Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 37

6.3K 654 49
By Kirara-16

ေကာင္းမြန္တဲ့ အမွတ္တရအခ်ိဳ႕ကို ခ်န္ထားႏိုင္ဖို႔
ႀကိဳးပမ္းတဲ့အခါ အနီးအနားက ဒီလူသားရဲ႕ အျပံဳးလွလွ
ေလးေတြက အဓိကပါဝင္တယ္။

ေအးခ်မ္းျခင္းဆိုတာကို အစ္ကို႔ရဲ႕ အျပံဳးေတြလို႔
ရိေပၚက အဓိပၸါယ္ဖြင့္ဆိုတယ္။

ရိေပၚရဲ႕ ပူဆာမႈေၾကာင့္ အစ္ကိုပါ မေနႏိုင္မထိုင္ႏိုင္
ျဖစ္ၿပီး အတူေရာက္လာခဲ့ၾကတာက အရင္တစ္ခါ
လာဖူးတဲ့ Churchေက်ာင္းေလးကို။

အခ်ိန္ေတြ ၾကာသြားတာေတာင္ ဘာမွေျပာင္းလဲမသြားတဲ့ Churchေက်ာင္းေလးဟာ အရင္လို ​ေအးခ်မ္း
ေနတုန္းပဲ။ တိုးေဝွ့လာတဲ့ ​ေလျပည္ေလးေတြက သင္းပ်ံ့တဲ့ ပန္းရနံ႔တစ္မ်ိဳးကို သယ္ေဆာင္လာတယ္။
ေသခ်ာပါတယ္။ဒါကပန္းခင္းထဲကTulipပန္းနံ႔။

ထံုးစံအတိုင္း အစ္ကိုက စစ္စတာေတြနဲ႔ စကားေျပာေန
တုန္း ရိေပၚကေတာ့ Churchအေနာက္ဝင္းထဲက ပန္း
ျခံဆီကို ဦးတည္လိုက္သည္။ ျခံထဲကိုေရာက္ေရာက္ခ်င္း ျမင္လိုက္ရတာကေတာ့ ကစားေနတဲ့ကေလးေတြ။
ဒါလည္း အရင္ကအတိုင္း မေျပာင္းမလဲပါလား။

ေဆာ့ကစားေနတဲ့ ကေလးေတြထဲက ကေလးမေလး
တစ္ေယာက္က ရိေပၚကို ျမင္ေတာ့ အေျပးေလးလာ
ဖက္သည္။ ဒီကေလးမေလးကို ရိေပၚမွတ္မိတာေပါ့။
Lizzy...သူပထမတစ္ခါလာတုန္းက သူ႔ကို
Daisyပန္းအျဖဴေလး လာေပးတဲ့ ​ေကာင္မေလး။
တစ္ႏွစ္ေက်ာ္ေက်ာ္ ၾကာသြားတာေတာင္ မွတ္မိေနခဲ့
တာလား။

"I miss you"

"I miss you too"

ခနတာ တြယ္ၿငိတဲ့ သံေယာဇဥ္ေတြကေတာင္
ဒီေလာက္ခိုင္မာေနခဲ့ရင္ အစ္ကို သူ႔အေပၚထားတဲ့
သံေယာဇဥ္ကေရာ ဘယ္ေလာက္ ခိုင္မာေနလိုက္မလဲ။

မျပတ္ႏိုင္မယ့္ႀကိဳးမွန္း သိရက္နဲ႔
ျဖတ္ေတာက္ဖို႔ ႀကိဳးစားရင္း နာက်င္ေစမိတယ္။
မခ်ည္ေႏွာင္ခဲ့သင့္တာပါ....
အရာအားလံုးက ကြၽန္ေတာ္က အစျပဳလို႔ မွားယြင္းခဲ့တာ။
________________________________

ရိေပၚ Lizzyနဲ႔ ခဏကစားေပးၿပီး ျပန္လာေတာ့
အစ္ကိုက ခံုတန္းေလးမွာ ထိုင္ၿပီး ရိေပၚကို ​ေစာင့္ေနပံုရတယ္။ အစ္ကို႔ေဘးမွာ ဝင္ထိုင္လိုက္ေတာ့ ရိေပၚရဲ႕
ကိုယ္သင္းနံ႔ကို မွတ္မိေနၿပီးသား အစ္ကိုက ခပ္ဖြဖြ
ျပံဳးတယ္။

ခင္ဗ်ားျပံဳးရင္ သိပ္လွတာမို႔
ကြၽန္ေတာ္ မ႐ွိေတာ့မယ့္ အနာဂတ္မွာလည္း
အခုလိုပဲျပံဳးေနပါ....

