The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.9

7K 845 24
By khunsin

ဟုန်လေ့က စာရွက်တရွက်ပြီး တရွက်လှန်ရင်း "ဒီအချိန်ဇယားတွေက မဟုတ်သေးဘူး ဒီလို ဖြစ်ရမှာ" သူနမူနာ လက်တန်းပဲ မြန်မြန်ဆွဲပြလိုက်သည် .. မျဉ်းတွေက ဖြောင့်ပြီး လက်ရေးက သပ်ရပ်နေသည် .. ဖိုင်ကို ထောင်ပြလိုက်ပြီး ခဲတံရဲ့ ခဲဖျက်ပါတဲ့ဘက်ကို လှည့်ပြီး ထောက်ပြကာ ဘာလို့ ဒီပုံစံဆွဲရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အနည်းငယ်ရှင်းပြသည်

ဆက်၍ "နောက်ပြီး ဒီဆရာက ဒီနေ့မှာ Third Yearမှာ အတန်းရှိတယ် .. သူ ဝင်ပေးနိုင်မှာ မဟုတ်ဖူး .. ဒီအကွက်ကို တခြား ဒီဘာသာနဲ့ အစားထိုးသင့်တယ် .. "

"ပြီးတော့ ယွင်ဖန် .. ဒီ Donation ငွေတွေ ပေါင်းတာ မှားနေတယ် .. "

ဇာတ်လိုက်မဆီ တချက် လှမ်းကြည့်ပြီး မျက်မှောင်တချက်ကြုတ်ကာ ခဲတံကို တချက်လှည့်ရင်း

"နင်လက်ခံရရှိတဲ့ ငွေနဲ့ စာရင်းနဲ့ကို တိုက်မစစ်ဘူးလား .. ပိုတဲ့ငွေတွေ ဘယ်လိုလုပ်ထားလဲ .. ဘယ်စာရင်းထဲ သွားထည့်ထားလဲ ဒီလောက် သိသာနေတဲ့ အမှားကို ... " ထပ်ပြီး အမှားတွေ ဝိုင်းပြကာ ဆရာက ကျောင်းသားကို စာစစ်နေသလို ယွင်ဖန့်ကို တချက်တချက် ခုံပေါ်မှ ငုံကြည့်ပြီး ပြောနေသည်

အမှားပေါင်းများစွာ ထောက်ပြီးသကာလ ဇာတ်လိုက်မမှာ ဟုန်လေ့ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေပြီး အရှက်ခွဲခံရတာကြောင့်.. လက်ကို တင်းတင်းဆုပ်ထားကာ လက်သည်းများပင် အသားထဲစိုက်ဝင်နေပြီ ဖြစ်သည်

တဖက်က ကောမင်ကို လာရှာတဲ့ အဖွဲ့ဝင်တွေမှာတော့ ဟုန်လေ့ကို ကြည့်တဲ့ သူတို့မျက်လုံးများက လေးစားမှုတွေနဲ့ အရောင်တောက်နေပြီး ယွင်ဖန်ကိုတော့ အထင်သေးသော၊ မယုံကြည်နိုင်သော မျက်လုံးများနဲ့ ကြည့်လာကြသည် .. တခန်းလုံး တိတ်ဆိတ်ပြီး ဟုန်လေ့စကားပြောနေသံသာ ကြားရသည် .. ရှိနေတဲ့သူတွေအားလုံးရဲ့ အကြည့်က ဟုန်လေ့ဆီမှာ .. အားလုံးရင်ထဲမှာ ခံစားနေရတာက 'Wow .. မိုက်လိုက်တာ' 'ဆရာကျချက်ပဲ'

ယခင်က ဟုန်လေ့အရည်အချင်းရှိတာအနည်းအကျဉ်းသိပေမယ့် အဲ့လောက် တော်ပြီး ထက်မှန်း သူတို့ မသိခဲ့ ..

