Uni
" အကို Jongin လမ်းမှာဂရုစိုက်နော် ပြီးတော့ ရွာကိုပြန်လာဖြစ်အောင် ပြန်လာခဲ့ ကျွန်တော်တို့စောင့်နေတယ်ဗျ "
" ဟုတ်တယ် အကို ကျွန်တော်တို့မျှောနေတယ်ဆိုတာ မမေ့နဲ့နော် "
KS နဲ့ Chen ရဲ့နှုတ်ဆက်စကားသံတွေက Kai ရင်ထဲကိုဆူးခနဲ။ ဒီရွာမှာ ဒီကောင်လေးတွေနဲ့အမှတ်တရတွေများခဲ့တယ်မလား။ Chan Sehun Xui တို့ကတော့နှုတ်ဆိတ်လျက်...သူတို့သူငယ်ချင်းလေးယောက်က စကားပြောစရာမလိုဘဲ မျက်လုံးတွေကြည့်ရုံနဲ့ဘာပြောချင်မှန်းသူနားလည်ပါသည်။ အစက Sehun ပါ လိုက်မယ်ဆိုပေမဲ့ နောက်ရက်မှလိုက်လာမယ်ဆိုတာကြောင့် အခုခရီးလမ်းက သူတစ်ယောက်ထဲသာ ။
" ဘာလို့လာမခေါ်သေးတာလဲ ဗိုက်ဆာနေပြီကွ "
" အေးလေကွာ "
" အဲ့လောက်နှင်လွှတ်မနေနဲ့ ေ-ွးကောင်တွေရဲ့ သွားမှာမပူနဲ့ "
" နှင်လွှတ်တာမဟုတ်ဘူး မောင်းထုတ်တာ "
" တယ် ဒီကောင်လေးတော့ "
Chan နဲ့ Sehun က ပွစိပွစိပြောနေတာကြောင့် Kai ကပြန်ပြောတော့ KS ဆီက စနောက်တဲ့စကားလုံးတွေထွက်လာတော့ Kai ကလည်းပြန်စသည်။
" ချောတယ်မလား "
" ဟွင့် ရေညိှရုပ်နဲ့ "
" အကိုကသာ ချောကလက်ရုပ် "
" ချောကလက်နဲ့ရေညှိ ဘယ်ဟာက တန်ကြေးကြီးလည်း ကောင်လေး ကိုယ့်နေရာကို သိစမ်းပါ အမွှေစိန်ရာ "
" Kim Jongin !! "
" ပြော အရိုင်းတုန်းလေး "
" လွန်နေပြီနော် "
" ဟား ဟား ဟား Chan က မင်းဟာလေးကတကယ့်ပေါက်စလေး "
" ဟွင့် တော်ပြီ အကိုနဲ့ စကားမပြောဘူး "
" ဟား ဟား ဟား "
KS နဲ့ Kai စကားအခြေအတင်ပြောကာရယ်နေကြပေမဲ့ အကုန်လုံးရဲ့အပြုံးက အသက်မဝင်။ ဘာပဲပြောပြော သံယောဇဥ်တွေရှိခဲ့ကြတယ်မလား။ ကားရောက်လာတော့ ပြုံးနေတဲ့ မျက်နှာလေးတွေက ပျက်သွားသယောင်။ အတက်နိုင်ဆုံးပြုံးနေကြပေမဲ့ အပြုံးတွေပီပြင်နေလားဆိုတာ ကာယံကရှင်တွေကလွဲပြီးမသိနိုင်။ ရွာသားတွေကို တွေက ရွာထိပ်ကနေပဲနှုတ်ဆက်ကြသည်။ ကားဆီကိုတော့မလာကြ။ ဘယ်လိုပဲပြောပြော ကျောင်းသားလေးတွေတောင် ခင်မင်နေတယ်ဆိုတာ လူကြီးတွေဆိုပြောစရာတောင်မလို။ Kai ရဲ့တောင်းဆိုမှုကြောင့် လိုက်ပို့ချင်ပေမဲ့ နေခဲ့ကြသည်။ Kai နားမှာ Chan တို့ 6 ယောက်သာရှိသည်။ Luhan က သူ့လက်ထဲက ကြာပန်းလေးကိုပေးရင်း
