H Y U N G

By aHMUE-61

326K 35.7K 2.7K

ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ​ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 38.2
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
ATTENTION !!
Book Announcement

CHANYEOL (Z)

2.7K 226 17
By aHMUE-61

အခန်းတစ်ခုလုံးက မှောင်မဲနေပြီး အေးစိမ့်နေသောနံရံနှင့် ကျောကပ်ထားသည့်တိုင် အေးစက်မှုကိုမခံစားနိုင်သည်အထိ အာရုံတွေပျံ့လွင့်နေသည်။ ရင်ကိုနာစေသည့် မြင်ကွင်းက တော်တော်ကြာသည်အထိ ဉီးနှောက်ထဲမှ ထုတ်မရ။ ရင်ထုမနာ နာကျင်ရသည်ထက် တဆစ်ဆစ်ထိုးဆွခံနေရသလို နာကျင်မှုမျိုး။

"အဲ့ကောင်ကို ဖုန်းသိမ်းထားလိုက်စမ်း !!"

အခန်းတံခါး စေ့စေ့ပိတ်ထားသည့်တိုင် အပြင်ကအသံတွေက ဆူညံစွာ ကြားနေရသေးသည်မို့ နားကိုလက်နှစ်ဖက်လုံးဖြင့် အုပ်လိုက်မိသည်။

"ယောက်ျားတစ်ယောက်ကြောင့်နဲ့ အရူးတစ်ပိုင်းဖြစ်နေရတယ်လို့ တောက် !! နားရှက်စရာတွေကွာ !!!"

အမေ့ငိုသံ တရှိုက်ရှိုက်ကြားမှ ငြင်းဆိုနေသံများကိုလည်း ကြားနေရသေးသည်။ ဘာတြွေဖစ်နေတာလဲ။ ကျွန်တော် ဘာအပြစ်လုပ်ထားမိလို့လဲ။ ကျွန်တော်ပြောမိတာ သူ့ကို ချစ်နေပါတယ် ဆိုတဲ့ ဝန်ခံချက်လေး တစ်ခွန်းလေးသာ။ အိမ်ပြန်ရောက်သည့်အချိန်တွင် အမေ့လက်ထဲ ဖွင့်လျက်သားဖြစ်နေသည့် ဒိုင်ယာရီစာအုပ်ကလေးက တရားခံဟု ဆိုလို့ရနိုင်သော်ငြား အပြစ်မရှိပါဘဲ အဖေ့ဒေါသအောက် ဆွဲဖြဲခံထားရသည်မှာ ကြမ်းပြင်ပေါ် တစစီ။ ပါးစောင်ရိုးပေါ်မှ အဖေ့လက်သီးနာကျင်မှုက အာရုံမထားနိုင်။ ဝေဝါးနေသည့် မြင်ကွင်းကို အားမရစွာ မျက်လုံးတွေကို အကြမ်းပတမ်း ပွတ်သပ်မိသည်။ ဖြဲဆုတ်ထားသည့် စာရွက်အပေါ် တစ်ပိုင်းတစ်စ မြင်နေရသည့် လက်ရေးသော့သော့လေးက ရေးထားသည်က ရိုးရိုးရှင်းရှင်း hyung တဲ့။

ယခုလောလောဆယ် အာရုံထဲရှိနေသည်က အခန်းအပြင်ဘက်တွင် ဆဲရေးတိုင်းထွာနေသော အဖေ့အသံတွင်မဟုတ်။ ငယ်လေးကို ဖက်ကာ ငိုရှိုက်သံတွေ တပ်အပ်ကြားနေရသော အမေ့ထံတွင်လည်းမဟုတ်။ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲ ငြိမ်သက်ကာ ပွေ့ဖက်ခံနေသည့် hyung ပုံရိပ်။ ရင်ထဲ တဆစ်ဆစ်တူးဆွနေသည်အထိ မြင်ယောင်နေမိသည်မှာ ထိုသူနှင့်ပတ်သက်လာရင် သေးသေးမွှားမွှားလေးကအစ ကျွန်တော်တကယ်ရူးနေပြီ ထင်ပါရဲ့။

__________

_____

____

___

__

_

Hyung က အဝါရောင်ကြိုက်တယ်..

Hyung က စတော်ဘယ်ရီတွေကြိုက်တယ်..

Hyung က အစပ်ကြိုက်တယ်..

Hyung က စာဖတ်ရတာကြိုက်တယ်..

Hyung က ဆူညံတာမကြိုက်ဘူး..

Hyung က ချစ်ဖို့ကောင်းသလောက် မာနလည်းကြီးတယ်..

Hyung ရဲ့ ပုံရိပ်လေးက အေးချမ်းတယ်..

Hyung...

စာတွေမေ့မသွားချင်ရင် ခဏခဏပြန်ရွတ်ပေးရမယ်လို့ hyung ပြောဖူးတယ်။

Hyung နာမည်က...

နာမည်က...

သိရက်နှင့် လျှာဖျားလေးတင် မေ့နေသည်။ ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲစုပ်မိသည်။ ဘာပါလိမ့်။ နာမည်က...။

တဝီဝီနှင့် ဆူညံနေသာအသံကြောင့် နားနှစ်ဖက်ကိုပိတ်ကာ ခေါင်းနှင့်နံရံဆောင့်မိသည်။ တစ်ချက်ပြီးတစ်ချက်။ တိတ်ဆိတ်မှောင်မဲနေသော အခန်းတွင်း ထွက်ပေါ်လာသော တဒုန်းဒုန်းအသံက ကြောက်မက်ဖွယ်ရာ။ နာကျင်တာအပြင် အကျိုးတော့ရှိသား။

"Baekhyun ! BYUN"

Hyung က အဝါရောင်ကြိုက်တယ်..

Hyung က စတော်ဘယ်ရီတွေကြိုက်တယ်..

မှောင်မဲနေသော အခန်းထဲ စာရွက်ပေါ်ရေးခြစ်သံတို့သာ ကြီးစိုးနေ၏။ ခဲတံကိုင်ထားသော လက်ချောင်းများက ခြစ်ရာပြဲရာတို့ဖြင့် ညစ်ပေစုတ်ပြတ်နေ၏။ ထောင့်နားကွဲအက်နေသော မျက်မှန်ဝိုင်းကြောင့် စာလုံးတွေနှစ်ထပ်မက ပုံရိပ်ယောင် ဖြစ်နေပြီး မညီမညာမလှမပ ဖြစ်နေ၏။ Hyung က လက်ရေးလှမှ ကြိုက်တာ။

Hyung က အစပ်ကြိုက်တယ်..

Hyung က စာဖတ်ရတာကြိုက်တယ်..

Hyung က ဆူညံတာမကြိုက်ဘူး..

Hyung က....

ရေးလက်စတို့တန့်သွား၏။ ဝေဝါးလာသော ဒိုင်ယာရီစာအုပ်ကြောင့် အားမလိုအားမရဖြစ်စွာပင် မျက်မှန်ကိုချွတ်ပစ်ကာ အကြမ်းပတမ်း ပွတ်သပ်မိသည်။ မေ့သွားလို့မဖြစ်ဘူး။

Hyung က ချစ်ဖို့ကောင်းသလောက် မာနလည်းကြီးတယ်..

ခပ်သွက်သွက်ရွေ့လျားနေသော လက်တို့ခေတ္တတုံ့ဆိုင်းကာ အရူးလို ပြုံးမိသွားသည်။

ချစ်ဖို့ကောင်းတယ်လို့ ပြောမိရင်လည်း မျက်နှာတစ်ခုလုံး နီရဲလာတဲ့အထိ စိတ်ဆိုးတတ်သေးတာ..

ပြီးတော့...

ပြီးတော့...

ရုတ်တရက် ပေါ်လာသော မြင်ကွင်း။ hyung က တခြားတစ်ယောက် ရင်ခွင်ထဲမှာ။ ဟင့်အင်း။ မစဉ်းစားချင်ဘူး။ ခေါင်းကိုထပ်တလဲလဲ ထုရိုက်မိသည်။ ဆံပင်တွေဆောင့်ဆွဲကာ ခြေထောက်တွေ ဆောင့်ကန်ဒုန်းဆိုင်းမိသည်။ မြင်ကွင်းကပျောက်မသွား။

အာ...!

ရုတ်တရက် ငြိမ်ကျသွားခြင်းက ခေါင်းထဲဝင်လာသည့် တစ်စုံတစ်ခုကြောင့်။

အခုမှသတိရသည်။ hyung မွေးနေ့ကို လာမယ်ပြောထားပြီး မလာဖြစ်တာ စိတ်ဆိုးနေတော့မည်ထင်သည်။ ကျွန်တော့် hyung က ကတိမတည်တာတွေ တအားမုန်းတာရယ်။ ဖုန်းဆက်ရမည်။ ဖုန်း။

"......"

