Chapter 21

5.6K 717 12
                                    

Yibo pov (2)

ရိပေါ်အတွက် တစ်ခုတည်းသော အားကိုးရာဖြစ်တဲ့ မမ မရှိတော့တဲ့နောက် အရာရာက ​မျှော်လင့်ချက်မဲ့နေသလို ခံစားရတယ်။ ​ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ အထီးကျန်တာ ဘာဆိုဘာမှ မခံစားရတဲ့အထိ ခံစားချက်တွေက ဗလာကျင်းသွားခဲ့တယ်။

အလင်းရောင်ပေးတဲ့ ​နေမင်းကြီးမရှိမှတော့
လမင်းက ဘယ်လို လင်းလက်နိုင်တော့မလဲ။
ဝမ်ရိပေါ်ရဲ့ ဖြစ်တည်မှုက မမနဲ့အတူ ​ပျောက်ကွယ်
သွားခဲ့ပြီ။

မမဆုံးပြီး တစ်နှစ်ကျော်လောက်မှာ မာမားက ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးသွားပြန်တယ်။ မာမားဆုံးတာနဲ့ ပတ်သတ်ပြီး ရိပေါ် ဝမ်းနည်းကြေကွဲတာမျိုး မရှိဘူး။
ဘာကြောင့်လဲဆိုတာကို ရိပေါ်ကိုယ်တိုင်လည်း မသိ
ဘူး။ သူမာမားကို မမုန်းပါဘူး။ ဒါပေမယ့် မချစ်ဘူး။
မားနဲ့သူနဲ့ကြားမှာ ​သွေးသားဆက်နွှယ်မှုပဲ ရှိခဲ့ပြီး
သံယောဇဉ်ဆိုတဲ့ ဆက်နွှယ်မှုမျိုး မရှိခဲ့လို့ ဖြစ်မယ်လို့
ရိပေါ်က ယူဆတယ်။ မားရဲ့သေဆုံးမှုနဲ့ ပတ်သတ်ပြီး
ရိပေါ် ဝမ်းနည်းတာမျိုး မခံစားရပေမယ့် မကျေမနပ်ဖြစ်
မိတာတော့ တစ်ခုရှိတယ်။ မမက သူ့ကို ချစ်တယ်လို့
့ပြောပြီး ဘာလို့ သူ့ထပ်အရင် မာမားကို ​ခေါ်သွားရတာလဲ။ မမက မာမားကို ပိုချစ်လို့များလား။

မာမားရဲ့ ဈာပနမှာ မျက်ရည်တစ်ပေါက်မကျခဲ့တဲ့ ရိပေါ်
ကို ​ဆွေမျိုးတွေက အမြင်စောင်းကြတယ်။ သူတို့် အမြင်
မကြည်လည်း ဘာအရေးလဲ။ မမက မှာခဲ့တယ်..
ကိုယ်ပျော်သလိုနေတဲ့။ ဒါကြောင့် ရိပေါ်ကလည်း
ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ ​ပြောဆိုဆက်ဆံတယ်။ လူတွေနဲ့ ဆက်ဆံရတာ သိပ်ပင်ပန်းတယ်။
ဟန်ဆောင်လိမ်ညာမှုတွေ များလွန်းတယ်။
ရိပေါ် ရှင်သန်ရတာကို မုန်းလှပြီ။ မမကတော့ အခုချိန်
လောက်ဆို ​အေးချမ်းနေရောပေါ့။ မာမားလဲရှိတယ်
ဆိုတော့ အထီးမကျန်လောက်တော့ဘူး။
ကျွန်တော့ကိုရော လာမခေါ်သေးဘူးလား...။
ဘယ်အချိန်ထိ တစ်ယောက်တည်း ရှင်သန်ခိုင်းဦးမလို့လဲ။

လေးနှစ်ကျော်ကာလကို ခက်ခဲစွာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ရိပေါ်ရဲ့ ဆုတောင်းကို မမက ကြားသွားပုံပေါ်တယ်။ ရိပေါ်ရဲ့ ကျန်းမာရေးက ပုံမှန်မဟုတ်တော့ဘူး။ ခနခနဖျားတယ်။ လူကလည်း အားနည်းလာတယ်။ အဆိုးဆုံးကတော့ ခနခန နှာခေါင်းသွေးလျှံတတ်တာပဲ။ ရိပေါ်က ​ခေါင်းမာတယ်။ သူ့ကျန်းမာရေး
အခြေအနေ ဆိုးဝါးနေတာကို ဘယ်သူမှ မသိအောင်
နေတယ်။ သိလည်း ဘာမှထူးမှာမှ မဟုတ်တာ။
ဒါပေမယ့်လည်း ​နောက်ဆုံးမှာတော့ ရိပေါ်လျှို့ဝှက်
ထားလို့ မရနိုင်လောက်တော့တဲ့အထိ အခြေအနေဆိုး
လာပြီး ပါးပါးသိသွားတော့တယ်။ ​ဆေးရုံကိုခေါ်သွားပြီး
ဆေးစစ်ကြည့်တော့ Luekimia(သွေးကင်ဆာ)
ဖြစ်နေပြီတဲ့။ ​သေရမှာကို ​ပျော်နေတဲ့သူက ရိပေါ်တစ်
ယောက်ပဲရှိမယ်ထင်ရဲ့။ ထူးဆန်းပေမယ့်လည်း ရိပေါ်
ဒီအကြောင်းကို သိသိချင်းတုန်းက ပျော်သွားခဲ့တာ။
နောက်ဆုံးတော့ သူလည်း လွတ်မြောက်ခွင့် ရတော့မယ်လေ။

Imaginary You(Completed)Where stories live. Discover now