AFFECTION-နှောင်ကြိုး(နှောင်ြ...

By ThetTantYoung

915K 88.7K 11.9K

Unicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါ‌လည်း အကွာအ‌ဝေး ၊ မိုင်ပေါင်းရာချီ ဖြ... More

အပိုင်း-၁ (Unicode)
အပိုင်း-၁ (Zawgyi)
အပိုင်း -၂ (Unicode)
အပိုင်း -၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင်း-၃ (Zawgyi)
အပိုင်း-၄ (Unicode)
အပိုင်း-၄ (Zawgyi)
အပိုင်း-၅ (Unicode)
အပိုင်း-၅ (Zawgyi)
အပိုင်း-၆ (Unicode)
အပိုင်း-၆ (Zawgyi)
အပိုင်း-၇ (Unicode)
အပိုင်း-၇ (Zawgyi)
အပိုင်း-၈ (Unicode)
အပိုင်း-၈ (Zawgyi)
အပိုင်း-၉(Unicode)
အပိုင်း-၉ (Zawgyi)
အပိုင်း-၁၀ (Unicode)
အပိုင်း-၁၀ (Zawgyi)
အပိုင်း-၁၁ (Unicode)
အပိုင်း-၁၁ (Zawgyi)
အပိုင်း-၁၂ (Unicode)
အပိုင်း-၁၂ (Zawgyi)
အပိုင်း-၁၃ (Unicode)
အပိုင်း-၁၃ (Zawgyi)
အပိုင်း-၁၄ (Unicode)
အပိုင်း-၁၄ (Zawgyi)
အပိုင်း-၁၅ (Unicode)
အပိုင်း-၁၅ (Zawgyi)
အပိုင်း-၁၆ (Unicode)
အပိုင်း-၁၆ (Zawgyi)
အပိုင်း-၁၇ (Unicode)
အပိုင်း-၁၇ (Zawgyi)
အပိုင်း -၁၈ (Unicode)
အပိုင်း -၁၈ (Zawgyi)
အပိုင်း-၁၉ (Unicode)
အပိုင်း-၁၉ (Zawgyi)
အပိုင်း-၂၀ (Unicode)
အပိုင်း-၂၀ (Zawgyi)
အပိုင်း-၂၁ (Unicode)
အပိုင်း-၂၁ (Zawgyi)
အပိုင်း-၂၂ (Unicode)
အပိုင်း-၂၃ (Unicode)
အပိုင်း-၂၃ (Zawgyi)
အပိုင်း-၂၄ (Unicode)
အပိုင်း-၂၄ (Zawgyi)
အပိုင်း-၂၅ (Unicode)
အပိုင်း-၂၅ (Zawgyi)
အပိုင်း-၂၆ (Unicode)
အပိုင်း-၂၆ (Zawgyi)
အပိုင်း-၂၇ (Unicode)
အပိုင်း-၂၇ (Zawgyi)
အပိုင်း-၂၈ (Unicode)
အပိုင်း-၂၈ (Zawgyi)
အပိုင်း-၂၉ (Zawgyi)
အပိုင်း-၂၉ (Unicode)
အပိုင်း-၃၀ (Unicode)
အပိုင်း-၃၀ (Zawgyi)
အပိုင်း-၃၁ (Unicode)
အပိုင်း-၃၁ (Zawgyi)
အပိုင်း- ၃၂ (Unicode)
အပိုင်း- ၃၂ (Zawgyi)
အပိုင်း-၃၃ (Unicode)
အပိုင်း-၃၃ (Zawgyi)
အပိုင်း-၃၄ (Unicode)
အပိုင်း-၃၄ (Zawgyi)
အပိုင်း-၃၅ (Unicode)
အပိုင်း-၃၅ (Zawgyi)
အပိုင်း-၃၆ (Unicode)
အပိုင်း-၃၆ (Zawgyi)
အပိုင်း-၃၇ (Unicode)
အပိုင်း-၃၇ (Zawgyi)
အပိုင်း-၃၈ (Unicode)
အပိုင်း-၃၈ (Zawgyi)
အပိုင်း-၃၉ (Unicode)
အပိုင်း-၃၉ (Zawgyi)
အပိုင်း-၄၀ (Unicode)
အပိုင်း-၄၀ (Zawgyi)
အပိုင်း-၄၁ (Unicode)
အပိုင်း-၄၁ (Zawgyi)
အပိုင်း-၄၂ (Unicode)
အပိုင်း-၄၂ (Zawgyi)
အပိုင်း-၄၃ (Unicode)
အပိုင်း-၄၃ (Zawgyi)
အပိုင်း-၄၄ (Unicode)
အပိုင်း-၄၄ (Zawgyi)
အပိုင်း-၄၅ (Unicode)
အပိုင်း-၄၅ (Zawgyi)
အပိုင်း-၄၆ (Unicode)
အပိုင်း-၄၆ (Zawgyi)
အပိုင်း-၄၇ (Unicode)
အပိုင်း-၄၇ (Zawgyi)
အပိုင်း-၄၈ (Unicode)
အပိုင်း-၄၈ (Zawgyi)
အပိုင်း-၄၉ (Unicode)
အပိုင်း-၄၉ (Zawgyi)
အပိုင်း-၅၀ (Unicode)
အပိုင်း-၅၀ (Zawgyi)
အပိုင်း-၅၁ (Unicode)
အပိုင်း-၅၁ (Zawgyi)
အပိုင်း-၅၂ (Unicode)
အပိုင်း-၅၂ (Zawgyi)
အပိုင်း-၅၃ (Unicode)
အပိုင်း-၅၃ (Zawgyi)
အပိုင်း-၅၄ (Unicode)
အပိုင်း-၅၄ (Zawgyi)
အပိုင်း-၅၅ (Unicode)
အပိုင်း-၅၅ (Zawgyi)
အပိုင်း-၅၆ (Unicode)
အပိုင်း-၅၆ (Zawgyi)
အပိုင်း-၅၇ (Unicode)
အပိုင်း-၅၇ (Zawgyi)
ကျေးဇူးတင်လွှာ (Unicode)
ကျေးဇူးတင်လွှာ (Zawgyi)
စာ-Unicode
စာ-Zawgyi
Announcement-Unicode
Announcement-Zawgyi
Promotion
Announcement for Book Version
Affection Book Preorder Post

အပိုင်း-၂၂ (Zawgyi)

4.4K 370 20
By ThetTantYoung


"ဝေလွှမ်းမသက်သာသေးဘူးလား။"

