ကျွန်တော်လည်း...သိသင့်သလောက်သိပြီဖြစ်တဲ့အတွက်..မင်းမြတ်ကိုပဲ...အိမ်ပြန်ပို့ခိုင်းလိုက်တယ်...။ ကျွန်တော်တို့အိမ်ရှေ့ရောက်တော့..ဦးလေးကြီးတစ်ယောက်က...တံခါးလာဖွင့်ပေးတယ်..။ မနေ့ကရော မနက်ကရော...မတွေ့မိပါဘူး...။ ညကျမှပဲ...ဖိုးဖိုးကို မေးတော့မယ်...။
ခြံထဲရောက်တော့...ပုဆိုးကိုခပ်တိုတိုဝတ်ထားကာ...ခေါင်းမှာလည်း ခမောက်နဲ့...ပန်းပင်တွေကိုရေလောင်းနေတဲ့ တစ်ယောက်...မနက်ကလည်း မတွေ့မိပါဘူး...။ အဖိုးက လူအသစ်တွေ..ထပ်ခေါ်ထားတာဖြစ်မယ်...။ ကားကိုအိမ်ရှေ့မှာရပ်လိုက်ပြီး...
"မင်းမြတ်...မင်း အထဲကိုဝင်ဦးမလား.."
"မဝင်တော့ဘူး...သွားစရာလေးရှိလို့.."
"အေးအေး"
"အဲ့တာဆို...ငါသွားပြီနော်....
ပြည့်လျှံ...အကိုသွားပြီနော်...."
*ပြည့်လျှံ...လွန်းပြည့်လျှံလား..မင်းမြတ်က အရှေ့က...ပန်းပင်တွေကိုရေလောင်းနေတဲ့ တစ်ယောက်ကို...ပြည့်လျှံ လို့ခေါ်သွားတာလား...
ကျွန်တော်လည်း...သေချာကြည့်လိုက်တော့..
ကျွန်တော့်ဘက်ကို..လှည့်ပြီး ပြုံးပြလာတဲ့...အသေးလေး....
ဘယ်လိုဟာလေမှန်းမသိဘူး...အရပ်ကပုပု..ပုဆိုးတိုတို..ခမောက်နဲ့...ကြည့်ရတာ...ကလေးပေါက်စနလေးလိုဖြစ်နေတယ်...မသိတဲ့လူတွေဆို...ကိုယ်တွေကပဲ ကလေးကိုခိုင်းထားတယ်..ထင်ကြဦးမယ်...*
"ဟား...ဟား..ဟား..."ဆိုပြီး..အသံထွက် ရယ်မိသည်အထိ...
"အဟမ်း...."
မျက်နှာပိုးကို သတ်လိုက်ကာ...အိမ်ထဲ ပြန်ဝင်လိုက်ပြီး...အခန်းထဲကိုဝင်လိုက်တယ်။ အခန်းထဲရောက်မှ...ရယ်ချင်နေတဲ့စိတ်တွေကို...ဖွင့်ထုတ်လိုက်ပြီး...ရယ်လိုက်တော့တယ်...
"အဟက်...ဘယ်လိုလေးမှန်းမသိဘူး...ဟား..ဟား...."
......................
ညဘက်ရောက်တော့...ကျွန်တော်လည်း...
ရေချိုးပြီး...အဝတ်စားလဲကာ...ညစာစားဖို့...အောက်ကိုဆင်းလာခဲ့တယ်..။ ထမင်းစားခန်းရောက်တော့....ကျွန်တော်လည်း..ဖိုးဖိုးဘေးနားမှာ ဝင်ထိုင်လိုက်တယ်..။
ကျွန်တော့်အရှေ့မှာတော့..အသေးလေးက ထိုင်နေပြီး...ညနေက အဝတ်အစားမဟုတ်ဘဲ...ညအိပ်ဝတ်စုံ မိုးပြာရောင်လေး ဝတ်ထားတယ်...။ အဟင်း..အခုမှ..တကယ့်ကလေးလေးကျနေတာပဲ...။
အရှေ့က အသေးလေးကို...ကြည့်နေရင်း...ဖိုးဖိုးခေါ်သံကြားမှ...အသိပြန်ဝင်တယ်...
"ထွန်းတောက်...ဒီနေ့..အဆင်ရောပြေခဲ့ရဲ့လား..."
"ဟုတ်ကဲ့..ဖိုးဖိုး...
တော်တော်များများကိုတော့..သိခဲ့ပြီးပါပြီ.."
"အင်း...ကောင်းတယ်...
သြော်...မင်းကိုပြောပြထားရဦးမယ်..မမြနဲ့မောင်ပုရေ...လာပါဦး..."