ယွင်ဖန်က ဟုန်လေ့လုပ်သမျှ နာမည်ကောင်း ဝင်ယူတာကြောင့် အားလုံးက ယွင်ဖန်ကသာ တော်တယ်လို့ သိထားကြသည် .. တဖြည်းဖြည်း နားထောင်ရင်း သဘောပေါက်ဘာတာက ယွင်ဖန် လုပ်သမျှ တလွဲတွေပဲ ဖြစ်ပြိီး ဟုန်လေ့ကသာ တကယ်အလုပ်လုပ်ခဲ့သူဆိုတာ သဘောပေါက်လာစေသည် ..

အခန်းထဲရှိတဲ့ သူတွေရဲ့ စိတ်ထဲမှာ 'တကျောင်းလုံးရဲ့ infoကို copy ပွါးပြီး ခေါင်းထဲ ထည့်ထားနိုင်သော'၊ 'အားလုံး သူ့နေရာနဲ့သူ ကွက်တိ စီစဉ်အကွက်ချပေးနိုင်သော'.. 'စာရင်းများမှာလည်း ကွန်ပျူတာနဲ့ တွက်ထုတ်ပေးလိုက်တဲ့အတိုင်း အတိအကျ မှန်အောင် ချက်ချင်း တွက်နိုင်သော'.. ဟုန်လေ့ကို ရှိခိုးကိုးကွယ်မတပ် ဖြစ်လာသည် .. သူတို့ရှေ့မှာ ရှိတဲ့ အရမ်းလည်း ချောသော လူငယ် ၊ ရှင်းပြရင်း လက်ကလည်း မှားတဲ့နေရာတွေ ခဲနဲ့ ဝိုင်းပြီး အမှန်တွေ ရေးပေးနေသော ဟုန်လေ့က နတ်သားလေးအလား ..

စာရွက်လှန်နေတာ ဆုံးသွားတော့မှ ဇာတ်လိုက်မဆီ တချက်လှည့်ကာ

"နင်အဲ့တာတွေ ပြင်ပြီး Print ထုတ်လိုက်ရင် ရပြီ ..
ဟက် .. ငါ့ရဲ့ .. ညီ .. မ .. လေး "

လှောင်ပြုံလေး ပြုံးပြီး စသလို နောက်သလိုနဲ့ တလုံးချင်း ဖိပြောလိုက်တာက ယွင်ဖန်ကို အနည်းငယ် တုန်လှုပ်သွားစေသည် .. ဟုန်လေ့ ပြောင်းလဲသွားတယ်လို့ ခံစားနေရသည် .. အခုကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေက တချိန်က သူ့ခြေထောက်အောက်က အမှိုက်ကောင်က ထုတ်လွှတ်နေတယ်ဆိုတာ သူတကယ် မယုံကြည်နိုင်

ပြုံးနေတာကို ချက်ချင်း ပြန်တည်လိုက်ပြီး ခုံပေါ်မှ ဆင်းလိုက်ကာ လက်ထဲကဖိုင်ကို ကောမင်ရင်ဘတ်သို့ ရိုက်ချပြီးပေးလိုက်ကာ

"ရော့ .. သူများလုပ်ပြီးသား အမှိုက် ငါရှင်းဖို့ စိတ်မဝင်စားဘူး .. သူ့ပဲ ဆက်လုပ်ခိုင်းလိုက် .. လာမယ့် Event နှစ်ခု ကျောင်းသားစုံညီပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို ငါကူပေးမယ် .. "

ကောမင် သတိဝင်လာတော့ ဟုန်လေ့ကို အထင်သေးခဲ့မိတဲ့အတွက်လည်း နောင်တရသည် .. ယွင်ဖန် တပတ်လုပ်ထားတဲ့ဟာကို ဟုန်လေ့က တထိုင်တည်း 15မိနစ်နဲ့ လုပ်ပြသွားသည်မှာလည်း ဖျားသွားလောက်သည် .. သူတွက်ထားသလို တလအချိန်မရတော့မှာလည်း စိုးရိမ်လာသည် .. ဟုန်လေ့လို အရမ်းတော်တဲ့ကောင်က သူ့ကို ဘယ်မှာလာ စိတ်ဝင်စားနိုင်မှာလဲ ဆိုတာမျိုးအတွေးလည်းဝင်ပြီး တွေးကြောက်လာသည် ..

