ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
32K 3K 409
EXO fanfiction More
Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
Ch-46
346 45 2
By maylapyaepyae
Uni
Chan ပေါက်စတို့အဖွဲ့ မီးထွန်းနေဖို့ပြင်နေတာကို မြင်တာကြောင့် သူကင်းလှည့်ရမည့်တာဝန်ကို သူ့ဘေးက ကောင်လေးတစ်ယောက်ကို အစားထိုးခိုင်းလိုက်ပြီး သူကတော့ ပေါက်စကို လှမ်းကြည့်နေမိသည်။ ဆီမီး ထွန်းပြီးတာနဲ့ သွားချော့ဖို့ စဥ်းစား ထားသည်။ ဒီလိုညလေးမှာ ပေါက်စနဲ့အတူရှိနေချင်တာ သူ့ဆန္ဒတစ်ခု။ သူ ပေါက်စကိုငေးကြည့်နေတုန်း သူ့ဘေးက ယွန်းတို့ဖြတ်သွားတာတောင်မသိလိုက်။ ပေါက်စတို့ဘေးရောက်သွားမှမြင်သည်။ သို့သော် သူ့အာရုံက ပေါက်စတစ်ယောက်ဆီထံသာ။ နောက်တော့ဘာဖြစ်ကြတယ်မသိ ပေါက်စသူငယ်ချင်းတွေ မီးထွန်းနေရာက တစ်ယောက်ပြီးတစ်ယောက်ထလာကြသည်။ သူကြည့်မိသလောက် ဒေါသထွက်နေသည့်ပုံပင်။ ပေါက်စကတားနေတာမြင်တော့ သူပြုံးမိသွားသည်။ ပေါက်စက လူဆိုးလေးမှမဟုတ်ဘဲ။ သူ့ကြည့်နေတုန်းဘေးက ကောင်မလေးတစ်ယောက်စကားလာပြောတာကြောင့် သူပြန်ပြောနေရတာကြောင့် ပေါက်စတို့ဘက်ကို သိပ်အာရုံမစိုက်မိ။ တစ်ချက်တစ်ချက်တော့ လှမ်းကြည့်မိသည်။ မီးထွန်းပြီးလို့ဘုရားကနေပြန်လာတဲ့သူတွေမြင်တာကြောင့် ပေါက်စဆီသွားဖို့စကားဖြတ်ဖို့ကြိုးစားပေမဲ့ ကံဆိုးချင်တော့ ဂျီယွန်းတို့ရောက်လာလေသည်။ သူ့အနားကပ်ကာ စကားတွေလာပြောနေကြတာကြောင့် သွားမရပြုမရ။ စိတ်တွေကျဥ်းကျပ်နေသည်။ ဟိုနှစ်ကောင်ကတော့ ဘယ်ပျောက်သွားမှန်းပင်မသိ။ သူစိတ်ညစ်နေတုန်း ပေါက်စဆီအကြည့်ပို့မိတော့ ကောင်လေးတစ်ယောက်လက်ကို ဆွဲကာ သူ့ရှိတဲ့နေရာကိုလာနေသည်။ ဒါပေမဲ့ သူရှိနေတာကို သိရက်နဲ့ ယောင်လိုတောင်စောင်းမကြည့်။ ရင်ဘတ်တစ်ခုလုံးတစ်ခုခုက ဆွဲညစ်လိုက်တင်းခနဲ။ ပေါက်စကတော့ဘာကိုမှဂရုမစိုက်စွာ ဘေးကဆိုင်မှာဝင်ထိုင်ရင်း သူစားချင်တာမှာစားနေသည်။ အကုန်လုံးကလည်းသူတို့နှစ်ယောက်အထူးအဆန်းကြည့်နေကြသည်။ စကားပြောနေတာကို စိတ်မရောက် ပေါက်စဆီပဲစိတ်ရောက်နေမိသည်။
" ခန ကျွန်တော်သွားမှဖြစ်မယ် "
ဘေးကတစ်ယောက်ကို စကားဖြတ်ကာ ပေါက်စဆီ​သွားမိသည်။