"ကြၽန္ေတာ္ထြက္သြားတုန္းကေရာ ဒီကိုလာျဖစ္
ေသးလား"

"ဟင့္အင္း"

"ဘာလို႔လဲ"

"အသည္းကြဲေနလို႔"

အစ္ကို႔ရဲ႕ အေျဖေၾကာင့္ ရိေပၚ စိတ္မထိန္းႏိုင္ဘဲ
အသံထြက္ၿပီး ရယ္မိလိုက္ေတာ့ မေက်မနပ္ျဖစ္သြားပံု
ရတဲ့ အစ္ကိုက ႏႈတ္ခမ္းေလး စူထြက္လာတယ္။

"ရယ္စရာပါလို႔လား။ မင္းပဲငါ့ကိုအသည္းခြဲသြားၿပီး
ေတာ့.."

ဆက္ရယ္ေနရင္ အႀကီးအက်ယ္ စိတ္ဆိုးေတာ့မွာကို
ႀကိဳသိေနလို႔ ရိေပၚကပဲ စကားလမ္းေၾကာင္း လႊဲရေတာ့တယ္။

"Lizzyကိုအစ္ကိုမွတ္မိလား"

"အင္း"

"အဲ့ဒီကေလးမေလးကခ်စ္စရာေလးေနာ္"

"မင္းကေမြးစားခ်င္လို႔လား"

"ေမြးစားမယ္...။ ကြၽန္ေတာ့လိုလူကလား...။ အစ္ကို
ကေတာ့ ​ေနာက္ေနျပန္ၿပီ။ လပိုင္းေလာက္ပဲ အသက္႐ွင္ခြင့္ရမလားေတာင္ မေသခ်ာတဲ့သူက ကေလး
တစ္ေယာက္ကို ဘယ္လိုျပဳစုေစာင့္ေ႐ွာက္ရမလဲ"

"မင္းမ႐ွိေတာ့တဲ့အခါက်ရင္...ငါက..ေစာင့္ေ႐ွာက္
ေပးမယ္ဆိုရင္ေရာ"

"......."

"ကိုယ္တို႔ လက္ထပ္ရေအာင္"

အစ္ကို႔စကားေၾကာင့္ ရိေပၚ တကယ္ပင္ အံ့အားသင့္
သြားမိသည္။
အစ္ကိုက အခု ရိေပၚကို လက္ထပ္ခြင့္ေတာင္းေနတာလား။

"အစ္ကို...လက္ထပ္ရေအာင္လို႔ေျပာလိုက္တာလား"

"အင္း။ကိုယ့္ကိုလက္ထပ္ပါ ေကာင္ေလး"

လက္ထပ္ပါတဲ့လား အစ္ကိုရယ္။ ခ်စ္ရသူက
အျမတ္တႏိုးနဲ႔ လက္ထပ္ခြင့္ေတာင္းတာကို ကြၽန္ေတာ္က ဘယ္လိုႏွလံုးသားမ်ိဳးနဲ႔ ျငင္းႏိုင္မွာလဲ။

ဒါေပမယ့္ေလ...
ဒီ့ထပ္ပိုၿပီးခ်ည္ေႏွာင္မိရင္ ႐ုန္းမရမွာကိုစိုးမိတယ္ အစ္ကို....
ကြၽန္ေတာ္ဆိုတဲ့ ​ေလွာင္အိမ္ထဲမွာ အစ္ကို
ထာဝရပိတ္ေလွာင္သြားမွာကို က်ြန္ေတာ္ စိုးရိမ္မိတယ္

"ေကာင္ေလး....ကိုယ္ေမးတာေျဖဦးေလ"

