The Stranger I love (System)

Por khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Más

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.8

7.1K 822 6
Por khunsin

"ရန်ကျင့် လောလောဆယ် တပတ်လောက် ငါ့ကို အချိန်ပေး.. ငါကိုယ်ရေးကိုယ်တာ ကိစ္စလေးရှင်းစရာရှိလို့" မည်းမှောင်သွားသော ရန်ကျင့်မျက်နှာကို လျစ်လျှူရှုပြီး Laptop တလုံးရွေးကာ ကျောင်းကို မှီတဲ့အချိန်တက်ဖို့ လုပ်ရသည် .. ကားပေါ်က ဆင်းပြေးဖို့ အလျင်လိုနေသော သူ့ကို ရန်ကျင့်က လက်ဆွဲပြန်ထိုင်ခိုင်းပြီး

"လေ့ ခဏ"
"ရော့ .. မင်းအတွက် "
"ဒီဖုန်းထဲမှာ ငါ့contact မှတ်ထားတယ် ..
မင်းက အဖြူ ...  ငါကအနက်ရောင်"

သူ့ဖုန်း အနက်ရောင်လေးကို မြှောက်ပြကာ ..

"လေ့ရဲ့ Emergency Number  က ကိုယ့်နံပါတ်ပဲ
power ခလုတ်ကို ကြာကြာဖိပြီး အနီoption ရွေးလိုက်တာနဲ့ ကိုယ့်ဆီ ဖုန်းခေါ်ပေးလိမ့်မယ်"

ဟုန်လေ့မျက်နှာမှာ အံဩရိပ်လေး ဖြတ်ပြေးသွားသည် .. သူအဲ့လောက်တောင် ငါ့ကို ယုံလား .. သူ့ကိုတောင် ဘာမှတောင် လုပ်မပေးရသေးဘူး.. Laptop တလုံးနဲ့ စျေးကြီးတဲ့ ဖုန်းကို သူ့ကိုပေးလိုက်ပြီ။ ခင်တာသိပ်မကြာသေးတဲ့ တစိမ်းတယောက်ကိုလေ ...

"အားကျင့် မင်းငါ့ကို အဲ့ဒီလောက်တောင် ယုံသလား
ငါလိမ်သွားရင် ဒါမှမဟုတ် မင်းထင်နေသလို ငါကတိပေးခဲ့သလို .. မင်းအလုပ်မှာ တကယ်တမ်းမစွမ်းဆောင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ "

'ဟား ... အားကျင့်တဲ့လား' ရန်ကျင့် အပျော်လွန်နေတဲ့ မျက်လုံးတွေနဲ့ ဟုန်လေ့လည်ပင်းကို ရုတ်တရက် လှမ်းဖက်လိုက်ပြီး

"လေ့ ငါ မင်းကိုယုံတယ် .. "  အလေးအနက် ပြောလိုက်သည် .. လေ့ မင်းကို ယုံတာထက်ပိုတဲ့ အကြောင်းကိုတော့ ငါနောက်မှ ပြောပြတော့မယ် ..

ရင်ခွင်ထဲ ရောက်လာသော ဟုန်လေ့ကိုယ်ကို ခဏတင်းခနဲ ညှစ်လိုက်ကာ ပြန်လွှတ်ပေးလိုက်သည် ..

ဟုန်လေ့ ရုတ်တရက်မို့ တချက်တောင့်တင်းသွားကာ ဘာမှမပြောတော့ပဲ တခါးဖွင့်၍ ဆင်းသွားပြီးမှ ပြန်လှည့်လာကာ
မှန်ချခိုင်းရင်း ..

"အားကျင့် .. မင်းလည်း ကျောင်းတက်ဦး .. ဒီနှစ်ထပ်ကျရင် ကျောင်းက ထွက်ရတော့မယ်လို့ ကြားတယ် .. မနက်ဖြန် ငါ့ကိုလာကြို ကျောင်းတူတူသွားမယ်" ပြောပြီး မပြေးရုံတမယ် လှည့်ထွက်သွားလေသည်

သေချာတာပေါ့ ရန်ကျင့်ကတော့ ကားထဲမှာ ပြုံးဖြဲဖြဲနဲ့ မျက်နှာကို ပွတ်ပြီး  အူယားနေသာ အမူအယာဖြင့် ဟုန်လေ့ဘက်သို့ လှမ်းကြည့်ကာ
'အား .. ချစ်စရာကောင်းလိုက်တာ'
..................

ဟုန်လေ့ နောက်ကျနေသောကြောင့် ပန်းချီအတန်းကို အသည်းအသန်ပြေးရလေသည် .. ရန်ကျင့်ကျေးဇူးကြောင့်ပစ္စည်းတွေ အစုံ သူ့မှာရှိသည် .. သူ့ရဲ့ သင်လွယ်တတ်လွယ်တဲ့ ပါရမီကြောင့်ရော မူလဟုန်လေ့ရဲ့ လေ့ကျင်မှုအရရော အစပိုင်းဖောရှောလိုက်လို့ ရပေမယ့် တကယ်ဆွဲတော့ ပုံထွက်က မလှပေ .. ဘေးက သူငယ်ချင်းက အနည်းငယ် ကူပေးပေမယ့် ပထမဆုံး ဆွဲခြင်း ဖြစ်တာကြောင့် အတော့်ကို ဆိုးဝါးနေသည် ..

ဆရာက လာကြည့်ပြီး အခြေခံမရှိပဲ အတန်းကျော်တက်လာတာမို့ နည်းစနစ်မမှန်တဲ့အတွက် ဖြစ်မည်ဟုဆိုကာ သီးသန့် တချိန်ပေး၍ Basic အရင် လာတက်ဖို့ ပြောသည် .. Basic သင်မယ့် ပထမနှစ်ရဲ့ အချိန်ဇယားကိုလည်း ပေးလိုက်သည် ..

