The Stranger I love (System)

khunsin tarafından

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Daha Fazla

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 1.4

7.6K 858 4
khunsin tarafından

အတန်းထဲရောက်တော့ အရင်ခန္ဓာကိုယ်၏ မှတ်ဥာဏ်အရ သူ့နေရာဖြစ်တဲ့ နောက်ဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။ သူက နောက်ဆုံးတန်းမှာ တယောက်တည်းထိုင်ရတာဖြစ်သည်။ သူ့ခုံအောက်က အံဝှက်လေးထဲမှာ ရောင်စုံခဲတံ ဖယောင်းဆွဲတံနဲ့ ဆော့ပင် အနည်းငယ် တွေ့ရသည်။ ဒါ မရှိတဲ့ကြားက ခြစ်ကုပ်စုထားရတာတွေနေမှာ။ ဖေးရဲ့စိတ်မကောင်း ဖြစ်သွားသည်။ စာအုပ်တိုင်းကို လိုက်လှန်ကြည့်သည်။ သူ့ရဲ့ လက်ရှိအခြေအနေ သိရန်လိုသည်လေ။ စာအုပ်တွေ ကြည့်တော့မှ သူ မျက်လုံးပြူးသွားသည်။

ဟုန်လေ့က စာတော်တာပဲ။ စာတော်တဲ့အပြင် သူယူထားတဲ့ မေဂျာက Advanced Physics ။ အရမ်းခက်လွန်းတဲ့ ဘာသာရပ် ပြီးတော့ ရှိသမျှ မိုင်နာအကုန် ပတ်ယူထားသေးသည်။ ဒီကမ္ဘာရဲ့ သင်ကြားရေးမှာ မေဂျာခွဲတဲ့ပုံစံက မိုက်သည်။ မိုင်နာသုံးခု မေဂျာတစ်ခု သက်ဆိုင်ရာ မေဂျာခွဲများ အတွဲလိုက် ယူရသည်။

မေဂျာခွဲဆိုတာက မေဂျာဘာသာရပ်ကို ထောက်ပံ့ပေးနိုင်တဲ့ မေဂျာနဲ့ အတူ တွဲဖက်သင်ရမယ့် ဘာသာရပ်တွေ ဖြစ်တယ် (Supporting Subjects)။ မေဂျာ တခုယူလျှင် သတ်မှတ်ထားတဲ့ မေဂျာခွဲနှစ်ခု ပါလာပြီးသား ဖြစ်သည်။ တနည်းပြောရရင် မေဂျာဆိုတာ ကိုယ်တကယ် သက်မွေးဝမ်းကျောင်းပြုရမယ့် ဘာသာရပ်ကို ဆိုလိုသည်။ အထက်တန်းအောင်တာနဲ့ အမှတ်တွေမခွဲပဲ ကြိုက်တာရွေးခွင့်ရှိသည်။

ကျောင်းသားတွေက မိုင်နာဘာသာရပ်ကို ကြိုက်သလောက်ယူလို့ရသည်။ ဒါပေမယ့် အနည်းဆုံး သုံးခုတော့ မဖြစ်မနေယူရသည်။ မိုင်နာတွေက အထွေထွေ ဗဟုသုတနှင့်  နိုင်ငံခြား ဘာသာရပ်နှင့် အခြေခံ အတွက်အချက်၊ အတွေးအခေါ်များ ဖြစ်သည်။

ယွင်ဖန့်က သူမ ကြိုက်တဲ့အချိန် ခိုင်းလို့ရအောင် ဟုန်လေ့၏ ဖောင်ကိုယူပြီး သူနဲ့အခန်းတူထိုင်ရမည့် မိုင်နာသုံးခု ကိုယ့်သဘောနဲ့ကိုယ် ဖြည့်၍ တင်ပစ်လိုက်သည်။ မေဂျာကိုတော့ 'ဒုက္ခပေးရန်/ အရှက်ခွဲရန်' ရည်ရွယ်ချက်နဲ့ အခက်ခဲဆုံးဘာသာ ဖြစ်တဲ့ Advance Physics ကို ထည့်ခဲ့သည်။ ဤဘာသာက တကယ် တော်တဲ့သူများသာ လုပ်ငန်းခွင် ဝင်ဖို့ အခွင့်အရေးရတတ်တာကြောင့် တော်ရုံအရည်အချင်းမရှိသူဆိုလျှင် ဟိုမရောက် ဒီမရောက် လမ်းပျောက်သွားနိုင်သည်။

သို့ပေမယ့် ဟုန်လေ့ကတော့ မိုင်နာတွေ အများအပြား ယူထားသည်။ အကြောင်းရင်းကတော့ တခုတည်း .. အိမ်မပြန်ချင်၍သာ။

ဟုန်လေ့မျက်နှာက စာအုပ်ကြည့်နေရင်း စောစောက ပျင်းရိပျင်းတွဲပုံပျောက်သွားကာ ချက်ချင်းကိုယ်မတ်လာပြီး စာရွက်တိုင်းကို သေချာလှန်တော့သည်။ မိုင်နာကအစ သူ့စာအုပ်တိုင်းက သေချာ မှတ်သားထားတဲ့အပြင် တွေးပြီး စဉ်းစားရတဲ့ ဘာသာရပ်တွေမှာဆို သူ့အတွေးအမြင်တွေကိုပါ ချရေးထားသည်။ ပြီးတော့ အတန်းက ခုမှ နှစ်စပဲ ရှိသေးပေမယ့် .. သူ့စာအုပ်မှာက လေးပုံသုံးပုံထိ မှတ်ထားပြီးတာကို တွေ့ရသည်။ 'Wow .. Amazing .. Good Job Hong Lei' ဒါတောင် ယွင်ဖန် ရှုပ်သမျှ လိုက်ရှင်းပေးနေရသေးလို့သာ။ ပထမဆုံးအဖြစ် မူလခန္ဓာကိုယ်ပိုင်ရှင်ကို ချီးကျူးလိုက်သည်။