အနီးအနား စောတွေကို လှန်လှောရှာကြည့်ပေမယ့် ဖုန်းကမရှိ။ ဟုတ်သား။ ဖုန်းကိုအဖေသိမ်းသွားသည်။ ဒုက္ခဘဲ။ hyung စိတ်ဆိုးနေတော့မည်ထင်၏။ ဆွဲဖွဆောင့်ဆွဲထားသော ဆံပင်တွေကို သေချာပြန်လှပ်တင်လိုက်ရင်း မျက်နှာကိုပွတ်သပ်မိသည်။ လက်ဖဝါးတစ်လျှောက် စူးရှရြှဖစ်သွားသည်က မျက်နှာပေါ်သေးနုတ်နုတ် ထွက်စပြုနေသော မွှေးညှင်းများကြောင့်။ hyung ကို ဖုန်းဆက်ပြီးရင် စိတ်ဆိုးနေလားလို့ မေး၍မဖြစ်။ hyung က သူ့ကို စိတ်ဆိုးသည် ဟူသော အသုံးအနှုန်းနှင့် ပြောလျှင် အရမ်းမုန်းတာမို့။ သို့ပေမယ့် ထိုအချင်းအရာလေးကဘဲ ချစ်ဖို့ကောင်းစေသည်။ မျက်ရည်စီးကြောင်း နှစ်ဖက်ကြားမှ အသံထွက်သည်အထိ ရယ်မိသွားသည်။ လွမ်းသည်။ လက်ထဲက ရှိသမျှ ပစ္စည်းအကုန် ပစ်ချကာ တံခါးပေါက်နား ပြေးသွားလိုက်သည်။ ကြမ်းပြင်ပေါ်ရှိ တစစီကွဲသွားသော မျက်မှန်ဝိုင်းလေး​ကြောင့် ခြေဖဝါးနုနုထံမှ သွေးတွေစီးကျလာစေ၏။ နာကျင်မှုကို မခံစားမိ။ hyung ဆီ ဖုန်းဆက်ရဉီးမည်။

တံခါးကိုဖွင့်ကြည့်ပေမယ့် မရ။

"အမေ...!"

အသံပြုလိုက်ပေမယ့် တစ်ယောက်မြှပန်မဖြေ။ တံခါးကိုတဒုန်းဒုန်းထုကာ ဆက်အော်နေမိသည်။

"အမေ ! သား hyung ဆီသွားချင်တယ်"

ရုတ်တရက် တံခါးကိုထုရိုက်နေသော လက်ကဘေးကိုချော်ကာ လက်ကိုင်နှင့် ဆွဲခြစ်မိသွားသည်။ တံတောင်ဆစ်နားထိ ကွဲအက်သွားသော အနီရောင်အစင်းကြောင်းကို ခေါင်းထဲမထည့်ဖြစ်။ hyung ဆီ သွားချင်သည်။

"hyung !"

ငိုရှိုက်သံတွေရောလာ၏။ တဆစ်ဆစ်နာကျင်နေသော လက်ကြောင့် တံခါးကို ထုရိုက်နေသည်က အားမပါတော့။ ရုတ်တရက် အားပျော့လာသော ခြေထောက်တို့ကြောင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိသည်။ စီးကျကာအိုင်ထွန်းနေသော သွေးတွေက ကျွန်တော်ဒီအခန်းထဲ hyung အနားမရှိသည့် ခံစားချက်လောက် ကြောက်ဖို့မကောင်း။ တဖြည်းဖြည်း ဝေဝါးလာသော မြင်ကွင်းတို့က ဘာကြောင့်မှန်းမသိသည့်တိုင် အတွေးတို့ကိုတော့ ဝေဝါးခွင့်မပေးနိုင်။ အသွေးရောအသားပါ ထိုလူသားတစ်ဉီးတည်းသာ ပိုင်ဆိုင်ခွင့်ရှိတာ....။

________

အိပ်ရာပေါ်မှာ ငြိမ်ငြိမ်သက်သက်သာ လှဲလျောင်းနေရသော်ငြား ခေါင်းတစ်ခုလုံး ချာချာလည်နေသယောင် ခံစားနေရသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ခြေရင်းဘက်ကနေ ခပ်စူးစူးဝင်ရောက်နေသည့် အလင်းရောင်ကို တိုက်ရိုက်မြင်နေရပြီး အကြည့်မလွှဲမိ။ ဖြာကျနေသည့် အစက်အပြောက် နေရောင်လေးများက နွေးထွေးသော်ငြား ကျွန်တော့်ခန္တာကိုယ်က ဆောင်းရာသီထဲ ပစ်ထားခံရသည့် ကြောင်တစ်ကောင်လို အေးစက်နေသည်။

"ကလေးက အရမ်းသွေးဆူလွယ်တယ်ထင်တယ်..., ကြည့်ရတာ ဒီမတိုင်ခင်ကလည်း သူ့အတွက်စိတ်ဒဏ်ရာ ကြီးကြီးမားမားတစ်ခု ရှိခဲ့ပုံပေါ်တယ်"

ကုတင်ဘေးနားတွင် အဖြူရောင်ဝတ်စုံနှင့် အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ပြောနေသည်များက မနက်တိုင်းလိုလို ကြားနေရသည်မို့ အသံကိုအလွတ်ပင်ရနေပြီ။ မျက်လုံးဖွင့်မိတိုင်း လူတစ်ယောက်အကြောင်း တွေးနေသည်ကို နှောင့်ယှက်သလိုဖြစ်နေလို့ မကြိုက်။ နေ့တိုင်းနီးပါး လာနေကျဖြစ်ပေမယ့် ကျွန်တော်တစ်ချက်လေးပင် လှည့်မကြည့်မိ။ စိတ်လည်းမဝင်စားသလို ခေါင်းထဲလည်းမရောက်။ ကျွန်တော့်အမေကတော့ ထိုအဖြူရောင်လူကြီးကို ထပ်ခါတလဲလဲ ဉီးညွတ်ရှာသည်။

"သောက်ဖို့ဆေးတွေ ထပ်ညွှန်းပေးလိုက်ပါ့မယ်။ ပုံမှန်တိုက်ပေးစေချင်ပေမယ့် သူငြင်းရင်တော့ အတင်းအကျပ်မလုပ်ပါနဲ့။ အခုအခြေအနေမှာ အဓိကက သူစိတ်ချမ်းသာဖို့ဘဲမို့လို့"

အသံက ကျွန်တော့်နားထဲ တိုက်ရိုက်ဝင်လာပုံအရ ကျွန်တော်ရှိရာဘက်ကို ကြည့်ပြောနေခြင်း ဖြစ်လိမ့်မည်။

စိတ်ချမ်းသာဖို့ ?

အကြည့်ကို ခြေရင်းဘက်က နေရောင်ဖျော့ဖျော့ထံမှလွှဲကာ ထိုလူကြီးဘက် တိုက်ရိုက်ကြည့်လိုက်သည်။ မျက်တောင်တစ်ချက်မခတ်။ ဤအကြည့်တွင် လူကြီးတစ်ယောက်အပေါ် ရိုသေမှု တစိုးတစဉ်းမျှမပါ။ တစ်နေ့တစ်နေ့ ချိုလိုက်ခါးလိုက် ဆေးအမျိုးစုံ လာတိုက်နေသည်ကိုလည်း မုန်းသည်။ ချုပ်လိုက် ချော့လိုက် တစ်မျိုးတစ်ဖုံ ဆက်ဆံခံနေရသည်ကိုလည်း မုန်းသည်။ ကျယ်လောင်သော သက်ပြင်းချသံနောက် အမျိုးသမီးတစ်ယောက်၏ အသံက နွမ်းလျစွာထွက်လာ၏။

"သား.. ဘာဖြစ်လို့လဲ.., လူကြီးကိုအဲ့လိုမကြည့်ရဘူးလေ"

သိသိသာသာ ငိုသံထိန်းနေရသော အမေ့အသံကြောင့် ကျွန်တော်မျက်နှာလွှဲမိသည်။ အနည်းငယ်မျှ စိတ်မကွပ်သည့်ဟန် ထိုလူကြီး အသံထပ်ထွက်လာ၏။

"ကလေးပါးစပ်က တောက်လျှောက် ရွတ်နေတဲ့ အဲ့ဒီ hyung ဆိုလား... သူနဲ့ပေးမတွေ့ပါနဲ့ဉီး.. ကလေးရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး တစ်ဖက်ကောင်လေးအတွက် အန္တရာယ်ဖြစ်သွားနိုင်တယ်"

နောက်တစ်ကြိမ် ထပ်စိုက်မကြည့်လိုက်မိစေရန် ထိန်းလိုက်ပေမယ့် သိသိသာသာ ထင်းနေသော မေးရိုးများကတော့ အံကြိတ်နေမှန်း သိသာစေသည်။ အခန်းတံခါးပိတ်သံနောက် တွဲလျက်လိုက်ပါလာသည့် အခန်းတံခါးလော့ခ်ချသံကြောင့် မဲ့ပြုံးပြုံးလိုက်မိလား။ မသေချာဘူး။ မျက်နှာအမူအရာတွေသာမက စိတ်အစုံကပါ အေးခဲနေသည်မို့ တော်ရုံတန်ရုံ စကားလည်းသိပ်မပြောဖြစ်တော့။ ကိုယ်ကိုယ်တိုင် ဆောင်ရွက်သည့် အပြုအမူကိစ္စများအပေါ်လည်း ထိန်းချုပ်မှုမရှိတော့။ အေးစက်တည်ငြိမ်နေသယောင် ထင်ရသော်ငြား ပူလောင်နေသော ရင်ဘတ်အစုံကိုတော့ မည်သူမျြှမင်နိုင်မည် မဟုတ်လောက်တာတော့ သေချာသည်။

