AFFECTION-နှောင်ကြိုး(နှောင်ြ...

By ThetTantYoung

914K 88.6K 11.9K

Unicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါ‌လည်း အကွာအ‌ဝေး ၊ မိုင်ပေါင်းရာချီ ဖြ... More

အပိုင်း-၁ (Unicode)
အပိုင်း-၁ (Zawgyi)
အပိုင်း -၂ (Unicode)
အပိုင်း -၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင်း-၃ (Zawgyi)
အပိုင်း-၄ (Unicode)
အပိုင်း-၄ (Zawgyi)
အပိုင်း-၅ (Unicode)
အပိုင်း-၅ (Zawgyi)
အပိုင်း-၆ (Unicode)
အပိုင်း-၆ (Zawgyi)
အပိုင်း-၇ (Unicode)
အပိုင်း-၇ (Zawgyi)
အပိုင်း-၈ (Unicode)
အပိုင်း-၈ (Zawgyi)
အပိုင်း-၉(Unicode)
အပိုင်း-၉ (Zawgyi)
အပိုင်း-၁၀ (Unicode)
အပိုင်း-၁၀ (Zawgyi)
အပိုင်း-၁၁ (Unicode)
အပိုင်း-၁၁ (Zawgyi)
အပိုင်း-၁၂ (Unicode)
အပိုင်း-၁၂ (Zawgyi)
အပိုင်း-၁၃ (Unicode)
အပိုင်း-၁၃ (Zawgyi)
အပိုင်း-၁၄ (Unicode)
အပိုင်း-၁၄ (Zawgyi)
အပိုင်း-၁၅ (Unicode)
အပိုင်း-၁၅ (Zawgyi)
အပိုင်း-၁၆ (Unicode)
အပိုင်း-၁၆ (Zawgyi)
အပိုင်း-၁၇ (Unicode)
အပိုင်း-၁၇ (Zawgyi)
အပိုင်း -၁၈ (Unicode)
အပိုင်း -၁၈ (Zawgyi)
အပိုင်း-၁၉ (Unicode)
အပိုင်း-၁၉ (Zawgyi)
အပိုင်း-၂၀ (Unicode)
အပိုင်း-၂၀ (Zawgyi)
အပိုင်း-၂၁ (Unicode)
အပိုင်း-၂၁ (Zawgyi)
အပိုင်း-၂၂ (Unicode)
အပိုင်း-၂၂ (Zawgyi)
အပိုင်း-၂၃ (Unicode)
အပိုင်း-၂၃ (Zawgyi)
အပိုင်း-၂၄ (Unicode)
အပိုင်း-၂၄ (Zawgyi)
အပိုင်း-၂၅ (Unicode)
အပိုင်း-၂၅ (Zawgyi)
အပိုင်း-၂၆ (Unicode)
အပိုင်း-၂၆ (Zawgyi)
အပိုင်း-၂၇ (Unicode)
အပိုင်း-၂၇ (Zawgyi)
အပိုင်း-၂၈ (Unicode)
အပိုင်း-၂၈ (Zawgyi)
အပိုင်း-၂၉ (Zawgyi)
အပိုင်း-၂၉ (Unicode)
အပိုင်း-၃၀ (Unicode)
အပိုင်း-၃၀ (Zawgyi)
အပိုင်း-၃၁ (Unicode)
အပိုင်း-၃၁ (Zawgyi)
အပိုင်း- ၃၂ (Unicode)
အပိုင်း- ၃၂ (Zawgyi)
အပိုင်း-၃၃ (Unicode)
အပိုင်း-၃၃ (Zawgyi)
အပိုင်း-၃၄ (Unicode)
အပိုင်း-၃၄ (Zawgyi)
အပိုင်း-၃၅ (Unicode)
အပိုင်း-၃၅ (Zawgyi)
အပိုင်း-၃၆ (Unicode)
အပိုင်း-၃၆ (Zawgyi)
အပိုင်း-၃၇ (Unicode)
အပိုင်း-၃၇ (Zawgyi)
အပိုင်း-၃၈ (Unicode)
အပိုင်း-၃၈ (Zawgyi)
အပိုင်း-၃၉ (Unicode)
အပိုင်း-၃၉ (Zawgyi)
အပိုင်း-၄၀ (Unicode)
အပိုင်း-၄၀ (Zawgyi)
အပိုင်း-၄၁ (Unicode)
အပိုင်း-၄၁ (Zawgyi)
အပိုင်း-၄၂ (Unicode)
အပိုင်း-၄၂ (Zawgyi)
အပိုင်း-၄၃ (Unicode)
အပိုင်း-၄၃ (Zawgyi)
အပိုင်း-၄၄ (Unicode)
အပိုင်း-၄၄ (Zawgyi)
အပိုင်း-၄၅ (Unicode)
အပိုင်း-၄၅ (Zawgyi)
အပိုင်း-၄၆ (Unicode)
အပိုင်း-၄၆ (Zawgyi)
အပိုင်း-၄၇ (Unicode)
အပိုင်း-၄၇ (Zawgyi)
အပိုင်း-၄၈ (Unicode)
အပိုင်း-၄၈ (Zawgyi)
အပိုင်း-၄၉ (Unicode)
အပိုင်း-၄၉ (Zawgyi)
အပိုင်း-၅၀ (Unicode)
အပိုင်း-၅၁ (Unicode)
အပိုင်း-၅၁ (Zawgyi)
အပိုင်း-၅၂ (Unicode)
အပိုင်း-၅၂ (Zawgyi)
အပိုင်း-၅၃ (Unicode)
အပိုင်း-၅၃ (Zawgyi)
အပိုင်း-၅၄ (Unicode)
အပိုင်း-၅၄ (Zawgyi)
အပိုင်း-၅၅ (Unicode)
အပိုင်း-၅၅ (Zawgyi)
အပိုင်း-၅၆ (Unicode)
အပိုင်း-၅၆ (Zawgyi)
အပိုင်း-၅၇ (Unicode)
အပိုင်း-၅၇ (Zawgyi)
ကျေးဇူးတင်လွှာ (Unicode)
ကျေးဇူးတင်လွှာ (Zawgyi)
စာ-Unicode
စာ-Zawgyi
Announcement-Unicode
Announcement-Zawgyi
Promotion
Announcement for Book Version
Affection Book Preorder Post

အပိုင်း-၅၀ (Zawgyi)

4.5K 373 59
By ThetTantYoung


နူးညံ့အိစက်လွန်းတဲ့ ၀ါဂွမ်းစကြီးတွေထဲ တကိုယ်လုံး နစ်မြုပ်ဝင်နေသလိုလို နွေးထွေးလွန်းလှတဲ့ ငှက်မွှေးတောင်ပံကြီးတွေက လွှမ်းခြုံပေးထားသလိုလို တောင်ကြီးရဲ့အေးစိမ့်တဲ့ညတစ်ညရဲ့ ကယောက်ခြောက်ခြား အိပ်မက်တွေက လှပလွန်းနေသည်။ မနိုးထချင်ပေမယ့်လည်း ခေါင်းရင်းမှန်ပြတင်းပေါက်ဆီမှ နေခြည်က တိုးဝင်လာလေတော့ ကျိန်းစပ်လာတဲ့ မျက်လုံးတွေက သူ့အလိုလို ပွင့်လာတော့သည်။

"အင်း..."

ညည်းသံတိုးတိုးသဲ့သဲ့လေးက ရှေ့ပြေးအနေနှင့်ထွက်ပေါ်လို့လာသည်။ မျက်တောင်ဖျားလေးတွေက တရွရွ လူပ်ခတ်လာတာနှင့်အမျှ ထက်မာန်ဦးရှေ့က မြင်ကွင်းက တဖြည်းဖြည်း ပြတ်သားလာရသည်။ ပန်းရောင်နူတ်ခမ်းပြည့်ပြည့်လေးတွေနှင့် အောက်ကနေ မြင်နေရတဲ့ မေးရိုးထင်းထင်းတွေ။

ကြည့်ရင်း ကြည့်ရင်းနှင့် လွှမ်းမှန်း သိလိုက်ချိန်မှာတော့ ထက်မာန်ဦး ရဲ့ အလိုအလျောက်အာရုံကြောတွေက ချက်ချင်း ရုန်းကန်ရမည်ဟု အချက်ပေးသည်။ ၀ုန်းခနဲ ထက်မာန်ဦး ထထိုင်လိုက်တော့ အအိပ်ဆတ်တဲ့ လွှမ်းကပါ နိုးလာလေတော့သည်။

"မာန်..ဘာဖြစ်တာလဲ။ အလန့်တကြား။"

