Imaginary You(Completed)
By Kirara-16
339K 33.4K 1.4K
တကယ်တော့...ဝမ်ရိပေါ်ဆိုတာ...... ရှောင်ကျန့်ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ပုံရိပ်လေး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
BOOK ANNOUNCEMENT‼
Book Cover
Yellowish Diary💛
7.5K 702 84
By Kirara-16
လှပတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့ နာကျင်စရာ
မြတ်နိုးရခြင်းတွေဟာလည်း တိုးတိတ်စွာ။
ဖွင့်ဟကြည့်လှည့်ပါ....
______________________________
သို့...
အနာဂတ်က ဝမ်ရိပေါ်....
ဝိဥာဉ် တွယ်ငြိရာလေး။
ချစ်မိတဲ့အခါ ​ကြောင်ဆိုးလေးလို အနားမှာ ကပ်တွယ်
ချစ်ခဲ့ဖူးတဲ့ အပြာရောင်လေးကို သတိရပေးပါ။
မရေရာတဲ့ အနာဂတ်ပေမယ့် ပြန်လည်မွေးဖွားခွင့်ဆိုတာ ရှိလာခဲ့ရင် မြတ်နိုးရတဲ့ လူသားကို တွေ့အောင် ရှာဖွေပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူ့အနားမှာ မင်းရှိနေပေးဖို့ လိုအပ်တယ်။
ချစ်ရတဲ့ အစ်ကိုရေ........
အနာဂတ်က ဝမ်ရိပေါ်ကိုလည်း အများကြီးချစ်ပေးပါ။
----------------------------
လွမ်းမောဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်က
ဆွေးမြေ့စွာ......
💛💛💛💛💛💛💛💛💛💛💛💛💛💛💛
_______________________________
Unicode
လွပတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့ နာကျင်စရာ
အတိတ်တွေကိုကျော်ဖြတ်ခဲ့ရတယ်။
ဝမ်ရိပေါ်ဆိုတဲ့ အတိတ်ကကောင်ငယ်လေးရဲ့
ဆုတောင်းလေးတွေက အဝါရောင်ဒိုင်ယာရီလေးကတစ်ဆင့် အနာဂတ်ကဝမ်ရိပေါ်ဆီသို့။
ဖွဲ့သီခဲ့တဲ့ချစ်ခြင်းတရားတွေက သိုဝှက်စွာ။
ဆံချည်မျှင်လေးအစ ခြေဖဝါးနုနုလေးအထိ
မြတ်နိုးရခြင်းတွေဟာလည်း တိုးတိတ္စြာ။
ဖွင့်ဟကြည့်လှည့်ပါ....
ပန်းနုရောင်ချစ်ခြင်းတရားတွေ သိမ်းဆည်းရာ
အဝါရောင်ဒိုင်ယာရီလေး.......
______________________________
ပြောခွင့်မရခဲ့တဲ့စကားလုံးတွေ...
ဖော်ပြခွင့်မရှိခဲ့တဲ့ချစ်ခြင်းတရားတွေ....
အဝါရောင်ဒိုင်ယာရီလေးထဲမှာသိမ်းဆည်းလို့စာကြုံပါးလိုက်ပါသည်။
သို့...
အနာဂတ္က ဝမ်ရိပေါ်....
