ခေါင်ရမ်းတစ်ပွင့် မှသည်...(Co...

By mahura293

174K 20.9K 834

သင်္ချိုင်းမြေ၌ ပေါက်ရောက်နေသည့် ခေါင်ရမ်းပင်မှ ခေါင်ရမ်းပန်းလေးတစ်ပွင့်တွင် မှီခိုနေထိုင်နေသော အဖော်မဲ့ ဝိညာ... More

Ep-1(Uni+Zaw)
Ep-2(Uni+Zaw)
Ep-3 (Uni+Zaw)
Ep-4(Uni+Zaw)
Ep-5 (Uni+Zaw)
Ep-6(Uni+Zaw)
Ep-7(Uni+Zaw)
Ep-8(Uni+Zaw)
Ep-9(Uni+Zaw)
Ep-10(Uni+Zaw)
Ep-11(Uni+Zaw)
Ep-12(Uni+Zaw)
Ep-13(Uni+Zaw)
Ep-14(Uni+Zaw)
Ep-15(Uni+Zaw)
Ep-16(Uni+Zaw)
Ep-17(Uni+Zaw)
Ep-18(Uni+Zaw)
Ep-19(Uni+Zaw)
Ep-20(Uni+Zaw)
Ep-21(Uni+Zaw)
Ep-22(Uni+Zaw)
Ep-23(Uni+Zaw)
Ep-25(Uni+Zaw)
Book
S-2?
စာအုပ်ဈေး
Can order now

Ep-24(Uni+Zaw)

4.6K 655 19
By mahura293

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"မင်း အဆင်ပြေပါ့မလား"

"ရတယ် အဆင်ပြေပါတယ်လို့ဆို"
ရတယ်လို့ အထပ်ထပ်အခါခါဆိုနေပေမဲ့ ကိုယ့်ရှေ့မှာ သူလဲကျသွားရင် ထိန်းကိုင်ခွင့်မပြောနှင့် ထိတွေ့‌ခွင့်ပင် မရှိသည့်သူအတွက်တော့ ရတယ်လို့ပြောနေတဲ့ စကားကိုအမှန်ဟုပင် မခံယူ၀င့်ပါ။

အပြန်အလှန် စကားတစ်ခွန်းမျှမပြောသည့် လူနှစ်ယောက်ရဲ့ရင်ထဲက ခံစားချက်တွေကို ထိုလူနှစ်ယောက်ပဲ နားလည်ပါလိမ့်မည်။ ထိုနှစ်ယောက်ကလွဲရင် ဘယ်သူမှနားလည်နိုင်မှာမဟုတ်ပါ။ ခပ်မြန်မြန်လျှောက်တတ်သည့် ရှေ့ကလူကြီးသုံးယောက်‌ကတော့ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့။ ကောင်းက ဘာကြောင့်အခုမှလမ်းလျှောက်နှေးသွားတာလဲလို့ မေမေကတော့ သိချင်နေမှာအမှန်ပင်။ ဖေဖေ့ကိုပင်မေးနေမလားပဲ။ ဖေဖေဘယ်လိုပြောထားလို့ မေမေဒီလိုငြိမ်နေတာလဲဆိုတာတော့ ကောင်းလည်းသေချာမသိ။ အခုချိန်မှာ အဲ့တာတွေလည်း မတွေးချင်ပါ။

"ကဲ ၀င်လို့လည်းမရဘဲနဲ့ ဘာဆက်လုပ်ကြမလဲပြော"
ဘုရား၀န်းထဲလုံး၀၀င်၍မရသည့် ကောင်လေးကတော့ ဘာမှမထူးခြားသည့်ဟန် ခပ်ပြုံးပြုံးရယ်။ အပြုံးကိုနားလည်ပြီး အလွတ်ရနေသူအတွက်တော့ ရင်နင့်ဖွယ်ရာ။

"ရပါတယ် ၀င်မရလည်း ရှေ့မှာထိုင်နေရုံပေါ့၊ အပေါက်၀မှာထိုင်တာကလည်း ဘုရားရောက်တယ်လို့ ပြောလို့ရတယ်မလား၊ ကိုကိုလည်း ၀င်ချင်ရင်၀င်လေ၊ ရောက်တုန်းလေး ဘုရားကန်တော့ပေါ့ဗျာ"
တံခါးပေါက်မကြီးရဲ့ဘေး အုတ်ခုံလေးမှာ ၀င်ထိုင်ရင်းပြောလိုက်သည့် စကားက သူ့အတွက်တော့ ချေပစရာမရှိပေမဲ့လည်း..

"ဟေ့ မင်းငါ့ကိုဆရာလုပ်စရာမလိုပါဘူး၊ နေ့တိုင်းဘုရားခန်းထဲသွားပြီး သူ့အတွက်ဆုတောင်းပေးနေတာ ဘယ်ကောင်လဲ"

"ဟား ဟား သိပါတယ်ဗျ ပြောနေစရာမလိုပါဘူး"
ဘာကြောင့် ဟန်ဆောင်ပြီးရယ်နေရတာလဲ။ ချေပစရာမလိုဘဲ စကားအများကြီးပြောကာ ချေပနေသည့်သူကလည်း ဟန်ဆောင်ကောင်းလိုက်တာ။ ကောင်း ဘေးနားလေးမှာ ၀င်ထိုင်လိုက်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ ကြယ်များကသိပ်ကိုတောက်ပနေသည်။ ဘာကြောင့် ‌ဝေဝါးနေတာပါလိမ့်။ လမင်းကြီးကလည်း ဝိုင်းစက်လို့။ အဘယ့်ကြောင့် ကောင်လေးရဲ့ ညာဖက်မျက်ထောင့်နားမှာရှိတဲ့ မှည့်နက်လေးက ပိုပြီး တောက်ပ‌နေရတာပါလိမ့်။

ချောင်းသာရောက်သည့် ညတုန်းကလည်း ဒီအတိုင်းပဲ‌ ကောင်းကင်ကြီးက သိပ်ကိုလှပခဲ့တာ။ အမှတ်တရအဖြစ် ကောင်လေးပျောက်ကွယ်သွားမလို ဖြစ်ခဲ့သည့်ညက ကောင်း ကောင်လေးကိုပွေ့ဖက်ခွင့်ရခဲ့သည်။

အခုတော့
ထိတွေ့ခွင့်ပင်မရှိတော့...