စာသင်ဆောင်ကို တစ်ယောက်တည်း ရောက်လာပြန်တဲ့ ထက်မာန်ဦးကိုလှမ်းမေးကြသည်။ ထက်မာန်ဦးခေါင်းကို ခပ်လေးလေးခါယမ်းပြလိုက်ရင်း ကိုယ့်ခုံမှာကိုယ် ဆောင့်အောင့်ပြီး ၀င်ထိုင်လိုက်သည်။ လွှမ်း နေမကောင်းလို့ နားနေရတာ သုံးရက်ပြည့်တော့မည်ဖြစ်သည်။ လွှမ်းရဲ့ အခန်းထဲ ၀င်ချင်တယ်ဆိုတာတောင် ၀င်ခွင့်မရခဲ့တဲ့အပေါ် ထက်မာန်ဦး စိတ်တွေတိုနေမိသည်။

"ဒီလောက်ထိခဏခဏ မူးလဲလိုက်အန်လိုက်နဲ့ ဖြစ်နေတာ ရောဂါကြီးကြီးမားမားများရှိနေတာလား။"

နဂိုကတည်းက ဝေလွှမ်းအတွက် အားလုံးက စိတ်တွေပူနေကြတာ။ မိုးဝေစကားက မီးလောင်ရာ လေပင့်လိုက်သည့်နှယ်။

"မင်းသောက်ပါးစပ်ပုပ်ကြီးနဲ့။ မဦးမချွတ်။ဖွဟဲ့။ဖွ။"

ထက်မာန်ဦး နည်းနည်းလေးမာန်မဲလိုက်တော့မှ မိုးဝေက ဇက်ကလေး ပုပြပြီး ငြိမ်ကျသွားတော့သည်။ ကျန်တဲ့သူတွေကတော့ စိုးရိမ်မကင်းလေဟန်အကြည့်တွေက ထက်မာန်ဦးဆီစုပြုံဝင်ရောက်လာတာမို့ ထက်မာန်ဦး အလောတကြီးထပြောရသည်။မဟုတ်လျှင် သူတို့အတွေးထဲမှာတင်ကိုဘဲ လွှမ်းက အသုဘချပြီးသားဖြစ်နေလောက်ပြီ။

"ဘာမှစိတ်ပူမနေကြနဲ့။ လွှမ်းက ဘာမှမဖြစ်ဘူး။ ဆရာဝန်ပြောတာကတော့ စိတ်ဖိစီးတာတဲ့။ မင်းတို့သာ ပေါက်ကရတွေလျှောက်မပြောနဲ့။"

"အေး။ စာမေးပွဲကလည်းနီးလာတော့ သူ Stress ပိတာနေမှာပေါ့။"

ပြည့်စုံက သူ့ထင်မြင်ချက်ကို ဖော်ထုတ်ပြောသည်။ ထက်မာန်ဦး မှန်သည်မှားသည် ပြန်မဝေဖန်မိပေမယ့် အနည်းငယ်တော့ တွေဝေလို့သွားလေသည်။ ထက်မာန်ဦးကတော့ စာမေးပွဲဟာ လွှမ်းကိုစိတ်ဖိစီးစေမယ့်အကြောင်းအရာလို့ မထင်မိ။

မငြိမ်စဖူး ထက်မာန်ဦး ငြိမ်ကျသွားတဲ့အပြင် ဆရာမကလည်း ၀င်လာတာကြောင့် အားလုံးသည် လွှမ်းနှင့်ပတ်သက်ပြီး ထက်မာန်ဦးကို ထပ်ပြီးစကားမစတော့ပေ။

"မေမေ။"

မေမေ့အနားမှာ ရပ်နေတာ အတန်ကြာတော့မှ ထက်မာန်ဦး ခပ်တိုးတိုးလေး လှမ်းခေါ်မိသည်။ အခုထက်မာန်ဦး ရောက်နေသော နေရာသည် မေမေ့ရဲ့ ရုံးခန်း။ ထက်မာန်ဦး ရောက်စကတည်းက မေမေ သည် စာရင်းဖိုင်တွဲတချို့ကို မွှေနှောက်ရှာရင်း အလုပ်ရှုပ်နေပုံရတာကြောင့် လှမ်းခေါ်လိုက်လျှင် ထက်မာန်ဦးကို နှင်လွှတ်လိမ့်မည်ဟု ထင်ထားမိသော်လည်း နှင်မလွှတ်ခဲ့။

"အင်း။သားငယ်။ပြော။"

ထက်မာန်ဦးဘက်ကို လှည့်မကြည့်သော်ညား မေမေ့ထံမှ တုံ့ပြန်စကားလေးထွက်လာတာမို့ ထက်မာန်ဦး အားတက်မိသွားသည်။မေမေ့နားတိုးကပ်သွားလိုက်ပြီး

"သား။ လွှမ်းကိုတွေ့လို့မရဘူးလား။မေမေ။"

"လွှမ်းက နေမကောင်းလို့နားနေတယ်လေ။ သားငယ်ရဲ့။ သူ့ဟာသူ အေးအေးဆေးဆေးနေပါစေ။"

ကြီးငယ်က ၀င်ခွင့်မပေးလို့ မေမေ့အာဏာသုံးပြီး လွှမ်းဆီသွားမယ်လို့ စဉ်းစားခဲ့ပေမယ့် မေမေကလည်း ကြီးငယ်နှင့် တလေသံတည်းပင်။ နေ့လည်စာ စားချိန်မှာ ထမင်းမစားဘဲ မေမေ့ဘေးနား လာရပ်နေခဲ့တာ အလဟသ ဖြစ်သွားလေပြီ။

မေမေ့အသံက တင်းမာ မနေပေမယ့်လည်း အလုပ်ရှုပ်နေချိန်မို့ ထက်မာန်ဦး ထပ်ပြောမိရင် မေမေစိတ်ရှုပ်သွားနိုင်သည်။ ထက်မာန်ဦး အနားကနေ အသာလေး ပြန်လှည့်ဖို့ပြင်လိုက်ချိန်မှာဘဲ

"သန်ဘက်ခါလောက်ကျရင် လွှမ်းကိုသူ့အိမ်က လာခေါ်လိမ့်မယ်။"

ထက်မာန်ဦးရဲ့ ခြေလှမ်းတွေက ရပ်တန့်လို့သွားပြီး ချက်ချင်းဘဲ မေမေ့ကို လှည့်ကြည့်လိုက်မိသည်။ မေမေသည် ဖိုင်တွဲတချို့ကို ရှာဖွေနေဆဲပင်။ မေမေ့မျက်နှာက ပြုံးလည်းမပြုံး မဲ့လည်းမမဲ့ဘဲ ပုံမှန်အနေအထားသာဖြစ်သည်။

"ဘာလို့လဲ။မေမေ။"

မေမေက ထက်မာန်ဦးကို စကားပြောတဲ့တလျှောက်လုံး ပထမဆုံးအကြိမ် မျက်လုံးဝင့်ပြီး လှည့်ကြည့်လာခဲ့သည်။မေမေ့အကြည့်တွေထဲတွင် စူးစမ်းအကဲခတ်လိုဟန်တွေပါဝင်နေတာ ထက်မာန်ဦးခံစားရသည်။