ဟုန်လေ့ မော်ကွန်းထိန်းဆီ ပြေးရပြန်သည် .. Devilish အတွက်ရော ပန်းချီအတွက်ရော အချိန်လိုတာကြောင့် မိုင်နာတွေ တသီကြီး ထပ်ဖြုတ်ရပစ်ရသည် .. မော်ကွန်းထိန်းက ပန်းချီကို မိုင်နာအနေနဲ့သာ ယူဖို့ အကြံပေးသည် .. ဟုန်လေ့ ခဏ စဉ်းစားပြီး လက်ခံလိုက်သည် .

ကောင်းတဲ့တချက်က သူပျင်းတဲ့ဘာသာတွေလည်း တက်စရာမလိုတော့ဘူး  .. အချိန်ပိုထွက်လာမယ် . ပန်းချီကို ကျောင်းမှာ အခြေခံရတဲ့နောက် သူကြိုးစားပြီး self studyလုပ်မယ် .. အပြင်မှာ ဆရာတချို့နဲ့ ချိတ်ဆက်ပြီး ဆက်သင်မယ်လို့ ဆုံးဖြတ်လိုက်သည် .. ခုက Devilishရဲ့ prototype ပထမဆုံး ထုတ်ကုန်ရဲ့ ရှေ့ပြေးပုံစံက ထွက်ဖို့ အရေးကြီးနေပြီး ပန်းချီက ကျောင်းမှာ အခြေခံသာပါလာရင် တတ်လွယ်တဲ့ သူ့ပါရမီနဲ့ဆို ဘယ်ချိန် ပြန်သင်သင် ရနိုင်ကောင်းသည် ..

ပန်းချီက အဓိက ပါရမီနဲ့ လေ့ကျင့်မှုနဲ့ပဲဆိုင်သည်ကို ပထမဆုံးတချိန် အတန်းတက်ပြီးတော့ နားလည်လာရသည် .. သူ့ကိုယ်သူယုံသလို မူလဟုန်လေ့ရဲ့ အရည်အချင်းကိုလည်း ယုံသည် .. မဟုတ်လည်း ကျောင်းကထွက်တာနဲ့ နာမည်ကြီး ပန်းချီဆရာ တန်းဖြစ်တာမှ မဟုတ်တာလို့ တွေးပြီး မိုင်နာဘာသာအဖြစ် ပြောင်းလိုက်သည် .. ..

ဇာတ်လိုက်မရွေးယွင်ဖန် ရွေးပေးတဲ့ မိုင်နာဘာသာတွေ ဖြုတ်ချလိုက်ကတည်းက ယွင်ဖန်နဲ့သူ အတန်းအတူတက်စရာမလိုတော့ပေ .. ခုဆို Advanced Physics နဲ့ ပန်းချီသာ တက်တော့မည် ဖြစ်တာကြောင့် သေချာပေါက် ယွင်ဖန်နဲ့ တွေ့ရမှာ မဟုတ်တော့ပေ . .

သို့သော် ကျောင်းသားကော်စီဝင် ဖြစ်နေသေးတော့ Event ရှိတယ်ဆိုကာ  ဟိုဥက္ကဌကောင်က လာခေါ်နေလို့ ဟုန်လေ့ အကြပ်ရိုက်နေသည် .. ထွက်စာတင်တော့လည်း လက်မခံ .. တမင် အလုပ်တွေ လိုက်မလုပ်ပဲ နေလာတာလဲ အဖွဲ့ဝင်အဖြစ်က ထုတ်မပစ်ပဲ တင်းခံနေသည် ..ခု ပိုဆိုးတာက သူ့အတွက် အချိန်က မလောက်ပါဘူးဆိုနေ .  ဟုန်လေ့ ဒေါပွနေရသည်

"စီနီယာ ကောမင် ငါမအားဘူး ထွက်စာတင်မယ်လို့ မင်းကို ဘယ်နှခါပြောရမလဲ" သူ့ကို ဇွတ်လိုက်ခေါ်နေတော့ ဒေါသက ထွက်လာပြီး ယဉ်ကျေးမနေနိုင်တော့

"မင်းထွက်ချင်တိုင်း ထွက်လို့မရဘူး ခု Event တွေက လုပ်ရတော့မှာ .. ထွက်ခွင့် မပြုနိုင်ဘူး . မင်းသိတဲ့အတိုင်း ယွင်ဖန်က အရည်အချင်း မပြည့်ဝလို့ အခု ကမောက်ကမတွေ ဖြစ်နေတယ် .. အရင်က မင်းလုပ်ခဲ့တာတွေမို့ သူများကို လွှဲရတာ မင်းလောက်အဆင်မပြေဘူး .. မဟုတ်ရင် ငါကျောင်းအုပ်ကို မင်းရဲ့ မိုင်နာဘာသာတွေ ဖြုတ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး ဖိအားပေးရလိမ့်မယ် "

မေဂျာတစ်ခုကို မိုင်နာအနေနဲ့ ပြောင်းဖို့ ဘယ်သူမှ မလုပ်နိုင်ပေ .. အမြဲအဆင့်တစ်ရနေတဲ့ ဟုန်လေ့မိုလို့သာ ခွင့်ပြုခြင်းဖြစ်ပြီး တခြားသူတွေသိရင် တရားဝင်မို့ ကိစ္စသိပ်မရှိပေမယ့် ခွင့်ပြုပေးထားတဲ့ ကျောင်းအုပ်နဲ့ မော်ကွန်းထိန်းအတွက် အနည်းငယ် ပြသနာရှုပ်နိုင်သည်

ဟုန်လေ့ စိတ်ရှုပ်ပြီး ခေါင်းကုတ်မိသည် ..  ဒီဇာတ်လိုက်ကောင် အရင်က အနေသာကြီး ဘေးကထိုင်ကြည့်နေတာ မဟုတ်ဖူးလား .. ဘာလို့ ခုမှ ဇွတ်တွေ လာကပ်နေတာလဲ ..

