The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.7

7.3K 872 9
By khunsin

ရန်ကျင့် ဟုန်လေ့အိမ်ရှေ့ အစောကြီး ရောက်နေပြီး ထိုင်ခုံနောက်ကျောကို လျှောကာ နဖူးပေါ်လက်တင်၍ စဉ်းစားခန်းဝင်နေသည်

ရင်းနှီးမြှပ်နှံသူတွေ ဖိအားပေးလွန်းလို့ မွန်းကြပ်နေတဲ့ အလုပ်ပတ်ဝန်းကျင်က ခဏရုန်းထွက်ပြီး မတက်တာကြာပြီဖြစ်တဲ့ ကျောင်းဘက်ခြေဦးတည့်လိုက်တဲ့ နေ့မှ လှေကားမှာ ထိုကောင်လေးနဲ့ မတော်တဆတိုက်မိခဲ့သည် .. ကိုယ်သင်းနံ့မွှေးမွှေးလေးနဲ့ အိစက်နေသော အထိအတွေ့က သူ့ကို ခဏမူးယစ်သွားစေသည် ..

သူ့ကိုယ်သူ မသိလိုက်ခင်မှာပဲ ကောင်လေးနောက် တကောက်ကောက် လိုက်မိနေပြီး .. ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေတဲ့ ကောင်လေးပုံစံက အရမ်း ဆွဲဆောင်မှု ရှိလွန်းလို့ တခြားသူတွေ မြင်မှာတောင် တွန့်တိုမိသည် .. ကောင်လေး Devilish Homepage ကို ဖွင့်ပြီး သတင်းတွေ ဖတ်နေတဲ့အချိန်မှာ သူ့ရင်ဘတ်က ထိန်းမရတော့ ဒါနီးစပ်ဖို့ လမ်းစပဲ .. ဒီလိုအခွင့်အရေးမျိုး လွတ်သွားလို့ ဘယ်ရမလဲ .. ကောင်လေးလေ့လာနေတာရပ်ပြီး ခေါင်းတချက်ဆတ်ပြီး ဆုံဖြတ်ချက် ချလိုက်ပုံကို တွေ့ရမှ သူထွက်လာပြီး စကားပြောကြည့်သည် ..

ပြောရင်းနဲ့ တဖြည်းဖြည်း ကောင်လေးက သူထင်ထားတာထက် ပိုထက်မြက်တဲ့အပြင် ပိုလည်းစိတ်ဝင်စားစရာကောင်းသည် .. အထူးသဖြင့် ဘယ်သူမှ အထင်မကြီးတဲ့ သူလုပ်ကိုင်နေတဲ့ ဒီအလုပ်မှာ ယုံကြည်နားလည်ပေးနိုင်တာ ဘာနဲ့မှ အစားထိုးမရ .. သူ့မိဘတွေကတောင် ခေတ်ရှေ့ပြေးနေတဲ့ သူ့အယူအဆတွေကို နားလည်မပေးနိုင်ပဲ အခက်အခဲတွေကြားထဲ တွန်းပို့လိုက်တဲ့အချိန်မှာ သူနဲ့ထပ်တူ သူ့အလုပ်ပေါ်မှာ ယုံကြည်နားလည်ပေးနိုင်တဲ့ ဒီကောင်လေးက သူ့အတွက် အလင်းရောင် ဖြစ်လာခဲ့သည် ..

ကောင်လေးက ပန်ချီပညာကို တတန်းကျော်ပြီး တက်ဖို့ ကြိုးစားနေတာ သူဘာလို့ မကူညီပေးနိုင်ရမှာလဲ .  ပန်းချီဆိုတာ သူငယ်ငယ်ကတည်းက သူ့မေမေနဲ့ တူတူဆွဲလာပြီး မေမေဆုံးတော့မှသာ သူရပ်ခဲ့တာ .. ဆွဲတိုင်း နူးညံ့တဲ့ သူ့ရဲ့ အမေ့ကို သတိရလို့ ..

မိထွေးအိမ်ပေါ်ရောက်လာတဲ့အခါမှာ အဖေ့ဆန္ဒဖြစ်တဲ့အပြင် သူ့မိထွေးကလည်း စိတ်ထားကောင်းတာမို့ မကြည်ဖြူပေမယ့် သဘောတူပေးလိုက်ပြီး အဲ့ဒီအချိန်ကစလို့ အခန်းထဲအောင်းကာ ကွန်ပျူတာနဲ့သာ အဖော်ပြုခဲ့သည် . . သူတကယ် နည်းပညာဇုံကို ခြေချတော့မယ်လို့ ပြောတဲ့အခါ အဖေက ကန့်ကွက်သည် .. Honkai ကိုသာ ဦးစီးစေချင်သည် ..

တဖြည်းဖြည်းသားအဖကြား အမြင်မတူတာတွေနဲ့ အေးစက်လာကာ မကြာခဏ စကားများသည် . အဖေကလည်း အဖေ့ရဲ့ စေတနာတွေ မမြင်ရကောင်းလားဆိုပြီး ဒေါသထွက်လို့ လက်ပါရာက သူကလည်း စိတ်လိုက်မာန်ပါ အိမ်ပေါ်က ဆင်းခဲ့တာ ဖြစ်သည် .. စဖြစ်တဲ့ကိစ္စက သေးသေးလေးပေမယ့် မာနတွေ မလျှော့ကြပဲ ပိုဆိုးကုန်တာ ဖြစ်သည် ..

အဖေရာ .. နည်းနည်းလေးဖြစ်ဖြစ် ကျနော့ကို ယုံကြည်ပေးရင် ကောင်းမှာ .. အမေ့ကို သိပ်ချစ်တဲ့ ကျနော်တောင် အဖေမြတ်နိုးလို့ ယူတဲ့ မိန်းမကို လက်ခံထားပေးတာ .. ကျနော်နှစ်သက်တဲ့အလုပ်ပေါ်မှာ ဘာလို့ နည်းနည်းလေးတောင် နားလည်ပေးဖို့ မကြိုးစားတာလဲ . .
.....   