" ကြာပန်လေးတွေက အကိုပြောသလို မဖြူစင်ပေမဲ့ အပြစ်ကင်းတယ် မသန့်ရှင်းပေမဲ့ စင်ကြယ်ပါတယ် အကို ။ ကြာပန်းလေးတွေက ရေရှိမှတင့်တယ်တာပါ အကို ရေမရှိရင် အသက်မရှင်နိုင်တဲ့ ကြာပန်းလေးတွေက သနားဖို့ကောင်းပါတယ် အကို ။ "
" ...... "
" ဂရုစိုက်ပါအကို နောက်တစ်ခေါက် ညီမတို့ရွာကိုပြန်လာမယ်လို့ယုံကြည်ပါတယ် အကို "
" ဟုတ်ပါပြီ ပြန်လာပါ့မယ် ပန်းအတွက်ကျေးဇူး ။ ငါသွားပြီ ဟျောင့်တွေ ။ Sehun မင်းလာရင် ငါနဲ့တွေ့မှာမဟုတ်လို့ ငါ့ သူငယ်ချင်းတွေကိုပြောထားတယ် သူတို့ကူညီလိမ့်မယ် ငါသွားပြီ လိမ်လိမ်မာမာနေကြကလေးပေါက်စတွေ "
Kai luhan ပေးတဲ့ ကြာပန်းလေးကိုယူပြီးနှုတ်ဆက်စကားပြောကာ ကားပေါ်တက်လိုက်သည်။ သူအဆင်မပြေပေမဲ့ သူ့သူငယ်ချင်းတွေအတွက် ပြုံးထားရအုံးမယ်မလား ။ နောက်ဆုံးအချိန်ထိ မျှော်နေတဲ့ကောင်လေးရဲ့အရိပ်ရောင်တောင်မတွေ့ရ။ နှုတ်ဆက်တယ် ကောင်လေး ကိုယ်မင်းကိုပြန်တွေ့နိုင်ပါစေလို့ဆုတောင်းနေမယ်။ ထွက်ခွါသွားတဲ့ကားလေးကိုကြည့်ရင်း ဘယ်သူမှမျက်နှာမလွှဲမိကြ။ lu ကတော့မျက်ရည်တွေဝဲနေလျက် ငိုချင်တာကို ချုပ်တီးထားပုံရသည်။ သူတစ်ယောက်သာလျှင် Baek နဲ့ Kai ရဲ့ပြဿနာကိုအစအဆုံးသိထားသူ။ မြင်ကွင်းထဲပျောက်သွားတဲ့ကားလေးကိုကြည့်ရင်း မျက်ဝန်းထဲမှာပြည့်အိုင်နေတဲ့ မျက်ရည်တွေလျှံကြလာသည်။ ဘယ်သူ့ကိုသနားလို့သနားရမှန်းမသိအောင် နှစ်ယောက်လုံးက သနားဖို့အရမ်းကောင်းနေသည်။
" lulu မငိုပါနဲ့တော့ဟာ နမိတ်မကောင်းအောင် "
Chen က ပြောလာတော့
" ငါ ငါ အရမ်းသနားလွန်းလို့ပါဟာ "
" အေးပါဟာ နင်ငိုလို့ဝမှပြန်ကြတာပေါ့ "
KS ကပြောလာသည်။
" ကျေးဇူးပဲ "
Luhan ငိုရင်ချော့မရ အကြာကြီးငိုတာကြောင့် Chan တို့ကို KS ပြန်ဖို့ပြောလိုက်သည်။
" အကိုတို့ပြန်နှင့်လေ ကျွန်တော်တို့ နောက်က လိုက်ခဲ့မယ် "
" ဟုတ်ပြီ ပေါက်စ ကိုယ်တို့လည်းကျောင်းသွားရအုံးမယ်ဆိုတော့ သွားနှင့်မယ် lulu ကို အိမ်ပြန်ပို့ပြီးမှ အိမ်ပြန်ကြနော် "
" ဟုတ် ကိုကို "
" အဲ့တာဆို အကိုတို့သွားပြီ "
