿပံဳးျပရွာသည္။တကယ္ပါပဲ...ဒါနဲ႔လူကို
သတ္ေနတာ။
"သူ႔အစ္ကိုက ညီျဖစ္သူကိုေတာ္ေတာ္ခ်စ္တယ္
ထင္တယ္ေနာ္!အသက္အရမ္းကြာတ့ဲ ညီအစ္ကို
ေတြကအ့ဲလိုပဲ"
ေဘးနားက အသံေၾကာင့္လွမ္းၾကည့္မိေတာ့
အေဒၚႀကီးနွစ္ေယာက္။မ်က္လံုးျခင္းဆံုသြားတဲ့
အခါ အေဒၚႀကီးေတြက လက္ျပၿပံဳးရင္း
"အ့ဲလိုပဲကြဲ႕။အစ္ကိုႀကီးအဖရာဆိုေတာ့လည္း။
ညီေလးက လိမၼာမ့ဲပံုပဲေနာ္။အစ္ကိုႀကီးကို
ေသခ်ာေက်းဇူးဆပ္ၾကားလား။အသက္ႀကီးတ့ဲ
အခါ ပစ္မထားနဲ႔"
အေဒၚႀကီးစကားေၾကာင့္ရိေပၚမ်က္နွာကတင္းခနဲ။
Suitအျပည့္စံု၀တ္ထားတာျခင္းအတူတူ
သူ႔ငတံုးေလးက ဘယ္လိုေနေန ၁၀နွစ္ေလာက္
ေနာက္ျပန္ေက်ာ့ေနတ႔ဲရုပ္ေလးကိုး။သူသာ...
ေရွာင္းက်န္႔ကေတာ့ရိေပၚရုပ္ကိုၾကည့္ၿပီး
ေအာက္နႈတ္ခမ္းေလးကိုက္လို႔
ႀကိတ္ရယ္ေနရွာသည္။
"ဟုတ္ကဲ့အေဒၚ။အစ္ကိုႀကီးကို ေသခ်ာဂရုစိုက္
ေပးမွာပါ"
"ေအးကြယ္။ေကာင္းတာေပါ့!!"
အတိုင္းအေဖာက္ညီေနသည့္ငတံုးနွင့္ အေဒၚႀကီး
တို႔ေၾကာင့္ ရိေပၚမ်က္နွာက စူပုပ္ပုပ္။
"သြားၾကမယ္ေလ အစ္ကိုႀကီး!"
"မေခၚနဲ႔"
"အစ္ကိုႀကီးကလည္း။ညီေလးကို
စိတ္ဆိုးတာလား"
ေျပာင္စပ္စပ္နဲ႔ေရွာင္းက်န္႔က သူ႔လက္ေမာင္းကို
လႈပ္ကိုင္လို႔ ရန္စေနသည္။ငတံုးကေတာ့
က်ားဖင္လာနိႈက္ျပန္ၿပီ။
"မေခၚနဲ႔လို႔ေျပာေနတယ္ေလ!"
"ဘာလို႔လဲအစ္ကိုႀကီးရဲ႕။ညီေလးက..အြန္းးး"
ငတံုးလည္တိုင္ကိုဆြဲယူလို႔အားရပါးရပင္ဖိကပ္
နမ္းပစ္လိုက္တာေၾကာင့္၀မ္ပါးပါးကေတာ့
ရိက်န္႔နဲ႔ခ်န္းေယာလ္ေလးတို႔ မ်က္လံုးကိုမိွတ္လို႔
ကားထဲ အတင္းနဲ႔ျပန္ေခၚသြားရွာသည္။
ထုရိုက္ေနတ႔ဲငတံုးလက္ေလးေတြေၾကာင့္
နႈတ္ခမ္းရဲေလးကိုအသနားေပးလိုက္ၿပီး
"အစ္ကိုႀကီးဟုတ္ေသးလား?"