" ပေါက်စ!! "
ခေါ်နေတာကို မသိချင်ယောင်ဆောင်နေသော ပေါက်စကိုကြည့်ကာ ဆွဲဆောင့်ပစ်ချင်သည်အထိ အသည်းယားမိသည်။
" ပေါက်စ ကိုကို တောင်းပန်ပါတယ်ကွာ ကိုယ့်ကိုလှည့်ကြည့်ပါအုံး "
တောင်းပန်စကားက အမှန်ဆို ပြောစရာမလို။ ဘာလို့ဆို ပေါက်စ သူ့ကို စိတ်မှမဆိုးတာ။ Couple ဝတ်ထားတာပဲကြည့်။ တမင်စကားပြန်ပြောအောင်ပြောလိုက်တဲ့စကားသာ။ ဒါပေမဲ့ဘေးရှိလူကုန်အံ့သြကုန်သည်။ ပေါက်စ စကားပြန်ပြောရေး ဒို့အရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှဂရုမစိုက်။ သူထင်သည့်အတိုင်း ခပ်ရွဲ့ရွဲစကားတစ်ခွန်းပြန်ပြောလာသည်။
" မသိဘူးလေ ကျွန်တော်က ကိုကို မမြင်ဘူးထင်နေတာ "
" ကိုယ့်ကို စိတ်ဆိုးနေတုန်းလား "
" omm "
" ကိုယ်ဘာလုပ်ပေးရမလဲ "
" ကျွန်တော်နားထိုင်နေပေး လာ "
တစ်ချက်ပြုံးကာ ပေါက်စနားဝင်ထိုင်လိုက်သည်။ နောက်တော့ ပေါက်စ ဘေးက ကောင်လေးကို ပြန်ဖို့မျက်ရိပ်ပြလိုက်တော့ ချက်ချင်းထကာ ပြန်သွားသည်။
" ကဲ ပြောပါအုံး စိတ်မဆိုးဘူးလည်းပြောသေး ကိုယ့်ကိုရွဲ့တဲ့အကြောင်းလေး "
" ဟီး တကယ်တော့ ဟိုကောင် Chen တွေလေ ကျွန်တော်က ကိုကို့ကို စိတ်ကောက်နေတယ်ထင်နေတာ အဲ့တာ ကိုကိုက ကျွန်တော့်ကို လာချော့မချော့လောင်းကြတာ "
KS လောင်းကြေးကိုတော့ ထည့်မပြောဖြစ်။ မဟုတ်ရင် ဒီနေရာမှာတင် ကိုကို အော်တာခံရပေမည်။
" aww အဲ့တာနဲ့ပဲ တွေ့တဲ့လူလက်ကိုဆွဲခေါ်လာတယ်ပေါ့လေ "
" ကိုကို ကလည်း ကျွန်တော်က သူ့နာရီကနေ ဆွဲခေါ်လာတာပါဗျ အသားတောင်မထိမိဘူး စိတ်မဆိုးနဲ့နော် "
ဆူမှာဆိုးလို့ ချွဲနေတဲ့ KS က Chan မျက်လုံးထဲမှာ အသည်းယားစရာ ကြောင်ပေါက်လေးတစ်ကောင်ပင်။
" ထားပါတော့ ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဆို မရဘူးနော် "
" ဟုတ် ကျွန်တော်က လိမ္မာပါတယ် "
" ယုံချင်တယ်နော် ပေါက်စလေး "
" ကိုကို ကလည်းဗျာ "
" အဟင်း အဟမ်း ဘေးမှာလူတွေရှိတယ်ဆိုတာလည်း သတိရကြအုံး "
Sehun က ဘေးကနေ ချောင်းတဟန့်ဟန့်ပြောလာလေသည်။
" မနာလိုဘူးပြောစမ်းပါကွာ "
Chan ပေါက်စ ပခုံးကိုဖက်ကာ ခပ်ကြွားကြွားလေးပြောလိုက်တော့
" ဟေ့ကောင် ဒီမှာမြင်လား ငါ့အသက်လေး "