နောက်သူထပ်သိရတာက ပုံပါတဲ့ လေ့ကျင့်ခန်းတွေမှာဆို အရောင်တွေ ခြယ်ထားသည်။ မျဉ်းပါတဲ့ လေ့ကျင့်ခန်းတွေမှာ Pattern တွေ ဆွဲထားသည်။ ဗလာစာအုပ်နောက်ကျောတွေမှာ ရေစက်တွေ မီးသီး ငှက်ပျောသီး ထမင်းချိုင့် စသဖြင့် အနီးအနားရှိတဲ့ ပစ္စည်းမျိုးစုံရဲ့ ပုံတွေ အသေးစိတ် ဆွဲထားသည် ။ စာ လွတ်သမျှ အဖြူခံတွေမှာ ပန်းအခက်တွေ အပြည့်ဆွဲထားသည်။ ဘာကြောင့်လဲဆိုတာ ဖေးရဲ့ရိပ်မိလိုက်သည်။ ဟုန်လေ့က စာအုပ်မှ မဝယ်နိုင်တာ။ ရှိတဲ့ စာရွက်အလွတ်တွေတိုင်းမှာ ကျင့်ခဲ့ပုံရသည် ။ အဲ့တာကြောင့် အဖြူများများကျန်ဖို့ လက်ရေးလေးတွေကလည်း သေးပြီး ပူးကပ်နေသည်။

ဒါဆို မင်းဝါသနာက ပန်းချီပေါ့ ..
မူလပိုင်ရှင်ဟုန်လေ့ရဲ့ ဒီလိုမရှိတဲ့ကြားက ခြစ်ကုပ်လေ့ကျင့်ထားတာတွေ မြင်လေလေ .. စိတ်ထဲက လေးစားမိလေလေဖြစ်လာသည်။ ငါ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးမယ်ကွာ။ ငါက သင်ရင် တတ်လွယ်ပါတယ်။ ဒါပေမယ့် ငါ color တော့ နည်းနည်း blind တယ်။ မင်းရဲ့အသိတွေတော့ ယူသုံးရမှာပေါ့ ။ ပြောမရဘူး ငါ့အတွက်လည်း အဆင်ပြေချင် ပြေသွားနိုင်တာပဲ။

စာသင်ခန်းရဲ့အခြားတဖက်မှာတော့ အားလုံးက ဟုန်လေ့ပြောင်းလဲသွားတာကို စိတ်ဝင်စားနေကြသည်။

"ဟဲ့ ဟဲ့ ကြည့်စမ်း ဟုန်လေ့က ခါတိုင်းနဲ့ မတူသလိုပဲ .."
"အေးနော် .. ဒီနေ့ နည်းနည်း သပ်ရပ်ပြီး ကြည့်ကောင်းနေတယ်"
"ဒီနေ့ ငါတို့အတန်းက နည်းနည်း လင်းလက်နေသလိုပဲ"

ယွင်ဖန်ကတော့ မျက်နှာပျက်ကာ မျက်ထောင့်နီကြီးနဲ့ ကြည့်နေသည်။ ခါတိုင်းလို ဟုန်လေ့ကို အလုပ်တွေ ခိုင်းလို့မရတော့ဘူးလေ။ ကျောင်းခေါ်ချိန် တွက်၊ လူရေ၊ သန့်ရှင်းရေးတာဝန်တွေ ထည့်တာကအစ၊ လူတိုင်းရဲ့ မတူတဲ့ မေဂျာ/မိုင်နာနဲ့ အခန်းလွတ်ချိန်ကို ဆရာတွေနဲ့ ညှိပြီး ဆွဲပေးရမယ့် အချိန်ဇယား ဘာညာ .. အားးးး .... ။

ပြောသာ ပြောတာ သူ့အနားကကောင်တွေက ဒီလိုအလုပ်မျိုးက သုံးစားရတာမဟုတ်။ ဟုန်လေ့ တော်မှန်းတော့ သိပေမယ့် .. တနေ့ သူမကို ဒီလို ကာပြန်ရဲလိမ့်မယ်လို့တော့ ဘယ်သောအခါကမှ မတွေးမိခဲ့ဖူးပေ။ ဥက္ကဌဆီ Report များ အချိန်မှီမရောက်ရင် သူမပဲ သိက္ခာကျလိမ့်မည်။ ပိုဆိုးတာက အရင်အပတ်ကမှ သူမ မလုပ်ရတိုင်း ရန်ပုံငွေစုသော Event တွေလုပ်တာတွေပါ ထပ်တိုး၍ တာဝန်ယူထားလိုက်သေးသည်။

ဟုန်လေ့က အဲ့အလုပ်တွေ လုပ်နေကြဖြစ်တဲ့အပြင် အားလုံး၏ အချက်အလက်များက ခေါင်းထဲ ရှိတာကြောင့် ခဏလေးနဲ့ ပြီးသည်။ အခန်းထဲက ကိစ္စတွေ သူပဲ နောက်ကွယ်က တာဝန်ယူရတာကြောင့် တတန်းလုံးအကြောင်းသိပြီး သူ့ကိုတော့ တိတ်ဆိတ်သည့် ကောင်လေးတယောက် ဆိုသည့်အပြင် မသိကြပေ။ ဟုန်လေ့နှင့် အပေါင်းအသင်း လုပ်သူများကိုလည်း ယွင်ဖန်နှင့် အဖွဲ့က နှောက်ယှက်လေ့ ရှိပြီး မဟုတ်မမှန် သတင်းများကလည်း ပြန့်နေတာကြောင့် ဟုန်လေ့ကို မည်သူမျှ အပေါင်းအသင်း မလုပ်ရဲကြပေ။

ဟုန်လေ့ ပြုံးနေသည်။ ဇာတ်လိုက်မ နာကျင်လေ သူ့mission က မြန်မြန်ပြီးလေပဲ။ သူအတန်းချိန်တွေ ကြည့်လိုက်သည်။ သမိုင်းနဲ့ လက်မှုပညာ သူတက်မည် ကျန်တာတွေက မလို။ သူကျွမ်းပြီးသား ဖြစ်သည်။ သမိုင်းဆရာက ပုံပြောကောင်းသည်။ ပြီးတော့ သမိုင်းကို လေ့လာရတာ သူ(ဖေးရဲ့)ကြိုက်သည်။ လက်မှုပညာကတော့ စိတ်ဝင်စားလို့ ခဏသွားစမ်းကြည့်ရန်သာ ဖြစ်သည်။

သမိုင်းဆရာက သူရဲကောင်းတယောက်ရဲ့ ရာဇဝင် စစ်ချီတက်တဲ့အကြောင်း လက်သီးလက်မောင်းတန်းရင်း ပြောပြနေသည်။ အတန်းချိန်ပြောင်းတာနဲ့ သူလစ်ထွက်လာတော့သည်။ အရင်ဟုန်လေ့က ကျောင်းသားရေးရာကိစ္စနဲ့ အလုပ်လုပ်ပေးရတာကလွဲလို့ အတန်းလစ်တတ်သူမဟုတ်ပေမယ့် အခုဟုန်လေ့ကတော့ လစ်ရမည် ။ သူ့မှာ လုပ်စရာရှိသေးသည်လေ။ မော်ကွန်းထိန်းဆီ အရင်သွားပြီး သူ့ရဲ့ မေဂျာတွေ ပြောင်းလို့ ရမရ မေးသည် မော်ကွန်းထိန်းက အပေါက်ဆိုးပေမယ့် စိတ်ထားကောင်းတာ သူသိသည်။

