Unicode
Section-1
"meetingရှိတယ်ဆိုပြီး ဘယ်သူမှလဲမရှိဘူး...."
တိတ်ဆိတ်နေတဲ့ meeting roomကိုကြည့်ပြီး ဂျီမင်းတစ်ယောက်ထဲပြောမိတယ်...
"hyung အချိန်ရမယ်ဆိုရင်~မနက်၁၀နာရီလောက် meetingလုပ်ချင်လို့" ဆိုပြီး မနက်၉နာရီလောက်မှာ messageပို့လာတဲ့
ဂျောင်ဂု...
ထယ်ယောင်းနဲ့ ယွန်ဂီhyungက decorationအတွက်လိုအပ်တဲ့ ပစ္စည်းတွေရဲ့ supplierနဲ့ တွေ့ဖို့ မနက်ကထဲက အပြင်သွားနေကြတာကြောင့် ဂျီမင်းတစ်ယောက်ထဲ meetingလာခဲ့တာ...
အခုကျတော့ ရုံးခန်းထဲမှာ ဘယ်သူမှမရှိ...
နာရီကိုကြည့်တော့ ၁၀နာရီထိုးဖို့
၅မိနစ်အလို....
စောနေသေးလို့ဖြစ်မယ်ဆိုပြီးတွေးမိနေတုန်း meeting roomထဲ၀င်လာတဲ့ ဂျောင်ဂုကိုမြင်လိုက်ရတယ်...
"hyungရောက်နေတာကြာပြီလား ... ကျွန်တော်ထွက်လာခါနီး လက်မှတ်ထိုးပေးစရာပေါ်လာလို့...."
ပါးစပ်ကနေ သူ့ကို တောင်းပန်သလိုပြောရင်း
အခန်းထဲက လိုက်ကာတွေကို ဂျောင်ဂုကပိတ်နေတယ်...သူလည်းယောင်နနနဲ့ ကူပြီး လိုက်ကာတွေပိတ်ပေးတော့ ဂျောင်ဂုက သူ့ကိုပြုံးပြတယ်....
လိုက်ကာတွေအကုန်ပိတ်ပြီးတော့ ဂျောင်ဂုက အခန်းမီးတွေကို လိုက်ပိတ်ပြန်တယ်....
မှန်ပြတင်းပေါက်အရှည်ကြီးတွေပါတဲ့အပြင် မှန်နဲ့ ပတ်လည်ကာထားတဲ့ meeting roomဟာ အလင်းရောင်ကို လုံလုံလောက်ရပေမယ့် အခုတော့ လိုက်ကာတွေပိတ်ထားတာကြောင့် မှောင်တဲ့ဘက်ကိုရောက်နေတယ်..
မီးလုံးတွေရဲ့ 85%ကိုလည်းပိတ်ထားတဲ့ ခပ်ဖျော့ဖျော့အလင်းရောင်နဲ့ ဒီအခန်းထဲမှာ သူနဲ့ ဂျောင်ဂု နှစ်ယောက်ထဲရယ်....
"ခဏနော် hyung~"
ဂျီမင်းဘက်ကို လှည့်ကြည့်ပြီး ဂျောင်ဂုက တံခါး lockကိုသွားစစ်ပြန်တယ်...
"ရပြီ ~ okပဲ..."
တစ်ယောက်ထဲပြောပြီး ကျေနပ်သလိုပြုံးနေတဲ့ ဂျောင်ဂုကို ကြည့်ပြီး သူတစ်ခုခုကိုတွေးမိလာသလို....
အတွေးမဆုံးခင် ဂျောင်ဂုက သူ့ကို စွေ့ခနဲပွေ့ချီပြီး ခုံတစ်ခုမှာ ဝင်ထိုင်တယ်....
"hyung ကိုယ်သင်းနံ့လေးကို လွမ်းနေတာ...."
နောက်ကသိုင်းဖက်ထားပြီး သူ့ရဲ့လည်ပင်းကို မျက်နှာအပ်ကာ ဂျောင်ဂုကပြောတယ်....
အရမ်းကို နီးကပ်နေတဲ့ အခြေအနေကြောင့် ဂျီမင်းရင်တွေ အဆက်မပြတ်ခုန်လာတယ်...
