ဟုန်လေ့ ရုတ်တရက် မှင်သက်နေမိသည်။
ဒါဘယ်လို အခြေအနေကြီးလဲ။
အသားချင်းမထိပေမယ့် ရင်ခွင်ထဲရောက်နေသော ပုံစံကြီးကြောင့် ကိုယ်ကို ကျုံ့ပြီး အလိုလို အသက်ရှူအောင့်မိသွားသည်။ ထိုလူက ထပ်ပြီး mouse နဲ့ keyboard ကို လက်တဖက်တည်း အသုံးပြု၍
"Honkai က ခိုင်မာတဲ့ အိမ် ခြံ မြေ စျေးကွက်ကို ဦးဆောင်နေပြီး သူ့လက်အောက်မှာ Entertainment ကုမ္ပဏီနှစ်ခု ရုပ်သံလိုင်းတချို့နဲ့ Fashion Brand 5ခု ရှိတယ်။ သူ့ဆီမှာ ရင်းနှီးမြှပ်နှံတာက မင်းလုံးဝမရှုံးနိုင်ဘူး .. "
ဟုန်လေ့ မှင်သက်နေရာမှ ကျုံ့ကျုံ့လေး ငုံ့ထိုင်ပြီး ကွန်ပျူတာကို ပြန်ကြည့်သည်။ ထိုသူပြတဲ့ အချက်အလက်တွေကို စစ်လိုက်သည် ..
ထိုသူကပဲ ဆက်ပြီး
"Devilish မှာ လုပ်လတ်စ project အများကြီးရှိတယ် တက်လမ်းရှိတယ်ဆိုပေမယ့် လောလောဆယ် သူအောင်မြင်နေတာက 3D နည်းပညာလေး တစ်ခုတည်း။ ပြီးတော့ သူ့ရဲ့ နည်းပညာက ခုမှ စမ်းခါစပဲ ရှိသေးတယ်။ ဘယ်လောက်ထိ အောင်မြင်နိုင်မယ်ဆိုတာ မပြောတတ်သေးဘူး။ နည်းပညာအသိုင်းအဝိုင်းရဲ့ စကားအရ သူတို့ 3D ကို စပြီးမိတ်ဆက်ခဲ့ပေမယ့် နောက်ထပ် Product တွေ ထုတ်ဖို့ လုံလောက်တဲ့ နည်းပညာမရှိပဲ တန့်နေတယ်။ ဘဏ္ဍာရေးအခက်အခဲလည်း ရှိနေတယ် ကြားတယ် "
"ဟုတ်တယ် ဒါပေမယ့် ကျနော်ထင်တာက Devilish က မကြာခင်မှာ တခြားသော ရှယ်ယာတွေထက်ပိုပြီး စျေးတက်သွားပြီ။ အမြင့်ဆုံးကိုရောက်လိမ့်မယ်လို့ ထင်တယ်။ ကျနော့ ငွေက အရမ်းနည်းနေတယ် ငြိမ်နေတဲ့ လုပ်ငန်းကို ထည့်လိုက်ရင် အကျိုးအမြတ်က သာမာန်ပဲ။ လှိုင်းလို ထိုးတက်သွားမယ့် လုပ်ငန်း တခုကို ကျနော် ပိုပြီး စိတ်ဝင်စားတယ်။ ROI များတာကိုပဲ လောင်းကြေးထပ်ချင်တယ်" (ROI = return on investment)
ထိုလူက ဟုန်လေ့ပေါ်က အုပ်မိုးနေရာမှ ဘေးမှ ထိုင်ခုံတခုကို ဆွဲထိုင်ကာ ဟုန်လေ့ထိုင်နေတဲ့ခုံကိုလည်း သူ့ဘက်ဆွဲလှည့်လိုက်ပြီး အရောင်တောက်နေတဲ့ မျက်လုံးများနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။
ဟ .. အသာလုပ်ပါဟ ..
"မင်း ဘာလို့ ဒီလို ထင်တာလဲ။ Devillish က ထိုးတက်သွားလိမ့်မယ်လို့ ဘာလို့ ထင်တာလဲ"
ဟုန်လေ့က အနည်းငယ် တွန့်ဆုတ်ဟန်ဖြင့် ရှိပေမယ့် ရှေ့ကလူကို ယုံကြည်လို့ရတယ်လို့ ခံစားမိတာကြောင့်
"အဲ့ဒီ လုပ်လတ်စဆိုတဲ့ project တွေ အားလုံးကို ကျနော်ကြည့်ပြီးပြီ ။ တစ်ခုနဲ့ တခုက ချိတ်ဆက်နေတယ် ။ ပြီးတော့ သူတို့က တန့်နေတာ လုံးဝမဟုတ်နိုင်ဘူး။ တရှိန်ထိုးထွက်လာဖို့ အုတ်မြစ်ကို ခိုင်အောင် တည်ဆောက်နေတာလို့ ကျနော်မြင်တယ်။ အချိန်တော့ နည်းနည်းပေးရလိမ့်မယ်"
ငါဘာလို့ ဒီလူကို ဒီအချက်အလက်တွေ ပြောပြနေမိတာလဲ။ ဒီလူက ငါ့ဦးနှောက်ဖောက်စားသွားရင် ဘယ်လိုလုပ်မလဲ။ ဒီမျက်လုံးတွေကရော ဘာလို့ အရောင်တွေ တဖြတ်ဖြတ်တောက်နေရတာလဲ။
"လူတိုင်း လူတိုင်းက Devilish က Project တွေက မအောင်မြင်လာဘူးလို့ ထင်နေကြတာကို မင်းက ဘာလို့ အကောင်းမြင်နေရတာလဲ"
"Devilish က Project တွေက မအောင်မြင်နိုင်တာမျိုး မဟုတ်ဖူး။ အလှမ်းဝေးလွန်းလို့သာ လူတွေက မဖြစ်နိုင်ဘူးထင်ပြီး အထင်မကြီးကြတာပါ။ ဒါပေမယ့် သူတို့ တကယ်သာ လိုအပ်နေတဲ့ Resources တွေရရင် အချိန်အနည်းငယ်အတွင်း မထင်မှတ်စရာကောင်းလောက်အောင် ထိပ်ဆုံးထိ ရောက်မယ်လို့ ကျနော် ခန့်မှန်းတယ်။ ကျနော့် မေဂျာက Advanced physics မို့ နည်းပညာနဲ့ ပက်သက်ပြီး နည်းနည်းသိတယ်။ သူတို့ projectsတွေက မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲ ဖြစ်နိုင်တယ်"
ဟုတ်တယ် သူ့ရဲ့ အရင်ကမ္ဘာက အသိတွေအရ ဒါတွေက သူလုပ်ခဲ့တာတွေ။ ချက်ချင်းလက်ငင်း ထပြီး အောင်မြင်သွားလို့။ သူတောင် အိမ်တဆောင် မီးတပြောင်နဲ့ နေနိုင်ခဲ့တယ်လေ။ ဒါတောင် အောင်မြင်ခါစလေးမှာတင် ကားတိုက်သေခဲ့လို့ မဟုတ်ရင် ဒီ့ထက် ဇိမ်နဲ့ နေရတော့မှာ..။
ထိုလူက ထိုင်ရာအကောင်းကို ဝုန်းကခနဲ ထလာက သူ့ကို ပြေးဖက်သည်။ ခုံကလည်း နောက်ပြန်လန်ကာ လဲကျသွားသည်မို့ ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်သွားသည်။
ဟ .. ဘာ ထဖြစ်တာလဲ။
ဟုန်လေ့ခဗျာ ရုတ်တရက်မို့ မရှောင်လိုက်နိုင် အတူလဲကျသွားသည်။
"အာ ဆောရီး ငါအရမ်း စိတ်လှုပ်ရှားသွားလို့။ မင်းနာမည် ဘယ်လိုခေါ်လဲ ငါ့နာမည် ရန်ကျင့် (Yang Jing) ငါမင်းကို လိုက်ပြစရာရှိတယ်။ ထ သွားစို့ "
ထိုသူက ချက်ချင်းပဲ ထပြီး လက်တဖက်ကမ်းပေးသည်။ စာကြည့်တိုက်မှုးက တချက်လှမ်းကြည့်တော့ ဟုန်လေ့က ပါးစပ်လှုပ်ရုံ တောင်းပန်ပါတယ်ဆိုပြီး အားနာဟန်နဲ့ လက်ဟန်လုပ်ပြလိုက်ရသည်။
ပြီးမှ ကမ်းပေးသောလက်ကို ပုတ်ချကာ မတ်တပ်ရပ်လိုက်သည် .. မျက်မှောင်ကြုတ်လျှက်
"ငါ့နာမည် ဟုန်လေ့။ ဒါပေမယ့် ဒီနေ့ မအားဘူး .. လုပ်စရာရှိတယ်"
"လေ့ နောက်နေ့မှ လုပ်ကွာ ငါမင်းကို လိုက်ပြစရာရှိတယ် မင်းနောင်တမရစေရဘူးလို့ အာမခံတယ် "
"ငါတကယ် မအားဘူး မင်းနောက်လိုက်ရအောင်လည်း မင်းနဲ့မရင်းနှီးဘူး .. ငါ့ကိုလည်း လေ့လို့မခေါ်နဲ့"
"......"