"ဒါဆို ငါဘယ်လိုလုပ်ပေးရင် ထွက်ခွင့် ပြုနိုင်မလဲ"
ကောမင် စဉ်းစားလိုက်သည်။ ယခင်က ဂေးမို့ အရမ်းရွံတတ်ခဲ့ပေမယ့် တနေ့ထက် တနေ့ ဟုန်လေ့ကို သဘောကျလာသည်။ အလုပ်လုပ်တာလည်းတော်တယ်။ အရည်အချင်းလည်း ရှိပြီး ယွင်ဖန်ပြောသလိုလည်း စိတ်ဓာတ်ပျက်ပြားနေတာ မဟုတ်။ တည်ကြည်ရှင်းသန့်ပြီး ပြောတဲ့အတိုင်း လုပ်နိုင်သည်က သူ့အတွက် ဆွဲဆောင်စရာ တမျိုး ဖြစ်နေပြန်သည်။ ဟုန်လေ့နှင့် ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်း ဟုန်လေ့က ကျောင်းသားရေးရာကို ထွက်စာတင်၍ မလာတော့ပေမယ့် သူ့ဘက်က အများကြီး သတိထားကြည့်မိသည်။

အစကတော့ ဘယ်ခြေလှမ်း မှားမလဲ စောင့်ကြည့်တာ ဖြစ်ပေမယ့် သတိမထားမိခင်မှာပဲ ဟုန်လေ့ကို တိမ်းညွတ်လာသည်။ ဟုန်လေ့ကညသူ့ကိုညသဘောကျဖူးတာကြောင့် သူသာ စိတ်နှစ်ပြီး တလလောက် သေချာပိုးပန်းရင် ဟုန်လေ့လည်း စိတ်ညွတ်လာနိုင်သည်ဟု တွေးသည်။ အဲဒီအခါမှ ကျောင်းသားရေးရာက မထွက်ဖို့ ထပ်ပြောရင်း စည်းရုံးကြည့်ရမည်။ လုပ်လတ်စတွေ ပြီးအောင်လုပ်ဖို့ဆို တလလောက်တော့ အချိန်ရသည် ။ အကြောင်းပြရတာလည်းကောင်းသည်။

"လုပ်လတ်စ အလုပ်တွေ ပြီးတဲ့အထိ"
"အိုခေ အဲ့တာဆို ထွက်စာကို မင်းလက်ခံလိုက်တော့ .. မင်းလက်မှတ် ကြိုထိုးပေး အဲ့တာဆို အလုပ်တွေ ပြန်လာကူပေးမယ်"

ဟုန်လေ့က တခါတည်း ချုပ်လိုက်သည် ..

ကောမင် သဘောတူပြီး လက်မှတ်ထိုးပေးလိုက်သည် ။ သူဘယ်လောက်ပဲ အတင်းအကြပ်လုပ်နေပေမယ့် ဟုန်လေ့ စိတ်ကွက်သွားမှာလည်း မလိုလားပေ။ သူ့ကိုယ်သူ ယုံကြည်တာလဲ ပါသည်။ ဒီဆုံးဖြတ်ချက်က နောက်မှ နောင်တရဖို့ ဖြစ်လာခဲ့မယ်ဆိုတာ အဲ့ဒီအချိန်က သူမသိခဲ့ပေ။ သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ဟုန်​လေ့ကို လျှော့တွက်ခဲ့မိလေသည်။
.........          

ဟုန်လေ့က ကောမင်ဟူသော အရှုပ်ထုပ်ကို တခါတည်းရှင်းဖို့ ကြံလေသည်။ သူက စိတ်မြန်သူမို့ ချက်ချင်း ကောမင်ကိုခေါ်ကာ  ဇာတ်လိုက်မ အတန်းကို သွားသည်။ လမ်းတလျှောက် ကောမင်နဲ့ ဟုန်လေ့ကို အဝေးက ကျောင်းသားများက အားကျသလိုငေးနေကြသည်။ ယခင် သူ့ကို ရှုံ့ချနေခဲ့သူများ၊ မထီမဲ့မြင် ဆက်ဆံခဲ့သူများက အခုတော့ လိုချင် နှစ်သက်သော မျက်လုံးများနဲ့ ကြည့်နေကြသည်။ တချို့fujoshi လေးများကလည်း သူတို့ နှစ်ယောက် လိုက်ဖက်ကြောင်း တီးတိုး ပြောဆိုနေကြသည်။

အနားက ဖြတ်လျှောက်သွားသော ကျောင်းသားများက လေးစားသမှုနဲ့ ခေါင်းအနည်းငယ် ညွှတ်သွားကာ ပြီးရင်တော့ လည်ပြန်လှည့်ကြည့်ကြသည်။ ဘေးက ဥက္ကဌမှာ ပါးစပ်က နားရွက် တက်ချိတ်မတပ် ကျေနပ်နေလေသည် ။ သို့သော် ဟုန်လေ့ ဂရုမစိုက်အားပေ။ ဆရာ မရှိသေးတဲ့အချိန်မို့ ယွင်ဖန်တို့ အတန်းထဲမှာ လူအနည်းငယ်သာ ရှိသည်။

ဟုန်လေ့က
"ယွင်ဖန် .. မင်းအလုပ်တွေ ငါ့ဆီလွှဲပေးပါ"

"အို ဘာကိစ္စ..  ဒါတွေက ငါလုပ်ထားတာတွေလေ ခုမှ လာယူပြီး နင်နာမည်ကောင်းလိုချင်တာလား .. "

"မင် Ge .. ဒါတွေက ညီမလေး တပတ်လုံးလုံး အတန်းတွေ အပျက်ခံပြီး မနားမနေလုပ်ထားတာတွေလေ"

