Chapter 11

5.9K 758 9
                                    

ပထမတစ်ခါ ဆုံတာကို တိုက်ဆိုင်မှုလို့ဆိုရင် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဟာ တစ်ဖက်ဖက်က တမင်ကြိုတင်ကြံစည်မှု ဖြစ်မယ်ထင်ရဲ့။

မနေ့က ကြားခဲ့ရတဲ့ အသံကို တူညီတဲ့နေရာမှာပဲဒီနေ့ ထပ်ကြားရတယ်ဆိုတာ ရှောင်းကျန့်အတွက် အဆင်မပြေလှဘူး။ ဒီလူ ဘာတွေ ကြံစည်နေတာလဲ။သူ့ကို
မှတ်မိနေတာလား။ ရည်ရွယ်ချက်ရှိရှိနဲ့ သူရှိတဲ့နေရာကို လာတာလား။ အတွေးပေါင်းစုံက မဖိတ်ခေါ်ဘဲနဲ့
ဝင်ရောက်လာခဲ့တဲ့အခါမှာ ရှိစုမဲ့စု သတ္တိလေးတွေ
ကလည်း အလဲလဲအပြိုပြို။

အားတင်းပြီးတော့ နောက်ဆုံးအချိန်အထိ ငြင်းဆန်
ကြည့်ဦးမယ်။ဒါဟာ တိုက်ဆိုင်မှု သပ်သပ်ပဲလို့....။

မျှော်လင့်ခဲ့သမျှ အရာရာက အလုပ်သိမ်းတဲ့ အချိန်မှာ
ရေစုန်မျောတော့တာပဲ။ တိုက်ဆိုင်မှုပါလို့ ငြင်းလို့မရ
လောက်တဲ့ခြေသံက သူ့အနောက်မှာ ကပ်ပါလာတယ်။ တခြားသူပဲဖြစ်မှာပါဆိုတဲ့ အတွေးကို ​တွေးဖို့
ကြံနေတုန်းမှာပဲ ကြားလိုက်ရတဲ့အသံကြောင့်
မျှော်လင့်ချက်တွေက တစ်စစီ ကျိုးပဲ့ရပြန်တယ်။

"မင်းရှောင်းကျန့်မလား"

"......"

အနီးကပ် ကြားလိုက်ရမှ ပိုသေချာသွားစေတဲ့အသံ။
နောက်လှည့်ကြည့်မိလိုက်တာနဲ့ ဒီလူ့လက်ထဲက
ပြေးလွတ်တော့မှာ မဟုတ်ဘူး။ရှေ့ကို ဆက်လျှောက်
ဖို့လည်း ခန္ဓာကိုယ်က စိတ်အလိုကိုမလိုက်ပြန်။
ခြေထောက်တွေက နေရာမှာတင် မလှုပ်မယှက်။

ရှောင်းကျန့်အနေနဲ့ ဘယ်လိုပဲ ရင်ဆိုင်မယ်လို့် သတ္တိ
မွေးပါစေ..။သူ့မှာ ပြင်ဆင်ဖို့ အချိန်လိုသေးတယ်။
အခုလို ထိပ်တိုက်ကြီးတွေ့ဖို့က ​စောလွန်းနေသေးတယ်လို့ ခံစားရတယ်။ ဒီလူပါလို့ အတည်ပြုနိုင်ရုံ အခြေ
အနေလေးမှာ လက်ခံနိုင်ဖို့်တောင် မနည်းကြိုးစားနေရတုန်းမို့ ရင်ဆိုင်နိုင်ဖို့ ခွန်အားမရှိသေးတာ အမှန်။

အနောက်က နီးကပ်လာတဲ့ ​ခြေသံတွေနဲ့အတူ ရှောင်းကျန့်လို့ ​ခေါ်နေသံတွေကလည်း ကြားတစ်ချက်မ
ကြားတစ်ချက်။ အသက်တောင် မနည်းလုရှူ နေရတဲ့
အခြေအနေမှာ သူဒီကနေ ထွက်ပြေးချင်တာပဲ သိတယ်။ဟင့်အင်း....မလာပါနဲ့..။

Imaginary You(Completed)Where stories live. Discover now