MY ONLY ONE (completed)

By Myuekhoe

1.8M 107K 1.3K

မင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌 More

Part-1
Part-2
Part-3
Part-4
Part-5
Part-1(Uni)
Part-2(Uni)
Part-3(Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Please!
Please!
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Part-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Extra-1
Extra-1(Uni)
Extra(2)
Extra-2(Uni)
Extra-3
Extra-3(Uni)

Part-6

21.6K 976 16
By Myuekhoe

"မြေး ပြည့်လျှံ...အဆင်ပြေရဲ့လား.."

အန်ပြီးထွက်လာတဲ့အသေးလေးကို...အဖိုးက မေးလိုက်တယ်...

"ဟုတ်...အဆင်ပြေပါတယ် အဖိုး.."

"ဘာတွေစားခဲ့လို့ အန်တာလဲ?..."

"စားခဲ့လို့မဟုတ်ပါဘူး အဖိုး...
ကား...."

"ဟုတ်ပါတယ်...
ဖိုးဖိုး...သူဟိုမှာတုန်းက အစားတွေအကြိုက်စားခဲ့တာ....
ကျွန်တော်ကသိပ်မစားနဲ့လို့ ပြောလည်းမရဘူး..
အဲ့တာကြောင့် အန်တာလေ..."

အသေးလေးက ကျွန်တော်ကားဘယ်လိုမောင်းခဲ့တယ်ဆိုတာကို ပြောတော့မလို့ဟာကို...ကျွန်တော်လည်း အမြန်ဝင်ပြောလိုက်တယ်...။ ကျွန်တော်ဝင်ပြောလိုက်တော့...ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ အသေးလေးကို ကျွန်တော်လည်းပြန်စိုက်ကြည့်ပေးလိုက်တယ်...။

"အဖိုး...သား သွားနားလိုက်ပါဦးမယ်...
ညနေစာမစားတော့ဘူး အဖိုး...
သား အန်ချင်နေလို့..."

"အေးအေး...အစာကြေဆေးလေး သောက်ထား..."

"ဟုတ်....အဖိုး..."

ဖိုးဖိုးကိုနှုတ်ဆက်ပြီး အပေါ်တက်သွားတဲ့အသေးလေးကိုကြည့်ရတာ...သနားတော့သနားပါတယ်...အားမရှိသလိုပဲ...

..........................

ကျွန်တော် ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတုန်း...အိမ်ရှေ့က ကားဟွန်းတီးသံ ကြားရတယ်...ဦးပုကလည်း ဘယ်ရောက်နေလဲ မသိဘူး ..ကိုယ့်ဘာသာပဲ သွားဖွင့်ပေးလိုက်တယ်..

တံခါးဖွင့်ပေးလိုက်တော့...ခြံထဲကို တစ်ရှိန်ထို့မောင်းသွားတဲ့ ကား...အိမ်ရှေ့ရောက်တော့ ရပ်သွားတယ်...။ ကျွန်တော်လည်း ခြံတံခါးကိုပြန်ပိတ်ပြီး...ကျန်သေးတဲ့ပန်းပင်တွေကို ရေလောင်းနေလိုက်တယ်...။

"ဟေ့....ဒီမှာ...ရွှတ်ရွှတ်..."

ဘေးနားကနေ တစ်ယောက်ယောက်ခေါ်သံကိုကြားရလို့ လှည့်ကြည့်လိုက်တော့...ကျွန်တော့်ကို လက်ယက်လှမ်းခေါ်နေတဲ့ ခပ်လှလှအမျိုးသမီးတစ်ယောက် ဝတ်ထားတာကလည်း..အနီရောင်ဂါဝန်အတိုနဲ့..ရင်ဘက်ကလည်း ဟိုက်လို့...အမြင်မတော်စရာတွေ...

သူလှမ်းနေတာ ရွှတ်ရွှတ်လေ...ကျွန်တော်နာမည်ရွှတ်ရွှတ်မှ မဟုတ်တာ...ကျွန်တော်လည်း သူ့ကိုဆက်ကြည့်မနေဘဲ..ပန်းပင်တွေကိုသာ ရေဆက်လောင်းနေလိုက်တယ်...

"ဟေ့...ဒီမှာ မင်းကိုခေါ်နေတာမကြာဘူးလား...ဘယ်လိုအလုပ်သမားလဲ မသိဘူး...
နောင်တစ်ချိန် ငါက ဒီအိမ်ရဲ့အရှင်သခင်မ ဖြစ်လာမှာဟဲ့..."

