AFFECTION-နှောင်ကြိုး(ေႏွာင္ႀ...

By ThetTantYoung

914K 88.7K 11.9K

Unicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါ‌လည်း အကွာအ‌ဝေး ၊ မိုင်ပေါင်းရာချီ ဖြ... More

အပိုင်း-၁ (Unicode)
အပိုင်း-၁ (Zawgyi)
အပိုင်း -၂ (Unicode)
အပိုင္း -၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင္း-၃ (Zawgyi)
အပိုင်း-၄ (Unicode)
အပိုင္း-၄ (Zawgyi)
အပိုင်း-၅ (Unicode)
အပိုင္း-၅ (Zawgyi)
အပိုင်း-၆ (Unicode)
အပိုင္း-၆ (Zawgyi)
အပိုင်း-၇ (Unicode)
အပိုင္း-၇ (Zawgyi)
အပိုင်း-၈ (Unicode)
အပိုင္း-၈ (Zawgyi)
အပိုင်း-၉(Unicode)
အပိုင္း-၉ (Zawgyi)
အပိုင်း-၁၀ (Unicode)
အပိုင္း-၁၀ (Zawgyi)
အပိုင်း-၁၁ (Unicode)
အပိုင္း-၁၁ (Zawgyi)
အပိုင်း-၁၂ (Unicode)
အပိုင္း-၁၂ (Zawgyi)
အပိုင်း-၁၃ (Unicode)
အပိုင္း-၁၃ (Zawgyi)
အပိုင်း-၁၄ (Unicode)
အပိုင္း-၁၄ (Zawgyi)
အပိုင်း-၁၅ (Unicode)
အပိုင္း-၁၅ (Zawgyi)
အပိုင်း-၁၆ (Unicode)
အပိုင္း-၁၆ (Zawgyi)
အပိုင်း-၁၇ (Unicode)
အပိုင္း-၁၇ (Zawgyi)
အပိုင်း -၁၈ (Unicode)
အပိုင္း -၁၈ (Zawgyi)
အပိုင်း-၁၉ (Unicode)
အပိုင္း-၁၉ (Zawgyi)
အပိုင်း-၂၀ (Unicode)
အပိုင္း-၂၀ (Zawgyi)
အပိုင်း-၂၁ (Unicode)
အပိုင္း-၂၁ (Zawgyi)
အပိုင်း-၂၂ (Unicode)
အပိုင္း-၂၂ (Zawgyi)
အပိုင်း-၂၃ (Unicode)
အပိုင္း-၂၃ (Zawgyi)
အပိုင်း-၂၄ (Unicode)
အပိုင္း-၂၄ (Zawgyi)
အပိုင်း-၂၅ (Unicode)
အပိုင္း-၂၅ (Zawgyi)
အပိုင်း-၂၆ (Unicode)
အပိုင္း-၂၆ (Zawgyi)
အပိုင်း-၂၇ (Unicode)
အပိုင္း-၂၇ (Zawgyi)
အပိုင်း-၂၈ (Unicode)
အပိုင်း-၂၈ (Zawgyi)
အပိုင်း-၂၉ (Zawgyi)
အပိုင်း-၂၉ (Unicode)
အပိုင်း-၃၀ (Unicode)
အပိုင္း-၃၀ (Zawgyi)
အပိုင်း-၃၁ (Unicode)
အပိုင္း-၃၁ (Zawgyi)
အပိုင်း- ၃၂ (Unicode)
အပိုင္း- ၃၂ (Zawgyi)
အပိုင်း-၃၃ (Unicode)
အပိုင္း-၃၃ (Zawgyi)
အပိုင်း-၃၄ (Unicode)
အပိုင္း-၃၄ (Zawgyi)
အပိုင်း-၃၅ (Unicode)
အပိုင္း-၃၅ (Zawgyi)
အပိုင်း-၃၆ (Unicode)
အပိုင္း-၃၆ (Zawgyi)
အပိုင်း-၃၇ (Unicode)
အပိုင္း-၃၇ (Zawgyi)
အပိုင်း-၃၈ (Unicode)
အပိုင္း-၃၈ (Zawgyi)
အပိုင်း-၃၉ (Unicode)
အပိုင္း-၃၉ (Zawgyi)
အပိုင်း-၄၀ (Unicode)
အပိုင္း-၄၀ (Zawgyi)
အပိုင်း-၄၁ (Unicode)
အပိုင္း-၄၁ (Zawgyi)
အပိုင်း-၄၂ (Unicode)
အပိုင္း-၄၂ (Zawgyi)
အပိုင်း-၄၃ (Unicode)
အပိုင္း-၄၃ (Zawgyi)
အပိုင်း-၄၄ (Unicode)
အပိုင္း-၄၄ (Zawgyi)
အပိုင်း-၄၅ (Unicode)
အပိုင်း-၄၅ (Zawgyi)
အပိုင်း-၄၆ (Zawgyi)
အပိုငျး-၄၇ (Unicode)
အပိုင်း-၄၇ (Zawgyi)
အပိုငျး-၄၈ (Unicode)
အပိုင်း-၄၈ (Zawgyi)
အပိုငျး-၄၉ (Unicode)
အပိုင်း-၄၉ (Zawgyi)
အပိုငျး-၅၀ (Unicode)
အပိုင်း-၅၀ (Zawgyi)
အပိုငျး-၅၁ (Unicode)
အပိုင်း-၅၁ (Zawgyi)
အပိုငျး-၅၂ (Unicode)
အပိုင်း-၅၂ (Zawgyi)
အပိုငျး-၅၃ (Unicode)
အပိုင်း-၅၃ (Zawgyi)
အပိုငျး-၅၄ (Unicode)
အပိုင်း-၅၄ (Zawgyi)
အပိုငျး-၅၅ (Unicode)
အပိုင်း-၅၅ (Zawgyi)
အပိုငျး-၅၆ (Unicode)
အပိုင်း-၅၆ (Zawgyi)
အပိုငျး-၅၇ (Unicode)
အပိုင်း-၅၇ (Zawgyi)
ကျေးဇူးတင်လွှာ (Unicode)
ေက်းဇူးတင္လႊာ (Zawgyi)
စာ-Unicode
စာ-Zawgyi
Announcement-Unicode
Announcement-Zawgyi
Promotion
Announcement for Book Version
Affection Book Preorder Post

အပိုင်း-၄၆ (Unicode)

6.9K 914 159
By ThetTantYoung


ဝေရှိရာ ဆေးရုံအခန်းလေးကို ရောက်သည်မှာ သုံးကြိမ်မကတော့သည့်တိုင် အခန်း၏အဲလ်ကွန်းလေသည် အေးစိမ့်စွာဖြင့် မင်းဉာဏ်ကို ကြိုဆိုလေမြဲ။ တံခါးတွန်းဖွင့်သံကို ကြားလိုက်လျှင် ကြားလိုက်လေချင်း ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ သူနာပြုဆရာမလေးသည် မင်းဉာဏ်ကိုမော့ကြည့်လေသည်။

"သြော်။ရှင်။ ကျွန်မကစောင့်တောင်နေတာ။"

"အင်း။ဝေအိပ်နေလား။"

"မအိပ်ဘူး။ ရှိတယ်။"

ဆရာမလေးသည် ဖတ်လက်စ စာအုပ်ကို ခေါက်သိမ်းပြီး မင်းဉာဏ်နှင့်အတူ အတွင်းခန်းထဲကို လိုက်ဝင်လေသည်။ ဝေရဲ့ အခန်းလေးသည် အရင်အကြိမ်တွေကလို မပြောင်းမလဲနှင့် တိတ်ဆိတ်ခြောက်ကပ်နေဆဲ။ ဝေ့မိသားစုဝင်တွေ လာမကြည့်ဘူးလားလို့ သူနာပြုဆရာမလေးကို မေးမိပေမယ့် မအားလို့ အရေးကြီးခွဲစိတ်မူလုပ်တဲ့ ရက်တို့ဘာတို့လောက်မှသာ လာသည်ဟု သိရသည်။ ဒါကြောင့်လည်း မင်းဉာဏ်လာတဲ့အချိန်တိုင်း မတွေ့တာဘဲ ဖြစ်လိမ့်မည်။