Chan တို့ထွက်သွားမှ lu က ပိုငိုတော့သည်။ Chan တို့အလုပ်မရှိပေမဲ့ ကလေးတွေရဲ့မျက်နှာကိုကြည့်ပြီးလဘာဖြစ်ချင်နေလဲ သိတာကြောင့်ထားခဲ့လိုက်ကြသည်။ ပြီးတော့ Baek ကို မတွေ့ကတည်းက အခြေအနေက တိမ်ထူထပ်နေသယောင်။ အခုလိုထားခဲ့တာက သူတို့ပိုလွတ်လပ်လိမ့်မည်။ Chan တို့ဝေးဝေးရောက်သွားတော့
" lu Baek ဘယ်မှာလဲ "
" ...... "
" မေးနေတယ် Baek ဘယ်မှာလဲလို့ "
" မ..သိ...ဘူး "
" အဲ့တာဆို ကြာပန်းက ဘယ်ကရလာတာလဲ "
" အိမ်ရှေ့ အင့် မှာ ဟင့် စာ နဲ့ အွတ် ရောက်နေတာ "
" ဘာဖြစ်တာလဲ နင်သိတယ်မလား "
" ... "
" lulu !! "
" KS စိတ်ထိန်းစမ်းပါကွာ "
ငိုနေတဲ့ lulu ကဘယ်လိုမှမေးမရ။ Baek ကို မနေ့က ညနေကတည်းက မတွေ့တော့တာပင်။ KS ရော Chen ရော အရမ်းသိချင်နေသည်။ပြိုတော့မဲ့ မိုးလိုအုံ့မှိုင်းနေတဲ့ အကိုjonginရဲ့မျက်နှာကိုကြည့်ပြီး Baek နဲ့တစ်ခုခုဖြစ်လာမှန်းသိသည်။ အကြောင်ရင်းကို မသိတာကြောင့် သူတို့ Baek ကို အရမ်းစိတ်ပူနေသည်။ ရယ်စရာပြောပေမဲ့ ရယ်စရာဟာသတွေတောင် အဆွေးစကားလုံးအဖြစ်ပြောင်းလဲသွားတာအကုန်လုံးသိနေကြသည်။ ကိုကို တို့ KS တို့ကို တမင်ရှောင်ပေးသွားတာ အသိသာကြီး။ KS နဲ့ Chen lulu အနားမှာမတ်တက်ရပ်နေကြပေမဲ့ စိတ်အစုံက Baek သွားတက်တဲ့ နေရာတွေကို စာရင်းခွဲနေကြသည်။ Lulu ကို အိမ်ပြန်လိုက်ပို့ပြီးတာနဲ့ Baek ကို ရှာဖို့လုပ်ရမည်။ တစ်နေရာမှာသွားငိုနေမဲ့ Baek ကို သူတို့ရှာရမည်။ နောက်တော့ lulu အငိုတိတ်သွားသည်။ အိမ်ပြန်လိုက်ပို့ဖို့လုပ်တော့ အိမ်ပြန်လိုက်ပို့ရင် အိမ်ကနေတစ်ယောက်ထဲခိုးထွက်မယ်ပြောတာကြောင့် Baek ကို ရှာဖို့ခေါ်ခဲ့ရသည်။ ရှာတွေ့ဖို့မျှော်လင့်ရင်း ရွာထဲသို့ပြန်ဝင်သွားကြသည်။
Kai ရွာကိုတစ်ချက်လှမ်းကြည့်ရင်း သူပြောတဲ့အတိုင်းလာမနှုတ်ဆက်ခဲ့တဲ့ကောင်လေးကို အရမ်းလွမ်းပါသည်။ အပိုပြောတယ်ထင်နိုင်ပေမဲ့ မျက်နှာလေးကိုတော့မြင်ချင်ပါသေးသည်။ လက်ထဲက ကြာပန်းလေးကို တစ်ချက်ကြည့်ရင်း သူငုံ့နမ်းမိပါသည်။ သူ့ဘေးက ရဲသားလေးက သူ့ကို အံ့သြစွာကြည့်လာသည်။ သူတို့တစ်ရုံလုံးက Kai ကြာပန်းကို မကြိုက်မှန်းသိကြသည်။ Kai ငုံ့နမ်းလိုက်တာကိုကြည့်ပြီး ရဲသားလေးမှာ ပါးစပ်ပင်ပြန်မပိတ်နိုင်။