"နေမကောင်းတော့ သူ့မိဘတွေနဲ့နေတာ ပိုကောင်းတယ်လေ။သူ့ကို ပိုဂရုစိုက်နိုင်တာပေါ့။"

"ဒါပေမယ့် စာမေးပွဲနီးနေပြီလေ။ မေမေ။နောက်လလောက်ဆိုရင်ဘဲ ဖြေရတော့မယ်။"

"ဒါပေမယ့် လွှမ်းဒီလိုအခြေအနေအတိုင်းသာဆို စာမေးပွဲလည်း ဖြေနိုင်မှာ မဟုတ်ဘူးလေ။ သားငယ်ရဲ့။ သူ့မိဘတွေရဲ့ အရိပ်အောက်မှာဘဲ အေးအေးဆေးဆေး နေပါစေ။"

မေမေ ပြောတာက နည်းလမ်း ကျသည်မို့ ထက်မာန်ဦး ဘယ်လို ချေပရမည်ဆိုတာ မသိတော့။ မေမေပြောသလို လွှမ်းကို သူ့မိဘတွေသာဆို ပိုပြီး ဂရုစိုက်ပေးနိုင်လိမ့်မည်။ ဒီမှာက လူတိုင်း ကိုယ့်အလုပ်နဲ့ ကိုယ် ဖြစ်နေတာမို့လွှမ်းကို အနီးကပ် သေချာ ဂရုစိုက်မပေးနိုင်ကြ။

တော်ရုံ နေမကောင်းဖြစ်တာမျိုးဆို ဒီတိုင်း တစ်ရက်လောက် နားပေးရုံနဲ့ ဖြစ်ပေမယ့် နေမကောင်းဖြစ်တာ ရက်ကြာလာပြီဆို ဘယ်ကျောင်းသားကိုမဆို သူတို့အိမ်က လာခေါ်သွားတတ်ကြသည်။ မင်းမင်းကျော် ခြေထောက်ကို သွပ်ပြားရှတုန်းကလည်း သူ့အိမ်က တပတ်လောက်လာခေါ်သွားတာဘဲ။

ဒါဟာ ဖြစ်သင့်တဲ့ကိစ္စမှန်းသိနေတာတောင် ထက်မာန်ဦး လွှမ်းကို လွှတ်မပေးချင်ခဲ့။ ရင်ထဲကဘဲ ငါးရိုးဆူးစူးထားသလိုအောင့်တောင့်တောင့်နဲ့။ မနေ့ည စားထားတဲ့ငါးဟင်းက ဗိုက်ထဲရောက်မှ ဆူးတောင်ပေါက်လာတာလားမသိ။

"ဒါပေမယ့် မေမေ။ လွှမ်းက နေကောင်းရင်တော့ ဒီကို ပြန်လာမယ်မဟုတ်လားဟင်။"

"နေကောင်းရင်တော့ ပြန်လာမှာပေါ့။ စာမေးပွဲလည်းဖြေရမယ့်ဟာကို။ သားငယ်ကလည်းကွယ်။ ဘယ်လိုဖြစ်နေတာလဲ။ မဟုတ်လည်း ဆယ်တန်းဖြေပြီးရင် လွှမ်းက ပြန်ကိုပြန်ရမှာလေ။"

မေမေ့အသံက စိတ်မရှည်တဲ့ အသံ နည်းနည်းပေါက်လာလေသည်။ မေမေအော်တာခံလိုက်ရတော့ လူက ငိုချင်စိတ်ပါပေါက်သွားသည်။ မေမေပြောတာတွေကလည်း မှန်နေတာမို့ ထက်မာန်ဦးမှာ မေမေ့ကိုခွန်းတုံ့ပြန်ရင် မစွမ်းသာ။ မျက်နှာကိုအောက်ချပြီး ၀ုန်းခနဲနောက်လှည့်လိုက်ကာ မေမေ့အနားကနေ ထွက်သွားဖို့ ပြင်လိုက်ပြီးကာမှ

"သားငယ်။ နေဦး။"

မေမေ့ရဲ့ လှမ်းခေါ်သံနောက်မှ မေမေ့ခြေသံက ထပ်ချပ်မကွာလိုက်ပါလာလေသည်။ ထက်မာန်ဦးလည်း ခြေလှမ်းတွေကို ရပ်တန့်လိုက်သည့်အချိန် ပုခုံးပေါ်ကို မေမေ့ လက်တစ်ဖက်က အုပ်မိုးလာလေသည်ကို ခံစားလိုက်ရသည်။

"အရမ်းစိတ်မပူပါနဲ့။ လွှမ်းက နေပြန်ကောင်းလာမှာပါ။ပြီးတော့ လွှမ်းဒီရက်အတွင်း သက်သာရင် သူ့အိမ်က ပြန်မခေါ်ပါဘူး။ မေမေက ရေရှည်အတွက်စဉ်းစားရတာမို့ သားငယ်ကို ကြိုပြောထားတာပါ။"

မေမေသုံးနေကျ ရေမွှေးနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်နှင့်အတူ မေမေ့ကိုယ်ငွေ့ကို ထက်မာန်ဦး ကျောပြင်က ခံစားလိုက်ရသည်။ မေမေ့ရဲ့လက်ချောင်းလေးတွေက ထက်မာန်ဦးရဲ့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်လို့နေသည်။ မေမေက ထက်မာန်ဦးကို ဆူလိုက်လျှင်ဘဲဖြစ်ဖြစ် အသံမာမာနဲ့အော်လိုက်လျှင်ဘဲ ဖြစ်ဖြစ်မေမေက ဒီလိုချော့နေကြပင်။ ထက်မာန်ဦး မေမေ့ကို ဘာမှပြန်မပြောမိ။ ဒီအတိုင်း ငြိမ်ပြီးတော့သာ နားထောင်နေမိသည်။

"လာ။ မေမေကိုယ်တိုင် လွှမ်းဆီ လိုက်ပို့ပေးမယ်။"

ထက်မာန်ဦး မျက်နှာက လမိုက်ညကနေ ထွန်းတောက်နေတဲ့ လပြည့်ဝန်းအတွင်းသို့ ချက်ချင်းကူးပြောင်းသည်။

"တကယ်လား။"

ဝုန်းခနဲ မေမေ့ဘက်လှည့်ကြည့်လိုက်တာမို့ မေမေက အနည်းငယ် လန့်သွားသည့်ဟန်ရှိသော်လည်း မေမေ့နူတ်ခမ်းက ချက်ချင်းပြုံးလို့လာသည်။

"တကယ်ပေါ့။ ဒါပေမယ့် လွှမ်းအိပ်နေတယ်ဆိုရင် မနှောင့်ယှက်ရဘူးနော်။ပြီးတော့ ခဏဘဲ ရမယ်။ တစ်နာရီထိုး မြန်မာစာဆရာမအချိန်ရှိတယ်မဟုတ်လား။"