ထို့နောက် ရန်ကျင့် မျက်မှောင်ကြုတ်ကာ ဆူပုတ်နေသည်။ ဟုန်လေ့ ရယ်ချင်သွားသည်။ ဒီလိုချောပြီး သန်မာတဲ့လူတယောက်မှာ ဒီလိုကလေးဆန်တဲ့ အကျင့်စရိုက်လေး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ လှေကားမှာ တွေ့တုန်းကကျ တလောကလုံးကပဲ သူ့ကိုကြွေနေတဲ့ရုပ်နဲ့ မာန်တက်နေပြီးတော့။
စဉ်းစားရင်း သူ ထ ဖက်လိုက်လို့ ခုံနောက်ပြန်လန်ကျ နာသွားတာကို ပြန်သတိရပြီး ဒေါသက ထွက်လာသည် .. သူ့အသားနာတာ သူတကယ်မကြိုက်သူဖြစ်သည်။ နှုတ်ခမ်း တချက်မဲလိုက်ကာ
.. ဟွန့် .. ဖက်လားရမ်းလားနဲ့
ရန်ကျင့် အကူအညီမဲ့နေတဲ့ ခွေးပေါက်လေးရုပ် ချက်ချင်းလုပ်လိုက်ပြီး ..
"လေ့ .. အဲ့တာဆို မင်းဘာလုပ်စရာရှိတာလဲ။
ဒီလိုလုပ်ပါလား။ မင်းဒီနေ့ လုပ်မယ့်ဟာတွေ ငါကူလုပ်ပေးမယ်။ မင်းလည်း ငါ့အကြောင်း ကြိုက်တာမေး ငါအကုန်ဖြေပေးမယ်။ ဒါဆိုငါတို့ ရင်းနှီးသွားပြီယူဆလို့ရပြီမလား။ နက်ဖန်တော့ ငါခေါ်တဲ့နေရာကို တချက်လိုက်ခဲ့ပေးလေ။ ရမလား .. "
ဟုန်လေ့ တချက် စဉ်းစားလိုက်သည်။ ဒီလူက အကျင့်ယုတ်မယ့် လက္ခဏာတော့ မရှိ။ ဘာပဲဖြစ်ဖြစ် သူလည်း အပေါင်းအသင်းရှိဖို့ လိုသည်။ ဒီလောကထဲမှာ တယောက်တည်း မနေချင်။ အရင်ဘဝလည်း တယောက်တည်း .. ခုလည်း တယောက်တည်းဆို နေရတာ အဓိပ္ပါယ်မဲ့လှသည်။ တခုခုဆို ကူဖော်လောင်ဖက် ရတာပေါ့။ အရင်ဟုန်လေ့ကလည်း အိမ်နဲ့ကျောင်းကလွဲလို့ ဘယ်မှ မရောက်ဖူးဘူးလေ .. ။
"အိုခေ .. Deal "
"မင်း ဘာလုပ်စရာတွေ ရှိတာလဲ "
"ငါ shopping ထွက်ရမှာ "
"ဘာတွေ ဝယ်မှာလဲ"
"ပန်းချီပစ္စည်းတချို့ရယ် .. ဖုန်းတလုံးနဲ့ အဝတ်အစားနည်းနည်း စားစရာနည်းနည်း"
"အာ .. ဘာများလဲလို့ကွာ နှစ်နာရီတောင် မကြာဘူး အဲ့ကိစ္စများ .. လာခုသွားမယ် "
"...... "
"ငါ နောက်ဆုံးစာသင်ချိန် တချိန်တော့ ပြန်တက်ချင်သေးတယ်"
"ရတယ် ရတယ် မှီတယ် .. "
ပိုင်စိုးပိုင်နင်း လက်ဆွဲပြီး ကျောင်းရှေ့သို့ ဦးဆောင် ထွက်သွားလေသည်။ ဟုန်လေ့ ကိုင်ထားသောလက်ကို ရုန်းပေမယ့် ပိုတင်းကြပ်လာသောလက်ကြောင့် ကူကယ်ရမဲ့စွာ ခေါင်းခါရင်း .. ဒီလူ တဇွတ်ထိုးပါလား။ ကျောင်းပေါက်ရောက်တော့ ရန်ကျင့်က ကျောင်းစောင့်ကို လက်ပြလိုက်သည်။ ကျောင်းစောင့်က ခေါင်းငြိမ့်ပြသည်။
"မင်းဒီမှာ ခဏစောင့် "
ဘာလား။ ဟုန်လေ့က နံရံက ကျော်တက်ရတော့မလားလို့ ပြင်နေတာလေ။ သူကတော့ လက်တချက်ပြရုံနဲ့ ကျောင်းကထွက်လို့ ရသွားတယ်လား။ ခေါင်းထဲမှာ Question mark တွေ ပေါ်လာသည်။ ထိုစဉ် သူ့ရှေ့မှာ ကားတစီးထိုးရပ်သွားသည်။ အံဩမှုက လိုက်မမှီတော့ .. မောင်းလာတဲ့သူက ရန်ကျင့် .. ။
"မင်းလိုင်စင်ကော ရှိလို့လား" သူတောင် 17ကျော်ရုံလေး ရှိသေးတာလေ။
"စိတ်မပူနဲ့ ငါက အသက်ပြည့်ပြီ။ လိုင်စင်က မနှစ်ကတည်းက ရပြီးသား"
ဟမ် အဲ့တာဆို ငါ့ထက် နှစ်နှစ်ကြီးတာပေါ့။ Final Year ထင်တယ်။ ကားထဲဝင်ထိုင်လိုက်ပေမယ့် .. စဉ်းစားနေတာမို့ သတိလက်လွတ်ဖြစ်နေသော သူ့ကို ..