ထိုနေ့ညက ကောင်လေးက ပျောက်ကွယ်မလိုပဲ ဖြစ်ခဲ့တာ။
မနက်ဖြန်‌မှာတော့ အပြီးတိုင်ထာ၀ရ ပျောက်ကွယ်သွားတော့မှာ..

ကောင်းရဲ့ ဝေဝါးလာတဲ့ မျက်လုံးတွေက သိပ်ကိုအားနည်းတာပဲ။ မျက်မှန်ရဲ့ အကာအကွယ်ဖြင့် မျက်ရည်များကို မြိုသိပ်နေတဲ့ ယောကျာ်းလေးတစ်ယောက်က အဲ့သလောက် အငိုသန်တယ်တဲ့လား။ သူများတွေမြင်ရင်တော့ ကဲ့ရဲ့ကြတော့မှာပဲ။ ဖြတ်သွားဖြတ်လာအနည်းငယ်သာရှိပြီး လူသွားနည်းသည့် လမ်းကတိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။

"ကိုကို မျက်လုံးထဲ အကောင်၀င်လို့လား"
ကောင်းကင်မှာ ကပ်ငြိနေသည့် ကောင်းရဲ့ မျက်လုံးများကို သူ့ထံပြန်သယ်ဆောင်လာတော့
ပြောသူမျက်၀န်းများကလည်း လက်ခနဲပဲ ဖြစ်သွားတာကို ဖမ်းမိလိုက်တယ်။

"ဟမ် အော် အင်း ဟုတ် ဟုတ်တယ် မျက်လုံးထဲအကောင်၀င်သွားတာ"
မျက်မှန်ကိုချွတ်ကာ မျက်လုံးများကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်တော့ ဘာလို့ မသက်ဆိုင်သည့်ရင်ဘတ်က အောင့်လာရတာလဲ။

မျက်ရည်များကို ခပ်မြန်မြန်သုတ်ပစ်လိုက်ရင်း..
"မင်းလည်း မျက်လုံးထဲ အကောင်၀င်လို့နေမယ်နော်"

"အာ ဟားဟား ဘယ်လိုပြောလိုက်တာလဲ ကျွန်တော်က ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ကိုကိုရ"

ဟန်ဆောင်အရယ် ဟန်ဆောင်အပြုံး..
ဟန်ဆောင်လုပ်ယူရတဲ့ဟာတွေက သိပ်ကိုမပင်ပန်းဘူးလားကွာ။

"မသိဘူးလေ ငါလည်း ငါ့လိုပဲထင်လို့မေးလိုက်တာကို"

"ဒါနဲ့ကိုကို့‌ကို ပြောစရာရှိလို့၊ အဲ့ မျက်မှန်လေ၊ ကိုကိုကတပ်ထားလိုက် မတပ်ထားလိုက်နဲ့ ကြာရင် မျက်လုံးတွေပျက်စီးသွားလိမ့်မယ်‌နော်၊ အဲ့တာကြောင့် မျက်မှန်ကို အမြဲတပ်ထားလေ"
အလယ်မှာချထားသည့် မျက်မှန်ကိုလက်ညှိုးလေး
တထိုးထိုးနဲ့ပြော‌နေသည့် ကောင်လေးက တစ်ခါတလေလူကြီးလေးလိုပဲ။ သူဒါတွေကို ဘယ်ကသိလာတာလဲဆိုတာ ကောင်းမသိချင်တော့။ အခုအချိန်လေးမှာ အကျိုးမရှိတဲ့ဟာတွေကို အချိန်ကုန်ခံပြီး မပြောချင်‌တော့ပေ။

"အင်းပါ တပ်ထားပါ့မယ်"
ကောင်းပြောရင်း မှန်လေးများကို အင်္ကျီဖြင့် ခပ်ဖွဖွပွတ်သုတ်နေမိသည်။

"ကတိနော် အမြဲတပ်ထားရမယ်နော် လုံး၀မချွတ်ရဘူး"

"အင်းပါကွာ မချွတ်ဘူးဟုတ်ပြီလား၊ ရေချိုးချိန်နဲ့အိပ်ချိန်ပဲချွတ်မယ်၊ ကျန်တဲ့အချိန်တွေဆို အမြဲတပ်ထားမယ် ဟုတ်ပြီလား"
ပြောပြီး မျက်မှန်ကို ချက်ချင်းကောက်တပ်ပစ်လိုက်သည်။ လူကြီးပေါက်စရဲ့ စကားကိုနားထောင်ကြောင်း သက်သေပြရမယ်လေ။

"ဟီး ဟုတ်ပြီ ကိုကို့ကိုကောင်းစေချင်လို့ပြောတာနော်"

"အေးပါ ဟုတ်ပါပြီ ငါလည်းဘာမှမပြောပါဘူး"
ပြောလိုက်တော့လည်း မျက်လွှာလေးချကာ ခပ်ဟဟရယ်ပြန်တယ်။ ဒီတစ်ခါတော့ ဟန်ဆောင်ခြင်းစင်စစ်ကင်းပါတယ်။

