The Stranger I love (System)

Από khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Περισσότερα

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc1.6

7.1K 827 5
Από khunsin

"နောက်ထပ် ဝယ်ရမှာက ဖုန်းနဲ့ အဝတ်အစားမလား သွားမယ် "

Shopping mall ကြီး တခု ရောက်သော် ရန်ကျင့်ကပဲ အဝတ်အစားဆိုင်တခုကို ဦးဆောင်ဝင်သွားပြီး တစုံရွေးလိုက်သည် .. ဟုန်လေ့နဲ့ ကပ်လိုက်ပြီး

"ဒါ မင်းနဲ့ လိုက်တယ်"

ဟုန်လေ့ လှည့်ကြည့်လိုက်တော့ Hoodieက အဖြူနဲ့ ခရမ်းရောထားပြီး ဘောင်းဘီကဂျင်းအနက်လေး .. သူအရင်ဘဝက Suitတွေပဲ ဝတ်တာများတာကြောင့် မသိစိတ်ကSuit ရှာနေမိတာ .. ဟုတ်သားပဲ ..  သူက ခုမှ ကျောင်းသားပဲ ရှိသေးတာလေ ..

"အင်း မဆိုးဘူး ..
မင်းက အမြင်ရှိသားပဲ .. မင်းပဲ ရွေးပေးတော့"

အမှန်တော့ သူကဒီလို အသေးစိတ် အလုပ်တွေ ရွေးရပြုရတာ ပျင်းသည် .. ရန်ကျင့်ကတော့ အပျော်ကြီး ပျော်ပြီး တခုပြီး တခု လာကပ်ကြည့်ပြီး အရောင်းဝန်ထမ်းလက်ပေါ်မှာ အပုံလိုက် ဖြစ်နေပြီ

"သွားဝတ်ကြည့်သွား မတော်ပဲနေမှာစိုးလို့"

ဟုန်လေ့ ပျင်းပေမယ့် တဖက်လူက အရမ်းစိတ်အားထက်သန်နေတော့ မငြင်းတော့ပဲ ဝတ်ကြည့်လိုက်သည် .. အားလုံး ကွက်တိ .. စိတ်ထဲကလည်း ချီးကျူးလိုက်သည် .. ရန်ကျင့်က တော်လှချည်လား style တွေက ငြင်းစရာမရှိတဲ့အပြင် size ပါကွက်တိပဲ

တော်သေးတယ် အဝတ်အစားတွေက Brand တွေပေမယ့် စျေးလည်း သိပ်ကြီးတဲ့ထဲက မဟုတ်ဖူး .. ဟုန်လေ့က အကောင်းစားပဲ ကြိုက်ပေမယ့် ငွေသိပ်မသုံးချင်သေးဘူး.. နောက်ဆို ဘာဝယ်ဝယ် ရန်ကျင့်ကို ခေါ်သွားဖို့ တွေးနေသည် .. ရန်ကျင့်က စျေးချိုတာလည်း ရှာတတ်ပြီး Quality ကောင်းတာလေးလည်း ရွေးတတ်သည်။

ရန်ကျင့်က တိတ်တဆိတ် ကောင်တာသို့သွားကာ အရောင်းဝန်ထမ်းနဲ့ စကားပြောနေပြီး ကဒ်တကဒ် ထုတ်ပေးလိုက်သည် .. ခြောက်စုံရွေးထားကာ နှစ်စုံစာ ရှင်းလိုက်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည် ..

ဟုန်လေ့ နှစ်စုံလောက်ပဲ ဝယ်ဖို့ စဉ်းစားထားပေမယ့် ခြောက်စုံလုံးက အဆင်ပြေနေတာကြောင့် ယူဖို့ ဆုံးဖြတ်လိုက်သည် ..

ငွေရှင်းတော့ စာရေးမလေးက promotion ရှိတယ်ဟုဆိုကာ သုံးစုံစာပဲ ငွေဖြတ်ပေးလိုက်သည် .. ကျန်တဲ့ suit တစုံကိုတော့ ရန်ကျင့်က သူလက်ဆောင်ပေးမယ်ဟုဆိုကာ ဇွတ်ရှင်းပြီး လက်ထဲထည့်သွားလေသည် ..