ဟုန်လေ့က သူက စာတော်တဲ့အပြင် ယွင်ဖန့်ကိုယ်စား တောက်လျှောက် ဒီကို လာနေရတော့ ရင်းနှီးနေလေပြီ။

"သား မင်းယူထားတဲ့ ဘာသာတွေက အစထဲက များလွန်းတယ်။ တကယ်တော့ ဒုတိယနှစ်မှာဆို ပြောင်းလို့ မရတော့ဘူး။ ဒါပေမယ့် မင်း တော်တာ ဒေါ်ဒေါ်သိတယ် ။ အရမ်းလည်းနောက်ကျနေပြီဆိုပေမယ့် မင်းက လိုက်နိုင်လောက်တဲ့ အခြေအနေရှိတာကြောင့် ပါမောက္ခကို တင်ပြပေးမယ်။ ဘာတွေပြောင်းချင်တာလဲ ပြောသွားပေး"

"ဟုန်လေ့ ခဏစဉ်းစားလိုက်ပြီး ကျနော် ဒီမိုင်နာ သုံးဘာသာ ဖြုတ်ပြီး မေဂျာထဲမှာ ပန်းချီထပ်ထည့်ချင်ပါတယ် .. "

"သား ပန်းချီက Club Activity အနေနဲ့ လုပ်လို့ရတာပဲ ဘာကြောင့်အပင်ပန်းခံမလဲ .. မင်းကို ကြည့်ရတာ ပိန်လွန်းတယ် .. မင်းမေဂျာ Advanced Physics ကတင်ကို သူများအတွက် တော်တော်ခက်ခဲနှင့်နေပြီ "

"ကိစ္စမရှိပါဘူး ဒေါ်ဒေါ် ကျနော် ပြောင်းလို့ရရင်ကို ကျေနပ်ပါပြီ "

"မေဂျာက တတွဲပဲ ခွင့်ပြုတယ်သား .. နှစ်တွဲဆို စာသင်ချိန်တွေ ညှိရခက်သလို သင်တဲ့သူအတွက်လည်း ခက်ခဲတဲ့အပြင် သက်မွေးဝမ်းကျောင်းအတွက် ဒွိဟဖြစ်စေတာမို့ ခွင့်မပြုထားဘူး "

"အဲ့တာဆို ဒေါ်ဒေါ် ဒီလိုလုပ်ပေးပါလား ..ကျနော့ကို ပန်ချီဆရာမကို ပြောပြီး အတန်းထဲသွားတက်ခွင့်ရအောင် ကူညီပေးပါ .. ကျန်တာ ကျနော်ညှိလုပ်လိုက်ပါမယ် .. ဘွဲ့လက်မှတ်မလိုပါဘူး .. ပြိုင်ပွဲတွေမှာတော့ ပါဝင်ခွင့် ရချင်တယ် .. အဆင်ပြေမလား .. မိုင်နာတော့ ဖြုတ်ပေးလို့ ရတယ်မလား ဒေါ်ဒေါ် ကျနော် ဒီသုံးခု ဖြုတ်ချင်ပါတယ် "

"ဒါ.. သား ဒီမိုင်နာသုံးခုက မင်းရဲ့ ဦးစားပေးသုံးခုနော် .. ဘာဖြစ်လို့လဲ .."

"ကျနော်နဲ့ မအပ်စပ်ဖူးထင်လို့ပါ ဒေါ်ဒေါ် "
"ဒါဆို မင်း အခန်းပြောင်းမှ ရမယ် မင်းအနေနဲ့  အခန်းB က ပိုအဆင်ပြေလိမ့်မယ် "

"ဟုတ်ပြောင်းပါ့မယ်"
"အေးပါ မင်းအရမ်းစိတ်အားထက်သန်နေတော့လည်း "

ဟုန်လေ့ကအစတည်းက ပန်းချီတက်ချင်ခဲ့တာ ဖြစ်သည် .. သူAdvanced Physics ကို မကြိုက်လို့တော့မဟုတ် ပန်းချီကို ဝါသနာပိုခဲ့လို့သာ ဖြစ်သည် .. အခုလည်း APကို သူအေးဆေးလိုက်နိုင်သည် .. တခြားမကြည့်နဲ့ စာမေးပွဲရလဒ်ပဲကြည့်။ အဆင့်တစ်က တခါမှ မကျဖူးပေ ။

မူလဟုန်လေ့က ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်လို့ မရိပ်မိပေမယ့် ဆရာဆရာမတွေဆိုတာ သူ့ကို ဖူးဖူးမှုတ်ထားတာ ဖြစ်သည်။ အတန်းထဲ ဟုန်လေ့အိပ်ရင်တောင် မငေါက်ကြပေ။ ဟုန်လေ့ အတန်းထဲမှာ အိပ်ပါသည် .. အရမ်းပင်ပန်းလွန်း၍ တခါတလေ မည်သို့မှ မတတ်နိုင်ပဲ အိပ်ပျော် သွားသည်များ ရှိသည်။ သို့သော် လေ့လာအား အရမ်းကောင်းတာကြောင့် အဆင့် တခါမျှ ကျမသွားဖူးပေ။

ဟုန်လေ့က အလုပ်လုပ်တာအရမ်းမြန်ပြီး တိကျသည်။ စာကျက်တာချင်း တူလို့ သူများတပုဒ်ရလျှင် သူသုံးပုဒ်ရသည်။ အချိန်ဇယားဆွဲတာအစ ပွဲစီစဉ်တာအဆုံး အရမ်းမြန်သည်။ သူရဲ့ တခုတည်းသောအားနည်းချက်က ဇာတ်လိုက်မ သားအမိကို အရမ်းကြောက်တာပင် ဖြစ်သည်။

ငယ်ငယ်ထဲက ရိုက်သွင်းခံထားရသော အသိက ဒီ သားအမိမှ မရှိလျှင် သူ့အတွက် နေစရာ စားစရာ မရှိပဲ လမ်းဘေးရောက်မည် ဆိုတာပင်။ သို့သော် ကြောက်လွန်းတော့ လမ်းဘေးရောက်တာထက် ဆိုးနေသော သူ့၏ အခြေအနေမှန်ကို သူသတိမထားမိတော့ချေ။ စိတ်ရောကိုယ်ပါ ချိုးနှိမ်ခံထားရ နှိပ်စက်ခံထားရသော ဒီကလေးသာသာ ခန္ဓာကိုယ်နှင့် လူသားက မည်မျှ ထက်မြက်သည် ဆိုတာကို သတိမရတော့ခြင်းသာ။