"ပြီးတော့ နောက်တစ်ခုက ကိုကိုညအိပ်တာ အရမ်းနောက်ကျတာ၊ ညဆိုအမြဲစာအုပ်ကြီးပဲ ထိုင်ဖတ်နေတာ၊ အဲ့တာကြောင့် မျက်မှန်အထူကြီးတပ်နေရလိမ့်မယ်‌နော်၊ အဲ့ဆိုရုပ်ဆိုးသွားလိမ့်မယ် သိရဲ့လား"
ကလေးတစ်ယောက်ဆူနေသလိုပြောနေသည့် ကောင်လေးကလူကြီးယောင်ဆောင်ထားတဲ့ ကလေးပေါက်စလေးပါလေ။ ရုပ်ဆိုးသွားမှာ စိုးရိမ်လို့ ညထိစာမဖတ်ရဘူးဆို ကောင်လေးပြောမှပဲသိတော့တယ်။ ကောင်းက ရုပ်ရည်ကိုမမက်မောဘူးဆိုတာ ကောင်လေးမသိလေရော့သလား။

"အေးပါကွာ မဖတ်တော့ဘူး စိတ်ချ၊ ညဆိုစောစောအိပ်မယ်"
ကောင်လေးရဲ့ စကားတိုင်းကိုကောင်းမငြင်းပါ။ အကုန်မြေ၀ယ်မကျနားထောင်ချင်တဲ့ စိတ်က ဘယ်ကတည်းကပေါက်ဖွားလာတာလဲလို့ မေးရင်မဖြေတတ်ပါ။ ကောင်း ကိုယ်တိုင်လည်း မသိပေ။ အဲ့လိုပြောရင် မေမေကထိုင်ငိုသွားမလားပဲ။ မေမေ့စကားကျဘာလို့ နားမထောင်တာလဲလို့မေးရင် မေမေကမေမေ ကောင်လေးကကောင်လေး မတူဘူးလို့ပဲ ကောင်းဖြေမိလိမ့်မည်။

"နောက်ပြီး..."

"ဟ မပြီးသေးဘူးလား မ‌င်းဟာကများလိုက်တာ"
ဒီနေ့မှ အမှာစကား‌တွေအများကြီးပြောနေတဲ့ ကောင်လေးကို ကောင်းဖြတ်ပြောလိုက်တော့..

‌တဟားဟားနဲ့အော်ရယ်ပြန်တယ်။ ဘာတွေရယ်စရာပါသွားလဲတော့ မသိပါ။ ရယ်လို့အားရလောက်တဲ့ အချိန်မှ..

"ပြီးပါပြီဗျ စိတ်ရှည်ပါဦး"

"မင်းဟာက မပြီးနိုင်မစီးနိုင်၊ မင်းကကြီးတာက ငါကကြီးတာလဲ မသဲကွဲတော့ဘူး"

"ဘာလဲ မပြောရဘူးလား အဲ့ဆိုလည်းရတယ်လေ မပြောတော့ဘူး"
သူကတစ်ဖန်ပြန်ကောက်နေတဲ့ ကောင်လေးနဲ့တော့ ပါးကိုဆွဲညစ်ပစ်ချင်လိုက်တာ လုပ်နေတဲ့ပုံစံကိုက အူယားစရာလေး ဆူပုတ်ပုတ်နဲ့။

"အေးပါကွာ ပြောပါပြောပါ နားထောင်နေပါတယ်၊ ကြိုက်သလောက်ကြိုက်သလိုပြောတော့ နားထောင်နေတယ် ဟုတ်ပြီလား"

"ကိုကိုပြောခိုင်းလို့ပြောတာနော် ပြီးမှအဆိုးမဆိုနဲ့"

ကောင်း မျက်စောင်းမသိမသာထိုးကာ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်တော့..

"ကိုကိုရေချိုးတာ အရမ်းကြာတယ် ပြီးရင်ရေချိုးခန်းထဲကထွက်လာတဲ့အခါတိုင်းလည်း နှုတ်ခမ်းတွေကပြာနှမ်းလို့၊ အ၀တ်အစားကိုလည်း ထူထူမ၀တ်ဘူး၊ ပါးပါးလေးတွေပဲ၀တ်တာ၊ ကြာရင်နေမကောင်းဖြစ်လိမ့်မယ်၊ သိရဲ့လား"
ကောင်လေးပြောလိုက်သည့် စကားကြောင့် ရင်ထဲသိမ့်ခနဲ။ ကောင်လေးက သူပြုလုပ်နေတဲ့ အရာတိုင်းကို မျက်ခြည်မပြတ် လိုက်ကြည့်နေခဲ့တာတဲ့လား ။ ပြီးတော့ သူကအကြီးလေးကို ကောင်းကိုဂရုစိုက်ဖို့ပြောနေသေးတာ။ မျက်ရည်ဝဲလောက်တဲ့ထိ ကောင်းရင်ထဲနွေးထွေးသွားသည်။ နောက်ဆုံးနှုတ်ဆက်စကားတွေက သူ့အတွက်စိတ်ပူလို့မှာသွားတဲ့ စကားတွေချည်းပဲတဲ့လား ကောင်လေးရာ..မင်းကိုဒဏ်ရာတွေကလွဲရင် ကျန်တာမပေးနိုင်တဲ့ ငါ့ကိုတောင်မင်းက ဒီလောက်စိတ်ပူနေခဲ့တာတဲ့လား။

"ဘာဖြစ်သွားတာလဲ ကိုကို ဘာလို့ငြိမ်သွားတာလဲ"

"ဟမ် အော် အင်း ဘာမှမဟုတ်ဘူး ကိုကိုသိတယ်၊ ‌
မင်းပြောသလိုပဲ မျက်မှန်ကိုလည်း အိပ်ချိန်နဲ့ ရေချိုးချိန်ကလွဲရင် အမြဲတပ်ထားမယ်၊ ညဆိုလည်းညည့်နက်တဲ့ထိ စာမဖတ်တော့ဘူး စောစောအိပ်ရာ၀င်မယ်၊ ‌ရေချိုးရင်လည်း အကြာကြီးမချိုးတော့ဘူး ဟုတ်ပြီလား"