အန် . ဒါကြီးက သိပ်မကောင်းဘူး ထင်တယ်
ထားပါလေ ခဏနေမှ နေ့လည်စာ လိုက်ကျွေးတော့မယ်
သူတွေးနေတုန်း ရှိသေး ရန်ကျင့်က

"လေ့ ဗိုက်ဆာပြီ .. နေ့လည်စာ ဝယ်ကျွေးဦး"
မသိရင် ကိုယ်ကပဲ သူ့အဖေလိုလို နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ငယ်ပေါင်းကြီးဖော်လိုလို ... ဗိုက်လေးပွတ်ပြီး ခပ်မဲ့မဲ့လေး ပြောနေပုံက .. ဟုန်လေ့ အရည်တွေ ပျော်ကျသွားသည် ..

"အွန်း စားလေ .. ဘာစားမလဲ "
"ဘာဖြစ်ဖြစ်"

ပြောတော့ ဘာဖြစ်ဖြစ် .. ပြီးမှ တခုပြီး တခုလက်ညှိုးထိုးကာ ပူဆာတော့တယ်

"လေ့ ဒါဘာလေးလဲမသိဘူး စားလို့ကောင်းမယ့်ပုံပဲ"
"အွန်း စားလေ .. အန်တီဒါဘယ်လောက်လဲ"
ဝယ်လို့တောင် မပြီးသေး အင်္ကျီလက်ကို ဆွဲခါပြီး စဉ်းစားနေပုံနဲ့

"လေ့ ကြက်ကြော်စားမယ် ဘာဂါလည်း စားချင်တယ် တယောက်တည်း မကုန်ဘူး မျှစားမယ်လေနော်။ မရွံတတ်ဖူးမလား"
"အွန်း အွန်း ရတယ်"
"လေ့ အုန်းရည်လည်း သောက်ချင်တယ် "
"အွန်းအွန်း ကြက်ကြော်သွားတန်းစီနှင့် အုန်းရည်ဝယ်ခဲ့မယ်"

ခု ငါ ကလေးထိန်းနေရတာလား ???
အုန်းရည်ဘူးကိုင်ပြီး ကြက်ကြော်တန်းစီနေတဲ့သူနားရောက်တော့ ..
"လေ့ ပေး ပေး ကြက်ကြော်ဖိုး ရှင်းလိုက်တော့
အာလူးကြော်နဲ့ cheese stick ပါဝယ်ခဲ့ဦး colaတဗူး"
ဟုန်လေ့ ပြုံးရင်းခေါင်းသာ ခါမိသည် ..
"ဒီကောင် အရမ်း ... " (ချစ်ဖို့ကောင်းတာပဲ)

တဖက်လူကို အားနာစိတ် မကျန်အောင်လည်း လုပ်တတ်သည် .. အလိုလိုက်အောင်လည်း ဆွဲဆောင်တတ်သေးသည် .. မူလဘဝက သူ့အသက်က ရန့်ကျင့်ထက် ကြီးသည်မို့ သူ့အပေါ်ကလေးလို ဆိုးနွဲ့နေတာ သူနှစ်သက်သည်..

ဖုန်းဆိုင်ရောက်သော်
ဟုန်လေ့ စျေးသက်သာတာ ဝယ်မယ်လို့ မှန်းထားပေမယ့် နည်းပညာသမားမို့ နောက်ဆုံးပေါ်ဖုန်းကို မျက်လုံးက မခွါနိုင် .. 25သိန်းဆိုသော တန်ဖိုးက Laptop တလုံးလည်း ရနိုင်သည် .. ရှယ်ယာဝယ်မယ်ဆိုလည်း အရင်းအနှီးတခု ဖြစ်နိုင်သည် .. သို့သော် သူ့မှာ လောလောဆယ် အလုပ်နှစ်ခု ရထားသောငွေ ဆယ်သိန်းကို အရင်းအနှီးလုပ်ဖို့ ခုနစ်သိန်းဖယ်လိုက်ရင် ပန်းချီ ပစ္စည်းနဲ့ အဝတ်အစားဝယ်လို့ ကျန်တာပဲ သုံးသိန်း​လောက်သာ ရှိတော့မည် ..

