Chapter 18

5.5K 767 37
                                    

နောင်တ....
စကားလုံးလေး နှစ်လုံးတည်းပေမယ့် တကယ့်တကယ် ​တွေ့ကြုံခံစားရတဲ့အခါမှာတော့ မသေရုံတမယ်။
မှားယွင်းတဲ့ လုပ်ရပ်ကို ပြုလုပ်မိမှ ​နောင်တရတတ်တာ
မဟုတ်လား။ ဒါဆို ​ရှောင်းကျန့်က ဘယ်နေရာမှာ မှားယွင်းခဲ့တာလဲ။ ​ကောင်လေးကို ဖွင့်ပြောမိတဲ့ အမှားလား၊
ကောင်လေးကို ချစ်မိတဲ့အမှားလား၊ ​ကောင်လေးနဲ့
တွေ့ဆုံခဲ့တဲ့အမှားလား...။ ဘယ်လို အမှားမျိုးကို သူ
ကျူးလွန်ခဲ့မိလို့ အခုလို ​နောင်တတွေ တပွေ့တပိုက်နဲ့
အလူးအလှိမ့် ခံစားနေရတာလဲ။ ​သေချာတာကတော့
သူပြုမိခဲ့တဲ့ မှားယွင်းမှုတိုင်းရဲ့ တစ်ခုတည်းသော
အကြောင်းပြချက်က ​ကောင်လေးကြောင့်ပဲ။

အချစ်က သိပ်ကြောက်ဖို့ကောင်းတယ်။
ချစ်မိဖို့ သိပ်လွယ်ကူတယ်။
အဲ့ဒီအချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့​တော့ ခက်တယ်။
အခက်ခဲဆုံးကတော့ လက်လွတ်လိုက်ဖို့ပဲ...။

ထွက်သွားခဲ့တဲ့သူက မင်းမဟုတ်ဘဲ ကိုယ်ဖြစ်နေခဲ့ရင်
မင်းလို ပြတ်သားနိုင်ပါ့မလား မသိပေမယ့်
ကျန်ခဲ့တဲ့သူက ကိုယ်မဟုတ်ဘဲ မင်းဖြစ်နေခဲ့ရင်
မင်းရော ကိုယ့်လိုခံစားရမှာလား...။

မုန်းလိုက်ပါပြီ။ မင်းကို မလိုအပ်တော့ပါဘူးလို့
ကိုယ့်ကိုယ်ကိုလိမ်တယ်။ ကိုယ်မေ့နေခဲ့တာက
ကိုယ်က လိမ်တဲ့နေရာမှာ အရမ်းညံ့တယ် ဆိုတာကိုပဲ။
ဒါကြောင့် ပြန်လာပြီး လိမ်နည်းလေးတွေ သင်ပေးပါဦးလား ကောင်လေးရေ။

ထွက်သွားလို့ နှင်ခဲ့တာက ​ရှောင်းကျန့်ဖြစ်သလို
ပြန်လာပါလို့ အကြိမ်ကြိမ် ​တောင်းဆိုမိတာကလည်း
ရှောင်းကျန့်ပဲ ဖြစ်ပြန်တယ်။

မပြတ်သားနိုင်ဘူးလို့ ဆိုချင်လည်း ဆိုပါစေ
မင်းနဲ့ပတ်သတ်လာရင် ကိုယ်က အရာရာမှာ ​တွေဝေ
တတ်လွန်းခဲ့တယ်။

လွမ်းတယ်။ ​သေလောက်အောင်လွမ်းတယ်။
မင်းမရှိလို့ မဖြစ်မှန်းကို မင်းထွက်သွားမှ သိလိုက်ရတာ။

ထွက်သွားလို့ပဲ နှင်ခဲ့တာလေ..
ပြန်မလာနဲ့လို့ ​ပြောခဲ့တာမှမဟုတ်တာ။
ဘာလို့ ဒီလောက်တောင် ပြတ်သားနိုင်ရတာလဲ။

Imaginary You(Completed)Where stories live. Discover now