ဟုန်လေ့အခု ခပ်သုတ်သုတ် စာကြည့်တိုက်ကိုသွားနေသည်။ သူ့စားဝတ်နေရေးကိစ္စ ဖြေရှင်းရဦးမည်လေ။ ဇာတ်လိုက်သားအမိဆီက ခြူတပြားမှ ထွက်လာတော့မှာမဟုတ်။ မူလဟုန်လေ့လို အစားတလုပ်အတွက် တိုးလျှိုးတောင်းပန်ပြီး ခိုင်းသမျှလုပ်ပေးဖို့လည်း သူစိတ်မဝင်စားပေ။

ကွန်ပျူတာလိုက်ရှာတော့ အတန်းချိန်မို့ စာကြည့်တိုက်မှာ လူရှင်းနေသည်။ တွေ့ရာခုံ တခုဝင်ပြီး အီးမေးတွေ စစ်လိုက်သည်။ မေးမြန်းထားတဲ့ သူလေးငါးယောက်ကို ပြန်ဖြေလိုက်ပြီး မနေ့ကအပ်ထားတဲ့ အလုပ်ကို ဝယ်သူ့စိတ်တိုင်းကျ Final Edit လုပ်ပေးလိုက်ပြီး တခါတည်း ပို့ပေးလိုက်သည်။ ခဏအကြာမှာ လက်ကျန်ငွေ ဝင်လာသည် ..

ပြီးတော့ ထို logo sample တွေနဲ့ portfolio ဆောက်လိုက်ပြီး သူလုပ်နိုင်တဲ့ Service တွေကို ထပ်ဖြည့်သည်။

ဟုန်လေ့က plan ချလိုက်သည်။ သူ25နှစ်မှာ mission ပြီးအောင်လုပ်မယ်။ အသက်20 မှာ ဒုတိယနဲ့ တတိယ mission ပြီးရမယ်။ လောလောဆယ် သူလိုအပ်တာတွေ ချရေးလိုက်ပြီး ကုန်မယ့် ငွေ တွက်ချက်လိုက်သည် ..

ကွန်ပျူတာ တလုံး
လက်ကိုင်ဖုန်း
ဆိုင်ကယ်တစ်စီး
အဝတ်အစား ငါးစုံ
နားကြပ်
ပန်းချီသင်တန်းအတွက် လိုအပ်တဲ့ ပစ္စည်း
နောက် ကျောပိုးအိတ် နဲ့ ဖိနပ် ..
သူအိတ်က အရမ်းဟောင်းနေပြီး ဖိနပ်က ပျက်တော့မည်

ပန်းချီက ခုတက်ရတော့မှာဆိုတော့ သင်ထောက်ကူပစ္စည်းက အရေးတကြီးလိုနေပြီး ဖုန်းက လုပ်ငန်းအဆက်အသွယ်ရဖို့ အဓိကပစ္စည်းဖြစ်တာမို့ ဦးစားပေးဝယ်ရန် ဆုံးဖြတ်လိုက်သည်။ နားကြပ်က ဖုန်းနဲ့ အတူပါလာမယ်ဆို ရပြီ။ အဝတ်အစားက အခုပြန်ရင်ကို လိုတော့မှာ။ သူ့အိမ်က အဝတ်အစားတွေက အရမ်း နွမ်းလွန်းနေပြီ။

ကွန်ပျူတာကိုတော့ လိုအပ်နေပေမယ့် ခုလိုကျောင်းမှာဖြစ်ဖြစ် ဒါမှမဟုတ် တပတ်ရစ်ရောင်းတဲ့ဆိုင်ကဖြစ်ဖြစ် မဝယ်နိုင်သေးခင် တလလောက် ငှါးသုံးဖို့ သူဆုံးဖြတ်လိုက်တယ် ..

အဆင်ပြေနိုင်မယ့် ဖုန်းတလုံးနဲ့ ပန်းချီအတွက်လိုအပ်တဲ့ ပစ္စည်းတွေ online က ဈေးကို တချက်စုံစမ်းလိုက်သည်။ ငွေကို တပတ်စာ အသေးသုံး စားရိတ်နဲ့ ဝယ်မယ့် ပစ္စည်းဖိုးကို ဖယ်လိုက်ပြီး .. stock market ဖွင့်လိုက်သည်။ သူနည်းနည်း လေ့လာပြီး ကျန်ငွေ အကုန် ပုံအောရှယ်ယာဝယ်တော့မယ့်အချိန်မှာ သူ့နောက်မှ တစုံတယောက်က

"ခဏလေး .. မင်း Devilish ရဲ့ရှယ်ယာဝယ်မယ့်အစား Honkai ကုမ္ပဏီရဲ့ ရှယ်ယာကို ဝယ်သင့်တယ်လို့ မထင်ဘူးလား "

သူလှည့်ကြည့်လိုက်တော့ သူထိုင်နေတဲ့ခုံလက်ရန်းပေါ်ကို လက်တဖက်ထောက်ထားသော ရင်ခွင်ကျယ်တစ်ခုက သူ့ပေါ်ကနေ အုပ်မိုးပြီး နောက်တဖက်က mouse ကို လက်လှမ်းနေသည်။

သူ.... သူ ....

🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

အတန္းထဲေရာက္ေတာ့ အရင္ခႏၶာကိုယ္၏ မွတ္ဥာဏ္အရ သူ႔ေနရာျဖစ္တဲ့ ေနာက္ဆုံးခုံမွာ ဝင္ထိုင္လိုက္သည္။ သူက ေနာက္ဆုံးတန္းမွာ တေယာက္တည္းထိုင္ရတာျဖစ္သည္။ သူ႔ခုံေအာက္က အံဝွက္ေလးထဲမွာ ေရာင္စုံခဲတံ ဖေယာင္းဆြဲတံနဲ႔ ေဆာ့ပင္ အနည္းငယ္ ေတြ႕ရသည္။ ဒါ မရွိတဲ့ၾကားက ျခစ္ကုပ္စုထားရတာေတြေနမွာ။ ေဖးရဲ႕စိတ္မေကာင္း ျဖစ္သြားသည္။ စာအုပ္တိုင္းကို လိုက္လွန္ၾကည့္သည္။ သူ႔ရဲ႕ လက္ရွိအေျခအေန သိရန္လိုသည္ေလ။ စာအုပ္ေတြ ၾကည့္ေတာ့မွ သူ မ်က္လုံးျပဴးသြားသည္။