ခြေရင်းနားက ခုံပေါ်တွင် တင်ထားသော အဖြူစွတ်စွတ် မာဖလာလေး ခေါက်ရာသေသပ်စွာ တည်ရှိနေသည်။ အဖြူရောင်က hyung နဲ့ဆို အရမ်းလိုက်မှာ။ ထိုနေ့က ကိုယ်တိုင်သေချာဝတ်ပေးချင်ခဲ့ပေမယ့် မဖြစ်နိုင်တော့ဘူးထင်တယ် hyung..။ မလှုပ်မယှက် တောင့်တင်းနေသော လက်ဖဝါးတို့ကို အနည်းငယ်ဖြန့်ကြည့်တော့ အပ်ပေါက်ရာ ပြဲရာတို့က ကြို့တိုးကြဲတဲ။

အခန်းတံခါးဖွင့်သံသဲ့သဲ့ကို ကြားလိုက်ရသော်ငြား လှည့်မကြည့်မိ။ ဝင်လာသည့်ခြေသံ တလျှောက်က ကျွန်တော့်ကုတင်ဘေးတွင် အဆုံးသတ်သည်။

"ထမင်းလေး နည်းနည်းစားလိုက်ဉီး သား။ ပြီးရင်ဆေးသောက်ရမယ်"

မျက်လုံးတစ်ချက်စောင်းကြည့်လိုက်သည်။ ထမင်းကို ဆန်ပြုတ်နီးပါး ခပ်ပျော့ပျော့ချက်ထားပေးကာ ဟင်းအနှစ်နည်းနည်းနှင့် တွဲဖက်အသီးအရွက် နည်းနည်းပါးပါးဖြင့်။ သခွားသီး။ hyung က သခွားသီး အရမ်းမုန်းတာ။ ထမင်းစားနေရင်း စူပုတ်ပုတ်နဲ့ ပန်းကန်ထဲက ဖယ်ချနေသည်ကို တွေ့ဖူးသည်။ ချစ်ဖို့ကောင်းသည်။ အတွေးတွေကြောင့် လှစ်ကနဲ ပြုံးလိုက်မိသည့်အချိန်တွင် အမေ့ထံမှ အသံထွက်လာ၏။

"ကြိုက်ရင်စားလေ သား"

မရည်ရွယ်ပါဘဲ ချက်ချင်း မျက်နှာက ပြန်တည်တင်းကာ အကြည့်လွှဲလိုက်မိသည်။ သက်ပြင်းချသံနောက် စောင်ပေါ်တင်ထားသည့် ကျွန်တော့်လက်အပေါ် ခပ်ဖွဖွအုပ်ကိုင်လိုက်သည်ကို ခံစားရသည်။ တိုက်ရိုက်မကြည့်ဘဲနှင့် မြင်နေရသည်က လက်သန်းကြွယ်ပေါ်က လက်စွပ်။ ထိုလက်စွပ်ဝတ်သည့် နေ့မှစကာ ကျွန်တော့်ဘဝထဲ ချုပ်ချယ်မှုတွေ များလာသည်။ မုန်းသည်။

"ဘယ်သွားချင်လဲ။ ဒီနေ့အားတာမို့ သွားချင်တဲ့နေရာ အမေလိုက်ပို့ပေးမယ်လေ"

စိတ်ကောက်နေသည့်ကလေး လိုချင်တာရသွားသည့်အလား ချက်ချင်းလက်ငင်း အကြည့်ပြန်ရောက်လာတော့ အမေစိတ်မောစွာ ပြုံးသည်။ အုပ်မိုးကိုင်ထားသော အမေ့လက်ကို မျှော်လင့်ချက်အပြည့်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်မိသည်။

"hyung ဆီ။ hyung ဆီသွားချင်တယ်"

အရူးလို ပျော်ရွှင်စွာပြောမိပေမယ့် အဖြေပြန်မလာဘဲ တိတ်ဆိတ်သွားသည်က ဘာကြောင့်မှန်းသိနေသည့်တိုင် ကလေးဆန်ဆန် ခေါင်းမာမိသည်။

"နော်.. သားကို hyung ဆီ လိုက်ပို့ပေးပါ"

ပြုံးလိုက်သည်ကို တွေ့လိုက်ရပေမယ့် နာကျင်နေသော မျက်ဝန်းအစုံကြောင့် မဆီမဆိုင် ကျွန်တော်ပါ စိတ်မောသွားသည်။

"မရဘူး ချန်းယော်လီ.. အမေတို့ကအခု ကိုရီးယားမှာမဟုတ်ဘူးလေ"

မျှော်လင့်ချက်အပြည့်ဖြင့် ဆုပ်ကိုင်ထားသည့်လက်က ဖြည်းဖြည်းချင်းလျော့ရဲ ကျသွားသည့်တိုင် အားအတင်းပြန်လည် ဆုပ်ကိုင်မိသည်။

"ခဏ ! ခဏလေးဘဲလေ ! မျက်နှာလေး မြင်ချင်ရုံပါဘဲ အမေရဲ့.., တစ်စက္ကန့်လောက်လေးဆိုရင်တင် ကျေနပ်တာမို့..."

ကျွန်တော့်စကားမဆုံးသေး။

"အဲ့လောက်တောင်ချစ်လား"

"....."

ရုတ်တရက် ဘေးပတ်ဝန်းကျင်ရှိ လေတိုးသံကအစ တိတ်ဆိတ်သွားသည်အထိ ထိုမေးခွန်က ခေါင်းထဲနေရာယူသွား၏။ အခန်းထဲရှိ ရေနွေးငွေ့စက်သံကိုလည်း မကြားတော့။ ပြတင်းပေါက် ခေါင်းရင်းနားရှိ ငှက်တကျီကျီအသံကိုလည်း မကြားတော့။ ဉီးနှောက်သွေးကြောများထဲအထိ အသံကျယ်လောင်စွာ ခုန်လှုပ်နေသော ရင်ဘတ်တစ်စုံကတော့ ထိုမေးခွန်းအတွက် အဖြေမလိုတော့ကြောင်း သွယ်ဝိုက်အသိပေးနေသယောင်။

နှဖူးပေါ်ရှိ ရှည်လျားစွာ ဝဲကျနေသော ဆံပင်တို့ကို ခပ်ဖွဖွသပ်တင်ကာ ထပ်မေးလာ၏။

"အဲ့လောက်တောင်ချစ်ရလား...ဟမ်"

မည်သည့်ရည်ရွယ်ချက်တို့နှင့် မေးမှန်းမသိသော်ငြား နှမြောတသဖြစ်နေသော လေသံအသွားအလာ။ တုံ့ဆိုင်းခြင်းအလျဉ်းမရှိ။ မဆိုင်းမတွပင် ချက်ချင်းခေါင်းညိတ်ပြမိသည်။ တစ်ကြိမ်တည်းမဟုတ်။ ထပ်ခါတလဲလဲညိတ်ပြမိသည်။ နှုတ်ကဘာမှ ပြန်မဖြေမိပေမယ့် စီးကျလာသော မျက်ရည်စီးကြောင်းတို့ကြောင့် အမေက ခပ်ဖွဖွသုတ်ဖယ်ပေး၏။

"အရမ်း... အရမ်းချစ်တာမို့ အရမ်းတွေ့ချင်တယ်.. ခဏလေးဘဲ... အပြင်ထွက်ခွင့်ပေးပါလား...."

မျက်ရည်များကြားမှ အသံထိန်းကာ ဆိုမိသော စကား​ကို အမေက ကရုဏာဒေါသနှင့် တုန့်ပြန်၏။

"ဟိုတစ်ခေါက်ကလည်း အဲ့လိုခိုးထွက်တာ ကားတိုက်မလိုဖြစ်ပြီးပြီလေ ချန်းယာလ် ! နည်းနည်းပါးပါး အသိစိတ်ဝင်စမ်းပါဉီး !!"