ဝေ့ပုံစံကလည်း အဲ့အပေါ်သိပ်ပြီး ခံစားချက်ရှိနေသည့်ပုံမပေါ်။ အခုလည်း ဝေသည် ကုတင်ပေါ်မှာထိုင်နေပြီး ပြတင်းပေါက်အပြင်ကိုသာ ခပ်ငေးငေးကြည့်နေလေသည်။ ဝေ့မျက်နှာထားသည် ပုံမှန်မျက်နှာသေနှင့်ပင်။

"ဝေ။"

မင်းဉာဏ်လှမ်းခေါ်လိုက်တော့ ဝေက မင်းဉာဏ်ကို လှည့်ကြည့်လာလေသည်။

"ရောက်လာပြန်ပြီလား။"

ဝေ့အသံက အရင်နှင့်မတူဘဲ အနည်းငယ် အက်ရှရှနှင့်။ ရောက်ရောက်ချင်းကို ဝေဟာ ရင်ဝကို ခြေထောက်နှင့် ဆောင့်ကန်လိုက်သလိုပင်။ ခွဲစိတ်မူအောင်မြင်ပြီး ဝေ စကားပြန်ပြောလာနိုင်တာဟာ ကောင်းတယ်လို့ ပြောလို့ရမလို၊ ဆိုးတယ်လို့ ပြောရမလို။ အရင်က မင်းဉာဏ်ရောက်လာလျှင် မျက်မှောင်ကုတ်ပြီးတော့သာ ကြည့်သည်။ အခုစကားပြန်ပြောနိုင်တော့ စကားနှင့်ပါ ဆန့်ကျင်သည်။

"စကားတွေ အဲ့လောက်အများကြီး မပြောပါနဲ့။ မောနေပါ့မယ်။ ကိုယ်ဝယ်လာတဲ့ ဆန်ပြုတ်လေး သောက်လိုက်ဦး။ အစားသေချာပြန်စားနိုင်ပြီ မဟုတ်လား။"

ဝေသည် မလှမ်းမကမ်းက သူနာပြုဆရာမလေးကို လှမ်းကြည့်လေသည်။ ဝေ့ရဲ့အခြေအနေမှန်သမျှကို ဝေမပြောဘဲ သိနိုင်ရန်မှာ ထိုသူနာပြုဆရာမလေးသာ ရှိနေလေသည်။ ထိုဆရာမလေးသည် ကိုယ်လေး တစ်ချက်တွန့်ရုံမှအပ သူလုပ်လက်စ အလုပ်ကိုစသာ ဆက်လုပ်လေသည်။ ဝေနားကနေ ထပြီး ထိုဆရာမလေးရှိရာကို ထွက်လာခဲ့မိသည်။ ဝေ့အတွက် ဆန်ပြုတ်ကိုလည်း ပြင်ပေးရင်းပေါ့။

"ဒါကဆရာမအတွက် ရန်ကုန်ကဝယ်လာတဲ့လက်ဆောင်။"

မင်းဉာဏ် တစ်ပါတည်း ယူလာခဲ့တဲ့ အထုပ်ကို ဆရာမလေးနားက စားပွဲပေါ်တင်ပေးလိုက်လေသည်။ ဆရာမလေးက တစ်ချက်မျှကြည့်ပြီး ကျစ်စ်ခနဲ စုတ်သပ်လေသည်။

"ကျွန်မက ရှင့်ကို သနားလို့ ကူညီတာပါရှင်။ အဲ့တာကို ကိုယ်တော်က အစကတည်းက ကြည်တာ မဟုတ်ဘူး။ လက်မခံပါရစေနဲ့။ တော်ကြာ ရှင့်ဆီက လာဘ်လာဘ မျှော်ကိုးပြီး ကူညီပါတယ်လို့ပါ ထင်သွားပါ့မယ်။"

စလင်းဘတ်အိတ်တစ်လုံးနှင့် ရန်ကုန်က ဝယ်လာတဲ့ မုန့်တချို့တို့သည် ဆရာမလေး ကူညီပေးထားတာတွေနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပါ။

"Messenger ကနေရှင်မေးတာ ဖြေပေးရတာလောက်ကတော့ ဘာမှလည်း ခက်ခဲပင်ပန်းတာလည်း မဟုတ်ဘဲနဲ့။ အဲ့အထုပ်ကြီး ပြန်ယူသွား။ ဒါရှင်ဝယ်လာတာလား။ သူခုနကမှ နေ့လည်စာစားထားတာဆိုတော့ ညနေလောက်မှဘဲ ကျွေးလိုက်တော့မယ်။ သွား။သွား။ လူနာနားဘဲသွားထိုင်နေ။"

အတင်းကို နှင်ထုတ်နေတာဖြစ်လို့ မင်းဉာဏ် သူနာပြုဆရာမလေးနားကနေ အသာလေး လစ်ထွက်လာမိသည်။ ဝေက သူ့ကုတင်နားကို တဖြည်းဖြည်း ကပ်လာတဲ့ မင်းဉာဏ်ကို တစ်ချက်မျှသာ ကြည့်ပြီး မျက်နှာပြန်လွှဲသွားလေသည်။

"မျက်နှာလေးတောင် ပြန်ပြည့်လာတာဘဲ။"

သွေးရောင်လွှမ်းနေပြီဖြစ်တဲ့ ဝေ့ပါးပြင်လေးတွေကို ငေးကြည့်ရင်း မင်းဉာဏ် ပြောမိသည်။ ခုနောက်ပိုင်း မင်းဉာဏ်လာတဲ့ အတောအတွင်း ဝေ့ရဲ့ ကျန်းမာရေး တိုးတက်လာမူအပေါ် မင်းဉာဏ် ကျေနပ်အားရဖြစ်နေမိသည်။

"မန္တလေးဆောင်းကအေးသားနော်။ အစ်ကို မနတ်ကအနွေးထည်မပါလာမိတာ စိမ့်နေတာဘဲ။"

မင်းဉာဏ်မှာ တစ်ယောက်တည်း စကားပြောနေရတာ အရူးကြီးနှယ်။ ဝေရဲ့ မျက်နှာလွှဲထားပုံသည် အပိုစကား ပြောလိုဟန်မရှိ။ စကားနည်းသော ဝေ့ကို မင်းဉာဏ်ကဘဲ ခွင့်လွှတ်ပေးရပါလိမ့်မည်။

ဝေပေါင်ပေါ်မှာ ဖတ်လက်စ စာအုပ်တစ်အုပ်ကိုတွေ့လိုက်ရသည်။ မင်းဉာဏ် ကြည့်လိုက်တော့ ဆရာမကြည်အေးရဲ့ မောင်၊ ကိုကိုနဲ့ မြနန္ဒာစာအုပ်။

"ဝေက စာဖတ်နေတာလား။"

"အင်း..။"

ဒီတစ်ကြိမ်တော့ ဝေထံမှ အသံခပ်တိုးတိုးက မင်းဉာဏ်ကို အားတက်သွားစေသည်။

"ကိုယ်ဖတ်ပြမယ်လေ။ ဝေမျက်စိညောင်းနေမယ်။ နားနားနေနေ နေစမ်းပါ။"