"ခင်ဗျားဘာသာ အရှင်သခင်မဖြစ်ဖြစ်...အသေသခင်မဖြစ်ဖြစ် ကျွန်တော်စိတ်မဝင်စားဘူး..."

"ဘာပြောတယ်...မင်းအလုပ်ပြုတ်သွားချင်လို့လား..."

"ကျွန်တော်အလုပ်ပြုတ်တာ မပြုတ်တာ...ဒီကအမနဲ့ ဘာမှမဆိုင်ဘူးထင်တယ်.."

"ဘာ!!..."

ထိုအချိန် ခြံရှေ့ကနေ ဟွန်းတီးလာတဲ့ကားတစ်စီး...ဒီတစ်ခါတော့ ဦးပုက ဘယ်ကထွက်လာလဲမသိဘူး..ခြံတံခါးကို ဖွင့်ပေးတယ်..။

ကားလည်းအိမ်ရှေ့ရောက်ရော...ခုနကအမျိုးသမီးက အပြေးသွားကာ ကားနားကိုရပ်နေတယ်...။ ကားပေါ်ကနေ ကိုဘုန်းဆင်းလာပြီး..ခုနအမျိုးသမီးနဲ့ ပွေ့ဖက်နေကြတယ်...။ အိမ်ရှေ့ကြီးမှာတော့ အမြင်မတော်တာတွေမလုပ်သင့်ပါဘူး..။

ကျွန်တော်လည်း...ရေဆက်မလောင်းနေတော့ဘဲ အိမ်ထဲသာဝင်ခဲ့လိုက်တယ်..။ ကိုဘုန်းတို့၂ယောက်ကတော့...ခြံထဲက ခုံတန်းမှာ သွားထိုင်နေကြတယ်...။

ကျွန်တော်အိမ်ထဲရောက်ရောက်ချင်း...ခုံတန်းကို တန်းမြင်နေရတဲ့ ပြတင်းပေါက်ကနေ ချောင်းနေလိုက်တယ်..။

"အမယ်လေး....လွန်းပြည့်လျှံ မင်းမကြည့်နဲ့...
ရှက်စရာကြီး..."

ကျွန်တော်မြင်လိုက်ရတာတော့...ခုံပေါ်မှာထိုင်နေတဲ့ ကိုဘုန်းတို့၂ယောက်ကနမ်းနေကြတယ်...။ နမ်းတာတောင် ရိုးရိုးနမ်းတာမဟုတ်ဘူး..တစ်ယောက်နှုတ်ခမ်းတစ်ယောက်စုပ်နေတာ..တွေးရင်းနဲ့တောင် ကြက်သီးထတယ်...
ကျွန်တော်ဆို ပါးတောင်မနမ်းဖူးဘူး..

"ပြည့်လျှံ...မြေး..ဘာကြည့်နေတာလဲ?..."

"အမယ်လေး..."

"ဘာဖြစ်လို့လဲ?မြေးရဲ့..."ဆိုပြီး..အဖိုးက ကျွန်တော်ချောင်းနေတဲ့နေရာကို ကြည့်ဖို့လာတော့..အဖိုးလက်ကို ချိတ်လိုက်ပြီး...

"ဘာမှမဟုတ်ဘူး အဖိုး...
မကြည့်ပါနဲ့ အဖိုး..
သားနဲ့ဧည့်ခန်းထဲ သွားထိုင်မယ်နော်.."

အဖိုးလက်ကို မဆွဲရုံတမယ် ချိတ်လာကာ...ဧည့်ခန်းထဲမှာ ထိုင်နေလိုက်တယ်...။ ကိုဘုန်းတို့အတွဲကလည်း..နမ်းလို့ဝ အဲ...စကားတွေပြောပြီးပြီဆိုတော့...ဧည့်ခန်းထဲ ဝင်လာတယ်..။

"ဖိုးဖိုး...ကျွန်တော်မိတ်ဆက်ပေးရဦးမယ်...
ဒါ ကျွန်တော့်ချစ်သူ ငွေရတီလင်း တဲ့...ရ
ရတီ ဒါ ကိုယ့်ဖိုးဖိုး..."

"တွေ့ရတာ ဝမ်းသာပါတယ် ဖိုးဖိုး.."