"meetingလုပ်မယ်ဆို....."
"အရမ်းလွမ်းနေတာလေ အဲ့တာတွေ့ချင်လို့ ညာပြောတာ..."
လှုပ်လှုပ်ခတ်ခတ်ထွက်လာတဲ့ သူ့အမေးကို ဂျောင်ဂုဖြေတယ်...
"hyungရော ကျွန်တော့ကို မလွမ်းဘူးလားဟင်...."
ခပ်တိုးတိုးမေးသံအဆုံးမှာ ဂျောင်ဂုက သူ့ဂုတ်ပိုးကို ခပ်ဖွဖွနမ်းတယ်....
ဂျောင်ဂုရဲ့ နူးနူးညံ့ညံ့အနမ်းတွေနဲ့ နှစ်ယောက်ထဲဆိုတဲ့ အသိက သူ့နှလုံးခုန်သံကို ၂ဆလောက်မြန်စေတယ်....
"လွမ်းနေတာ...hyungရော ဂျောင်ဂုကိုလွမ်းနေတာ..."
သူ့စကားဆုံးတော့ ဂျောင်ဂုကသက်ပြင်းဖွဖွချတယ်....
တကယ်တော့ သူနဲ့ဂျောင်ဂုချစ်နေတာကို ဘယ်သူ့ကိုမှမပြောရသေး...
ပတ်ဝန်းကျင်ကိုတော့ ဂရုမစိုက်ပေမယ့်
ယွန်ဂီhyungနဲ့ ထယ်ယောင်းကိုပါမပြောရသေးတာ....
အထူးသဖြင့် ထယ်ယောင်းကိုမပြောရသေးတာကြောင့် သူ့မှာအပြစ်ရှိသလိုခံစားနေရတယ်....ပြီးတော့ ထယ်ယောင်းက
ယွန်ဂီhyungနဲ့ ချစ်သူဖြစ်ပြီးပြီးချင်း သူ့ကိုပြောပြခဲ့တာ..
ထယ်ယောင်းပြောပြတဲ့အချိန်ထဲက သူလည်းပြောပြလိုက်ရမှာ...အခုတော့..
အစစအရာရာတိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်တဲ့ ထယ်ယောင်းကို မတိုင်ပင်ပဲလုပ်မိတာကို
ဝန်မခံရဲ....ထယ်ယောင်းစိတ်ဆိုးသွားမယ်လို့ တွေးမိရင် ဘယ်လိုပြောပြရမလဲ စဥ်းစားမရ....
"လာမယ့် ပိတ်ရက်ကျရင် hyungတို့ချစ်နေတာ ထယ်ယောင်းနဲ့ ယွန်ဂီhyungကို ပြောပြကြမယ်လေနော်....အဲ့ဒီအထိပဲ သည်းခံပေးနော် ဂျောင်ဂု..."
သူ့စကားကို ဂျောင်ဂုက ခေါင်းငြိမ့်ပြတယ်...
ဂျောင်ဂုမျက်နှာမကောင်းသေးတာကြောင့် သူ့မှာလည်း မပျော်နိုင်....
"ဘယ်ကိုလဲ hyungရဲ့..."
ပေါင်ပေါ်မှာ ထိုင်နေရာကနေ ထလိုက်တော့ ဂျောင်ဂုက သူ့လက်ကိုဆွဲရင်း မေးတယ်....
"ဘယ်မှမသွားပါဘူး...ကိုယ့်ကောင်လေးက စိတ်ကောက်နေတာကို...."
ပုံစံပြောင်းထိုင်လိုက်ရင်း လည်ပင်းကို သိုင်းဖက်တော့ ဂျောင်ဂုကပြုံးတယ်....
"စိတ်မကောက်နဲ့တော့နော်....ဂျောင်ဂု..."
"ကျွန်တော့်ကို ဂျောင်ဂုလို့မခေါ်ဘဲ တခြားနာမည်ခေါ်ပါလား hyung....ဟင်...."
"ဘယ်လိုခေါ်စေချင်တာလဲ ပြောလေ...."
တောင်းဆိုသလိုပြောတဲ့ ဂျောင်ဂုပါးကို ခပ်ဖွဖွပွတ်ပေးရင်း သူမေးတော့....