"အွန်း။အွန်း။ မနှောင့်ယှက်ဘူး။ကတိ။ကတိ။"

မေမေ့ကို လက်သန်း အတင်းလိုက်ချိတ်ဖို့ ကြိုးစားလိုက်တော့ မေမေက ရယ်သည်။ပြီးတော့ ထက်မာန်ဦး ခေါင်းကို ဖွဖွလေးထပ်ပုတ်လိုက်ပြီးတော့

"သားငယ်ကတော့လေ လွှမ်းကိုသိပ်သံယောဇဉ်ရှိတာဘဲ။"

"ဒါပေါ့.။လွှမ်းက သားအချစ်ဆုံးသူငယ်ချင်းဘဲဟာ။"

ပန်းဆီရောင် ခြယ်သထားတဲ့ မေမေ့နူတ်ခမ်းတွေပေါ်မယ် အပြုံးကြီးကြီးတစ်ခု ဖြစ်ထွန်းလာလေသည်။ထက်မာန်ဦးကို ငေးစိုက်ကြည့်နေတဲ့ မေမေ့မျက်ဝန်းတွေက ရွှန်းလဲ့တောက်ပနေသည်။ ထိုမျက်ဝန်းတွေကို ထက်မာန်ဦး အဓိပ္ပါယ်ဖွင့်နိုင်ဖို့ရာ မစွမ်းသာနိုင်ခဲ့။

"ဒါဆို လာ။ လွှမ်းဆီသွားမယ်။"

မေမေ ခေါ်တဲ့နောက်ကို ထက်မာန်ဦး လိုက်လာခဲ့လိုက်သည်။ နေမကောင်းတဲ့ လွှမ်းကို သပ်သပ်ထားတဲ့ အခန်းရှေ့ရောက်တော့ အခန်းထဲကနေ တီငယ်က ထွက်လာလေသည်။ မေမေနှင့် ထက်မာန်ဦးကို မြင်တော့ အံ့သြသွားဟန်ရှိသည်။

ထက်မာန်ဦး လွှမ်းဆီ သွားတိုင်း တီငယ်က ထက်မာန်ဦးကို အကြိမ်ကြိမ် နှင်ထုတ်ထားခဲ့တာလေ။ ဒီတစ်ကြိမ်တွင်တော့ မေမေကိုယ်တိုင် လိုက်ပို့ပေးတာ ဆိုသော အကြည့်နဲ့ တီငယ့်ကို မော်ကြွားစွာနှင့် ကြည့်ပေးလိုက်သည်။ တီငယ့်ဆီမှ မျက်စောင်းတစ်ခုကို လက်ခံရရှိလိုက်လေသည်။

"ဝေလွှမ်း ဘယ်လိုနေလဲ။သက်သာရဲ့လား။"

မေမေက တီ့ငယ်ကို လှမ်းမေးလေသည့်နောက် ထက်မာန်ဦး တီ့ငယ် ရဲ့မျက်စောင်းဒဏ်မှ လွတ် ငြိမ်းခွင့်ရသွားသည်။

"ခုထမင်းတွေစားနေတယ်။ တီချယ်ကြီးရေ။ထမင်းစားချင်တယ်ဆိုပြီး။ ခုဘဲ နှစ်ပန်းကန်ရှိနေပြီ။ ထပ်စားနေလေရဲ့။"

"ဟယ်။ ထမင်းစားရအောင်အဖျားရောကျပြီလား။"

"အဖျားတော့ မနတ်ကတည်းက ကျပြီ။"

"သြော်။အင်း။ တီချယ်ကြီး ၀င်ကြည့်လိုက်ဦးမယ်နော်။"

"ဟုတ်။ သမီးလည်း ကလေးတွေကို သွားကြည့်လိုက်ဦးမယ်။"

တီငယ်က ပြောရင်း မေမေ့ကို ခေါင်းတစ်ချက်ညိမ့်ပြကာ ထွက်သွားလေသည်။အနားက ထွက်မသွားခင် ထက်မာန်ဦးကိုတောင် မျက်စောင်းက ထပ်ထိုးသွားသေးသည်။

နောင်ကျလို့ ထပ်တွေ့ရင် ထက်မာန်ဦးကို "နင်ဟာလေ ဝေလွှမ်းကို တော်တော်ကဲ"ဆိုပြီး အံကြိတ်ပြီး ဆူဦးမှာသေချာသည်။ အဲ့တာက ထားလိုက်ပါ။ ဆူခံရလည်း မနာပါဘူး။ လောလောဆယ် လွှမ်းကို တွေ့ရဖို့ဘဲ။

"လာ။သားငယ်။"

မေမေ့ဦးဆောင်ရာနောက်ကိုထက်မာန်ဦး လိုက်သွားလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် ကုတင်ပေါ်မှအောက်ကို ခြေတွဲလောင်းချထိုင်လျှက်နှင့် ထမင်းစားနေတဲ့ လွှမ်းကို တွေ့လိုက်ရသည်။ လွှမ်းရဲ့ရှေ့က စားပွဲပေါ်မှာ ထမင်းတွေအပြည့်အမောက်ထည့်ထားတဲ့ ဇလုံကြီး။

ထက်မာန်ဦးဝင်လာတော့ လွှမ်းက ထမင်းစားနေရာမှ မော့ကြည့်သည်။ လွှမ်းရဲ့ ပါးနှစ်ဖက်က ထမင်းတွေနှင့် ဖောင်းကားလျှက်ရှိလေသည်။ အစားနည်းလှတဲ့ လွှမ်းဟာ ဒီလို ထမင်းကိုအငမ်းမရ စားနေတာ တစ်ခါမှ မမြင်ဖူးတာမို့ ထက်မာန်ဦး အကြောင်သား ရပ်ကြည့်နေမိသည်။

"ဘာလို့ငါ့ကိုအဲ့လို လာကြည့်နေတာလဲ။ ငါမျိုမကျတော့ဘူး။"

လွှမ်းမျက်နှာက ရဲတက်သွားလေပြီး မျက်နှာလွှဲလိုက်ရင်း ဆိုသည်။ သို့သော် လွှမ်းက ထမင်းစားမပျက်။ မျိုမကျလို့သာပါဘဲ။ ဘေးက ရေကိုတောင် ဂွတ်ခနဲ ကောက်မော့ပြီး ထမင်းဇလုံထဲက ထမင်းတွေကို ဇွန်းနှင့် အားရပါးရ ခပ်ပြီး ပါးစပ်ထဲ ထိုးထည့်လေသည်။