"ဟုတ်ပြီ ဟုတ်ပြီ ဒါနဲ့လေ..."
ခပ်တွေတွေလေး ဖြစ်သွားတဲ့ကောင်လေးက တစ်ခုခုကိုစဉ်းစားနေဟန်။

"ဟမ် ဘာလဲ၊ ပြောစရာကျန်သေးရင်ပြောလေ"

"ကိုကို တစ်ခေါက်မေး‌ဖူးတဲ့ မေးခွန်းလေ ကျွန်တော်ဘာဖြစ်တာရှိလဲဆိုတဲ့ဟာ"

"အင်း ဟုတ်တယ်လေ တော်တော်တောင်ကြာပေါ့"
နောက်ဆုံးအနေနဲ့ သူလုပ်ချင်တာကို လုပ်ပေးလိုက်ချင်တဲ့ ဆန္ဒတစ်ခုကြောင့် မေးမိတဲ့မေးခွန်းကို မေးတုန်းကမဖြေဘဲ အခုမှဘာလို့ပြန်အစဖော်နေရတာလဲ ကောင်လေးရာ။ နှုတ်ဆက်ခြင်းကို ပိုသေချာသွားစေဖို့လား။

"အဲ့တာ ‌ကျွန်တော်အခုဖြေလို့ရသေးလား"
မဝံ့မရဲပြောလာသည့် ကောင်လေးကြောင့် ကောင်း လက်တွေကိုအဓိပ္ပာယ်မဲ့ ဆုပ်နယ်နေမိသည်။

"ကျွန်တော် တကယ်ဆို စာသင်ချင်တာ၊ ကလေးတွေကို စာသင်ပေးချင်တာ၊ ကိုကို့မွေးနေ့တုန်းကသွားခဲ့တဲ့ မိဘမဲ့ကျောင်းလေ၊ အဲ့မှာပြောနေတာကြားခဲ့တယ်၊ သူတို့ကျောင်းမှာ ကလေးတွေအကုန်လုံးကို ကျောင်းထားပေးနိုင်လောက်တဲ့ထိ ငွေမလုံလောက်ဘူးတဲ့၊ ပရဟိတအနေနဲ့လာသင်ပေးတဲ့ ဆရာတွေကလည်း အကြာကြီးမသင်ပေးနိုင်ဘူးတဲ့လေ၊ တစ်လနှစ်ယောက်လောက်ဆို သူတို့အလုပ်တွေနဲ့ရှုပ်ပြီး မလာနိုင်ကြတော့ဘူးတဲ့၊
အဲ့တာ ကိုကို ဖြစ်နိုင်ရင် သွားပြီးသင်ပေးလိုက်ပါလားဟင်၊ ကိုကိုကတော်ပြီးသားကို၊ ကိုကိုသာဆရာဖြစ်ရင် ကိုကိုသင်ပေးတဲ့တပည့်တွေ အကုန်လုံးထူးချွန်ကြမှာပဲ‌ လေနော်၊ ကျွန်တော်ကမဖြစ်နိုင်တော့လေ"
ကောင်း ဘယ်လိုပြန်ဖြေရမှန်းမသိ‌တော့ နောက်ဆုံးစကားက သူများအတွက်တဲ့လား။ ဘယ်လိုကောင်လေးလဲကွာ။ သူလုပ်ချင်သည့်အရာကို ကောင်းကိုလုပ်ခွင့်ပေးနေတာပဲလေ။ ကောင်းကဘာငြင်းစရာရှိဦးမှာလဲ။

"အင်း အဲ့တာဆို ကိုကို့ကိုစာသင်ပေးစေချင်တာပေါ့ ဟုတ်လား"

"အင်း အင်း ဟုတ်တယ်"
ခေါင်းကိုပြုတ်ထွက်မတတ်ငြိမ့်ပြတဲ့ ကောင်လေးကဘယ်လောက် စိတ်အားထက်သန်နေသလဲဆိုတာ ကောင်း မျက်၀န်းတွေကိုဖတ်ကြည့်ရင် အတတ်ပြောနိုင်တယ်။ ဖြစ်စေရမယ်၊ မင်းပြောသမျှ အကုန်ဖြစ်စေရမယ်။ ကိုယ်မင်းပြောသမျှကို အကုန်နားထောင်မယ်။

နှစ်ယောက်အတူတူရှိတဲ့ နောက်ဆုံးည။ ကောင်းကင်ကြီးက ဘာလို့ညို့မှိုင်းနေတာလဲ။ ကြယ်တွေကဘာလို့ ‌အရင်ကထက် မှုန်ဝါးနေရတာလဲ။ လမင်းကြီးက ဘာလို့ဝိုင်းစက်နေပေမဲ့ ငိုနေရတာလဲ။ ထိုနေ့ညကတောက်‌ပနေခဲ့တဲ့ တစ်ခုတည်းသောအရာက ကောင်လေးရဲ့ မျက်၀န်း‌ထောင့်ကမှည့်နက်လေးပဲ။

~~~~~~~~~~~~~~~~

To be continued...

Thank you all❤️

~~~~~~~~~~~~~~~~

Zawgyi

ေခါင္ရမ္းတစ္ပြင့္ မွသည္...