မျက်လုံးနှစ်လုံးတောင် မပွင့်တတ်သေးတဲ့ လွှမ်းက အိပ်ချင်မူးတူးနှင့် ပြောလာကာမှ ထက်မာန်ဦး အားနာသွားမိသည်။ တကယ်ဆို လွှမ်းကိုတော့ နိုးအောင် မလုပ်လိုက်သင့်။ ဒါပေမယ့်လည်း အိပ်မက်ထဲက ၀ါဂွမ်းစကြီးက လွှမ်းရဲ့ ရင်ခွင်ဖြစ်နေပြီး ငှက်မွှေးတောင်ပံကြီးက လွှမ်းရဲ့ လက်မောင်းနှစ်ဖက်ဖြစ်နေတာကိုး။ ရုတ်တရက်ဆိုတော့ မလန့်ဘဲ နေမလား။

"ငါထတော့မယ်။နေမြင့်နေပြီ။"

ထက်မာန်ဦး ခပ်မြန်မြန်ဘဲ ခြင်ထောင်ထဲကနေ ထွက်ဖို့ ပြင်သည်။ ထက်မာန်ဦး ထွက်တော့ လွှမ်းကပါ မနေဘဲ လှဲနေရာကနေ လိုက်ထလာသည်။

"မင်းအိပ်ချင်အိပ်ဦးလေ။"

ခြင်ထောင်ထဲကနေ အပြင်လိုက်ထွက်လာတဲ့ လွှမ်းမျက်နှာက အိပ်ရေးမ၀ ဖြစ်နေတဲ့ ပုံစံဖြစ်နေတာမို့ ထက်မာန်ဦး ပြောလိုက်မိသည်။

"ရတယ်။ ပုံမှန်အစောကြီးထနေကြဘဲ။ညက ကောင်းကောင်းအိပ်မပျော်လို့သာ။"

လွှမ်းက ပြောရင်းဆိုရင်း ခြင်ထောင်ကြိုးတွေကို ဖြုတ်သိမ်းနေလေသည်။ လွှမ်းကသာ အိပ်မပျော်တာ။ ထက်မာန်ဦးကတော့ မနေ့ညက လွှမ်းရဲ့ နားမှာ ကပ်အိပ်လိုက်ကတည်းက တရေးတောင် မနိုးဘဲ တန်းပြီး အိပ်ပျော်သွားတာဘဲ။

"အိပ်ရာပြောင်းလို့ဖြစ်မယ်ထင်တယ်။ ငါကတော့ မနေ့က မင်းငါ့ထက်တောင် စောပြီး အိပ်သွားတယ်ထင်တာ။"

လွှမ်းက ထက်မာန်ဦးရဲ့ ယူဆချက်ကို ဘာမှထွေထွေထူးထူး ပြန်မပြောပေ။ လွှမ်းက စောင်တွေကို ခေါက်သိမ်းနေတာမို့ ထက်မာန်ဦးလည်း လွှမ်းကိုကူတဲ့အနေနဲ့ အိပ်ရာခင်းကိုကူသိမ်းပေးလိုက်သည်။ လွှမ်းက ငြိမ်နေတော့ ထက်မာန်ဦးကဘဲ လွှမ်းကို စကားစလိုက်မိသည်။

"ဒီနေ့တော့ ခြင်ထောင်တစ်လုံး စိုင်းဝေယံဆီက ထပ်တောင်းရမယ်။"

"အင်း။"

လွှမ်းရဲ့ တုံ့ပြန်မူကထိုမျှလောက်သာ။ လွှမ်းသည် သူ့ရဲ့စောင်ခေါက်သိမ်းတဲ့အပေါ်မှာဘဲ အာရုံစိုက်ထားလေသည်။ ထက်မာန်ဦးကို မော့လည်းမကြည့်ပါ။ ထက်မာန်ဦးဘက်ကဘဲ ထိုရေခဲတုံးလွှမ်းကို စကားထပ်ပြောရပြန်သည်။

"ဒီညတော့ မင်းအပေါ်မှာအိပ်"

"အဲ့တာဆိုမင်းကရော။"

ဒီတစ်ခါတော့ လွှမ်းဆီက အမေးဝါကျကထွက်ပေါ်လာတော့သည်။

"ငါကအောက်မှာအိပ်မယ်။ မင်း သေချာမှ နေမကောင်းသေးဘဲ။ အပေါ်မှာအိပ်စမ်းပါ။"

"ဘာမှမဖြစ်ဘူး။အောက်မှာဘဲ အိပ်မယ်။"

လွှမ်းကျိန်းသေပေါက် ငြင်းလိမ့်မည် ဆိုတာ ထက်မာန်ဦး တွေးမိပြီးသားပင်။ လွှမ်းသည် ငယ်စဉ်ကတည်းက ထက်မာန်ဦးကို ဦးစားပေးမူတွေနှင့်အတူ အသားကျပြီးသားလူ။ သို့သော် မနေတတ်သူက ထက်မာန်ဦးပင်။ လွှမ်းက ဆေးရုံကဆင်းထားတာမှ သုံးလောက်ဘဲရှိသေးတာ မဟုတ်ပါလား။ အခုတော့ လွှမ်းကလက်မခံတာနဲ့ဘဲ မနက်စာစောစီးစီး လွှမ်းနှင့် စကားအချေအတင်ဖြစ်ရပြီ။

"အောက်ကအေးလို့ ငါပြောနေတာဟ။ မင်းဆေးရုံကဆင်းတာတောင် မကြာသေးဘူး။"

"ငါဘာမှမဖြစ်ဘူးလို့ မင်းကိုပြောနေတယ်လေ။ငါအောက်မှာအိပ်မယ်။ မင်းကအပေါ်မှာအိပ်။"

"ငါမင်းတို့နှစ်ယောက်အတွက်ဘယ်လိုလုပ်ပေးရမလဲပြော။"

ထက်မာန်ဦးရော လွှမ်းရော မော့ကြည့်လိုက်တော့ အခန်းဝမှာ ရပ်နေသူက စိုင်းဝေယံ။ စိုင်းဝေယံကို ရုတ်တရက်ကြီးမြင်လိုက်ရ ချိန် ထက်မာန်ဦးရော လွှမ်းရော အိပ်ယာခင်းသိမ်းနေရင်းမှ ကြောင်အနေတဲ့ မျက်နှာလေးတွေနှင့် စိုင်းဝေယံကိုမော့ကြည့်မိသည်။

"ရှိနေတဲ့ ကုတင်ကြီးကို ငါအပြင်ကို သယ်ထုတ်သွားရမလား။ ဒါမှမဟုတ် မင်းတို့နှစ်ယောက်အတွက် နှစ်ယောက်အိပ်ကုတင် ၀ယ်ပေးရမလား။"

"ခွေးကောင်ငစိုင်း!"

ထက်မာန်ဦးဘေးက ခေါင်းအုံးက စိုင်းဝေယံဆီသို့ လွင့်စင်သွားလေရာ စိုင်းဝေယံသည် အသာလေးပင် ရှောင်တိမ်းလိုက်နိုင်လေသည်။ စိုင်းဝေယံသည် ထက်မာန်ဦးကျိန်းသေပေါက် ထိုသို့ တုံ့ပြန်မည်ဆိုတာ ကြိုတင်ခန့်မှန်းထားနှင့်ပုံရသည်။ လွင့်သွားတဲ့ ခေါင်းအုံးကိုပင် သွားကောက်ပြီး ထက်မာန်ဦးလက်ထဲ လာထည့်ပေးသွားသေးသည်။

"ရော့။ ပြီးရင် မနတ်စာစားမယ်။ အောက်ဆင်းလာခဲ့။ "

တဂျီးဂျီးအသံထွက်တော့မတတ် ထက်မာန်ဦး သွားကိုကြိတ်ပြီး အောက်ပြန်ဆင်းသွားတဲ့ စိုင်းဝေယံကို ကြည့်နေမိသည်။ မနေ့ညကတည်း ဒင်းကို အခဲမကြေခဲ့တာ ခုမနက်ကြီးထပ်လာပြီး လူကို ကလိသွားသေးတယ်။ ဘယ်လိုတောင် အမြင်ကတ်စရာကောင်းလိုက်တဲ့ ကောင်လဲဆိုတာ။

"ခေါင်းအုံးတွေ ကုတင်ပေါ် မြန်မြန်လာတင်။ ပြီးရင်အောက်ဆင်းတော့မယ်။"

လွှမ်းအသံကလေး ကြားတော့မှ ထက်မာန်ဦးရဲ့ ဒေါသတွေက တ၀က်လောက်လျော့ပါးသွားတော့သည်။ ခုနက လွှမ်းနဲ့ ပြောလက်စ စကားလေးလည်း အဲ့ကောင်ဝင်ရှုပ်သွားတာနဲ့ဘဲ ဘယ်ကိုရောက်သွားလဲမသိတော့။ သူ့မျက်နှာမြင်ရတာနဲ့ကို ကျက်သရေအဖြာဖြာတုံးပြီး အကုန်မေ့ကုန်ပြီ။

