Chapter 31

5.4K 598 22
                                    

Yibo pov(12)

လွယ်လွယ် တွယ်ငြိခဲ့တဲ့ သံယောဇဉ်တွေ မဟုတ်တော့ ဖြတ်တောက်ဖို့က ထင်ထားတာထပ် ခက်တယ်။

စွန့်လွတ်လိုက်ပါပြီလို့ ပါးစပ်က အတွင်တွင် ပြောနေပေမယ့် စိတ်အစုံကတော့ ခင်ဗျားဆိုတဲ့သံသရာမှာ
ကျင်လည်နေတုန်းပဲ။

ဝမ်ကျိုးချန်ဆီကနေ ခင်ဗျားနေမကောင်းဘူးဆိုတဲ့
သတင်းကိုကြားကြားချင်း ခေါင်းမာလွန်းခဲ့တဲ့ ခင်ဗျား
ကိုပဲ အပြစ်တင်ရမလား၊ အကြာကြီး ပစ်ထားမိခဲ့တဲ့
ကိုယ့်ကိုယ်ကိုယိပဲ အပြစ်တင်ရမလားတောင် မသိတော့။

ဖြစ်ခဲ့သမျှ အကုန်လုံးက ခင်ဗျားအမှားလို့ လွှဲချရအောင်
ကျွန်တော်ကလည်း အပြစ်ကင်းခဲ့တာမဟုတ်။
ဒီတစ်ခါမှ ခင်ဗျားကိုမစွန့်လွတ်နိုင်ရင် ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ စွန့်လွတ်နိုင်တော့မယ် မထင်ဘူး။

တွယ်ငြိခဲ့တဲ့ သံယောဇဉ်ကြိုးတွေကို တစ်မျှင်ချင်း ဖြတ်မယ်။ ခင်ဗျားရော၊ ကျွန်တော်ရော လွတ်မြောက်ပါစေပေါ့..။

"နင်တကယ်မသွားဘူးလား"

"အင်း။ဆက်ပြီးတွယ်ကပ်နေရင်ငါရောသူရောနာကျင်ရလိမ့်မယ်"

"အခုလည်းနာကျင်နေရတာပဲမဟုတ်လား"

"ပိုတိုးလာမယ့်သံယောဇဉ်တွေကို ငါမလိုချင်တော့ဘူး။ အရင်ကလိုအဖြစ်မျိုး ​နောက်တစ်ကြိမ်ကြုံရရင်
ငါတကယ်သေမှာဟ"

"ဒီကိစ္စမှာ အဓိကတရားခံက နင်ပဲ။နင်ကရှောင်းကျန့်
ကို နင့်အမနဲ့နှိုင်းယှဉ်ပြီးမြင်နေခဲ့တာ"

"......."

"ရှောင်းကျန့်ကို လိမ်တယ်လို့ စွပ်စွဲရအောင် နင်ကရော
ဘယ်လောက်ဖြူစင်နေလို့လဲ။ နင့်ရောဂါအကြောင်း ​ရှောင်းကျန့်သိလား"

"ဟင့်အင်း"

"တွေ့လား။နင်လည်းသူ့ကိုအပြည့်အဝမယုံကြည်ဘူး
မဟုတ်လား"

"အဲ့လိုမဟုတ်ဘူး။ငါအစ်ကို့ကို ငါ့ရောဂါအကြောင်း
ပြောမပြဘူးဆိုတာ ငါ့အတွက်နဲ့အစ်ကိုစိတ်ဆင်းရဲ
ရမှာစိုးလို့"

"သူများအတွက်ဆိုပြီးလွှဲမချစမ်းပါနဲ့။တကယ်တော့
နင်ကိုယ်တိုင်ကိုကသူ့ကိုမယုံလို့၊သူ့ကိုပြောပြလည်း
ဘာမှမှမထူးတာလို့်တွေးနေမိလို့မဟုတ်လား"

Imaginary You(Completed)Where stories live. Discover now