ဝေ့ပေါင်ပေါ်က စာအုပ်သည် မင်းဉာဏ်ရဲ့လက်ထဲ ရောက်သွားလေသည်။ ပြီးတော့ ဝေညှပ်ထားတဲ့ စာရွက်ခေါက်လေးကိုတွေ့တော့ မင်းဉာဏ်ပြုံးမိသည်။ စာအုပ်တွေကို ခေါက်တာ ချိုးတာ သဘောမကျတဲ့ ဝေ သည် သူ့စာရွက်တွေမှာ ဘွတ်ခ်မက်ခ်လေးတွေ ရှိစမြဲ။ အခုလည်း တွေ့ရာ စက္ကူစာရွက်စုတ်လေးနဲ့ အဖြစ်သဘောလောက်လုပ်ထားတဲ့ ဘွတ်ခ်မက်ခ်လေးကို တွေ့လိုက်ရလေသည်။

"ကိုယ်ဒီနေရာကနေ စဖတ်ပြရမလား။"

"ရှင်က လူနာကိုုစကားပြောရအောင် သိပ်လုပ်တာဘဲ။ သူအသံအရမ်းထွက်လို့မရပါဘူးဆိုနေမှ။"

ဒီတစ်ခါတွင်တော့ သူနာပြုဆရာမလေးက မင်းဉာဏ်ကို လှမ်းဟောက်လေပြီ။ ဟုတ်သားဘဲ။ ဝေက စကားသေချာမှပြောလို့မရသေးတာ။ ဒါဆိုစကားမပြောလိုတာ မဟုတ်ဘဲ မင်းဉာဏ်ကိုပြန်စကားပြောဖို့ အခွင့်မသာတာဘဲ လို့ သတ်မှတ်ရပေမည်။

မင်းဉာဏ်ပြုံးလိုက်မိပြီး စာဖတ်ပြဖို့ လုပ်လိုက်ပေမယ့် ဝေက ချက်ချင်းဘဲ ကုတင်ပေါ်လှဲအိပ်ချလိုက်ပြီး မင်းဉာဏ်နှင့် ဆန့်ကျင်ဘက်သို့ စောင်းလှဲချလိုက်လေသည်။ ထိုအမူအရာသည် မင်းဉာဏ်နှင့် စကားဆက်မပြောချင်သည့် အချိန်တိုင်း ဝေ လုပ်နေကျ အပြုအမူပင် ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်က မင်းဉာဏ်လာသည့်အခါတိုင်း ဝေသည် ထိုသို့ ပြုမူလေ့ရှိသည်။

စာအုပ်ကြီးကိုင်ပြီး ငိုင်ကျသွားတဲ့ မင်းဉာဏ်ကို သူနာပြုဆရာမလေးက သနားကရုဏာသက်နေတဲ့ မျက်ဝန်းတွေနှင့် လှမ်းကြည့်သည်။ ပြီးတော့ သက်ပြင်းရှိုက်ချသံတစ်ချက်နှင့်အတူ အနားကနေ ထွက်ခွာသွားတဲ့ သူနာပြုဆရာမလေးရဲ့ ခြေသံတွေ။

"ကိုယ်မှားခဲ့တာတွေ ကိုယ်သိပါတယ်..။"

တိတ်ဆိတ်နေတဲ့ အခန်းထဲတွင် ထို ခပ်တိုးတိုးအသံလေးတစ်ခုသာ လွင့်ပျံ့လာလေသည်။ ဝေသည် မင်းဉာဏ်ကိုကျောပေးထားလေဆဲ။ ဒါပေမယ့် ဝေနားထောင်နေမည်ဆိုတာကို မင်းဉာဏ်တပ်အပ်သိသည်။

"ကိုယ်ငယ်ငယ်က အရမ်းကို အတ္တကြီးခဲ့မိတယ်။ ဝေ့ကိုလည်း နာကျင်အောင်လုပ်ခဲ့မိတယ်။ ဒါပေမယ့် အဲ့တာတွေ အကုန်လုံးက ဝေ့ကိုချစ်လွန်းလို့ဖြစ်လာတာပါ။"

"ဒီနှစ်တွေထဲမှာ ကိုယ်အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးပြီ။ တခြားသူအပေါ် စိတ်လူပ်ရှားမိတာမျိုးရှိတယ်ဆိုရင်တောင် ဝေ့နေရာမှာ ကိုယ်ဘယ်သူ့ကိုမှ အစားထိုးလို့ မရခဲ့ဘူး။"

သုံးနာရီတိတိမလူပ်မယှက် ဝေ့နားတွင် ထိုင်နေပေမယ့် မင်းဉာဏ်ထံမှ ထွက်အံကျလာသမျှ စကားလုံးတို့သည် ထိုမျှလောက်သာ။

"ဝေနောက်သုံးရက်ဆို ဆေးရုံကနေ ဆင်းမယ်ဆိုတာ ကိုယ်သိပြီးသွားပါပြီ။ ဒီနေ့တစ်ကြိမ်တွေ့ဆုံခြင်းဟာ နောက်ဆုံးအကြိမ်မဟုတ်ဘူးလို့ ကိုယ်မျှော်လင့်ပါရစေ။"

ခပ်ဖွဖွလေးနင်းလျှောက်သွားတဲ့ ခြေသံသည် အနားကနေ ဝေးရာဆီသို့ ဦးတည်သွားလေသည်။ သူနာပြုဆရာမလေးကို နူတ်ဆက်လိုက်သံကိုလည်း ကြားလိုက်ရသည်။ ဝေလွှမ်းအိပ်ရာပေါ်မှာ အသာကုန်းထလိုက်မိသည့်အချိန်မှာတော့ ကိုမင်းဉာဏ်က အခန်းထဲကနေ ထွက်သွားပြီဖြစ်သည်။ တံခါးပြန်ပိတ်သံသည် လေတိုးသံနှင့်ထပ်တူညီမျှ တိုးသဲ့သဲ့မျှ။

ကန့်လန့်ကာကို ဆွဲဖယ်ရင်း ဝင်လာတဲ့ သူနာပြုဆရာမလေးသည် ကုတင်ပေါ်မှာ ငုတ်တုတ်ကြီးထထိုင်နေတဲ့ ဝေလွှမ်းကို မြင်လိုက်ရချိန်မှာ အနည်းငယ်မျှ လန့်သွားဟန်နှင့် ကိုယ်လေးက ဆတ်ခနဲ တုန်ခါသွားလေသည်။ ပြီးမှ ပြုံးရွှင်နေတဲ့ မျက်နှာလေးနှင့် ဝေလွှမ်းကို လှမ်းနူတ်ဆက်သည်။

"နိုးလာပြီလား။"

ဝေလွှမ်းခေါင်းကို ခပ်လေးလေး ညိမ့်ပြလိုက်လေသည်။

"ဒါဆိုခုနကလူ ယူလာတဲ့ ဆန်ပြုတ်ပြန်နွှေးပေးမယ်လေနော်။။ခဏလေးစောင့်။"

သူနာပြုဆရာမလေးသည် စားပွဲပေါ်က ဆန်ပြုတ်ထုတ်ကို ယူပြီး သွက်သွက်လက်လက်နှင့်ပင် မီးဖိုခန်းလို့ခေါ်ရမယ့် ကန့်ထားတဲ့ အခန်းလေး တစ်ခုတွင်းသို့ ဝင်သွားလေတော့သည်။ ဆရာမလေး ဝင်သွားတော့မှ ဘေးက စားပွဲလေးပေါ်ကို ဝေလွှမ်းအကြည့်ရောက်တော့သည်။ ထိုစားပွဲလေးပေါ်တွင်တော့ ဝေလွှမ်း ဖတ်လက်စ ဆရာမကြည်အေးရဲ့ ဝတ္ထုစာအုပ်အစိမ်းရောင်လေးက တင်ကျန်လျှက်ရှိသည်။