ရန်ကျင့်နောက်က ပြုံးကြည့်နေသည် .. သူသိတာပေါ့ နည်းပညာသမားဖြစ်တဲ့ ဟုန်လေ့ မကြိုက်ပဲ မနေဘူးဆိုတာ
"လေ့ ဒါ ကြိုက်လို့လား"
"အွန်း ....
ဒါပေမယ့် ဒါက .. အရမ်း စျေးကြီးလွန်းနေတယ်။ ပိုက်ဆံမလောက်ဖူး။ ကိစ္စမရှိဘူး နောက်ဆို ငါဝယ်နိုင်လိမ့်မယ်
လောလောဆယ် .. ငါ အလုပ်လက်ခံဖို့ ဖုန်းတလုံးလိုတယ်"

တချက်ပြုံးကာ ရန်ကျင့် သူ့လက်ထောက်ကို ဖုန်းဆက်လိုက်သည် .. ဖုန်းပြောနေရင်းက ဟုန်လေ့လက်ကိုဆွဲကာ ဆိုင်ထဲက ထွက်လာလိုက်သည် .. ဟုန်လေ့ ကြောင်တောင်တောင်နဲ့ လှည့်ကြည့် လှည့်ကြည့်လုပ်ရင်း ပါသွားသည် ..

"လေ့ နောက်မှ ဝယ်တော့ အရေးကြီး ကိစ္စပေါ်လာလို့
နော် အိမ်ပြန်လိုက်ပို့ပေးမယ် .. မင်းလိပ်စာပြောဦး"

ဟုန်လေ့ သက်ပြင်းချကာ လိပ်စာပြောရတော့သည်
ရန်ကျင့် မျက်နှာတဖက်လှည့်ကာ ဟုန်လေ့မမြင်အောင် ပြုံးလိုက်ပြီး သီချင်းဖွင့်ပေးသည်

အိမ်ပြန်ရောက်သော် ဟုန်လေ့ အခန်းထဲ တန်းဝင်ပြီး
'ရှင်း .. ငါ့ကို ရန်ကျင့်အကြောင်း စုံစမ်းပေး .. '
'ရန်ကျင့်က မူလဇာတ်ကြောင်းထဲမှာ ဟုန်လေ့တိုက်ပေါ်က ကျဆဲအချိန် ရောက်လာတဲ့သူပဲ .. သူလှမ်းဆွဲလိုက်ပေမယ့် မမှီလိုက်ဖူး .. Host နဲ့ အတန်းတူတူပဲ ဒုတိယနှစ်။ အတန်းမတက်ပဲ အမြဲကျောင်းလစ်နေလို့ ကျောင်းခေါ်ချိန်မပြည်တာနဲ့ ကျတာ နှစ်နှစ်ရှိပြီ .. ဒီနှစ်က သူ့နောက်ဆုံးနှစ်ပဲ .. ဒီတခါကျရင် ကျောင်းထွက်ရလိမ့်မယ် .. ပြီးတော့သူက Devilish ရဲ့ တည်ထောင်သူ ..'

' ဘာာာာာာာာာာာာာာာာာာာာ'

ဟုန်လေ့ သိသွားပြီ .. အဲ့တာကြောင့် နေ့လည်က Devilish  အကြောင်းပြောတော့ ရန်ကျင့်စိတ်အရမ်းလှုပ်ရှားသွားတာ .. လက်စသတ်တော့ Devilish တည်ထောင်သူကိုး .. ကျောင်းတွေ ပျက်တာ မဆန်းတော့ဘူး .. ငါ ခြေသလုံးကြီးကြီး ဖက်မိထားတာပဲ ...