'Host ထတော့ ရန်ကျင့် ရောက်နေပြီ'
'အွန်း ဘယ်နှနာရီထိုးပြီလဲ'
'ခြောက်နာရီ'
'အစောကြီးပဲ ရှိသေးတယ် .. ဒီကောင် ဘာလာလုပ်တာလဲ
မသိဘူးကွာ .. ခဏအိပ်ဦးမယ်'

'Host side mission ရှိပါတယ်'
'အာ.... ' အိပ်ရာပေါ်ထထိုင်လိုက်ပြီးမှ မျက်မှောင်ကြုတ်ပြီး ခေါင်းကုတ်ကာ စိတ်မပါတဲ့ အမူအယာနဲ့

'ပြော'
'Devilish ကို ထိပ်ဆုံးရောက်အောင် ကူညီပေးရပါမယ် - Point 100 ပါ'

'Point ဆိုမှ ခုမှ သတိရတယ် .. Main mission တွေက point ဘယ်လောက်ရမှာလဲ'
'50စီပါ လေးခုပေါင်း 200 ပါ'

'ဘာာာာာ .. side mission တောင် 100ရတာကို main mission က 50ပဲ  ဟုတ်လား .. တခုခုတော့ မှားနေသလိုပဲနော် '

'Side mission အမှတ် အရမ်းများသွားလို့လား Host .. လျှော့လိုက်မယ်လေ' ရှင်း ပါစပ်ကို လက်နဲ့အုပ်ပြီး ညစ်ကျယ်ကျယ် ရယ်လေသည်

'ရှင်း ... မင်း...'
'အဲ့တာ ရှင်း လုပ်တာ မဟုတ်ပါဘူး .. အစထဲက သတ်မှတ်ထားပြီးသားပါ ' ခပ်တည်တည်နဲ့ ပြောရင်း စိတ်ထဲက .. မင်းအတွက် upgrade လုပ်ဖို့လိုသလို ငါလည်း upgrade လုပ်ရမယ်လေ ကောင်လေးရဲ့ .. ကိုယ့်ကိုယ်ကိုယ်တောင် အဆုံးရှုံးခံပြီး မင်းကိုကယ်ထားရတာ ဒီအမှတ်လောက်တော့ မတွန့်တိုပါနဲ့ ... ပြုံးပြီး mission ပြီးရင် point 200 အိတ်ထဲ ကောက်ထည့်ဖို့ စဉ်းစားထားလိုက်သည်'

အဲ့တာကြောင့် ဟုန်လေ့တခုခုမေ့နေသလို ခံစားနေရတာ .. ဒါကြီးက တမင် အညစ်ခံလိုက်ရသလိုပဲ .. ရှုံ့မဲ့နေသောမျက်နှာနဲ့ ရေချိုးဖို့ ပြင်ရတော့သည် ..

ထုံးစံအတိုင်း ပေါင်မုန့်နှစ်ချပ် ယိုသုတ်ပြီး နွားနို့တဗူး လက်ကကိုင်ရင်း ထွက်ခဲ့တော့သည် ..

"ရန်ကျင့် ရောက်တာ ကြာပြီလား .. ဘာလို့ အစောကြီးလာတာလဲ"
"မကြာသေးဘူး အစောကြီးနိုးနေပြီး ပြန်အိပ်မရလို့"
"အင့်' ..လက်ထဲက ပေါင်မုန့်တချက်ပေးကာ .. "မင်းအတွက်ယူလာဖို့ မေ့သွားတယ် တချပ်ပဲစားထားတော့ လမ်းကျမှ တခုခုဝယ်စားရအောင်"

ရန်ကျင့်ကျေနပ်သွားပြီး နှုတ်ခမ်းလေးတွန့်ရုံ ပြုံးသည် .. ဒီကောင်လေးပုံစံက မနေ့ကလို သတိထားပြီး ဆက်ဆံနေတာမျိုး မဟုတ်တော့ .. ကြည့်ရတာ သူတံတိုင်းကို ချိုးဖျက်နိုင်လိုက်ပြီထင်တယ် ..

"ငါတို့ ဘယ်သွားမှာလဲ"
"ငါအလုပ်လုပ်တဲ့နေရာကို"

ဟုန်လေ့ ပျော်သွားသည် .. Devilishကို ဝင်ဖို့ ခက်ခက်ခဲခဲ လုပ်နေစရာ မလိုတော့ဘူးပေါ့ ..

လမ်းမှာတွေ့တဲ့ ခေါက်မုန်ဆိုင်က မုန့်နှစ်ခု ဝင်ဝယ်ပြီး တယောက်တခု ပါးစပ်ထဲသွတ်ကာ .. ဟုန်လေ့က နွားနို့ဗူး ပိုက်ထိုးပေးပြီး ကမ်းပေးသည် .. ရန်ကျင့် တငုံသောက်ပြီး ပြန်ပေးသည် .. ဟုန်လေ့က ကားပေါ်က သတင်းစားယူဖတ်နေရင်း တငုံသောက်ပြီး ကားမောင်းနေတဲ့ ရန်ကျင့်ကို လှည့်မကြည့်ပဲ ပြန်ထိုးပေးပြန်သည် .. မသိလိုက်ဘာသာပဲ တယောက်တလှည့် သောက်ရင်း ကုန်သွားသည် ..

ဂိုဒေါင်လို ပုံမျိုး အဆောက်အဦးမှာ Devilish လို့ သေးသေးလေး နာမည်ထိုးထားသည် .. တံခါးဖွင့်ပြီးဝင်သွားတောဘ အထဲမှာ လူနှစ်ဆယ်လောက် အလုပ်လုပ်နေတာတွေ့ရသည် .. သူတို့ဝင်လာတာလည်းမြင်ရော .. လေးယောက်က ထလာကာ .. တယောက်က ငိုတော့မဲ့ အသံကြီးနဲ့

"Boss ဘယ်သွားနေတာလဲ .. ဆက်သွယ်လို့လဲမရ မနေ့ က ဘဏ်မန်နေဂျာနဲ့  ရင်းနှီးမြှပ်နှံမယ့်ကိစ္စ ညှိနှိုင်းဖို့ ချိန်းထားတယ်လေ .. Boss ကြောင့် ရူးတော့မှာပဲ .. "

မနက်အစောကြီးပဲ ရှိပါသေးတယ်။ ဒီဘဲတွေက ဘယ်လိုဖြစ်ပြီး အလုပ်တောင်ရောက်နေ့ပြီလဲ။ မဟုတ်မှ လွဲရော မနေ့ကတည်းက မပြန်ရသေးတာလား။

ရန်ကျင့် ချောင်းတချက်ဟန့်ရင်း ဟုန်လေ့အကြည့်ကို မသိချင်ယောင်ဆောင်ကာ ..