သိုသော် ထိုကဲ့သို့ ပိုင်ဆိုင်လိုစိတ်က တဖက်၊ ကြောက်စိတ်ကတဖက်နဲ့ လွန်ဆွဲနေချိန်မှာတောင် ဟုန်လေ့ရဲ့ ညှို့ယူနိုင်မှုကို မလွန်ဆန်နိုင်ခဲ့ .. ဟုန်လေ့က အရမ်းသေသပ်လွန်းသည် .. ရက်စက်အောင်လှသည် .. လက်ဖျားခါလောက်အောင် ဆွဲဆောင်နိုင်သည်

ဟုန်လေ့ ပြောနေတာကို ခဏရပ်ကာ နီးစပ်ရာ စာရေးစားပွဲဆီ ဝင်ထိုင်လိုက်ပြီး ရပ်နေတဲ့သူအားလုံးကို လက်ဝှေ့ပြီး လွတ်နေတဲ့နေရာမှာ ဝိုင်းထိုင်ဖို့ လက်ပြလိုက်သည် .. ချက်ချင်း စာသင်ခန်းက အစည်းအဝေးခန်း ပုံစံမျိုး ဖြစ်သွားရသည် .. ဘေးကကျောင်းသားဆီက စာရွက်နှစ်ရွက်လှန်းတောင်းလိုက်ပြီး အခမ်းအနားအတွက် လိုအပ်တဲ့ Budget ကိစ္စ စပြောတော့သည် ..

သုံးရမယ့် ပစ္စည်းစာရင်း Budgetတင်ဖို့ ရေးရင်းနဲ့ ပါးစပ်ကလည်း လုပ်ရမယ့် အစီအစဉ်တွေ လက်တန်းရွတ်သွားသည် .. ဘေးက ရောက်နေတဲ့ အဖွဲ့ဝင်တွေကိုပါ တချက်ကြည့်လိုက်ပြီး .. လက်ရှိ လုပ်နေတာ ဘာရှိလဲ မေးရင်း .. အားနေတဲ့သူတချို့ကိုပါ တာဝန်ခွဲသွားသည် ..

စောစောက ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတဲ့ အဖွဲ့ဝင်တွေ အခုတော့ စာအုပ်ထုတ်ပြီး လိုက်မှတ်နေရသည် .. သူတို့ မျက်လုံးတွေမှာလည်း လုံးဝ ရိုကျိုးပြီး လေးစားနှစ်သက်နေတဲ့ အရိပ်အရောင်တွေနဲ့ ပြည့်လို့ နေသည် .. ဘေးကရပ်နေတဲ့ ဘက်စုံတော်ပါတယ်ဆိုတဲ့ ကျောင်းသားဥက္ကဌတောင် ဟုန်လေ့လိုမျိုး အဖွဲ့ဝင်တွေရဲ့ လေးစားအားကျခံရတာမျိုး တခါမှမရရှိခဲ့ဖူးပေ

ပါဝင်ရမယ့် ကျောင်းသားစာရင်းနဲ့ ပေးမယ့်ဆု Rank . ဆုပစ္စည်း၊ ဆုငွေ၊ ဆုတံဆိပ်ကစလို့ ပါဝင်မယ့် အားကစားပြိုင်ပွဲ၊ ဖျော်ဖြေပွဲအပြင် နောက်ဆုံးအနေနဲ့ ဒီနှစ်ရဲ့ဆုရကျောင်းသားစာရင်းကစ လက်တန်းရွတ်ကာ ရှင်းပြသွားသည် ..