သူ့ကိုပြောတော့ မာဆတ်ဆတ်နဲ့ ကောမင်ဘက် လှည့်သွားတော့ ချွဲပစ်နေတဲ့ အသံနဲ့ ။ အဲ့ဒီတပြားလိုနေတဲ့ မျက်နှာနှစ်ဖက်နဲ့ ဇာတ်လိုက်မကို ဟုန်လေ့ တကယ် ကြည့်လို့မရပေ။ နှာခေါင်းတချက်ရှုံ့ရင်း ကောမင်ကိုသာ မေးဆတ်ပြလိုက်သည်။ မင်းစတဲ့ ဇာတ်လမ်း မင်းရှင်းတော့။

"ဖန် Mei လုပ်ပြီးသွားတဲ့အလုပ်တွေက ထားလိုက်တော့မယ်.. မပြီးသေးတဲ့ဟာတွေကို ဟုန်လေ့ကို ပေးလိုက်ပါ .. ဟုန်လေ့က ပိုမြန်တယ်"

ဟုန်လေ့ကို နှစ်သက်လာသော်လည်း ယွင်ဖန်မှာ သူအလိုလိုက်ပြီး အရေးပေးထားဖူးတာကြောင့် ချိုချိုသာသာနှင့်သာ ပြောလိုက်သည် ..

ယွင်ဖန် မျက်နှာကြီးနီလာသည် .. မင်ကောက သူမကို ဟုန်လေ့နဲ့ယှဉ်ရင် နှေးတယ်လို့ ပြောလိုက်တာလား ..

"ညီမလေးက အကုန်လုပ်ပြီးနေပြီလေ ..
မင် Ge .. ကြည့်"

မျက်စိရှေ့မှာ တကောထဲကောနေပြီး တမေ့တည်းမေ့နေတဲ့သူနှစ်ယောက်ကို ဟုန်လေ့ ကြည့်မရတော့။

ဇာတ်လိုက်မလက်ထဲက ဖိုင်တွေဆတ်ခနဲဆွဲယူပြီး ကြည့်လိုက်သည်။ သူဟုန်လေ့ခန္ဓာကိုယ်ကို ယူပြီးကတည်းက ငုံ့ခံနေဖို့ စိတ်ကူးမရှိသလို။ မူလဟုန်လေ့လို အရည်အချင်းကို လျှိုပြီး ကြောက်ပြနေဖို့လည်း သူတကယ် မနှစ်သက်ပေ။

ဘေးခုံမှာ တွေ့တဲ့ ခဲတံကို ကောက်ကိုင်လိုက်ရင်း စားပွဲခုံပေါ် စွေ့ခနဲ တက်ထိုင်လိုက်သည်။ ဖိုင်ကိုဖွင့်ကာ ပထမဆုံးစာရွက်ကို ကြည့်ရင်း

"ကျောင်းခေါ်ချိန်တွက်တာက မှားနေသေးတယ် .. ဒီဟာရဲ့ အဖြေက ဒီလို ဖြစ်ရမှာ .. percentage နဲ့ မပြရင် ဆရာတွေ  အလွယ်တကူ ဘယ်ကြည့်လို့ရမလဲ"

တလက်စထဲ လိုတာတွေ ထည့်ပေးပြီး လက်ကြားထဲက ခဲတံကို မချပဲ တချက်တချက် ခဲတံနဲ့ ထောက်ပြကာ .. တချက်တချက် လက်ကြားထဲက ခဲတံကိုလှည့်နေသည်။ လိုအပ်ရင် ရေးလိုက် ပြင်လိုက်နဲ့  ထောက်ပြ လိုက်နှင့် ဆက်တိုက် ပြောသွားသည်။

ဟုန်လေ့ အမှားတွေ ထောက်ပြနေတဲ့ အချိန်မှာပင် ကောင်မင်ဆီ Report တက်ရမယ့် ကျောင်းသားကောင်စီအဖွဲ့ဝင်တချို့လည်း ကောမင်ကိုရှာရင်း တွေ့လို့ အခန်းထဲ ဝင်လာကြသည်။

ကောမင်ကို လိုက်ရှာသည့် အဖွဲ့ဝင်များမှာ သူတို့ဝင်လာတော့ ဟုန်လေ့ စကားပြောနေတာကြောင့် .. သူတို့လိုပဲ Report လာတက်တယ် ထင်ကာ ဖြတ်မပြောပဲ ဘေးမှာရပ်၍ နားထောင်နေကြသည် ..

🟥🟥🟥🟥🟥🟥🟥🟥

"ရန္က်င့္ ေလာေလာဆယ္ တပတ္ေလာက္ ငါ့ကို အခ်ိန္ေပး.. ငါကိုယ္ေရးကိုယ္တာ ကိစၥေလးရွင္းစရာရွိလို႔" မည္းေမွာင္သြားေသာ ရန္က်င့္မ်က္ႏွာကို လ်စ္လွ်ဴရႈၿပီး Laptop တလုံးေ႐ြးကာ ေက်ာင္းကို မွီတဲ့အခ်ိန္တက္ဖို႔ လုပ္ရသည္ .. ကားေပၚက ဆင္းေျပးဖို႔ အလ်င္လိုေနေသာ သူ႔ကို ရန္က်င့္က လက္ဆြဲျပန္ထိုင္ခိုင္းၿပီး

"ေလ့ ခဏ"
"ေရာ့ .. မင္းအတြက္ "
"ဒီဖုန္းထဲမွာ ငါ့contact မွတ္ထားတယ္ ..
မင္းက အျဖဴ ...  ငါကအနက္ေရာင္"

သူ႔ဖုန္း အနက္ေရာင္ေလးကို ေျမႇာက္ျပကာ ..