မမြင်လိုက်ရတဲ့ သုံးရက်လောက်အတွင်း လွှမ်းဟာ အရိုးပေါ် အရေတင် အခြေအနေ မဖြစ်ရုံတမယ်သာရှိသည်။ နဂိုကတည်းက ပိန်ရတဲ့အထဲ အခုတော့ လွှမ်းပုံစံက လေတိုက်လျှင် ကြွေလွှင့်သွားမယ့် ရော်ရွက်ဝါ လေးပမာပင်။ ထက်မာန်ဦး လွှမ်းဘေးနား ထိုင်လိုက်လေရင်း

"ဒါဘယ်နှပန်းကန်မြောက်လဲ။လွှမ်း။"

"သုံးပန်းကန်။"

လွှမ်းက တမဟုတ်ချင်း ပြန်ဖြေသည်။ ထမင်းစားနေတာကတော့ ရပ်မသွား။ သို့သော် လွှမ်းပုံစံက ထမင်းတွေကို စားချင်စိတ်မရှိဘဲ ကြိတ်မှိတ်ပြီး ထိုးထည့်နေတဲ့ပုံဖြစ်နေသည်။

"မစားနိုင်တော့ရင် ဆက်မစားနဲ့တော့လေ။"

ထက်မာန်ဦး အသံကနည်းနည်းမာချင်လာလေပြီ။ လွှမ်း မစားချင်ဘဲနဲ့ စွတ်စပ် စားနေတာ ကြည့်ရုံနဲ့ အသိသာကြီးကို။

"မစားလို့ မရဘူး။ ငါမြန်မြန်အားရှိမှဖြစ်မှာ။"

ထိုနောက် လွှမ်းက စကားပြောတာကိုခဏရပ်ပြီးထမင်း နောက်ထပ်တစ်လုတ်ကို ပါးစပ်ထဲကောက်ထည့်လိုက်သေးသည်။ပါးစပ်ထဲ ၀င်လာတဲ့ ထိုထမင်းလုတ်ကို ၀ါးနေလျှက်မှ

"ငါမန္တလေးမပြန်ချင်ဘူး။ အဲ့တာကြောင့် နေကောင်းမှဖြစ်မှာ။"

လွှမ်းမျက်နှာက မျက်မှောင်ကြီးတွေရှုံ့တွပြီး မအီမသာရုပ်ပေါက်နေလေသည်။ သူ့ပါးစပ်ထဲမှ ထမင်းစေ့တချို့က ခုန်ပေါက်ထွက်ပြေးချင်နေပြီဖြစ်သည်။

"အဲ့တာနဲ့ဘဲ ဆက်စားနေရင် မင်းဗိုက်ပေါက်ထွက်သွားလိမ့်မယ်။ပေး။ငါ့ကို အဲ့ထမင်းဇလုံကို။"

"မပေးပါဘူးဆို။"

"ပေးလို့ပြောနေတယ်လေ။"

"မပေးဘူး"

လွှမ်းသည် ထက်မာန်ဦး လက်ထဲက ထမင်းဇလုံကို လုယူနေရင်းမှ ရုတ်တရက်ရပ်တန့်သွားသောကြောင့် လွှမ်းလက်ထဲက ထမင်းဇလုံကို ထက်မာန်ဦး အရ ယူလိုက်နိုင်သည်။ လွှမ်းရဲ့ အကြည့်တွေက အခန်းတံခါးဝမှာ မတ်တပ်ရပ်နေတဲ့ မေမေ့ဆီမှာ။ ဘာလို့လဲမသိပေမယ့် လွှမ်း ရုတ်တရက် ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

ထက်မာန်ဦးလည်း ထိုအခါမှ အခန်းဝမှာ မေမေရပ်ကြည့်နေမှန်း သတိရတော့သည်။ ထက်မာန်ဦး လှည့်ကြည့်လိုက်ချိန်မှာတော့ မေမေ့နူတ်ခမ်းမှာ အပြုံးတစ်ခုကို ရုတ်ချည်း ဆင်မြန်းလိုက်လေတော့သည်။

"နေမကောင်းတဲ့ သူငယ်ချင်းကို အနိုင်မကျင့်နဲ့လေ။သားငယ်ရဲ့။ဝေလွှမ်းလည်း နေကောင်းခါစမှာ ထမင်းအများကြီးစားတာ အဖျားပြန်ထလာနိုင်တယ်။ ခုလောလောဆယ်တော့ ဆန်ပြုတ်ဘဲစား။"

"ဟုတ်ကဲ့။"

လွှမ်းသည် ခေါင်းပြန်ငုံ့သွားရင်းနှင် ခပ်လေးလေးလေသံနှင့် တုံ့ပြန်သည်။

"ဒါဆို ဝေလွှမ်း နားနားနေနေ နေဦးနော်။ လာ။သားငယ်။ ပြန်ကြရအောင်။"

မေမေက အရှေ့ကနေ ထွက်သွားလေသည်။

"ငါလည်းပြန်ပြီ။ နေကောင်းအောင်မွေး။ မန္တလေး မပြန်ချင်ရင်။"

ထက်မာန်ဦး လွှမ်းရဲ့ ပခုံးကို ခပ်ဖွဖွလှမ်းပုတ်လိုက်ရင်း ပြန်ဖို့ ပြင်လိုက်သည်။ သို့သော် လွှမ်းရဲ့ မေးခွန်းတစ်ခုက ထက်မာန်ဦးကို တုံ့ဆိုင်းသွားစေသည်။

"တီချယ်ကြီးက ဘာလို့ မင်းငါ့ကိုတွေ့တာကို လိုက်လာရတာလဲ။"

ထက်မာန်ဦး ရုတ်တရက် ဘာပြန်ဖြေရမလဲမသိ။ လွှမ်းသည် ထက်မာန်ဦးရဲ့မျက်နှာတပြင်လုံးကို စေ့စေ့စပ်စပ် အကဲခတ်နေသလို ခံစားနေရသည်။ ထက်မာန်ဦး အူကြောင်ကြောင်နှင့် ခေါင်းကို ကုတ်လိုက်ရင်း

"မသိဘူးလေ။ ငါမင်းကို ခုနကလို အနိုင်ကျင့်မှာကို စိုးရိမ်လို့နေမှာပေါ့။"

ဝေလွှမ်းပုံစံက ထက်မာန်ဦးရဲ့ အဖြေကို ကျေနပ်ဟန်မရှိပါ။ ဒါပေမယ့် ဝေလွှမ်းကို ကျေနပ်စေလောက်မယ့် ဘယ်လိုအဖြေမျိုးကိုမှလည်း ထက်မာန်ဦး ရဲ့ ငုံးဥလောက် ဦးနှောက်က မစဉ်းစားနိုင်ပါ။

ဝေလွှမ်းမေးသော မေးခွန်းဆိုလျှင် ထက်မာန်ဦး တွေးပင် မတွေးမိပါ။ ဘာဘဲ ဖြစ်ဖြစ်မေမေက လွှမ်းနဲ့ တွေ့ခွင့်ပေးတာမို့ ကြီးငယ်တို့ တီငယ်တို့နဲ့် ယှဉ်လျှင်ပိုသဘောကောင်းတာဘဲ မဟုတ်လား။