"ငါနောက်မှ ပြန်ချိန်းလိုက်မယ်"

"လေ့ .. ဒါ ကိုယ့်ငယ်သူငယ်ချင်းတွေ
ဖန်းရှောင် Operation
ယွင်ကျယ် Software Integrations/ Animation
ဖုန်းဟော် Filming / Directing 
လီဝေ Audio/Marketing and Sales
ကိုယ်က Funding /Art/Design ပိုင်း နဲ့ တခြားသူတို့မကျွမ်းတဲ့အပိုင်းတွေ တာဝန်ယူတယ်

သူတို့အောက်မှာ 5ယောက်လောက်စီ သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် ရှိတယ် လူအင်အားမလောက်တဲ့အတွက် ဖန်းရှောင်ကလွဲလို့ ကျန်သူတွေက နှစ်မျိုးစီ ..

ရှင်းပြဖို့ လုပ်နေတဲ့ ရန်ကျင့်ကို ဟုန်လေ့ လက်ကာပြလိုက်ပြီး သူဘာသာသူ ကြည့်လိုက်မယ်ဆိုတဲ့ ပုံစံနဲ့ တယောက်စီနောက်ကနေ လိုက်လေ့လာနေသည် ..

ဒါတွေက သူလုပ်ခဲ့တာ .. သူနဲ့ မစိမ်းဘူး အရင်ဘဝမှာ သူဒါကို လူငါးယောက်နဲ့ စခဲ့တာ .. ခုက ပိုတောင် အခြေအနေကောင်းသေးတယ် .. ကိစ္စမရှိဘူး .. အဓိက လုံးဝပေါက်သွားအောင် လုပ်ဖို့ ရန်ကျင့်လူတွေမှာ လိုနေတာက Effect/ Visual ပိုင်းပဲ .. ပြီးတော့ သူက တခြားဘယ်ပိုင်းလာလာအကုန်ရပေမယ့် Visual ပိုင်းကတော့ သူ့လောက်ကျွမ်းတဲ့သူ ဒီဘဝမှာတင်မဟုတ်ဖူး အရင်ဘဝမှာပါ မရှိဘူးဆိုတာ ယုံတယ်

ဟုန်လေ့ လက်လေးပိုက်ပြီး လက်တဖက်က မေးပွတ်ပြီး လေ့လာနေသည် .. သူ့ပုံစံက အရမ်းဆွဲဆောင်နိုင်လွန်းလို့ သူကို တချက် မော့ကြည့်ပြီးသူတိုင်း လုပ်နေတဲ့အလုပ် ခဏမေ့ပြီး ငေးမောသွားစေသည် .. ရန်ကျင့်မှာတော့ ဒီမြင်ကွင်းကြောင့် အကြီးအကျယ် အကြပ်ရိုက်နေသည် ။

ဟုန်လေ့ကိုလည်း အနှောင့်အယှက် မဖြစ်စေချင် .. သူကိုယ်တိုင်လည်း ယစ်မူးလွန်းလို့ အကြည့်မလွှဲနိုင်ပေမယ့် အားလုံးက ဝိုင်းငမ်းနေကြတာကိုလည်း မလိုချင် .. အေးစက်တဲ့ လေထုကြောင့် .. သူ့ဝန်ထမ်းတွေက တယောက်ပြီး တယောက် Boss ကို ကြည့်ပြီး ကိုယ့်အလုပ်ကိုယ် ပြန်ထိုင်လုပ်နေကြပေမယ့် .. ရုတ်တရက် အသက်ရှူရတာပင် ခက်ခဲသလို ခံစားနေရသည် .. Boss က ဘာလို့ သတ်တော့ ဖြတ်တော့မယ့်ပုံနဲ့ သူတို့ကို ကြည့်နေရတာလဲ ..

ဟုန်လေ့ ခေါင်းတချက် ညိတ်လိုက်ပြီး ကျေနပ်တဲ့ အမူအရာနဲ့ ရန်ကျင့်ကို ပြုံးပြလိုက်သည် .. ရန်ကျင့် အဲ့ဒီအပြုံးလေးမြင်မှသာ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာပြီး လက်ကိုဆွဲကာ သူ့ရုံခန်းထဲ အမြန်ဆွဲခေါ်တော့သည် ..

"ဆိုတော့ မင်းက Devilish ရဲ့ ပိုင်ရှင်ပေါ့"
"အင်း ဟုတ်တယ် ပြီးတော့ ကိုယ့်မိဘက Honkai က အကြီးဆုံးရှယ်ယာရှင် .. သူတို့က အဲ့ဒီကိုလာဖို့ ကိုယ့်က လိုက်ပိတ်ပင်နေတာ .. ပုံမှန်ဆို ကိုယ့် projectက ရင်းနှီးမြှပ်နှံသူရဖို့ မခက်ခဲဘူး .. ကိုယ့် product ကို ဒီလမှာ Launch လုပ်ဖို့ စီစဉ်ထားတာ အခု အခြေအနေအရ သုံးလေးလလောက် နောက်ဆုတ်ထားရတယ် .. မတတ်နိုင်တော့ရင် ကိုယ့်အဖေနဲ့ စကားပြောကြည့်ရတော့မလားလို့"

"ကိစ္စမရှိဘူး ငါ Funding ပိုင်းကို တာဝန်ယူပေးမယ် ငါ့ကို လူသုံးယောက် ပေး သုံးလ အချိန်ပေး .. ငါ.. ဟိုလူသုံးယောက်ကို လိုချင်တယ်" သူလက်ညှိုးထိုးပြလိုက်သည်