႐ိုး႐ွင္းတဲ့ ​ေမးခြန္းေလးေပမယ့္ ကြၽန္ေတာ့မွာ ျပန္ေျဖ
စရာ အေျဖမ႐ွိဘူး အစ္ကို။ အစ္ကို႔ ​ေမ်ွာ္လင့္ခ်က္
ေတြကို ႐ိုက္ခ်ိဳးပစ္ႏိုင္ေလာက္ေအာင္လည္း ကြၽန္ေတာ္
အသည္းမမာဘူး။

"ေကာင္းၿပီေလ။လက္ထပ္ၾကတာေပါ့"

ျငင္းမယ္လို႔ အတိအက် တြက္ထားတာ မဟုတ္ေပမယ့္
အခုလို လြယ္လြယ္ကူကူ လက္ခံလိမ့္မယ္လို႔ ​ေ႐ွာင္းက်န္႔ ထင္မထားမိတာအမွန္။ ​ေနာက္ဆံုးေတာ့...သူခ်စ္ရ
တဲ့သူကို ပိုင္ဆိုင္ခြင့္ရေတာ့မယ္။ ခနေလးဆိုရင္ေတာင္ အနည္းဆံုးေတာ့ ပိုင္ဆိုင္ခြင့္ရခဲ့တာပဲ ဆိုတဲ့ အသိ
ေလးနဲ႔တင္ ​ေက်နပ္ရပါတယ္။

"ေကာင္ေလး တကယ္ေျပာတာလား"

"အင္း။ကြၽန္ေတာ္တို႔လက္ထပ္ၾကမယ္။ဒီChurch
ေက်ာင္းေလးမွာပဲ"

"အင္း"

"အဲ့ဒီေန႔က်ရင္ ခန္းမတစ္ခုလံုးကို ႏွင္းဆီပန္းအျဖဴ ေရာင္ေတြနဲ႔ အလွဆင္မယ္။ ကြၽန္ေတာ္အႀကိဳက္ဆံုး
အေရာင္ျဖစ္တဲ့ အစိမ္းေရာင္လည္း နည္းနည္းထည့္မယ္။ ျပီးေတာ့ Lizzyကိုပန္းၾကဲခိုင္းရမယ္"

"အင္း"

"မဂၤလာေဆာင္ရင္ အျဖဴဝတ္တာ အသင့္ေတာ္ဆံုး
ဆိုေပမယ့္ အစ္ကိုကေတာ့ အျပာေရာင္ေလးဝတ္။
ကြၽန္ေတာ္နဲ႔ အစ္ကိုစေတြ႔တုန္းက အျပာေရာင္ေလး
ဝတ္ထားတဲ့ အစ္ကိုက သိပ္လွတာ"

"အင္း"

"ဝမ္က်ိဳးခ်န္ကိုလည္း ​ေသခ်ာေပါက္ ဖိတ္ရမယ္။
မဂၤလာအခ်ိန္က်လာတဲ့အခါ ဝမ္က်ိဳးခ်န္ရဲ႕ လက္ကိုတြဲၿပီး ခန္းမထဲကို ပန္းၾကဲထားတဲ့ လမ္းကေန
တစ္လွမ္းခ်င္းေလ်ွာက္လာမယ့္ အစ္ကို႔ကို ကြၽန္ေတာ္က တေမ့တေမာ ​ေငးၾကည့္ေနမယ္။ အစ္ကို႔လက္
ကို ကြၽန္ေတာ့လက္ထဲ ထည့္ေပးလိုက္ရတဲ့အခ်ိန္မွာ
ဝမ္က်ိဳးခ်န္ရဲ့ မ်က္နွာကေတာ့ ​ေသခ်ာေပါက္ စူပုပ္ေနမွာပဲ။ သူက အစ္ကို႔ကို အရမ္းသံေယာဇဥ္႐ွိတာေလ။
ကြၽန္ေတာ့ကို မ်က္ေစာင္းေတြ ထိုးေနေလာက္တယ္"

"အင္း"

"ကြၽန္ေတာ္က အစ္ကို႔မ်က္ႏွာေလးကို ​ေငးၿပီးကတိ
သစၥာက်ိန္ဆိုတဲ့အခါ အစ္ကိုက အေပ်ာ္လြန္ၿပီး မ်က္ရည္ဝိုင္းေနမယ္ ထင္တယ္။ အစ္ကိုက အငိုသန္ေလးမို႔ေလ"

"ဝမ္ရိေပၚ!!"