"မောင်လို့ခေါ်ပါလား ကျွန်တော့်ကို...."
မျက်လုံးလေးတွေအထိ အရောင်တောက်လာစေတဲ့ ဆန္ဒနဲ့ ဂျောင်ဂုကပြောတယ်...
ဒီကောင်လေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ....
"မောင်...."
မျက်လုံးချင်းဆုံကြည့်ရင်း ခေါ်တော့
ဂျောင်ဂုက ဂျီမင်းခါးကို တိုးဖက်လာတယ်....
"အရမ်းချစ်တယ်နော် မောင်...."
သူထပ်ခေါ်တဲ့ ခပ်တိုးတိုးအသံအဆုံးမှာ ဂျောင်ဂုရဲ့ နှလုံးခုန် တာဝေးပြေးလာရသူတစ်ယောက်လို ကျယ်လောင်လာတယ်....
"hyung ပြန်မှဖြစ်တော့မယ်ထင်တယ်.... ကျွန်တော်...."
စကားမဆုံးခင် နှုတ်ခမ်းချင်းထိအောင် သူနမ်းမိတော့ ဂျောင်ဂုက မျက်လုံးတွေမှိတ်ပေးတယ်....
"ချစ်တယ် ကိုကို...နောက်လည်း မောင်ကပို
ချစ်ပါ့မယ်နော်..."
အခု ဂျောင်ဂုကသူ့ကို ကိုကိုလို့ခေါ်လိုက်တာလား....
တွေးနေတုန်းမှာပဲ ဂျောင်ဂုက သူ့ကို ခပ်ကြမ်းကြမ်းနမ်းတယ်....တစ်ခါမှ ဂျောင်ဂုဒီလိုနမ်းတာကို မကြုံဖူးတာကြောင့် တဆိတ်တော့ အံ့သြမိပေမယ့် သူကိုယ်တိုင်လည်း
ရုန်းထွက်မရအောင် ပျော်ဝင်နေမိတော့တယ်....
Section-2
"မစားတာ ဘာရှိလဲ~ထယ်ယောင်းhyung...."
ဂျောင်ဂုကိုကြည့်ပြီး သူခေါင်းခါပြလိုက်တယ်..
နှစ်ယောက်ထဲတွေ့ဖို့ပြောလာတဲ့ ဂျောင်ဂုကြောင့် သူတို့နှစ်ယောက်ဆုံဖြစ်ကြတာ..
ဒီကောင်လေးဟာ ဘာကြောင့်များ သူနဲ့တွေ့ဖို့ချိန်းပါလိမ့်...
သူ့အထင်ဆိုရင် ဂျီမင်းနဲ့ ပတ်သက်တဲ့အကြောင့် တစ်ခုကြောင့်ဖြစ်လိမ့်မယ်....
"ဝိုင်သောက်ဦးမလား hyung"
"မသောက်တော့ဘူး ဂျောင်ဂု.."
အကြောင်းတစ်ခုခုမရှိဘဲ ညစာစားဖို့ သက်သက်တော့ ဂျောင်ဂုကသူ့ကို တွေ့ဖို့ပြောမှာမဟုတ်~
"တကယ်တော့လေ hyungကို ကျွန်တော်ခွင့်တောင်းစရာရှိလို့ပါ..."
ရိုရိုသေသေပြောနေတဲ့ဂျောင်ဂုကို ကြည့်ပြီး ထယ်ယောင်းမှာ ဇဝေဇဝါတောင်ဖြစ်ရတယ်...
ဆက်ပြောလေဆိုတဲ့ သဘောနဲ့ သူခေါင်းငြိမ့်ပြမှ ဂျောင်ဂုက စကားကိုဆက်တယ်...
"ကျွန်တော်နဲ့ဂျီမင်းhyung တွဲနေကြပါတယ်...အဲ့တာ သဘောတူပေးပါလား hyung.."
ဆိုလိုရင်းက ဒါကိုး....
ဒါပေမယ့် ဘာလို့ဂျောင်ဂုက လာခွင့်တောင်းနေရတာလဲ....