"နေကောင်းအောင်သာမြန်မြန်လုပ်။ ဆောင်းတွင်းကြီးဆိုကာမှ မင်းမရှိတော့ ငါ့မှာ ခွစရာဖက်လုံး ပျောက်တယ်။ ငါနဲ့မြန်မြန်ပြန်လာအိပ်။"

"စိုင်းဝေယံကို ခွပါလား။"

လွှမ်းဆိုတာ ခုနောက်ပိုင်း အဲ့စိုင်းဝေယံကို ခွပါလား။ စိုင်းဝေယံနဲ့ နေပါလား။ စိုင်းဝေယံနဲ့ စားပါလား စိုင်းဝေယံ စိုင်းဝေယံဆိုတာ ကို သိပ်ကို သုံးလာတာဘဲ။

"သူ့ကိုခွမိလို့ သူပြန်ခွတာ ခံရရင် မစားသာဘူး။ နေစမ်း။"

စိုင်းဝေယံ ဒီအဆောင်ရောက်ပြီး ရင်းနှီးကာစတုန်းက ထက်မာန်ဦး သူ့ကို တစ်ခါခွအိပ်မိဖူးသည်။ မနတ်ရောက်တော့ သူ့ကိုယ်လုံးအောက်ပိပြီး အသက်ပျောက်မလို ဖြစ်နေတဲ့ ထက်မာန်ဦးကို ဝေလွှမ်းတို့ မနည်းဆွဲထုတ်ရသည်။ အဲ့ကိစ္စကြီးဖြစ်ပြီးကတည်းက စိုင်းဝေယံဆိုလျှင် အိပ်မက်ထဲတောင် ယောင်ပြီး ဖက်မအိပ်ရဲတော့။

လွှမ်းက ရှုံ့မဲ့သွားတဲ့ ထက်မာန်ဦးကို ခပ်တိုးတိုး ရယ်လေသည်။

"သားငယ်ရေ။ မလာသေးဘူးလား။ ခဏနေ အတန်းချိန်နော်။"

အခန်းအပြင်ဘက်က မေမေ့အသံ ကြားလိုက်တော့ ထက်မာန်ဦးမှာ စကားဆက်များနေလို့ မဖြစ်ဘူးဆိုတာ သိလိုက်သည်။ မေမေက အခန်းအပြင်ဘက်မှာရပ်စောင့်နေတုန်းဘဲကို။

"ငါသွားလိုက်ဦးမယ်။ မေမေခေါ်နေပြီ။ မြန်မြန်နေကောင်းအောင်လုပ်နော်။"

လွှမ်းကခေါင်းညိမ့်ပြလေသည့်နောက် ထက်မာန်ဦး အခန်းထဲကနေ မေမေ့ဆီသုတ်ခြေတင်ပြေးရတော့သည်။

"အင်း.။လာပြီ။မေမေရေ။"

ထက်မာန်ဦး မသိလိုက်သည်ကအခန်းထဲတွင် ကျန်ရစ်ခဲ့သော လွှမ်းသည် ခေါင်းကိုငိုက်စိုက်ချရင်း အိပ်ယာခင်းစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေခဲ့လေသည်။

အချင်းဝက် ၆၃၇၁ ကီလိုမီတာကျယ်ဝန်းသော ဝေလွှမ်းတို့ နေထိုင်ရာ ကမ္ဘာကြီးသည် ဝေလွှမ်းအတွက်တော့ တဖြည်းဖြည်း သေးငယ်လာသလို ခံစားရသည်။

"အန်တီ..။ဒါလေး ဘယ်မှာပစ်ရမလဲ။"

အမိုက်ပစ်ဖို့ ပုံးမတွေ့တာမို့ ဝေလွှမ်းမီးဖိုချောင်ထဲ ဟိုရှာဒီရှာလုပ်နေရာမှ ကရင်အဒေါ်ကြီးကို တွေ့တော့ လှမ်းမေးလိုက်သည်။ အဆင်သင့်သည်က ထိုအဒေါ်ကြီးသည်လည်း အမိုက်ပုံးလှယ်နေခြင်းဖြစ်သည်။

"သြော်။ထားလိုက်။ထားလိုက်။နောက်မှ ယူသွားပေးမယ်။"

သို့သော် ထိုအဒေါ်ကြီးသည် ဝေလွှမ်းကို နည်းနည်းလေးတောင် မျက်နှာချင်းမဆိုင်။ထိုအမိုက်ပုံးကို သယ်မရင်း မီးဖိုချောင်အပြင်ဘက်သို့သယ်သွားလေသည်။ တကယ်ဆို ဝေလွှမ်းလက်ထဲက အမိုက်ကို သူတစ်ခါတည်း သယ်သွားလို့ရရက်သားနဲ့။ ဝေလွှမ်း သူထွက်သွားပြီဖြစ်တဲ့ မီးဖိုချောင်နောက်ဖေးတံခါးကို အကြောင်သားငေးနေမိသည်။

ဘာလို့များ အားလုံးက ဝေလွှမ်းကို ရှောင်ဖယ်သလို လုပ်လာကြရတာလဲ။

ဒါသည် ပထမအကြိမ်လည်း မဟုတ်။ ဒုတိယအကြိမ်လည်း မဟုတ်တော့။ အဆောင်မှာအလုပ်လုပ်တဲ့ အလုပ်သမားတွေသည် ဝေလွှမ်းကို အဝေးက မြင်လျှင် လှမ်းကြည့်ပြီး တီးတိုးပြောသည်။ အနီးကပ်ကြုံလျှင် ရှောင်ထွက်သွားလေသည်။ စိတ်ထဲထင်တာဘဲ နေမှာပါလို့ ဖြေသိမ့်တွေးလို့တောင် မရလောက်တဲ့အထိ။

ဝေလွှမ်း သက်ပြင်းကို ရှိုက်ချပြီး အမိုက်ကို ကိုယ်နဲ့ဘဲ တပါတည်းပြန်ယူသွားလိုက်သည်။နောက်မှဘဲ ပြန်လာပစ်လိုက်တော့မည်။ ရေချိုးဖို့ အပေါ်ထပ် အ၀တ်လဲခန်းထဲကို တက်လာခဲ့ပေမယ့် ဝေလွှမ်းစိတ်ထဲမှာ ခုနကဖြစ်ရပ်ကဘဲ ကြီးစိုးနေတော့သည်။ လူက စိတ်နှင့် ကိုယ်နှင့် သိပ်မကပ်ချင်။