Lulu ကိုရင်ခွင်ထဲထည့်ကာ ပြန်ကြွားလာသော sehun
" အခုမှ အဖြေတာကိုများကွာ ဟက် "
Chan က စကားထိုးပြန်သည်။
" ဟေ့ကောင် မင်းတောင် မင်းပေါက်စလေးက ချစ်တယ်လို့ပြောဖူးလို့လား "
" ကို ဘာတွေပြောနေတာလဲ "
ပြန်ချေပလာသော sehun ကို lulu က လှန်းတာသည်။ Chan ကတော့
" ဟေ့ကောင် ဘာမှမပြောချင်ဘူး မင်္ဂလာဦးညက အဖြစ်ကိုပဲကြည့် "
" ဟာ ကိုကို!! "
" ဟား ဟား ဟား ! "
အနီးနားရှိနေတဲ့သူတွေအကုန်လုံး တဟားဟားပွဲကြကုန်သည်။ KS Sehun စကားကြောင့် မျက်နှာပျက်ချင်သလိုဖြစ်သွားပေမဲ့ ကိုကို ပြောလိုက်တဲ့ စကားကြောင့်မျက်နှာလေး ရဲခနဲ။ ကိုကို က တကယ်ဆိုးတယ်။ ဂျီယွန်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင်စုတ်ကာ ပြန်ထွက်သွားလေသည်။ တကယ်ဆို Chan ရဲ့ရင်ခွင်ကသူမအတွက်နေရာမရှိတော့ဘူးဆိုတာ သိသင့်သည်။
---------------------------------
" ဘုန်း ဘုန်း ဘုန်း "
" အ့ ပေါက်စ လွန်မယ်လေ ကိုကိုနာတယ်လေ ပေါက်စ ဟာ ကလေး  "
" မသိဘူး ကိုကို ဒီနေ့ကျွန်တော်လက်ချက်နဲ့မှ ဒဏ်ရာမရရင် Do kyungsoo မလုပ်တော့ဘူး လာခဲ့ကိုကို "
ညကြီးမိုးချုပ်ပြဿနာရှာနေတဲ့ KS ကို Chan တစ်ယောက် မထိန်းပါလေ။ sehun နဲ့ စကားနိုင်လုရင်းပြောမိခဲ့တဲ့ မင်္ဂလာဦးညအကြောင်းကို အစပြုကာ ရန်ရှာနေခြင်း။ သူ့ကို လူကြားထဲအရှက်ခွဲတယ်ဆိုပြီး ရှိသမျှ ခေါင်းအုံးတွေနဲ့ Chan ကိုလိုက်ရိုက်နေသည်။ Chan မှာ အိပ်ခန်းထဲမှာ လွတ်အောင်မနည်းရှောင်ပြေးနေရသည်။
" ပေါက်စ တော်တော့နော် ဒီတစ်ခါ ကုတင်ကျိုးရင် ရွာမှာ ဒီထက်ပိုပြီးပြောစမှတ်တွင်တော့မယ်နော် ကိုယ်တို့လုပ်တိုင်း ကုတင်ကျိုးတယ်ဆိုပြီး..............."
" Park Chanyeol!!! သေဖို့ပြင်ထား ဒီနေ့ည တကယ် ကိုကို့ ကိုမရိုက်ရမချင်းမအိပ်ဘူး တွေ့မယ် "
ကုတင်ပေါ်တောင်မချန် ပတ်ပြေးနေတဲ့ Chanyeol ။ KS ကို မထိတထိလှမ်းစနေပြန်တာကြောင့် တစ်အိမ်လုံးဝုန်းဒိုင်းကြဲကာ သောင်းကျန်နေကြသည်။ အိမ်ရှေ့ကွက်ပစ်ပေါ်မှာ အကြမ်းရည်ထိုင်သောက်နေကြတဲ့ လူကြီးတွေကတော့ သောင်းကျန်းနေတဲ့နှစ်ယောက် ဘယ်ချိန်ရပ်မလဲ ဆိုတာသာ စောင့်နေကြသည်။ မဟုတ်ရင် အိပ်ရမည်မဟုတ်တော့ချေ။
​.