'သူ့မိဘတွေက Honkai ရဲ့ အကြီးဆုံးရှယ်ယာရှင်တွေ'

'ဘာာာာာာာာာာာာာာာာာာာာ'

'ဒါပေမယ့် သူက Devilish တည်ထောင်ဖို့ သူ့ မိဘတွေနဲ့ စကားများပြီး အိမ်ပေါ်က ဆင်းလာတာ နှစ်နှစ်ရှိပြီ'

ဟုန်လေ့ မ 'ဘာ' နိုင်တော့ ကြက်သေသေသွားတော့သည် ..

'ဒါဆို ခုDevilishက projectရင်းနှီးငွေရဖို့ အခက်အခဲတကယ် ဖြစ်နေတာလား'

'အဲ့လိုရယ်တော့ မဟုတ်ဖူး ငွေရင်းချင်တဲ့သူတွေက ရှိတယ် Honkai က လိုက်တားနေလို့ ငွေရင်းမယ့် သူတွေက မထည့်ကျသေးပဲ စောင့်ကြည့်နေတဲ့ သဘောပဲ'

'အွန်း .. ငါဘာလုပ်ရမလဲဆိုတာ သိပြီ'

🟥🟥🟥🟥🟥🟥🟥🟥🟥🟥

"ေနာက္ထပ္ ဝယ္ရမွာက ဖုန္းနဲ႔ အဝတ္အစားမလား သြားမယ္ "

Shopping mall ႀကီး တခု ေရာက္ေသာ္ ရန္က်င့္ကပဲ အဝတ္အစားဆိုင္တခုကို ဦးေဆာင္ဝင္သြားၿပီး တစုံေ႐ြးလိုက္သည္ .. ဟုန္ေလ့နဲ႔ ကပ္လိုက္ၿပီး

"ဒါ မင္းနဲ႔ လိုက္တယ္"

ဟုန္ေလ့ လွည့္ၾကည့္လိုက္ေတာ့ Hoodieက အျဖဴနဲ႔ ခရမ္းေရာထားၿပီး ေဘာင္းဘီကဂ်င္းအနက္ေလး .. သူအရင္ဘဝက Suitေတြပဲ ဝတ္တာမ်ားတာေၾကာင့္ မသိစိတ္ကSuit ရွာေနမိတာ .. ဟုတ္သားပဲ .. သူက ခုမွ ေက်ာင္းသားပဲ ရွိေသးတာေလ ..

"အင္း မဆိုးဘူး ..
မင္းက အျမင္ရွိသားပဲ .. မင္းပဲ ေ႐ြးေပးေတာ့"

အမွန္ေတာ့ သူကဒီလို အေသးစိတ္ အလုပ္ေတြ ေ႐ြးရျပဳရတာ ပ်င္းသည္ .. ရန္က်င့္ကေတာ့ အေပ်ာ္ႀကီး ေပ်ာ္ၿပီး တခုၿပီး တခု လာကပ္ၾကည့္ၿပီး အေရာင္းဝန္ထမ္းလက္ေပၚမွာ အပုံလိုက္ ျဖစ္ေနၿပီ

"သြားဝတ္ၾကည့္သြား မေတာ္ပဲေနမွာစိုးလို႔"

ဟုန္ေလ့ ပ်င္းေပမယ့္ တဖက္လူက အရမ္းစိတ္အားထက္သန္ေနေတာ့ မျငင္းေတာ့ပဲ ဝတ္ၾကည့္လိုက္သည္ .. အားလုံး ကြက္တိ .. စိတ္ထဲကလည္း ခ်ီးက်ဴးလိုက္သည္ .. ရန္က်င့္က ေတာ္လွခ်ည္လား style ေတြက ျငင္းစရာမရွိတဲ့အျပင္ size ပါကြက္တိပဲ