ပါးမို႔ရဲရဲေလးနဲ႔ငတံုးက သူ႔လည္တိုင္ေလးပြတ္လို႔
မလံုမလဲနွင႔္ဟိုၾကည့္ဒီၾကည့္ ၾကည့္ေနရာက
ေစာေစာကအေဒၚႀကီးေတြနွင့္မ်က္လံုးခ်င္း
ဆံုသြားေတာ့ရွက္ၿပံဳးေလးၿပံဳးျပရွာသည္။
ေရွာင္းက်န္႔ပခံုးေလးကို ဖက္လို႔ထြက္သြားတ့ဲ
ရိေပၚေၾကာင့္က်န္ခ႔ဲတ့ဲ အေဒၚႀကီးေတြဆီမွ
စကားသံတစ္ခ်ိဳ႕ေၾကာင့္ၿပံဳးမိေသး။
"အခုေခတ္ ညီအစ္ကိုေတြ ခ်စ္နည္းက
ဆန္းလိုက္တာေနာ္!"တ့ဲ။
ဟုတ္ပါ့။ဆန္းလိုက္တာ။
〰️〰️〰️〰️〰️
"ခ်န္ေယာလ္ေလးေရာ!!!"
မွန္ေဘာင္ေတြကာရံထားၿပီး ဥယ်ာဥ္အေသး
စားေလး အိမ္ေရွ႕မွာ လုပ္ထားမိတာက
ရိက်န္႔နဲ႔ခ်န္းေယာလ္တို႔ကစားစရာေနရာ။
တန္ဖိုးႀကီးပန္းမ်ိဳးစိတ္ေတြ ဘယ္ေလာက္
စိုက္စိုက္ရိက်န္႔နဲ႔ ခ်န္းေယာလ္ ေသာင္းက်န္း
တာနွင့္ပင္ တစ္ပင္တစ္ေလေတာင္ အေကာင္း
မရိွ။ရိေပၚဆိုသည္မွာလည္းသူ႔သားေတြေပ်ာ္လ်ွင္
ၿပီးေရာဆိုသည့္လူမ်ိဳး။ပ်က္ဆီးသြားသည့္ ပန္း
အပင္တိုင္းကို မၿငီးမျငဴျပန္လဲေပးရွာသည္။
အခုလည္း ထမင္းေကြၽးဖို႔လိုက္ရွာေတာ့ ရိက်န္႔
ေလးတစ္ေယာက္တည္းသာ ဥယ်ာဥ္ထဲမွာ။
"သားရိက်န္႔!ညီေလးေရာလို႔"
"ဟိုဖက္အိမ္သြားတယ္!"
"ဘယ္လို"
အသက္၂နွစ္အ႐ြယ္ကေလးေလးက
ဟိုဖက္အိမ္ကို သြားသည္ဆိုေတာ့ ေရွာင္းက်န္႔
ရင္ထဲထိတ္သြားရသည္။ဟိုဖက္အိမ္
ဒီဘက္အိမ္ဆိုေပမ့ဲ က်ယ္၀န္းလွတ႔ဲ
ၿခံနွစ္ၿခံေၾကာင့္ လူႀကီးတစ္ေယာက္ေတာင္
အတန္ၾကာသြားရသည္ကို ဘယ္လိုလုပ္ၿပီး
ခ်န္းေယာလ္ေလး......
ကမူးရူးထူး တစ္ဖက္အိမ္ကို ေျပးသြားမယ္
လုပ္ေတာ့ ၿခံေပါက္၀မွာတင္ ခ်န္းေယာလ္
ကိုေတြ႕လိုက္ရသည္။သူတစ္ေယာက္တည္း
ေတာ့မဟုတ္..ပုစိေကြးေလးကိုပါ လက္ဆြဲၿပီး
ေခၚလာေသးသည္။
"သား..ခ်န္းေယာလ္။ဘယ္လိုျဖစ္ၿပီးေလ်ွာက္
သြားေနတာလဲကြယ္"
သူ႔စကားကို အေခ်ကုိယ္ေတာ္က ျပဴးတူးၿပဲတဲ
လုပ္ၿပီး ဘတ္ဟြၽန္းေလးကိုသာ ျပန္ၾကည့္ျပန္
သည္။
"သား ဘတ္ဟြၽန္းကို ခိုးလာတာ!!"