"hyung စိတ်ဆိုးနေလိမ့်မယ်"

ချက်ချင်း တုန့်ပြန်ဆိုမိသော စကားသည် လောလောဆယ် ခေါင်းထဲ hyung ကလွဲ ဘာမျှမရှိ ဗလာဟူသော အဓိပ္ပာယ်ကို သွယ်ဝိုက်ပြနေသယောင်။ သိသိသာသာ ထွက်သွားသော ရှိုက်သံတစ်စွန်းတစ်စကြောင့် ဆုပ်ကိုင်ထားသော အမေ့လက်ပိုမိုတင်းကျပ်လာ၏။ တော်တော်ကြာသည်အထိ အမေ့ထံမှ အသံထွက်မလာ။ ဆိတ်ဆိတ်ငြိမ်သက်နေသော အခန်းတွင်း ရှိုက်သံတစ်စွန်းတစ်စသာ ကြီးစိုးနေ၏။

"hyung ကို တွေ့ချင်ရင် မင်းဒီအခြေအနေကနေ အရင်ထွက်နိုင်အောင်ကြိုးစား"

တည်ငြိမ်စွာ ထွက်လာသော အသံကြောင့် မော့ကြည့်မိလိုက်တော့ အမေက ကျွန်တော့်ကိုကြည့်မနေ။

"ဒီလိုပုံစံနဲ့ မင်းက hyung ရှေ့သွားချင်နေတယ်ပေါ့"

တစ်ခါမှ မသုံးနှုန်းဖူးခဲ့သော အသုံးအနှုန်းများက အမေ့နှုတ်ဖျားက ကျလာ၏။ သို့ပေမယ့် ကျွန်တော့်ထံတွင်တော့ အကြည့်ရှိမနေခဲ့။

"မင်းစိတ်ကိုမင်း ရင့်ကျက်အောင် အရင်ကြိုးစားလိုက်ဉီး။ အဲ့အခါကျမှ အချစ်က ဘဝကြီးမဟုတ်ဘူးဆိုတာ မင်းသိလာလိမ့်မယ်"

တုန့်ပြန်ချိန်မရလိုက်။ စကားဆုံးသည်နှင့် အကြမ်းပတမ်း ဆွဲဖြုတ်ချသွားသော လက်အစုံနှင့်အတူ အခန်းထဲမှ ကျောပေးထွက်သွား၏။

အချစ်က ဘဝကြီးမဟုတ်ဘူး....

အချစ်က ဘဝကြီးမဟုတ်ဘူး တဲ့...

ဒါပေမယ့်...
ဒါပေမယ့် hyung ကတော့ ကျွန်တော့်ဘဝလေ

__________

_

_

_

ခပ်မြန်မြန်ပြေးလိုက်နေပေမယ့် အမြဲနောက်ကောက်ကျန်ခဲ့ရသည့် ခံစားချက်။ အားမလိုအားမရ လက်လှမ်းမိလိုက်ပေမယ့် ကျောခိုင်းသွားသော ကျောပြင်ငယ်ကြောင့် မျှော်လင့်ချက်ကြိုးသဲ့သဲ့က ဖြတ်ချခံလိုက်ရသလို။ အပြေးလာခဲ့ရသည့် မောပန်းမှုက နှစ်ဆပိုပင်ပန်းသွားသယောင်။

အလန့်တကြား မျက်လုံးဖွင့်လိုက်မိတော့မှ လက်အစုံက အပြင်မှာပါရွေ့လျားနေမိသည်ကို သတိထားမိလိုက်သည်။ လျင်လျင်မြန်မြန် တုန်လှုပ်နေသော ရင်ဘတ်အစုံ​မတည်ငြိမ်သေးခင်တွင်ပင် သက်ပြင်းချလိုက်မိသည်။ မျက်လုံးပြန်မှိတ်မိတော့ ပါးပြင်တစ်လျှောက် စီးကျသွားသည့် မျက်ရည်စီးကြောင်းက အထပ်ထပ်။ ကျောအောက်ပိုင်း တစ်လျှောက်လုံး စိုရွှဲနေသည်မို့ ဆက်အိပ်လည်း အိပ်ပျော်မည်မဟုတ်တော့။ နောက်တစ်ကြိမ် သက်ပြင်း ခပ်နက်နက်ချမိပြန်သည်။ အိမ်မက်ဖြစ်နေ၍ တော်ပါသေးသည်။

အမေပြောတာမှန်သည်။ အချစ်ကဘဝကြီးမဟုတ်။ သို့ပေမယ့် hyung က ဘဝမို့ ကိုယ့်ကိုယ်ကို နလန်ပြန်ထူနိုင်အောင် အရင်ကြိုးစားရသည်။ လိုချင်တောင်းတမှုတစ်ခုအပေါ် မရနိုင်မှန်းသိသိရက် အော်ဟစ်ဖော်ပြမနေတော့။ ကိုယ်တိုင်ယူမည်။

မင်းစားဖိုမှူးလုပ်တော့ chanyeol

ယခုထိကြားယောင်နေဆဲ အသံသာသာလေးကို နှလုံးသားထဲတွင် အမြဲသိမ်းထားသည်။ စားဖိုမှူးတဲ့လား။ ပါးချိုင့်တစ်ဖက် နစ်ဝင်သည်အထိ ပြုံးလိုက်မိသည်။ hyung သာကြိုက်မယ်ဆို လွယ်ပါသည်။

ခန္ဓာကိုယ်တစ်ဝက်လောက်ထိ ဆွဲခြုံထားသော စောင်ကိုဘေးကို အသာဖယ်ချကာ ကုတင်ဘေးရှိ ဖိနပ်အပါးကိုစီးလိုက်သည်။ တစ်ကိုယ်လုံးက ချွေးတွေနစ်နေသည်မို့ အင်္ကျီကိုဆွဲချွတ်ကာ ခြင်းတစ်ခုထဲ လုံးထွေးပစ်ထည့်ရင်း ပေါ့ပေါ့ပါးပါးတစ်ထည် ထုတ်ယူဝတ်လိုက်သည်။ တစ်ယောက်တည်းခွဲနေသော တိုက်ခန်းငယ်မို့ အိပ်စရာတစ်နေရာနှင့် စားစရာတစ်နေရာရှိလျှင် လုံလောက်ပြီ။ ယောက်ျားလေးပေမယ့် ဖြစ်ကတက်ဆန်းမနေတတ်သည့် အကျင့်ကြောင့် ပတ်ပတ်လည်က ပြောင်ရှင်းနေသည်။ ကုတင်ဘေးနားရှိ ရေခဲသေတ္တာအပုလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဘီယာတစ်ဗူးထုတ်ယူလိုက်သည်။ ထိုနေရာတွင်ဘဲ ချက်ချင်းဖောက်ကာ တစ်ငုံမော့သောက်လိုက်တော့မှ ရင်ဘတ်ထဲက တင်းကျပ်မှုက ပူလောင်သောအရည်တို့နှင့်အတူ အနည်းငယ်လျော့ဆင်းကျသွား၏။

လေပူတစ်ချက်မှုတ်ထုတ်ကာ ကုတင်ဘေးရှိ ဖုန်းကိုဆွဲယူရင်း ဝရံတာဘက်ထွက်လာလိုက်သည်။ တံခါးပေါက်နားရှိ လိုက်ကာအဖြူပါးက တစိမ့်စိမ့်တိုက်နေသော လေအေးနှင့်အတူ လေထဲလွင့်မြောနေသည်။ လက်ထဲက သံဗူးလေးအား ဝရံတာလက်ရန်းပေါ်တင်ကာ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ၅ နာရီ ဟူသည့်ဂဏန်းက ပြန်အိပ်လို့မရတော့သော အချိန်ဖြစ်နေ၏။ သို့ပေမယ့် ဖုန်းမျက်နှာပြင်ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူကတော့ အပူအပင်မရှိ ငြိမ်းချမ်းလွန်းလှသည်။ ဘေးတစောင်း မှောက်အိပ်နေသည်မို့ စူထွက်နေသော နှုတ်ခမ်းပါးက တစ်ဖက်ခြမ်းဖောင်းအိနေသော ပါးမို့နှင့် ပနံသင့်နေသည်။ ခပ်ဖျော့ဖျော့ပြုံးကာ ပါးပြင်တစ်လျှောက်ကို ထိတွေ့မိသည်။ hyung ဆေးရုံတွင် အိပ်ပျော်နေသည့်အချိန်တွင် ခိုးရိုက်ခဲ့၍သာ တော်တော့သည်။ အနည်းဆုံးတော့ အခုလိုအချိန်မှာ ကျွန်တော့်အတွက် အနည်းငယ်အလွမ်း သက်သာတာပေါ့။ နှုတ်ဆက်ဖို့ လာခဲ့ပေမယ့် အိပ်ပျော်နေသည့် hyung ကို မထိရက်မကိုင်ရက် ဖြစ်နေသည်မို့ နောက်ဆုံးပုံလေးတစ်ပုံသာ ရိုက်ယူမိခဲ့သည့်အဖြစ်။ တစ်ခါတစ်ရံ ကိုယ့်ဘာသာ ရယ်စရာကောင်းသည်ထင်ရသော်ငြား မထိရက်မကိုင်ရက်အထိ မြတ်နိုးမိသည်က ဒီလူသားတစ်ယောက်သာ ရှိသည်မို့။ သို့ပေမယ့် ထိုလူသားကတော့ ကျွန်တော့်မြတ်နိုးမှုတွေကို မြင်ပုံမပေါ်။