"က်မ္းက်ိန္ဆိုၿပီးလို႔ မဂၤလာအထေျမာက္တဲ့အခါ
ကြၽန္ေတာ္က အစ္ကို႔ႏွဖူးကို အျမတ္တႏိုးနဲ႔ ခပ္ဖြဖြ အနမ္းတစ္ပြင့္ေႁခြမယ္။ အစ္ကို႔ႏႈတ္ခမ္းေလးေတြကေတာ့
ျပံဳးေယာင္သမ္းေနမွာေပါ့"

"......"

"လက္ထပ္ၿပီးရင္ အစ္ကို႔အိမ္မွာပဲ အတူတူေနၾကမယ္။ ​ေန႔တိုင္း ဘာအလုပ္မွမလုပ္ဘဲ အစ္ကို႔အနားမွာပဲ ကပ္ၿပီးခြၽဲေနမွာမို႔ စိတ္ကုန္မသြားရဘူးေနာ္။
ႏွစ္ေယာက္တည္းေနရတာ လြတ္လပ္တယ္ ဆိုေပမယ့္ အျမဲတမ္းေတာ့ ႏွစ္ေယာက္တည္းမေနဘူး။
သားသမီးမ႐ွိတဲ့ အိမ္ေထာင္ေရးက ဆားမပါတဲ့ဟင္းလိုပဲတဲ့။ အဲ့တာေၾကာင့္ အစ္ကိုနဲ႔တူတဲ့ ကေလးေလး
တစ္ေယာက္ေလာက္ ​ေမြးစားမယ္။ Lizzyကိုေမြးစားလည္းရတာပဲ။ ကြၽန္ေတာ္နဲ႔ေတာ့ မတူရဘူး။
ကြၽန္ေတာ္နဲ့တူရင္ အရမ္းဆိုးမွာ။ အစ္ကိုထိန္းရခက္
လိမ့္မယ္"

"......"

"အားလပ္ရက္ေတြမွာ မိသားစုစံုစံုလင္လင္ ခရီးေတြ
ထြက္ၾကမယ္။ ​ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အခ်ိန္ေတြအၾကာႀကီး အတူတူျဖတ္သန္းၾကမယ္၊ ကြၽန္ေတာ္တို္႔ အရိပ္
တၾကည့္ၾကည့္ ျပဳစုေစာင့္ေ႐ွာက္ခဲ့ရတဲ့ ကေလးေလးက အေတာင္အလက္စံုလို႔ ကြၽန္ေတာ္တို႔ ​ေလာင္းရိပ္
​ေအာက္က ထြက္ခြာသြားတဲ့ အခ်ိန္ေရာက္ရင္ ကြၽန္ေတာ္တို႔က လြတ္လပ္ခြင့္ေပးရမွာေပါ့။ အစ္ကိုက သံေယာဇဥ္ႀကီးတဲ့သူဆိုေတာ့ အဲ့အခ်ိန္က်ရင္ ငိုေနမယ္
ထင္တယ္။ အစ္ကိုငိုလို႔ရပါတယ္။ အစ္ကိုငိုေနတဲ့အခါ
ကြၽန္ေတာ္က အစ္ကို႔လက္ေလးကို ျငင္ျငင္သာသာ
ဆုပ္ကိုင္ၿပီး *ကြၽန္ေတာ္႐ွိေနတယ္* လို႔ေျပာၿပီး
ႏွစ္သိမ့္မယ္"

"ေကာင္ေလး...."