ပြီးတော့ ဟုန်လေ့က ရန်ကျင့်ပေးလိုက်တဲ့ ဖုန်းကို ထုတ်လိုက်ပြီး Event အတွက် သူနဲ့အတူ Event လုပ်နေကျသူတွေဆီ နောက်တနာရီအကြာမှာ ခန်းမထဲမှာဆုံဖို့ အကျိုးအကြောင်း စာပို့လိုက်သည် .. contact ဖုန်းနံပါတ်အားလုံး save မလုပ်ထားတာတောင် နံပါတ်တွေကို လက်တန်းရိုက်ပြိး ပို့လိုက်တာကို ကြည့်ပြီး အနားကလူတွေ ဖြုံသွားသည် .. သူတို့တောင် ကိုယ့်နံပါတ်ကိုယ် အလွတ်ရတာ မဟုတ်ဖူးလေ

ဟုန်လေ့လက်ထဲက နောက်ဆုံးပေါ်ဖုန်းကို ကြည့်ရင်း ယွင်ဖန် မျက်မှောင်ကြုတ်သွားသည် ဒီအမှိုက်ကောင်က ဒီလိုဖုန်းမျိုး ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ဝယ်တာလဲ ..

အဲ့ဒီနောက်မှာမှ ကောမင်ဆီလှည့်ကာ
"ဘာဆွေးနွေးချင်တာ ထပ်ဖြည့်ချင်တာရှိသေးလဲ .. "
ကောမင် ပါးစပ်အဟောင်းသားနဲ့ ခေါင်းသာခါလိုက်နိုင်သည် .. ပြည့်စုံလွန်းနေပြီ မဟုတ်ပါလား .. သူ့ရှေ့ကလူက အရင်က ကုတ်ကုတ် ကုတ်ကုတ်နဲ့ ချောင်ကပ်သောဟုန်လေ့ရော ဟုတ်ရဲ့လား ..

အရင်ဟုန်လေ့က မျက်နှာကို အမြဲ ဖုံးထားပြီး တိဆ်တိတ်ဆိတ်ဆိတ်သာ နောက်ဆုံးတန်းမှာ နေတတ်သည် . Planing ကောင်းသော်လည်း မျက်နှာပြရပြီဆိုရင် ယွင်ဖန်က ထွက်ပြပြီး နောက်ကွယ်မှာသာ အချက်အလက်နဲ့ idea က သူကလုပ်ပေးရတာ ဖြစ်သည်

လက်ရှိဟုန်လေ့က ဆံပင်ကို လှန်စည်းထားပြီး အဝတ်အစားကစ သန့်ပြန့်နေကာ အရှိန်အဝါတမျိုး တောက်နေတဲ့အပြင် လှောင်ပြုံးလေး လှစ်ခနဲပြုံးလိုက်တိုင်း မြင်ရသူတွေရဲ့ အသည်းကို ကုတ်ခြစ်နေတဲ့အတိုင်း အရမ်းကို ခန့်ညားလွန်းသည် .. ဖိုင်ကို တဖက်ကကိုင်ပြီး တဖက်က ခဲတံလှည့်ကာ အစီအစဉ်ကို ရှင်းပြနေတယ် ဆိုတော့ကာ ... အရမ်းးးးးး

🟥🟥🟥🟥🟥🟥🟥

ဟုန္ေလ့က စာ႐ြက္တ႐ြက္ၿပီး တ႐ြက္လွန္ရင္း "ဒီအခ်ိန္ဇယားေတြက မဟုတ္ေသးဘူး ဒီလို ျဖစ္ရမွာ" သူနမူနာ လက္တန္းပဲ ျမန္ျမန္ဆြဲျပလိုက္သည္ .. မ်ဥ္းေတြက ေျဖာင့္ၿပီး လက္ေရးက သပ္ရပ္ေနသည္ .. ဖိုင္ကို ေထာင္ျပလိုက္ၿပီး ခဲတံရဲ႕ ခဲဖ်က္ပါတဲ့ဘက္ကို လွည့္ၿပီး ေထာက္ျပကာ ဘာလို႔ ဒီပုံစံဆြဲရတယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ကို အနည္းငယ္ရွင္းျပသည္