"ကျွန်တော်တို့ Jelju-doသွားတုန်းက ချစ်သူတွေဖြစ်သွားတာပါ...ဂျီမင်းhyungက hyungတို့နဲ့တိုင်ပင်ပြီးမှ အဖြေပေးပါရစေလို့ပြောပါတယ်...ဒါပေမယ့် ကျွန်တော်က အတင်းမရမက အဖြေတောင်းလို့ ချစ်သူတွေဖြစ်သွားရတာပါ...."
ဆက်တိုက်ပြောပြီး မောသွားသလိုနဲ့ ဂျောင်ဂုက စားပွဲပေါ်က ရေကိုသောက်တယ်...
"အဲ့တာလေ ဂျီမင်းhyungကို မဆူပါနဲ့နော်...စိတ်လည်းမဆိုးပါနဲ့နော် hyung..."
ဂျီမင်းကိုယ်စားတောင်ပန်ပေးနေတဲ့ ဂျောင်ဂုဟာ သနားစရာလေး....ဒီကောင်လေး ဂျီမင်းကို တကယ်ချစ်တာပဲ...
မကောင်းတာက သူ့သူငယ်ချင်းဖြစ်တဲ့
ပတ်ဂျီမင်း....
သူ့ကိုမတိုင်ပင်ဘဲ လုပ်ချင်ရာလုပ်ပြီးအခုမှ ...
ဂျောင်ဂုကိုပြောမှာပေါ့~ထယ်ယောင်းစိတ်ဆိုးတော့မှာပဲတို့၊ ထယ်ယောင်းကဆူတော့မှာလို့..
အဲ့တာကြောင့်သာ ဂျောင်ဂုက အရာရာသူ့အပြစ်ပါဆိုပြီးတောင်းပန်နေတာ...
ဂျောင်ဂုကသာ သူအတင်းအကျပ်အဖြေတောင်းလို့ ချစ်သူတွေဖြစ်ရတာပါလို့ပြောပေမယ့် ထယ်ယောင်းကတော့မယုံပါ...
သူငယ်ချင်းဖြစ်လာတာနှစ်တွေမှမနည်းတော့တာ ...သူ ဂျီမင်းအကြောင်းကောင်းကောင်းသိတာပေါ့...
ဂျီမင်းလား ~အတင်းအကျပ်အဖြေတောင်းတာနဲ့ ပြန်ကြိုက်မှာ...
သူကြိုက်နေလို့သာ ချက်ချင်းအဖြေပြန်ပေးတာပေါ့....
အေးလေ...ကလေးတွေမှမဟုတ်ကြတာ..ပြီးတော့ ဂျောင်ဂုကလည်း ဂျီမင်းကို တကယ်ချစ်တာပဲကို...
"အေးပါကွ...hyungစိတ်မဆိုးပါဘူး..."
"တကယ်နော်...hyung~ဂျီမင်းhyungက hyungတို့ကို ပြောပြမယ်လို့ပြောတယ်..အဲ့ဒီအခါကျ ကျွန်တော်ကြိုပြောထားတာ မပြောနဲ့နော် hyung...."
ဒီတစ်ခါတော့ ဂျောင်ဂုစကားကို သူရယ်မိတော့သည်...
ပတ်ဂျီမင်းတို့များဘာတွေပြောထားတယ်
မသိ~ ထယ်ယောင်းမှာ လူဆိုးကြီးကိုဖြစ်လို့...
"အေးပါ..အေးပါ..."
ဂျီမင်းကို ဂရုစိုက်ပါတို့၊ ကြင်နာပါတို့ဆိုတဲ့ အုပ်ထိန်းသူဆန်ဆန်စကားတွေကို တော့ သူမပြောဖြစ်တော့ပါ...ဂျောင်ဂုရဲ့ အမူအရာကိုကြည့်ရုံနဲ့ ဂျီမင်းအပေါ်သဘောထားကို သိနိုင်တယ်မဟုတ်လား...
အဲ့တာကြောင့် သူနဲ့ ယွန်ဂီhyung ချစ်သူတွေဖြစ်သွားတဲ့အကြောင်း ပြောပြတုန်းက ဂျီမင်းက ဂနာမငြိမ်ဖြစ်နေတာ...
