မနက်ရောက်လို့ကျွန်တော်နိုးလာတော့...ရင်ခွင်ထဲက အသေးလေးက..အခုချိန်ထိ မနိုးသေးဘဲ...အိပ်နေတုန်းရှိသေးတယ်...။ အင်းပေါ့...သူလည်းအိပ်ချင်းသေးဦးမှာပေါ့..ညကတော်တော်ညဉ့်နက်သွားတာကို...
ကျွန်တော်လည်း သူ့ကိုဖက်ထားတဲ့လက်တွေကို..ဖြေးဖြေးလေး ဖယ်လိုက်တော့...လှုပ်လှုပ်ရွရွဖြစ်လာပြီး..."အင်...အင်း..." ဆိုပြီး အသံပိစိလေးထွက်လာတယ်...
"အင်းအင်း...ဘာမှမဖြစ်ဘူး ပြန်အိပ်...
ကျွတ်...ကျွတ်..." လို့ ကိုယ်လေးကို ဖြေးဖြေးလေး ပုတ်သိပ်လိုက်တော့...ပြန်အိပ်ပျော်သွားတယ်...
ကျွန်တော်လည်းcompanyသွားရမှာမို့...ရေချိုးခန်းရန် ရေချိုးခန်းထဲဝင်လိုက်တယ်...။ ကုတင်ပေါ်က အသေးလေးက အိပ်လို့ကောင်းတုန်းရှိသေးတယ်...
ကျွန်တော်နိုးလာလို့ဘေးကိုစမ်းကြည့်လိုက်တော့...ကိုဘုန်းမရှိတော့ဘူး...။ ရှိနေရင်လည်း..ကျွန်တော်ရှက်လို့ရင်ဆိုင်ရဲမှာ မဟုတ်ဘူး..။ ဘေးကနာရီကိုကြည့်လိုက်တော့...
"ဟင်...၈နာရီထိုးတော့မယ်...
ငါဘာလို့နောက်ကျတဲ့အထိ အိပ်နေမိတာလဲ?.." ဆိုပြီး ကုန်းထလိုက်တာ...
"အ!...ကျွတ်..ကျွတ်..သေပါပြီ...
နာလိုက်တာ...သူမခံရတိုင်း လူကို...ဟင့်...
နာလိုက်တာ...နှာဘူးကြီး..."
"ချလောက်.." ဆိုတဲ့ ရေချိုးခန်းတံခါးဖွင့်သံကြားရလို့...အောက်မှာကျနေတဲ့စောင်ကို အမြန်ယူပြီး..ခေါင်းမြီချုံးထားလိုက်တာ
*ကိုဘုန်းက အခုချိန်ထိမသွားသေးဘူးလား..*
ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့..ကုတင်ပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ..စောင်ကို ခေါင်းမြီးခြုံထားပြီ...အိပ်နေတဲ့အသေးလေး..တနည်းအားဖြင့် အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်အမျိုးသားလေး...
"အိပ်ချင်ယောင်ဆောင်နေရင်လည်း ထတော့...
ဖိုးဖိုးကနောက်ကျလို့ ကိုယ်တို့ဘာဖြစ်လို့နောက်ကျတာလဲမေးရင်..ကိုယ်က အမှန်တိုင်းဖြေမှာနော်..."
"ဟာ.....အဲ့လိုပြောလို့ဘယ်ဖြစ်မလဲ?...အ!.."
"ဟား...ဟား...
အခုတော့နိုးပြီပေါ့ အသေးလေး...
နိုးရင်လည်း ထတော့...
ကိုယ်အလုပ်သွားရဦးမယ်..."
"ကိုဘုန်း အလုပ်သွားတာ...ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."
"ဘာဆိုင်ရမှာလဲ?..ကိုယ်က မင်းယောက်ျာေးလေ...အလုပ်သွားခါနီး ပြင်ဆင်ပေးရမှာပေါ့...
မျက်နှာသွားသစ်ပြီး...အင်္ကျီကြယ်စေ့ လာတပ်ပေး...ပြီးတော့ အောက်ရောက်ရင် ကော်ဖီဖျော်ပေးဦး..