ဆက္၍ "ေနာက္ၿပီး ဒီဆရာက ဒီေန႔မွာ Third Yearမွာ အတန္းရွိတယ္ .. သူ ဝင္ေပးႏိုင္မွာ မဟုတ္ဖူး .. ဒီအကြက္ကို တျခား ဒီဘာသာနဲ႔ အစားထိုးသင့္တယ္ .. "

"ၿပီးေတာ့ ယြင္ဖန္ .. ဒီ Donation ေငြေတြ ေပါင္းတာ မွားေနတယ္ .. "

ဇာတ္လိုက္မဆီ တခ်က္ လွမ္းၾကည့္ၿပီး မ်က္ေမွာင္တခ်က္ၾကဳတ္ကာ ခဲတံကို တခ်က္လွည့္ရင္း

"နင္လက္ခံရရွိတဲ့ ေငြနဲ႔ စာရင္းနဲ႔ကို တိုက္မစစ္ဘူးလား .. ပိုတဲ့ေငြေတြ ဘယ္လိုလုပ္ထားလဲ .. ဘယ္စာရင္းထဲ သြားထည့္ထားလဲ ဒီေလာက္ သိသာေနတဲ့ အမွားကို ... " ထပ္ၿပီး အမွားေတြ ဝိုင္းျပကာ ဆရာက ေက်ာင္းသားကို စာစစ္ေနသလို ယြင္ဖန္႔ကို တခ်က္တခ်က္ ခုံေပၚမွ ငုံၾကည့္ၿပီး ေျပာေနသည္

အမွားေပါင္းမ်ားစြာ ေထာက္ၿပီးသကာလ ဇာတ္လိုက္မမွာ ဟုန္ေလ့ကို မ်က္ေထာင့္နီႀကီးနဲ႔ စိုက္ၾကည့္ေနၿပီး အရွက္ခြဲခံရတာေၾကာင့္.. လက္ကို တင္းတင္းဆုပ္ထားကာ လက္သည္းမ်ားပင္ အသားထဲစိုက္ဝင္ေနၿပီ ျဖစ္သည္

တဖက္က ေကာမင္ကို လာရွာတဲ့ အဖြဲ႕ဝင္ေတြမွာေတာ့  ဟုန္ေလ့ကို ၾကည့္တဲ့ သူတို႔မ်က္လုံးမ်ားက ေလးစားမႈေတြနဲ႔ အေရာင္ေတာက္ေနၿပီး ယြင္ဖန္ကိုေတာ့ အထင္ေသးေသာ၊ မယုံၾကည္ႏိုင္ေသာ မ်က္လုံးမ်ားနဲ႔ ၾကည့္လာၾကသည္ .. တခန္းလုံး တိတ္ဆိတ္ၿပီး ဟုန္ေလ့စကားေျပာေနသံသာ ၾကားရသည္ .. ရွိေနတဲ့သူေတြအားလုံးရဲ႕ အၾကည့္က ဟုန္ေလ့ဆီမွာ .. အားလုံးရင္ထဲမွာ ခံစားေနရတာက 'Wow .. မိုက္လိုက္တာ' 'ဆရာက်ခ်က္ပဲ'

ယခင္က ဟုန္ေလ့အရည္အခ်င္းရွိတာအနည္းအက်ဥ္းသိေပမယ့္ အဲ့ေလာက္ ေတာ္ၿပီး ထက္မွန္း သူတို႔ မသိခဲ့ .. 

ယြင္ဖန္က ဟုန္ေလ့လုပ္သမွ် နာမည္ေကာင္း ဝင္ယူတာေၾကာင့္ အားလုံးက ယြင္ဖန္ကသာ ေတာ္တယ္လို႔ သိထားၾကသည္ .. တျဖည္းျဖည္း နားေထာင္ရင္း သေဘာေပါက္ဘာတာက ယြင္ဖန္ လုပ္သမွ် တလြဲေတြပဲ ျဖစ္ၿပိီး ဟုန္ေလ့ကသာ တကယ္အလုပ္လုပ္ခဲ့သူဆိုတာ သေဘာေပါက္လာေစသည္ ..