ဖျော့တော့နေတဲ့ လက်ချောင်းလေးတွေနှင့် ထိုစာအုပ်လေးကို လှမ်းယူလိုက်တော့ ဝေလွှမ်းရဲ့ လက်ထဲ ထိုစာအုပ်လေးကပါလာလေသည်။ ဝေလွှမ်းထည့်ညှပ်ထားတဲ့ စာရွက်ခေါက်လေးရဲ့ အရာအတိုင်း ဆွဲလှန်လိုက်တဲ့ အခါမှာတော့ ဝေလွှမ်းရဲ့ မျက်ဝန်းတွေ ၀ိုင်းစက်လို့သွားလေသည်။

လှန်လိုက်တဲ့ စာရွက်ရဲ့ အောက်ခြေလေးမှာ ကပ်ထားတဲ့ အသည်းပုံ စတစ်ကာလေး။ ထိုစတစ်ကာလေးကို လက်ချောင်းလေးတွေနဲ့ အသာအယာထိတွေ့လိုက်မိတော့ အနီရောင်အသည်းပုံလေးရဲ့ ဖောင်းကြွကြွအထိအတွေ့က ကပ်ညိပါလာလေသည်။

ဒီစတစ်ကာလေးတွေကို မရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ဆယ်နှစ်လောက်ပေါ့...အင်း။ ဆယ်နှစ်တောင် ကြာခဲ့ပြီ။

ကိုမင်းဉာဏ် ဝေလွှမ်းကို စပြီးဖွင့်ပြောတုန်းကလည်း ဒီလို စတစ်ကာလေးတွေကို ဝေလွှမ်းရဲ့ စာအုပ်အောက်ခြေတွေမှာ ကပ်ပေးခဲ့လေ့ရှိသည်။ ဒါက ဝေလွှမ်းနဲ့ ကိုမင်းဉာဏ်တို့ရဲ့ တစ်ခုတည်းသော အပြန်အလှန် အချိတ်အဆက် ပြုလုပ်တဲ့ သင်္ကေတပင်။

ရင်ခုန်စိတ်လူပ်ရှားစရာကောင်းခဲ့တဲ့ နေ့ရက်တွေကို ဝေလွှမ်း ပြန်ပြီး မြင်ယောင်လာမိသည်။ ခေါင်းကိုအသာအယာပုတ်ပေးတတ်တဲ့ လက်ဖဝါးပြင်ကျယ်ကြီးတွေ၊ ဝေလွှမ်းကို အမြဲဂရုတစိုက်နှင့် စောင့်ကြည့်နေတတ်တဲ့ နူးညံ့တဲ့ မျက်ဝန်းတွေ၊ ဝေလွှမ်းတောင်းဆိုတာတွေကို အမြဲလို ဖြည့်ဆည်းပေးခဲ့တာတွေ။

"ထောက်!"

လျှပ်စစ်မီးဖိုခလုတ်ကို နွေးပိတ်လိုက်တော့ ဆန်ပြုတ်အိုးထဲမှ တပွက်ပွက်မြည်သံတွေက တမဟုတ်ချင်း ငြိမ်းကျသွားလေသည်။ ပူပူလောလောဆန်ပြုတ်ကို ကြွေပန်းကန်ထဲသို့ လှယ်ထည့်ရင်း လက်နှင့် တစ်ချက် နှစ်ချက်မျှ ယပ်လိုက်မိသည်။ အရမ်းပူနေလျှင် စားနိုင်မှာ မဟုတ်လောက်ဟု နွေး တွေးမိသောကြောင့်ပင်။

"နည်းနည်းတော့ပူနေသေးတယ်.။ခဏတော့စောင့်ပြီးမှ..အဲ့.."

လက်နှစ်ဖက်ကမအားတာမို့ ကန်လန့်ကာ ကို ကိုယ်နှင့် တိုက်လိုက်ရင်း နွေး လူနာရှိရာအခန်းသို့ ဝင်လိုက်လေသည်။ သို့သော် သူ့ အာရုံနှင့် သူဖြစ်နေတဲ့ ဖြစ်နေသော ထိုလူသည် နွေးအသံပေးပြီး ဝင်လာတာကိုပင် သတိမထားမိပေ။ သူ့ကို အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုးလို့ ဆန်ပြုတ်ပန်းကန်ကို ဘေးကစားပွဲပေါ်ကိုသာ အသာချလိုက်မိတော့သည်။

စာအုပ်ထဲက တနေရာကို ငုံ့ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက ရွှန်းလဲ့လို့နေသည်။ ဘယ်ဘက်ပါးပြင်ပေါ်တွင် ခွက်ခွက်ကလေး ထင်းနေအောင် မြင်ရတဲ့ ပါးချိုင့်ကလေးကို မြင်တော့ နွေး ကြောင်ငေးမိလို့သွားသည်။

ဒီလူပြုံးလိုက်လျှင် ဒီလောက်ထိလှမယ်လို့ ဘယ်တုန်းကမှ နွေးမတွေးမိခဲ့ဖူးပေ။

"အန်တီချောဆီကတော့ သတင်းတော့ရတယ်။ သားငယ်ရေ။ ဝေလွှမ်းကျန်းကျန်းမာမာဘဲတဲ့။ အခုဆေးရုံကတောင်ဆင်းလာပြီး အိမ်မှာ ပြန်နေပြီတဲ့။"

ကြီးငယ်သည် ဧည့်ခန်းထဲက ပန်းအိုးထဲတွင် ပန်းတွေကို အလှဆင်နေရင်း လွှမ်းအကြောင်းကို မမောနိုင်မပန်းနိုင်ပြောနေလျှက်ရှိလေသည်။ ထက်မာန်ဦးကတော့ ဧည့်ခန်းထဲမှာထိုင်ရင်း နားထောင်သူသပ်သပ်သာ။

"သူ့ကိုဖုန်းဘယ်တော့ကိုင်နိုင်မလဲလို့ မေးပေးစမ်းပါ။"

"အဟင်း။ သားငယ်ကဖုန်းပြောချင်လို့လား။ ဒီတစ်ခါ သားငယ်မေမေ အန်တီချောနဲ့ ဖုန်းပြောရင် ကြီးငယ် ဝေလွှမ်းကိုဖုန်းပေးဖို့ ပြောပေးပါ့မယ်။"

"အဲ့လိုမှဆိုရင်လည်း ပြောမနေပါနဲ့တော့။ "

ထက်မာန်ဦး စူပုပ်ပုပ်နှင့်ပြောလိုက်မိသည်။ ကလေးတွေလည်း မဟုတ်တော့ဘူး။ ဘာလဲ။ သူ့အခြေအနေကခုထိ ဖုန်းတောင်မပြောနိုင်သေးတာလား။ စကားပြောနိုင်ပြီဆိုရင် ဖုန်းတော့ ပြောနိုင်သင့်ပါပြီ။ ထက်မာန်ဦးဖုန်းနံပါတ်လေးကို နှိပ်ပြီး ခေါ်ရမှာ ဘာပင်ပန်းမှာမို့လဲ။ ဆိုရှယ်လ်မီဒီယာကလည်း ဒီတစ်သက် မသုံးတော့ဘူးလား။ ဒါမှမဟုတ် ထက်မာန်ဦးကို မန္တလေးထိ မလာလာအောင် ဉာဏ်ဆင်နေတာလား။

"သားငယ်နဲ့ အန်တီချောနဲ့က မန္တလေးသွားတုန်းက တစ်ခုခု ဖြစ်လာခဲ့လို့လား။"ကြီးငယ်က အရိပ်အကဲကို အကဲခတ်တတ်သူပီပီ ထက်မာန်ဦးမျက်နှာကို တစ်ချက်ကြည့်လိုက်တာနှင့် ဗိုက်ထဲ အူထဲ ဘယ်နှခွေရှိနေလဲဆိုတာ တန်းပြောနိုင်သူပင်။