ဟုန္ေလ့က စာေတာ္တာပဲ။ စာေတာ္တဲ့အျပင္ သူယူထားတဲ့ ေမဂ်ာက Advanced Physics ။ အရမ္းခက္လြန္းတဲ့ ဘာသာရပ္ ၿပီးေတာ့ ရွိသမွ် မိုင္နာအကုန္ ပတ္ယူထားေသးသည္။ ဒီကမာၻရဲ႕ သင္ၾကားေရးမွာ ေမဂ်ာခြဲတဲ့ပုံစံက မိုက္သည္။ မိုင္နာသုံးခု ေမဂ်ာတစ္ခု သက္ဆိုင္ရာ ေမဂ်ာခြဲမ်ား အတြဲလိုက္ ယူရသည္။

ေမဂ်ာခြဲဆိုတာက ေမဂ်ာဘာသာရပ္ကို ေထာက္ပံ့ေပးႏိုင္တဲ့ ေမဂ်ာနဲ႔ အတူ တြဲဖက္သင္ရမယ့္ ဘာသာရပ္ေတြ ျဖစ္တယ္ (Supporting Subjects)။ ေမဂ်ာ တခုယူလွ်င္ သတ္မွတ္ထားတဲ့ ေမဂ်ာခြဲႏွစ္ခု ပါလာၿပီးသား ျဖစ္သည္။ တနည္းေျပာရရင္ ေမဂ်ာဆိုတာ ကိုယ္တကယ္ သက္ေမြးဝမ္းေက်ာင္းျပဳရမယ့္ ဘာသာရပ္ကို ဆိုလိုသည္။ အထက္တန္းေအာင္တာနဲ႔ အမွတ္ေတြမခြဲပဲ ႀကိဳက္တာေ႐ြးခြင့္ရွိသည္။

ေက်ာင္းသားေတြက မိုင္နာဘာသာရပ္ကို ႀကိဳက္သေလာက္ယူလို႔ရသည္။ ဒါေပမယ့္ အနည္းဆုံး သုံးခုေတာ့ မျဖစ္မေနယူရသည္။ မိုင္နာေတြက အေထြေထြ ဗဟုသုတႏွင့္ ႏိုင္ငံျခား ဘာသာရပ္ႏွင့္ အေျခခံ အတြက္အခ်က္၊ အေတြးအေခၚမ်ား ျဖစ္သည္။

ယြင္ဖန႔္က သူမ ႀကိဳက္တဲ့အခ်ိန္ ခိုင္းလို႔ရေအာင္ ဟုန္ေလ့၏ ေဖာင္ကိုယူၿပီး သူနဲ႔အခန္းတူထိုင္ရမည့္ မိုင္နာသုံးခု ကိုယ့္သေဘာနဲ႔ကိုယ္ ျဖည့္၍ တင္ပစ္လိုက္သည္။ ေမဂ်ာကိုေတာ့ 'ဒုကၡေပးရန္/ အရွက္ခြဲရန္' ရည္႐ြယ္ခ်က္နဲ႔ အခက္ခဲဆုံးဘာသာ ျဖစ္တဲ့ Advance Physics ကို ထည့္ခဲ့သည္။ ဤဘာသာက တကယ္ ေတာ္တဲ့သူမ်ားသာ လုပ္ငန္းခြင္ ဝင္ဖို႔ အခြင့္အေရးရတတ္တာေၾကာင့္ ေတာ္႐ုံအရည္အခ်င္းမရွိသူဆိုလွ်င္ ဟိုမေရာက္ ဒီမေရာက္ လမ္းေပ်ာက္သြားႏိုင္သည္။

သို႔ေပမယ့္ ဟုန္ေလ့ကေတာ့ မိုင္နာေတြ အမ်ားအျပား ယူထားသည္။ အေၾကာင္းရင္းကေတာ့ တခုတည္း .. အိမ္မျပန္ခ်င္၍သာ။

ဟုန္ေလ့မ်က္ႏွာက စာအုပ္ၾကည့္ေနရင္း ေစာေစာက ပ်င္းရိပ်င္းတြဲပုံေပ်ာက္သြားကာ ခ်က္ခ်င္းကိုယ္မတ္လာၿပီး စာ႐ြက္တိုင္းကို ေသခ်ာလွန္ေတာ့သည္။ မိုင္နာကအစ သူ႔စာအုပ္တိုင္းက ေသခ်ာ မွတ္သားထားတဲ့အျပင္ ေတြးၿပီး စဥ္းစားရတဲ့ ဘာသာရပ္ေတြမွာဆို သူ႔အေတြးအျမင္ေတြကိုပါ ခ်ေရးထားသည္။ ၿပီးေတာ့ အတန္းက ခုမွ ႏွစ္စပဲ ရွိေသးေပမယ့္ .. သူ႔စာအုပ္မွာက ေလးပုံသုံးပုံထိ မွတ္ထားၿပီးတာကို ေတြ႕ရသည္။ 'Wow .. Amazing .. Good Job Hong Lei' ဒါေတာင္ ယြင္ဖန္ ရႈပ္သမွ် လိုက္ရွင္းေပးေနရေသးလို႔သာ။ ပထမဆုံးအျဖစ္ မူလခႏၶာကိုယ္ပိုင္ရွင္ကို ခ်ီးက်ဴးလိုက္သည္။

ေနာက္သူထပ္သိရတာက ပုံပါတဲ့ ေလ့က်င့္ခန္းေတြမွာဆို အေရာင္ေတြ ျခယ္ထားသည္။ မ်ဥ္းပါတဲ့ ေလ့က်င့္ခန္းေတြမွာ Pattern ေတြ ဆြဲထားသည္။ ဗလာစာအုပ္ေနာက္ေက်ာေတြမွာ ေရစက္ေတြ မီးသီး ငွက္ေပ်ာသီး ထမင္းခ်ိဳင့္ စသျဖင့္ အနီးအနားရွိတဲ့ ပစၥည္းမ်ိဳးစုံရဲ႕ ပုံေတြ အေသးစိတ္ ဆြဲထားသည္ ။ စာ လြတ္သမွ် အျဖဴခံေတြမွာ ပန္းအခက္ေတြ အျပည့္ဆြဲထားသည္။ ဘာေၾကာင့္လဲဆိုတာ ေဖးရဲ႕ရိပ္မိလိုက္သည္။ ဟုန္ေလ့က စာအုပ္မွ မဝယ္ႏိုင္တာ။ ရွိတဲ့ စာ႐ြက္အလြတ္ေတြတိုင္းမွာ က်င့္ခဲ့ပုံရသည္ ။ အဲ့တာေၾကာင့္ အျဖဴမ်ားမ်ားက်န္ဖို႔ လက္ေရးေလးေတြကလည္း ေသးၿပီး ပူးကပ္ေနသည္။