လွှမ်းပြောသလို ခေါင်းအုံးနှစ်လုံးကိုသာ ခပ်သွက်သွက် ကုတင်ပေါ်တင်ပေးလိုက်တော့သည်။ အိပ်ယာတွေသိမ်းပြီးတော့ အပြင်မထွက်ခင် မှန်တင်ခုံပေါ် မနေ့ညကတည်းက ဒီတိုင်းတင်ထားခဲ့တဲ့ ဖုန်းလေးကို သွားမြင်လိုက်မိသည်။

"လွှမ်း။ သွားနှင့်လိုက်။ ငါလိုက်လာမယ်။"

လွှမ်းက အခန်းထဲက မထွက်ခင် ထက်မာန်ဦးကို လှည့်ကြည့်ပြီး ခေါင်းညိမ့်ပြသည်။ လွှမ်းထွက်သွားတော့မှ ထက်မာန်ဦး ဖုန်းလေးကို ကောက်ကိုင်လိုက်မိသည်။ ဖုန်းအားတစက်မှ မရှိတဲ့ ဖုန်းလေးကို ကြည့်ပြီး ထက်မာန်ဦး စိတ်ပျက်အားလျော့မိသွားသည်။ ဒီလောက်ဆို ကြီးငယ်လည်း စိတ်ပူနေတော့မည်။ တစ်ရက်နှင့် တညတိတိ အဆက်အသွယ်မရလို့ အိမ်လေးလည်း စိတ်အကြီးအကျယ်ကောက်နေလောက်ပြီ။ အနည်းဆုံးတော့ သူတို့ကို ဆက်သွယ်ရပေမည်။

အခန်းထဲ လှည့်ပတ်ကြည့်လိုက်တော့ အားသွင်းလို့ရတဲ့ တစ်ခုတည်းသော မီးပလပ်ခေါင်းကလည်း အားမ၀င်ဘဲ ပျက်နေပြန်သည်။ ဒီကောင် စိုင်းဝေယံကတော့ အိမ်ကို ဂရုမစိုက် မပြုပြင်ဘဲ ပစ်ထားတယ်ဆိုတာ သောက်ရမ်းကို သိသာလွန်းနေတာဘဲ!

ထက်မာန်ဦး စိတ်ထဲတဗျစ်တောက်တောက်နှင့်တွေးပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေတဲ့ အဘွားကိုမူ မျက်နှာချိုသွေးကာ ပြုံးပြနူတ်ဆက်လိုက်ပြီး အိမ်နောက်ဘက်ကနေ အိမ်ရှေ့ကို ထွက်လာတဲ့ စိုင်းဝေယံကို အမြင်မှာတော့ ထက်မာန်ဦးမျက်နှာကြီးက ဆန့်ကျင်ဘက်သို့ ကူးပြောင်းသည်။

"ငါအပြင်သွားမလို့။အနောက်မှာ မင်းတို့ အတွက် မနတ်စာ ပြင်ပေးထားတယ်။"

သူ့အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကိုတော့ ဧည့်ဝတ်ကျေပွန်ရှာပါသည်။ သို့သော် စိုင်းဝေယံသည် လွှမ်းနှင့် မျက်နှာချင်းနည်းနည်းမှကို ဆိုင်လိုဟန်မရှိ။ အခုလည်း ထက်မာန်ဦးမပါဘဲ လွှမ်းနှင့်သူ နှစ်ယောက်သားအောက်ထပ်မှာ ရှိနေတာ ဘယ်နှမိနစ်ရှိသေးတာမို့လို့လဲ။

"ဘာလို့ ငါ့ကိုအဲ့လို ကြည့်နေရတာလဲ။"

ထက်မာန်ဦး၏ မိုက်ကြည့်ကြည့်တာကို စိုင်းဝေယံက သတိထားမိဟန်ရှိသည်။ တမင်လည်း မကျေနပ်ဘူးဆိုတာကို အဲ့ကောင်သိအောင် နောက်ကွယ်ကနေ ချောင်းကြည့်တာမဟုတ်ဘဲ ရှေ့တင်တမင် ကြည့်ပေးတာကို။

"ဘာမှမဟုတ်ဘူး။နောက်မှပြောမယ်။လောလောဆယ် ငါ့ဖုန်းအားသွင်းချင်တာ။ ဘယ်မှာသွင်းလို့ရမလဲ။"

ဧည့်ခန်းထဲ အဘွားရှိနေတာမို့ အဘွားရှေ့သူ့မြေးကလေးကို မအော်ချင်လို့သာ စိတ်ကိုထိန်းလိုက်ရသည်။ စိုင်းဝေယံက ပါးစပ်နှင့်မဖြေဘဲ တနေရာကိုသာ လက်ညိုးထိုးပြလေသည်။ ထက်မာန်ဦးလှည့်ကြည့်လိုက်တော့ Flat TV အနောက်နားက ပလပ်ခုံကြီး။ ထက်မာန်ဦး စိုင်းဝေယံကို ဘာမှပြန်မပြောတော့ဘဲ ထိုနေရာသို့ အပြေးသွားပြီးတော့သာ ဖုန်းအားသွင်းကြိုးပလပ်ခေါင်း ကို ပလပ်ခုံထဲထည့်ပြီး ဖုန်းနှင့်ကြိုးကို ဆက်သွယ်လိုက်သည်။

"ဒီမှာကမီးအားမမှန်ဘူးနော်။ ဖုန်းအားသွင်းပြီးရင် မမေ့နဲ့။"

စိုင်းဝေယံကို စိတ်တိုနေတာနဲ့ဘဲ သူ့ရဲ့သတိပေးစကားကို ခေါင်းတောင် မညိမ့်ပြမိ။

"ငါညနေမှပြန်လာမယ်။ နေ့လည်စာကို ဒီနားက ဆိုင်တဆိုင်မှာ ငါ့နာမည်နဲ့ စားထားလိုက်လို့ရတယ်။ အိမ်မှာက အဘွားအတွက် ငါးပတ်မွှေဘဲရှိတာ။ဘာမှာချင်သေးလဲ။ တစ်ခါတည်းမှာ။"

စိုင်းဝေယံသည် ထက်မာန်ဦးကိုမှာတမ်းခြွေနေသော်လည်း ထက်မာန်ဦးကတော့ လှည့်ပြီးတောင် မကြည့်။ ကြားလျှင်တောင် မကြားချင်ယောင်ဆောင်နေလိုက်သည်။ စိုင်းဝေယံသည်လည်း သူ့စကားကို အဖတ်မလုပ်တဲ့အတွက် အတန်ငယ် စိတ်တိုသွားပုံရသည်။

"ငါ့ကိုလာကောက်မနေနဲ့။နောက်မှာ မင်းမိန်းမစောင့်နေတယ်။သွားလိုက်ဦး။"

ဒီကောင်!

ထက်မာန်ဦးလှည့်ကြည့်လိုက်တဲ့အချိန်မှာဘဲ စိုင်းဝေယံက အိမ်ရှေ့တံခါးမကြီးနား ရောက်နေပြီမို့ ခြေထောက်နှင့် လှမ်းကန်ဖို့ မမှီတော့။ ထက်မာန်ဦး အသက်တစ်ချက်ကိုသာခပ်ပြင်းပြင်း ရှိုက်ချလိုက်မိသည်။ အဲ့ စိုင်းဝေယံဆိုတဲ့ကောင်ဟာ ထက်မာန်ဦးကို ဘယ်လိုစိတ်ကသိကအောင့် ဖြစ်အောင် လုပ်ရမယ်ဆိုတာ ကောင်းကောင်းကို သိတာဘဲ။

ထက်မာန်ဦး ထမင်းစားခန်းထဲကို ၀င်လာတဲ့အချိန်မှာတော့ လွှမ်းက စိုင်းဝေယံ ပြောတဲ့အတိုင်းပင် စောင့်နေလေသည်။ လွှမ်းရှေ့က ထမင်းကြော်ပန်းကန်သည် ထမင်းတစေ့မျှတောင် လျော့ပါးသွားတဲ့ပုံမရှိသေး။ လွှမ်းသည် ထမင်းစားပွဲမှာ ဒီတိုင်း ငုတ်တုတ်လေး ထိုင်နေခြင်းသာ ဖြစ်သည်။

"ငါ့ကိုစောင့်နေတာလား။စားထားလိုက်လို့ရတာကို။"

ထက်မာန်ဦး ထမင်းစားပွဲဝိုင်းမှာ ခဏ၀င်ထိုင်ရင်း ပြောလိုက်မိသည်။

"ရတယ်။မဆာသေးဘူး။ မင်းနဲ့မှတူတူစားမလို့။"