"ေလ့ရဲ႕ Emergency Number  က ကိုယ့္နံပါတ္ပဲ
power ခလုတ္ကို ၾကာၾကာဖိၿပီး အနီoption ေ႐ြးလိုက္တာနဲ႔ ကိုယ့္ဆီ ဖုန္းေခၚေပးလိမ့္မယ္"

ဟုန္ေလ့မ်က္ႏွာမွာ အံဩရိပ္ေလး ျဖတ္ေျပးသြားသည္ .. သူအဲ့ေလာက္ေတာင္ ငါ့ကို ယုံလား .. သူ႔ကိုေတာင္ ဘာမွေတာင္ လုပ္မေပးရေသးဘူး.. Laptop တလုံးနဲ႔ ေစ်းႀကီးတဲ့ ဖုန္းကို သူ႔ကိုေပးလိုက္ၿပီ။ ခင္တာသိပ္မၾကာေသးတဲ့ တစိမ္းတေယာက္ကိုေလ ...

"အားက်င့္ မင္းငါ့ကို အဲ့ဒီေလာက္ေတာင္ ယုံသလား
ငါလိမ္သြားရင္ ဒါမွမဟုတ္ မင္းထင္ေနသလို ငါကတိေပးခဲ့သလို .. မင္းအလုပ္မွာ တကယ္တမ္းမစြမ္းေဆာင္ႏိုင္ခဲ့ရင္ ဘယ္လိုလုပ္မလဲ "

'ဟား ... အားက်င့္တဲ့လား' ရန္က်င့္ အေပ်ာ္လြန္ေနတဲ့ မ်က္လုံးေတြနဲ႔ ဟုန္ေလ့လည္ပင္းကို ႐ုတ္တရက္ လွမ္းဖက္လိုက္ၿပီး

"ေလ့ ငါ မင္းကိုယုံတယ္ .. "  အေလးအနက္ ေျပာလိုက္သည္ .. ေလ့ မင္းကို ယုံတာထက္ပိုတဲ့ အေၾကာင္းကိုေတာ့ ငါေနာက္မွ ေျပာျပေတာ့မယ္ ..

ရင္ခြင္ထဲ ေရာက္လာေသာ ဟုန္ေလ့ကိုယ္ကို ခဏတင္းခနဲ ညႇစ္လိုက္ကာ ျပန္လႊတ္ေပးလိုက္သည္ ..

ဟုန္ေလ့ ႐ုတ္တရက္မို႔ တခ်က္ေတာင့္တင္းသြားကာ ဘာမွမေျပာေတာ့ပဲ တခါးဖြင့္၍ ဆင္းသြားၿပီးမွ ျပန္လွည့္လာကာ
မွန္ခ်ခိုင္းရင္း ..

"အားက်င့္ .. မင္းလည္း ေက်ာင္းတက္ဦး .. ဒီႏွစ္ထပ္က်ရင္ ေက်ာင္းက ထြက္ရေတာ့မယ္လို႔ ၾကားတယ္ .. မနက္ျဖန္ ငါ့ကိုလာႀကိဳ ေက်ာင္းတူတူသြားမယ္" ေျပာၿပီး မေျပး႐ုံတမယ္ လွည့္ထြက္သြားေလသည္

ေသခ်ာတာေပါ့ ရန္က်င့္ကေတာ့ ကားထဲမွာ ၿပဳံးၿဖဲၿဖဲနဲ႔ မ်က္ႏွာကို ပြတ္ၿပီး  အူယားေနသာ အမူအယာျဖင့္ ဟုန္ေလ့ဘက္သို႔ လွမ္းၾကည့္ကာ
'အား .. ခ်စ္စရာေကာင္းလိုက္တာ'
..................

ဟုန္ေလ့ ေနာက္က်ေနေသာေၾကာင့္ ပန္းခ်ီအတန္းကို အသည္းအသန္ေျပးရေလသည္ .. ရန္က်င့္ေက်းဇူးေၾကာင့္ပစၥည္းေတြ အစုံ သူ႔မွာရွိသည္ .. သူ႔ရဲ႕ သင္လြယ္တတ္လြယ္တဲ့ ပါရမီေၾကာင့္ေရာ မူလဟုန္ေလ့ရဲ႕ ေလ့က်င္မႈအရေရာ အစပိုင္းေဖာေရွာလိုက္လို႔ ရေပမယ့္ တကယ္ဆြဲေတာ့ ပုံထြက္က မလွေပ .. ေဘးက သူငယ္ခ်င္းက အနည္းငယ္ ကူေပးေပမယ့္ ပထမဆုံး ဆြဲျခင္း ျဖစ္တာေၾကာင့္ အေတာ့္ကို ဆိုးဝါးေနသည္ ..

ဆရာက လာၾကည့္ၿပီး အေျခခံမရွိပဲ အတန္းေက်ာ္တက္လာတာမို႔ နည္းစနစ္မမွန္တဲ့အတြက္ ျဖစ္မည္ဟုဆိုကာ သီးသန္႔ တခ်ိန္ေပး၍ Basic အရင္ လာတက္ဖို႔ ေျပာသည္ .. Basic သင္မယ့္ ပထမႏွစ္ရဲ႕ အခ်ိန္ဇယားကိုလည္း ေပးလိုက္သည္ ..

ဟုန္ေလ့ ေမာ္ကြန္းထိန္းဆီ ေျပးရျပန္သည္ .. Devilish အတြက္ေရာ ပန္းခ်ီအတြက္ေရာ အခ်ိန္လိုတာေၾကာင့္ မိုင္နာေတြ တသီႀကီး ထပ္ျဖဳတ္ရပစ္ရသည္ .. ေမာ္ကြန္းထိန္းက ပန္းခ်ီကို မိုင္နာအေနနဲ႔သာ ယူဖို႔ အႀကံေပးသည္ .. ဟုန္ေလ့ ခဏ စဥ္းစားၿပီး လက္ခံလိုက္သည္ .