"အိမ္ငယ္ေလးထဲမွာပဲ ႏွစ္ေယာက္အတူတူ အသက္
ေတြ ႀကီးလာတဲ့အထိ အတူေနသြားၾကမယ္။ အစ္ကိုက အဖိုးႀကီးျဖစ္သြားလည္း ​ေခ်ာေနဦးမွာပဲ။ အဲ့အခ်ိန္ထိ ကြၽန္ေတာ့္ရဲ႕ အဖိုးႀကီးကို သဝန္တိုရဦးမယ္"

"ေကာင္ေလး....မေျပာပါနဲ႔ေတာ့"

ဝမ္ရိေပၚရဲ႕အသံက တစ္စတစ္စ တုန္ယင္လာသလို ေ႐ွာင္းက်န္႔လည္း မ်က္ရည္ဝဲေနမိတယ္။

"အသက္အရြယ္ေတြ အိုမင္းလာၿပီး တစ္ေန႔မွာ
ဒီေလာကႀကီးထဲက ထြက္သြားရမယ့္ အခ်ိန္ေရာက္
လာခဲ့ရင္ ကြၽန္ေတာ္ကေတာ့ အစ္ကို႔ကို အရင္သြား
ေစခ်င္တယ္။ ကြၽန္ေတာ္ အရင္ ထြက္သြားၿပီး အစ္ကို႔
ကို တစ္ေယာက္တည္းထားခဲ့ရမွာကို စိတ္မခ်ဘူး။
အစ္ကို္ရဲ႕ ​ေနာက္ဆံုးအခ်ိန္မွာ အိပ္ယာထဲလဲေနတဲ့
ကြၽန္ေတာ့ရဲ႕ အဖိုးႀကီးက အရင္လိုၾကည့္ေကာင္း
တုန္းပဲဆိုတဲ့ အေၾကာင္းေတြကို တဖြဖြေျပာတဲ့အခါ
အစ္ကိုက ခပ္ဖြဖြေလး ျပံဳးျပလိမ့္မယ္။ အစ္ကို႔လက္ေလးကို ဆုပ္ကိုင္လို႔ *ကြၽန္ေတာ့္ကို စိတ္ခ်လို႔ရပါၿပီ*
လို႔ ​ေျပာတဲ့အခါက်ရင္ေတာ့ အစ္ကိုက တကယ္ပဲ ကြၽန္ေတာ့ကို စိတ္ခ်လက္ခ်ထားၿပီး ထြက္သြားလိမ့္မယ္။ အတူတူ႐ွိခဲ့တဲ့ အမွတ္တရအခ်ိဳ႕ကို သိမ္းဆည္းၿပီးေနာက္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ေနာက္ကို လိုက္လာခဲ့မွာေပါ့"

"မေျပာပါနဲ႔ေတာ့ ေကာင္ေလးရာ"

မ်က္ရည္ေတြစီးက်ေနတဲ့ အစ္ကို႔ကို ႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားလိုက္ေပမယ့္ ရိေပၚကိုယ္တိုင္လည္း ငိုေနမိျပန္တယ္။

"ကြၽန္ေတာ္က....ကြၽန္ေတာ္ကေလ စိတ္ကူးထားတဲ့ အနာဂတ္ေတြ အမ်ားႀကီး႐ွိတယ္ အစ္ကိုရဲ႕"

"......"

"ဒါေပမယ့္ မျဖစ္ႏိုင္ေတာ့ဘူး။ ကြၽန္ေတာ့ရဲ႕ အခ်ိန္
ေတြက ရပ္တန္႔သြားခဲ့ၿပီ"

႐ိႈက္သံေလးေတြ ​ေရာယွက္တဲ့ အက္ကြဲကြဲ အသံက
ေ႐ွာင္းက်န္႔ရင္ကို ဓားနဲ႔မႊန္းေနသလို ခံစားရေစတယ္။

"အစ္ကိုကေတာ့ အဲ့လိုမဟုတ္ဘူး။ အစ္ကို႔မွာ အနာဂတ္ဆိုတာ ႐ွိေသးတယ္။ကြၽန္ေတာ္က
ျဖစ္ခ်င္တာေတြ ျဖစ္ခြင့္မ႐ွိေတာ့ေပမယ့္ အစ္ကိုက
ေတာ့ ကိုယ့္အနာဂတ္ကိုယ္ ပံုေဖာ္ခြင့္႐ွိေသးတယ္။
ကြၽန္ေတာ္ အစ္ကို႔ကို ပိတ္ေလွာင္မထားခ်င္ဘူး"

"ေကာင္ေလးမ႐ွိရင္ ကိုယ့္အတြက္အနာဂတ္ဆိုတာ႐ွိလာမွာမဟုတ္ဘူး"

"ဟင့္အင္း။အစ္ကိုကေတာ့ ကြၽန္ေတာ့လိုဘဝမ်ိဳး
ေရာက္လို႔မျဖစ္ဘူး။ကြၽန္ေတာ္မပါတဲ့ အနာဂတ္မွာ
ေကာင္းေကာင္းမြန္မြန္ ႐ွင္သန္ေနမွျဖစ္မွာ။ ဒါမွကြၽန္ေတာ္စိတ္ခ်ရမွာ အစ္ကိုရဲ႕"

"......"