အခန္းထဲရွိတဲ့ သူေတြရဲ႕ စိတ္ထဲမွာ 'တေက်ာင္းလုံးရဲ႕ infoကို copy ပြါးၿပီး ေခါင္းထဲ ထည့္ထားႏိုင္ေသာ'၊ 'အားလုံး သူ႔ေနရာနဲ႔သူ ကြက္တိ စီစဥ္အကြက္ခ်ေပးႏိုင္ေသာ'.. 'စာရင္းမ်ားမွာလည္း ကြန္ပ်ဴတာနဲ႔ တြက္ထုတ္ေပးလိုက္တဲ့အတိုင္း အတိအက် မွန္ေအာင္ ခ်က္ခ်င္း တြက္ႏိုင္ေသာ'.. ဟုန္ေလ့ကို ရွိခိုးကိုးကြယ္မတပ္ ျဖစ္လာသည္ .. သူတို႔ေရွ႕မွာ ရွိတဲ့ အရမ္းလည္း ေခ်ာေသာ လူငယ္ ၊ ရွင္းျပရင္း လက္ကလည္း မွားတဲ့ေနရာေတြ ခဲနဲ႔ ဝိုင္းၿပီး အမွန္ေတြ ေရးေပးေနေသာ ဟုန္ေလ့က နတ္သားေလးအလား ..

စာ႐ြက္လွန္ေနတာ ဆုံးသြားေတာ့မွ ဇာတ္လိုက္မဆီ တခ်က္လွည့္ကာ

"နင္အဲ့တာေတြ ျပင္ၿပီး Print ထုတ္လိုက္ရင္ ရၿပီ ..
ဟက္  ..  ငါ့ရဲ႕ .. ညီ .. မ .. ေလး " 

ေလွာင္ၿပဳံေလး ၿပဳံးၿပီး စသလို ေနာက္သလိုနဲ႔ တလုံးခ်င္း ဖိေျပာလိုက္တာက ယြင္ဖန္ကို အနည္းငယ္ တုန္လႈပ္သြားေစသည္ .. ဟုန္ေလ့ ေျပာင္းလဲသြားတယ္လို႔ ခံစားေနရသည္ .. အခုေၾကာက္စရာေကာင္းတဲ့ အရွိန္အဝါေတြက တခ်ိန္က သူ႔ေျခေထာက္ေအာက္က အမႈိက္ေကာင္က ထုတ္လႊတ္ေနတယ္ဆိုတာ သူတကယ္ မယုံၾကည္ႏိုင္

ၿပဳံးေနတာကို ခ်က္ခ်င္း ျပန္တည္လိုက္ၿပီး ခုံေပၚမွ ဆင္းလိုက္ကာ လက္ထဲကဖိုင္ကို ေကာမင္ရင္ဘတ္သို႔ ႐ိုက္ခ်ၿပီးေပးလိုက္ကာ

"ေရာ့ .. သူမ်ားလုပ္ၿပီးသား အမႈိက္ ငါရွင္းဖို႔ စိတ္မဝင္စားဘူး .. သူ႔ပဲ ဆက္လုပ္ခိုင္းလိုက္ .. လာမယ့္ Event ႏွစ္ခု ေက်ာင္းသားစုံညီပြဲနဲ႔ ဆုေပးပြဲအခမ္းအနားကို ငါကူေပးမယ္ .. "

ေကာမင္ သတိဝင္လာေတာ့ ဟုန္ေလ့ကို အထင္ေသးခဲ့မိတဲ့အတြက္လည္း ေနာင္တရသည္ .. ယြင္ဖန္ တပတ္လုပ္ထားတဲ့ဟာကို ဟုန္ေလ့က တထိုင္တည္း 15မိနစ္နဲ႔ လုပ္ျပသြားသည္မွာလည္း ဖ်ားသြားေလာက္သည္ .. သူတြက္ထားသလို တလအခ်ိန္မရေတာ့မွာလည္း စိုးရိမ္လာသည္ .. ဟုန္ေလ့လို အရမ္းေတာ္တဲ့ေကာင္က သူ႔ကို ဘယ္မွာလာ စိတ္ဝင္စားႏိုင္မွာလဲ ဆိုတာမ်ိဳးအေတြးလည္းဝင္ၿပီး ေတြးေၾကာက္လာသည္ ..