အခုတော့ ရှင်းပြလာတဲ့ ဂျောင်ဂုကြောင့် သူအကြောင်းစုံသိလိုက်ရပြီ...
ဒီလိုနဲ့ပဲ ထယ်ယောင်းမှာ မတိုင်ပင်ပဲ ရည်းစားထားလို့ ဂျီမင်းကို စိတ်ဆိုးချင်ပေ
မယ့် သူ့ရှေ့မှာမျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့ ဂျောင်ဂုကိုကြည့်ပြီး စိတ်လျှော့လိုက်ရလေတယ်.....
Section-3
ဟန်မြစ်ဘေးမှာ လမ်းလျှောက်နေတုန်း
ယွန်ဂီ့ကို ထယ်ယောင်းက ဂျောင်ဂုအကြောင်းပြောပြတယ်....
"ဟုတ်လား....ဂျောင်ဂုက ထယ်ယောင်းကို
အဲ့လိုလာပြောတယ်ပေါ့လေ...."
ထယ်ယောင်း ပြောတာကို နားထောင်ပြီး
ယွန်ဂီရယ်မိတယ်....
"ဟုတ်တယ် hyungရဲ့~ကျွန်တော်လည်း
အံ့သြသွားတာ..."
ဂျောင်ဂုဟာ ဂျီမင်းကို ကလေးလိုသဘောထားနေတာပဲ...ကိုယ့်ထက် ၂နှစ်လောက်ကြီးတဲ့သူကို ကလေးလို သဘောထားနေတာက တွေးကြည့်ရင်တော့ သဘောကျစရာ~
ရောက်တက်ရာရာစကားပြောကြရင်း
အိမ်ပြန်ဖို့ ကားပေါ်တက်ပြီးချိန်မှာတော့ ခပ်လှမ်းလှမ်းက ရေခဲမုန့်သည်ကို သူမြင်လိုက်ရတယ်...
"ရေခဲမုန့်စားချင်လို့လား hyung..."
ရေခဲမုန့်သည်ကို သူတစ်ချက်ကြည့်မိတော့
ထယ်ယောင်းက မေးတယ်...
"စားချင်တယ်..."
"အဲ့တာဆို ခဏစောင့်နေနော်..."
ကိုယ်ဖြစ်ချင်တာကို ပါးစပ်ကထုတ်ပြောစရာမလိုပဲ ဖြည့်ဆည်းပေးတဲ့ချစ်သူရှိတာ ဘယ်လောက်ကံကောင်းလိုက်သလဲ....
ရုပ်ရည်က အစ စိတ်ထားအဆုံးပြောစရာမရှိတဲ့ ဒီကောင်လေးက သူ့ချစ်သူတဲ့လား...
ကိုယ့်အတွေးကိုယ်သဘောတကျပြုံးမိကာ
ထယ်ယောင်းကို သူအသာငေးကြည့်နေမိသည်...
ရေခဲမုန့်ဝယ်ဖို့စောင့်နေရင်း အနီးနားက
အဖေနဲ့အတူ ဆော့နေတဲ့ ကလေးမလေးကို ထယ်ယောင်းက ချစ်စနိုးနဲ့ ချော့မြှူနေတယ်.....ထယ်ယောင်း ကလေးအရမ်းချစ်တတ်တာ...
ခဏကြာတော့ ထယ်ယောင်းက ယွန်ဂီ့အကြိုက် vinillaရေခဲမုန့်တစ်ခုနဲ့ သူ့အတွက်strawberry ရေခဲမုန့်တစ်ခုဝယ်လာတယ်...
ထယ်ယောင်းကStrawberry ရေခဲမုန့်ကို အရသာခံပြီးစားနေရင်း သူ့ကိုပြုံးပြတယ်...
"strawberryအရသာလေး စားကြည့် ~hyung.."
ထယ်ယောင်းခွံကျွေးတဲ့ Strawberry အရသာကလည်း စားကောင်းသားပဲ....vinillaလောက်တော့ မကြိုက်ပေမယ့်ပေါ့လေ....
"vinillaနဲ့ strawberryရောထားတဲ့ ရေခဲမုန့်စားဖူးလား ထယ်ယောင်း..."