"ပြီးတော့ မင်းအဖေနဲ့လည်း သွားတွေ့ဖို့ ဆုံးဖြတ်ထားပါ ဘာကိစ္စမှန်းမသိပေမယ့် မင်းဘဏ်ကဒ် ခုထိသုံးလို့ရသေးတယ်ဆိုတာ သူဘယ်လောက် လျှော့ထားပြီဆိုတာ မင်းသိတာပဲ .. Funding ကိစ္စ သူ့ဆီက အကူအညီ မလိုဘူး .. ငါမင်းအတွက် Visual ဆွဲပေးမယ် .. Visual ဆွဲပြီးရင် မင်းproduct စထုတ်နိုင်ရမယ် ... လိုအပ်သလို စျေးကွက်ပိုင်းဆိုင်ရာ အကြံဥာဏ်လည်း ငါပေးမယ် .. သေချာပေါက် အဲ့ဒီproductက တနိုင်ငံလုံးအနေနဲ့ ပေါက်ဖို့ အာမခံတယ်" 

ရန်ကျင့် အံဩပြီးရင်း အံဩရသည် .. ဟုတ်တယ် သူဒီဇိုင်းပိုင်း ကျွမ်းပေမယ့် ရုပ်ကြွလာအောင် ပိုပြီး ပီပြင်လာအောင် ပြုပြင်ရမယ့် နေရာတွေ ရှိသေးတယ် ဆိုတာ သိသည် .. ပြီးတော့ ဟုန်လေ့က Fund ရှာပေးမယ်တဲ့ .. အားနာမိသလို ဝမ်းလည်းနည်းမိသည် .. မိမိချစ်သောသူကို ပံ့ပိုးပေးဖို့ မဆိုထားနဲ့ သူကတောင် ပြန်ထောက်ပံ့ပေးနေသေးပါလား .. ဟင့်အင်း .. အဲ့လိုကြီး မဖြစ်ချင်ဘူး .. နေဦး အခု .. ချစ်သောသူလို့ တွေးလိုက်တာလား .. ဟုန်လေ့ကိုလေ .. ယောကျာ်းလေးတယောက်ကိုလေ .. သူက ...

ဟုန်လေ့ မျက်ဝန်းတွေမှာ စိတ်ပျက်အားငယ်ပုံပေါ်နေတဲ့ ရန်ကျင့်ကို တချက် ကြည့်လိုက်သည် .. တချက်ပြုံးပြကာ

"ပြီးတော့ အပြန်အလှန်အနေနဲ့ laptop တလုံး ငါ့ကို ပေးရမယ် .. ဖုန်းတလုံးပေးရမယ် .. ပန်ချီပြန်သင်ပေးရမယ် .. ငါမင်းဆီမှာ အလုပ်လုပ်ပေးတဲ့ ကာလတလျှောက် မင်းငါ့ကို စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ စီစဉ်ပေးရမယ် ကျောင်းပို့ ကျောင်းကြိုနဲ့ .. အင်း .. တခြားက စဉ်းစားလို့ မရတော့ဘူး .. နောက်မှ ထပ်ပြောတော့မယ် .. ဟီးဟီး "

ဟုန်လေ့ မထီမဲ့မြင် အပြုံလေးနဲ့ မျက်လုံးတဖက် မှိတ်ပြလိုက်သည် .. သူ့တုန်းကလည်း ရန်ကျင့်က အားနာစိတ်မဖြစ်အောင် မာနမထိခိုက်အောင် ကစားပြသွားသည်လေ .. သူဘာလို့ ဒီအကွက်ကို ပြန်မသုံးရမှာလဲ .. မနေ့က ရှင်းပြန်ပြောပြလို့ သူဝယ်တဲ့ ပစ္စည်းတွေက ရန်ကျင့် တပိုင်းစိုက်ပေးထားတာဆိုတာ သူသိပြီးပြီ .. ရန်ကျင့်ကုမ္ပဏီက Funding လိုနေတယ်ဆိုပေမယ့် မွဲပြာကျနေတာ မဟုတ်ဖူးလေ .. ဒီလောက်ကတော့ သူ့အတွက် အေးဆေးပဲ

ရန်ကျင့်မျက်နှာ တဖြည်းဖြည်း ပြုံးလာသည် .. Laptop လောက်ကတော့ ခုချက်ချင်း ရုံးခန်းထဲက ယူပေးလိုက်လို့ရသည် .. ဖုန်းက မနေ့ကတည်းက သူတိတ်တိတ်လေး ဝယ်လာပြီးပြီ .. ပန်းချီ ဒါပေါ့ ကိုယ်ဖိရင်ဖိကို သင်ပေးဦးမှာ .. စားဖို့သောက်ဖို့ .. ဟား .. နေဖို့ထိုင်ဖို့ .. မျက်လုံးအရောင်တွေ တဖြတ်ဖြတ်တောက်လာသည် .. ကျောင်းပို့ ကျောင်းကြို .. ကျေနပ်ပြီလေ ... သူနဲ့အမြဲအတူရှိနေတော့မယ်ဆိုတဲ့ သဘောပဲ မဟုတ်လား

🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရန္က်င့္ ဟုန္ေလ့အိမ္ေရွ႕ အေစာႀကီး ေရာက္ေနၿပီး ထိုင္ခုံေနာက္ေက်ာကို ေလွ်ာကာ နဖူးေပၚလက္တင္၍ စဥ္းစားခန္းဝင္ေနသည္

ရင္းႏွီးျမႇပ္ႏွံသူေတြ ဖိအားေပးလြန္းလို႔ မြန္းၾကပ္ေနတဲ့ အလုပ္ပတ္ဝန္းက်င္က ခဏ႐ုန္းထြက္ၿပီး မတက္တာၾကာၿပီျဖစ္တဲ့ ေက်ာင္းဘက္ေျခဦးတည့္လိုက္တဲ့ ေန႔မွ ေလွကားမွာ ထိုေကာင္ေလးနဲ႔ မေတာ္တဆတိုက္မိခဲ့သည္ .. ကိုယ္သင္းနံ႔ေမႊးေမႊးေလးနဲ႔ အိစက္ေနေသာ အထိအေတြ႕က သူ႔ကို ခဏမူးယစ္သြားေစသည္ ..