"လေ့ .. မင်း ဒီလို စိုက်ကြည့်နေရင် ငါတကယ် မမောင်းတတ်တော့ဘူး"
"အာ မဟုတ်ပါဘူး .. ငါက အံ့ဩနေရုံတင်လေး "
မျက်နှာရဲပြီး ထိုင်ခုံခါးပတ်ပတ်နေတဲ့ ကောင်လေးကို တချက် စောင်းငဲ့ကြည့်ရင်း ရန်ကျင့် ပြုံးပြီး မောင်းထွက်လာသည်။ ထို့နောက် ကားပေါ်မှာ သူတို့စကားအနည်းငယ် ပြောဖြစ်သည်။ တကယ်တော့ မေးသမျှဖြေမယ် ဆိုတဲ့လူကချည်း မေးနေတာပင် ဖြစ်သည်။ ရန်ကျင့် မြို့လယ်ခေါင်က ပန်းချီပစ္စည်းရောင်းတဲ့ ဆိုင်ရှေ့မှာ ကားရပ်လိုက်သည်။
""လေ့ .. မင်းက ပထမနှစ်ကို ကျော်တက်တာဆိုတော့ လေ့ကျင့်ဖို့ စာအုပ်တော်တော်များများ လိုလိမ့်မယ် "
သူကပဲ ဦးဆောင်ပြီး ပစ္စည်းတခုချင်းရဲ့ အသုံးဝင်ပုံနဲ့ သုံစွဲပုံတွေ ရှင်းပြရင်း အကောင်းဆုံးတွေကို ရွေးပေးနေသည် ..
"ဒါတွေက ရိုးရိုး စာအုပ် .. စျေးသက်သာတယ် .. တော်ရုံ ကျင့်ဖို့လောက်ဆို ဒါသုံး .. ဒါက ရေဆေးအတွက် ပိုထူပြီး ရေစိုတာ ခံနိုင်တယ် .. ဒုတိယနှစ်မှာ ရေဆေးစသင်ပြီဆိုတော့ မင်းနှစ်အုပ်တော့ အနည်းဆုံး လိုလိမ့်မယ် .. ရေဆေးစရင် Drawing Board လိုလိမ့်မယ် ..
ဒါစာရွက်က marker နဲ့ဆွဲရတဲ့ဟာမျိုး ..စာရွက်သားပိုချောပြီး ကျစ်တယ် ပထမနှစ်မှာ markerနဲ့ အဓိကသင်တယ် .. မင်းအတွက်မလိုတော့ဘူး ဆိုပေမယ့် ပြန်လေ့ကျင်ချင်ရင်တော့ တအုပ်ယူခဲ့ .. တယောက်ယောက်ဆီက ပြန်သင်ခိုင်းလို့ ရနိုင်တယ် .. ဒါက ရေဆေးအတွက် ဆေး ... ဒီတံဆိပ်က တခြားဟာတွေထက်ကောင်းတယ် မင်းအရောင်စပ်တတ်ရင် အများကြီးဝယ်စရာမလိုဘူး ဆယ့်နှစ်ရောင်ဟာပဲ အရင်ယူလိုက် .. ခဲတံအတွက်ကတော့ ဒီတံဆိပ်က ခဲသားမကောင်းဘူး ဒီထဲကယူ .... ပိုလည်းသက်သာပြီး ပိုလည်းကောင်းတယ် .. 2B 4B 2H $@&"">€££"
ရန်ကျင့် အဆက်မပြတ် ရှင်းပြရင်း တခုပြီးတခု ခြင်းထဲထည့်နေသည်။ ဟုန်လေ့က နောက်က ခြင်းကိုင်ကာ မသိတာ နားမလည်တာတွေ တချက် တချက် ဝင်မေးသည်။
အဆင်ပြေလိုက်တာ ..
ဟုတ်တယ်။ ဟုန်လေ့ သူ့ဟာသူသာ လာဝယ်ရင် ဘာရွေးရမှန်း သိမှာမဟုတ်သလို ဘာဝယ်ရမှန်းလည်း သိမှာမဟုတ်ဖူး။
သူရှေ့က ရန်ကျင့််ရွေးပေးသမျှ အကုန်ကောက်ထည့်ပြီး စိတ်ထဲမှာလည်း သူ့ကို ရင်းနှီးလာသလို အားကိုးလာသည်။ ပန်းချီပစ္စည်းတွေနဲ့ ပက်သက်ရင် သူ့ အရင်ဘဝကော အခုကောဘာမှမသိ အစိမ်းသက်သက်ပင်။ မူလဟုန်လေ့က လျှောက်ဆွဲနေပြီဆိုပေမယ့်လို့ ဒီလို ပစ္စည်းတွေ သိထားတာမဟုတ်။ Convenient Store က ကလေးဆွဲတဲ့ ရောင်စုံလောက်ပဲ သိတာ။ ငွေရှင်းခါနီးမှ သတိရသွားသည် .. အဲ... ။
သူ ဒီပစ္စည်းတွေအတွက် ငွေဖယ်ထားပေမယ့် အဲ့လောက်ဝယ်ဖို့များမယ်လို့ မထင်ခဲ့။ သူ အွန်လိုင်းမှာ စျေးကြည့်ခဲ့တုန်းကလည်း အဓိကလိုအပ်တဲ့ သုံးလေးမျိုးလောက်သာ ဝယ်မယ်လို့ စဉ်းစားခဲ့တာ ဖြစ်သည်။
"ရန် .. ရန်ကျင့် .. "
သူ ပြောဖို့ခက်နေသည်။ ခုနကတော့ အကုန်ကောက်ထည့်နေပြီး .. ငွေမလောက်မှာ စိုးနေသည်။ အကုန်ဝယ်လိုက်ရင် ဒီပစ္စည်းတွေအတွက် ငွေလောက်နိုင်ပေမယ့် ရှယ်ယာတွေအတွက်လည်း ငွေချန်ထားချင်သေးသည်။ တခြားလိုတာတွေလည်း ဝယ်ရဦးမည်လေ။
"လေ့ ငွေမလောက်မှာ စိုးလို့လား "
"စိတ်မပူနဲ့ လာ .. " ကောင်တာဆီခေါ်သွားပြီး
"ဦးလေးဖန့် .. ဒါ ကျနော့ သူငယ်ချင်းပါ . ဦးလေးဖန့်ဆီမှာ ပန်းချီကျောင်းသားတစ်ယောက် စျေးဝယ်ရင် ပထမဆုံးတခေါက်ကို 30% လျှော့ပေးတယ်ဆို "
" အာ တူလေးကလည်း... လည်း" ငြင်းဖို့ ပြင်နေတဲ့ဦးလေးဖန့် ထစ်အသွားရသည်...