ဒါဆို မင္းဝါသနာက ပန္းခ်ီေပါ့ ..
မူလပိုင္ရွင္ဟုန္ေလ့ရဲ႕ ဒီလိုမရွိတဲ့ၾကားက ျခစ္ကုပ္ေလ့က်င့္ထားတာေတြ ျမင္ေလေလ .. စိတ္ထဲက ေလးစားမိေလေလျဖစ္လာသည္။ ငါ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားေပးမယ္ကြာ။ ငါက သင္ရင္ တတ္လြယ္ပါတယ္။ ဒါေပမယ့္ ငါ color ေတာ့ နည္းနည္း blind တယ္။ မင္းရဲ႕အသိေတြေတာ့ ယူသုံးရမွာေပါ့ ။ ေျပာမရဘူး ငါ့အတြက္လည္း အဆင္ေျပခ်င္ ေျပသြားႏိုင္တာပဲ။

စာသင္ခန္းရဲ႕အျခားတဖက္မွာေတာ့ အားလုံးက ဟုန္ေလ့ေျပာင္းလဲသြားတာကို စိတ္ဝင္စားေနၾကသည္။

"ဟဲ့ ဟဲ့ ၾကည့္စမ္း ဟုန္ေလ့က ခါတိုင္းနဲ႔ မတူသလိုပဲ .."
"ေအးေနာ္ .. ဒီေန႔ နည္းနည္း သပ္ရပ္ၿပီး ၾကည့္ေကာင္းေနတယ္"
"ဒီေန႔ ငါတို႔အတန္းက နည္းနည္း လင္းလက္ေနသလိုပဲ"

ယြင္ဖန္ကေတာ့ မ်က္ႏွာပ်က္ကာ မ်က္ေထာင့္နီႀကီးနဲ႔ ၾကည့္ေနသည္။ ခါတိုင္းလို ဟုန္ေလ့ကို အလုပ္ေတြ ခိုင္းလို႔မရေတာ့ဘူးေလ။ ေက်ာင္းေခၚခ်ိန္ တြက္၊ လူေရ၊ သန႔္ရွင္းေရးတာဝန္ေတြ ထည့္တာကအစ၊ လူတိုင္းရဲ႕ မတူတဲ့ ေမဂ်ာ/မိုင္နာနဲ႔ အခန္းလြတ္ခ်ိန္ကို ဆရာေတြနဲ႔ ညႇိၿပီး ဆြဲေပးရမယ့္ အခ်ိန္ဇယား ဘာညာ .. အားးးး .... ။

ေျပာသာ ေျပာတာ သူ႔အနားကေကာင္ေတြက ဒီလိုအလုပ္မ်ိဳးက သုံးစားရတာမဟုတ္။ ဟုန္ေလ့ ေတာ္မွန္းေတာ့ သိေပမယ့္ .. တေန႔ သူမကို ဒီလို ကာျပန္ရဲလိမ့္မယ္လို႔ေတာ့ ဘယ္ေသာအခါကမွ မေတြးမိခဲ့ဖူးေပ။ ဥကၠဌဆီ Report မ်ား အခ်ိန္မွီမေရာက္ရင္ သူမပဲ သိကၡာက်လိမ့္မည္။ ပိုဆိုးတာက အရင္အပတ္ကမွ သူမ မလုပ္ရတိုင္း ရန္ပုံေငြစုေသာ Event ေတြလုပ္တာေတြပါ ထပ္တိုး၍ တာဝန္ယူထားလိုက္ေသးသည္။

ဟုန္ေလ့က အဲ့အလုပ္ေတြ လုပ္ေနၾကျဖစ္တဲ့အျပင္ အားလုံး၏ အခ်က္အလက္မ်ားက ေခါင္းထဲ ရွိတာေၾကာင့္ ခဏေလးနဲ႔ ၿပီးသည္။ အခန္းထဲက ကိစၥေတြ သူပဲ ေနာက္ကြယ္က တာဝန္ယူရတာေၾကာင့္ တတန္းလုံးအေၾကာင္းသိၿပီး သူ႔ကိုေတာ့ တိတ္ဆိတ္သည့္ ေကာင္ေလးတေယာက္ ဆိုသည့္အျပင္ မသိၾကေပ။ ဟုန္ေလ့ႏွင့္ အေပါင္းအသင္း လုပ္သူမ်ားကိုလည္း ယြင္ဖန္ႏွင့္ အဖြဲ႕က ေႏွာက္ယွက္ေလ့ ရွိၿပီး မဟုတ္မမွန္ သတင္းမ်ားကလည္း ျပန္႔ေနတာေၾကာင့္ ဟုန္ေလ့ကို မည္သူမွ် အေပါင္းအသင္း မလုပ္ရဲၾကေပ။

ဟုန္ေလ့ ၿပဳံးေနသည္။ ဇာတ္လိုက္မ နာက်င္ေလ သူ႔mission က ျမန္ျမန္ၿပီးေလပဲ။ သူအတန္းခ်ိန္ေတြ ၾကည့္လိုက္သည္။ သမိုင္းနဲ႔ လက္မႈပညာ သူတက္မည္ က်န္တာေတြက မလို။ သူကြၽမ္းၿပီးသား ျဖစ္သည္။ သမိုင္းဆရာက ပုံေျပာေကာင္းသည္။ ၿပီးေတာ့ သမိုင္းကို ေလ့လာရတာ သူ(ေဖးရဲ႕)ႀကိဳက္သည္။ လက္မႈပညာကေတာ့ စိတ္ဝင္စားလို႔ ခဏသြားစမ္းၾကည့္ရန္သာ ျဖစ္သည္။

သမိုင္းဆရာက သူရဲေကာင္းတေယာက္ရဲ႕ ရာဇဝင္ စစ္ခ်ီတက္တဲ့အေၾကာင္း လက္သီးလက္ေမာင္းတန္းရင္း ေျပာျပေနသည္။ အတန္းခ်ိန္ေျပာင္းတာနဲ႔ သူလစ္ထြက္လာေတာ့သည္။ အရင္ဟုန္ေလ့က ေက်ာင္းသားေရးရာကိစၥနဲ႔ အလုပ္လုပ္ေပးရတာကလြဲလို႔ အတန္းလစ္တတ္သူမဟုတ္ေပမယ့္ အခုဟုန္ေလ့ကေတာ့ လစ္ရမည္ ။ သူ႔မွာ လုပ္စရာရွိေသးသည္ေလ။ ေမာ္ကြန္းထိန္းဆီ အရင္သြားၿပီး သူ႔ရဲ႕ ေမဂ်ာေတြ ေျပာင္းလို႔ ရမရ ေမးသည္ ေမာ္ကြန္းထိန္းက အေပါက္ဆိုးေပမယ့္ စိတ္ထားေကာင္းတာ သူသိသည္။