"အာ။မဟုတ်ပါဘူး။ကြီးငယ်ကလည်း။"

ထက်မာန်ဦး ကပြာကယာနှင့် ငြင်းလိုက်ရသည်။ အလကားနေရင်း မေမေတို့၊ ကြီးငယ်တို့ကို အန်တီချောနှင့် ဆက်ဆံရခက်တာမျိုး မဖြစ်စေချင်ပါ။ ဒီကိစ္စက ထက်မာန်ဦးနှင့် အန်တီချောတို့ကြားထဲက ကိစ္စလေ။

"အင်း။ကြီးငယ်က စိတ်ပူလို့ပါ။မဟုတ်ရင်လည်း ပြီးတာပါဘဲ။"

ကြီးငယ်သည် ပြောရင်းနှင့် ပန်းအိုးထဲ ပန်းတွေထိုးထည့်နေခြင်းကို လတ်စသတ်လိုက်သည်။ပြီးတော့ ပန်းအိုးကို ဖင်တပြန် ခေါင်းတပြန် ဟိုလှည့် ဒီလှည့်နှင့်ကြည့်နေပြီး သူပန်းအလှဆင်တာ အဆင်ပြေ မပြေ ကြည့်နေလေသည်။

"ဒါနဲ့ လွှမ်း တပ်ထဲကထွက်မယ့်ကိစ္စကရော ဘာထူးလဲ။"

"အင်း။ ဆေးပင်စင်နဲ့ အငြိမ်းစားပေးလိုက်ပြီလို့ ပြောတယ်။"

ထက်မာန်ဦး မျက်နှာကြီး ပြုံးဖြီးသွားတာများ ပါးစပ်က နားရွက်သို့ တက်ချိတ်တော့မတတ်ပင်။ ထက်မာန်ဦးမျက်နှာကို ကြီးငယ်က တစ်ချက်လှည့်ကြည့်ပြီး ခေါင်းကိုခပ်လေးလေး ခါရမ်းလေသည်။ သို့သော် ကြီးငယ်လည်း ပြုံးနေတာကိုကြည့်ခြင်းအားဖြင့် ကြီးငယ်လည်း ထက်မာန်ဦးနှင့်ထပ်တူ ဝမ်းသာနေမည်ဆိုတာ သေချာပါသည်။

"သြော်။ မမ။ မမရေ။ ဒီနေ့ဘုရားသွားမလား။"

ကြီးငယ်သည် အခန်းထဲက ထွက်လာတဲ့ မေမေ့ကို လှမ်းပြောလေသည်။ ထက်မာန်ဦးကတော့ ဘာသိဘာသာဘဲ နေပစ်လိုက်လေသည်။ ကြီးငယ်နှင့် စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ပြီးသွားပြီဖြစ်ပေမယ့် မေမေနှင့်ကတော့ ခုထိ ပြေလည်မူမရနိုင်သေး။

မာနကြီးသော မေမေကလည်း ထက်မာန်ဦးကို စကားစလာမပြောသလို ထက်မာန်ဦးကလည်း မပြောပါ။ ထက်မာန်ဦးကလည်း ဘယ်သူ့သားမို့လို့လဲ။ ဒေါ်ခင်ဝေရဲ့ သားဘဲလေ။ မေမေ့ ခြေရာကိုတထေရာတည်းကို လိုက်နင်းသည်။

"သားငယ်။ဒီနေ့ အားတယ်မဟုတ်လား။ကြီးငယ်တို့ကို ဘုရားလိုက်ပို့ပေး။"

လုပ်ပြီ။ကြီးငယ်ကတော့။ ထက်မာန်ဦးနဲ့ မေမေ့ကို မရရတဲ့ နည်းနဲ့ စေ့စပ်ညှိနိူင်းပေးဖို့ ဂွင်ဖန်နေပြန်ပြီ။ စိတ်ပေါက်ပေါက်နဲ့ အခုချက်ချင်း အလုပ်ရှိတယ်လို့ ထွက်သွားလိုက်ရ။

"မသွားတော့ပါဘူး။ ညီမလေးရယ်။ ခေါင်းနည်းနည်းကိုက်ချင်သလို ဖြစ်နေသလို့။"

မေမေသည် ထက်မာန်ဦးကိုဘဲ ရှောင်ချင်လို့လား။ တကယ်ဘဲ ခေါင်းကိုက်နေသလားပင်။ ထက်မာန်ဦး ဘာသိဘာသာနေရင်း မေမေနှင့် ကြီးငယ်အပြန်အလှန် ပြောနေတာတွေကိုသာ နားစွင့်နေမိသည်။

"သွေးတက်နေတာ ထင်တယ်။ နေ့လည်က ဒံပေါက်တွေသွားစားလိုက်တာကိုး။ ညီမလေး သွေးပေါင်ချိန်ပေးမယ်လေ။"

"ရတယ်။ရတယ်။ ချိန်ပြီးပြီ။ အရမ်းကြီးတက်တာလည်း မဟုတ်ပါဘူး။ သွေးထိန်းဆေးတော့ သောက်လိုက်တယ်။"

ခုနောက်ပိုင်း မေမေ့ကျန်းမာရေး သိပ်မကောင်းတာကို ထက်မာန်ဦး သိနေတာ ကြာပါပြီ။ အခုလည်း မေမေသည် နွမ်းလျလျနှင့် အခန်းထဲကို ပြန်ပြီးဝင်သွားပြန်လေသည်။

"ကဲ။သားငယ်။နင်တို့ သားအမိက ဘယ်တော့မှ ပြန်တည့်မှာလဲ။"

ကြီးငယ်သည် ပြောရင်း တဆက်တည်း ထက်မာန်ဦးရဲ့ လက်မောင်းကို ဖြောင်းခနဲ ခပ်ဆတ်ဆတ်လေး ရိုက်ထည့်လိုက်တာမို့ ထက်မာန်ဦး တွန့်ခနဲ ဖြစ်သွားသည်။ ထက်မာန်ဦး လှည့်ကြည့်တော့ ကြီးငယ်က ထက်မာန်ဦးကို မျက်စောင်းနှင့် ပြန်ကြည့်သည်။

"မသိဘူး။"

ထက်မာန်ဦးရဲ့ နူတ်ခမ်းကလည်း အလိုအလျောက် စူသွားတော့သည်။ ဟုတ်ကိုမဟုတ်သေးပါဘူး။ တသက်လုံးလည်း ထက်မာန်ဦးဘဲ အလျှော့ပေးခဲ့ရတယ်။ အခုလည်း ထက်မာန်ဦးကဘဲ အလျှော့ပေးပြီး စချော့ရမယ်ဆိုတာ နည်းနည်းမှကို မဟုတ်သေးပါဘူး။

"တော်ပြီ။ အပြင်ထွက်တော့မယ်။"

ထက်မာန်ဦး ထိုင်နေရာမှ ထရပ်လိုက်ရင်း ပြောလိုက်မိသည်။ ဧည့်ခန်းတံခါးနားက ကားသော့ကိုလက်လှမ်းနေပြီဖြစ်တဲ့ ထက်မာန်ဦးကို ကြီးငယ်က နောက်ကနေ လှမ်းမေးလေသည်။

"ကောင်မလေးနဲ့ သွားတွေ့မလို့လား။"

"ကြီးငယ်ကလည်းဗျာ။ အပြင်ထွက်မယ်ဆိုတိုင်း ကောင်မလေးနဲ့ဘဲ တွေ့မယ်ထင်နေတာဘဲ။"