မတည်နိုင်ခဲ့တဲ့ကတိတွေအကြောင်း မင်းကိုပြောပြတဲ့အခါမညီးမညူ နားထောင်ပေးပါ။
အတိတ်ကဝမ်ရိပေါ်ဟာ အနာဂတ်ကိုရောက်မလာ
နိုင်တော့တာမို့ မင်းကိုပဲအားကိုးပါရစေ။
ဟိုးအတိတ်ကိုပြန်ကြည့်တဲ့အခါ ဘဝရဲ့တစ်ဦးတည်းသော မြတ်နိုးရာလေးကို ပန်းနုရောင်
Sakuraပွင့်ဖတ်တွေကြားမှာ ရှာတွေ့ခဲ့တာကို
သတိရပါ။အပြာရောင်ရှုခင်းလှလှလေးက အသက်
ဝိဉာဉ်တွယ်ငြိရာလေး။
ခပ်ဆိုးဆိုးကောင်ငယ်လေးဟာ အေးချမ်းတဲ့အပြာရောင်လေးကို ရူးသွပ်စွာစွဲလမ်းခဲ့မိတယ်။ဒေါသကြီးတာလေးကစလို့ အလိုလိုက်တတ်တာလေးအဆုံး
ခ်စ္မိတဲ့အခါ ကြောင်ဆိုးလေးလိုအနားမှာကပ်တွယ်
လို့ အချွဲပိုမိသူအဖြစ်။
အတ္တစိတ်နဲ့တစ်ကိုယ်ကောင်းဆန်မိတဲ့အခါမျိုးမှာ
မြတ်နိုးရပါတယ်ဆိုတဲ့ လူသားကို အကြိမ်ကြိမ်နာကျင်စေမိပြန်တယ်။အတိတ်ကဝမ်ရိပေါ်က အစ်ကို့အပေါ် အရမ်းဆိုးခဲ့တာမို့ အနာဂတ်ကဝမ်ရိပေါ်က အများကြီး ကောင်းပေးမှဖြစ်မယ်။
စွန့်လွတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မပြတ်သားနိုင်တဲ့စိတ်ကြောင့် ခြေလှမ်းတိုင်းက ဒီလူ့ဆီကိုပဲပြန်ဦးတည်တယ်။အတိတ်ကဝမ်ရိပေါ်က အဲ့သည်လောက် အတ္တကြီးခဲ့မိပါတယ်။
မြတ်နိုးတာထပ်ပိုတန်ဖိုးရတဲ့သူမို့ ဆုံးရှုံးလိုက်ရမှာကိုသေလောက်အောင်ကြောက်မိခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ အနားမှာရှိမနေပေးနိုင်ခဲ့ဘူး။
မပြီးမြောက်သေးတဲ့ဆန္ဒတွေ၊မပြည့်ဝခဲ့တဲ့ အိပ်မက်တွေ...မြတ်နိုးရတဲ့လူသားနဲ့အတူပုံဖော်ခွင့်မရခဲ့တဲ့ချစ်ခြင်းတွေအတွက် သိပ်ကိုနာကျင်ရပါတယ်။
ပေးခဲ့တဲ့ကတိတွေကို မမေ့ပါနဲ့။
ချစ်ခဲ့ဖူးတဲ့ အပြာရောင်လေးကို သတိရေပးပါ။
တောင်းဆိုချင်တာလေးက ဒီလောက်ပါပဲ။
အနာဂတ်မှာလည်း ဒီလူသားနဲ့တွေ့ဆုံခွင့်လေး...
မပြောင်းမလဲရှိနေပေးပါ ဝမ်ရိပေါ်။အစ်ကိုမြတ်နိုးရတဲ့ အသံချိုချိုလေးတွေ၊ပါးဖောင်းဖောင်းလေးတွေနဲ့၊ဆံပင်ရှည်လေးတွေ။ပြန်ဆုံခွင့်ရတဲ့အခါ မပြောင်းလဲတဲ့အငွေ့အသက်တွေနဲ့ ဒီကောင်လေးကို အရင်လို ချစ်ပေးနိုင်လောက်တဲ့အထိ။
အတိတ်ကဝမ်ရိပေါ်မပေးနိုင်ခဲ့တဲ့ နွေးထွေးမှုတွေကိုပေးပါ။အပြုံးလှလှလေးတွေကိုဖန်ဆင်းပေးပါ။
ငါမစွမ်းနိုင်ခဲ့သမျှကို မင်းတစ်ယောက်ပဲဖြည့်စွမ်းနိုင်မှာ။
မေရရာတဲ့ အနာဂတ်ပေမယ့် ပြန်လည်မွေးဖွားခွင့်ဆိုတာရှိလာခဲ့ရင် မြတ်နိုးရတဲ့လူသားကို တွေ့အောင်ရှာဖွေပါ။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့အနားမှာရှိနေပေးဖို့လိုအပ်တယ်။
ချစ်ခြင်းတရားကိုရှာဖွေတဲ့အခါ အပြာရောင်လေးကို
အမှတ်ရပေးပါ။အတိတ်က ဝမ်ရိပေါ်ဟာ ဒီလူသားကို သိပ်ကိုမြတ်နိုးခဲ့ရပါတယ်။
မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ဆန္ဒတွေအတွက် မင်းကိုအားကိုးပါရစေ။ငါပိုင်ဆိုင်ခွင့်မရခဲ့တဲ့ အစ်ကို့ကို
မင်းကတော့ ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှဖြစ်မယ်။
ချစ်ရတဲ့ အစ်ကိုရေ........