"မင္း အဆင္ေျပပါ့မလား"

"ရတယ္ အဆင္ေျပပါတယ္လို႔ဆို"
ရတယ္လို႔ အထပ္ထပ္အခါခါဆိုေနေပမဲ့ ကိုယ့္ေရွ႕မွာ သူလဲက်သြားရင္ ထိန္းကိုင္ခြင့္မေျပာႏွင့္ ထိေတြ႕‌ခြင့္ပင္ မရွိသည့္သူအတြက္ေတာ့ ရတယ္လို႔ေျပာေနတဲ့ စကားကိုအမွန္ဟုပင္ မခံယူ၀င့္ပါ။

အျပန္အလွန္ စကားတစ္ခြန္းမွ်မေျပာသည့္ လူႏွစ္ေယာက္ရဲ႕ရင္ထဲက ခံစားခ်က္ေတြကို ထိုလူႏွစ္ေယာက္ပဲ နားလည္ပါလိမ့္မည္။ ထိုႏွစ္ေယာက္ကလြဲရင္ ဘယ္သူမွနားလည္နိုင္မွာမဟုတ္ပါ။ ခပ္ျမန္ျမန္ေလွ်ာက္တတ္သည့္ ေရွ႕ကလူႀကီးသုံးေယာက္‌ကေတာ့ ေနာက္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႕။ ေကာင္းက ဘာေၾကာင့္အခုမွလမ္းေလွ်ာက္ေႏွးသြားတာလဲလို႔ ေမေမကေတာ့ သိခ်င္ေနမွာအမွန္ပင္။ ေဖေဖ့ကိုပင္ေမးေနမလားပဲ။ ေဖေဖဘယ္လိုေျပာထားလို႔ ေမေမဒီလိုၿငိမ္ေနတာလဲဆိုတာေတာ့ ေကာင္းလည္းေသခ်ာမသိ။ အခုခ်ိန္မွာ အဲ့တာေတြလည္း မေတြးခ်င္ပါ။

"ကဲ ၀င္လို႔လည္းမရဘဲနဲ႕ ဘာဆက္လုပ္ၾကမလဲေျပာ"
ဘုရား၀န္းထဲလုံး၀၀င္၍မရသည့္ ေကာင္ေလးကေတာ့ ဘာမွမထူးျခားသည့္ဟန္ ခပ္ၿပဳံးၿပဳံးရယ္။ အၿပဳံးကိုနားလည္ၿပီး အလြတ္ရေနသူအတြက္ေတာ့ ရင္နင့္ဖြယ္ရာ။

"ရပါတယ္ ၀င္မရလည္း ေရွ႕မွာထိုင္ေန႐ုံေပါ့၊ အေပါက္၀မွာထိုင္တာကလည္း ဘုရားေရာက္တယ္လို႔ ေျပာလို႔ရတယ္မလား၊ ကိုကိုလည္း ၀င္ခ်င္ရင္၀င္ေလ၊ ေရာက္တုန္းေလး ဘုရားကန္ေတာ့ေပါ့ဗ်ာ"
တံခါးေပါက္မႀကီးရဲ႕ေဘး အုတ္ခုံေလးမွာ ၀င္ထိုင္ရင္းေျပာလိုက္သည့္ စကားက သူ႕အတြက္ေတာ့ ေခ်ပစရာမရွိေပမဲ့လည္း..

"ေဟ့ မင္းငါ့ကိုဆရာလုပ္စရာမလိုပါဘူး၊ ေန႕တိုင္းဘုရားခန္းထဲသြားၿပီး သူ႕အတြက္ဆုေတာင္းေပးေနတာ ဘယ္ေကာင္လဲ"

"ဟား ဟား သိပါတယ္ဗ် ေျပာေနစရာမလိုပါဘူး"
ဘာေၾကာင့္ ဟန္ေဆာင္ၿပီးရယ္ေနရတာလဲ။ ေခ်ပစရာမလိုဘဲ စကားအမ်ားႀကီးေျပာကာ ေခ်ပေနသည့္သူကလည္း ဟန္ေဆာင္ေကာင္းလိုက္တာ။ ေကာင္း ေဘးနားေလးမွာ ၀င္ထိုင္လိုက္ရင္း ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ေတာ့ ၾကယ္မ်ားကသိပ္ကိုေတာက္ပေနသည္။ ဘာေၾကာင့္ ‌ေဝဝါးေနတာပါလိမ့္။ လမင္းႀကီးကလည္း ဝိုင္းစက္လို႔။ အဘယ့္ေၾကာင့္ ေကာင္ေလးရဲ႕ ညာဖက္မ်က္ေထာင့္နားမွာရွိတဲ့ မွည့္နက္ေလးက ပိုၿပီး ေတာက္ပ‌ေနရတာပါလိမ့္။

ေခ်ာင္းသာေရာက္သည့္ ညတုန္းကလည္း ဒီအတိုင္းပဲ‌ ေကာင္းကင္ႀကီးက သိပ္ကိုလွပခဲ့တာ။ အမွတ္တရအျဖစ္ ေကာင္ေလးေပ်ာက္ကြယ္သြားမလို ျဖစ္ခဲ့သည့္ညက ေကာင္း ေကာင္ေလးကိုေပြ႕ဖက္ခြင့္ရခဲ့သည္။

အခုေတာ့
ထိေတြ႕ခြင့္ပင္မရွိေတာ့...

ထိုေန႕ညက ေကာင္ေလးက ေပ်ာက္ကြယ္မလိုပဲ ျဖစ္ခဲ့တာ။
မနက္ျဖန္‌မွာေတာ့ အၿပီးတိုင္ထာ၀ရ ေပ်ာက္ကြယ္သြားေတာ့မွာ..

ေကာင္းရဲ႕ ေဝဝါးလာတဲ့ မ်က္လုံးေတြက သိပ္ကိုအားနည္းတာပဲ။ မ်က္မွန္ရဲ႕ အကာအကြယ္ျဖင့္ မ်က္ရည္မ်ားကို ၿမိဳသိပ္ေနတဲ့ ေယာက်ာ္းေလးတစ္ေယာက္က အဲ့သေလာက္ အငိုသန္တယ္တဲ့လား။ သူမ်ားေတြျမင္ရင္ေတာ့ ကဲ့ရဲ႕ၾကေတာ့မွာပဲ။ ျဖတ္သြားျဖတ္လာအနည္းငယ္သာရွိၿပီး လူသြားနည္းသည့္ လမ္းကတိတ္ဆိတ္မႈသာ ႀကီးစိုးေနခဲ့သည္။

