Chapter 12

5.7K 774 23
                                    

ရတောင့်ရခဲ အခွင့်အရေးလေးအချို့က မက်မက်မောမော ​တောင့်တမိသူ အတွက်တော့ ပျော်ရွှင်မှုတွေ
စုဝေးရာ ​ရောင်ခြည်တန်းလေး။
လေပြည်အေးလေးတွေရယ်၊ Sakuraနံ့သင်းသင်းရယ်၊ ရယ်သံချိုချိုလေးရယ်က ရှောင်းကျန့်ရဲ့ သာယာတဲ့
ရာသီဥတုလေး။ဘေးချင်းယှဉ်ပြီး လမ်းလျောက်ရတဲ့
အခိုက်အတန့်မှာ ဘေးကကြားနေရတဲ့ အသံဆာဆာလေးကတော့ မြတ်နိုးခြင်းတွေ ဖြစ်တည်ရာတန်ဖိုး
ထားမှုလေး။

"အစ်ကို....ရေခဲမုန့်စားမလား"

"ရိပေါ်စားချင်ရင်ဝယ်လေ"

"အင်း"

"ရှောင်းကျန့်!!!"

ဒီအသံက...ဟင့်အင်း...မဟုတ်ဘူးမလား။ ဘယ်လို
တောင် ကံဆိုးမိုးမှောင်ကျရတာလဲ ရှောင်းကျန့်ရာ။

"မတွေ့တာတောင်ကြာပြီနော် ရှောငကျန့်။ကိုယ့်ကို
မှတ်မိသေးလား။ယဲ့မင်လေ"

"ဟင်...။ ဟိုတစ်ခေါက်ကတွေ့တဲ့သူပဲ။ အစ်ကိုနဲ့ သိနေ
ကြတာလား"

မသိဘူးလို့ ငြင်းလိုက်ရမလား။ ဟင့်အင်း....ငါထွက်ပြေးလို့ မဖြစ်ဘူး။ ဒီတစ်ခါတော့ ထိပ်တိုက်ရင်ဆိုင်ရမယ်။

"အင်း။ကျောင်းတုန်းကအသိတွေပါ"

"ကျွန်တော် ဟိုတစ်ခါက ​မေးတုန်းကတော့ မသိဘူးဆို"

"အဲ့တုန်းက ရုတ်တရက်ဆိုတော့ မမှတ်မိလိုက်တာပါ"

"အော်...အာ့ဆို အစ်ကိုတို့ စကားပြောနှင့်လေ။ ကျွန်တော် ​ရေခဲမုန့် သွားဝယ်လိုက်ဦးမယ်"

"အင်း"

ရိပေါ်ထွက်သွားတော့မှယွဲ့မင်ရဲ့သရုပ်မှန်ကပေါ်လာတော့တယ်။

"အဲ့တာ မင်းကောင်လေးလား"

"မင်းနဲ့မဆိုင်ပါဘူး။ မင်းဘာလို့ ငါ့ကို လိုက်ဒုက္ခပေးနေ
တာလဲ"

"ဝိုး...ရှောင်းကျန့်တောင် ပြောင်းလဲသွားပြီပဲ။ ငါ့ကိုတောင် ပြန်ပြောရဲနေပြီဆိုတော့"

"ဟုတ်တယ်။ ငါပြောင်းလဲသွားပြီ။ အရင်လို မင်းအနိုင်
ကျင့်သမျှ ငြိမ်ခံနေမှာ မဟုတ်တာကြောင့် ငါ့ကိုထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့"

Imaginary You(Completed)Where stories live. Discover now