"ဒါဆို ခဏစောင့်။ ငါသွားတိုက်လိုက်ဦးမယ်။"

သွားတိုက်မယ်ဆိုတော့မှ မနေ့ညက ထက်မာန်ဦးက သွားမတိုက်မိတာကို သွားမတိုက်မိတာကို သတိရတော့သည်။ သွားတိုက်တံကလည်း မ၀ယ်ရသေး။ ဘာနဲ့ သွားတိုက်ရပါလိမ့်။ သို့သော် ထက်မာန်ဦးရဲ့ ပူပန်နေမူကို လွှမ်းက အကုန်ချေဖျတ်သွားလေသည်။

"အဲ့မှာ အပြာနုရောင်လေးက မင်းသွားတိုက်တံ။ ငါသွားတိုက်ဆေးပါထည့်ပေးထားခဲ့တယ်။"

ထမင်းစားပွဲကနေ ထထွက်သွားပြီး မီးဖိုချောင်ပေါက်ဝကိုပင် ရောက်နေပြီဖြစ်သော ထက်မာန်ဦးသည် စားပွဲဝိုင်းမှာ ထိုင်လျှက်လေး ကျန်ရစ်ခဲ့တဲ့ လွှမ်းကို လှည့်ကြည့်လိုက်မိသည်။ ပထမဆုံး အံ့သြမူနှင့်အတူ ထက်မာန်ဦးရဲ့ မျက်လုံးလေးတွေက ၀ိုင်းစက်လို့သွားသည်။ ထို့နောက် နူတ်ခမ်းစွန်းလေးတွေ ဖြည်းဖြည်းချင်း ကော့တက်လာပြီး ပြုံးလို့လာလေသည်။

မီးခိုချောင်ထဲ ခြေနှစ်ဖက်လုံး ၀င်လုမတတ်ဖြစ်နေပေမယ့် ထမင်းစားခန်းထဲ ပြန်ဝင်လာပြီး လွှမ်းရဲ့နောက်ဘက်ကနေ လွှမ်းရဲ့ပါးနှစ်ဖက်ကိုဆွဲညှစ်ပစ်လိုက်သည်။ ပါးစပ်ကနေတော့ ငယ်ငယ်ကလို ငါ့မိန်းမက ချစ်စရာလေး ဟု ထုတ်မပြောမိအောင် အောက်နူတ်ခမ်းကိုကိုက်ပြီး မနည်းထိန်းထားရသည်။ လွှမ်းသည် ပါးကိုဆွဲညှစ်ခံလိုက်တော့ မျက်မှောင်ကုတ်ပြီး လှည့်ကြည့်ချိန်မှာ ထက်မာန်ဦးက ရေချိုးခန်းထဲ ရောက်သွားလေပြီ။

လွှမ်းသာ အနားမှာ ရှိနေလျှင် ထက်မာန်ဦး တနေ့တခြား ၀ိတ်တဖြည်းဖြည်းတက်လာနိုင်မလားမသိ။ အခုလည်း လွှမ်းမျက်နှာကို ငုတ်တုတ်ထိုင်ငေးနေလျှက် မနတ်စာစားရသည်မှာ ထမင်းကြော်က စိုင်းဝေယံလက်ရာ ဖြစ်နေတာတောင် စားလို့ကောင်းလိုက်လေခြင်း။ လွှမ်းက ငယ်ငယ်ကလောက် နုဖတ်ချောမွေ့မနေတော့တာတောင် တစ်ချက်တောင် အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်မူရှိလွန်းသည်။

လွှမ်းရဲ့မျက်တောင်ရှည်တွေသည် မျက်လွှာလေးများ ချထားလျှင် ရှေ့ကိုစိုက်ကျပြီး ခပ်စင်းစင်းလေး။ မေးရိုးတွေထင်းလာတာတောင် ရှည်သွယ်နေတဲ့ မျက်နှာအနေအထားက ပျက်ယွင်းမသွား။ အသားအရည်က ဆေးရုံမှာနှစ်လလောက်အောင်းလိုက်ရတာကြောင့်လားမသိ။ အရင်ကထက် ပိုပြီးကြည်လာလေသည်။ အခုမှ စိုင်းဝေယံတို့ ကိုမင်းဥာဏ်တို့ ဘာကြောင့် လွှမ်းကို အသည်းအသန်ဖြစ်နေကြသလဲဆိုတာ နည်းနည်းတော့ နားလည်လာသလိုလိုရှိလာပြီ။

"ရော့။မ၀ရင် ငါ့ဆီကပါထပ်ယူ။"

လွှမ်းသည် ရုတ်တရက်ကြီး သူ့ပန်းကန်ထဲက ထမင်းကြော်တွေကို ထက်မာန်ဦးပန်းကန်ထဲ ဇွန်းနဲ့ ခတ်ထည့်ပေးနေတော့သည်။ ဒုက္ခဘဲ။ သူ့ဆီက ထမင်းကြော်စားချင်လို့ ငေးကြည့်နေတယ်လို့ ထင်သွားလားမသိ။ ခုနက လွှမ်း ထက်မာန်ဦးကို မျက်လုံး ၀င့်ဝင့်ကြည့်နေကတည်းက သတိထားလိုက်ဖို့ကောင်းသည်။ ထက်မာန်ဦး ငြင်းလိုက်ဖို့ စဉ်းစားပေမယ့်လည်း လွှမ်းဆီက စကားကြီးက ထက်မာန်ဦးဆီက စကားပြောနိုင်စွမ်းကို ခဏတာ ရပ်တန့်သွားစေသည်။

"အဲ့လောက်ကြီး ငါ့ကိုထိုင်ကြည့်နေမှတော့ မျိုမကျတော့ဘူး။"

သေစမ်း! ထက်မာန်ဦး မျက်နှာပူပူနှင့် ခေါင်းငုံ့ပြီး လွှမ်းထည့်ပေးတဲ့ ထမင်းကြော်တွေကိုသာ ပါးစပ်ထဲတရစပ်သွပ်ထည့်နေမိတော့သည်။ ထည့်ပေးတဲ့သူက ထည့်ပေးမှတော့ မစားလို့ဘယ်ကောင်းတော့မလဲ။

လွှမ်းကတော့ ပန်းကန်ခွက်ယောက်တွေကို ယူသွားပြီးမီးဖိုချောင်ထဲကို ၀င်သွားလေတော့သည်။ ထိုအခါမှ မနေ့ညက လွှမ်းစိတ်ကောက်နေတာကို ထက်မာန်ဦး အမှတ်ရမိတော့သည်။ ထမင်းကို မြန်မြန်ကုန်အောင် လတ်စသတ်လိုက်ပြီး ပြောင်စင်သွားတဲ့ ပန်းကန်လေးကို ကိုင်ပြီး လွှမ်းနောက်ကိုလိုက်သွားလိုက်သည်။

ပန်းကန်တွေ၊အိုးတွေဆေးနေတာမို့ လွှမ်းရဲ့ ပုခုံးနှစ်ဖက်က တစ်ချက်တစ်ချက် လူပ်ခါလို့သွားသည်။ လွှမ်းကျောပြင်သည် ငယ်ငယ်ကလို သေးသေးလိုမဟုတ်တော့။ အတန်ငယ်ကျယ်ပြန့်တဲ့ ကျောပြင်တွေက ငယ်ငယ်ကလို သိုင်းဖက်လို့ကောင်းပါ့မလားမသေချာတော့။ ပန်းကန်လေးကိုကိုင်ရင်း လွှမ်းနားတိုးကပ်သွားကာ မျက်နှာကိုကြည့်လိုက်တော့ လွှမ်းမျက်နှာက ကြည်ကြည်သာသာပင်။ ဒီအခွင့်အရေးမျိုးကိုမှ လက်လွတ်ခံလျှင် ထက်မာန်ဦး ညံ့ရာကျတော့မည်။

"ငါဆေးလိုက်မယ်။"

လွှမ်းကိုယ်ကို တွန်းတိုက်လိုက်ပြီး ပြောလိုက်တော့ လွှမ်းက ပန်းကန်ထဲ ဆပ်ပြာဆီတွေ ညှစ်ထည့်နေရာမှ မော့ကြည့်သည်။ ထက်မာန်ဦးကို တစ်ချက်အကဲခတ်သလိုကြည့်လိုက်ခြင်းသာ ဖြစ်ပြီး သူ့လုပ်လက်စ အလုပ်ကိုပြန်ဆက်လုပ်သည်။ ဘေစင်မှ ရေသည်တဝေါဝေါနှင့် စီးကျနေဆဲ။

"မလိုဘူး။ဘယ်နှချပ်မှမရှိတဲ့ဟာကို။မင်းပန်းကန်ပါပေး။"