"ဘာ..ဘာရယ္!"
"ဟုတ္တယ္။ခိုးလာတာ"
ခ်န္းေယာလ္ေလးစကားေၾကာင့္ သူ႔ရင္ဘတ္
သာဖိမိသည္။ဖေအနဲ႔ ဘာလို႔ တစ္ပံုစံတည္း
ထြက္လာရတာလဲေနာ္။
"သားေခၚလာတာ ဦးဦးYi Xingတို႔ေရာ
သိလား!!"
"ခိုးလာတာပါဆို ဘယ္သိမလဲ?!"
ခ်န္းေယာလ္ကသူ႔ကိုနႈတ္လွန္ထုိးေနသလို
ေဘးက အေသးေလးကလည္း ေခါင္းေလး
ငံု႔လို႔ငိုမ႔ဲမ့ဲ။
"သား!ဘတ္ဟြၽန္းေလး"
သူ႔ေခၚသံၾကားသည္နွင့္ ဘတ္ဟြၽန္းေလးက
အသံတိတ္ငိုေတာ့သည္။ခ်န္းေယာလ္ကိုၾကည့္
မိေတာ့ ခ်က္ခ်င္းပဲမ်ိဳခ်ေတာ့မည့္အၾကည့္နွင့္။
"သား..သားအိမ္ျပန္ခ်င္တယ္"
ဘယ္ေလာက္ေတာင္ၿခိမ္းေျခာက္ထားလို႔
အေၾကာက္ႀကီးေနလဲ မသိေတာ့။ဘတ္ဟြၽန္း
ေလးစကားဆံုးသည္နွင့္ သားေတာ္ေမာင္မ်က္
နွာက ခ်က္ခ်င္းတည္သြားသည္။
"ခိုးလာၿပီးၿပီ။ခိုးၿပီးသား ျပန္ေပးရင္ မ်က္စိ
စြံတယ္"
တုန္တုန္ယင္ယင္နဲ႔ ဘတ္ဟြၽန္းေလးေၾကာင့္္
သူစိတ္မေကာင္း။အလိုလိုက္လြန္းေတာ့
ျဖစ္လာတ့ဲ ခ်န္းေယာလ္ေၾကာင့္သက္ျပင္းခ်ရင္း
"သြား!အိမ္ထဲ၀င္။"
"သားမ၀င္ဘူး"
"ခ်န္းေယာလ္!!!!"
မေအာ္စဖူးေအာ္လိုက္ေတာ့မွ ငိုမ႔ဲမဲ့နွင့္
အိမ္ထဲ၀င္သြားသည္။ခဏၾကာေတာ့
ၿပဲၿပဲစင္သည့္ ခ်န္းေယာလ္ငိုသံနွင့္
ေခ်ာ့ျမဴေနသည့္ ရိေပၚအသံတို႔ကိုအတိုင္းသား
ၾကားေနရေသာ္လည္း လွည့္မၾကည့္ဘဲ
"ဦးဦး အိမ္ျပန္လိုက္ပို႔မယ္ေနာ္။လာ!!"