ရန်ကျင့်က ဟုန်လေ့နောက်ကနေ မျက်လုံးမှိတ်ပြနေသည်။ သူရှင်းပေးမယ်ဆိုတာကိုလည်း အသည်းအသန် ခြေဟန်လက်ဟန်နဲ့ ပြောနေသည်။ ဦးလေးဖန့်က မသိမသာ မျက်တောင် တချက်ပုတ်ပြကာ.. ဟုန်လေ့ဖက်လှည့်ပြီး
"တူလေးကလည်း ပန်းချီအတန်းကလား .. ဟုတ်တယ် ဦးလေးတို့က ပထမဆုံးဝယ်တဲ့သူတွေကို 30% လျှော့ပေးတယ်ကွဲ့ .. အပြန်အလှန်အနေနဲ့ နာမည်ကြီးလာတဲ့အခါကျရင်တော့ ဆိုင်မှာ လက်မှတ်တခါ လာထိုးပေးရမယ် .. အိုခေ? "
သဏ္ဌာန်လုပ် သရုပ်တူအောင် ပြောလိုက်သည် ..
ဟုန်လေ့က ချစ်စဖွယ် ပြုံးလိုက်ပြီး
"တကယ်လား။ အဲ့တာဆို ကျေးဇူးအများကြီးတင်တာပဲ။ ကျနော် သေချာပေါက် လာခဲ့မယ်ဗျ"
ဒီကလေးက ချစ်စရာ ကောင်းလိုက်တာလို့ ဦလေးဖန့် တယောက် ဖြတ်ခနဲ တွေးမိလိုက်သည်။
"ပြီးတော့ ဦးလေးဖန့် သူငယ်ချင်းတယောက်ကို ညွှန်းပေးရင် ကျနော်က 20% ရမှာမလား .. အဲ့တာ သူ့ထဲကိုပဲ ထည့်တွက်ပေးလို့ရလား .. "
"ဘယ်တုန်းက...???? အန် ... "
ဟုန်လေ့နောက်မှာ အသည်းအသန်လက်ပြနေသော ကျင့်ရန်ကို ကြည့်ပြီး ထစ်အသွားပြန်သည်။
"အာ .. ဟုတ်သားပဲ .. ဒါပေမယ့် အဲ့ပရိုမိုးရှင်းက အရင်လကပဲ သက်တမ်းကုန်သွားပြီလေ။ ဒါပေမယ့် တူလေးက အမြဲ အားပေးတတ်တော့ ဦလေး လုပ်ပေးလိုက်ပါမယ် ဟုတ်လား။ ဒါပေမယ့် ကောင်လေး အဲ့ဒီအစား ဦးလေးကို တခုကူညီပါဦး။ အနောက်က ပစ္စည်းအသစ်ရောက်ထားတဲ့ ပစ္စည်းပုံးလေး သုံးပုံး ရှေ့ကို ကူသယ်ပေးပါလား။ ဦး ခါးနာနေလို့ပါကွာ "
" ကျေးဇူးတင်ပါတယ် ဦးလေးဖန့်" နှစ်ယောက်လုံးက ပြောလိုက်သည်။ 50ရာခိုင်နှုန်း ... 50ရာခိုင်နှုန်းကြီးများတောင်။ ဟုန်လေ့ ပျော်သွားပြီး နောက်ခန်းထဲ ချက်ချင်းဝင်ပြီး ပစ္စည်းသွားယူလိုက်တော့သည် ။ ရန်ကျင့်ကတော့ တမင် နောက်ချန်နေလိုက်ကာ ..
"ကျေးဇူး လေးဖန့် ။ ရော့ ပိုက်ဆံ။ သူဒီကိုလာတိုင်း ကြည့်ပြီး လျှော့ပေးပါ။ လျှော့တဲ့ငွေကို ကျနော့်ဆီလှမ်းပြော ပေး ကျနော် ငွေလှမ်းရှင်းပေးပါမယ်။ ကျနော့ဖုန်းနံပါတ် ရှိသေးတယ် မလား "
"ရှိပါတယ်ကောင်လေးရ မင်း ပန်းချီမဆွဲတော့ဘူးလား .. မင်ပြန်ရောက်လာတာ မြင်ရတော့ ဝမ်းသာမိတယ်ကွာ"
"မပြောတတ်သေးဘူး။ ပြန်ဆွဲဖြစ်ရင်တော့ လေးဖန့်ဆီ အရင်ဆုံး လာခဲ့ပါ့မယ်။ အရင်လို ပစ္စည်းကောင်းနဲ့ အသစ်တွေရောက်ရင် ကျနော့ဆီ တစုံပို့ပေးပါ "
"ကောင်းပါပြီ"
ဟုန်လေ့ ပစ္စည်းသုံးပုံးထပ်ပြီး မနိုင်မနင်းနဲ့ သယ်ထွက်လာတာမြင်တော့ ပြေးကူလိုက်သည်။ မင်းကလည်းကွာ တပုံးချင်းသယ်လည်း ရရက်နဲ့။ တတော်တဆ ပြုတ်ကျသွားရင် ဦးလေးဖန့် အိပ်မပျော် စားမဝင် ဖြစ်နေဦးမယ်။
ဟုန်လေ့က မျက်စောင်းထိုးလိုက်ကာ
"ပြုတ်မကျပါဘူး" လို့ တိုးတိုးလေး အတွန့်တက်လေသည်။
ဟွန့် ငါ့ကိုများ အထင်သေးလို့
'ဟက် ချစ်စရာလေး .. .. '
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥
ဟုန္ေလ့ ႐ုတ္တရက္ မွင္သက္ေနမိသည္။
ဒါဘယ္လို အေျခအေနႀကီးလဲ။
အသားခ်င္းမထိေပမယ့္ ရင္ခြင္ထဲေရာက္ေနေသာ ပုံစံႀကီးေၾကာင့္ ကိုယ္ကို က်ဳံ႔ၿပီး အလိုလို အသက္ရွဴေအာင့္မိသြားသည္။ ထိုလူက ထပ္ၿပီး mouse နဲ႔ keyboard ကို လက္တဖက္တည္း အသုံးျပဳ၍
"Honkai က ခိုင္မာတဲ့ အိမ္ ၿခံ ေျမ ေစ်းကြက္ကို ဦးေဆာင္ေနၿပီး သူ႔လက္ေအာက္မွာ Entertainment ကုမၸဏီႏွစ္ခု ႐ုပ္သံလိုင္းတခ်ိဳ႕နဲ႔ Fashion Brand 5ခု ရွိတယ္။ သူ႔ဆီမွာ ရင္းႏွီးျမႇပ္ႏွံတာက မင္းလုံးဝမရႈံးႏိုင္ဘူး .. "
ဟုန္ေလ့ မွင္သက္ေနရာမွ က်ဳံ႔က်ဳံ႔ေလး ငုံ႔ထိုင္ၿပီး ကြန္ပ်ဴတာကို ျပန္ၾကည့္သည္။ ထိုသူျပတဲ့ အခ်က္အလက္ေတြကို စစ္လိုက္သည္ ..