အ၀တ်လဲခန်းထဲမှာတော့ ဝေလွှမ်းအပြင်ဘယ်သူမှရှိမနေ။ ဝေလွှမ်းက စာလုပ်တာ စောပြီးတာမို့ ပြန်လာလို့ရပေမယ့် ကျန်တဲ့ကျောင်းသားတွေကတော့ အချိန်ပိုနှင့်တိုးနေလေသည်။ဒါကပင် ဝေလွှမ်းအတွက် တမျိုးကောင်းသည်။ ဝေလွှမ်းဘာသာ တစ်ယောက်တည်း အရင်ရေချိုးထားနှင့်လို့ရတာပေါ့။

ခုနောက်ပိုင်း စိတ်မလုံတာမို့ ဝေလွှမ်း ဘာသာတစ်ယောက်တည်း ရေချိုးတာများသည်။ သူများရေမချိုးခင် အရင်ကြိုချိုးနှင့်တာမျိုး၊ ဒါမှမဟုတ် အားလုံးပြီးမှ ရေသွားချိုးတာမျိုးဘဲ လုပ်တော့သည်။

ဝတ်ထားတဲ့ ရှပ်အင်္ကျီကိုဆွဲချွတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာဘဲ ဝေလွှမ်းရဲ့ ပုခုံးပေါ်ကို လာထိတဲ့ အထိအတွေ့တစ်ခု။ ကျဉ်စက်နှင့် အတို့ခံလိုက်ရသည့်အလား ဝေလွှမ်းရဲ့ အာရုံကြောတွေက ပွင့်ထွက်ကုန်သည်။

"အား..!"

ဝေလွှမ်း လန့်ပြီး ထအော်လိုက်မိသည်။ ဝေလွှမ်းပုခုံးပေါ်ကို လက်တင်မိတဲ့ ရဲရင့်သည် မျက်လုံးအ၀ိုင်းသားနှင့် ဝေလွှမ်းကို ပြူးကြည့်နေလေသည်။ သူ့နောက်မှာ စိုင်းဝေယံ၊ မိုးဝေ နှင့်တခြားသူတွေ။ အားလုံးသည် ဝေလွှမ်းကို နားမလည်နိုင်တဲ့အကြည့်တွေနှင့် စိုက်ကြည့်နေကြလေသည်။

"ဘာဖြစ်တာလဲ။ ငါလန့်သွားတာဘဲ။"

ရဲရင့်ရဲ့ ရိုးသားတဲ့ မျက်ဝန်းတွေဟာ ဝေလွှမ်းကို ပိုပြီး သိမ်ငယ်ရှက်ရွံ့စေသည်။ အ၀တ်လဲခန်းထဲကို ထပ်မံဝင်ရောက်လာတဲ့ တခြားကျောင်းသားတွေကလည်း ဝေလွှမ်း အော်သံကြောင့် ဝေလွှမ်းကို ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြလေသည်။

တချို့ကတော့ သူတို့ဟာ သူတို့ အ၀တ်ချွတ်စရာရှိ ချွတ်ပြီး ရေချိုးဖို့ ပြင်တဲ့သူက ပြင်ကြသည်။ သူတို့သည် သူတို့ရဲ့ ပုံမှန်အတိုင်း လည်ပတ်နေကြခြင်းဖြစ်သည်။ သူတို့ရဲ့ နိစ္စဓူဝအလုပ်တွေကို လုပ်နေကြခြင်းဖြစ်သည်။ ဝေလွှမ်းပုခုံးကို လာကိုင်သည့် အပြုအမူသည် သူတို့အတွက် ဘာမှမထူးဆန်းသလိုပင်။ ဘေးပတ်လည်ဝိုင်းနေတဲ့ လူတွေကို မ၀ံ့မရဲ တစ်ချက်ကြည့်လိုက်မိရင်း ဝေလွှမ်း ဒီတိုင်းရပ်နေရတာကိုက မလုံခြုံတော့သလို ခံစားလိုက်ရသည်။

"ဟေ့ကောင်။ဝေလွှမ်း..။"

အနောက်ကနေ လှမ်းခေါ်လိုက်တဲ့အသံကို ကြားလိုက်ရပေမယ့် ဝေလွှမ်း ထိုနေရာကနေ ထွက်သွားဖို့ကိုသာ ပိုပြီး စိတ်အားထက်သန်လာမိသည်။ အခန်းထဲက ထွက်ထွက်ချင်း ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်က မာန်။

"လွှမ်း..။"

မာန်က ဝေလွှမ်းကို မြင်တော့ ၀ိုင်းစက်နေတဲ့ မျက်ဝန်းလေးတွေနဲ့။ဝေလွှမ်း အံကိုကြိတ်လိုက်ရင်း မာန့်ကိုလည်း ကွေကွင်းကာရှောင်ဖယ်သွားလိုက်မိသည်။

ဘေးနားကနေ လှစ်ခနဲ ပြေးထွက်သွားတဲ့ လွှမ်းကို ထက်မာန်ဦးတောင် ပြေးဆွဲဖို့ အချိန်မရလိုက်။ ထက်မာန်ဦး လှမ်းကြည့်လိုက်ချိန်မှာတော့ လွှမ်းက ၀ရံတာဘက်ကို ပြေးထွက်သွားလေသည်။ ပထမတော့ ထက်မာန်ဦး ဒီတိုင်း ပြူးကြောင်ကြောင်နှင့် ရပ်ကြည့်နေပေမယ့် သတိဝင်လာတဲ့အခါမှာတော့ ဒေါသကထောင်းခနဲ ထွက်လာတော့သည်။

"လွှမ်းကိုမင်းတို့ဘာလုပ်လိုက်တာလဲ။"

အ၀တ်လဲခန်းထဲက လူတွေသည် ထက်မာန်ဦး အော်တာကို အသားလွတ်ခံရလေတော့သည်။ အားလုံးက ထက်မာန်ဦးဆီ အာရုံရောက်လာကြသည်။ အားလုံးရဲ့ အမြင်မှာ ထက်မာန်ဦးသည် ဒေါသထွက်လို့ ခုန်ဆွခုန်ဆွဖြစ်နေတဲ့ ခွေးပေါက်တစ်ကောင်နှယ်။

"ငါတို့က ဘာလုပ်ရမှာလဲ။ ဘာမှမလုပ်ဘူး။ သူ့ဟာသူ ထွက်သွားတာဘဲ။"

"ငါအခု လွှမ်းကို သွားမေးမယ်။ မင်းတို့လုပ်တာဆို လုပ်တဲ့ကောင် သေပြီသာမှတ်။"

အားရပါးရကို ကြိမ်းဝါးပြီး ဆောင့်ကြီးအောင့်ကြီးနှင့် ပြေးထွက်သွားလေတဲ့ ထက်မာန်ဦးကို အားလုံးက လှမ်းကြည့်လိုက်ကြရင်း ပြိုင်တူလိုပင် ခေါင်းခါလိုက်ကြလေသည်။