ေကာင္းတဲ့တခ်က္က သူပ်င္းတဲ့ဘာသာေတြလည္း တက္စရာမလိုေတာ့ဘူး  .. အခ်ိန္ပိုထြက္လာမယ္ . ပန္းခ်ီကို ေက်ာင္းမွာ အေျခခံရတဲ့ေနာက္ သူႀကိဳးစားၿပီး self studyလုပ္မယ္ .. အျပင္မွာ ဆရာတခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ၿပီး ဆက္သင္မယ္လို႔ ဆုံးျဖတ္လိုက္သည္ .. ခုက Devilishရဲ႕ prototype ပထမဆုံး ထုတ္ကုန္ရဲ႕ ေရွ႕ေျပးပုံစံက ထြက္ဖို႔ အေရးႀကီးေနၿပီး ပန္းခ်ီက ေက်ာင္းမွာ အေျခခံသာပါလာရင္ တတ္လြယ္တဲ့ သူ႔ပါရမီနဲ႔ဆို ဘယ္ခ်ိန္ ျပန္သင္သင္ ရႏိုင္ေကာင္းသည္ ..

ပန္းခ်ီက အဓိက ပါရမီနဲ႔ ေလ့က်င့္မႈနဲ႔ပဲဆိုင္သည္ကို ပထမဆုံးတခ်ိန္ အတန္းတက္ၿပီးေတာ့ နားလည္လာရသည္ .. သူ႔ကိုယ္သူယုံသလို မူလဟုန္ေလ့ရဲ႕ အရည္အခ်င္းကိုလည္း ယုံသည္ .. မဟုတ္လည္း ေက်ာင္းကထြက္တာနဲ႔ နာမည္ႀကီး ပန္းခ်ီဆရာ တန္းျဖစ္တာမွ မဟုတ္တာလို႔ ေတြးၿပီး မိုင္နာဘာသာအျဖစ္ ေျပာင္းလိုက္သည္ .. ..

ဇာတ္လိုက္မေ႐ြးယြင္ဖန္ ေ႐ြးေပးတဲ့ မိုင္နာဘာသာေတြ ျဖဳတ္ခ်လိုက္ကတည္းက ယြင္ဖန္နဲ႔သူ အတန္းအတူတက္စရာမလိုေတာ့ေပ .. ခုဆို Advanced Physics နဲ႔ ပန္းခ်ီသာ တက္ေတာ့မည္ ျဖစ္တာေၾကာင့္ ေသခ်ာေပါက္ ယြင္ဖန္နဲ႔ ေတြ႕ရမွာ မဟုတ္ေတာ့ေပ . .

သို႔ေသာ္ ေက်ာင္းသားေကာ္စီဝင္ ျဖစ္ေနေသးေတာ့ Event ရွိတယ္ဆိုကာ  ဟိုဥကၠဌေကာင္က လာေခၚေနလို႔ ဟုန္ေလ့ အၾကပ္႐ိုက္ေနသည္ .. ထြက္စာတင္ေတာ့လည္း လက္မခံ .. တမင္ အလုပ္ေတြ လိုက္မလုပ္ပဲ ေနလာတာလဲ အဖြဲ႕ဝင္အျဖစ္က ထုတ္မပစ္ပဲ တင္းခံေနသည္ ..ခု ပိုဆိုးတာက သူ႔အတြက္ အခ်ိန္က မေလာက္ပါဘူးဆိုေန .  ဟုန္ေလ့ ေဒါပြေနရသည္

"စီနီယာ ေကာမင္ ငါမအားဘူး ထြက္စာတင္မယ္လို႔ မင္းကို ဘယ္ႏွခါေျပာရမလဲ" သူ႔ကို ဇြတ္လိုက္ေခၚေနေတာ့ ေဒါသက ထြက္လာၿပီး ယဥ္ေက်းမေနႏိုင္ေတာ့

"မင္းထြက္ခ်င္တိုင္း ထြက္လို႔မရဘူး ခု Event ေတြက လုပ္ရေတာ့မွာ .. ထြက္ခြင့္ မျပဳႏိုင္ဘူး . မင္းသိတဲ့အတိုင္း ယြင္ဖန္က အရည္အခ်င္း မျပည့္ဝလို႔ အခု ကေမာက္ကမေတြ ျဖစ္ေနတယ္ .. အရင္က မင္းလုပ္ခဲ့တာေတြမို႔ သူမ်ားကို လႊဲရတာ မင္းေလာက္အဆင္မေျပဘူး .. မဟုတ္ရင္ ငါေက်ာင္းအုပ္ကို မင္းရဲ႕ မိုင္နာဘာသာေတြ ျဖဳတ္တဲ့ကိစၥနဲ႔ ပက္သက္ၿပီး ဖိအားေပးရလိမ့္မယ္ "

ေမဂ်ာတစ္ခုကို မိုင္နာအေနနဲ႔ ေျပာင္းဖို႔ ဘယ္သူမွ မလုပ္ႏိုင္ေပ .. အၿမဲအဆင့္တစ္ရေနတဲ့ ဟုန္ေလ့မိုလို႔သာ ခြင့္ျပဳျခင္းျဖစ္ၿပီး တျခားသူေတြသိရင္ တရားဝင္မို႔ ကိစၥသိပ္မရွိေပမယ့္ ခြင့္ျပဳေပးထားတဲ့ ေက်ာင္းအုပ္နဲ႔ ေမာ္ကြန္းထိန္းအတြက္ အနည္းငယ္ ျပသနာရႈပ္ႏိုင္သည္

ဟုန္ေလ့ စိတ္ရႈပ္ၿပီး ေခါင္းကုတ္မိသည္ ..  ဒီဇာတ္လိုက္ေကာင္ အရင္က အေနသာႀကီး ေဘးကထိုင္ၾကည့္ေနတာ မဟုတ္ဖူးလား .. ဘာလို႔ ခုမွ ဇြတ္ေတြ လာကပ္ေနတာလဲ ..