မွေးရပ်မြေမဟုတ်သည့် ဒေသ၏ ညလေကအေးသည်။ နေ့အလင်းရောင်အပြည့်အဝ မရသေးသည့်တိုင် မြို့လယ်ခေါင်က မီးရောင်စုံတို့နှင့် တောက်ပထိန်လင်းနေသည်။ မျက်စိတစ်ဆုံး ဝေ့ကြည့်လိုက်ရုံနှင့် လိုချင်တာမှန်သမျှအကုန်ရနိုင်သော နိုင်ငံကြီးထဲ ကျွန်တော်မနေချင်။ ကျွန်တော်နေချင်တာ hyung အနား။ နေ့တစ်ဝက်နီးပါးကွာခြားနေသည့် ဒီအချိန်။ hyung ဘာလုပ်နေလိမ့်မလဲ။ အလုပ်တွေရှုပ်နေမလား။ ထုံးစံအတိုင်း စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းနှစ်ထားမလား။ ကျွန်တော့်အကြောင်းတွေရော သတိရပါ့ဉီးမလား။

လက်လှမ်းမမှီသေးသည့် အဝေးကိုလှမ်းမျှော်ကြည့်ရင်း သက်ပြင်းခက်နက်နက်ချမိသည်။

"လွမ်းရတာပင်ပန်းလိုက်တာ"

ခပ်တိုးတိုးရေရွတ်မိသည့်အသံဩဩက လေလှိုင်းကတစ်ဆင့် ထိုလူသားရှိရာဆီ ရောက်သွားလျှင် သိပ်ကောင်းမည်။ ဘေးနားချထားသော သံဗူးအားနောက်တစ်ကြိမ် မော့ချလိုက်သည်။ ရုတ်တရက် တုန်မြည်လာသော လက်ထဲကဖုန်းကြောင့် အကြည့်တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဒီအချိန်ကြီးဆက်တာ ဆယ်ဟွန်းမှလွဲ တစ်ခြားသူမရှိ။

"ဒီနှစ်ကျောင်းပြီးရင် အိမ်ပြန်လာခဲ့ တဲ့"

လေသံကအစ တစ်ပုံစံတည်းတုပပြောသော ဆယ်ဟွန်းက ဒီအချိန်အိပ်နေမည့်သူအပေါ် အားနာမှုမရှိသည့်ဟန်။ သိပ်တော့လည်းမထူးဆန်း။ ကျွန်တော်ပုံမှန်လန့်နိုးနေကျ အချိန်ကို သူသိနေသည်မို့။ အိမ်ပြန်လာရမည်တဲ့လား။ ကျောင်းပြီးတာနှင့် ကိုရီးယားပြန်ဖို့ အစီအစဉ်ချထားပြီးသားပင်။ အထက်က စီစဉ်ပေးသမျှ တစ်ခုမကျန် ခေါင်းငြိမ့်နေရအောင် ကျွန်တော်ကလေးမဟုတ်တော့။

"ဘာလုပ်ဖို့တဲ့လဲ"

မည်သူ့အမိန့်လဲ သိသည်နှင့် လေသံကနည်းနည်းရင့်သွားသည်။ အဖေနှင့် ကျွန်တော့်ကြားတစ်ဆင့်ခံ ဇီးကွက်နှယ် တာဝန်ထမ်းဆောင်လာရသည်မှာ ငါးနှစ်နီးပါးရှိပြီမို့ ဆယ်ဟွန်းစိတ်မကွက်တော့။

"မသိဘူး ကိုရီးယားပြန်.. မယ်.. ဆိုလား..."

တစ်ခွန်းချင်းစီအသံ ဆွဲပြောလာသော ဆယ်ဟွန်းကို စိတ်မရှည်မဖြစ်မိ။ တုန်လှုပ်လာသော ရင်ဘတ်ကြောင့် လက်ထဲရှိ သံဗူးငယ်ကိုဖြစ်ညှစ်လိုက်မိသည်။ တရားဝင်ခွင့်ပြုသည်လို့တော့ မဆိုသာပေမယ့် ထိုအတွက် ပထမခြေလှမ်းလို့တော့ မှတ်လို့ရလောက်သည်မို့။

"ကျောင်းပြီးတာနဲ့လား"

"um-hum"

"သိပြီ"

ပြောပြီးသည်နှင့် နား,နားကပ်ထားသည့် ဖုန်းကိုလွတ်မကျမိစေရန် ထိန်းထားလိုက်ရသည်။ တစ်ဆက်တည်းဆိုသလို ပြုံးလိုက်မိပေမယ့် စိုးရိမ်မှုကလည်း ရင်နှင့်မဆံ့အောင် ဝင်လာ၏။ မျက်နှာပေါ်တွင် အရိပ်မထင်ဟပ်သည့်တိုင် အလွမ်းတွေပြေပျောက်ရတော့မည်မို့ ရင်ထဲ အပျော်ရိပ်တို့နှင့်သာ ပြည့်နှက်နေ၏။ သေချာသည်တော့ ဒီနှစ်ကိုမြန်မြန်ကုန်စေချင်ပြီ။

________

_

_

_

Hyung ကို ပြန်တွေ့ရချိန်တွင် ဘာဆိုဘာမှ မတုန့်ပြန်နိုင်တော့သည်အထိ ​တုန်လှုပ်နေခဲ့ပေမယ့် hyung က သတိထားမိဟန် မတူ။ ခေါင်းကိုအသည်းအသန် ငုံ့ထားပုံရ ကျွန်တော့်မျက်နှာကို မမြင်ချင်တာများလား။ ဟုတ်သား။ hyung စိတ်ဆိုးနေမှာပေါ့။ စကားတွေအများကြီး ပြောပြီး ပွေ့ဖက်ပစ်လိုက်ချင်ပေမယ့် မကြိုက်မှာစိုးရိမ်သော အတွေးနောက် တိတ်တဆိတ်သာ အလိုက်သိပေးခဲ့ရပေမယ့် မှန်ထဲက ပုံရိပ်ငယ်လေးကိုတော့ အကြည့်မလွှဲခဲ့မိ။

တွေ့လို့ရမည့်တစ်ခုတည်းသော နည်းလေးနှင့် ဝန်ထမ်းသစ်ကြိုဆိုပွဲ ခေါင်းစဉ်တပ်ကာ နည်းလမ်းမမှန် အင်အားသုံးလိုက်ရပေမယ့် ရီဝေနေသည့် hyung ပုံရိပ်လေးကို တစိမ့်စိမ့် ကြည့်နေရသည်မှာလည်း ဆုတစ်ပါးအလား။ hyung က အသက်ကြီးလာတာရော ဟုတ်ရဲ့လား။ မတွေ့ရသည့် နှစ်တွေအတွင်း ပြောင်းလဲသွားသည်ဆိုလို့ ပိုချစ်ဖို့ကောင်းလာသည်ဘဲ ရှိသည်။ ကားပေါ်တွင် စကားအပြောအဆို အဆင်ပြေသွားသည့်တိုင်အောင် hyung က ပိုက်ဆံတွေအလကား အကုန်ကျခံသည်ကို ဆူချင်နေသေးသည်မှာ သိသာသည်။ hyung တစ်ယောက်တည်းအတွက် သုံးခြင်းကို ရိုးလွန်းတဲ့ hyung ကတော့ သိမည်မထင်ပေ။ ဘာပဲဖြစ်ဖြစ် တစ်ဘဝလုံးပေးဖို့အထိ ရည်ရွယ်ပြီးသားမို့ ထိုပမာဏက စကားထဲထည့်ပြောစရာ မလိုပါပေ့။ အိမ်အပြန်တိုင်းမှာ တူတူပြန်ချင်သည်ကို ကလေးမုန့်တောင်းသလို ခွင့်တောင်းမိတော့ အားနာ၍ဘဲလားမသိ၊ ခွင့်ပြုရှာသည်။ ခပ်ဖွဖွ ဆုပ်ကိုင်ထားမိသော လက်ကောက်ဝတ် တစ်နေရာကြောင့် အနီရောင်ခြယ်လုနီး ဖြစ်နေသည့်မျက်နှာနုနုကိုတော့ မသိချင်ယောင်ဆောင်ပေးလိုက်၏။ ထိတွေ့မိလိုက်သည့် တစ်နေရာလေးချင်းစီက နူးညံ့မှုကို အတိုင်းသားခံစားလိုက်ရသည်မှာ ရင်ထဲလိပ်ပြာထောင်သောင်းမက အကြမ်းပတမ်း ဝဲပျံသွားကြသယောင်။ စိတ်ထိန်းရတာလည်း မလွယ်လိုက်တာ hyung ရယ်..။