*ညီ သိလား အကိုရဲ့တပည့်တောင် အကို့ကို အံ့သြပြီကြည့်နေတယ် ။ အကိုမကြိုက်တဲ့ပန်းကို ညီကြောင့် နမ်းမိပြီ ညီ။ကိုယ်ကြာပန်းကိုမုန်းပေမဲ့ ညီ ကိုယ်တိုင်ခူးပေးတဲ့ကြာပန်းလေးကို ကိုမမုန်းရက်ဘူးညီ။ အကိုပြန်လာနိုင်တဲ့တစ်နေ့ကျရင် ညီသနားတဲ့ကြာပန်းလေးတွေကို ကိုမမုန်းမိအောင်ကြိုးစားခဲ့မယ် ညီ။ *
Kai ကားကူရှင်ကို မှီလိုက်ပြီး မျက်ဝန်းတွေကို မှိတ်လိုက်သည်။ မျက်ဝန်းထောင့်ကနေ စီးကျလာတဲ့ မျက်ရည်တစ်ချို့။ လက်ထဲကကြာပန်းလေးသည်လည်း ရင်ခွင်ထဲမှာထောင်နေလျက်.............
🌷🌷🌷
* အကို က နှုတ်ဆက်ဖို့အားမရှိပေမဲ့ ကျွန်တော်က နှုတ်ဆက်ဖို့သတ္တိမရှိဘူးအကို ။ အကို မုန်းတဲ့ကြာပန်းလေးကို ကျွန်တော်မုန်းဖို့သတ္တိမရှိဘူး အကို ။ အပြစ်မရှိတဲ့ကြာကို မမုန်းရက်ဘူးဆိုရင် ပိုမှန်မလား ။ အကို ပြန်လာတဲ့နေကျရင် အကို ကျွန်တော့်ကိုနားလည်ပေးဖို့မျှော်လင့်မိတယ်အကို *
ဘေးကနေဖြတ်မောင်းသွားတဲ့ကာလေးကိုကြည့်ရင်းပြောနေမိသည်။ တဖြေးဖြေးဝေးသွားတဲ့ကားလေးနဲ့အတူ Baek မျက်လုံးတွေလဲ ဝေဝါးလာခဲ့သည်။ ကျလုဆဲဆဲမျက်ရည်တွေကလည်း အတားအဆီးမရှိကျလာခဲ့သည်။ လက်ထဲကကြာပန်းလေးသည်လည်း တစ်စစီကြေမွကာပြန်ကြဲသွားသည်။ထို့အတူ နှလုံးသားတစ်စုံသည်လည်း...........
*အကိုပြန်လာမယ်လို့ ညီယုံတယ်အကို ကျွန်တော်စောင့်နေမယ်အကို.............*
T.B.C.
အပိုင်းတွေက အရမ်းရှည်မယ်မထင်ထားပါဘူး။ မနက်ဖြန်လည်း 3 ပိုင်း ထပ်UPပေးမယ်။ ဇာတ်ကတော့သိမ်းလောက်သေးဘူး။ အဲ့လောက်ရှည်မယ်မှန်းမသိဘူး😅။ ဒါနဲ့ ကျွန်တော် ငိုနေတယ်ဗျ ။ Baek လေးကိုသနားလို့.....
Zawgyi
" အေးလေကွာ "
" တယ် ဒီကောင်လေးတော့ "
" ချောတယ်မလား "
" ဟွင့် ရေညှိရုပ်နဲ့ "
" အကိုကသာ ချောကလက်ရုပ် "
" Kim Jongin !! "
" ပြော အရိုင်းတုန်းလေး "
" လွန်နေပြီနော် "
" ဟား ဟား ဟား "
" ...... "
Chen က ပြောလာတော့
KS ကပြောလာသည်။
" ကျေးဇူးပဲ "
" ဟုတ် ကိုကို "
" lu Baek ဘယ်မှာလဲ "
" ...... "
" မ..သိ...ဘူး "
" ... "
" lulu !! "
🌷🌷🌷
T.B.C.