ထိုသူကပဲ ဆက္ၿပီး
"Devilish မွာ လုပ္လတ္စ project အမ်ားႀကီးရွိတယ္ တက္လမ္းရွိတယ္ဆိုေပမယ့္ ေလာေလာဆယ္ သူေအာင္ျမင္ေနတာက 3D နည္းပညာေလး တစ္ခုတည္း။ ၿပီးေတာ့ သူ႔ရဲ႕ နည္းပညာက ခုမွ စမ္းခါစပဲ ရွိေသးတယ္။ ဘယ္ေလာက္ထိ ေအာင္ျမင္ႏိုင္မယ္ဆိုတာ မေျပာတတ္ေသးဘူး။ နည္းပညာအသိုင္းအဝိုင္းရဲ႕ စကားအရ သူတို႔ 3D ကို စၿပီးမိတ္ဆက္ခဲ့ေပမယ့္ ေနာက္ထပ္ Product ေတြ ထုတ္ဖို႔ လုံေလာက္တဲ့ နည္းပညာမရွိပဲ တန္႔ေနတယ္။ ဘ႑ာေရးအခက္အခဲလည္း ရွိေနတယ္ ၾကားတယ္ "
"ဟုတ္တယ္ ဒါေပမယ့္ က်ေနာ္ထင္တာက Devilish က မၾကာခင္မွာ တျခားေသာ ရွယ္ယာေတြထက္ပိုၿပီး ေစ်းတက္သြားၿပီ။ အျမင့္ဆုံးကိုေရာက္လိမ့္မယ္လို႔ ထင္တယ္။ က်ေနာ့ ေငြက အရမ္းနည္းေနတယ္ ၿငိမ္ေနတဲ့ လုပ္ငန္းကို ထည့္လိုက္ရင္ အက်ိဳးအျမတ္က သာမာန္ပဲ။ လႈိင္းလို ထိုးတက္သြားမယ့္ လုပ္ငန္း တခုကို က်ေနာ္ ပိုၿပီး စိတ္ဝင္စားတယ္။ ROI မ်ားတာကိုပဲ ေလာင္းေၾကးထပ္ခ်င္တယ္" (ROI = return on investment)
ထိုလူက ဟုန္ေလ့ေပၚက အုပ္မိုးေနရာမွ ေဘးမွ ထိုင္ခုံတခုကို ဆြဲထိုင္ကာ ဟုန္ေလ့ထိုင္ေနတဲ့ခုံကိုလည္း သူ႔ဘက္ဆြဲလွည့္လိုက္ၿပီး အေရာင္ေတာက္ေနတဲ့ မ်က္လုံးမ်ားနဲ႔ မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။
ဟ .. အသာလုပ္ပါဟ ..
"မင္း ဘာလို႔ ဒီလို ထင္တာလဲ။ Devillish က ထိုးတက္သြားလိမ့္မယ္လို႔ ဘာလို႔ ထင္တာလဲ"
ဟုန္ေလ့က အနည္းငယ္ တြန္႔ဆုတ္ဟန္ျဖင့္ ရွိေပမယ့္ ေရွ႕ကလူကို ယုံၾကည္လို႔ရတယ္လို႔ ခံစားမိတာေၾကာင့္
"အဲ့ဒီ လုပ္လတ္စဆိုတဲ့ project ေတြ အားလုံးကို က်ေနာ္ၾကည့္ၿပီးၿပီ ။ တစ္ခုနဲ႔ တခုက ခ်ိတ္ဆက္ေနတယ္ ။ ၿပီးေတာ့ သူတို႔က တန္႔ေနတာ လုံးဝမဟုတ္ႏိုင္ဘူး။ တရွိန္ထိုးထြက္လာဖို႔ အုတ္ျမစ္ကို ခိုင္ေအာင္ တည္ေဆာက္ေနတာလို႔ က်ေနာ္ျမင္တယ္။ အခ်ိန္ေတာ့ နည္းနည္းေပးရလိမ့္မယ္"
ငါဘာလို႔ ဒီလူကို ဒီအခ်က္အလက္ေတြ ေျပာျပေနမိတာလဲ။ ဒီလူက ငါ့ဦးေႏွာက္ေဖာက္စားသြားရင္ ဘယ္လိုလုပ္မလဲ။ ဒီမ်က္လုံးေတြကေရာ ဘာလို႔ အေရာင္ေတြ တျဖတ္ျဖတ္ေတာက္ေနရတာလဲ။
"လူတိုင္း လူတိုင္းက Devilish က Project ေတြက မေအာင္ျမင္လာဘူးလို႔ ထင္ေနၾကတာကို မင္းက ဘာလို႔ အေကာင္းျမင္ေနရတာလဲ"
"Devilish က Project ေတြက မေအာင္ျမင္ႏိုင္တာမ်ိဳး မဟုတ္ဖူး။ အလွမ္းေဝးလြန္းလို႔သာ လူေတြက မျဖစ္ႏိုင္ဘူးထင္ၿပီး အထင္မႀကီးၾကတာပါ။ ဒါေပမယ့္ သူတို႔ တကယ္သာ လိုအပ္ေနတဲ့ Resources ေတြရရင္ အခ်ိန္အနည္းငယ္အတြင္း မထင္မွတ္စရာေကာင္းေလာက္ေအာင္ ထိပ္ဆုံးထိ ေရာက္မယ္လို႔ က်ေနာ္ ခန္႔မွန္းတယ္။ က်ေနာ့္ ေမဂ်ာက Advanced physics မို႔ နည္းပညာနဲ႔ ပက္သက္ၿပီး နည္းနည္းသိတယ္။ သူတို႔ projectsေတြက မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူး။ မျဖစ္ေသးတာပဲ ျဖစ္ႏိုင္တယ္"
ဟုတ္တယ္ သူ႔ရဲ႕ အရင္ကမာၻက အသိေတြအရ ဒါေတြက သူလုပ္ခဲ့တာေတြ။ ခ်က္ခ်င္းလက္ငင္း ထၿပီး ေအာင္ျမင္သြားလို႔။ သူေတာင္ အိမ္တေဆာင္ မီးတေျပာင္နဲ႔ ေနႏိုင္ခဲ့တယ္ေလ။ ဒါေတာင္ ေအာင္ျမင္ခါစေလးမွာတင္ ကားတိုက္ေသခဲ့လို႔ မဟုတ္ရင္ ဒီ့ထက္ ဇိမ္နဲ႔ ေနရေတာ့မွာ..။
ထိုလူက ထိုင္ရာအေကာင္းကို ဝုန္းကခနဲ ထလာက သူ႔ကို ေျပးဖက္သည္။ ခုံကလည္း ေနာက္ျပန္လန္ကာ လဲက်သြားသည္မို႔ ႐ုန္းရင္းဆန္ခတ္ အနည္းငယ္ ျဖစ္သြားသည္။
ဟ .. ဘာ ထျဖစ္တာလဲ။
ဟုန္ေလ့ခဗ်ာ ႐ုတ္တရက္မို႔ မေရွာင္လိုက္ႏိုင္ အတူလဲက်သြားသည္။
"အာ ေဆာရီး ငါအရမ္း စိတ္လႈပ္ရွားသြားလို႔။ မင္းနာမည္ ဘယ္လိုေခၚလဲ ငါ့နာမည္ ရန္က်င့္ (Yang Jing) ငါမင္းကို လိုက္ျပစရာရွိတယ္။ ထ သြားစို႔ "
ထိုသူက ခ်က္ခ်င္းပဲ ထၿပီး လက္တဖက္ကမ္းေပးသည္။ စာၾကည့္တိုက္မႈးက တခ်က္လွမ္းၾကည့္ေတာ့ ဟုန္ေလ့က ပါးစပ္လႈပ္႐ုံ ေတာင္းပန္ပါတယ္ဆိုၿပီး အားနာဟန္နဲ႔ လက္ဟန္လုပ္ျပလိုက္ရသည္။
ၿပီးမွ ကမ္းေပးေသာလက္ကို ပုတ္ခ်ကာ မတ္တပ္ရပ္လိုက္သည္ .. မ်က္ေမွာင္ၾကဳတ္လွ်က္
"ငါ့နာမည္ ဟုန္ေလ့။ ဒါေပမယ့္ ဒီေန႔ မအားဘူး .. လုပ္စရာရွိတယ္"
"ေလ့ ေနာက္ေန႔မွ လုပ္ကြာ ငါမင္းကို လိုက္ျပစရာရွိတယ္ မင္းေနာင္တမရေစရဘူးလို႔ အာမခံတယ္ "
"ငါတကယ္ မအားဘူး မင္းေနာက္လိုက္ရေအာင္လည္း မင္းနဲ႔မရင္းႏွီးဘူး .. ငါ့ကိုလည္း ေလ့လို႔မေခၚနဲ႔"
"......"
