Chapter 25

5.2K 597 18
                                    

Yibo pov(6)

အခုအချိန်ဟာ ရိပေါ်ဘဝရဲ့ အခက်ခဲဆုံး တိုက်ပွဲကို
ဆင်နွဲနေရခြင်းဖြစ်တယ်။ တစ်ချက်ကလေး မှားတာနဲ့
အားလုံး သဲထဲရေသွန်ဖြစ်ကုန်မှာ စိုးတာမို့ လှုပ်ရှားမှု
တိုင်းမှာ သတိမြဲစွာ ကပ်ရသည်။ လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ပစ်မှတ်ကို တည့်မတ်
စွာ ချိန်ရွယ်ပြီး အားနဲ့ တစ်ချက် ခုတ်ချလိုက်တယ်။

*ဒုန်း!!!!!*

"အမလေး....ဘုရား။ဘာသံကြီးလဲ"

"ဟီးဟီး။ဘာသံမှမဟုတ်ပါဘူး အစ်ကိုရဲ့။ကျွန်တော်သခွားသီးလှီးနေတာ"

"သခွားသီးလှီးတာရော ဟုတ်ရဲ့လား။ငါ့အိမ်ကို
ဗုံးဖောက်သွားတယ်လို့ကိုထင်နေတာ"

"အစ်ကိုကတော့ မဖြစ်နိုင်တာတွေပြောပြီ.."

"ရွဲ့ပြောနေတာကွ။သခွားသီးလှီးတာ အဲ့လောက်
အသံကျယ်စရာလိုလို့လား"

"အစ်ကိုနားမလည်ပါဘူး။ဒါသခွားသီးဓားပြားရိုက်သုပ်မလို့ အစ်ကိုရ။ကျွန်တော်အကြိုက်ဆုံးအစားအစာ"

"မင်းငါ့မီးဖိုချောင်ကိုတော့ မဖျက်ဆီးပါဘူးနော်"

"အစ်ကိုကတော့လေ...ကြံဖန်ပူနေပြန်ပြီ။စိတ်ချ
ဘာမှမဖြစ်စေရဘူး။ကျွန်တော့ကိုယုံစမ်းပါ"

ယုံစမ်းပါဆိုပြီး ​နောက်တစ်ကြိမ် လက်စွမ်းပြလိုက်တာ ဒုန်းခနဲပဲ။ သခွားသီးလေးတွေကတော့ ဘဝကူးကောင်းတော့မယ် မထင်။

ဂျပန်ခေတ်ကမိုင်း မိထားသလို အပိုင်းပိုင်း ဖြစ်နေတဲ့
သခွားသီးလေးတွေကို ပန်းကန်ထဲ ထည့်လို့ ​တွေ့သမျှ
ဆား၊ သကြား၊ ဟင်းခပ်မှုန့် အကုန်လောင်းထည့်လိုက်
တယ်။ ရှာလကာရည်ပုလင်းကို မြင်တော့ ဝမ်းသာအားရပဲ ပုလင်းလိုက်လောင်းချဖို့ ပြင်ပြီးမှ အရှိန်ပြန်
ထိန်းပြီး ပုလင်းတစ်ဝက်ပဲ ထည့်လိုက်တော့တယ်။

ခက်ခဲပင်ပန်းစွာနဲ့ တတိယကမ္ဘာစစ်ကို ဆင်နွဲအပြီး
မှာတော့ ရိပေါ်ရဲ့ သခွားသီးဓားပြားရိုက်သုတ်လေး
က မစားချင်စဖွယ်။

အို...အဆင်းက အရေးမကြီးပါဘူး။အချင်းကသာ
အဓိက။ဝမ်ရိပေါ်ရဲ့ သခွားသီးဓားပြားရိုက်သုတ်စား
ပြီး လျှာလည်ရုံမကလို့ လျှာပါမှောက်ခုံဖြစ်သွားမယ်။
ကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်နေသောပါပဲ။

Imaginary You(Completed)Donde viven las historias. Descúbrelo ahora