"ကိုကို မ်က္လုံးထဲ အေကာင္၀င္လို႔လား"
ေကာင္းကင္မွာ ကပ္ၿငိေနသည့္ ေကာင္းရဲ႕ မ်က္လုံးမ်ားကို သူ႕ထံျပန္သယ္ေဆာင္လာေတာ့
ေျပာသူမ်က္၀န္းမ်ားကလည္း လက္ခနဲပဲ ျဖစ္သြားတာကို ဖမ္းမိလိုက္တယ္။

"ဟမ္ ေအာ္ အင္း ဟုတ္ ဟုတ္တယ္ မ်က္လုံးထဲအေကာင္၀င္သြားတာ"
မ်က္မွန္ကိုခြၽတ္ကာ မ်က္လုံးမ်ားကို ခပ္ၾကမ္းၾကမ္းဖိသုတ္လိုက္ေတာ့ ဘာလို႔ မသက္ဆိုင္သည့္ရင္ဘတ္က ေအာင့္လာရတာလဲ။

မ်က္ရည္မ်ားကို ခပ္ျမန္ျမန္သုတ္ပစ္လိုက္ရင္း..
"မင္းလည္း မ်က္လုံးထဲ အေကာင္၀င္လို႔ေနမယ္ေနာ္"

"အာ ဟားဟား ဘယ္လိုေျပာလိုက္တာလဲ ကြၽန္ေတာ္က ဘယ္လိုလို႔ျဖစ္နိုင္မွာလဲ ကိုကိုရ"

ဟန္ေဆာင္အရယ္ ဟန္ေဆာင္အၿပဳံး..
ဟန္ေဆာင္လုပ္ယူရတဲ့ဟာေတြက သိပ္ကိုမပင္ပန္းဘူးလားကြာ။

"မသိဘူးေလ ငါလည္း ငါ့လိုပဲထင္လို႔ေမးလိုက္တာကို"

"ဒါနဲ႕ကိုကို႔‌ကို ေျပာစရာရွိလို႔၊ အဲ့ မ်က္မွန္ေလ၊ ကိုကိုကတပ္ထားလိုက္ မတပ္ထားလိုက္နဲ႕ ၾကာရင္ မ်က္လုံးေတြပ်က္စီးသြားလိမ့္မယ္‌ေနာ္၊ အဲ့တာေၾကာင့္ မ်က္မွန္ကို အၿမဲတပ္ထားေလ"
အလယ္မွာခ်ထားသည့္ မ်က္မွန္ကိုလက္ညွိုးေလး
တထိုးထိုးနဲ႕ေျပာ‌ေနသည့္ ေကာင္ေလးက တစ္ခါတေလလူႀကီးေလးလိုပဲ။ သူဒါေတြကို ဘယ္ကသိလာတာလဲဆိုတာ ေကာင္းမသိခ်င္ေတာ့။ အခုအခ်ိန္ေလးမွာ အက်ိဳးမရွိတဲ့ဟာေတြကို အခ်ိန္ကုန္ခံၿပီး မေျပာခ်င္‌ေတာ့ေပ။

"အင္းပါ တပ္ထားပါ့မယ္"
ေကာင္းေျပာရင္း မွန္ေလးမ်ားကို အကၤ်ီျဖင့္ ခပ္ဖြဖြပြတ္သုတ္ေနမိသည္။

"ကတိေနာ္ အၿမဲတပ္ထားရမယ္ေနာ္ လုံး၀မခြၽတ္ရဘူး"

"အင္းပါကြာ မခြၽတ္ဘူးဟုတ္ၿပီလား၊ ေရခ်ိဳးခ်ိန္နဲ႕အိပ္ခ်ိန္ပဲခြၽတ္မယ္၊ က်န္တဲ့အခ်ိန္ေတြဆို အၿမဲတပ္ထားမယ္ ဟုတ္ၿပီလား"
ေျပာၿပီး မ်က္မွန္ကို ခ်က္ခ်င္းေကာက္တပ္ပစ္လိုက္သည္။ လူႀကီးေပါက္စရဲ႕ စကားကိုနားေထာင္ေၾကာင္း သက္ေသျပရမယ္ေလ။

"ဟီး ဟုတ္ၿပီ ကိုကို႔ကိုေကာင္းေစခ်င္လို႔ေျပာတာေနာ္"

"ေအးပါ ဟုတ္ပါၿပီ ငါလည္းဘာမွမေျပာပါဘူး"
ေျပာလိုက္ေတာ့လည္း မ်က္လႊာေလးခ်ကာ ခပ္ဟဟရယ္ျပန္တယ္။ ဒီတစ္ခါေတာ့ ဟန္ေဆာင္ျခင္းစင္စစ္ကင္းပါတယ္။

"ၿပီးေတာ့ ေနာက္တစ္ခုက ကိုကိုညအိပ္တာ အရမ္းေနာက္က်တာ၊ ညဆိုအၿမဲစာအုပ္ႀကီးပဲ ထိုင္ဖတ္ေနတာ၊ အဲ့တာေၾကာင့္ မ်က္မွန္အထူႀကီးတပ္ေနရလိမ့္မယ္‌ေနာ္၊ အဲ့ဆို႐ုပ္ဆိုးသြားလိမ့္မယ္ သိရဲ႕လား"
ကေလးတစ္ေယာက္ဆူေနသလိုေျပာေနသည့္ ေကာင္ေလးကလူႀကီးေယာင္ေဆာင္ထားတဲ့ ကေလးေပါက္စေလးပါေလ။ ႐ုပ္ဆိုးသြားမွာ စိုးရိမ္လို႔ ညထိစာမဖတ္ရဘူးဆို ေကာင္ေလးေျပာမွပဲသိေတာ့တယ္။ ေကာင္းက ႐ုပ္ရည္ကိုမမက္ေမာဘူးဆိုတာ ေကာင္ေလးမသိေလေရာ့သလား။