သိုေသာ္ ထိုကဲ့သို႔ ပိုင္ဆိုင္လိုစိတ္က တဖက္၊ ေၾကာက္စိတ္ကတဖက္နဲ႔ လြန္ဆြဲေနခ်ိန္မွာေတာင္ ဟုန္ေလ့ရဲ႕ ညႇိဳ႕ယူႏိုင္မႈကို မလြန္ဆန္ႏိုင္ခဲ့ .. ဟုန္ေလ့က အရမ္းေသသပ္လြန္းသည္ .. ရက္စက္ေအာင္လွသည္ .. လက္ဖ်ားခါေလာက္ေအာင္ ဆြဲေဆာင္ႏိုင္သည္

ဟုန္ေလ့ ေျပာေနတာကို ခဏရပ္ကာ နီးစပ္ရာ စာေရးစားပြဲဆီ ဝင္ထိုင္လိုက္ၿပီး ရပ္ေနတဲ့သူအားလုံးကို လက္ေဝွ႔ၿပီး လြတ္ေနတဲ့ေနရာမွာ ဝိုင္းထိုင္ဖို႔ လက္ျပလိုက္သည္ .. ခ်က္ခ်င္း စာသင္ခန္းက အစည္းအေဝးခန္း ပုံစံမ်ိဳး ျဖစ္သြားရသည္ .. ေဘးကေက်ာင္းသားဆီက စာ႐ြက္ႏွစ္႐ြက္လွန္းေတာင္းလိုက္ၿပီး အခမ္းအနားအတြက္ လိုအပ္တဲ့ Budget ကိစၥ စေျပာေတာ့သည္ ..

သုံးရမယ့္ ပစၥည္းစာရင္း Budgetတင္ဖို႔ ေရးရင္းနဲ႔ ပါးစပ္ကလည္း လုပ္ရမယ့္ အစီအစဥ္ေတြ လက္တန္း႐ြတ္သြားသည္ .. ေဘးက ေရာက္ေနတဲ့ အဖြဲ႕ဝင္ေတြကိုပါ တခ်က္ၾကည့္လိုက္ၿပီး .. လက္ရွိ လုပ္ေနတာ ဘာရွိလဲ ေမးရင္း .. အားေနတဲ့သူတခ်ိဳ႕ကိုပါ တာဝန္ခြဲသြားသည္ ..

ေစာေစာက ပါးစပ္အေဟာင္းသားနဲ႔ နားေထာင္ေနတဲ့ အဖြဲ႕ဝင္ေတြ အခုေတာ့ စာအုပ္ထုတ္ၿပီး လိုက္မွတ္ေနရသည္ .. သူတို႔ မ်က္လုံးေတြမွာလည္း လုံးဝ ႐ိုက်ိဳးၿပီး ေလးစားႏွစ္သက္ေနတဲ့ အရိပ္အေရာင္ေတြနဲ႔ ျပည့္လို႔ ေနသည္ .. ေဘးကရပ္ေနတဲ့ ဘက္စုံေတာ္ပါတယ္ဆိုတဲ့ ေက်ာင္းသားဥကၠဌေတာင္ ဟုန္ေလ့လိုမ်ိဳး အဖြဲ႕ဝင္ေတြရဲ႕ ေလးစားအားက်ခံရတာမ်ိဳး တခါမွမရရွိခဲ့ဖူးေပ

ပါဝင္ရမယ့္ ေက်ာင္းသားစာရင္းနဲ႔ ေပးမယ့္ဆု Rank . ဆုပစၥည္း၊ ဆုေငြ၊ ဆုတံဆိပ္ကစလို႔ ပါဝင္မယ့္ အားကစားၿပိဳင္ပြဲ၊ ေဖ်ာ္ေျဖပြဲအျပင္ ေနာက္ဆုံးအေနနဲ႔ ဒီႏွစ္ရဲ႕ဆုရေက်ာင္းသားစာရင္းကစ လက္တန္း႐ြတ္ကာ ရွင္းျပသြားသည္ ..