မိုးလင်းတာနှင့် တွေ့ချင်သည့်စိတ်အစုံကို အရင်ကလို သည်းခံရန်မလိုအပ်တော့။ မနက်အစော ​အပင်ပန်းခံ ကားမှတ်တိုင်ရှေ့ hyung လာမည့်အချိန်လေးကို ရပ်စောင့်နေမိတော့ အိမ်က မော်ဒယ်မြင့်ကားအဖြူလေးက မျက်စောင်းထိုးချင်လောက်ပါ၏။ ကားပေါ်မှာ လူကျပ်နေသည်က ကိစ္စမရှိ။ ကားခေါင်မိုးနှင့် အရပ်မလွတ်လည်း ပြဿနာမရှိ။ hyung ကို အနောက်က တဏှာအကြည့်အပြည့်နှင့် မျက်စပစ်နေသော လူနှင့် ကျွန်တော်သာ ပြဿနာရှိသည်။ မဖြစ်တော့ဘူး။ အသိပေးခြင်းအလျဉ်းမရှိ။ ဒေါသအလျောက်တိုင်း ရင်ဘတ်ထဲဆွဲထည့်မိလိုက်တော့ ရုန်းကန်ခြင်းအလျဉ်းမရှိ ပစ်ဝင်လာ၏။ hyung က ငါ့အပိုင်။ သတိပေးအကြည့်တို့နှင့် ရိုင်းစိုင်းမိတော့မှ ကိုယ်ရှိန်သတ်သွား၏။ မိမိရင်ခွင်ထဲ ငုံ့ကြည့်မိတော့မှ hyung စိတ်ကွက်မည်ကို အစိုးရိမ်လွန်ကာ လေသံပျော့လေးနှင့် အချိုသာဆုံးချော့မိသည်။ မျက်ခုံးတွေတွန့်ချိုးသွားသည့် hyung က ဒေါသထွက်နေသည့်အလား မျက်နှာတစ်ခုလုံး ရဲရဲတွတ်နေပေမယ့် ငြင်းဆန်ခြင်းတော့မရှိ။

ကြာမြင့်သွားသော အချိန်ကာလတွေအပေါ် ​ကျွန်တော်ကဘဲ ​အရမ်းပြောင်းလဲလာသည်လား hyung ကဘဲ ထပ်မထွားတော့တာလား မသိပေမယ့် ရင်ခွင်ထဲထည့်သိမ်းထားလို့ရသည့် အရွယ်အစားလေးကြောင့် ဝမ်းသာပီတိဂွမ်းဆီထိရပြန်သည်။ hyung က လူတွေနှင့် အသားချင်းထိကပ်ရမှာ မုန်းသလောက် ကျွန်တော့်ရင်ခွင်ထဲတွင်တော့ ငြိမ်ကုပ်နေ၏။ အင်္ကျီအထပ်ထပ် ခြားထားသည့်တိုင် ကျွန်တော့်ခန္တာကိုယ်ကို တိုက်ရိုက်မထိတွေ့ရဲဘဲ ကော်လာစကိုသာ ခပ်တင်းတင်းဆုပ်ခြေထားတဲ့ hyung ပုံရိပ်က ကျွန်တော့်ကို ရင်ဘတ်ထဲရှိ ရောဂါပိုတက်စေသည်။ ဒီပုံစံတွေကြောင့်ဘဲ ! စိတ်ရှိတိုင်း အားပါပါ ဆွဲပွေ့ပစ်လိုက်ချင်ပေမယ့် မကြိုက်မှာစိုးသည်မို့ ထိုအနေအထားလေးအတိုင်းသာ မထိရက်မကိုင်ရက် လမ်းခရီးတစ်လျှောက် အပင်ပန်းခံ ထိန်းသိမ်းထားခဲ့ရ၏။ မဖြစ်တော့ဘူး။ hyung ကို အမြန်ပိုင်ချင်ပြီ..။

hyung တွင် သွေးအားနည်းရောဂါရှိသည်။ ကိုယ်ခံအားနည်းသည့်အပြင် အစားနည်းသော hyung က ကြည့်လိုက်တိုင်း နွမ်းလျလျနိုင်လှသည်။ ဒီလိုပုံစံနှင့် အအေးခန်းထဲ ပိတ်မိနေတာ ဘယ်လောက်ဆိုးရွားလိုက်မလဲ။ အေးစက်နေသည့် ကြမ်းခင်းပေါ် လဲကျနေသည့်သူကို မြင်မြင်ချင်း ဘာမျှမစဉ်းစားနိုင်တော့သည်အထိ ကားဖြင့်သွားလို့ရသည့် ဆေးရုံသို့ ခြေလျင်အပြေးချီလာခဲ့မိသည်။ ဘာမျှမဖြစ်ကြောင်း စိတ်အေးရတော့မှ အဖြစ်အပျက်တို့ကို ဆက်စပ်စဉ်းစားကာ ဒေါသထွက်ရပြန်၏။ hyung တွင် အန္တရာယ်တွေလည်း များသည်ပင်။ ရိုးလွန်းသည့် hyung ကတော့ ဒါတွေသိမည်မဟုတ်။ သတိလည်းထားမိမည်မဟုတ်။ ဂရုလည်းစိုက်လိမ့်မည်မဟုတ်။ ဆိုတော့လည်း ကျွန်ကတော်ကဘဲ လူဆိုးလုပ်ရတာပေါ့။ hyung ရှေ့တော့မလုပ်ချင်ပါ။ hyung ရှေ့မှာ လိမ္မာတဲ့ကလေးပုံရိပ်ကိုဘဲ ပြချင်သည်မို့။ ဆေးရုံကုတင်ပေါ် နွမ်းလျနေသည့် hyung ကို အိပ်ပျော်နေပါလျက်နှင့် မထိရက်မကိုင်ရက်ဖြစ်နေမိသည်။ နောက်ဆုံး မနေနိုင်တော့မှ လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်မိသည်။ ဖွဖွလေးသာ။ ကြောက်တာမဟုတ်။ တန်ဖိုးထားလွန်းတာဖြစ်သည်။ ထို hyung ပေါက်စကို မည်သူမှမတွေ့နိုင်သည့် ဒီရင်ဘတ်ထဲဘဲ ဝှက်သိမ်းထားချင်မိတော့သည်အထိ တန်ဖိုးထားသည်။

_

တစ်စုံတစ်ယောက်နှင့် ပတ်သက်လာတိုင်း ကိုယ့်ကိုယ်ကိုထိန်းချုပ်နေသည့် စိတ်သည် မူးနေသည့်အချိန် အကုန်ပေါက်ထွက်တတ်သလား။ ကျွန်တော်သေချာမသိ။ အသိစိတ်အလုံးစုံ ပျောက်နေသည်တော့ မဟုတ်သော်ငြား ရီဝေနေသော အခြေအနေနှင့် စိတ်ရိုင်းတို့ပေါင်းကာ hyung အပေါ် အတင်းအကျပ် စိတ်လိုလက်ရ ပြုမူမိသည်။ ပြန်တွေ့ရကတည်းက ထိတွေ့ချင်သည့်စိတ်အစုံကလည်း ပေါက်ကွဲထွက်ကာ တစ်ကိုယ်လုံးအနှံ့ ပွတ်သပ်နမ်းရှုံ့မိသည်အထိ။ စိတ်ရိုင်းတို့ကို လွှတ်ချပေးပြီးမှ hyung များ ဒေါသထွက်သွားမလား စိုးရိမ်ခဲ့ရသေးပေမယ့် ထိုကိစ္စကို hyung က အပြစ်လည်းမဆိုသလို မည်သည့်လက်ခံ​ကြောင်းမှလည်း မပြ။ ဘာပဲဖြစ်ဖြစ် အနမ်းဉီးကို ရယူလိုက်ရသည့်အတွက် အတင်းအရက်တိုက်လွှတ်သည့် ဆယ်ဟွန်းကိုဘဲ ကျေးဇူးတင်မဆုံး။

hyung ကဘဲထူးဆန်းတာလား။ ကျွန်တော်ကဘဲ အတွေးလွန်နေတာလား။ သေချာမသိပေမယ့် ရှေ့ရေးက ပျော်စရာတွေသာ ရှိသည်ဟု ထင်မိသည်။ အခွင့်အရေးမပေးသလို ထင်ရပေမယ့် ကျွန်တော်အထွန့်တက်သမျှကိုတော့ မျက်နှာရဲရဲနှင့် လိုက်လျောရှာသည်မို့ အလိုက်မသိချင်ယောင်ဆောင်ပြီး ဆိုးသွမ်းရတာကို ပျော်သည်။ hyung ခါးသေးသေးကို ဖက်ရတာကြိုက်သည်။ hyung ခေါင်းပုတ်ပေးတာကို ကြိုက်သည်။ ရူးချင်ဟန်ဆောင်ကာ ပါးကိုနမ်းရသည်လည်း သဘောကျသည်။ ခါးခါးသီးသီးဖြစ်မယ်ထင်ခဲ့ပေမယ့် အသာတကြည်လက်ခံပုံအရ hyung က ဒါလည်း အလိုလိုက်နေတာဘဲလား ? တစ်ခါတစ်ရံ hyung ရဲ့ ခံစားချက်တွေကို ကျွန်တော်လိုက်ပင်မမှီ။ ချစ်လားမေးလျှင် ပြုံးတုံ့တုံ့နှင့် ရှောင်သွားတတ်သလောက် ကျွန်တော့်အပြုအမူတွေကျ အသာတကြည် လိုက်လျောသည်။ အလိုလိုက်သည်ဟု ခေါင်းစဉ်တက်ရအောင်လည်း ကျွန်တော်က ကလေးမဟုတ်တော့။ ကလေးမဟုတ်ကြောင်း လက်စွမ်းပြမိပြန်တော့လည်း ခေါင်းအုံးနှင့် အပေါက်ခံလိုက်ရပြန်သည်။ hyung က မလွယ်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ထိုအခြေအနေအထိ အလိုလိုက်နေသည် ဆိုကတည်းက hyung ကျွန်တော့်ကိုချစ်နေတာ သေချာပြီ။ hyung နှုတ်ဖျားက ကိုယ်တိုင်ဖွင့်ပြောမည့် အချိန်တစ်ခုအထိ စောင့်ရုံသာကျန်၏။ စောင့်မျှော်ခြင်းအလုပ်က ကျွန်တော်နှင့် မစိမ်းသည်မို့ နှစ်တွေမည်မျှကြာသည်ဖြစ်စေ hyung ဘေးနားရှိနေသရွေ့ အဆင်ပြေသည်။