ငယ်ငယ်ကတည်းက မေမေ့ထက် ကြီးငယ်နှင့်သာ အနေနီးခဲ့တာမို့ ထက်မာန်ဦးရဲ့ ရည်းစားသညာကိစ္စတွေကိုလည်း ကြီးငယ်ကသာသိသည်။ မေမေကတော့ သိလားမသိလား မသိ။ ကြီးငယ်ကတော့ ပြောပြရင် ပြောပြထားမှာပေါ့။ မေမေက ထက်မာန်ဦးကို ထိုရည်းစားထားတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ အထွေအထူး တစ်ခါမှ မပြောဖူးပေ။

"အမယ်လေးတော်။ ဒီတိုင်းမေးကြည့်တာပါ။ နင့်ဒီပုံစံနဲ့ ကောင်မလေးနဲ့ ချိန်းထားတာ မဟုတ်မှန်းလည်းတွေးမိပါရဲ့။"

ကြီးငယ်ပြောမှ ထက်မာန်ဦး ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိသည်။ အောက်က အိမ်နေရင်း Short pants အပြာရောင်တစ်ထည်နှင့် အပေါ်က တီရှပ်အကျႌကိုသာ ဝတ်ထားတဲ့ ထက်မာန်ဦး ပူံစံက အရမ်းကို မိမိုက်နေမှာသေချာသည်။ ယောကျင်္ားလေးဘဲ။ တော်ပြီပေါ့။ ဒီလောက်ဆို။ ရည်းစားနဲ့ သွားတွေ့မှာမှမဟုတ်ဘဲ။

"မငယ်တော့ဘူးနော်။ ယောကျင်္ားလေးဆိုတိုင်း ရည်းစားက ထည်လဲတွဲနေတာမဟုတ်သေးဘူး။ အခုတွဲနေတဲ့ တစ်ယောက်က ကြာပြီမဟုတ်လား။ အဆင်ပြေတယ်ဆို အိမ်လေးဘာလေး ခေါ်လာပြကြည့်ဦး။ ကြီးငယ်တို့ အကဲခတ်မလို့။"

အိမ်လေးနဲ့ ရည်းစား သက်တမ်း နှစ်နှစ်နီးပါးဖြစ်လာတဲ့အပေါ်ကို ကြီးငယ်က ရည်ရွယ်ပြီး ပြောနေခြင်း ဖြစ်မှန်းထက်မာန်ဦး သိသည်။ အဆင်ပြေတယ်ဆိုတာ ထက်မာန်ဦးအတွက်ဘဲ ပြေတာ။ အိမ်လေးရဲ့ ရှပ်တိရှပ်ပြာစရိုက်တွေက ကြီးငယ်သည်းခံနိုင်လျှင်တောင် မေမေနဲ့တော့ လုံးဝ အဆင်မပြေနိုင်မှန်းသိသည်။ ထက်မာန်ဦး ချစ်စရာလေးလို့ ယူဆထားတဲ့ အိမ်လေးရဲ့ ပေါ့တီးပေါ့ပျက် အပြုအမူတွေဟာ မေမေ့ရဲ့ စည်းကမ်းတွေနှင့် ထိပ်တိုက်တွေ့လျှင် နှစ်ယောက်ထဲက တစ်ယောက်ကို ထက်မာန်ဦး တာ့တာ ပြရပေလိမ့်မည်။

"ပေးစားမှာ မသေချာရင် မခေါ်ပြဘူး။"

"တယ်။ဒီကောင်လေး။"

ထက်မာန်ဦး ဇက်လေးပုပြီး အိမ်ထဲကနေ အပြင်ကို လှစ်ခနဲ ထွက်ပြေးလေသည်။ ကြီးငယ်ကတော့ ဧည့်ခန်းထဲမယ် စိတ်တွေတိုပြီး ကျန်ရစ်လေတော့သည်။ ထက်မာန်ဦး ခပ်မြူးမြူးလေးနှင့် သီချင်းလေးညည်းလျှက်မှ မြေနီထပ်ကားပါကင်သို့ တိုက်ရိုက်ဆင်းလိုက်သည်။ ကားပါကင်ကို ရောက်တော့ ထက်မာန်ဦးကိုစောင့်နေတဲ့ အချစ်ဆုံးအဖြူရောင်လေး။ ကားသော့ကို တစ်ချက်ဖိနှိပ်လိုက်တော့ ထိုအချစ်ကလေးက အသံနှစ်ချက်မျှ ပေးပြီး ထက်မာန်ဦးကို ကြိုဆိုသည်။

"ပေါင်မုန့်ဝယ်ရမယ်။ ပေါင်မုန့်။ ပေါင်မုန့်။"

ထက်မာန်ဦး ပါးစပ်က တိုးတိုး တိုးတိုး နှင့် ရေရွတ်လိုက်လေရင်း ကားထဲကို ဝင်ထိုင်လိုက်သည်။ ခါးပတ်ကို အရင်ဆုံးလွယ်လိုက်ပြီး ကားပါကင်ထဲကနေ ထွက်လိုက်သည်။ ကားထဲက Blue Tooth ကို ဖုန်းနှင့် Join လိုက်ပြီး သီချင်းဖွင့်လိုက်တော့ Justin Bieber ရဲ့ I'm the one သီချင်းက ကားလေးထဲ လွင့်ပျံ့လာလေသည်။

ဒီနေ့ လွှမ်းတပ်က အငြိမ်းစား.ယူလိုက်ပြီဆိုတာ ကြားလိုက်ရလို့လားမသိဘူး။ထက်မာန်ဦး အလိုလိုနေရင်းကို စိတ်ကပျော်နေလေသည်မှာ သီချင်းကိုပင် လိုက်ဆိုနေမိပြီး ကိုယ်ကိုပါ သီချင်း သံစဉ်နှင့်အညီ အသာလူပ်ယမ်းနေမိသည်။

"I'm the one yeah..Oh-Eh-Oh-Eh.."

ထက်မာန်ဦးရဲ့ ကားအဖြူရောင်လေးသည် မြန်မာပလာဇာရှိရာ ပြည်လမ်းကို ဦးတည်လျှက်ရှိလေသည်။ မြန်မာပလာဇာရောက်တော့ ကားပါကင်တွင် ကားထိုးရပ်ပြီး ထက်မာန်ဦး Bread Talk ရှိရာသို့ တန်းသွားလိုက်သည်။ စိတ်ကြိုက်ပေါင်မုန့်တွေကို ရွေးချယ်ဝယ်ယူပြီးသည့်အချိန်မှာပင် ကံဆိုးသလား၊ ကံကောင်းသလား မပြောတတ်။ ဆိုင်ထဲကို ဝင်လာတဲ့ ကိုမင်းဉာဏ်နှင့် တန်းပြီးတိုးလေတော့သည်။

ထက်မာန်ဦးကို ရုတ်တရက် တွေ့လိုက်ရသည့် ကိုမင်းဉာဏ်သည် ပျော်သွားလေသလား၊ အံ့သြသွားလေသလား၊ ထိတ်လန့်သွားလေသလား ဝေခွဲရခက်တဲ့ မျက်နှာအမူအရာကို ပြုသည်။


"အာ။ကိုမင်းဉာဏ်။ပေါင်မုန့် လာဝယ်တာလား။"

တည့်ကြီး မျက်နှာချင်းဆိုင်မိတာမို့ မကောင်းတတ်လို့ ထက်မာန်ဦးမှာ လှမ်းသာနူတ်ဆက်လိုက်ရသည်။ တစ်နေကုန် ပျော်နေသမျှလေးသည် သူ့မျက်နှာမြင်ရုံမျှဖြင့် ပြဿဒါးရက်အသွင်သို့ ကူးပြောင်းသွားရသည်။

"ကိုယ်က ဝယ်ပြီးပြီ။ ထီးမေ့ကျန်ခဲ့လို့ လာပြန်ယူတာ။"

"သြော်။"

ထက်မာန်ဦး ထိုမျှသာတုံ့ပြန်လိုက်မိချိန် ကိုမင်းဉာဏ်သည် ထက်မာန်ဦးကိုယ်လုံးကို စေ့ငုံသုံးသပ်နေသည်ကို သတိထားလိုက်မိသည်။ ထက်မာန်ဦး ငုံ့ကြည့်လိုက်မိတော့ ..