ထက်မာန်ဦးလက်ထဲမှ ပန်းကန်ကိုပါ လွှမ်းက ဆွဲလုနေသေးသည်။

"မဟုတ်ပါဘူး။ငါဆေးပါ့မယ်ဆို။"

ထက်မာန်ဦးနှင့် ဝေလွှမ်းသည် တယောက်နှင့်တယောက် တွန်းတိုက်ရင်းဖြင့် သူဆေးမယ် ငါဆေးမယ်ဖြစ်ကုန်ကြလေသည်။ နောက်ဆုံးလွှမ်းဆီမှ အသံကျယ်ကျယ်ထွက်လာတော့မှ ထိုပဋိပက္ခကအဆုံးသတ်သည်။

"ငါစိတ်ဆိုးနေတာကိုလာချော့နေတာဆိုတော်လိုက်တော့။"

"ဟမ်။"

လွှမ်းက ဟောခန်းမလို၊ ပန်းကန်ဆေးရင်းနှင့်ပင် ဟောနိုင်တဲ့ ဗေဒင်ဆရာဖြစ်ရမည်။ ထက်မာန်ဦးရဲ့ စိတ်ထဲကို ဒက်ခနဲကို ဖတ်နိုင်တာမို့ တောင်ဥက္ကလာက ဗေဒင်ဆရာမထက်ပင် လွှမ်းကို အထင်ကြီးသွားရသည်။

"မနေ့ညကတည်း ပြေသွားပြီ။"

လွှမ်းဆက်ပြောလာတော့မှ သေချာပြန်စဉ်းစားကြည့်တော့မှလည်း လွှမ်းက မနတ်ကတည်းက ထက်မာန်ဦးကို စကားကောင်းကောင်းပြောပြီး မနက်စာတူတူစားဖို့ကိုတောင် စောင့်နေခဲ့သေးတာဘဲ။

"မနေ့ည ဘယ်ချိန်ကတည်းကလဲ။"

"သိချင်လို့လား။"

မျက်လုံးလေးတစ်ဖက် ၀င့်ပြီး ကြည့်လာတဲ့ လွှမ်းရဲ့အကြည့်အောက်တွင် ထက်မာန်ဦး တွန့်ခနဲ ဖြစ်သွားလေသည်။ သိချင်တယ် မသိချင်ဘူး ဘာမှ ပြန်မဖြေရသေးခင်မှပင် လွှမ်းက ပန်းကန်ဆေးရင်းမှ ထက်မာန်ဦးနားကို ကပ်လာတော့သည်။ လွှမ်းရဲ့နှာခေါင်းထိပ်ဖျားလေးက ထက်မာန်ဦးရဲ့ ပါးနှင့် ထိမိဖို့ တစ်လက်မတောင်မလိုတော့သည့်တိုင် ရှောင်ဖို့ကို ထက်မာန်ဦး မေ့လျော့နေမိသည်။

"မင်းငါ့နားမှာလာအိပ်ကတည်းက...။"

တိုးတိတ်လှတဲ့ ထိုအသံကလေးသည် ထက်မာန်ဦးရဲ့နားထဲတွင်တော့ ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်နှယ်။

အာ.. လွှမ်းကိုချော့ဖို့ ဒီတစ်ခါက အဲ့လောက်တောင် လွယ်သွားတယ်တဲ့လား။ သူ့နားမှာ အသေကောင်လို ကုလားသေကုလားမော အိပ်ပေးလိုက်ရုံတဲ့လား။

လွှမ်းသည် အမြင်ကတ်ဖွယ် ပြီတီတီအပြုံးကြီးကိုမျက်နှာတွင် ဆင်မြန်းပြီး ဆေးပြီးသားပန်းကန်တွေကို သယ်မပြီး ထက်မာန်ဦးနားမှ ထွက်သွားလေတော့သည်။

"ပြောင်ကြီးရေ။ ငါ့ကိုကယ်ပါဦး။"

စိုင်းဝေယံ ကားပေါ်မှဆင်းပြီး ခြံတံခါးဝကို ခြေချရုံရှိသေးသည်။ ငိုကြီးချက်မနှင့် အိမ်ထဲကနေ ပြေးထွက်လာတဲ့ ထက်မာန်ဦးကြောင့် စိုင်းဝေယံမှာ လန့်သွားလေသည်။

"ငါ့ဖုန်းဘာဖြစ်သွားပြီလဲမသိဘူး!"

အသံကသာ အမြီးညှပ်နေသလိုကို အော်ကြီးဟစ်ကျယ်ဖြစ်နေသော်လည်း ထက်မာန်ဦးမျက်နှာတွင်တော့ မျက်ရည်တစက်မှ တင်မနေပါ။ အစကတော့ ဘာများဖြစ်သလဲလို့ စိုးရိမ်သွားမိပေမယ့် ဖုန်းဆိုတော့ ထက်မာန်ဦးဆွဲခေါ်ရာ အိမ်ထဲကိုသာ စိုင်းဝေယံ လိုက်လာခဲ့မိသည်။

"အဲ့မှာ။အဲ့မှာ။"

ထက်မာန်ဦး လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ ပေါက်ကွဲပြီး မှန်ပါအက်နေတဲ့ဖုန်းလေး။ ပလပ်ခုံပါပေါက်သွားတာမို့ မီးခလုတ်ကလည်း လှမ်းပိတ်လို့မရ။ လျှပ်စီးနေနိုင်သေးတာမို့ ဖုန်းကိုလည်း ဒီတိုင်းဆွဲဖြုတ်ချလိုက်လို့မရ။ စိုင်းဝေယံ နောက်ပြန်လှည့်ပြီး အိမ်ရှေ့တံခါးရဲ့ တံခါးရွက် နှင့် ကွယ်နေတဲ့မိန်းခလုတ်ကို သွားပိတ်ချလိုက်လေသည်။ ပြီးတော့ အ၀တ်စတစ်ခုနှင့် ဖုန်းကြိုးနှင့် ဖုန်းကိုပါ ဆွဲဖြုတ်ပစ်လိုက်သည်။

"ခုနလေးတင်မှဝုန်းခနဲအသံကြားလိုက်လို့ ငါတို့ပြေးလာကြည့်တာ။ တော်သေးတယ်။ မင်းရောက်လာလို့။"

ထက်မာန်ဦးက ငိုတော့မလို အသံနှင့်ပြောသည်။ ခုနလေးတင်ကမှတဲ့။ သေချာမှာလိုက်ရက်သားနဲ့ တနေကုန် နှစ်ကောင်လုံး ဘာတွေလုပ်နေတာမို့လို့ ဒီမနတ်ကတည်းက အားသွင်းထားတဲ့ ဖုန်းကို ညနေစိုင်းဝေယံပြန်လာခါနီး ထပေါက်ကာမှ သတိရ,ရတာလဲ။ တကယ်ပါဘဲ။ ပြောရင်လည်း စိုင်းဝေယံဘဲ လွန်တယ်ဖြစ်မယ်။

"ငါ့ဖုန်းလေးဘာဖြစ်သွားပြီလဲ။"

သူ့ဖုန်းကိုတသသလုပ်နေတဲ့ ထက်မာန်ဦးရဲ့ လက်ထဲ အ၀တ်စုတ်နှင့် ညှပ်ကိုင်ထားတဲ့ ဖုန်းကို စိုင်းဝေယံ ထိုးထည့်ပေးလိုက်သည်။ ဖုန်းအခြေအနေကတော့ လုံးဝမကောင်း။ နဂိုကတည်းက ဒီဖုန်းအမျိုးအစားမျိုးတွေက ဘယ်လောက်ဘဲ Update ဖြစ်နေနေ သုံးတာကြာရင်တောင် မီးပူတိုက်လို့ရလောက်အောင် ပူလာပါတယ်ဆို။ အခုလည်း အထဲက ဘတ်ထရီအပူလွန်ပြီး ပေါက်ထွက်သွားတာဖြစ်ရမည်။

"သွားပြီ။ ပြန်သုံးလို့ မရတော့ဘူးထင်တယ်။"

"ရမလား။ပေါက်ကွဲသွားပါတယ်ဆိုမှ။"

စိုင်းဝေယံ စိတ်ပေါက်ပေါက်နှင့် မအော်ရုံတမယ်ပြောထည့်ပစ်လိုက်သည်။ အလုပ်ကနေ ပြန်လာတာ မောရတဲ့အထဲ။ ထက်မာန်ဦးကတော့ စိုင်းဝေယံကိုပင် ပြန်ပြီး မအော်နိုင်လောက်အောင် သူ့ဖုန်းလေးအတွက် ကြေကွဲခံစားနေရှာသည်။

"စိတ်မညစ်နဲ့။ ငါ့ဖုန်းယူလိုက်။ ငါ့ဖုန်းပေးမယ်လေနော်။"