ေတာ္ေသးတယ္ အဝတ္အစားေတြက Brand ေတြေပမယ့္ ေစ်းလည္း သိပ္ႀကီးတဲ့ထဲက မဟုတ္ဖူး .. ဟုန္ေလ့က အေကာင္းစားပဲ ႀကိဳက္ေပမယ့္ ေငြသိပ္မသုံးခ်င္ေသးဘူး.. ေနာက္ဆို ဘာဝယ္ဝယ္ ရန္က်င့္ကို ေခၚသြားဖို႔ ေတြးေနသည္ .. ရန္က်င့္က ေစ်းခ်ိဳတာလည္း ရွာတတ္ၿပီး Quality ေကာင္းတာေလးလည္း ေ႐ြးတတ္သည္။

ရန္က်င့္က တိတ္တဆိတ္ ေကာင္တာသို႔သြားကာ အေရာင္းဝန္ထမ္းနဲ႔ စကားေျပာေနၿပီး ကဒ္တကဒ္ ထုတ္ေပးလိုက္သည္ .. ေျခာက္စုံေ႐ြးထားကာ ႏွစ္စုံစာ ရွင္းလိုက္ၿပီး အိတ္ကပ္ထဲ ျပန္ထည့္လိုက္သည္ ..

ဟုန္ေလ့ ႏွစ္စုံေလာက္ပဲ ဝယ္ဖို႔ စဥ္းစားထားေပမယ့္ ေျခာက္စုံလုံးက အဆင္ေျပေနတာေၾကာင့္ ယူဖို႔ ဆုံးျဖတ္လိုက္သည္ ..

ေငြရွင္းေတာ့ စာေရးမေလးက promotion ရွိတယ္ဟုဆိုကာ သုံးစုံစာပဲ ေငြျဖတ္ေပးလိုက္သည္ .. က်န္တဲ့ suit တစုံကိုေတာ့ ရန္က်င့္က သူလက္ေဆာင္ေပးမယ္ဟုဆိုကာ ဇြတ္ရွင္းၿပီး လက္ထဲထည့္သြားေလသည္ ..

အန္ . ဒါႀကီးက သိပ္မေကာင္းဘူး ထင္တယ္
ထားပါေလ ခဏေနမွ ေန႔လည္စာ လိုက္ေကြၽးေတာ့မယ္
သူေတြးေနတုန္း ရွိေသး ရန္က်င့္က

"ေလ့ ဗိုက္ဆာၿပီ .. ေန႔လည္စာ ဝယ္ေကြၽးဦး"
မသိရင္ ကိုယ္ကပဲ သူ႔အေဖလိုလို ႏွစ္ေပါင္းမ်ားစြာ ခင္မင္လာတဲ့ ငယ္ေပါင္းႀကီးေဖာ္လိုလို ... ဗိုက္ေလးပြတ္ၿပီး ခပ္မဲ့မဲ့ေလး ေျပာေနပုံက .. ဟုန္ေလ့ အရည္ေတြ ေပ်ာ္က်သြားသည္ ..

"အြန္း စားေလ .. ဘာစားမလဲ "
"ဘာျဖစ္ျဖစ္"

ေျပာေတာ့ ဘာျဖစ္ျဖစ္ .. ၿပီးမွ တခုၿပီး တခုလက္ညႇိဳးထိုးကာ ပူဆာေတာ့တယ္

"ေလ့ ဒါဘာေလးလဲမသိဘူး စားလို႔ေကာင္းမယ့္ပုံပဲ"
"အြန္း စားေလ .. အန္တီဒါဘယ္ေလာက္လဲ"
ဝယ္လို႔ေတာင္ မၿပီးေသး အက်ႌလက္ကို ဆြဲခါၿပီး စဥ္းစားေနပုံနဲ႔

"ေလ့ ၾကက္ေၾကာ္စားမယ္ ဘာဂါလည္း စားခ်င္တယ္ တေယာက္တည္း မကုန္ဘူး မွ်စားမယ္ေလေနာ္။ မ႐ြံတတ္ဖူးမလား"
"အြန္း အြန္း ရတယ္"
"ေလ့ အုန္းရည္လည္း ေသာက္ခ်င္တယ္ "
"အြန္းအြန္း ၾကက္ေၾကာ္သြားတန္းစီႏွင့္ အုန္းရည္ဝယ္ခဲ့မယ္"