ဘတ္ဟြၽန္းေလးက ေခါင္းၿငိမ့္ျပသည္နွင့္
သူလည္းေပြ႕ခ်ီလို႔ တစ္ဖက္အိမ္ပို႔ေပး
လိုက္ရသည္။Yi Xingတို႔အထိန္းအေၾကာင္း
ေကာင္းခ်က္ကေတာ့ သားေပ်ာက္လို႔ ေပ်ာက္
မွန္းမသိ။ေရွာင္းက်န္႔ေအာ္ေခၚေတာ့မွ
နွစ္ေယာက္သား အိပ္ခန္းထဲက ျပဴးတူးၿပဲတဲ
ေျပးထြက္လာၾကသည္။
တကယ္ပါပဲ။မေျပာခ်င္ေတာ့ဘူး။
〰️〰️〰️〰️〰️
"သားက အငိုမတိတ္ေတာ့ဘူး"
ရိေပၚ ေျပာစကားေၾကာင့္ သက္ျပင္းသာ
ခ်ရင္း ခ်န္းေယာလ္ေလးဆီ ေလ်ွာက္သြား
လိုက္သည္။သူ႔ကိုေတြ႕ေတာ့ ေျပးဖက္လာသည့္
ခ်န္းေယာလ္ေလးက
"သားကို စိတ္ဆိုးသြားတာလားဟင္။သား
ေတာင္းပန္ပါတယ္!!!"
ဘယ္ေလာက္ဆိုးဝါးေသာင္းၾကမ္းေနပါေစ
ေရွာင္းက်န္႔အေပၚေတာ့ အခ်စ္ႀကီးလြန္းသည့္
ညီအစ္ကို။
"ပါးပါး ခ်န္းေယာလ္ကိုစိတ္မဆိုးပါဘူး။
ဒါေပမ့ဲ ေနာက္တစ္ခါ ထပ္လုပ္ရင္ေတာ့
စိတ္ဆိုးမွာေနာ္။ပါးပါး အ့ဲလို လုပ္တာမႀကိဳက္
ဘူးၾကားလား!"
ရိူက္သံေတြၾကက ခ်န္းေယာလ္ေလး
ေခါင္းၿငိမ့္ျပမွသူ လည္းၿပံဳးနိုင္ေတာ့သည္။
ရိေပၚကလည္း သူ႔သားကို အသာေပြ႕ဖက္ရင္း
ပါးေဖာင္းေလးနွစ္ဖက္ကို ခပ္ဖြဖြနမ္းရင္း
ေခ်ာ့ျမဴေနတုန္း
"ဘယ္ကအတတ္ေကာင္းေတြတတ္လို႔
ဘတ္ဟြၽန္းေလးကို သြားခိုးရတာလဲ။ဟန္??"
သူ႔အေမးကို ခ်န္းေယာလ္ေလးက သြားႀကိဳး
ေလးေတြေပၚသည္ထိၿပံဳးျပရင္း
"Daddyကေျပာတယ္။သူ႔တုန္းကပါးပါးကို
ခိုးေျပးတာတ့ဲ။အ့ဲတာေၾကာင့္ ခ်န္းေယာလ္လည္း
ဘတ္ဟြၽန္းကိုသြားခိုးလာတာ!"
ခ်န္းေယာလ္ေလးစကားေၾကာင့္ ရိေပၚကိုသာ
စိုက္ၾကည့္မိလိုက္ေတာ့ ရယ္က်ဲက်ဲဲ့ရိေပၚ။
"ငါလည္း ကေလးဆိုေတာ့နားမလည္ဘူး
ထင္လို႔ပါကြ!"
ထြက္လာသမ်ွေဒါသေတြကို အတင္းနဲ႔မ်ိဳခ်ရင္း
ထိန္းထားရသည္။ၿပီးမွ ေတြ႕မယ္ရိေပၚ
ေခြးေကာင္....