"ဒါဆို ငါဘယ္လိုလုပ္ေပးရင္ ထြက္ခြင့္ ျပဳႏိုင္မလဲ"
ေကာမင္ စဥ္းစားလိုက္သည္။ ယခင္က ေဂးမို႔ အရမ္း႐ြံတတ္ခဲ့ေပမယ့္ တေန႔ထက္ တေန႔ ဟုန္ေလ့ကို သေဘာက်လာသည္။ အလုပ္လုပ္တာလည္းေတာ္တယ္။ အရည္အခ်င္းလည္း ရွိၿပီး ယြင္ဖန္ေျပာသလိုလည္း စိတ္ဓာတ္ပ်က္ျပားေနတာ မဟုတ္။ တည္ၾကည္ရွင္းသန္႔ၿပီး ေျပာတဲ့အတိုင္း လုပ္ႏိုင္သည္က သူ႔အတြက္ ဆြဲေဆာင္စရာ တမ်ိဳး ျဖစ္ေနျပန္သည္။ ဟုန္ေလ့ႏွင့္ ကေတာက္ကဆ ျဖစ္ၿပီးေနာက္ပိုင္း ဟုန္ေလ့က ေက်ာင္းသားေရးရာကို ထြက္စာတင္၍ မလာေတာ့ေပမယ့္ သူ႔ဘက္က အမ်ားႀကီး သတိထားၾကည့္မိသည္။

အစကေတာ့ ဘယ္ေျခလွမ္း မွားမလဲ ေစာင့္ၾကည့္တာ ျဖစ္ေပမယ့္ သတိမထားမိခင္မွာပဲ ဟုန္ေလ့ကို တိမ္းၫြတ္လာသည္။ ဟုန္ေလ့ကညသူ႔ကိုညသေဘာက်ဖူးတာေၾကာင့္ သူသာ စိတ္ႏွစ္ၿပီး တလေလာက္ ေသခ်ာပိုးပန္းရင္ ဟုန္ေလ့လည္း စိတ္ၫြတ္လာႏိုင္သည္ဟု ေတြးသည္။ အဲဒီအခါမွ ေက်ာင္းသားေရးရာက မထြက္ဖို႔ ထပ္ေျပာရင္း စည္း႐ုံးၾကည့္ရမည္။ လုပ္လတ္စေတြ ၿပီးေအာင္လုပ္ဖို႔ဆို တလေလာက္ေတာ့ အခ်ိန္ရသည္ ။ အေၾကာင္းျပရတာလည္းေကာင္းသည္။

"လုပ္လတ္စ အလုပ္ေတြ ၿပီးတဲ့အထိ"
"အိုေခ အဲ့တာဆို ထြက္စာကို မင္းလက္ခံလိုက္ေတာ့ .. မင္းလက္မွတ္ ႀကိဳထိုးေပး အဲ့တာဆို အလုပ္ေတြ ျပန္လာကူေပးမယ္"

ဟုန္ေလ့က တခါတည္း ခ်ဳပ္လိုက္သည္ ..

ေကာမင္ သေဘာတူၿပီး လက္မွတ္ထိုးေပးလိုက္သည္ ။ သူဘယ္ေလာက္ပဲ အတင္းအၾကပ္လုပ္ေနေပမယ့္ ဟုန္ေလ့ စိတ္ကြက္သြားမွာလည္း မလိုလားေပ။ သူ႔ကိုယ္သူ ယုံၾကည္တာလဲ ပါသည္။ ဒီဆုံးျဖတ္ခ်က္က ေနာက္မွ ေနာင္တရဖို႔ ျဖစ္လာခဲ့မယ္ဆိုတာ အဲ့ဒီအခ်ိန္က သူမသိခဲ့ေပ။ သူ႔ကိုယ္သူ အထင္ႀကီးလြန္းၿပီး ဟုန္​ေလ့ကို ေလွ်ာ့တြက္ခဲ့မိေလသည္။
.........          

ဟုန္ေလ့က ေကာမင္ဟူေသာ အရႈပ္ထုပ္ကို တခါတည္းရွင္းဖို႔ ႀကံေလသည္။ သူက စိတ္ျမန္သူမို႔ ခ်က္ခ်င္း ေကာမင္ကိုေခၚကာ  ဇာတ္လိုက္မ အတန္းကို သြားသည္။ လမ္းတေလွ်ာက္ ေကာမင္နဲ႔ ဟုန္ေလ့ကို အေဝးက ေက်ာင္းသားမ်ားက အားက်သလိုေငးေနၾကသည္။ ယခင္ သူ႔ကို ရႈံ႕ခ်ေနခဲ့သူမ်ား၊ မထီမဲ့ျမင္ ဆက္ဆံခဲ့သူမ်ားက အခုေတာ့ လိုခ်င္ ႏွစ္သက္ေသာ မ်က္လုံးမ်ားနဲ႔ ၾကည့္ေနၾကသည္။ တခ်ိဳ႕fujoshi ေလးမ်ားကလည္း သူတို႔ ႏွစ္ေယာက္ လိုက္ဖက္ေၾကာင္း တီးတိုး ေျပာဆိုေနၾကသည္။

အနားက ျဖတ္ေလွ်ာက္သြားေသာ ေက်ာင္းသားမ်ားက ေလးစားသမႈနဲ႔ ေခါင္းအနည္းငယ္ ၫႊတ္သြားကာ ၿပီးရင္ေတာ့ လည္ျပန္လွည့္ၾကည့္ၾကသည္။ ေဘးက ဥကၠဌမွာ ပါးစပ္က နား႐ြက္ တက္ခ်ိတ္မတပ္ ေက်နပ္ေနေလသည္ ။ သို႔ေသာ္ ဟုန္ေလ့ ဂ႐ုမစိုက္အားေပ။ ဆရာ မရွိေသးတဲ့အခ်ိန္မို႔ ယြင္ဖန္တို႔ အတန္းထဲမွာ လူအနည္းငယ္သာ ရွိသည္။