ထို႔ေနာက္ ရန္က်င့္ မ်က္ေမွာင္ၾကဳတ္ကာ ဆူပုတ္ေနသည္။ ဟုန္ေလ့ ရယ္ခ်င္သြားသည္။ ဒီလိုေခ်ာၿပီး သန္မာတဲ့လူတေယာက္မွာ ဒီလိုကေလးဆန္တဲ့ အက်င့္စ႐ိုက္ေလး ရွိလိမ့္မယ္လို႔ မထင္ထားဘူး။ ေလွကားမွာ ေတြ႕တုန္းကက် တေလာကလုံးကပဲ သူ႔ကိုေႂကြေနတဲ့႐ုပ္နဲ႔ မာန္တက္ေနၿပီးေတာ့။
စဥ္းစားရင္း သူ ထ ဖက္လိုက္လို႔ ခုံေနာက္ျပန္လန္က် နာသြားတာကို ျပန္သတိရၿပီး ေဒါသက ထြက္လာသည္ .. သူ႔အသားနာတာ သူတကယ္မႀကိဳက္သူျဖစ္သည္။ ႏႈတ္ခမ္း တခ်က္မဲလိုက္ကာ
.. ဟြန္႔ .. ဖက္လားရမ္းလားနဲ႔
ရန္က်င့္ အကူအညီမဲ့ေနတဲ့ ေခြးေပါက္ေလး႐ုပ္ ခ်က္ခ်င္းလုပ္လိုက္ၿပီး ..
"ေလ့ .. အဲ့တာဆို မင္းဘာလုပ္စရာရွိတာလဲ။
ဒီလိုလုပ္ပါလား။ မင္းဒီေန႔ လုပ္မယ့္ဟာေတြ ငါကူလုပ္ေပးမယ္။ မင္းလည္း ငါ့အေၾကာင္း ႀကိဳက္တာေမး ငါအကုန္ေျဖေပးမယ္။ ဒါဆိုငါတို႔ ရင္းႏွီးသြားၿပီယူဆလို႔ရၿပီမလား။ နက္ဖန္ေတာ့ ငါေခၚတဲ့ေနရာကို တခ်က္လိုက္ခဲ့ေပးေလ။ ရမလား .. "
ဟုန္ေလ့ တခ်က္ စဥ္းစားလိုက္သည္။ ဒီလူက အက်င့္ယုတ္မယ့္ လကၡဏာေတာ့ မရွိ။ ဘာပဲျဖစ္ျဖစ္ သူလည္း အေပါင္းအသင္းရွိဖို႔ လိုသည္။ ဒီေလာကထဲမွာ တေယာက္တည္း မေနခ်င္။ အရင္ဘဝလည္း တေယာက္တည္း .. ခုလည္း တေယာက္တည္းဆို ေနရတာ အဓိပၸါယ္မဲ့လွသည္။ တခုခုဆို ကူေဖာ္ေလာင္ဖက္ ရတာေပါ့။ အရင္ဟုန္ေလ့ကလည္း အိမ္နဲ႔ေက်ာင္းကလြဲလို႔ ဘယ္မွ မေရာက္ဖူးဘူးေလ .. ။
"အိုေခ .. Deal "
"မင္း ဘာလုပ္စရာေတြ ရွိတာလဲ "
"ငါ shopping ထြက္ရမွာ "
"ဘာေတြ ဝယ္မွာလဲ"
"ပန္းခ်ီပစၥည္းတခ်ိဳ႕ရယ္ .. ဖုန္းတလုံးနဲ႔ အဝတ္အစားနည္းနည္း စားစရာနည္းနည္း"
"အာ .. ဘာမ်ားလဲလို႔ကြာ ႏွစ္နာရီေတာင္ မၾကာဘူး အဲ့ကိစၥမ်ား .. လာခုသြားမယ္ "
"...... "
"ငါ ေနာက္ဆုံးစာသင္ခ်ိန္ တခ်ိန္ေတာ့ ျပန္တက္ခ်င္ေသးတယ္"
"ရတယ္ ရတယ္ မွီတယ္ .. "
ပိုင္စိုးပိုင္နင္း လက္ဆြဲၿပီး ေက်ာင္းေရွ႕သို႔ ဦးေဆာင္ ထြက္သြားေလသည္။ ဟုန္ေလ့ ကိုင္ထားေသာလက္ကို ႐ုန္းေပမယ့္ ပိုတင္းၾကပ္လာေသာလက္ေၾကာင့္ ကူကယ္ရမဲ့စြာ ေခါင္းခါရင္း .. ဒီလူ တဇြတ္ထိုးပါလား။ ေက်ာင္းေပါက္ေရာက္ေတာ့ ရန္က်င့္က ေက်ာင္းေစာင့္ကို လက္ျပလိုက္သည္။ ေက်ာင္းေစာင့္က ေခါင္းၿငိမ့္ျပသည္။
"မင္းဒီမွာ ခဏေစာင့္ "
ဘာလား။ ဟုန္ေလ့က နံရံက ေက်ာ္တက္ရေတာ့မလားလို႔ ျပင္ေနတာေလ။ သူကေတာ့ လက္တခ်က္ျပ႐ုံနဲ႔ ေက်ာင္းကထြက္လို႔ ရသြားတယ္လား။ ေခါင္းထဲမွာ Question mark ေတြ ေပၚလာသည္။ ထိုစဥ္ သူ႔ေရွ႕မွာ ကားတစီးထိုးရပ္သြားသည္။ အံဩမႈက လိုက္မမွီေတာ့ .. ေမာင္းလာတဲ့သူက ရန္က်င့္ .. ။
"မင္းလိုင္စင္ေကာ ရွိလို႔လား" သူေတာင္ 17ေက်ာ္႐ုံေလး ရွိေသးတာေလ။
"စိတ္မပူနဲ႔ ငါက အသက္ျပည့္ၿပီ။ လိုင္စင္က မႏွစ္ကတည္းက ရၿပီးသား"
ဟမ္ အဲ့တာဆို ငါ့ထက္ ႏွစ္ႏွစ္ႀကီးတာေပါ့။ Final Year ထင္တယ္။ ကားထဲဝင္ထိုင္လိုက္ေပမယ့္ .. စဥ္းစားေနတာမို႔ သတိလက္လြတ္ျဖစ္ေနေသာ သူ႔ကို ..