သူ႔ကိုယ္သူ မသိလိုက္ခင္မွာပဲ ေကာင္ေလးေနာက္ တေကာက္ေကာက္ လိုက္မိေနၿပီး .. ကြန္ပ်ဴတာေရွ႕မွာ အလုပ္လုပ္ေနတဲ့ ေကာင္ေလးပုံစံက အရမ္း ဆြဲေဆာင္မႈ ရွိလြန္းလို႔ တျခားသူေတြ ျမင္မွာေတာင္ တြန္႔တိုမိသည္ .. ေကာင္ေလး Devilish Homepage ကို ဖြင့္ၿပီး သတင္းေတြ ဖတ္ေနတဲ့အခ်ိန္မွာ သူ႔ရင္ဘတ္က ထိန္းမရေတာ့ ဒါနီးစပ္ဖို႔ လမ္းစပဲ .. ဒီလိုအခြင့္အေရးမ်ိဳး လြတ္သြားလို႔ ဘယ္ရမလဲ .. ေကာင္ေလးေလ့လာေနတာရပ္ၿပီး ေခါင္းတခ်က္ဆတ္ၿပီး ဆုံျဖတ္ခ်က္ ခ်လိုက္ပုံကို ေတြ႕ရမွ သူထြက္လာၿပီး စကားေျပာၾကည့္သည္ ..

ေျပာရင္းနဲ႔ တျဖည္းျဖည္း ေကာင္ေလးက သူထင္ထားတာထက္ ပိုထက္ျမက္တဲ့အျပင္ ပိုလည္းစိတ္ဝင္စားစရာေကာင္းသည္ .. အထူးသျဖင့္ ဘယ္သူမွ အထင္မႀကီးတဲ့ သူလုပ္ကိုင္ေနတဲ့ ဒီအလုပ္မွာ ယုံၾကည္နားလည္ေပးႏိုင္တာ ဘာနဲ႔မွ အစားထိုးမရ .. သူ႔မိဘေတြကေတာင္ ေခတ္ေရွ႕ေျပးေနတဲ့ သူ႔အယူအဆေတြကို နားလည္မေပးႏိုင္ပဲ အခက္အခဲေတြၾကားထဲ တြန္းပို႔လိုက္တဲ့အခ်ိန္မွာ သူနဲ႔ထပ္တူ သူ႔အလုပ္ေပၚမွာ ယုံၾကည္နားလည္ေပးႏိုင္တဲ့ ဒီေကာင္ေလးက သူ႔အတြက္ အလင္းေရာင္ ျဖစ္လာခဲ့သည္ ..

ေကာင္ေလးက ပန္ခ်ီပညာကို တတန္းေက်ာ္ၿပီး တက္ဖို႔ ႀကိဳးစားေနတာ သူဘာလို႔ မကူညီေပးႏိုင္ရမွာလဲ .  ပန္းခ်ီဆိုတာ သူငယ္ငယ္ကတည္းက သူ႔ေမေမနဲ႔ တူတူဆြဲလာၿပီး ေမေမဆုံးေတာ့မွသာ သူရပ္ခဲ့တာ .. ဆြဲတိုင္း ႏူးညံ့တဲ့ သူ႔ရဲ႕ အေမ့ကို သတိရလို႔ ..

မိေထြးအိမ္ေပၚေရာက္လာတဲ့အခါမွာ အေဖ့ဆႏၵျဖစ္တဲ့အျပင္ သူ႔မိေထြးကလည္း စိတ္ထားေကာင္းတာမို႔ မၾကည္ျဖဴေပမယ့္ သေဘာတူေပးလိုက္ၿပီး အဲ့ဒီအခ်ိန္ကစလို႔ အခန္းထဲေအာင္းကာ ကြန္ပ်ဴတာနဲ႔သာ အေဖာ္ျပဳခဲ့သည္ . . သူတကယ္ နည္းပညာဇုံကို ေျခခ်ေတာ့မယ္လို႔ ေျပာတဲ့အခါ အေဖက ကန္႔ကြက္သည္ .. Honkai ကိုသာ ဦးစီးေစခ်င္သည္ ..

တျဖည္းျဖည္းသားအဖၾကား အျမင္မတူတာေတြနဲ႔ ေအးစက္လာကာ မၾကာခဏ စကားမ်ားသည္ . အေဖကလည္း အေဖ့ရဲ႕ ေစတနာေတြ မျမင္ရေကာင္းလားဆိုၿပီး ေဒါသထြက္လို႔ လက္ပါရာက သူကလည္း စိတ္လိုက္မာန္ပါ အိမ္ေပၚက ဆင္းခဲ့တာ ျဖစ္သည္ .. စျဖစ္တဲ့ကိစၥက ေသးေသးေလးေပမယ့္ မာနေတြ မေလွ်ာ့ၾကပဲ ပိုဆိုးကုန္တာ ျဖစ္သည္ ..

အေဖရာ .. နည္းနည္းေလးျဖစ္ျဖစ္ က်ေနာ့ကို ယုံၾကည္ေပးရင္ ေကာင္းမွာ .. အေမ့ကို သိပ္ခ်စ္တဲ့ က်ေနာ္ေတာင္ အေဖျမတ္ႏိုးလို႔ ယူတဲ့ မိန္းမကို လက္ခံထားေပးတာ .. က်ေနာ္ႏွစ္သက္တဲ့အလုပ္ေပၚမွာ ဘာလို႔ နည္းနည္းေလးေတာင္ နားလည္ေပးဖို႔ မႀကိဳးစားတာလဲ . .
.....   

'Host ထေတာ့ ရန္က်င့္ ေရာက္ေနၿပီ'
'အြန္း ဘယ္ႏွနာရီထိုးၿပီလဲ'
'ေျခာက္နာရီ'
'အေစာႀကီးပဲ ရွိေသးတယ္ .. ဒီေကာင္ ဘာလာလုပ္တာလဲ
မသိဘူးကြာ .. ခဏအိပ္ဦးမယ္'

'Host side mission ရွိပါတယ္'
'အာ.... ' အိပ္ရာေပၚထထိုင္လိုက္ၿပီးမွ မ်က္ေမွာင္ၾကဳတ္ၿပီး ေခါင္းကုတ္ကာ စိတ္မပါတဲ့ အမူအယာနဲ႔

'ေျပာ'
'Devilish ကို ထိပ္ဆုံးေရာက္ေအာင္ ကူညီေပးရပါမယ္ - Point 100 ပါ'

'Point ဆိုမွ ခုမွ သတိရတယ္ .. Main mission ေတြက point ဘယ္ေလာက္ရမွာလဲ'
'50စီပါ ေလးခုေပါင္း 200 ပါ'