"အဲ့လင်မယားက ဘာဖြစ်နေကြတာလဲ။"

ရဲရင့်က ၀တ်ထားတဲ့ ရှပ်အင်္ကျီကို ဆွဲချွတ်ရင်း မကျေမနပ်နှင့်ပြောလေသည်။ ရှပ်အင်္ကျီလေးသည် ရဲရင့်ရဲ့စိတ်မကြည်လင်မူအောက် ကြေမွသွားလေတော့သည်။သပ်သပ်မဲ့ သရဲလိုလန့်အော်တာကို ခံရတဲ့ အပြင် ကြိမ်းပါအကြိမ်းခံရသေးတာကို။

မိုးဝေကတော့ သွားတိုက်တံ ထည့်ထားတဲ့ ခြင်းကိုလှမ်းယူလိုက်လေရင်း

"လင်မယား လင်မယားနဲ့ ပြောမနေနဲ့တော့။ တကယ်ညားသွားဦးမယ်။"

"ငါတို့ကနောက်တာဘဲရှိတာပါ။ ယောင်္ကျားလေးအချင်းချင်း တကယ်ညားစရာလား။"

ရဲရင့်က စိုင်းဝေယံကို ပက်ခနဲ ပြန်ပြောလေသည်။ ယောင်္ကျားလေးတစ်စုသည် စကားစပြောစရာ တစ်ခုခုရသွားသည်နှင့် ပြောမဆုံးပေါင်း တောသုံးထောင်ဖြစ်နေကြသည်။ ရေသွားချိုးရမည့် ကိစ္စကိုပင် ခေါင်းထဲထည့်မနေနိုင်တော့။

"ညားလို့ရလို့ဘဲ ပြီးခဲ့တဲ့လက ဟိုမျက်စောင်းထိုးအိမ်မှာ ပြသနာဖြစ်သွားသေးတာ မဟုတ်လား။"

မင်းမင်းကျော်ရဲ့ မှတ်ဥာဏ်ထဲမှာ ထိုကိစ္စကြီးက မပျောက်သေးတာမို့ ပြန်အစဖော်မိသည်။ရဲရင့်ကလည်း

"အေး။ ဒါပေမယ့်သူတို့ထဲကတစ်ယောက်က ခြောက်နေတာ။ ငထက်တို့ကခြောက်မှမခြောက်ဘဲ။"

"ဒါပေမယ့် ဝေလွှမ်းပုံစံက အဲ့ခြောက်နေတဲ့တစ်ယောက်နဲ့မတူဘူးလား။ နည်းနည်း နွဲ့တဲ့တဲ့နဲ့လေ။မင်းတို့ရော မထင်ဘူးလား။"

"အေး။ သေချာတွေးကြည့်ရင်တော့ နည်းနည်းဆင်..။"

"ဒီမှာ။"

မင်းမင်းကျော်နဲ့ ရဲရင့်တို့ရဲ့ စကားစက ပြတ်တောက်သွားကြလေသည်။ တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ စိုင်းဝေယံ ရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် အားလုံးက တအံတသြနှင့်။

"မင်းတို့ စကားပြောဆင်ခြင်တာ ကောင်းမယ်။ ဝေလွှမ်းကအဲ့လိုပေါက်လွတ်ပဲစား နိုင်းခံရမယ့်လူမျိုး မဟုတ်ဘူး။"

စိုင်းဝေယံရဲ့မျက်နှာထားသည် တင်းမာလွန်းလို့ ပြတ်ထွက်တော့မည့် ကြိုးတစ်ချောင်းလို ဖြစ်နေသည်။ ကျဉ်းမြောင်းပြီး ရှည်လျားတဲ့ မျက်အိမ်ထဲက မျက်ဆံအနက်ရောင်တွေရဲ့ စူးရှနေမူသည် စိုင်းဝေယံ ဒေါသထွက်နေမှန်းသိသာစေသည်။

စိုင်းဝေယံဆီမှာ တစ်ခါမှ မမြင်ဖူးတဲ့ပုံစံသစ်ကို မြင်လိုက်ရတာကြောင့် အားလုံးက တအံ့တသြ။ တည့်ကြီး အပြောခံထိသွားတဲ့ ရဲရင့်နှင့် မင်းမင်းကျော်မှာတော့ မျက်လုံးလေး ကလယ် ကလယ်နှင့်။

"ငစိုင်း။ မင်းစိတ်လျှော့စမ်း။"

မိုးဝေရဲ့ သတိပေးစကားကြောင့် စိုင်းဝေယံရဲ့ ခက်ထန်မူတို့သည် အနည်းငယ်မျှ လျော့ပါးသွားလေသည်။သို့သော် အနက်ရောင်မျက်ဝန်းတွေရဲ့ စူးရှမူသည် အရောင်ကျမသွား။

"ငါတို့ကလည်း ဒီတိုင်းပြောလိုက်တာပါ။ ငစိုင်းရာ။"

လေပြည်လေးနှင့်တောင်းပန်နေပြီဖြစ်တဲ့ ထိုနှစ်ယောက်ကို စိုင်းဝေယံ မျက်နှာလွှဲလိုက်သည်။ ထို့နောက် စိုင်းဝေယံသည် ရေခွက် နှင့် တဘတ်ကိုယူပြီး အ၀တ်လဲခန်းထဲကနေ ထွက်သွားလေတော့သည်။ပါးစပ်သရမ်းမိတဲ့ မင်းမင်းကျော်နှင့် ရဲရင့်မှာ စိုင်းဝေယံရဲ့ ကျောပြင်ကို ကြည့်ရင်း အီလည်လည်နှင့် ကျန်ရစ်ခဲ့လေသည်။

"ဟိုလင်မယားကကျပ်မပြည့်ရတဲ့အထဲ ငစိုင်းကရောဘာဖြစ်ရပြန်တာလဲ။ငါတော့ ရူးချင်လာပြီ။"

ရဲရင့်ကတော့ သူ့ခေါင်းကိုသူ တဗြင်းဗြင်းနှင့် ကုတ်လေသည်။ မိုးဝေကတော့ သက်ပြင်းတစ်ခုကိုသာ ရှိုက်ချလိုက်မိလေတော့သည်။ 

Continue Reading

You'll Also Like

126K 8.8K 38
စွဲလမ်းမိသောသူ..... ယောင်္ကျားလေးနှစ်ယောက်ရဲ့အိမ်ထောင်ရေးပုံစံလေးပါ။ အိမ်ထောင်ရေးတစ်ခုထူထောင်ပြီးဆို ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ ပြသာနာ တွေကိုဘယ်လိုရင်ဆ...
366K 29.8K 83
(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... (Unicode) အမှောင်ဖုံးနေပြီလ...
399K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
322K 25.8K 29
Mini Story Uni Life Style Sweet Romance