ဟုန္ေလ့က
"ယြင္ဖန္ .. မင္းအလုပ္ေတြ ငါ့ဆီလႊဲေပးပါ"

"အို ဘာကိစၥ..  ဒါေတြက ငါလုပ္ထားတာေတြေလ ခုမွ လာယူၿပီး နင္နာမည္ေကာင္းလိုခ်င္တာလား .. "

"မင္ Ge .. ဒါေတြက ညီမေလး တပတ္လုံးလုံး အတန္းေတြ အပ်က္ခံၿပီး မနားမေနလုပ္ထားတာေတြေလ"

သူ႔ကိုေျပာေတာ့ မာဆတ္ဆတ္နဲ႔ ေကာမင္ဘက္ လွည့္သြားေတာ့ ခြၽဲပစ္ေနတဲ့ အသံနဲ႔ ။ အဲ့ဒီတျပားလိုေနတဲ့ မ်က္ႏွာႏွစ္ဖက္နဲ႔ ဇာတ္လိုက္မကို ဟုန္ေလ့ တကယ္ ၾကည့္လို႔မရေပ။ ႏွာေခါင္းတခ်က္ရႈံ႕ရင္း ေကာမင္ကိုသာ ေမးဆတ္ျပလိုက္သည္။ မင္းစတဲ့ ဇာတ္လမ္း မင္းရွင္းေတာ့။

"ဖန္ Mei လုပ္ၿပီးသြားတဲ့အလုပ္ေတြက ထားလိုက္ေတာ့မယ္.. မၿပီးေသးတဲ့ဟာေတြကို ဟုန္ေလ့ကို ေပးလိုက္ပါ .. ဟုန္ေလ့က ပိုျမန္တယ္"

ဟုန္ေလ့ကို ႏွစ္သက္လာေသာ္လည္း ယြင္ဖန္မွာ သူအလိုလိုက္ၿပီး အေရးေပးထားဖူးတာေၾကာင့္ ခ်ိဳခ်ိဳသာသာႏွင့္သာ ေျပာလိုက္သည္ ..

ယြင္ဖန္ မ်က္ႏွာႀကီးနီလာသည္ .. မင္ေကာက သူမကို ဟုန္ေလ့နဲ႔ယွဥ္ရင္ ေႏွးတယ္လို႔ ေျပာလိုက္တာလား ..

"ညီမေလးက အကုန္လုပ္ၿပီးေနၿပီေလ ..
မင္ Ge .. ၾကည့္"

မ်က္စိေရွ႕မွာ တေကာထဲေကာေနၿပီး တေမ့တည္းေမ့ေနတဲ့သူႏွစ္ေယာက္ကို ဟုန္ေလ့ ၾကည့္မရေတာ့။ 

ဇာတ္လိုက္မလက္ထဲက ဖိုင္ေတြဆတ္ခနဲဆြဲယူၿပီး ၾကည့္လိုက္သည္။ သူဟုန္ေလ့ခႏၶာကိုယ္ကို ယူၿပီးကတည္းက ငုံ႔ခံေနဖို႔ စိတ္ကူးမရွိသလို။ မူလဟုန္ေလ့လို အရည္အခ်င္းကို လွ်ိဳၿပီး ေၾကာက္ျပေနဖို႔လည္း သူတကယ္ မႏွစ္သက္ေပ။

ေဘးခုံမွာ ေတြ႕တဲ့ ခဲတံကို ေကာက္ကိုင္လိုက္ရင္း စားပြဲခုံေပၚ ေစြ႕ခနဲ တက္ထိုင္လိုက္သည္။ ဖိုင္ကိုဖြင့္ကာ ပထမဆုံးစာ႐ြက္ကို ၾကည့္ရင္း

"ေက်ာင္းေခၚခ်ိန္တြက္တာက မွားေနေသးတယ္ .. ဒီဟာရဲ႕ အေျဖက ဒီလို ျဖစ္ရမွာ .. percentage နဲ႔ မျပရင္ ဆရာေတြ  အလြယ္တကူ ဘယ္ၾကည့္လို႔ရမလဲ"

တလက္စထဲ လိုတာေတြ ထည့္ေပးၿပီး လက္ၾကားထဲက ခဲတံကို မခ်ပဲ တခ်က္တခ်က္ ခဲတံနဲ႔ ေထာက္ျပကာ .. တခ်က္တခ်က္ လက္ၾကားထဲက ခဲတံကိုလွည့္ေနသည္။ လိုအပ္ရင္ ေရးလိုက္ ျပင္လိုက္နဲ႔ ေထာက္ျပ လိုက္ႏွင့္ ဆက္တိုက္ ေျပာသြားသည္။

ဟုန္ေလ့ အမွားေတြ ေထာက္ျပေနတဲ့ အခ်ိန္မွာပင္ ေကာင္မင္ဆီ Report တက္ရမယ့္ ေက်ာင္းသားေကာင္စီအဖြဲ႕ဝင္တခ်ိဳ႕လည္း ေကာမင္ကိုရွာရင္း ေတြ႕လို႔ အခန္းထဲ ဝင္လာၾကသည္။

ေကာမင္ကို လိုက္ရွာသည့္ အဖြဲ႕ဝင္မ်ားမွာ သူတို႔ဝင္လာေတာ့ ဟုန္ေလ့ စကားေျပာေနတာေၾကာင့္ .. သူတို႔လိုပဲ Report လာတက္တယ္ ထင္ကာ ျဖတ္မေျပာပဲ ေဘးမွာရပ္၍ နားေထာင္ေနၾကသည္ ..

Seguir leyendo

También te gustarán

76K 8.1K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
318K 17.1K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
89.9K 14.8K 151
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...