သေစမ်း။ မြန်မာပလာဇာမှာ ပေါင်မုန့်ဝယ်ရုံလောက်ဘဲဆိုပြီး အိမ်နေရင်း ဖြစ်ကတတ်ဆန်းဝတ်ချလာမိတာ။ ကိုမင်းဉာဏ်ကတော့ ဘောင်းဘီရှည်နှင့် အပေါ်က စပို့ှရှပ်လက်ရှည်ကိုလက်ခေါက်တင်ပြီး သန့်လို့ပြန့်လို့ပင်။ ဘယ်ချိန်ကြည့်ကြည့် ကျော့မော့နေတာဘဲ။ Discrimination လုပ်တာမဟုတ်ပေမယ့် ဂေးတွေဟာ တော်တော်ကို သန့်သန့်ပြန့်ပြန့် နေတတ်ပုံရတယ်။ မိုးဝေဆိုလည်း အမြဲ ရေမွှေးနံ့တထောင်းထောင်းနဲ့ သပ်သပ်ရပ်ရပ်ဘဲ။

"အခုဒီကပြန်ရင် လုပ်စရာအထွေအထူးရှိသေးလား။"

"အဲ့လိုတော့ မရှိပါဘူး။"

"ကိုယ် တစ်ခုခုကျွေးမယ်လို့ ပြောထားတာလေ။ အဲ့တာ အခုကြုံတုန်းလေး ကိုယ်ဆိုင်တဆိုင်ဆိုင်မှာ Treatချင်လို့ပါ။"

ထက်မာန်ဦး ငြင်းဖို့စဉ်းစားလိုက်မိပေမယ့်လည်း ကိုမင်းဉာဏ်ရဲ့ စကားတစ်ခွန်းက ထက်မာန်ဦးရဲ့ အတွေးကို ဖျောက်ပျက်လိုက်လေသည်။

"ဝေနဲ့ပတ်သက်ပြီး ကိုယ် ပြောစရာလေးလည်း ရှိတာနဲ့။"

မြန်မာပလာဇာ အပြင်ဘက်က စားပွဲတစ်လုံးမှာဘဲ ထက်မာန်ဦးနှင့် ကိုမင်းဉာဏ်လည်း ဝင်ထိုင်လိုက်သည်။ ညနေတောင် မစောင်းသေးတာက တကြောင်း၊ ကိုမင်းဉာဏ်ကလည်း မသောက်တတ်ဘူးဆိုတာနဲ့ဘဲ ထက်မာန်ဦးတို့ ကော်ဖီဆိုင်ကိုပင် ရွေးချယ်လိုက်သည်။ မြန်မာပလာဇာအပြင်ဘက်ဖြစ်တဲ့ အပြင် အင်းယားကန်စောင်းဖြစ်တာမို့ လေကတဖြူးဖြူးနှင့်။

"ဘာမှာဦးမလဲ။"

"ရတယ်။ ကျွန်တော်က ကော်ဖီတစ်ခွက်ဘဲ။"

ထက်မာန်ဦး ဖြေလိုက်တော့ ကိုမင်းဉာဏ်သည် ဘာမှထွေထွေထူးထူးမပြောဘဲ မီနူးကတ်ကိုသာ ငုံ့ကြည့်နေလေသည်။ အဲ့လက်တဝါးစာလောက်သာ ရှိတဲ့ မီနူးကတ်ကို ကြည့်နေသည်မှာ တစ်နာရီလောက်ကြာသည်ဟု ထက်မာန်ဦး ခံစားနေရသည်။ ထက်မာန်ဦးအတွက်ကတော့ သူကျွေးတာစားဖို့ထက် သူပြောမယ့်စကားကို ပိုစိတ်ဝင်စားနေတာမို့ စိတ်ကိုရှည်အောင်ဆွဲဆန့်ထားရသည်။

"အင်း။ဒီလောက်ဘဲ။ညီလေး။"

နောက်ဆုံးတော့ ကိုမင်းဉာဏ်မှာတာက ပြီးသွားလေတော့သည်။

"ဘာပြောမလို့လဲ။ပြောလေ။"

ခပ်လောလောနှင့်မေးမိကာမှ ထက်မာန်ဦး နောင်တရမိတော့သည်။ ထက်မာန်ဦးရဲ့ ပုံစံက ဒီလူဘာပြောမလဲဆိုတာ သိပ်ကို သိချင်နေတဲ့ပုံစံမျိုး ပြမိသွားလေပြီ။ ကိုမင်းဉာဏ်ရဲ့ တစ်ချက်အကဲခတ်သလို မျက်လုံးပင့်ကြည့်လာတာကို မျက်နှာလွှဲပြီး မသိချင်ယောင်သာ ဆောင်မိလိုက်သည်။

"တခြားတော့ မဟုတ်ပါဘူး။ ကိုယ်တို့အရင်ကအကြောင်းပါ။ပြန်ပြောရမှာ မျက်နှာပူပေမယ့်.."

မျက်နှာပူတယ်ဆိုရင် ပြန်ပြောမနေနဲ့လေ။ ထက်မာန်ဦး စိတ်အချဉ်ပေါက်လှစွာနှင့် တွေးမိသည်။

"ဘာဘဲ ဖြစ်ဖြစ်စိတ်ရှင်းရှင်းဖြစ်သွားချင်လို့လေ။ ကိုယ်အဲ့တုန်းက ကလေးဆန်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။"

"ကျွန်တော့်အပေါ်လုပ်ခဲ့တာအတွက် တောင်းပန်ချင်တာဆိုရင်တော့ တကယ်ကိုမလိုဘူးနော်။ အဲ့တုန်းက ကိစ္စကို ဘယ်လိုမှကိုမနေဘူး။"

စကားလုံးတွေကို တန်ဆာဆင်ပြီး ဝေ့လည်ကြောင်ပတ်ပြောနေတာမျိုးကို ထက်မာန်ဦး သဘောမကျပါ။ အဲ့တုန်းက ဖြစ်ခဲ့ပျက်ခဲ့တဲ့ အလုံးစုံသော ကိစ္စသည် ကိုမင်းဉာဏ်ရဲ့ မျက်နှာကို ပြန်မတွေ့မချင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အထိ ကိုမင်းဉာဏ်ကို ထက်မာန်ဦး စိတ်ထဲမှာ ရှိကိုမရှိပါ။

ကိုမင်းဉာဏ်က ထက်မာန်ဦးရဲ့ တည့်တိုးဆန်လှသော စကားကြောင့် မျက်နှာလေးအောက်ချပြီး ပြုံးရုံမျှပြုံးသည်။ အဲ့လို သူတော်ကောင်းဆန်တဲ့ မျက်နှာဖုံးမျိုးကို တပ်ထားလို့ ထက်မာန်ဦး အလျှော့ပေးဖို့လည်း မရှိပါ။ တွေ့တုန်းကြုံတုန်းလေး ထက်မာန်ဦး ပြောချင်တာလေးတော့ ပြောလိုက်မှကို ဖြစ်မည်။

"ဒါပေမယ့် လွှမ်းအပေါ်လုပ်ခဲ့တာကိုတော့ ကျွန်တော်ကတောင်းပန်ရုံလောက်နဲ့ မေ့လိုက်မှာ မဟုတ်ဘူး။"