"အင်း...
အဖိုးသမ်ီးကို တစ်ခုပြောချင်တယ်...နောက်တစ်ခါ ဒီအိမ်ကိုလာမယ်ဆို လုံလုံခြုံခြုံဝတ်လာပါ...
ဘာလို့ဆို အိမ်မှာက ယောက်ျားသားတွေချည်းပဲရယ်...အမြင်မတင့်တယ်ဘူးသမီး.."

"ဖိုးဖိုး!..."

"ဟုတ်ကဲ့...
ဘုန်း...ရတီပြန်မယ်...အိမ်ရှေ့လိုက်ပို့..."

"အင်း..."

ကိုဘုန်းနဲ့မရတီတို့ အပြင်ထွက်သွားတော့...

"အဖိုးရယ်...ဘာလို့အဲ့လိုပြောလိုက်တာလဲ?..
အားနာစရာကြီး.."

"အို...အဖိုးက အမှန်ပြောတာပဲကို...
အဖိုးသူ့ကို ကြည့်လို့မရဘူး ဝင်လာထဲက...
ဒီမိန်းကလေးဟာ...ဘယ်လိုနည်းနဲ့မှ ထွန်းတောက်ဇနီး ဖြစ်လာမှာမဟုတ်ဘူး..."

"အဖိုးရယ်....ကိုဘုန်းကြားသွားပါဦးမယ်.."

"ကြားကြားပေါ့..."

ထိုအချိန် ကိုဘုန်းလည်းအထဲပြန်ဝင်လာတယ်..

"ဖိုးဖိုး...ရတီ့ကို ဘယ်လိုပြောလိုက်တာလဲ?..
အားနာစရာကြီး...
ရတီက နိုင်ငံခြားမှာ နေခဲ့တာလေ...ဒီလိုမျိုးတွေဝတ်တာ မဆန်းပါဘူး..."

"မင်းမဆန်းပေးမဲ့ ငါဆန်းတယ်....
ယောက်ျားလေးတွေနေတဲ့အိမ်ကို ဒီလိုမျိုးဝတ်လာသင့်လားဆိုတာ သူသိသင့်တာပေါ့..."

"ဘဲာဖြစ်ဖြစ် ရတီက ကျွန်တော်နဲ့ လက်ထပ်မယ့်အမျိုးသမီး...
ဖိုးဖိုးနောက်တစ်ခါ ဒီလိုမဆက်ဆံပါနဲ့..." လို့ပြောပြီး...ကိုဘုန်းက အပေါ်တက်သွားတယ်...

"ထွန်းတောက်ဘုန်း!...မင်း!...
အဲ့လိုကိစ္စမျိုး လုံးဝမဖြစ်စေရဘူးကွ..." ဆိုပြီး အဖိုးကလည်း အောက်ကနေ အပေါ်ကို အော်ပြောပြီး ဒေါသတွေထွက်နေတယ်..

"အဖိုးရယ်...စိတ်လျှော့ပါ..."

"သူပြောသွားတာ ကြားတယ်မလား ပြည့်လျှံ...
ဒီကောင် အဖိုးကိုပြန်ခံပြောသွားတာ...
ဘုန်းထွဋ်ခေါင်တဲ့ကွ...
ငါဖြစ်စေချင်တာကို မရရအောင်လုပ်မှာ..."

"တော်ပါတော့ အဖိုးရယ်...
စိတ်လျှော့ပါ..."

အဖိုးအတွက်ရေအမြန်ခပ်ပေးပြီး..သောက်စေကာ..ဒေါသကိုပြေစေပြီး..အဖိုးအခန်းထဲကို တွဲပို့ပေးပြီး...ကျွန်တော်လည်း ကျွန်တော့်အခန်းကိုသာ ပြန်လာခဲ့လိုက်တယ်...

*ဟူး.....ကိုဘုန်းဒေါသကြီးတာကလည်း အဖိုးနဲ့တူတာဖြစ်မယ်...
ဒါပေမဲ့ အဖိုးက ကိုဘုန်းလို အကျင့်မပုပ်ဘူး..*

.........................