စကားမစပ် hyung ပါးမို့လေးက နမ်းလို့ကောင်းသည်။

တကယ်တော့ ကျွန်တော့် hyung က ကြောက်နေတာ။ အပျံသင်ကာစ ပြုတ်ကျကာ အထိနာဖူးသော ငှက်ငယ်လိုမျိုး နောက်တစ်ကြိမ်ပြုတ်ကျမှာကို စိုးရိမ်နေတာ။ သို့ပေမယ့် နောက်တစ်ကြိမ်ဆိုတာ မရှိလာအောင် ကျွန်တော်ကဘေးနားတွင် တစ်သက်လုံး စောင့်ရှောက်ပေးသွားတော့မည်ပင်။ hyung ဘဝတစ်ခုလုံးကို တာဝန်ယူနိုင်သည်အထိ ကြိုးစားပြီးမှ ပြန်လာခဲ့တာမို့။

_

hyung က လူရှုပ်တဲ့နေရာတွေမုန်းသည်။ hyung က အာရုံစိုက်ခံရတာတွေကို မုန်းသည်။ hyung က တိတ်တိတ်ဆိတ်ဆိတ် အေးဆေးနေရသည်ကို သဘောကျသည်။ ကျွန်တော်နှင့် ဆက်ဆံရေးကို လူရှေ့ထုတ်မပြချင်သည့် hyung အတွက် အလိုက်တသိ နေပေးခဲ့ပေမယ့် မျက်စိရှေ့တက်လာသော ပုံတစ်ပုံနှင့် ထောင်သောင်းဂဏန်းသော အရေအတွက်။ သွားပြီ။ ဘာမျှမစဉ်းစားနိုင်။ ဖုန်းအရင် ပြေးဆက်ကြည့်မိသည်။

တစ်ကြိမ်။ နှစ်ကြိမ်။ သုံးကြိမ်။

ရင်ဘတ်ထဲက ပျောက်လုဆဲစိတ်ဒဏ်ရာက ပြန်အက်ကွဲ၏။ hyung ဒေါသထွက်သွားတာများလား။ hyung ဒေါသထွက်ရင် ကျွန်တော့်ကို အတွေ့ခံပါ့ဉီးမလား။ hyung ခါးခါးသီးသီးမုန်းသွားမှာ ​ကြောက်သည်။ မနေနိုင်မထိုင်နိုင် အိမ်အထိလိုက်သွားခဲ့ပေမယ့် အမှောင်ချထားသော အိမ်အတွင်း တစ်ချက်လေးတောင် တုပ်တုပ်မလှုပ်ခဲ့ပါပေ။

ရက်တွေမရေတွက်မိ။ ပတ်ဝန်းကျင်က ဘာတွေဘယ်လိုဖြစ်နေပြီလည်း ကျွန်တော်မသိ။ စိတ်လည်းမဝင်စား။ hyung ကို တွေ့ချင်သည်။ hyung အသံလေးကြားချင်သည်။ hyung ကို ဖက်ထားချင်သည်။ သို့ပေမယ့် ဒီအခြေအနေမှာ ကျွန်တော်သွားမတွေ့နိုင်။ hyung ဆီက ခါးခါးသီးသီး ထွက်လာမည့်စကားသံတို့ကို ခံနိုင်ရည်မရှိ။ ကြောက်သည်။ hyung မုန်းသွားမှာကြောက်သည်။ hyung ထားသွားမှာကို ကြောက်သည်။ သာမန်ကိစ္စသေးသေးလေးတစ်ခုကို ဝေဖန်မပိုင်းခြားနိုင်တော့သည်အထိ hyung တစ်ယောက်ကသာ စိတ်ထဲကြီးစိုးထား၏။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် အမျိုးသမီးလက်ချက်မှန်း သိသည်နှင့် သောင်းကျန်းဒေါသထွက်မိတော့ နာမည်တပ်ခံရသည်က အရူးတဲ့။ ထိုစကား မှန်ကောင်းမှန်နိုင်သည်။ hyung ဆိုသည့် နာမ်စားလေးကပင် ရူးသွပ်စေသည်အထိ ကျွန်တော့်ဘဝကို ပြုစားနိုင်သည်။ သူပြောသလိုပင် အရူးပီပီ စိတ်ရှိတိုင်းသောင်းကျန်းမိပြီးနောက် ထိခိုက်မိသည့် သွေးစတစ်ချို့နှင့်အတူ ကျွန်တော့်ကမ္ဘာကြီးအမှောင်ကျ၏။

သတိလစ်နေခြင်းက တစ်ပတ်ကြာသည်တဲ့။ အသိစိတ်ဝင်လာသည့်အချိန် ပထမဆုံးသတိရသည်က ထိုတစ်ယောက်တည်းသူသာ။ ဘာတွေဘယ်လိုဖြစ်သွားသည်ကို သတိပြုမိသည်နှင့် အမြန်ပြေးသွားဖို့ ပြင်ဆင်မိပေမယ့် အခန်းရှေ့ရောက်နေသော hyung ကကွက်တိ။ ရုတ်ချည်း ပြန်လှည့်ထွက်သွားသော hyung က ဘာကြောင့်မှန်း အရင်စဉ်းစားမိပါဘဲ အပြေးတောင်းပန်မိသည်။ ထွက်သွားမည်ကို စိုးရိမ်တကြီး ဖက်တွယ်တောင်းပန်မိပေမယ့် hyung က ဒေါသထွက်နေပုံပင်။ ဘယ်လောက်ရိုက်ရိုက်နှက်နှက် သည်းခံနိုင်ပေမယ့် ထွက်သွားမည်ကိုတော့ ကြောက်သည်မို့ အထပ်ထပ်အခါခါ တောင်းပန်စကားဆိုမိသည်။ သို့ပေမယ့် hyung ထံမှ စကားတစ်ခွန်း။

ယုံကြည်ခဲ့ရတာတဲ့

နားထဲတိုက်ရိုက်ဝင်ချလာသော hyung အော်သံက ကျွန်တော့် လှုပ်ရှားမှုအစုံကို ရပ်တန့်စေသည်။ hyung ဘာကို ဆိုလိုချင်တာလဲ သတိထားမိမှ။ ဉီးနှောက်ကိုအလုပ်ပေး ဆက်စပ်စဉ်းစားမိတော့မှ ဟား ! ကျွန်တော့် hyung က သဝန်တိုနေတာဘဲ။ တုံးလိုက်တာ။ ရဲတောက်နေသော မျက်နှာနုနုက မျက်ရည်တို့နှင့်လည်း စိုရွှဲနေသေးသည်။ ကျွန်တော့်မှာတော့ စိတ်ဆိုးပြီးထွက်သွားမည်ကို ​အလန့်တကြား တောင်းပန်နေမိပေမယ့် hyung လိုချင်တာ ထိုစကားလုံးတွေ ဟုတ်ပုံမရ။ ဖြေရှင်းချက်။ ဟုတ်တာပေါ့။ hyung လိုချင်တာ ဖြေရှင်းချက်။ သို့ပေမယ့် ထိုအခြေအနေမှာ ကျွန်တော် ဝမ်းသာလုံးစို့ကာ မရယ်မိအောင်ပင် မနည်းထိန်းထားရသည်အထိ ကျေနပ်မိသည်။ နည်းနည်းလေး အသံထွက်မိပါက အရှက်ကြီးတဲ့ hyung ပို စိတ်ဆိုးသွားမြှဖင့်။ သို့ပေမယ့် ဒေါသအကုန် လွှတ်ချထားသော hyung က ကျွန်တော့်ရင်ဘတ်တွေ အောင့်သည်အထိ ရိုက်နှက်၍မဝသေး။ စိတ်ရှိတိုင်း ဆွဲပွေ့မိလျှင်လည်း နစ်ဝင်လာနိုင်ပေမယ့် ပိုစိတ်ဆိုးသွားမည်စိုး၍ တင်းတင်းကျပ်ကျပ်လည်း မပြုရဲ။ ဒီလူတစ်ယောက်ကြောင့် တကယ်ကိုရူးနိုင်သည်။