အဖိုးလှမ်းခေါ်လိုက်တော့..အဒေါ်ကြီးတစ်ယောက်နဲ့...ညနေက ခြံတံခါးဖွင့်ပေးတဲ့ ဦးလေးကြီး တို့ရောက်လာတယ်..။ အဒေါ်ကြီးရဲ့လက်ထဲမှာတော့..ဟင်းပန်းကန်ကို ကိုင်လာတယ်..။
"ထွန်းတောက်...ဒါ ဦးပုနဲ့ဒေါ်မြ...
အိမ်ရဲ့လုံခြုံရေးနဲ့...ငါတို့စားသောက်ဖို့အတွက် ချက်ပြုတ်ပေးနေတဲ့သူတွေ...ပြီးတော့ သူတို့က...လင်မယားတွေ...
မောင်ပုနဲ့မမြ...ဒါ ငါ့မြေး...ထွန်းတောက်တဲ့...
သူ့ကိုလည်း...ငါ့ကို ဆက်ဆံသလို...ဆက်ဆံပါ..."
"ဟုတ်ကဲ့ပါ...သခင်ကြီး...
သခင်လေး လိုတာရှိရင်..ကြီးမြတို့ကိုပြောပါ.."
"ဟုတ်ကဲ့...လိုတာရှိရင်ပြောပါ့မယ်..."
"အဲ့တာဆိုလဲ မမြတို့သွားနားကြတော့လေ...ပြီးပြီမလား...မနက်ကမှပြန်ရောက်တာဆိုတော့ ပင်ပန်းချင်ပင်ပန်းနေမှာပေါ့..."
"ရပါတယ်...သခင်ကြီး...
ကျွန်မပြီးတဲ့ထိစောင့်ပါ့မယ်..."
"ရတယ်...ကြီးမြ...
သားသိမ်းလိုက်မယ်...ကြီးမြတို့သာ
သွားနားတော့..."
"အဲ့တာဆိုလဲ ကြီးမြတို့သွားတော့မယ်နော်...
သခင်ကြီး...အဲ့တာဆို ကျွန်မတို့ သွားလိုက်ပါဦးမယ်..."
"အေးအေး...
ကဲ...စားစရာရှိတာစားကြ..."
"ဟုတ်ကဲ့" ဆိုပြီး...ထမင်းကို ဆက်စားနေတဲ့.
အရှေ့က အသေးလေး...ကျွန်တော်လည်း ထမင်းကိုသာ ဆက်စားလိုက်တယ်...
..........................
ထမင်းစားပြီးနောက်...ဧည့်ခန်းမှာ ထိုင်နေတဲ့ ဖိုးဖိုးဆီသွားကာ...
"ဖိုးဖိုး...ကျွန်တော် လိုတာလေးတွေ ဝယ်စရာရှိလို့..လိုက်ပို့ဖို့ ကားတစ်စီးလောက်..စီစဉ်ပေးပါဦး...လမ်းတွေလည်း သိပ်မသိသေးတော့...ကြည့်ရင်းနဲ့..."
"အင်း...
ငါခေါ်ထားလိုက်မယ်...
သြော်...ပြည့်လျှံ မြေးလည်းသွားစရာရှိလို့ဆို.."
"ဗျာ.....ဟုတ်...ဟုတ်ကဲ့ အဖိုး"
"အဲ့တာဆို ထွန်းတောက်နဲ့လိုက်သွား...
အတူတူသွားပေါ့...
ထွန်းတောက်လည်း မသိတာတွေ ပြည့်လျှံကိုမေး..."
"ဟုတ်ကဲ့" လို့ပဲ ပြန်ဖြေလိုက်တယ်..။ အထွန့်တက်လည်း..ကျွန်တော်ပဲထပ်အဆူခံရမှာ...မပြောတော့ဘူး...။
.......................
အပေါ်ထပ်ကို တက်ဖို့ လုပ်တော့...ကျွန်တော့်အရှေ့ကနေ အပေါ်တက်သွားတဲ့...အသေးလေး...
"အသေးလေး..အသေးလေး...
ဟေ့.....အသေးလေး..." လို့ခေါ်လိုက်တော့...
မထူးဘဲ သူ့အခန်းကို ဝင်မယ်လုပ်တော့..
"အသေးလေး...လွန်းပြည့်လျှံ...." လို့ နာမည်တပ်ခေါ်လိုက်မှ...လှည့်ကြည့်လာတယ်...
"ဗျာ....ကျွန်တော့်ကို ခေါ်တာလား.."
"ဟူး......
ဒီနားမှာ ဘယ်သူရှိလို့လဲ...
မင်းအပြင် သရဲတစ်ကောင်ထပ်ရှိသေးလို့လား.."
"တော်ပါဗျာ...ကျွန်တော့်ခေါ်တာဆို ဘာဖြစ်လို့လဲ?"
"မနက်ဖြန် ၁၀နာရီလောက်သွားမှာ...
နောက်မကျစေနဲ့...
ငါကစောင့်နေရတာကို မကြိုက်ဘူး..."