    ဒီနေ့ကျွန်တော့်ကို ဥက္ကဌရာထူးလွှဲပေးမယ့်နေ့...ကျွန်တော်အရမ်းပျော်တာပေါ့...အဖိုးနဲ့ကျွန်တော်က အမြဲရန်ဖြစ်တတ်ပေးမဲ့ စကားမပြောလည်း တစ်ရက်ပိုပြီး မကြာတတ်ပါဘူး...။

ကျွန်တော့်ကိုလွှဲပြောင်းပေးမယ့်ပွဲကို အဖိုးက ခြံထဲမှာ ကျင်းပစေတယ်...။ နောက်ဆုံးတော့ ကျွန်တော်အဖြစ်ချင်ဆုံးနေ့ကို ရောက်လာခဲ့ပြီ..။

ကျွန်တော်ခြံထဲရောက်တော့...ဧည့်သည်တွေကို လိုက်နှုတ်ဆက်ကာ...ဝိုင်းတစ်ဝိုင်းရောက်တော့ ပုဆိုးအကွက်နဲ့ လည်ကတုံးခဲရောင်နဲ့ အသေးလေးက ချထားတဲ့မုန့်တွေကိုစားနေတယ်..။ ဒီလိုပွဲမျိုးတောင်ဒီလိုဝတ်တဲ့အသေးလေးကို မပြောချင်တော့ဘူး..။စားနေတာမှ အကြိုက်.. ဘယ်လောက်စားစား ဝလည်းမဝလာဘူး...။
ကျွန်တော်လည်း အဖိုးနဲ့မင်းမြတ်တို့နားသွားကာ..သွားထိုင်နေလိုက်တယ်...။

"ဘုန်း..."

"သြော်...ရတီ...လာမှလာပါ့မလားလို့..."

"လာမှာပေါ့ ဘုန်းရဲ့...
ဘုန်းရဲ့ပွဲပဲဟာ...
ဒါ ရတီ့ဖေဖေလေ...Lynn ကုမ္ပဏီပိုင်ရှင်.."

"သြော်...ဟုတ်ကဲ့...
တွေ့ရတာဝမ်းသာပါတယ် အန်ကယ်..."

"အန်ကယ်ကလည်း တွေ့ရတာ ဝမ်းသာပါတယ်...အန်ကယ် ဦးဘုန်ထွဋ်ခေါင်နဲ့စကားသွားပြောမလို့ ခွင့်ပြုပါဦးနော်..."

"ဟုတ်ကဲ့ အန်ကယ်...
ရတီ...လာ...ထိုင်..."

"ဟုတ်...ဘုန်း..."

ခနကြာတော့...ဖိုးဖိုးက လွှဲပြောင်းပေးပြီးတဲ့အကြောင်းပြောပြီးတော့...ကျွန်တော်လည်းစကားအနည်းအငယ်ပြောပြီး...ကျွန်တော်တို့လည်း ဝိုင်တွေသောက်ကြတယ်...။

"မင်းမြတ်...အဖိုး မှာထားတာ အဆင်သင့်ဖြစ်ပြီလား..."

"ဟုတ်ကဲ့ အဖိုး..."

"အဲ့တာဆို အဲ့တာကိုထွန်းတောက်ကို တိုက်လိုက်တော့..."

"ဟုတ်ကဲ့ အဖိုး..."

"ပြည့်လျှံကိုတော့...မြေးဘာသာ ကြည့်လုပ်လိုက်..."

"ဟုတ်...အဖိုး..."

အဖိုးခိုင်းလို့သာလုပ်ရတာ...ထွန်းတောက်ကိုကြောက်တယ်...သူမသိပါစေနဲ့လို့ ဆုတောင်းရင်း...သူသောက်မဲ့ ခွက်ထဲကို စိတ်ကြွဆေးထည့်လိုက်တယ်...။ ပြည့်လျှံကိုကြည့်လိုက်တော့လည်း...သူကကိုယ်တိုင်တိုက်စရာတောင်မလိုဘူး မှောက်နေပြီ...
ကျွန်တော်လည်း ပြည့်လျှံကို အခန်းထဲအရင်ပို့လိုက်ပြီး..ဆေးစွမ်းပြနေတဲ့ထွန်းတောက်ကငွေရတီလင်းကို ရီဝေနေတဲ့အကြည့်နဲ့ကြည့်နေတာကြောင့် အမြန်ဆွဲခေါ်ခဲ့ကာ...အခန်းထဲကို ထည့်လိုက်တယ်...။

*ကျွန်တော်ဘာမှမသိပါဘူး...အကုန် အဖိုးခိုင်းတာပါ...*

Continue Reading

You'll Also Like

221K 36.6K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
260K 27.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...