"ေအးပါကြာ မဖတ္ေတာ့ဘူး စိတ္ခ်၊ ညဆိုေစာေစာအိပ္မယ္"
ေကာင္ေလးရဲ႕ စကားတိုင္းကိုေကာင္းမျငင္းပါ။ အကုန္ေျမ၀ယ္မက်နားေထာင္ခ်င္တဲ့ စိတ္က ဘယ္ကတည္းကေပါက္ဖြားလာတာလဲလို႔ ေမးရင္မေျဖတတ္ပါ။ ေကာင္း ကိုယ္တိုင္လည္း မသိေပ။ အဲ့လိုေျပာရင္ ေမေမကထိုင္ငိုသြားမလားပဲ။ ေမေမ့စကားက်ဘာလို႔ နားမေထာင္တာလဲလို႔ေမးရင္ ေမေမကေမေမ ေကာင္ေလးကေကာင္ေလး မတူဘူးလို႔ပဲ ေကာင္းေျဖမိလိမ့္မည္။

"ေနာက္ၿပီး..."

"ဟ မၿပီးေသးဘူးလား မ‌င္းဟာကမ်ားလိုက္တာ"
ဒီေန႕မွ အမွာစကား‌ေတြအမ်ားႀကီးေျပာေနတဲ့ ေကာင္ေလးကို ေကာင္းျဖတ္ေျပာလိုက္ေတာ့..

‌တဟားဟားနဲ႕ေအာ္ရယ္ျပန္တယ္။ ဘာေတြရယ္စရာပါသြားလဲေတာ့ မသိပါ။ ရယ္လို႔အားရေလာက္တဲ့ အခ်ိန္မွ..

"ၿပီးပါၿပီဗ် စိတ္ရွည္ပါဦး"

"မင္းဟာက မၿပီးနိုင္မစီးနိုင္၊ မင္းကႀကီးတာက ငါကႀကီးတာလဲ မသဲကြဲေတာ့ဘူး"

"ဘာလဲ မေျပာရဘူးလား အဲ့ဆိုလည္းရတယ္ေလ မေျပာေတာ့ဘူး"
သူကတစ္ဖန္ျပန္ေကာက္ေနတဲ့ ေကာင္ေလးနဲ႕ေတာ့ ပါးကိုဆြဲညစ္ပစ္ခ်င္လိုက္တာ လုပ္ေနတဲ့ပုံစံကိုက အူယားစရာေလး ဆူပုတ္ပုတ္နဲ႕။

"ေအးပါကြာ ေျပာပါေျပာပါ နားေထာင္ေနပါတယ္၊ ႀကိဳက္သေလာက္ႀကိဳက္သလိုေျပာေတာ့ နားေထာင္ေနတယ္ ဟုတ္ၿပီလား"

"ကိုကိုေျပာခိုင္းလို႔ေျပာတာေနာ္ ၿပီးမွအဆိုးမဆိုနဲ႕"

ေကာင္း မ်က္ေစာင္းမသိမသာထိုးကာ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ျပလိုက္ေတာ့..

"ကိုကိုေရခ်ိဳးတာ အရမ္းၾကာတယ္ ၿပီးရင္ေရခ်ိဳးခန္းထဲကထြက္လာတဲ့အခါတိုင္းလည္း ႏႈတ္ခမ္းေတြကျပာႏွမ္းလို႔၊ အ၀တ္အစားကိုလည္း ထူထူမ၀တ္ဘူး၊ ပါးပါးေလးေတြပဲ၀တ္တာ၊ ၾကာရင္ေနမေကာင္းျဖစ္လိမ့္မယ္၊ သိရဲ႕လား"
ေကာင္ေလးေျပာလိုက္သည့္ စကားေၾကာင့္ ရင္ထဲသိမ့္ခနဲ။ ေကာင္ေလးက သူျပဳလုပ္ေနတဲ့ အရာတိုင္းကို မ်က္ျခည္မျပတ္ လိုက္ၾကည့္ေနခဲ့တာတဲ့လား ။ ၿပီးေတာ့ သူကအႀကီးေလးကို ေကာင္းကိုဂ႐ုစိုက္ဖို႔ေျပာေနေသးတာ။ မ်က္ရည္ဝဲေလာက္တဲ့ထိ ေကာင္းရင္ထဲေႏြးေထြးသြားသည္။ ေနာက္ဆုံးႏႈတ္ဆက္စကားေတြက သူ႕အတြက္စိတ္ပူလို႔မွာသြားတဲ့ စကားေတြခ်ည္းပဲတဲ့လား ေကာင္ေလးရာ..မင္းကိုဒဏ္ရာေတြကလြဲရင္ က်န္တာမေပးနိုင္တဲ့ ငါ့ကိုေတာင္မင္းက ဒီေလာက္စိတ္ပူေနခဲ့တာတဲ့လား။

"ဘာျဖစ္သြားတာလဲ ကိုကို ဘာလို႔ၿငိမ္သြားတာလဲ"

"ဟမ္ ေအာ္ အင္း ဘာမွမဟုတ္ဘူး ကိုကိုသိတယ္၊ ‌
မင္းေျပာသလိုပဲ မ်က္မွန္ကိုလည္း အိပ္ခ်ိန္နဲ႕ ေရခ်ိဳးခ်ိန္ကလြဲရင္ အၿမဲတပ္ထားမယ္၊ ညဆိုလည္းညည့္နက္တဲ့ထိ စာမဖတ္ေတာ့ဘူး ေစာေစာအိပ္ရာ၀င္မယ္၊ ‌ေရခ်ိဳးရင္လည္း အၾကာႀကီးမခ်ိဳးေတာ့ဘူး ဟုတ္ၿပီလား"

"ဟုတ္ၿပီ ဟုတ္ၿပီ ဒါနဲ႕ေလ..."
ခပ္ေတြေတြေလး ျဖစ္သြားတဲ့ေကာင္ေလးက တစ္ခုခုကိုစဥ္းစားေနဟန္။