'ဘာာာာာ .. side mission ေတာင္ 100ရတာကို main mission က 50ပဲ  ဟုတ္လား .. တခုခုေတာ့ မွားေနသလိုပဲေနာ္ '

'Side mission အမွတ္ အရမ္းမ်ားသြားလို႔လား Host .. ေလွ်ာ့လိုက္မယ္ေလ' ရွင္း ပါစပ္ကို လက္နဲ႔အုပ္ၿပီး ညစ္က်ယ္က်ယ္ ရယ္ေလသည္

'ရွင္း ... မင္း...'
'အဲ့တာ ရွင္း လုပ္တာ မဟုတ္ပါဘူး .. အစထဲက သတ္မွတ္ထားၿပီးသားပါ ' ခပ္တည္တည္နဲ႔ ေျပာရင္း စိတ္ထဲက .. မင္းအတြက္ upgrade လုပ္ဖို႔လိုသလို ငါလည္း upgrade လုပ္ရမယ္ေလ ေကာင္ေလးရဲ႕ .. ကိုယ့္ကိုယ္ကိုယ္ေတာင္ အဆုံးရႈံးခံၿပီး မင္းကိုကယ္ထားရတာ ဒီအမွတ္ေလာက္ေတာ့ မတြန္႔တိုပါနဲ႔ ... ၿပဳံးၿပီး mission ၿပီးရင္ point 200 အိတ္ထဲ ေကာက္ထည့္ဖို႔ စဥ္းစားထားလိုက္သည္'

အဲ့တာေၾကာင့္ ဟုန္ေလ့တခုခုေမ့ေနသလို ခံစားေနရတာ .. ဒါႀကီးက တမင္ အညစ္ခံလိုက္ရသလိုပဲ .. ရႈံ႕မဲ့ေနေသာမ်က္ႏွာနဲ႔ ေရခ်ိဳးဖို႔ ျပင္ရေတာ့သည္ ..

ထုံးစံအတိုင္း ေပါင္မုန္႔ႏွစ္ခ်ပ္ ယိုသုတ္ၿပီး ႏြားႏို႔တဗူး လက္ကကိုင္ရင္း ထြက္ခဲ့ေတာ့သည္ ..

"ရန္က်င့္ ေရာက္တာ ၾကာၿပီလား .. ဘာလို႔ အေစာႀကီးလာတာလဲ"
"မၾကာေသးဘူး အေစာႀကီးႏိုးေနၿပီး ျပန္အိပ္မရလို႔"
"အင့္' ..လက္ထဲက ေပါင္မုန္႔တခ်က္ေပးကာ .. "မင္းအတြက္ယူလာဖို႔ ေမ့သြားတယ္ တခ်ပ္ပဲစားထားေတာ့ လမ္းက်မွ တခုခုဝယ္စားရေအာင္"

ရန္က်င့္ေက်နပ္သြားၿပီး ႏႈတ္ခမ္းေလးတြန္႔႐ုံ ၿပဳံးသည္ .. ဒီေကာင္ေလးပုံစံက မေန႔ကလို သတိထားၿပီး ဆက္ဆံေနတာမ်ိဳး မဟုတ္ေတာ့ .. ၾကည့္ရတာ သူတံတိုင္းကို ခ်ိဳးဖ်က္ႏိုင္လိုက္ၿပီထင္တယ္ ..

"ငါတို႔ ဘယ္သြားမွာလဲ"
"ငါအလုပ္လုပ္တဲ့ေနရာကို"

ဟုန္ေလ့ ေပ်ာ္သြားသည္ .. Devilishကို ဝင္ဖို႔ ခက္ခက္ခဲခဲ လုပ္ေနစရာ မလိုေတာ့ဘူးေပါ့ ..

လမ္းမွာေတြ႕တဲ့ ေခါက္မုန္ဆိုင္က မုန္႔ႏွစ္ခု ဝင္ဝယ္ၿပီး တေယာက္တခု ပါးစပ္ထဲသြတ္ကာ .. ဟုန္ေလ့က ႏြားႏို႔ဗူး ပိုက္ထိုးေပးၿပီး ကမ္းေပးသည္ .. ရန္က်င့္ တငုံေသာက္ၿပီး ျပန္ေပးသည္ .. ဟုန္ေလ့က ကားေပၚက သတင္းစားယူဖတ္ေနရင္း တငုံေသာက္ၿပီး ကားေမာင္းေနတဲ့ ရန္က်င့္ကို လွည့္မၾကည့္ပဲ ျပန္ထိုးေပးျပန္သည္ .. မသိလိုက္ဘာသာပဲ တေယာက္တလွည့္ ေသာက္ရင္း ကုန္သြားသည္ ..

ဂိုေဒါင္လို ပုံမ်ိဳး အေဆာက္အဦးမွာ Devilish လို႔ ေသးေသးေလး နာမည္ထိုးထားသည္ .. တံခါးဖြင့္ၿပီးဝင္သြားေတာဘ အထဲမွာ လူႏွစ္ဆယ္ေလာက္ အလုပ္လုပ္ေနတာေတြ႕ရသည္ .. သူတို႔ဝင္လာတာလည္းျမင္ေရာ .. ေလးေယာက္က ထလာကာ .. တေယာက္က ငိုေတာ့မဲ့ အသံႀကီးနဲ႔

"Boss ဘယ္သြားေနတာလဲ .. ဆက္သြယ္လို႔လဲမရ မေန႔ က ဘဏ္မန္ေနဂ်ာနဲ႔  ရင္းႏွီးျမႇပ္ႏွံမယ့္ကိစၥ ညႇိႏႈိင္းဖို႔ ခ်ိန္းထားတယ္ေလ .. Boss ေၾကာင့္ ႐ူးေတာ့မွာပဲ .. "

မနက္အေစာႀကီးပဲ ရွိပါေသးတယ္။ ဒီဘဲေတြက ဘယ္လိုျဖစ္ၿပီး အလုပ္ေတာင္ေရာက္ေန႔ၿပီလဲ။ မဟုတ္မွ လြဲေရာ မေန႔ကတည္းက မျပန္ရေသးတာလား။

ရန္က်င့္ ေခ်ာင္းတခ်က္ဟန္႔ရင္း ဟုန္ေလ့အၾကည့္ကို မသိခ်င္ေယာင္ေဆာင္ကာ ..