ၿပီးေတာ့ ဟုန္ေလ့က ရန္က်င့္ေပးလိုက္တဲ့ ဖုန္းကို ထုတ္လိုက္ၿပီး Event အတြက္ သူနဲ႔အတူ Event လုပ္ေနက်သူေတြဆီ ေနာက္တနာရီအၾကာမွာ ခန္းမထဲမွာဆုံဖို႔ အက်ိဳးအေၾကာင္း စာပို႔လိုက္သည္ .. contact ဖုန္းနံပါတ္အားလုံး save မလုပ္ထားတာေတာင္ နံပါတ္ေတြကို လက္တန္း႐ိုက္ၿပိး ပို႔လိုက္တာကို ၾကည့္ၿပီး အနားကလူေတြ ၿဖဳံသြားသည္ .. သူတို႔ေတာင္ ကိုယ့္နံပါတ္ကိုယ္ အလြတ္ရတာ မဟုတ္ဖူးေလ

ဟုန္ေလ့လက္ထဲက ေနာက္ဆုံးေပၚဖုန္းကို ၾကည့္ရင္း ယြင္ဖန္ မ်က္ေမွာင္ၾကဳတ္သြားသည္ ဒီအမႈိက္ေကာင္က ဒီလိုဖုန္းမ်ိဳး ဘယ္ကရတဲ့ ပိုက္ဆံနဲ႔ ဝယ္တာလဲ ..

အဲ့ဒီေနာက္မွာမွ ေကာမင္ဆီလွည့္ကာ
"ဘာေဆြးေႏြးခ်င္တာ ထပ္ျဖည့္ခ်င္တာရွိေသးလဲ .. "
ေကာမင္ ပါးစပ္အေဟာင္းသားနဲ႔ ေခါင္းသာခါလိုက္ႏိုင္သည္ .. ျပည့္စုံလြန္းေနၿပီ မဟုတ္ပါလား .. သူ႔ေရွ႕ကလူက အရင္က ကုတ္ကုတ္ ကုတ္ကုတ္နဲ႔ ေခ်ာင္ကပ္ေသာဟုန္ေလ့ေရာ ဟုတ္ရဲ႕လား ..

အရင္ဟုန္ေလ့က မ်က္ႏွာကို အၿမဲ ဖုံးထားၿပီး တိဆ္တိတ္ဆိတ္ဆိတ္သာ ေနာက္ဆုံးတန္းမွာ ေနတတ္သည္ . Planing ေကာင္းေသာ္လည္း မ်က္ႏွာျပရၿပီဆိုရင္ ယြင္ဖန္က ထြက္ျပၿပီး ေနာက္ကြယ္မွာသာ အခ်က္အလက္နဲ႔ idea က သူကလုပ္ေပးရတာ ျဖစ္သည္

လက္ရွိဟုန္ေလ့က ဆံပင္ကို လွန္စည္းထားၿပီး အဝတ္အစားကစ သန္႔ျပန္႔ေနကာ အရွိန္အဝါတမ်ိဳး ေတာက္ေနတဲ့အျပင္ ေလွာင္ၿပဳံးေလး လွစ္ခနဲၿပဳံးလိုက္တိုင္း ျမင္ရသူေတြရဲ႕ အသည္းကို ကုတ္ျခစ္ေနတဲ့အတိုင္း အရမ္းကို ခန္႔ညားလြန္းသည္ .. ဖိုင္ကို တဖက္ကကိုင္ၿပီး တဖက္က ခဲတံလွည့္ကာ အစီအစဥ္ကို ရွင္းျပေနတယ္ ဆိုေတာ့ကာ ... အရမ္းးးးးး

Continue Reading

You'll Also Like

59.2K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
201K 3.7K 26
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
314K 16.8K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...