အနီးကပ်ကြည့်မိမှ တရှုံ့ရှုံ့နမ်းနေကျ ပါးမို့လေးတွေ ပျောက်နေကြောင်း သတိထားမိသည်။ ခန္တာကိုယ်ကလည်း ပေါ့ရွှတ်နေသည်ပင်။ သာမန်အမျိုးသားတစ်ယောက် ခန္တာကိုယ်က ဤမျှလောက်ပေါ့ပါးမနေသင့်။ အပျက်ပျက်အယွင်းယွင်း ဖြစ်နေသော မျက်နှာအမူအရာက ခေါင်းမူးနေမှန်းသိသာသည်မို့ အလျင်အမြန်ပင် သက်သောင့်သက်သာ ရှိစေမည့် အိပ်ရာပေါ်​တင်ပေးမိသည်။ တစ်ယောက်တည်းရှိသည့်အချိန်ဆို ထိုမခေါ်ဘဲ ရောက်ရောက်လာသည့် မယ်မဒီကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်နိုင်ပေမယ့် hyung ရှေ့တွင်မို့ လေစိမ်းနှင့်သာ နှင်လွှတ်လိုက်သည်။ hyung ရှေ့မှာ လိမ္မာပြချင်သည်မို့။ အမြဲတမ်းအတွက် hyung နိုင်သည်။ ကျွန်တော့်အသက်ကို နှုတ်ချင်သပဆိုရင်တောင် ရက်ရက်ရောရော ပေးနိုင်သည်အထိ hyung ကျွန်တော်ကို့ နိုင်သည်။

ချစ်တယ် ချန်းယောလ် တဲ့

မည်သည့်နာမ်စား နူးနူးညံ့ညံ့အသုံးအနှုန်း ပြုစားချက်မှမပါဘဲ ဒီလူကိုရူးသွပ်စေနိုင်သည်အထိ အသံတိုးတိုးက နှလုံးသားအစုံကို ရိုက်ခတ်၏။ လွယ်လွယ်ကူကူ သဘောထားခဲ့သူမဟုတ်၍ မယုံကြည်နိုင်ခြင်းများစွာဖြင့် နောက်တစ်ကြိမ် ထပ်တောင်းဆိုမိတော့ အလိုလိုက်ရှာသည်။ ချစ်တယ်တဲ့။ အသံတိုးတိုးမှ တိုးတိုးလေး။ ပြောပြီးသည်နှင့် hyung က အရှက်ကြီးစွာ မျက်နှာတော်ဖူးမျှော်ခွင့်ကို ပိတ်ပင်သေးသည်။ ကျွန်တော့်အသက်ထက် တန်ဖိုးထားရသည့်သူက ကျွန်တော့်ကိုလည်းချစ်သည်တဲ့။ ဝမ်းသာမှု အစိုင်အခဲတို့ကို ထိန်းမနိုင်စွာ ဖွင့်ချမိကာ လက်ထပ်ခွင့်တောင်းမိသည်။ ဖြစ်နိုင်လျှင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပျောက်ဆုံးနေသည့် ထို hyung ပေါက်စကို ချက်ချင်းရင်ဘတ်ထဲ ကောက်သိမ်းထားလိုက်ချင်မိသည်။

_

မိဘများထံ တရားဝင် လပ်ထပ်ခွင့်တောင်းဖို့သည်ကား ထင်သလောက်မလွယ်ကူ။ ဒါမှမဟုတ် ကျွန်တော်တစ်ယောက်တည်းကဘဲ ခက်ခဲနေသလားတော့မသိ။ hyung ကိုလည်း အမြန်ပိုင်ဆိုင်ချင်သည်။ hyung မိဘတွေကိုလည်း တရားဝင်ခွင့်ပြုသည်အထိ ကြိုးစားပြချင်သည်။ hyung အပေါ်ထားသည့် ခံစားချက်တို့ကို ပေါပေါပဲပဲ ဈေးလျှော့မတွက်စေချင်တာလည်း ပါသည်။ ပါးဆေးရုံကဆင်းသည်နှင့် တရားဝင်ခွင့်တောင်းမိတော့ hyung စိတ်များကွက်သွားမလား စိုးရိမ်လိုက်ရပေမယ့် ကိုယ်တိုင် အစီအစဉ်တွေပါ ဝင်ချလာသော hyung ​​ကြောင့် စိတ်အေးသက်ပြင်းချမိတော့သည်။ hyung မျက်နှာတစ်ကမ္ဘာဖြစ်နေသော ကျွန်တော့်အတွက်တော့ hyung ကသာ အဓိကဖြစ်သည်မို့။

_

နဂိုတည်းက စိုပြေနေသည့်အသားအရည်က အနက်ရောင်ကုတ်ကြောင့် ပို၍ပင်ကြည်လင်နေသည်။ မြင်နေကျ ဆံပင်ဖွာလေးများနှင့် မဟုတ်ဘဲ သပ်သပ်ရပ်ရပ် လှန်တင်ထားသော hyung က လူကြီးလူကောင်းဆန်လွန်းသည်။ မျက်ဝန်းပေါ် မသိမသာ တင်ပေးထားသော အနက်ရောင်လိုင်းတို့ကြောင့် hyung အကြည့်တို့က ပို၍ပင်စူးရှနေသလိုပင်။ မကြိုက်လိုက်တာ။ ဒီလိုပုံစံကို ကျွန်တော်တစ်ယောက်ဘဲ မြင်ခွင့်ရှိရမှာ။ ခပ်မြန်မြန်ပြီးသည်နှင့် ပွဲကနေ ချီ,မ သွားချင်သည်အထိ hyung က ကျက်သရေရှိလွန်းနေသည်။ လက်တစ်ဖက်က ပါးခက်မောင်းကို ကိုင်ထားရပေမယ့် ခပ်တောင့်တောင့်ချထားသော ကျန်တစ်ဖက်ကြောင့် hyung လမ်းလျှောက်နေပုံက ချစ်ဖို့ကောင်းနေသည်။ ကျွန်တော့်မျက်နှာကို တည့်တည့်မကြည့်ရဲပုံကအစ ချစ်ဖို့ကောင်းသည်။ စိတ်ရှိတိုင်းသာဆိုလျှင် ပွေ့ဖက်နမ်းရှုံ့မိမည်ပင်။ သို့ပေမယ့် နှစ်ဖက်မိဘရှေ့မှောက်။ အသိမိတ်ဆွေတစ်ချို့ရှေ့မှောက်။ ကျွန်တော်စိတ်ရှိတိုင်း ပြုမိသည့် သေးသေးမွှားမွှားကိစ္စလေးက hyung ရှက်သွားစေလိမ့်မည်ကို မလိုလား။ ရှက်ရင်တောင် နီရဲနေသည့်မျက်နှာလေးကို ကျွန်တော့်ရှေ့ဘဲ ထားချင်သည်မို့။ မြတ်နိုးခြင်းသင်္ကေတ နဖူးထံသာ အနမ်းကိုဉီးတည်မိသည်။ ရင်ခုန်သံတို့ ထိန်းမရသည့်ကြားမှ နဖူးပြေပြလေးကိုသာ ခပ်ဖွဖွ ထိကပ်မိသည်။ ပန်းတစ်ပွင့်ပေါ် လိပ်ပြာလေးတစ်ကောင် နားခိုသည့်အလား။ ခပ်ဖွဖွလေးသာ။ hyung တစ်ယောက်တည်းအတွက် ဖြစ်တည်တဲ့ မြတ်နိုးခြင်းအင်္သချေကို ဒီလူသား ခံစားမိပါစေ။

_CHANYEOL

____•°•°•°•°•

တကယ်တော့ hyung ကို စရေးတော့မယ်ဆိုကတည်းက နောက်ဆုံးမှာ chanyeol's pov လေး ထည့်ပေးမယ်လို့ စဉ်းစားထားခဲ့တာ။ (ဒါပေမယ့် ကိုယ်က ခံစားချက်ပိုင်းတွေ ရေးတာညံ့လို့) အဲ့တော့ နဂိုအဆင်ပြေပြီးသား chanyeol ခံစားချက်တွေ ပေါ့သွားမှာစိုးလို့ မရေးရဲဘဲ ​ပတ်ရှောင်နေတော့တာဘဲ")
ဒါပေမယ့် နောက်ပိုင်းကို တောင်းဆိုတဲ့သူတွေလည်း များနေတာနဲ့ဆိုတော့ မနည်းအားတင်းပြီး ရေးဖို့ဆုံးဖြတ်လိုက်တယ်ရှင့်။ အဆင်ပြေပါ့မလားတော့ မပြောတတ်ဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားထားတယ်။ ​လူတစ်ယောက်တည်းရဲ့ အတွေးတွေကို ပုံဖော်ရေးထားတာမို့လို့ ပုံမှန်လို အရေးအသားစည်းမရှိတာတော့ ခွင့်လွှတ်။

စကားမစပ် fantasy ကြိုက်လား ? 🙄

💛✨

Continue Reading

You'll Also Like

19K 2.9K 74
ရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်
611K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
48.3K 2.8K 44
ချုပ်နှောင်ခြင်းကနေ လွတ်မြှောက်ဖို့ဆို လွတ်လပ်ခြင်းကို ရွေးမလား ... အချစ်ကို ရွေးမလား... ဒါမှ မဟုတ် လွတ်လပ်ခြင်းရှိတဲ့ အချစ် ကိုလား ??? ချုပ်နှောင်ခြ...
1.1M 38.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...