ညကနည်းနည်းများသွားလို့ ခေါင်းကိုက်ချင်နေလို့..."
"ဘာ!!..."
"အရက်သောက်တာ များသွားတာပြောတာ...
ဘာတွေတွေးနေတာလဲ?..အသေးလေး...ဆစာစောစီးစီးကို..."
"ဘာ..ဘာကို တွေးရမှာလဲ?...
ဘာမှမတွေးဘူး.." ဆိုပြီး ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတဲ့အသေးလေး..
"အဟက်...ဘယ်လိုဟာလေးမှန်းမသိဘူး..."
.......................
"မမြ...ပြည့်လျှံမထသေးဘူးလား..."
"ဟုတ်ကဲ့ သခင်ကြီး...ပြည့်လျှံမထသေးဘူးထင်တယ်...အခုထိတော့ မရောက်သေးဘူး...
ညကတော့ သခင်လေးမူးလာပါတယ်..."
"ဟုတ်လား...ဘာသံတွေကြားသေးလဲ?..."
"ဘာမှမကြားရဘူး...သခင်ကြီး..."
"အင်း..."
"ဖိုးဖိုး...morning.."
*ပြောရင်းဆိုရင်း ထမင်းစားခန်းထဲဝင်လာတဲ့..ထွန်းတောက်တို့၂ယောက်...*
"အင်း.."
"အဖိုး သားအိပ်ယာထနောက်ကျသွားတယ်...
တောင်းပန်ပါတယ် အဖိုး.."
"တစ်ခါတစ်လေပဲဟာ...
ဘာလုပ်နေကြလို့ နောက်ကျတာလဲ?.."
"ဗျာ......"
"အသေးလေး...ကော်ဖီဖျော်ခိုင်းထားတယ်လေ..သွားဖျော်ပေးဦး ခါးခါးလေးနော်..."
"ဟုတ်...အဖိုးရော ဘာလိုသေးလဲဟင်..."
"ဘာမှမလိုတော့ဘူး...ထွန်းတောက်အတွက်သာ လုပ်ပေးလိုက်..."
"ဟုတ်ကဲ့...အဖိုး..."
ပြည့်လျှံထွက်သွားတော့မှ...
"စကားလမ်းကြောင်းလွှဲတယ်နော်..."
"မလွှဲပါဘူး ဖိုးဖိုးရယ်...
ဒီတိုင်းအိပ်ယာထနောက်ကျတာပဲကို..အထူးအဆန်းလုပ်ပြီး ဖိုးဖိုးကမေးနေတာ..."
"သြော်...ငါကအထူးအဆန်းလုပ်မေးနေသလို ဖြစ်သွားတာပဲ...
ညက မူးလာတယ်ဆို..."
"ဟုတ်တယ်...မင်းမြတ်က လိုက်တိုက်ခိုင်းလို့.."
"ပြည့်လျှံကိုတော့...တစ်ခုခုမလုပ်လိုက်ပါဘူးနော်..."
"ဟာ...ဖိုးဖိုး များနေပြီ...
သူများလင်မယားကြား အရမ်းပါတာပဲ.."
"သြော်...အခုတော့ သူများလင်မယားဖြစ်သွားပြီပေါ့..."
"ဟာ...ဖိုးဖိုး...
တော်ပြီ...companyသွားတော့မယ်...
အသေးလေးဖျော်မနေနဲ့တော့...companyရောက်မှပဲသောက်တော့မယ်" ဆိုပြီး ရှက်ပြီးထွက်သွားတဲ့ထွန်းတောက်ကို ကြည့်ပြီး
"ဟား....ဟား....
အစကတော့ သူမဟုတ်တဲ့အတိုင်းနဲ့.."
"အဖိုး..ဘာရယ်နေတလဲ?...
ဟင်...ကိုဘုန်းရော သွားပြီလား..."
"ရှက်ပြီး ထွက်ပြေးသွားလေရဲ့..."
"ဟင်...ဘာဖြစ်လို့လဲ?..."
"ဘာမှမဖြစ်ဘူး...မြေး မနက်စာ စားတော့..."
"ဟုတ်ကဲ့ အဖိုး..."