"ဟမ္ ဘာလဲ၊ ေျပာစရာက်န္ေသးရင္ေျပာေလ"

"ကိုကို တစ္ေခါက္ေမး‌ဖူးတဲ့ ေမးခြန္းေလ ကြၽန္ေတာ္ဘာျဖစ္တာရွိလဲဆိုတဲ့ဟာ"

"အင္း ဟုတ္တယ္ေလ ေတာ္ေတာ္ေတာင္ၾကာေပါ့"
ေနာက္ဆုံးအေနနဲ႕ သူလုပ္ခ်င္တာကို လုပ္ေပးလိုက္ခ်င္တဲ့ ဆႏၵတစ္ခုေၾကာင့္ ေမးမိတဲ့ေမးခြန္းကို ေမးတုန္းကမေျဖဘဲ အခုမွဘာလို႔ျပန္အစေဖာ္ေနရတာလဲ ေကာင္ေလးရာ။ ႏႈတ္ဆက္ျခင္းကို ပိုေသခ်ာသြားေစဖို႔လား။

"အဲ့တာ ‌ကြၽန္ေတာ္အခုေျဖလို႔ရေသးလား"
မဝံ့မရဲေျပာလာသည့္ ေကာင္ေလးေၾကာင့္ ေကာင္း လက္ေတြကိုအဓိပၸာယ္မဲ့ ဆုပ္နယ္ေနမိသည္။

"ကြၽန္ေတာ္ တကယ္ဆို စာသင္ခ်င္တာ၊ ကေလးေတြကို စာသင္ေပးခ်င္တာ၊ ကိုကို႔ေမြးေန႕တုန္းကသြားခဲ့တဲ့ မိဘမဲ့ေက်ာင္းေလ၊ အဲ့မွာေျပာေနတာၾကားခဲ့တယ္၊ သူတို႔ေက်ာင္းမွာ ကေလးေတြအကုန္လုံးကို ေက်ာင္းထားေပးနိုင္ေလာက္တဲ့ထိ ေငြမလုံေလာက္ဘူးတဲ့၊ ပရဟိတအေနနဲ႕လာသင္ေပးတဲ့ ဆရာေတြကလည္း အၾကာႀကီးမသင္ေပးနိုင္ဘူးတဲ့ေလ၊ တစ္လႏွစ္ေယာက္ေလာက္ဆို သူတို႔အလုပ္ေတြနဲ႕ရႈပ္ၿပီး မလာနိုင္ၾကေတာ့ဘူးတဲ့၊
အဲ့တာ ကိုကို ျဖစ္နိုင္ရင္ သြားၿပီးသင္ေပးလိုက္ပါလားဟင္၊ ကိုကိုကေတာ္ၿပီးသားကို၊ ကိုကိုသာဆရာျဖစ္ရင္ ကိုကိုသင္ေပးတဲ့တပည့္ေတြ အကုန္လုံးထူးခြၽန္ၾကမွာပဲ‌ ေလေနာ္၊ ကြၽန္ေတာ္ကမျဖစ္နိုင္ေတာ့ေလ"
ေကာင္း ဘယ္လိုျပန္ေျဖရမွန္းမသိ‌ေတာ့ ေနာက္ဆုံးစကားက သူမ်ားအတြက္တဲ့လား။ ဘယ္လိုေကာင္ေလးလဲကြာ။ သူလုပ္ခ်င္သည့္အရာကို ေကာင္းကိုလုပ္ခြင့္ေပးေနတာပဲေလ။ ေကာင္းကဘာျငင္းစရာရွိဦးမွာလဲ။

"အင္း အဲ့တာဆို ကိုကို႔ကိုစာသင္ေပးေစခ်င္တာေပါ့ ဟုတ္လား"

"အင္း အင္း ဟုတ္တယ္"
ေခါင္းကိုျပဳတ္ထြက္မတတ္ၿငိမ့္ျပတဲ့ ေကာင္ေလးကဘယ္ေလာက္ စိတ္အားထက္သန္ေနသလဲဆိုတာ ေကာင္း မ်က္၀န္းေတြကိုဖတ္ၾကည့္ရင္ အတတ္ေျပာနိုင္တယ္။ ျဖစ္ေစရမယ္၊ မင္းေျပာသမွ် အကုန္ျဖစ္ေစရမယ္။ ကိုယ္မင္းေျပာသမွ်ကို အကုန္နားေထာင္မယ္။

ႏွစ္ေယာက္အတူတူရွိတဲ့ ေနာက္ဆုံးည။ ေကာင္းကင္ႀကီးက ဘာလို႔ညို႔မွိုင္းေနတာလဲ။ ၾကယ္ေတြကဘာလို႔ ‌အရင္ကထက္ မႈန္ဝါးေနရတာလဲ။ လမင္းႀကီးက ဘာလို႔ဝိုင္းစက္ေနေပမဲ့ ငိုေနရတာလဲ။ ထိုေန႕ညကေတာက္‌ပေနခဲ့တဲ့ တစ္ခုတည္းေသာအရာက ေကာင္ေလးရဲ႕ မ်က္၀န္း‌ေထာင့္ကမွည့္နက္ေလးပဲ။

~~~~~~~~~

To be continued...

Thank you all❤️

Continue Reading

You'll Also Like

285K 22.5K 24
UNICODE VERSION: "နေကြာပန်းလေးအတွက်တော့နေမင်းဟာကမ္ဘာတစ်ခုလိုကိုဖြစ်နေပေမဲ့... နေမင်းကြီးအတွက်တော့နေကြာပန်းလေးကနေကြာပန်းပေါင်းမြောက်များစွာထဲကနေကြာပန်...
2.1M 242K 188
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
787K 43.6K 101
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
262K 16.7K 40
အခ်စ္ကိုေပးဆပ္ျခင္းဟုသာ ခံယူထားေသာသူတို႔အေၾကာင္း အချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း Uni & ZG !!! My first OCBL Yuna Chen! Start date-M...