.
.
.
.
.
.
.
.
.
.
.
အချိန်တစ်ခုကြာတိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်နဲ့အတူ တစ်ရွာလုံးလည်းအိပ်မောကြသွားကြသည်။
ထို့အတူ မရိုက်ရရင် မအိပ်ပါဘူးဆိုတဲ့ကောင်လေးသည် ရိုက်မယ်ဆိုတဲ့ကောင်လေးကို မရိုက်ရပါဘဲ ထိုကောင်လေးရဲ့ရင်ခွဲထဲမှာအိပ်ပျော်သွားလေသည်။ ထို့အတူ အိပ်ပျော်နေတဲ့ကောင်လေးရဲ့နူဖူးကို အနမ်းတပွင့်ချွေကာအိပ်စက်သွားတဲ့ကောင်လေးလည်းရှိလေသည်..............
T.B.C.
နောက်ကျသွားတာ တကယ်ကို အနူးညွတ်တောင်းပန်ပါတယ်။ ကျွန်တော် ခြံသန့်ရှင်းရေးတွေရော အပင်စိုက်ဖို့တွေရော တစ်ယောက်ထဲ တာဝန်ယူထားရတော့ မUPနိုင်တာပါဗျ။ မလုပ်တာကြာတော့ တစ်ကိုယ်လုံးမလှုပ်နိုင်လို့ပါ။ တကယ်တောင်းပန်ပါတယ်။ ကျွန်တော်က FIC Chapter ကလွဲရင် ကျန်တဲ့ဘာအကြောင်းကိစ္စကိုမှ သပ်သပ်မတင်ချင်လို့ပါ ။ ဘာမှမပြောဘဲ ခနခနပျောက်ပျောက်သွားလို့တောင်းပန်ပါတယ်။ ကျွန်တော်ပျောက်သွားရင် အလုပ်ရှိလို့နဲ့ ပြဿနာတက်နေတယ်လို့ပဲ သဘောထားပေးပါ။ ကျွန်တော် အတက်နိုင်ဆုံးကြိုးစားupနေပါတယ်လို့......readres တွေအကုန်လုံးကိုချစ်ပါတယ်လို့။ rp မပြန်တာမဟုတ်ပါဘူး ဝင်ကို မကြည့်နိုင်သေးတာပါ...
#Thanksyouall
Zawgyi
" ပေါက်စ!! "
" omm "
" ကိုယ်ဘာလုပ်ပေးရမလဲ "
" ကိုကို ကလည်းဗျာ "
" ကို ဘာတွေပြောနေတာလဲ "
" ဟာ ကိုကို!! "
" ဟား ဟား ဟား ! "
---------------------------------
" ဘုန်း ဘုန်း ဘုန်း "
.
.
.
.
.
.
.
.
.
.
.
.
T.B.C.
#Thanksyouall
Continue Reading
You'll Also Like
77.5K 5.4K 32
Chanအရင်ကကျနော့ကိုအချစ်ဆုံးလို့ပြောဖူးတယ်နော် အခုကောအဲ့စကားအတိုင်းသတ်မှတ်လို့ရမလား။ kai yeolပျော်မယ်ဆို yeolကြိုက်တာရွေးကျနော်လက်ခံပေးမယ် ကျနော့ကြောင...
204K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
580K 32.8K 32
Novel Myanmar(burmese)-Translation(Unicode/Zawgyi) James(Alpha) Alex(omega) (Unicode) သူတို့နှစ်​ယောက်Hotelမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကနေဇာတ်လမ်းစတာပ...
937K 21.5K 49
In wich a one night stand turns out to be a lot more than that.