〰️〰️〰️〰️〰️〰️〰️〰️〰️〰️
ညတည္းကUpမို႔ဟာေခါင္းေတြထိုးကိုက္လို႔
ခုမွUp🧐ရတယ္
က်န္းမာေရးေတြ ဂရုစိုက္ၾကေနာ္😘
စင်မြင့်ပေါ်က ဘွဲ့ဝတ်စုံလေးနဲ့ ရှောင်းကျန့်ကို
ကြည့်ရင်း လက်ခုပ်အကျယ်ကြီးတီးကာ
ဂုဏ်ပြုမိသည်။ချစ်စရာကောင်းတဲ့ သူ့ကောင်လေး
ရှောင်းကျန့်က ယုန်သွားလေးတွေပေါ်တဲ့ထိ ပြုံးလို့
ရွှင်လို့။သူ့ဘေးနားက ရိကျန့်နဲ့ချန်ယောလ်ကလည်း
သူတို့ပါးပါးအတွက် ပျော်မြူးနေကြသည်။
စင်အောက်ရောက်လာတဲ့ ကောင်လေးနားကို
ဆီးကြိုဂုဏ်ပြုတဲ့အနေနဲ့ ကျူးလစ်ပန်းစည်းလေး
လက်ထဲထည့်ပေးလိုက်သည့်တစ်ခဏ
သူ့လည်တိုင်ကိုလာဖက်တွယ်လာတဲ့ ငတုံးရဲ့ ခါးလေးကိုသိမ်းဖက်ထားလိုက်မိသည်။
ဘယ်လိုခံစားချက်လဲဆိုတော့ သားတစ်ယောက်
ကိုကောင်းကောင်းပျိူးထောင်နိုင်ခဲ့တဲ့ အဖေ
တစ်ယောက်လိုမျိူး။
"ငါ့ ယောင်္ကျားလေးတောင် ဘွဲ့ရသွားပြီ"
ငတုံးဆံစလေးကို ခပ်ဖွဖွလေးဆွဲရင်းပြောလိုက်
တော့ ကလေးတွေရဲ့ဖေဖေလေးက မျက်ဝန်း
စိုလေးတွေကို လခြမ်းကွေးလေးဖြစ်တဲ့အထိ
ပြုံးပြရှာသည်။တကယ်ပါပဲ...ဒါနဲ့လူကို
သတ်နေတာ။
"သူ့အစ်ကိုက ညီဖြစ်သူကိုတော်တော်ချစ်တယ်
ထင်တယ်နော်!အသက်အရမ်းကွာတဲ့ ညီအစ်ကို
တွေကအဲ့လိုပဲ"
ဘေးနားက အသံကြောင့်လှမ်းကြည့်မိတော့
အဒေါ်ကြီးနှစ်ယောက်။မျက်လုံးခြင်းဆုံသွားတဲ့
အခါ အဒေါ်ကြီးတွေက လက်ပြပြုံးရင်း
"အဲ့လိုပဲကွဲ့။အစ်ကိုကြီးအဖရာဆိုတော့လည်း။
ညီလေးက လိမ္မာမဲ့ပုံပဲနော်။အစ်ကိုကြီးကို
သေချာကျေးဇူးဆပ်ကြားလား။အသက်ကြီးတဲ့
အခါ ပစ်မထားနဲ့"
အဒေါ်ကြီးစကားကြောင့်ရိပေါ်မျက်နှာကတင်းခနဲ။
Suitအပြည့်စုံဝတ်ထားတာခြင်းအတူတူ
သူ့ငတုံးလေးက ဘယ်လိုနေနေ ၁၀နှစ်လောက်
နောက်ပြန်ကျော့နေတဲ့ရုပ်လေးကိုး။သူသာ...
ရှောင်းကျန့်ကတော့ရိပေါ်ရုပ်ကိုကြည့်ပြီး
အောက်နှုတ်ခမ်းလေးကိုက်လို့
ကြိတ်ရယ်နေရှာသည်။
"ဟုတ်ကဲ့အဒေါ်။အစ်ကိုကြီးကို သေချာဂရုစိုက်
ပေးမှာပါ"
"အေးကွယ်။ကောင်းတာပေါ့"
အတိုင်းအဖောက်ညီနေသည့်ငတုံးနှင့် အဒေါ်ကြီး
တို့ကြောင့် ရိပေါ်မျက်နှာက စူပုပ်ပုပ်။
"သွားကြမယ်လေ အစ်ကိုကြီး"
"မခေါ်နဲ့!!"