ဟုန္ေလ့က သူက စာေတာ္တဲ့အျပင္ ယြင္ဖန႔္ကိုယ္စား ေတာက္ေလွ်ာက္ ဒီကို လာေနရေတာ့ ရင္းႏွီးေနေလၿပီ။

"သား မင္းယူထားတဲ့ ဘာသာေတြက အစထဲက မ်ားလြန္းတယ္။ တကယ္ေတာ့ ဒုတိယႏွစ္မွာဆို ေျပာင္းလို႔ မရေတာ့ဘူး။ ဒါေပမယ့္ မင္း ေတာ္တာ ေဒၚေဒၚသိတယ္ ။ အရမ္းလည္းေနာက္က်ေနၿပီဆိုေပမယ့္ မင္းက လိုက္ႏိုင္ေလာက္တဲ့ အေျခအေနရွိတာေၾကာင့္ ပါေမာကၡကို တင္ျပေပးမယ္။ ဘာေတြေျပာင္းခ်င္တာလဲ ေျပာသြားေပး"

"ဟုန္ေလ့ ခဏစဥ္းစားလိုက္ၿပီး က်ေနာ္ ဒီမိုင္နာ သုံးဘာသာ ျဖဳတ္ၿပီး ေမဂ်ာထဲမွာ ပန္းခ်ီထပ္ထည့္ခ်င္ပါတယ္ .. "

"သား ပန္းခ်ီက Club Activity အေနနဲ႔ လုပ္လို႔ရတာပဲ ဘာေၾကာင့္အပင္ပန္းခံမလဲ .. မင္းကို ၾကည့္ရတာ ပိန္လြန္းတယ္ .. မင္းေမဂ်ာ Advanced Physics ကတင္ကို သူမ်ားအတြက္ ေတာ္ေတာ္ခက္ခဲႏွင့္ေနၿပီ "

"ကိစၥမရွိပါဘူး ေဒၚေဒၚ က်ေနာ္ ေျပာင္းလို႔ရရင္ကို ေက်နပ္ပါၿပီ "

"ေမဂ်ာက တတြဲပဲ ခြင့္ျပဳတယ္သား .. ႏွစ္တြဲဆို စာသင္ခ်ိန္ေတြ ညႇိရခက္သလို သင္တဲ့သူအတြက္လည္း ခက္ခဲတဲ့အျပင္ သက္ေမြးဝမ္းေက်ာင္းအတြက္ ဒြိဟျဖစ္ေစတာမို႔ ခြင့္မျပဳထားဘူး "

"အဲ့တာဆို ေဒၚေဒၚ ဒီလိုလုပ္ေပးပါလား ..က်ေနာ့ကို ပန္ခ်ီဆရာမကို ေျပာၿပီး အတန္းထဲသြားတက္ခြင့္ရေအာင္ ကူညီေပးပါ .. က်န္တာ က်ေနာ္ညႇိလုပ္လိုက္ပါမယ္ .. ဘြဲ႕လက္မွတ္မလိုပါဘူး .. ၿပိဳင္ပြဲေတြမွာေတာ့ ပါဝင္ခြင့္ ရခ်င္တယ္ .. အဆင္ေျပမလား .. မိုင္နာေတာ့ ျဖဳတ္ေပးလို႔ ရတယ္မလား ေဒၚေဒၚ က်ေနာ္ ဒီသုံးခု ျဖဳတ္ခ်င္ပါတယ္ "

"ဒါ.. သား ဒီမိုင္နာသုံးခုက မင္းရဲ႕ ဦးစားေပးသုံးခုေနာ္ .. ဘာျဖစ္လို႔လဲ .."

"က်ေနာ္နဲ႔ မအပ္စပ္ဖူးထင္လို႔ပါ ေဒၚေဒၚ "
"ဒါဆို မင္း အခန္းေျပာင္းမွ ရမယ္ မင္းအေနနဲ႔  အခန္းB က ပိုအဆင္ေျပလိမ့္မယ္ "

"ဟုတ္ေျပာင္းပါ့မယ္"
"ေအးပါ မင္းအရမ္းစိတ္အားထက္သန္ေနေတာ့လည္း "

ဟုန္ေလ့ကအစတည္းက ပန္းခ်ီတက္ခ်င္ခဲ့တာ ျဖစ္သည္ .. သူAdvanced Physics ကို မႀကိဳက္လို႔ေတာ့မဟုတ္ ပန္းခ်ီကို ဝါသနာပိုခဲ့လို႔သာ ျဖစ္သည္ .. အခုလည္း APကို သူေအးေဆးလိုက္ႏိုင္သည္ .. တျခားမၾကည့္နဲ႔ စာေမးပြဲရလဒ္ပဲၾကည့္။ အဆင့္တစ္က တခါမွ မက်ဖူးေပ ။

မူလဟုန္ေလ့က ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ႏိုင္လို႔ မရိပ္မိေပမယ့္ ဆရာဆရာမေတြဆိုတာ သူ႔ကို ဖူးဖူးမႈတ္ထားတာ ျဖစ္သည္။ အတန္းထဲ ဟုန္ေလ့အိပ္ရင္ေတာင္ မေငါက္ၾကေပ။ ဟုန္ေလ့ အတန္းထဲမွာ အိပ္ပါသည္ .. အရမ္းပင္ပန္းလြန္း၍ တခါတေလ မည္သို႔မွ မတတ္ႏိုင္ပဲ အိပ္ေပ်ာ္ သြားသည္မ်ား ရွိသည္။ သို႔ေသာ္ ေလ့လာအား အရမ္းေကာင္းတာေၾကာင့္ အဆင့္ တခါမွ် က်မသြားဖူးေပ။

ဟုန္ေလ့က အလုပ္လုပ္တာအရမ္းျမန္ၿပီး တိက်သည္။ စာက်က္တာခ်င္း တူလို႔ သူမ်ားတပုဒ္ရလွ်င္ သူသုံးပုဒ္ရသည္။ အခ်ိန္ဇယားဆြဲတာအစ ပြဲစီစဥ္တာအဆုံး အရမ္းျမန္သည္။ သူရဲ႕ တခုတည္းေသာအားနည္းခ်က္က ဇာတ္လိုက္မ သားအမိကို အရမ္းေၾကာက္တာပင္ ျဖစ္သည္။