ဝေလွှမ်းကတော့ စိတ်ပျက်လက်ပျက်နှင့် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ကာ ဖုန်းကိုကြည့်နေတဲ့ ထက်မာန်ဦးကို ချော့နေလေသည်။ စိုင်းဝေယံကတော့ ဒီအာရုံနောက်စရာ နေရာမှ မြန်မြန်ပြေးထွက်ကာ ရေချိုးဖို့သာကြံရွယ်လိုက်မိသည်။

"ဟေ့..ပြောင်ကြီး။"

လာပြီ။ ကိုယ်တော်ချောက ရောက်လာပြန်ပြီ။ စိုင်းဝေယံစိတ်ရှုပ်ထွေးစွာနှင့် တွေးလိုက်မိသည်။ ဝေလွှမ်းကို ရှောင်လျှင် ထက်မာန်ဦးကို တွေ့၊ ထက်မာန်ဦးကို ရှောင်လျှင် ဝေလွှမ်းကိုတွေ့နှင့်။ စိုင်းဝေယံ ဘ၀က အိမ်ထဲ ဘယ်နေရာထွက်ပြေးပြေး ဒင်းတို့နှစ်ကောင်ရဲ့ အရိပ်မှ မလွတ်။

"ငါ့ဖုန်းကဘတ်ထရီဘဲပေါက်သွားတယ်ထင်တာဘဲ။ မြို့ထဲသွားရင်ယူသွားပြီးပြင်ပေးလို့ရမလား။ မှန်လဲဖို့လိုရင်လည်း လဲလိုက်မယ်။"

ပြောင်ကြီးလို့ ခေါ်ကတည်းက လူကိုချွဲပြီး တစ်ခုခု ခိုင်းတော့မည်ဆိုတာ သိသည်။ ထက်မာန်ဦး စိတ်ဆိုးလျှင် နာမည်ပြောင်မသုံးဘဲ စိုင်းဝေယံလို့သာ တည့်သုံးလေ့ရှိသည်။

"ဧည့်ခန်းထဲကစားပွဲပေါ်တင်ထားလိုက်။"

ခြံတံခါးကိုသော့ခတ်နေတဲ့ စိုင်းဝေယံသည် ထက်မာန်ဦးကို လှည့်မကြည့်တော့ ထက်မာန်ဦးကသာ စိုင်းဝေယံ မျက်နှာကို မြင်ချင်လွန်းလို့ ဘေးနားကနေ သွားကုန်းကြည့်ရသည်။ လျှပ်စစ်မီးမရှိသော ခြံဝန်းသည် မှောင်ရိပ်လွှမ်းနေတာမို့ လရောင်သာ မှီခိုအားထားရာဖြစ်နေလေသည်။ လရောင်အောက်က စိုင်းဝေယံမျက်နှာက အနည်းငယ် ညိုမိုင်းနေသလို ထင်ရသည်။

"ဘာလုပ်နေတာလဲ။"

"တံခါးသော့ခတ်နေတာလေကွာ။ မမြင်ဘူးလား။"

တကယ်တော့ မမြင်တာမဟုတ်ဘဲ။ စကားစရှာခြင်းသာ ဖြစ်ကြောင်း ထိုသကောင့်သား သိဖို့ကောင်းသည်။ နယ်အိမ်တွေရဲ့ထုံးစံအတိုင်းတနေကုန်တံခါးကို ဒီတိုင်းဂျက်ထိုးထားရုံသာဖြစ်ပြီး ညရောက်မှသာ သော့ခတ်လေ့ရှိသည်။ ထက်မာန်ဦးကို ပြောပြီးသည်နှင့် သူ့ခမျာ လူတစ်ယောက်က အားနှင့်တိုက်ဖွင့်လျှင်တောင် လဲသွားနိုင်တဲ့ သစ်သားတံခါးကိုကြိုးစားပမ်းစား သော့ခတ်ရှာပါသည်။

"ငါပြောစရာရှိလို့။"

"အေး။ပြော။"

အစက သူ့မျက်နှာထားတင်းတင်းကြီးကြောင့် စကားစဖို့ တွန့်နေခဲ့သော်လည်း စိုင်းဝေယံကပြောဆိုတာနှင့် ထက်မာန်ဦး ပါးစပ်က ရေပက်မ၀င်အောင် ပြောတော့သည်။

"ငါမင်းကို ဒီရောက်ကတည်းက ကြည့်,ကြည့်နေတာ။ မင်း လွှမ်းကို ဘာလို့ရှောင်နေရတာလဲ။ အဲ့တာ ငါ့ကြောင့်ဆိုရင်တော့ အဲ့လိုရှောင်နေစရာမလိုပါဘူး။ ငါနဲ့လွှမ်းနဲ့ကို မင်း မဟုတ်က ဟုတ်က တွေ လျှောက်တွေးနေတာ မဟုတ်လား။ ငါတို့က မင်းထင်နေသလို လုံးဝမဟုတ်..။"

"ဘာကိုမဟုတ်တာလဲ။"

ထက်မာန်ဦးစကားတောင် ဆုံးအောင်ပြောခွင့်မရ။

"မဟုတ်ပါဘူးဆို မဟုတ်ပါဘူးဆိုလေကွာ။"

စိုင်းဝေယံသည် ထက်မာန်ဦးကို လှည့်ကြည့်လာလေသည်။ ထိုခပ်ကျဉ်းကျဉ်းမျက်ဝန်းများသည် လရောင်အောက်တွင်စူးရဲလို့နေလေသည်။ ထိုသို့သော အကြည့်တွေအောက်မှာ ထက်မာန်ဦး ခဏတာမျှ ငြိမ်သက်လို့သွားသည်။

"မင်းအဲ့မှာ မြေကြီးကိုခေါင်းနဲ့ ဆယ်ချက်ဆောင့်ပြီး ကျိန်ပြောရင်တောင်မယုံဘူး။"

စိုင်းဝေယံသည် ချာခနဲ လှည့်ထွက်သွားလေသည်။ထက်မာန်ဦးရင်ထဲ နာကျင်သွားသည်။ ဆယ်ချက်ဆောင့်ပြောရင်တောင် မယုံဘူးတဲ့လား။

စိုင်းဝေယံသည် အိမ်ထဲသို့ ၀င်မည်ပြုကာမှ နောက်မှာ ကျန်ရစ်ခဲ့တဲ့ ထက်မာန်ဦးကို လှည့်ကြည့်ကာ

"ပြီးတော့ မင်းတို့ ဘာဖြစ်ဖြစ် ငါ စိတ်မ၀င်စားဘူး။"

ထက်မာန်ဦး တကယ်ပင် အံ့သြလို့သွားသည်။ စိုင်းဝေယံမျက်နှာပေါ်မှာ ဖုံးကွယ်ထားတဲ့ အရိပ်အယောင်များ ရှိမလားလို့ ရှာဖွေကြည့်မိသေးသည်။သို့သော် အနည်းငယ်မျှသုန်မူန်နေသည့်တိုင် သူ့မျက်နှာသည် ပကတိ တည်ကြည်လျှက်ပင်။

လခွမ်းထဲမှ ဝေလွှမ်းအပေါ် သူ့ခံစားချက်တွေ ပျောက်ဆုံးကုန်တာလား။

"ဟေ့။ဟေ့။ မင်းအဲ့လို လုပ်လို့မရဘူးလေ။"

အိမ်ထဲ ၀င်မည်ပြင်နေတဲ့ စိုင်းဝေယံကို ထက်မာန်ဦး နောက်ကနေ ပြေးဆွဲလိုက်သည်။

"အခု လွှမ်းက မင်းဆီရောက်လာပြီလေ။"

စိုင်းဝေယံပုခုံးနှစ်ဖက်သည်မြင့်တက်သွားရာမှ နိမ့်ကျသွားသည်နှင့်အပြင် သက်ပြင်းချသံကြီးက စိုင်းဝေယံထံမှထွက်ပေါ်လာသည်။ ထို့နောက် ထက်မာန်ဦးကို လှည့်ကြည့်နေတဲ့ စိုင်းဝေယံသည် အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှုနေသည်မှာ ကျွဲတစ်ကောင် တာမထွက်ခင် နှာမူတ်နေသည့်နှယ်။

"မင်းပုံက အခုဘာနဲ့ တူနေလားသိလား။"

ထက်မာန်ဦး စိုင်းဝေယံကိုခေါင်းခါပြလိုက်သည်။

"မင်းခိုးလာတဲ့မိန်းမကို ငါ့ကိုအတင်းတာဝန်ယူခိုင်းနေသလိုဘဲ။"