"အစ်ကိုကြီးကလည်း။ညီလေးကို
စိတ်ဆိုးတာလား"
ပြောင်စပ်စပ်နဲ့ရှောင်းကျန့်က သူ့လက်မောင်းကို
လှုပ်ကိုင်လို့ ရန်စနေသည်။ငတုံးကတော့
ကျားဖင်လာနှိုက်ပြန်ပြီ။
"မခေါ်နဲ့လို့ပြောနေတယ်လေ!"
"ဘာလို့လဲအစ်ကိုကြီးရဲ့။ညီလေးက..အွန်းးး"
ငတုံးလည်တိုင်ကိုဆွဲယူလို့အားရပါးရပင်ဖိကပ်
နမ်းပစ်လိုက်တာကြောင့် ဝမ်ပါးပါးကတော့
ရိကျန့်နဲ့ချန်းယောလ်လေးတို့ မျက်လုံးကိုမှိတ်လို့
ကားထဲ အတင်းနဲ့ပြန်ခေါ်သွားရှာသည်။
ထုရိုက်နေတဲ့ငတုံးလက်လေးတွေကြောင့်
နှုတ်ခမ်းရဲလေးကိုအသနားပေးလိုက်ပြီး
"အစ်ကိုကြီးဟုတ်သေးလား?"
ပါးမို့ရဲရဲလေးနဲ့ငတုံးက သူ့လည်တိုင်လေးပွတ်လို့
မလုံမလဲနှင့်ဟိုကြည့်ဒီကြည့် ကြည့်နေရာက
စောစောကအဒေါ်ကြီးတွေနှင့် မျက်လုံးချင်း
ဆုံသွားတော့ရှက်ပြုံးလေးပြုံးပြရှာသည်။
ရှောင်းကျန့်ပခုံးလေးကို ဖက်လို့ထွက်သွားတဲ့
ရိပေါ်ကြောင့်ကျန်ခဲ့တဲ့ အဒေါ်ကြီးတွေဆီမှ
စကားသံတစ်ချို့ကြောင့်ပြုံးမိသေး။
"အခုခေတ် ညီအစ်ကိုတွေ ချစ်နည်းက
ဆန်းလိုက်တာနော်!"တဲ့။
ဟုတ်ပါ့။ဆန်းလိုက်တာ။
〰️〰️〰️〰️〰️
"ချန်ယောလ်လေးရော!!"
မှန်ဘောင်တွေကာရံထားပြီး ဥယျာဉ်အသေး
စားလေး အိမ်ရှေ့မှာ လုပ်ထားမိတာက
ရိကျန့်နဲ့ချန်းယောလ်တို့ကစားစရာနေရာ။
တန်ဖိုးကြီးပန်းမျိုးစိတ်တွေ ဘယ်လောက်
စိုက်စိုက်ရိကျန့်နဲ့ ချန်ယောလ် သောင်းကျန်း
တာနှင့်ပင် တစ်ပင်တစ်လေတောင် အကောင်း
မရှိ။ရိပေါ်ဆိုသည်မှာလည်းသူ့သားတွေပျော်လျှင်
ပြီးရောဆိုသည့်လူမျိုး။ပျက်ဆီးသွားသည့် ပန်း
အပင်တိုင်းကို မငြီးမငြူပြန်လဲပေးရှာသည်။
အခုလည်း ထမင်းကျွေးဖို့လိုက်ရှာတော့ ရိကျန့်
လေးတစ်ယောက်တည်းသာ ဥယျာဉ်ထဲမှာ။
"သားရိကျန့်!ညီလေးရောလို့"
"ဟိုဖက်အိမ်သွားတယ်"
"ဘယ်လို"
အသက်၂နှစ်အရွယ်ကလေးလေးက
ဟိုဖက်အိမ်ကို သွားသည်ဆိုတော့ ရှောင်းကျန့်
ရင်ထဲထိတ်သွားရသည်။ဟိုဖက်အိမ်
ဒီဘက်အိမ်ဆိုပေမဲ့ ကျယ်ဝန်းလှတဲ့
ခြံနှစ်ခြံကြောင့် လူကြီးတစ်ယောက်တောင်
အတန်ကြာသွားရသည်ကို ဘယ်လိုလုပ်ပြီး
ချန်းယောလ်လေး......