ခု ငါ ကေလးထိန္းေနရတာလား ???
အုန္းရည္ဘူးကိုင္ၿပီး ၾကက္ေၾကာ္တန္းစီေနတဲ့သူနားေရာက္ေတာ့ ..
"ေလ့ ေပး ေပး ၾကက္ေၾကာ္ဖိုး ရွင္းလိုက္ေတာ့
အာလူးေၾကာ္နဲ႔ cheese stick ပါဝယ္ခဲ့ဦး colaတဗူး"
ဟုန္ေလ့ ၿပဳံးရင္းေခါင္းသာ ခါမိသည္ ..
"ဒီေကာင္ အရမ္း ... " (ခ်စ္ဖို႔ေကာင္းတာပဲ)

တဖက္လူကို အားနာစိတ္ မက်န္ေအာင္လည္း လုပ္တတ္သည္ .. အလိုလိုက္ေအာင္လည္း ဆြဲေဆာင္တတ္ေသးသည္ .. မူလဘဝက သူ႔အသက္က ရန္႔က်င့္ထက္ ႀကီးသည္မို႔ သူ႔အေပၚကေလးလို ဆိုးႏြဲ႕ေနတာ သူႏွစ္သက္သည္..

ဖုန္းဆိုင္ေရာက္ေသာ္
ဟုန္ေလ့ ေစ်းသက္သာတာ ဝယ္မယ္လို႔ မွန္းထားေပမယ့္ နည္းပညာသမားမို႔ ေနာက္ဆုံးေပၚဖုန္းကို မ်က္လုံးက မခြါႏိုင္ .. 25သိန္းဆိုေသာ တန္ဖိုးက Laptop တလုံးလည္း ရႏိုင္သည္ .. ရွယ္ယာဝယ္မယ္ဆိုလည္း အရင္းအႏွီးတခု ျဖစ္ႏိုင္သည္ .. သို႔ေသာ္ သူ႔မွာ ေလာေလာဆယ္ အလုပ္ႏွစ္ခု ရထားေသာေငြ ဆယ္သိန္းကို အရင္းအႏွီးလုပ္ဖို႔ ခုနစ္သိန္းဖယ္လိုက္ရင္ ပန္းခ်ီ ပစၥည္းနဲ႔ အဝတ္အစားဝယ္လို႔ က်န္တာပဲ သုံးသိန္း​ေလာက္သာ ရွိေတာ့မည္ ..

ရန္က်င့္ေနာက္က ၿပဳံးၾကည့္ေနသည္ .. သူသိတာေပါ့ နည္းပညာသမားျဖစ္တဲ့ ဟုန္ေလ့ မႀကိဳက္ပဲ မေနဘူးဆိုတာ
"ေလ့ ဒါ ႀကိဳက္လို႔လား"
"အြန္း ....
ဒါေပမယ့္ ဒါက .. အရမ္း ေစ်းႀကီးလြန္းေနတယ္။ ပိုက္ဆံမေလာက္ဖူး။ ကိစၥမရွိဘူး ေနာက္ဆို ငါဝယ္ႏိုင္လိမ့္မယ္
ေလာေလာဆယ္ .. ငါ အလုပ္လက္ခံဖို႔ ဖုန္းတလုံးလိုတယ္"

တခ်က္ၿပဳံးကာ ရန္က်င့္ သူ႔လက္ေထာက္ကို ဖုန္းဆက္လိုက္သည္ .. ဖုန္းေျပာေနရင္းက ဟုန္ေလ့လက္ကိုဆြဲကာ ဆိုင္ထဲက ထြက္လာလိုက္သည္ .. ဟုန္ေလ့ ေၾကာင္ေတာင္ေတာင္နဲ႔ လွည့္ၾကည့္ လွည့္ၾကည့္လုပ္ရင္း ပါသြားသည္ ..