ငယ္ငယ္ထဲက ႐ိုက္သြင္းခံထားရေသာ အသိက ဒီ သားအမိမွ မရွိလွ်င္ သူ႔အတြက္ ေနစရာ စားစရာ မရွိပဲ လမ္းေဘးေရာက္မည္ ဆိုတာပင္။ သို႔ေသာ္ ေၾကာက္လြန္းေတာ့ လမ္းေဘးေရာက္တာထက္ ဆိုးေနေသာ သူ႔၏ အေျခအေနမွန္ကို သူသတိမထားမိေတာ့ေခ်။ စိတ္ေရာကိုယ္ပါ ခ်ိဳးႏွိမ္ခံထားရ ႏွိပ္စက္ခံထားရေသာ ဒီကေလးသာသာ ခႏၶာကိုယ္ႏွင့္ လူသားက မည္မွ် ထက္ျမက္သည္ ဆိုတာကို သတိမရေတာ့ျခင္းသာ။

ဟုန္ေလ့အခု ခပ္သုတ္သုတ္ စာၾကည့္တိုက္ကိုသြားေနသည္။ သူ႔စားဝတ္ေနေရးကိစၥ ေျဖရွင္းရဦးမည္ေလ။ ဇာတ္လိုက္သားအမိဆီက ျခဴတျပားမွ ထြက္လာေတာ့မွာမဟုတ္။ မူလဟုန္ေလ့လို အစားတလုပ္အတြက္ တိုးလွ်ိဳးေတာင္းပန္ၿပီး ခိုင္းသမွ်လုပ္ေပးဖို႔လည္း သူစိတ္မဝင္စားေပ။

ကြန္ပ်ဴတာလိုက္ရွာေတာ့ အတန္းခ်ိန္မို႔ စာၾကည့္တိုက္မွာ လူရွင္းေနသည္။ ေတြ႕ရာခုံ တခုဝင္ၿပီး အီးေမးေတြ စစ္လိုက္သည္။ ေမးျမန္းထားတဲ့ သူေလးငါးေယာက္ကို ျပန္ေျဖလိုက္ၿပီး မေန႔ကအပ္ထားတဲ့ အလုပ္ကို ဝယ္သူ႔စိတ္တိုင္းက် Final Edit လုပ္ေပးလိုက္ၿပီး တခါတည္း ပို႔ေပးလိုက္သည္။ ခဏအၾကာမွာ လက္က်န္ေငြ ဝင္လာသည္ ..

ၿပီးေတာ့ ထို logo sample ေတြနဲ႔ portfolio ေဆာက္လိုက္ၿပီး သူလုပ္ႏိုင္တဲ့ Service ေတြကို ထပ္ျဖည့္သည္။

ဟုန္ေလ့က plan ခ်လိုက္သည္။ သူ25ႏွစ္မွာ mission ၿပီးေအာင္လုပ္မယ္။ အသက္20 မွာ ဒုတိယနဲ႔ တတိယ mission ၿပီးရမယ္။ ေလာေလာဆယ္ သူလိုအပ္တာေတြ ခ်ေရးလိုက္ၿပီး ကုန္မယ့္ ေငြ တြက္ခ်က္လိုက္သည္ ..

ကြန္ပ်ဴတာ တလုံး
လက္ကိုင္ဖုန္း
ဆိုင္ကယ္တစ္စီး
အဝတ္အစား ငါးစုံ
နားၾကပ္
ပန္းခ်ီသင္တန္းအတြက္ လိုအပ္တဲ့ ပစၥည္း
ေနာက္ ေက်ာပိုးအိတ္ နဲ႔ ဖိနပ္ ..
သူအိတ္က အရမ္းေဟာင္းေနၿပီး ဖိနပ္က ပ်က္ေတာ့မည္

ပန္းခ်ီက ခုတက္ရေတာ့မွာဆိုေတာ့ သင္ေထာက္ကူပစၥည္းက အေရးတႀကီးလိုေနၿပီး ဖုန္းက လုပ္ငန္းအဆက္အသြယ္ရဖို႔ အဓိကပစၥည္းျဖစ္တာမို႔ ဦးစားေပးဝယ္ရန္ ဆုံးျဖတ္လိုက္သည္။ နားၾကပ္က ဖုန္းနဲ႔ အတူပါလာမယ္ဆို ရၿပီ။ အဝတ္အစားက အခုျပန္ရင္ကို လိုေတာ့မွာ။ သူ႔အိမ္က အဝတ္အစားေတြက အရမ္း ႏြမ္းလြန္းေနၿပီ။

ကြန္ပ်ဴတာကိုေတာ့ လိုအပ္ေနေပမယ့္ ခုလိုေက်ာင္းမွာျဖစ္ျဖစ္ ဒါမွမဟုတ္ တပတ္ရစ္ေရာင္းတဲ့ဆိုင္ကျဖစ္ျဖစ္ မဝယ္ႏိုင္ေသးခင္ တလေလာက္ ငွါးသုံးဖို႔ သူဆုံးျဖတ္လိုက္တယ္ ..

အဆင္ေျပႏိုင္မယ့္ ဖုန္းတလုံးနဲ႔ ပန္းခ်ီအတြက္လိုအပ္တဲ့ ပစၥည္းေတြ online က ေဈးကို တခ်က္စုံစမ္းလိုက္သည္။ ေငြကို တပတ္စာ အေသးသုံး စားရိတ္နဲ႔ ဝယ္မယ့္ ပစၥည္းဖိုးကို ဖယ္လိုက္ၿပီး .. stock market ဖြင့္လိုက္သည္။ သူနည္းနည္း ေလ့လာၿပီး က်န္ေငြ အကုန္ ပုံေအာရွယ္ယာဝယ္ေတာ့မယ့္အခ်ိန္မွာ သူ႔ေနာက္မွ တစုံတေယာက္က

"ခဏေလး .. မင္း Devilish ရဲ႕ရွယ္ယာဝယ္မယ့္အစား Honkai ကုမၸဏီရဲ႕ ရွယ္ယာကို ဝယ္သင့္တယ္လို႔ မထင္ဘူးလား "

သူလွည့္ၾကည့္လိုက္ေတာ့ သူထိုင္ေနတဲ့ခုံလက္ရန္းေပၚကို လက္တဖက္ေထာက္ထားေသာ ရင္ခြင္က်ယ္တစ္ခုက သူ႔ေပၚကေန အုပ္မိုးၿပီး ေနာက္တဖက္က mouse ကို လက္လွမ္းေနသည္။

သူ.... သူ ....

Okumaya devam et

Bunları da Beğeneceksin

313K 16.8K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
41.3K 5.8K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
201K 3.7K 26
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"