ကမူးရူးထူး တစ်ဖက်အိမ်ကို ပြေးသွားမယ်
လုပ်တော့ ခြံပေါက်ဝမှာတင် ချန်းယောလ်
ကိုတွေ့လိုက်ရသည်။သူတစ်ယောက်တည်း
တော့မဟုတ်..ပုစိကွေးလေးကိုပါ လက်ဆွဲပြီး
ခေါ်လာသေးသည်။
"သား..ချန်ယောလ်။ဘယ်လိုဖြစ်ပြီးလျှောက်
သွားနေတာလဲကွယ်"
သူ့စကားကို အချေကိုယ်တော်က ပြူးတူးပြဲတဲ
လုပ်ပြီး ဘတ်ဟျွန်းလေးကိုသာ ပြန်ကြည့်ပြန်
သည်။
"သား ဘတ်ဟျွန်းကို ခိုးလာတာ!!"
"ဘာ..ဘာရယ်!"
"ဟုတ်တယ်။ခိုးလာတာ"
ချန်ယောလ်လေးစကားကြောင့် သူ့ရင်ဘတ်
သာဖိမိသည်။ဖအေနဲ့ ဘာလို့ တစ်ပုံစံတည်း
ထွက်လာရတာလဲနော်။
"သားခေါ်လာတာ ဦးဦးရိရှင်းတို့ရော
သိလား!!"
"ခိုးလာတာပါဆို ဘယ်သိမလဲ?"
ချန်ယောလ်ကသူ့ကိုနှုတ်လှန်ထိုးနေသလို
ဘေးက အသေးလေးကလည်း ခေါင်းလေး
ငုံ့လို့ငိုမဲ့မဲ့။
"သား!ဘတ်ဟျွန်းလေး"
သူ့ခေါ်သံကြားသည်နှင့် ဘတ်ဟျွန်းလေးက
အသံတိတ်ငိုတော့သည်။ချန်ယောလ်ကိုကြည့်
မိတော့ ချက်ချင်းပဲမျိုချတော့မည့်အကြည့်နှင့်။
"သား..သားအိမ်ပြန်ချင်တယ်"
ဘယ်လောက်တောင်ခြိမ်းခြောက်ထားလို့
အကြောက်ကြီးနေလဲ မသိတော့။ဘတ်ဟျွန်း
လေးစကားဆုံးသည်နှင့် သားတော်မောင်မျက်
နှာက ချက်ချင်းတည်သွားသည်။
"ခိုးလာပြီးပြီ။ခိုးပြီးသား ပြန်ပေးရင် မျက်စိ
စွံတယ်"
တုန်တုန်ယင်ယင်နဲ့ ဘတ်ဟျွန်းလေးကြောင့််
သူစိတ်မကောင်း။အလိုလိုက်လွန်းတော့
ဖြစ်လာတဲ့ ချန်းယောလ်ကြောင့်သက်ပြင်းချရင်း
"သွား!အိမ်ထဲဝင်။"
"သားမ၀င်ဘူး"
"ချန်ယောလ်!!!!"
မအော်စဖူးအော်လိုက်တော့မှ ငိုမဲ့မဲ့နှင့်
အိမ်ထဲဝင်သွားသည်။ခဏကြာတော့
ပြဲပြဲစင်သည့် ချန်ယောလ်ငိုသံနှင့်
ချော့မြူနေသည့် ရိပေါ်အသံတို့ကိုအတိုင်းသား
ကြားနေရသော်လည်း လှည့်မကြည့်ဘဲ
"ဦးဦး အိမ်ပြန်လိုက်ပို့မယ်နော်။လာ..."