အခုတော့...ကိုဘုန်းအတွက်ဖျော်ပေးထားတဲ့ ကော်ဖီကို...ကိုယ့်ဘာသာပဲ သောက်လိုက်တော့မယ်..
.....................
အခုဆို ကျွန်တော်နဲ့အသေးလေးနဲ့...တော်တော်လေးကို အဆင်ပြေနေပါပြီ..
တခါတလေ ကျွန်တော်ကပြောလို့ ငြိမ်ခံနေတဲ့အထဲမှာ အသေးလေးမပါပါဘူး..ကတ်ကတ်လန်အောင် ပြန်ခံပြောတယ်...အဲ့လိုပြန်ပြောတဲ့ညတွေဆိုရင်တော့...တစ်ညလုံး အိပ်မရအောင်အပြစ်ပေးပါတယ်...
အသေးလေးသာ မိန်းကလေးဆို..ဇနီးကောင်းတစ်ယောက်ဖြစ်မှာ သေချာပါတယ်...။ အခုလည်း ကျွန်တော့်အတွက် ခင်ပွန်းကောင်းတစ်ယောက်လို့ ပြောလို့ရပါတယ်...။ ကျွန်တော့်အဝတ်အစားတွေဆို သူပဲလျှော်ပဲပေးပြီး တခါတလေ ကျွန်တော့်အလုပ်တွေ အိမ်ထိပါလာရင်..ဝိုင်းကူလုပ်ပေးတတ်တယ်...
ကျွန်တော်တို့အိမ်ထောင်သက်တမ်းက အခုဆို ၃လကျော်သွားပါပြီ...
တဖြည်းဖြည်းနဲ့အသေးလေးကို သံယောဇဉ်တွဲလာမိပြီ..နောက်တစ်ယောက်လက်ထဲကိုတော့ အသေးလေးကိုမထည့်ပေးနိုင်တော့ဘူး...
ချစ်တာလားဆိုတာတော့လည်း ကျွန်တော်မသိဘူး...ရတီ့တုန်းကလည်း ရတီကကျွန်တော်အားငယ်နေခဲ့တဲ့အချိန်တွေမှာ ကျွန်တော့်မှော အမြဲရှိခဲ့ပေးတော့...ကြာတော့ ကျွန်တော်လည်းအချစ်လို့ထင်ပြီး ရတီ့ကိုဖွင့်ပြောခဲ့တယ်..။ အဲ့လိုနဲ့ပဲ ရတီနဲ့တွဲဖြစ်ခဲ့တယ်...။
နိုင်ငံခြားမှာနေခဲ့တာမို့လို့...ရတီ့အပေါ်ကို နမ်းတာကလွဲရင် ကျွန်တော်အသားမယူခဲ့ပါဘူး...။
ဟိုလိုစိတ်မျိုးလည်း မဖြစ်ခဲ့ပါဘူး..။ ရတီ့အပြင်ကျန်တဲ့မိန်းကလေးတွေကိုလည်း အဲ့လိုစ်ိတ်ကျွန်တော်မဖြစ်ဘူး...။ ကျွန်တော်နိုင်ငံခြားမှ နေလာခဲ့တာပဲ ဖြစ်ချင်ရင်ဖြစ်လို့ရတာပဲလေ...ကျွန်တော်အဲ့ကိစ္စတွေ စိတ်မဝင်စားခဲ့ဘူး..။ အသေးလေးက ခြွင်းချက်ပေါ့...
အခုလည်းမအိပ်သေးဘဲ..TVထိုင်ကြည့်နေတဲ့ အသေးလေး...
ကျွန်တော်အိမ်ထိ အလုပ်ပါလာတဲ့ညတွေဆို အဲ့လိုပဲ TVကြည့်ရင်း...ထိုင်စောင့်တတ်တယ်..တော်တော်ကြီးနောက်ကျမှသာ...စောင့်ရင်း အိပ်ပျော်တတ်တာ...အခုလည်းမျက်လုံးကမှေးနေပြီ မအိပ်ဘဲထိုင်စောင့်နေတာ...
"အသေးလေး...အသေးလေး!.."