ထိုစကားက ထက်မာန်ဦးရဲ့ ရင်ဘတ်ထဲ ဒိုင်နာကားတစ်စင်းအရှိန်နှင့် ပြေးဝင်တိုက်သလိုပင်။ အဲ့ခိုးတာက ပါလာပြန်ပြီ။ မဟုတ်ပါဘူး။ မဟုတ်ပါဘူးလို့ ပြောနေတာကို။

"ငါက မင်းအတွက်ပြောနေတာ။ မင်းအဲ့မဆိုင်တာဘဲ ဆွဲထည့်မနေနဲ့။ ငါပြောတာနားလည်လား။ ဒီအချိန်က သူ့ကိုဖွင့်ပြောဖို့ အကောင်းဆုံးအခြေအနေလေ။မင်းကြိုးစားသင့်..။"

"ငါဖွင့်ပြောပြီးပြီ။"

စိုင်းဝေယံဆီမှ ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုက ထွက်ပေါ်လာတော့သည်။

"တကယ်လား။ အခြေအနေဘယ်လိုလဲ။ဘယ်လိုလဲ။"

ထက်မာန်ဦးရဲ့ ၀င်းလက်သွားတဲ့မျက်နှာလေးသည် လပြည့်ညနှင့် ပမာတူသည်။ စိုင်းဝေယံနှင့် ဝေလွှမ်းကြားက ချစ်ရေးချစ်ရာတွေကို နားထောင်ဖို့ရာ ထက်မာန်ဦးသည် ပထမဆုံးရည်းစားဖြစ်သူ အိလိုင်လက်ကလေးကို ကိုင်ခဲ့ရတုန်းကထက်ပင် ပိုပြီး စိတ်လူပ်ရှားနေသေးသည်။

"ပိုးစိုးပက်စက်ကို အငြင်းခံလိုက်ရတာဟ။"

မှန်းချက်နှင့် နှမ်းထွက်မကိုက်သော၊ အထင်နှင့်အမြင် တလွဲစီဖြစ်သွားခဲ့ရသော ထက်မာန်ဦးတစ်ယောက် စိုင်းဝေယံရဲ့ မျက်နှာကိုသာ ငေးငိုင်ကြည့်ရင်း ငြိမ်သက်သွားရတော့သည်။

"ငါ့ အဲ့အကြောင်း ပြန်တောင်မတွေးချင်ဘူး။"

ဘယ်တူန်းကလဲ။ဘယ်လိုတွေ ဖြစ်ကုန်တာလဲလို့ ဆက်မေးဖို့တောင် ထက်မာန်ဦးမှာ အားမရှိတော့ပါ။

"ဆောရီး။ ငါတကယ်မသိခဲ့ဘူး။"

"မင်းဘုန်းကြီးခေါင်းခေါက်ပြီးမှ လာထိုင်ရှိခိုးနေလိုက်။"

စိုင်းဝေယံကတော့ သူ့ပုံမှန်အတိုင်း ထက်မာန်ဦးကို ပြန်ဟောက်သည်။ ထက်မာန်ဦးမှာသာ အားနာလွန်းလို့ ဘယ်လိုမျက်နှာနှင့် ဒီမှာဆက်နေရ မလဲတောင်မသိတော့။ အခုဆို ထက်မာန်ဦးနဲ့ လွှမ်းရဲ့ လုပ်ပုံလုပ်ပေါက်က စိုင်းဝေယံရဲ့ မျက်လုံးထဲ သူ့အိမ်မှာ ပျော်ပျော်ပါးပါးနှင့် ဟန်နီးမွန်းလာထွက်နေတဲ့ လင်မယား ပုံတောင်ပေါက်နေမလားမသိ။

အား!် ထက်မာန်ဦး စိတ်ထဲမှာသာ အသံတိတ်အော်ဟစ်လိုက်မိသည်။ မျက်နှာတွေပူလိုက်တာ။ မျက်နှာတွေ ပူလိုက်တာ။

"အပြင်မှာအေးတယ်။အထဲဝင်တော့။"

စိုင်းဝေယံရဲ့ သတိပေးမှ ထက်မာန်ဦး အိမ်အပြင်မှာ ငူငူကြီးရပ်နေရာမှ သတိဝင်လာမိသည်။ ထိုသူငယ်ချင်းအကောင်းစားလေသည် ဒီလောက်ထိ ခံစားထားရတာတောင် ထက်မာန်ဦးအတွက် စိုးရိမ်ပူပန်ပေးနေသေးသည်။

"အေး။အေး။ဝင်မယ်။ ဒါနဲ့ မင်းငါတို့ကို အိမ်ပေါ်က မနှင်ချပါဘူးနော်။"

"မင်းတစ်ယောက်တည်းဆို ကန်ချလိုက်တာ ကြာပြီ။ ခုက ဝေလွှမ်းမျက်နှာကို ထောက်ထားနေသေးတာ။"

ပိုးစိုးပက်စက်ငြင်းခံရထားတယ်လည်း ပြောသေး။ ခုထိ တဝေလွှမ်းတည်းဝေလွှမ်းနိုင်သေးတယ်။ သနားစိတ်လေးက စိတ်ထဲက လွင့်စင်ထွက်သွားပြီး စိုင်းဝေယံကို နောက်ကနေ ခြေထောက်နှင့် ကန်ပစ်လိုက်သည်။ တစ်ချက်ယိုင်သွားပေမယ့် စိုင်းဝေယံက ဒီတစ်ကြိမ်တွင်တော့ စိတ်မဆိုးသည့်အပြင် ရယ်တောင် ရယ်နေလိုက်သေးသည်။ ပြီးတော့ ထက်မာန်ဦးကို စောင့်ကာ အိမ်ထဲသို့အတူဝင်လာကြသည်။

"ဒါပေမယ့် မင်းတို့နောင်ရေးကို သေချာစဉ်းစားမှဖြစ်မယ်နော်။ ခဏရှောင်ရုံနဲ့ ပြီးသွားမယ့်ကိစ္စမျိုးမဟုတ်ဘူး။"

စိုင်းဝေယံရဲ့စကားသည် ထက်မာန်ဦးကို ပင့်သက်မောတစ်ချက်ရှိုက်ထုတ်လိုက်မိစေသည်။

"ဟူး။မသိတော့ဘူး။နောက်မှဘဲ လွှမ်းနဲ့တိုင်ပင်လိုက်ဦးမယ်။ ခုမျက်နှာသွားသစ်လိုက်ဦးမယ်။"

ဖုန်းကလည်းပျက်တဲ့ အပြင် စိုင်းဝေယံနှင့် လွှမ်းရဲ့ကြားထဲက ရှင်းမရတဲ့ ပြသနာကြီးကိုကြားလိုက်ပြီးသည့်နောက် ထက်မာန်ဦး အရမ်းပင်ပန်းသွားပြီ ဖြစ်သည်။ လွှမ်းရဲ့ နားမှာဘဲ သက်တောင့်သက်သာလေး သွားအိပ်တော့မည်။

ယိုင်ထိုး ယိုင်ထိုးခြေလှမ်းတွေနှင့် ထွက်သွားတဲ့ ထက်မာန်ဦးကို ကြည့်ပြီး စိုင်းဝေယံတစ်စုံတရာကို ပြေးသတိရကာနောက်ကနေ လှမ်းခေါ်လိုက်မိသည်။

"ခဏနေဦး။ ငါ့ဆီရှောင်လာမယ်ဆိုတာဘယ်သူစတာလဲ။"

ထက်မာန်ဦးသည် စိုင်းဝေယံကို လှည့်ကြည့်သည်။ ထို့နောက်သူ့ကိုယ်သူ လက်ညိုးလေးထိုးပြီး

"ငါလေ။ငါ။"

စိုင်းဝေယံ ထင်တော့ထင်မိလိုက်ပါတယ်။ ဒီလို ဦးနှောက်မရှိတဲ့ဟာမျိုးကို စဉ်းစားတာ ထက်မာန်ဦးဘဲ ဖြစ်လိမ့်မယ်လို့။

"ဝေလွှမ်းကဘာမှမပြောဘူးလား။"

"မပြောလို့ရောက်လာတာပေါ့။ မင်းတို့နှစ်ယောက်ကြား အဲ့လိုပြသနာတွေ ရှိခဲ့ပေမယ့် လွှမ်းက ငါ့ကို ဘာမှမပြောခဲ့ဘူး။"

ထက်မာန်ဦးသည် သူတို့နှစ်ယောက်ကိစ္စနှင့် ပတ်သက်ပြီး စိုင်းဝေယံ စိတ်ခုနေတယ်လို့သာ တွေးနေမိပုံရသည်။ ထိုပြသနာသည်လည်း ထိုပြသနာအလျောက်ဖြစ်ပေမယ့် စိုင်းဝေယံစိတ်ပူနေတဲ့အရာက တခြားရှိနေသေးလေသည်။