"ငါေနာက္မွ ျပန္ခ်ိန္းလိုက္မယ္"

"ေလ့ .. ဒါ ကိုယ့္ငယ္သူငယ္ခ်င္းေတြ
ဖန္းေရွာင္ Operation
ယြင္က်ယ္ Software Integrations/ Animation
ဖုန္းေဟာ္ Filming / Directing 
လီေဝ Audio/Marketing and Sales
ကိုယ္က Funding /Art/Design ပိုင္း နဲ႔ တျခားသူတို႔မကြၽမ္းတဲ့အပိုင္းေတြ တာဝန္ယူတယ္

သူတို႔ေအာက္မွာ 5ေယာက္ေလာက္စီ သက္ဆိုင္ရာ ကြၽမ္းက်င္မႈအလိုက္ ရွိတယ္ လူအင္အားမေလာက္တဲ့အတြက္ ဖန္းေရွာင္ကလြဲလို႔ က်န္သူေတြက ႏွစ္မ်ိဳးစီ ..

ရွင္းျပဖို႔ လုပ္ေနတဲ့ ရန္က်င့္ကို ဟုန္ေလ့ လက္ကာျပလိုက္ၿပီး သူဘာသာသူ ၾကည့္လိုက္မယ္ဆိုတဲ့ ပုံစံနဲ႔ တေယာက္စီေနာက္ကေန လိုက္ေလ့လာေနသည္ ..

ဒါေတြက သူလုပ္ခဲ့တာ .. သူနဲ႔ မစိမ္းဘူး အရင္ဘဝမွာ သူဒါကို လူငါးေယာက္နဲ႔ စခဲ့တာ .. ခုက ပိုေတာင္ အေျခအေနေကာင္းေသးတယ္ .. ကိစၥမရွိဘူး .. အဓိက လုံးဝေပါက္သြားေအာင္ လုပ္ဖို႔ ရန္က်င့္လူေတြမွာ လိုေနတာက Effect/ Visual ပိုင္းပဲ .. ၿပီးေတာ့ သူက တျခားဘယ္ပိုင္းလာလာအကုန္ရေပမယ့္ Visual ပိုင္းကေတာ့ သူ႔ေလာက္ကြၽမ္းတဲ့သူ ဒီဘဝမွာတင္မဟုတ္ဖူး အရင္ဘဝမွာပါ မရွိဘူးဆိုတာ ယုံတယ္

ဟုန္ေလ့ လက္ေလးပိုက္ၿပီး လက္တဖက္က ေမးပြတ္ၿပီး ေလ့လာေနသည္ .. သူ႔ပုံစံက အရမ္းဆြဲေဆာင္ႏိုင္လြန္းလို႔ သူကို တခ်က္ ေမာ့ၾကည့္ၿပီးသူတိုင္း လုပ္ေနတဲ့အလုပ္ ခဏေမ့ၿပီး ေငးေမာသြားေစသည္ .. ရန္က်င့္မွာေတာ့ ဒီျမင္ကြင္းေၾကာင့္ အႀကီးအက်ယ္ အၾကပ္႐ိုက္ေနသည္ ။

ဟုန္ေလ့ကိုလည္း အေႏွာင့္အယွက္ မျဖစ္ေစခ်င္ .. သူကိုယ္တိုင္လည္း ယစ္မူးလြန္းလို႔ အၾကည့္မလႊဲႏိုင္ေပမယ့္ အားလုံးက ဝိုင္းငမ္းေနၾကတာကိုလည္း မလိုခ်င္ .. ေအးစက္တဲ့ ေလထုေၾကာင့္ .. သူ႔ဝန္ထမ္းေတြက တေယာက္ၿပီး တေယာက္ Boss ကို ၾကည့္ၿပီး ကိုယ့္အလုပ္ကိုယ္ ျပန္ထိုင္လုပ္ေနၾကေပမယ့္ .. ႐ုတ္တရက္ အသက္ရွဴရတာပင္ ခက္ခဲသလို ခံစားေနရသည္ .. Boss က ဘာလို႔ သတ္ေတာ့ ျဖတ္ေတာ့မယ့္ပုံနဲ႔ သူတို႔ကို ၾကည့္ေနရတာလဲ ..

ဟုန္ေလ့ ေခါင္းတခ်က္ ညိတ္လိုက္ၿပီး ေက်နပ္တဲ့ အမူအရာနဲ႔ ရန္က်င့္ကို ၿပဳံးျပလိုက္သည္ .. ရန္က်င့္ အဲ့ဒီအၿပဳံးေလးျမင္မွသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျပန္ျဖစ္လာၿပီး လက္ကိုဆြဲကာ သူ႔႐ုံခန္းထဲ အျမန္ဆြဲေခၚေတာ့သည္ ..

"ဆိုေတာ့ မင္းက Devilish ရဲ႕ ပိုင္ရွင္ေပါ့"
"အင္း ဟုတ္တယ္ ၿပီးေတာ့ ကိုယ့္မိဘက Honkai က အႀကီးဆုံးရွယ္ယာရွင္ .. သူတို႔က အဲ့ဒီကိုလာဖို႔ ကိုယ့္က လိုက္ပိတ္ပင္ေနတာ .. ပုံမွန္ဆို ကိုယ့္ projectက ရင္းႏွီးျမႇပ္ႏွံသူရဖို႔ မခက္ခဲဘူး .. ကိုယ့္ product ကို ဒီလမွာ Launch လုပ္ဖို႔ စီစဥ္ထားတာ အခု အေျခအေနအရ သုံးေလးလေလာက္ ေနာက္ဆုတ္ထားရတယ္ .. မတတ္ႏိုင္ေတာ့ရင္ ကိုယ့္အေဖနဲ႔ စကားေျပာၾကည့္ရေတာ့မလားလို႔"

"ကိစၥမရွိဘူး ငါ Funding ပိုင္းကို တာဝန္ယူေပးမယ္ ငါ့ကို လူသုံးေယာက္ ေပး သုံးလ အခ်ိန္ေပး .. ငါ.. ဟိုလူသုံးေယာက္ကို လိုခ်င္တယ္" သူလက္ညႇိဳးထိုးျပလိုက္သည္