ထက်မာန်ဦး အတတ်နိုင်ဆုံး အသံကို ငြိမ်အောင်ထားပြီး ကိုမင်းဉာဏ်ကို ပြောလိုက်မိသည်။


"ဝေနဲ့ပတ်သက်ပြီး ကိုယ်ကအရင်ကထက် ပိုဂရုစိုက်ပေးမှာပါ။ မင်းတကူးတက စိတ်ပူပေးစရာမလိုပါဘူး။"

တိုးတိတ်လှစွာသော ထိုအသံသည် ထက်မာန်ဦးရဲ့ စိတ်ကို ဦးတည်တိုက်ခိုက်သည်။ အင်းယားကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်အေးသည် ထက်မာန်ဦးရဲ့ စိတ်နှလုံး အဝဝကို ငြိမ်သက်နေစေရန် ထပ်မံပြီး မစွမ်းသာတော့ပေ။

"ဘာ။ နေပါဦး။ ခင်ဗျားက ဘာမို့လို့ ဒီစကားမျိုးထွက်လာရတာလဲ။"

ထိုင်နေရာမှ ထမရပ်ရုံတမယ် ထက်မာန်ဦး ဝရုန်းသုန်းကားဖြစ်သွားလေသည်။ ကိုမင်းဉာဏ်သည် သူ့ရှေ့က ကော်ဖီခွက်လေးထဲ သိကြားတစ်ခဲ ထည့်ကာ မွှေနေလျှက်ပင်။

"လွှမ်းနဲ့ ခင်ဗျားက ဘာဆိုင်လို့ ကျွန်တော့်ကို အဲ့လိုပြောရတာလဲ။"

"ဘယ်မေးခွန်းကို ကိုယ်အရင်ဖြေပေးရမလဲ။"

ကိုမင်းဉာဏ်ရဲ့ အတိုင်းထက်အလွန် အိန္ဒြေရနေတဲ့ပုံစံသည် ထက်မာန်ဦးရဲ့ ဒေါသမီးကို လေနှင့်ပင့်လေသည့်နှယ်။ သူတည်ငြိမ်နေသလောက် ပူလောင်နေတဲ့သူသည် ထက်မာန်ဦးသာ ဖြစ်နေသည်ဟုသော အသိက ထက်မာန်ဦးရဲ့ ထိန်းချုပ်နိုင်စွမ်းကို တစထက်တစ ၀ါးမြိုပစ်သည်။

"လွှမ်းနဲ့ဘာဆိုင်လို့လဲဆို ကိုယ်နဲ့လွှမ်းနဲ့က အခန့်မသင့်လို့ ဝေးသွားရတာကလွဲရင် ဘယ်တုန်းကမှ လမ်းမခွဲခဲ့ပါဘူး။"

ထိုလူသည် အင်မတန် နူးညံ့လှစွာသော အသံအေးအေးနှင့် တစ်ဖက်သားကို အောက်ဆုံးထိ ပလုံးပထွေး ပြုတ်ကျသွားတဲ့အထိ ဘယ်လိုရိုက်ချပစ်လိုက်ရမလဲဆိုတာ သေချာနားလည်ထားတဲ့ပုံပင်။ ထိုစကားလုံးတွေသည် ထက်မာန်ဦးရဲ့ ရင်ထဲ လေမုန်တိုင်းတစ်ခု ဝင်သွားသလို မွှေနှောက်လို့သွားလေသည်။

ထက်မာန်ဦး အတန်ကြာထိ ဘာစကားမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားမိတော့သည်။ ကြိုသိနေခဲ့တာတောင်၊ ကြိုပြီး ခန့်မှန်းခဲ့မိတာတောင်၊ ကြိုပြီးတွေးထားခဲ့တာတောင်၊ ထက်မာန်ဦး ထိုစကားကို ခံနိုင်ရည်လုံးဝမရှိခဲ့။ ထက်မာန်ဦး ထိုင်ခုံမှာ ငြိမ်သက်နေလိုက်လျှက် အသက်ကို တစ်ချက် ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။

"ကိုယ်ကတကယ်တော့ မင်းနဲ့ပြေရာပြေကြောင်း ပြောဖို့ပါ။ ဒါပေမယ့် မထင်မှတ်ဘဲ ဒီလိုအခြေအနေတွေဖြစ်သွားတယ်။"

ကိုမင်းဉာဏ်သည်လည်း မုန်ယိုနေတဲ့ ဆင်ငယ်တစ်ကောင်အသွင်ပေါက်နေတဲ့ ထက်မာန်ဦးနှင့် စကားဆက်ပြောလိုစိတ်မရှိတော့။ တကယ်လည်း ကိုမင်းဉာဏ် ထက်မာန်ဦးရဲ့ လွတ်ရာ ကျွတ်ရာကို မြန်မြန်ထွက်သွားတာက သူ့အတွက်ပိုကောင်းလိမ့်မည်။

"ကိုယ်ရှင်းသွားပေးတယ်နော်။"

ထက်မာန်ဦး တစ်ယောက်တည်း စားပွဲပေါ် လက်ထောက်လျှက် ခေါင်းငိုက်စိုက်အနေအထားနှင့် တစ်ယောက်တည်းကျန်ရစ်ခဲ့လေတော့သည်။ လေတဖြူးုဖြူးသည် ခပ်ကြမ်းကြမ်းတိုက်ခိုက်နေဆဲ။ .......................................................................................................................................(A/N)

အခုနောက်ပိုင်း မန့်တွေကို Reply မပြန်မိရင် စိတ်မခုစေချင်ဘူး။ တန့်တန့် အပ်ပုဒိတ်ကို အလျှင်မီအောင် ရိုက်နေရလို့ပါ။ နောက်မှ အကုန်စုပြီး ပြန်ပေးပါ့မယ်လေနော်။ ဇော်ဂျီဆို ပိုဆိုးတယ်။ ပြန်ချင်ရင် နှစ်ခါဆင့်ပြန်နေရတာနဲ့ မပြန်ဖြစ်တာပါ။ စာမပြန်ဖြစ်ပေမယ့် ဇော်ဂျီရော ယူနီကုတ်ရော မန့်တွေကို အမြဲ ဖတ်ပါတယ်။ မန့်တွေက တန့်ရဲ့ Motivation မို့လို့ပါ။ ><

ဒီသာသာက Vote ထက် Comment ကို ပိုမက်ပါတယ်နော်။ ခုနောက်ပိုင်း တတ်နိုင်သလောက် အမြန်ဆုံး အပ်ပေးဖို့ စိတ်ကူးထားပါတယ်။ တန့်တန့် စာလုံးပေါင်းမှားတာ ဘာညာဆိုရင်လည်း အားနာစရာမလိုဘဲ လာပြောလို့ရပါတယ်။ ပြန်တော့ စစ်ပေမယ့် တခါတလေ ကိုယ်တိုင်က မသိလိုက်တာရော၊ မျက်စိလျှမ်းတာရော ရှိလို့ပါ။ မှားနေတဲ့အောက်မှာ မန့်ပေးသွားရင် တန့်တန့်အတွက်ပိုအဆင်ပြေပါတယ်။ (စာဖတ်သူတွေကို ညာခိုင်းပြီး စာစစ်ခိုင်းသောမိမိ)

Continue Reading

You'll Also Like

1.1M 75.1K 79
ဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးေ...
1M 88.5K 43
အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက်အမုန်းရှိနိုင်သေးတယ်။ မြတ်နိုးခြင်းမှာတော့ ဆန့်ကျင်ဘက်ဝေါဟာရမရှိဘူး ဆိုပါလျှင်... အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက...
608K 37.7K 111
(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းကရော ဆုံနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