ဘတ်ဟျွန်းလေးက ခေါင်းငြိမ့်ပြသည်နှင့်
သူလည်းပွေ့ချီလို့ တစ်ဖက်အိမ်ပို့ပေး
လိုက်ရသည်။ရိရှင်းတို့ အထိန်းအကြောင်း
ကောင်းချက်ကတော့ သားပျောက်လို့ ပျောက်
မှန်းမသိ။ရှောင်းကျန့်အော်ခေါ်တော့မှ
နှစ်ယောက်သား အိပ်ခန်းထဲက ပြူးတူးပြဲတဲ
ပြေးထွက်လာကြသည်။
တကယ်ပါပဲ။မပြောချင်တော့ဘူး။
〰️〰️〰️〰️〰️
"သားက အငိုမတိတ်တော့ဘူး"
ရိပေါ် ပြောစကားကြောင့် သက်ပြင်းသာ
ချရင်း ချန်ယောလ်လေးဆီ လျှောက်သွား
လိုက်သည်။သူ့ကိုတွေ့တော့ ပြေးဖက်လာသည့်
ချန်ယောလ်လေးက
"သားကို စိတ်ဆိုးသွားတာလားဟင်။သား
တောင်းပန်ပါတယ်"
ဘယ်လောက်ဆိုးဝါးသောင်းကြမ်းနေပါစေ
ရှောင်းကျန့်အပေါ်တော့ အချစ်ကြီးလွန်းသည့်
ညီအစ်ကို။
"ပါးပါး ချန်ယောလ်ကိုစိတ်မဆိုးပါဘူး။
ဒါပေမဲ့ နောက်တစ်ခါ ထပ်လုပ်ရင်တော့
စိတ်ဆိုးမှာနော်။ပါးပါး အဲ့လို လုပ်တာမကြိုက်
ဘူးကြားလား!"
ရိူက်သံတွေကြားက ချန်ယောလ်လေး
ခေါင်းငြိမ့်ပြမှသူ လည်းပြုံးနိုင်တော့သည်။
ရိပေါ်ကလည်း သူ့သားကို အသာပွေ့ဖက်ရင်း
ပါးဖောင်းလေးနှစ်ဖက်ကို ခပ်ဖွဖွနမ်းရင်း
ချော့မြူနေတုန်း
"ဘယ်ကအတတ်ကောင်းတွေတတ်လို့
ဘတ်ဟျွန်းလေးကို သွားခိုးရတာလဲ။ဟန်??"
သူ့အမေးကို ချန်းယောလ်လေးက သွားကျိုး
လေးတွေပေါ်သည်ထိပြုံးပြရင်း
"Daddyကပြောတယ်။သူ့တုန်းကပါးပါးကို
ခိုးပြေးတာတဲ့။အဲ့တာကြောင့် ချန်ယောလ်လည်း
ဘတ်ဟျွန်းကိုသွားခိုးလာတာ!"
ချန်ယောလ်လေးစကားကြောင့် ရိပေါ်ကိုသာ
စိုက်ကြည့်မိလိုက်တော့ ရယ်ကျဲကျဲနဲ့ရိပေါ်။
"ငါလည်း ကလေးဆိုတော့နားမလည်ဘူး
ထင်လို့ပါကွ!"
ထွက်လာသမျှဒေါသတွေကို အတင်းနဲ့မျိုချရင်း
ထိန်းထားရသည်။ပြီးမှ တွေ့မယ်ရိပေါ်
ခွေးကောင်....
〰️〰️〰️〰️〰️〰️〰️〰️〰️〰️
ညတည်းကUpမို့ဟာခေါင်းတွေထိုးကိုက်လို့
ခုမှUp🧐ရတယ်
ကျန်းမာရေးတွေ ဂရုစိုက်ကြနော်😘