"ဟမ်...ဗျာ..." ဆိုပြီး ငိုက်နေရာကနေ လန့်ပြီး ပြန်ဖြေလာတယ်...
"ကိုယ့်ကိုကော်ဖီတစ်ခွက်လောက်ဖျော်ပေးပါ..."
"အများကြီး ကျန်သေးလို့လား..."
"အင်း..."
"အဲ့တာဆို ကျွန်တော်သွားဖျော်ပေးမယ်.."
"အင်း..."
ခနကြာတော့...ကော်ဖီခွက်ကိုင်ပြီး အခန်းထဲပြန်ဝင်လာတဲ့ အသေးလေး...
"အိပ်ချင် အိပ်တော့လေ...ညဉ့်နက်နေပြီ..."
"ရတယ်...ကျွန်တော်ဒီကားပြီးအောင်ကြည့်မှာ..."
"ဘာလဲ?...ကိုယ့်ရင်ခွင်မအိပ်ရရင် အိပ်လို့မပျော်ဘူးလား..."
"ဘာ!...ဝေးသေး...
အရင်တုန်းကလည်း တစ်ယောက်ထဲအိပ်လာတာ...အခုမှဖြစ်ရဦးမယ်..."
"အရင်တုန်းက တစ်ယောက်လေ...အခုက ၂ယောက်ဖြစ်နေပြီလေ..."
"အဲ့တာ လူတိုင်းသိတယ်...ပြောမနေနဲ့..."
"ကဲပါ...အိပ်တော့...
လူကသာ မအိပ်ချင်ဘူးပြောနေတာ...မျက်လုံးက မှေးနေပြီ...
ကိုယ်အိပ်ရင် အသေးလေးကိုကိုယ့်ရင်ခွင်ထဲထည့်ပေးထားမှာ...မပူနဲ့...အိပ်အိပ်..."
"ဟာ...မဟုတ်ပါဘူးဆိုတာကို...
တော်ပြီ...ဇာတ်ကားလည်း မကြည့်ချင်တော့ဘူး...အိပ်တော့မယ်..." ဆိုပြီး TVထပိတ်ကာ...စောင်ကိုခေါင်မြှီးခြုံပြီး အိပ်နေတဲ့အသေးလေး
"စိတ်မပူနဲ့နဲ့နော်...စိတ်ချလက်ချအိပ်..."
"မဟုတ်ပါဘူးဆိုတာကို..." ဆိုပြီး ခေါင်းမြှီးခြုံထဲက လှမ်းပြောနေတဲ့ အသေးလေး
နာရီဝက်လောက်ကြာတော့...ကျွန်တော်လည်း အလုပ်တွေပြီးပြီမို့...အိပ်မယ်ဆိုပြီး ကုတင်ဆီလာတော့..စောင်တွေကို ကန်ချထားကာ...ကားကားကြီး အိပ်နေတဲ့ အသေးလေး...
အရင်ထဲကလည်း ဒီလိုပဲအိပ်နေကျလားမသိဘူး..ကျွန်တော်လည်း ကျနေတဲ့စောင်ကိုယူပြီး ခြုံပေးလိုက်တော့ အိပ်နေရင်းနဲ့ စောင်ကိုကန်ချလိုက်တယ်...အဲ့တာကြောင့် တရေးနိုးရင် ကျွန်တော့ကို လာလာဖက်တာကို...
ကားကားကြ်ီးအိပ်နေတဲ့အသေးလေးရဲ့ပေါင်တွေကို စုလိုက်ပြီး...ကျွန်တော်လည်း လှဲလိုက်ကာ...သူ့ကိုခွဖက်ထားပြီး အပေါ်ကစောင်ခြုံပေးလိုက်တော့...ကျွန်တော့်ရင်ခွင်ထဲကို ဝင်တိုးလာတဲ့အသေးလေး...ဘယ်လိုလေးမှန်းကို မသိဘူး...
*အသေးလေးနဲ့ယူပြီးဖြစ်လာတဲ့အကျင့်တစ်ခုက...ညဘက်ဆို အသေးလေးကို ရင်ခွင်ထဲထည့်ပြီး အိပ်တတ်လာတာပဲ...*