"ဘာမှပြောစရာမရှိတော့ဘူးဆို ငါသွားတော့မယ်။အိပ်လည်းအိပ်ချင်နေပြီ။"

ထက်မာန်ဦးက စိုင်းဝေယံရှေ့မှပင် ထွက်ခွာသွားလေတော့သည်။

စိုင်းဝေယံ နေရာမှာတင်မတ်တပ်ရပ်လျှက် တွေးတောကျန်ရစ်ခဲ့ပေမယ့် လှေကားထစ်တွေကို နင်းလာတဲ့ ခြေသံဖွဖွက စိုင်းဝေယံရဲ့ အာရုံကိုလူပ်နိုးလိုက်လေတော့သည်။

"ဝေလွှမ်း။"

ဒီကိုရောက်တဲ့နှစ်ရက်တာအတောအတွင်း စိုင်းဝေယံ ပထမဆုံးအကြိမ်အနေနဲ့ ဝေလွှမ်းနာမည်ကို ပြန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဝေလွှမ်းသည် အနည်းငယ်အံ့သြသွားတဲ့ပုံရှိသော်လည်း လှေကားထစ်တွေပေါ်ကနေ တည်ငြိမ်စွာဖြင့်သာဆင်းလာသည်။ ဝေလွှမ်းကိုကြည့်ရတာ ထက်မာန်ဦး ပျောက်နေတာကြာပြီမို့ အောက်ထပ်ကိုလာဆင်းရှာပုံရသည်။ ဒီလိုဘဲ။ သူတို့နှစ်ယောက် အရင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံဘဲကိုး။ နည်းနည်းတော့ ခံရခက်ပေမယ့်လည်း စိုင်းဝေယံ ကျင့်သားတော့ရသွားလေပြီထင်သည်။

"ခဏနေဦး။"

ရှေ့ဆက်သွားမယ့်ဝေလွှမ်းခြေလှမ်းတွေက တုံ့ခနဲ ရပ်သွားလေသည်။ ဝေလွှမ်းနှင့် ကြုံတုန်းကြုံခိုက်မို့ စိုင်းဝေယံ ဝေလွှမ်းအတွက်ဝယ်လာတဲ့ ဖုန်းအားသွင်းကြိုးလေးကို စားပွဲပေါ်က လှမ်းယူကာ လှမ်းပေးလိုက်သည်။

"ရော့။ဖုန်းအားသွင်းကြိုး။"

ဝေလွှမ်းသည် သူ့လက်ထဲကို ရောက်လာတဲ့ ဖုန်းအားသွင်းကြိုးအဖြူရောင်လေးကို တစ်ချက်မျှကြည့်သည်။ အားသွင်းကြိုးရဲ့ အစွန်ဆုံးအားသွင်းပေါက်ကိုပါ စစ်လိုက်သေးသည်။ ပြီးတော့မှ မော့မကြည့်ဘဲ စိုင်းဝေယံကိုလှမ်းမေးသည်။

"ဘယ်လောက်ကျလဲ။"

"မပေးနဲ့တော့။ဘယ်လောက်မှမဟုတ်ဘူး။"

မပေးနဲ့ဆိုလျှင်လည်းဝေလွှမ်းက အတင်းထိုးထည့်ပြီး ပေးမယ့်သူမျိုးမဟုတ်ပါ။ ဒါပေမယ့် နောက်တနေ့ဆိုလျှင် သွယ်ဝိုက်သောနည်းအားဖြင့် စိုင်းဝေယံရဲ့စားပွဲပေါ်တွင် ပိုက်ဆံဖြစ်ဖြစ်တင်ထားတတ်သည်။ ဒါက စိုင်းဝေယံအပေါ်တွင်ကျေးဇူးကြွေးအတင်မခံချင်တဲ့ ဝေလွှမ်းလုပ်နေကြ အပြုအမူပင်။ ဒီတသက်တွင် သူမှတ်ထားတဲ့ နာကျည်းမူကို ဘယ်လိုအရာမျိုးနှင့် မှ ကြေဖျတ်ပေးလိုစိတ်ရှိပုံမပေါ်။ အခုလည်း သူ့ထုံးစံအတိုင်း ဖုန်းအားသွင်းကြိုးကို ကောက်ယူပြီး ထွက်သွားဖို့ပြင်လိုက်သည်။

"ဒါနဲ့ မင်းဘယ်လိုရှေ့ဆက်သွားဖို့ စိတ်ကူးရှိလဲ"

ဒီစကားလုံးတွေကတော့ ဝေလွှမ်းကိုရပ်တန့်သွားအောင် စွမ်းဆောင်လိုက်နိုင်သည်။ ဝေလွှမ်းအတွက် စိုးရိမ်နေသလား မေးလျှင် စိုးရိမ်သည်ဟုပင် စိုင်းဝေယံ ဖြေရပေလိမ့်မည်။ အထူးသဖြင့် ဝေလွှမ်းအိမ်ကို အကြောင်းတိုက်ဆိုင်စွာဖြင့် တစ်ခါရောက်ဖူးတဲ့ စိုင်းဝေယံသည် ဝေလွှမ်းမိဘတွေရဲ့သဘောထားနှင့် ဝေလွှမ်းအပေါ်ထားရှိတဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေ (တနည်းအားဖြင့်) အတ္တတွေကို အရိပ်အမြွက်မျှနားလည်မိသည်။

မများလှတဲ့ ဝေလွှမ်းရဲ့ သူငယ်ချင်းအရေအတွက်ကြား စိုင်းဝေယံဆီ ဝေလွှမ်းမိဘတွေသည် တနေ့နေ့ ကျိန်းသေပေါက်ရောက်လာနိုင်သည်။ ပိုဆိုးသည်က ဘွဲ့ရပြီး အိမ်ကိုခဏတဖြုတ်ပြန်တုန်းက ဝေလွှမ်းတို့အိမ်ကကားသည် စိုင်းဝေယံအိမ်ထိ လိုက်ပို့ခဲ့ဖူးသည်။ ထက်မာန်ဦးကတော့ စိုင်းဝေယံရဲ့ အိမ်ကိုသူတို့လိုက်လို့မမှီလောက်လို့ တွေးနိုင်ကောင်းတွေးမည်ဖြစ်သော်လည်း ဒါတွေကို သိနေတဲ့ ဝေလွှမ်းက ဘာလို့ လက်ခံခဲ့သည်ကို စဉ်းစားလို့မရ။

"ငါ သူတို့မျက်စိရှေ့ကနေ ဘယ်လောက်ထိရှောင်နိုင်မှာမို့လဲ။"

ဝေလွှမ်းအသံက အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ ဒီအထိရှေ့ဆက်တိုးခဲ့ပြီးမှတော့ ဝေလွှမ်းတွင် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိမှန်းတော့ စိုင်းဝေယံ ရိပ်စားမိလာပြီဖြစ်သည်။

စိုင်းဝေယံနှင့် ဝေလွှမ်းကြား တခဏတာမျှ တိတ်ဆိတ်သွားမိသည်။ စိုင်းဝေယံသည် တစ်ချက်ကလေး လူပ်ရှားလိုက်မိလျှင် ဝေလွှမ်းဆီမှ စကားတစွန်းတစ ကိုပင် လွတ်သွားမည်ကို စိုးရိမ်နေသလို ငြိမ်သက်နေမိတော့သည်။ နောက်ဆုံးတော့ စိုင်းဝေယံ အနားကနေ ထွက်ခွာ မသွားခင် ဝေလွှမ်းသည် စကားတစ်ခွန်းကို ချန်ရစ်ထားခဲ့လေသည်။

"ရှောင်ပြေးနေမယ့်အစား ဘာဘဲဖြစ်လာလာ ငါရင်ဆိုင်လိုက်မယ်။"

.............................................................................................................................................

(A/N)

မနတ်ဖြန်အလုပ်ရှိနေတာတောင် Update ပေးသွားတယ်နော်။ ကလေးတွေ တောင်းဆိုတာ မကြည့်ရက်တော့လို့။ >< အိပ်တော့မယ်။ 

Continue Reading

You'll Also Like

3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
693 70 14
အကြောင်းတစ်ခုကြောင့်ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦး သုံးနှစ်အကြာမှာပြန်တွေ့ကြတဲ့အခါ မတူညီတဲ့''နာကျည်းမှုနဲ့အချစ်''မှာ နှလုံးသားက ဓားစာခံဖြစ်သွားလေရဲ့...
1M 88.2K 43
အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက်အမုန်းရှိနိုင်သေးတယ်။ မြတ်နိုးခြင်းမှာတော့ ဆန့်ကျင်ဘက်ဝေါဟာရမရှိဘူး ဆိုပါလျှင်... အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက...
3.9M 412K 41
Myanmar BL