ရေခဲမုန့်စားနေရင်း ထယ်ယောင်းက သူ့ကိုခေါင်းခါပြတယ်....
"စားချင်လား...."
ခေါင်းငြိမ့်ပြနေတဲ့ ထယ်ယောင်းရဲ့ အမူအရာက စချင်စရာကောင်းတယ်....
"အဲ့တာဆို ဒီကိုလာ...."
စကား နားထောင်စွာနဲ့ ထယ်ယောင်းက အနားကို တိုးလာတယ်....
ထယ်ယောင်းပုခုံးကို ကိုင်ပြီး နမ်းတော့ အံ့သြသွားဟန်နဲ့ မျက်လုံးပြူးကြည့်တယ်...ပြီးမှပြုံးရင်း အနမ်းတွေကို တုံ့ပြန်တယ်....
"strawberrryနဲ့ vinillaရောတဲ့ အရသာကကောင်းလား ထယ်ယောင်း..."
နဖူးချင်းထိထားရင်းမေးတော့ ထယ်ယောင်းက ပြန်မဖြေဘဲ ကားပေါ်ကဆင်းသွားတယ်...
ထယ်ယောင်းဘာဖြစ်သွားတာလဲ....
ယွန်ဂီတွေးနေတုန်းမှာပဲ ~ထယ်ယောင်းက
သူ့ဘက်က ကားတံခါးကိုဖွင့်ပြီး ကားပေါ်က ဆင်းခိုင်းတယ်...
"နောက်ခန်းမှာ သွားထိုင်မယ်...လာhyung"
နှစ်ယောက်လုံးနောက်မှာထိုင်တော့ ကားကို ဘယ်သူမောင်းမှာလဲ...
"အိမ်မပြန်သေးဘူးလေ~ခဏနေဦးမယ်..."
သူ့အတွေးကိုရိပ်မိသလို ထယ်ယောင်းကပြောတယ်...
"ကျွန်တော် starwberryနဲ့ vinillaနှစ်မျိုးရောတဲ့ အရသာစားချင်သေးတယ်....."
နှစ်ယောက်လုံး နောက်ခန်းထဲမှာ ထိုင်ပြီးတော့ ထယ်ယောင်းကဆက်ပြောတယ်...
ဒီကောင်လေးက လူလည်လေးပဲ....ယွန်ဂီမှာတော့ ကိုယ့်စကားနဲ့ကိုယ် ဘာပြောရမယ်
မသိ...
ရေခဲမုန့်စားထားတဲ့ ထယ်ယောင်းရဲ့ နှုတ်ခမ်းအေးအေးလေးတွေ လှုပ်ရှားလိုက်တိုင်း
သူ့နှလုံးသားကလည်း အေးခနဲဖြစ်သွားတာ rollercoasterစီးနေရသလို...
အဲ့ဒီနေ့က ဟန်မြစ်ရဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာမဟုတ်ပေမယ့် ဘာသံကိုမှ မကြားနိုင်လောက်အောင် ဘယ်ကိုမှ အာရုံမထားနိုင်လောက်အောင် ထယ်ယောင်းက သူ့ကိုပြုစားထားခဲ့လေတယ်......
20.8.20(Thursday)
to be continued.....
Zawgyi
Section-1
"meetingရွိတယ္ဆိုၿပီး ဘယ္သူမွလဲမရွိဘူး...."
ဂျောင်ဂု...
၅မိနစ်အလို....
"ခဏနော် hyung~"
"ရပြီ ~ okပဲ..."
"meetingလုပ်မယ်ဆို....."
"ဘယ်ကိုလဲ hyungရဲ့..."
"မောင်...."
ချစ်ပါ့မယ်နော်..."
Section-2
ဆိုလိုရင်းက ဒါကိုး....
ပတ်ဂျီမင်း....
"အေးပါ..အေးပါ..."
Section-3
ယွန်ဂီရယ်မိတယ်....
အံ့သြသွားတာ..."
ထယ်ယောင်းက မေးတယ်...
"စားချင်တယ်..."
"စားချင်လား...."
"အဲ့တာဆို ဒီကိုလာ...."
မသိ...
20.8.20(Thursday)
to be continued.....