"ၿပီးေတာ့ မင္းအေဖနဲ႔လည္း သြားေတြ႕ဖို႔ ဆုံးျဖတ္ထားပါ ဘာကိစၥမွန္းမသိေပမယ့္ မင္းဘဏ္ကဒ္ ခုထိသုံးလို႔ရေသးတယ္ဆိုတာ သူဘယ္ေလာက္ ေလွ်ာ့ထားၿပီဆိုတာ မင္းသိတာပဲ .. Funding ကိစၥ သူ႔ဆီက အကူအညီ မလိုဘူး .. ငါမင္းအတြက္ Visual ဆြဲေပးမယ္ .. Visual ဆြဲၿပီးရင္ မင္းproduct စထုတ္ႏိုင္ရမယ္ ... လိုအပ္သလို ေစ်းကြက္ပိုင္းဆိုင္ရာ အႀကံဥာဏ္လည္း ငါေပးမယ္ .. ေသခ်ာေပါက္ အဲ့ဒီproductက တႏိုင္ငံလုံးအေနနဲ႔ ေပါက္ဖို႔ အာမခံတယ္" 

ရန္က်င့္ အံဩၿပီးရင္း အံဩရသည္ .. ဟုတ္တယ္ သူဒီဇိုင္းပိုင္း ကြၽမ္းေပမယ့္ ႐ုပ္ႂကြလာေအာင္ ပိုၿပီး ပီျပင္လာေအာင္ ျပဳျပင္ရမယ့္ ေနရာေတြ ရွိေသးတယ္ ဆိုတာ သိသည္ .. ၿပီးေတာ့ ဟုန္ေလ့က Fund ရွာေပးမယ္တဲ့ .. အားနာမိသလို ဝမ္းလည္းနည္းမိသည္ .. မိမိခ်စ္ေသာသူကို ပံ့ပိုးေပးဖို႔ မဆိုထားနဲ႔ သူကေတာင္ ျပန္ေထာက္ပံ့ေပးေနေသးပါလား .. ဟင့္အင္း .. အဲ့လိုႀကီး မျဖစ္ခ်င္ဘူး .. ေနဦး အခု .. ခ်စ္ေသာသူလို႔ ေတြးလိုက္တာလား .. ဟုန္ေလ့ကိုေလ .. ေယာက်ာ္းေလးတေယာက္ကိုေလ .. သူက ...

ဟုန္ေလ့ မ်က္ဝန္းေတြမွာ စိတ္ပ်က္အားငယ္ပုံေပၚေနတဲ့ ရန္က်င့္ကို တခ်က္ ၾကည့္လိုက္သည္ .. တခ်က္ၿပဳံးျပကာ

"ၿပီးေတာ့ အျပန္အလွန္အေနနဲ႔ laptop တလုံး ငါ့ကို ေပးရမယ္ .. ဖုန္းတလုံးေပးရမယ္ .. ပန္ခ်ီျပန္သင္ေပးရမယ္ .. ငါမင္းဆီမွာ အလုပ္လုပ္ေပးတဲ့ ကာလတေလွ်ာက္ မင္းငါ့ကို စားဖို႔ ေသာက္ဖို႔ ေနဖို႔ ထိုင္ဖို႔ စီစဥ္ေပးရမယ္ ေက်ာင္းပို႔ ေက်ာင္းႀကိဳနဲ႔ .. အင္း .. တျခားက စဥ္းစားလို႔ မရေတာ့ဘူး .. ေနာက္မွ ထပ္ေျပာေတာ့မယ္ .. ဟီးဟီး "

ဟုန္ေလ့ မထီမဲ့ျမင္ အၿပဳံေလးနဲ႔ မ်က္လုံးတဖက္ မွိတ္ျပလိုက္သည္ .. သူ႔တုန္းကလည္း ရန္က်င့္က အားနာစိတ္မျဖစ္ေအာင္ မာနမထိခိုက္ေအာင္ ကစားျပသြားသည္ေလ .. သူဘာလို႔ ဒီအကြက္ကို ျပန္မသုံးရမွာလဲ .. မေန႔က ရွင္းျပန္ေျပာျပလို႔ သူဝယ္တဲ့ ပစၥည္းေတြက ရန္က်င့္ တပိုင္းစိုက္ေပးထားတာဆိုတာ သူသိၿပီးၿပီ .. ရန္က်င့္ကုမၸဏီက Funding လိုေနတယ္ဆိုေပမယ့္ မြဲျပာက်ေနတာ မဟုတ္ဖူးေလ .. ဒီေလာက္ကေတာ့ သူ႔အတြက္ ေအးေဆးပဲ

ရန္က်င့္မ်က္ႏွာ တျဖည္းျဖည္း ၿပဳံးလာသည္ .. Laptop ေလာက္ကေတာ့ ခုခ်က္ခ်င္း ႐ုံးခန္းထဲက ယူေပးလိုက္လို႔ရသည္ .. ဖုန္းက မေန႔ကတည္းက သူတိတ္တိတ္ေလး ဝယ္လာၿပီးၿပီ .. ပန္းခ်ီ ဒါေပါ့ ကိုယ္ဖိရင္ဖိကို သင္ေပးဦးမွာ .. စားဖို႔ေသာက္ဖို႔ .. ဟား .. ေနဖို႔ထိုင္ဖို႔ .. မ်က္လုံးအေရာင္ေတြ တျဖတ္ျဖတ္ေတာက္လာသည္ .. ေက်ာင္းပို႔ ေက်ာင္းႀကိဳ .. ေက်နပ္ၿပီေလ ... သူနဲ႔အၿမဲအတူရွိေနေတာ့မယ္ဆိုတဲ့ သေဘာပဲ မဟုတ္လား

Continue Reading

You'll Also Like

1.3M 35.7K 60
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
418K 11.9K 54
Own Ceration, Both uni&zawgi Cover photo credit. Romance love fiction🖤 (အဒေါ့ဟစ်တလာကတော့. . "ချစ်လှစွာသောအီဗာရေ ငါ့ဗိုလ်ချုပ်ကြီးတွေနဲ့ငါပိုင်သမျှက...
39.1K 5.4K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
201K 3.4K 24
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"