"အဲ့အတွက်တော့...စိတ်မပူပါနဲ့...
ကျွန်တော်က စောစောထနေကြ...
ဘာမှမဖြစ်ဘူး..."
"ပြီးတာပဲ..." လို့ပြန်ပြောလိုက်ပြီး...သူ့ထက်အရင် အခန်းထဲဝင်လိုက်တယ်...။
.......................
မနက်ရောက်တော့....
"ဒေါက်...ဒေါက်...ကိုဘုန်း..."လို့ တံခါးခေါက်လိုက်တော့...မကြာဘူး ပြန်ဖွင့်လာတယ်..
"ပြော...ဘာလဲ?..."
"သြော်...၉နာရီခွဲနေပြီ...
ကျွန်တော်ပြီးပြီလို့...စောင့်နေရမှာစိုးလို့...
လာပြောတာ....
ကျွန်တော်အောက်မှာစောင့်နေမယ်နော်..."
လို့ပြောလိုက်ပြီး အောက်ထပ်ကို အမြန်ဆင်းလာခဲ့တယ်..။ နို့မို့ဆို အရွဲ့လာတိုက်တယ်ဆိုပြီး...ကိုင်ပေါက်လိုက်မှ...ကြောက်စရာကြီး...
တစ်ဖက်အခန်းထဲမှာလည်း...
"ဒါ...ငါ့ကို သက်သက်အရွဲ့တိုက်တာ...
ထွန်းတောက်ဘုန်း...ဒီနေ့မှ မင်းဘာလို့ နောက်ကျနေရတာလဲ?" လို့ ကိုယ့်ကိုယ်ကိုပြောလိုက်ပြီး...အဝတ်အစားအမြန်လဲကာ...အောက်ထပ်ကို အမြန်ဆင်းလာခဲ့တယ်...။
အမြန်မဆင်းလို့လည်း မရဘူး...ကျွန်တော့်စကားနဲ့ ကျွန်တော့်ကို လာပြန်ပြောသွားတာ...
အသေးလေး..လူလေးက သေးသလောက်..တော်တော် အမှတ်အတေးကြီးတာပဲ...
...................
ကျွန်တော်အောက်ကိုရောက်တော့...ဧည့်ခန်းထဲမှာ ဖိုးဖိုးနဲ့ စကားပြောပြီး...ထိုင်နေတဲ့ အသေးလေး....ဝတ်ထားတာကလည်း...
"အသေးလေး...ငါ ဘုရားသွားမှာမဟုတ်ဘူးနော်..."
"ဟုတ်တယ်လေ...သိတယ်လေ...
ဘာဖြစ်လို့လဲ?.."
"မင်းဝတ်ထားတာလည်း ကြည့်ဦး..."
အပေါ်မှာ ရှပ်လက်ရှည်အဖြူနဲ့...ကချင်ပုဆိုးနဲ့ တွဲဝတ်ထားတဲ့ အသေးလေးက...အဖြူအစိမ်းဝတ်တဲ့ ကလေးတွေထက်တောင်...သေးနေသေးတယ်...။
ကျွန်တော်ဝတ်ထားတာက...ဝတ်နေကျအတိုင်း...အပေါ်က ရှပ်အဖြူကို...ဘောင်းဘီအနက်ထဲ ထည့်ဝတ်ထားတယ်..။ကျွန်တော်နဲ့ယှဉ်သွားရင်တော့...လူတွေက သားအဖလို့ထင်ကြမှာပဲ..."
"ဘာဖြစ်လို့လဲ?...
ကျွန်တော်ဝတ်နေကျအတိုင်း...ဝတ်ထားတာလေ.."
"ဘာ!...ဝတ်နေကျအတိုင်း...
ဟူး......မင်းကိုဘာမှမပြောတော့ဘူး...
သွားမယ်...နောက်ကျတော့မယ်..
ဖိုးဖိုး သွားလိုက်ပါဦးမယ်" လို့ပြောပြီး..သူ့အရှေ့ကနေထွက်လာခဲ့တယ်...။
"အဖိုးသွားပြီနော်.." ဆိုပြီး...ဖိုးဖိုးကိုနှုတ်ဆက်ပြီး...ထွက်လာတဲ့အသေးလေး...ကားတံခါးကိုဖွင့်ကာ...အနောက်က ကျွန်တော့်ဘေးမှာဝင်ထိုင်တယ်...။ လက်ထဲမှာလည်း ပိုက်ဆံကိုကိုင်လာတယ်...။ သူ့ဆီကနေ အနံ့သင်းသင်းလေး...ရတယ်...။
ကားပေါ်ရောက်တော့လည်း...စကားတစ်ခွန်းမှ မပြောဖြစ်ကြဘဲ..ဒရိုင်ဘာကို..ဖိုးဖိုးပိုင်တဲ့ကုန်တိုက်ဆီသာ...မောင်းခိုင်းလိုက်တယ်...။