"ေလ့ ေနာက္မွ ဝယ္ေတာ့ အေရးႀကီး ကိစၥေပၚလာလို႔
ေနာ္ အိမ္ျပန္လိုက္ပို႔ေပးမယ္ .. မင္းလိပ္စာေျပာဦး"

ဟုန္ေလ့ သက္ျပင္းခ်ကာ လိပ္စာေျပာရေတာ့သည္
ရန္က်င့္ မ်က္ႏွာတဖက္လွည့္ကာ ဟုန္ေလ့မျမင္ေအာင္ ၿပဳံးလိုက္ၿပီး သီခ်င္းဖြင့္ေပးသည္

အိမ္ျပန္ေရာက္ေသာ္ ဟုန္ေလ့ အခန္းထဲ တန္းဝင္ၿပီး
'ရွင္း .. ငါ့ကို ရန္က်င့္အေၾကာင္း စုံစမ္းေပး .. '
'ရန္က်င့္က မူလဇာတ္ေၾကာင္းထဲမွာ ဟုန္ေလ့တိုက္ေပၚက က်ဆဲအခ်ိန္ ေရာက္လာတဲ့သူပဲ .. သူလွမ္းဆြဲလိုက္ေပမယ့္ မမွီလိုက္ဖူး .. Host နဲ႔ အတန္းတူတူပဲ ဒုတိယႏွစ္။ အတန္းမတက္ပဲ အၿမဲေက်ာင္းလစ္ေနလို႔ ေက်ာင္းေခၚခ်ိန္မျပည္တာနဲ႔ က်တာ ႏွစ္ႏွစ္ရွိၿပီ .. ဒီႏွစ္က သူ႔ေနာက္ဆုံးႏွစ္ပဲ .. ဒီတခါက်ရင္ ေက်ာင္းထြက္ရလိမ့္မယ္ .. ၿပီးေတာ့သူက Devilish ရဲ႕ တည္ေထာင္သူ ..'

' ဘာာာာာာာာာာာာာာာာာာာာ'

ဟုန္ေလ့ သိသြားၿပီ .. အဲ့တာေၾကာင့္ ေန႔လည္က Devilish  အေၾကာင္းေျပာေတာ့ ရန္က်င့္စိတ္အရမ္းလႈပ္ရွားသြားတာ .. လက္စသတ္ေတာ့ Devilish တည္ေထာင္သူကိုး .. ေက်ာင္းေတြ ပ်က္တာ မဆန္းေတာ့ဘူး .. ငါ ေျခသလုံးႀကီးႀကီး ဖက္မိထားတာပဲ ...

'သူ႔မိဘေတြက Honkai ရဲ႕ အႀကီးဆုံးရွယ္ယာရွင္ေတြ'

'ဘာာာာာာာာာာာာာာာာာာာာ'

'ဒါေပမယ့္ သူက Devilish တည္ေထာင္ဖို႔ သူ႔ မိဘေတြနဲ႔ စကားမ်ားၿပီး အိမ္ေပၚက ဆင္းလာတာ ႏွစ္ႏွစ္ရွိၿပီ'

ဟုန္ေလ့ မ 'ဘာ' ႏိုင္ေတာ့ ၾကက္ေသေသသြားေတာ့သည္ ..

'ဒါဆို ခုDevilishက projectရင္းႏွီးေငြရဖို႔ အခက္အခဲတကယ္ ျဖစ္ေနတာလား'

'အဲ့လိုရယ္ေတာ့ မဟုတ္ဖူး ေငြရင္းခ်င္တဲ့သူေတြက ရွိတယ္ Honkai က လိုက္တားေနလို႔ ေငြရင္းမယ့္ သူေတြက မထည့္က်ေသးပဲ ေစာင့္ၾကည့္ေနတဲ့ သေဘာပဲ'

'အြန္း .. ငါဘာလုပ္ရမလဲဆိုတာ သိၿပီ'

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

Green Eye(complete) Από Lah Phan

Γενικό Φαντασίας

3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
කඩතොළු Από NirMad238

Γενικό Φαντασίας

11.7K 2.3K 68
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
127K 14.2K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...