"ေလ့ .. မင္း ဒီလို စိုက္ၾကည့္ေနရင္ ငါတကယ္ မေမာင္းတတ္ေတာ့ဘူး"
"အာ မဟုတ္ပါဘူး .. ငါက အံ့ဩေန႐ုံတင္ေလး "
မ်က္ႏွာရဲၿပီး ထိုင္ခုံခါးပတ္ပတ္ေနတဲ့ ေကာင္ေလးကို တခ်က္ ေစာင္းငဲ့ၾကည့္ရင္း ရန္က်င့္ ၿပဳံးၿပီး ေမာင္းထြက္လာသည္။ ထို႔ေနာက္ ကားေပၚမွာ သူတို႔စကားအနည္းငယ္ ေျပာျဖစ္သည္။ တကယ္ေတာ့ ေမးသမွ်ေျဖမယ္ ဆိုတဲ့လူကခ်ည္း ေမးေနတာပင္ ျဖစ္သည္။ ရန္က်င့္ ၿမိဳ႕လယ္ေခါင္က ပန္းခ်ီပစၥည္းေရာင္းတဲ့ ဆိုင္ေရွ႕မွာ ကားရပ္လိုက္သည္။
""ေလ့ .. မင္းက ပထမႏွစ္ကို ေက်ာ္တက္တာဆိုေတာ့ ေလ့က်င့္ဖို႔ စာအုပ္ေတာ္ေတာ္မ်ားမ်ား လိုလိမ့္မယ္ "
သူကပဲ ဦးေဆာင္ၿပီး ပစၥည္းတခုခ်င္းရဲ႕ အသုံးဝင္ပုံနဲ႔ သုံစြဲပုံေတြ ရွင္းျပရင္း အေကာင္းဆုံးေတြကို ေ႐ြးေပးေနသည္ ..
"ဒါေတြက ႐ိုး႐ိုး စာအုပ္ .. ေစ်းသက္သာတယ္ .. ေတာ္႐ုံ က်င့္ဖို႔ေလာက္ဆို ဒါသုံး .. ဒါက ေရေဆးအတြက္ ပိုထူၿပီး ေရစိုတာ ခံႏိုင္တယ္ .. ဒုတိယႏွစ္မွာ ေရေဆးစသင္ၿပီဆိုေတာ့ မင္းႏွစ္အုပ္ေတာ့ အနည္းဆုံး လိုလိမ့္မယ္ .. ေရေဆးစရင္ Drawing Board လိုလိမ့္မယ္ ..
ဒါစာ႐ြက္က marker နဲ႔ဆြဲရတဲ့ဟာမ်ိဳး ..စာ႐ြက္သားပိုေခ်ာၿပီး က်စ္တယ္ ပထမႏွစ္မွာ markerနဲ႔ အဓိကသင္တယ္ .. မင္းအတြက္မလိုေတာ့ဘူး ဆိုေပမယ့္ ျပန္ေလ့က်င္ခ်င္ရင္ေတာ့ တအုပ္ယူခဲ့ .. တေယာက္ေယာက္ဆီက ျပန္သင္ခိုင္းလို႔ ရႏိုင္တယ္ .. ဒါက ေရေဆးအတြက္ ေဆး ... ဒီတံဆိပ္က တျခားဟာေတြထက္ေကာင္းတယ္ မင္းအေရာင္စပ္တတ္ရင္ အမ်ားႀကီးဝယ္စရာမလိုဘူး ဆယ့္ႏွစ္ေရာင္ဟာပဲ အရင္ယူလိုက္ .. ခဲတံအတြက္ကေတာ့ ဒီတံဆိပ္က ခဲသားမေကာင္းဘူး ဒီထဲကယူ .... ပိုလည္းသက္သာၿပီး ပိုလည္းေကာင္းတယ္ .. 2B 4B 2H $@&"">€££"
ရန္က်င့္ အဆက္မျပတ္ ရွင္းျပရင္း တခုၿပီးတခု ျခင္းထဲထည့္ေနသည္။ ဟုန္ေလ့က ေနာက္က ျခင္းကိုင္ကာ မသိတာ နားမလည္တာေတြ တခ်က္ တခ်က္ ဝင္ေမးသည္။
အဆင္ေျပလိုက္တာ ..
ဟုတ္တယ္။ ဟုန္ေလ့ သူ႔ဟာသူသာ လာဝယ္ရင္ ဘာေ႐ြးရမွန္း သိမွာမဟုတ္သလို ဘာဝယ္ရမွန္းလည္း သိမွာမဟုတ္ဖူး။
သူေရွ႕က ရန္က်င့္္ေ႐ြးေပးသမွ် အကုန္ေကာက္ထည့္ၿပီး စိတ္ထဲမွာလည္း သူ႔ကို ရင္းႏွီးလာသလို အားကိုးလာသည္။ ပန္းခ်ီပစၥည္းေတြနဲ႔ ပက္သက္ရင္ သူ႔ အရင္ဘဝေကာ အခုေကာဘာမွမသိ အစိမ္းသက္သက္ပင္။ မူလဟုန္ေလ့က ေလွ်ာက္ဆြဲေနၿပီဆိုေပမယ့္လို႔ ဒီလို ပစၥည္းေတြ သိထားတာမဟုတ္။ Convenient Store က ကေလးဆြဲတဲ့ ေရာင္စုံေလာက္ပဲ သိတာ။ ေငြရွင္းခါနီးမွ သတိရသြားသည္ .. အဲ... ။
သူ ဒီပစၥည္းေတြအတြက္ ေငြဖယ္ထားေပမယ့္ အဲ့ေလာက္ဝယ္ဖို႔မ်ားမယ္လို႔ မထင္ခဲ့။ သူ အြန္လိုင္းမွာ ေစ်းၾကည့္ခဲ့တုန္းကလည္း အဓိကလိုအပ္တဲ့ သုံးေလးမ်ိဳးေလာက္သာ ဝယ္မယ္လို႔ စဥ္းစားခဲ့တာ ျဖစ္သည္။
"ရန္ .. ရန္က်င့္ .. "
သူ ေျပာဖို႔ခက္ေနသည္။ ခုနကေတာ့ အကုန္ေကာက္ထည့္ေနၿပီး .. ေငြမေလာက္မွာ စိုးေနသည္။ အကုန္ဝယ္လိုက္ရင္ ဒီပစၥည္းေတြအတြက္ ေငြေလာက္ႏိုင္ေပမယ့္ ရွယ္ယာေတြအတြက္လည္း ေငြခ်န္ထားခ်င္ေသးသည္။ တျခားလိုတာေတြလည္း ဝယ္ရဦးမည္ေလ။
"ေလ့ ေငြမေလာက္မွာ စိုးလို႔လား "
"စိတ္မပူနဲ႔ လာ .. " ေကာင္တာဆီေခၚသြားၿပီး
"ဦးေလးဖန္႔ .. ဒါ က်ေနာ့ သူငယ္ခ်င္းပါ . ဦးေလးဖန္႔ဆီမွာ ပန္းခ်ီေက်ာင္းသားတစ္ေယာက္ ေစ်းဝယ္ရင္ ပထမဆုံးတေခါက္ကို 30% ေလွ်ာ့ေပးတယ္ဆို "
" အာ တူေလးကလည္း... လည္း" ျငင္းဖို႔ ျပင္ေနတဲ့ဦးေလးဖန္႔ ထစ္အသြားရသည္...