အကယ်၍ ပြန်ဆုံဖြစ်ကြတဲ့အခါ...
အပြာရောင် သတို့သားဝတ်စုံလေးဝတ်ပါ။
အဖြူရောင်ခန်းမလယ်မှာ ကျွန်တော့်ဆီတစ်လှမ်းချင်းလျှောက်ခဲ့ပါ။မြတ်နိုးရခြင်းတွေတပွေ့တပိုက်နဲ့
နဖူးလေးကိုအနမ်းခြွေတဲ့အခါ ခပ်ဖွဖွပြုံးပါ။
ချိုချဉ်လေးတွေကိုသဘောကျတတ်တဲ့ဒီအဆိုးလေးကိုသတိရနေပေးပါ။
အနာဂတ္က ဝမ်ရိပေါ်ကိုလည်း အများကြီးချစ်ပေးပါ။
အချိန်စက်ဝန်း တစ်နေရာမှာ ချစ်ရသူနဲ့ ဆုံစည်းခွင့်ရခဲ့ရင်ဖြင့် ဒီဘဝမှာပြောခွင့်မရတဲ့စကားလေးကို
ဆက်ဆက်ပြောခွင့်ရချင်မိရဲ့။
"ဝမ်ရိပေါ်ဆိုတဲ့ကြောင်ဆိုးလေးက ရှောင်းကျန့်ဆိုတဲ့အပြာရောင်လေးကို အရမ်းချစ်ခဲ့ပါတယ်"
----------------------------
တစ်စုံတစ်ယောက်ရဲ့ သေးငယ်တဲ့ဆန္ဒလေးတွေ
တည်ရှိရာ အဝါရောင်Diaryလေးက ဖန်သေတ္တာလေးထဲမှာ ငြိမ်သက်လျက်။
ချစ်ခြင်းတရားတို့အစပြုရာ Diaryလေးထဲမှာ
သိပ်ချစ်ခဲ့ကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့
လွမ်းမောဖွယ်ဇာတ်လမ်းလေး တစ္ပုဒ္က
ဆွေးမြေ့စွာ......
💛💛💛💛💛💛💛💛💛💛💛💛💛💛💛
ဒီတစ်ခါတော့ တကယ်နှုတ်ဆက်လိုက်ကြရအောင်။
ချိုချဉ်လေးတွေကိုသဘောကျတတ်တဲ့ ကြောင်ဆိုး
လေးနဲ့ အပြာရောင်အေးချမ်းခြင်းလေးကို
သတိရနေပေးဖို့ မျှော်လင့်ပါတယ်💚💙
Continue Reading
You'll Also Like
179K 18.5K 31
Both Zawgyi & Unicode {Zawgyi} တက္ကသိုလ်​ပထမနှစ်​​ကျောင်းသားတစ်​​ယောက်ဖြစ်​တဲ့ရိ​ပေါ်ရဲ့စူးစမ်းချင်​​သောစိတ်​​ကြောင့်​မှားယွင်းစွာSystemတစ်​ခုအတွင်​...
234K 24.6K 31
110K 4.8K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
184K 18.7K 38
What's wrong with Professor Wang?