ရန္က်င့္က ဟုန္ေလ့ေနာက္ကေန မ်က္လုံးမွိတ္ျပေနသည္။ သူရွင္းေပးမယ္ဆိုတာကိုလည္း အသည္းအသန္ ေျခဟန္လက္ဟန္နဲ႔ ေျပာေနသည္။ ဦးေလးဖန္႔က မသိမသာ မ်က္ေတာင္ တခ်က္ပုတ္ျပကာ.. ဟုန္ေလ့ဖက္လွည့္ၿပီး
"တူေလးကလည္း ပန္းခ်ီအတန္းကလား .. ဟုတ္တယ္ ဦးေလးတို႔က ပထမဆုံးဝယ္တဲ့သူေတြကို 30% ေလွ်ာ့ေပးတယ္ကြဲ႕ .. အျပန္အလွန္အေနနဲ႔ နာမည္ႀကီးလာတဲ့အခါက်ရင္ေတာ့ ဆိုင္မွာ လက္မွတ္တခါ လာထိုးေပးရမယ္ .. အိုေခ? "
သဏၭာန္လုပ္ သ႐ုပ္တူေအာင္ ေျပာလိုက္သည္ ..
ဟုန္ေလ့က ခ်စ္စဖြယ္ ၿပဳံးလိုက္ၿပီး
"တကယ္လား။ အဲ့တာဆို ေက်းဇူးအမ်ားႀကီးတင္တာပဲ။ က်ေနာ္ ေသခ်ာေပါက္ လာခဲ့မယ္ဗ်"
ဒီကေလးက ခ်စ္စရာ ေကာင္းလိုက္တာလို႔ ဦေလးဖန္႔ တေယာက္ ျဖတ္ခနဲ ေတြးမိလိုက္သည္။
"ၿပီးေတာ့ ဦးေလးဖန္႔ သူငယ္ခ်င္းတေယာက္ကို ၫႊန္းေပးရင္ က်ေနာ္က 20% ရမွာမလား .. အဲ့တာ သူ႔ထဲကိုပဲ ထည့္တြက္ေပးလို႔ရလား .. "
"ဘယ္တုန္းက...???? အန္ ... "
ဟုန္ေလ့ေနာက္မွာ အသည္းအသန္လက္ျပေနေသာ က်င့္ရန္ကို ၾကည့္ၿပီး ထစ္အသြားျပန္သည္။
"အာ .. ဟုတ္သားပဲ .. ဒါေပမယ့္ အဲ့ပ႐ိုမိုးရွင္းက အရင္လကပဲ သက္တမ္းကုန္သြားၿပီေလ။ ဒါေပမယ့္ တူေလးက အၿမဲ အားေပးတတ္ေတာ့ ဦေလး လုပ္ေပးလိုက္ပါမယ္ ဟုတ္လား။ ဒါေပမယ့္ ေကာင္ေလး အဲ့ဒီအစား ဦးေလးကို တခုကူညီပါဦး။ အေနာက္က ပစၥည္းအသစ္ေရာက္ထားတဲ့ ပစၥည္းပုံးေလး သုံးပုံး ေရွ႕ကို ကူသယ္ေပးပါလား။ ဦး ခါးနာေနလို႔ပါကြာ "
" ေက်းဇူးတင္ပါတယ္ ဦးေလးဖန္႔" ႏွစ္ေယာက္လုံးက ေျပာလိုက္သည္။ 50ရာခိုင္ႏႈန္း ... 50ရာခိုင္ႏႈန္းႀကီးမ်ားေတာင္။ ဟုန္ေလ့ ေပ်ာ္သြားၿပီး ေနာက္ခန္းထဲ ခ်က္ခ်င္းဝင္ၿပီး ပစၥည္းသြားယူလိုက္ေတာ့သည္ ။ ရန္က်င့္ကေတာ့ တမင္ ေနာက္ခ်န္ေနလိုက္ကာ ..
"ေက်းဇူး ေလးဖန္႔ ။ ေရာ့ ပိုက္ဆံ။ သူဒီကိုလာတိုင္း ၾကည့္ၿပီး ေလွ်ာ့ေပးပါ။ ေလွ်ာ့တဲ့ေငြကို က်ေနာ့္ဆီလွမ္းေျပာ ေပး က်ေနာ္ ေငြလွမ္းရွင္းေပးပါမယ္။ က်ေနာ့ဖုန္းနံပါတ္ ရွိေသးတယ္ မလား "
"ရွိပါတယ္ေကာင္ေလးရ မင္း ပန္းခ်ီမဆြဲေတာ့ဘူးလား .. မင္ျပန္ေရာက္လာတာ ျမင္ရေတာ့ ဝမ္းသာမိတယ္ကြာ"
"မေျပာတတ္ေသးဘူး။ ျပန္ဆြဲျဖစ္ရင္ေတာ့ ေလးဖန္႔ဆီ အရင္ဆုံး လာခဲ့ပါ့မယ္။ အရင္လို ပစၥည္းေကာင္းနဲ႔ အသစ္ေတြေရာက္ရင္ က်ေနာ့ဆီ တစုံပို႔ေပးပါ "
"ေကာင္းပါၿပီ"
ဟုန္ေလ့ ပစၥည္းသုံးပုံးထပ္ၿပီး မႏိုင္မနင္းနဲ႔ သယ္ထြက္လာတာျမင္ေတာ့ ေျပးကူလိုက္သည္။ မင္းကလည္းကြာ တပုံးခ်င္းသယ္လည္း ရရက္နဲ႔။ တေတာ္တဆ ျပဳတ္က်သြားရင္ ဦးေလးဖန္႔ အိပ္မေပ်ာ္ စားမဝင္ ျဖစ္ေနဦးမယ္။
ဟုန္ေလ့က မ်က္ေစာင္းထိုးလိုက္ကာ
"ျပဳတ္မက်ပါဘူး" လို႔ တိုးတိုးေလး အတြန္႔တက္ေလသည္။
ဟြန္႔ ငါ့ကိုမ်ား အထင္ေသးလို႔
'ဟက္ ခ်စ္စရာေလး .. .. '