"ကြၽန္ေတာ္မေပးႏိုင္ခဲ့တဲ့ လွပတဲ့အနာဂတ္ကို
ကိုယ္တိုင္႐ွာေဖြပါ။ အကယ္၍ ေနာက္ဘဝဆိုတာ
႐ွိလာခဲ့ရင္ အစ္ကို႔အနားမွာ တစ္သက္လံုးေနေပးႏိုင္
မယ့္သူတစ္ေယာက္အျဖစ္နဲ႔ ျပန္ေမြးဖြားလာခ်င္ပါ
ေသးတယ္"

အငိုမတိတ္တဲ့ အစ္ကို႔ကို ​ေခ်ာ့ဖို႔ ရိေပၚကိုယ္တိုင္လည္း မစြမ္းသာခဲ့ဘူး။

မ်က္ရည္ေတြကို ကြၽန္ေတာ္မုန္းတယ္။
အထူးသျဖင့္ အစ္ကို႔မ်က္ဝန္းထဲက မ်က္ရည္ေတြ။

ကြၽန္ေတာ့ေၾကာင့္ အႀကိမ္ႀကိမ္ မ်က္ရည္က်ေစခဲ့တဲ့
အတြက္ ​ေတာင္းပန္ပါတယ္။

ထားခဲ့ရမယ္ဆိုတာကို ႀကိဳသိလို႔
ပိတ္ေလွာင္ထားဖို႔ မႀကိဳးစားတာပါ
မခ်စ္လို႔မွမဟုတ္တာ အစ္ကိုရယ္...
_______________________________

အိမ္ျပန္ေရာက္ကတည္းက စကားတစ္ခြန္းမွ မေျပာ
ျဖစ္ၾကတာဟာ ဝမ္းနည္းစရာေတြကို ျပန္အစမေဖာ္ခ်င္လို႔ဆိုရင္ ပိုမွန္မယ္။ ဒါေပမယ့္လည္း အခုလိုအေျခ
အေနက တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးကြာေနသလိုခံစားရေစတယ္။

ၾကံရာမရတဲ့အဆံုးေတာ့ ရိေပၚ ႐ွိသမ်ွ ဥာဏ္နီဥာဏ္နက္ဥာဏ္ဝါဥာဏ္ျပာ အကုန္သံုးၿပီး ​ေခါင္းအံုး
ေလးကိုကိုင္လို႔ အစ္ကို႔အခန္းေ႐ွ႕ကို ​ေရာက္လာခဲ့တယ္။ အခန္းတံခါးကို ​ေခါက္လိုက္ေတာ့ ခ်က္ခ်င္းတံခါး
ဖြင့္ေပးတဲ့ အစ္ကိုက အခုထိ မအိပ္ေသးပံုရတယ္။
မို႔အစ္ေနတဲ့ မ်က္ခြံေတြနဲ႔ နီရဲေနတဲ့ မ်က္ဝန္းမွာ မ်က္ရည္စအခ်ိဳ႕က ခိုတြဲေနဆဲ။ ႀကိတ္ငိုေနျပန္ၿပီထင္တယ္။

"အစ္ကို"

"အင္း။ေျပာေလ ေကာင္ေလး။ဘာျဖစ္လို႔လဲ"

"ဟို...အခန္းထဲကမီးသီးေလ ပ်က္သြားျပန္ၿပီ"

"ဟင္။ဟိုေန႔ကထိေကာင္းေနေသးတယ္မလား"

"အင္း။အခုပ်က္သြားတာ။အဲ့တာ ကြၽန္ေတာ္အစ္ကို႔အခန္းထဲလာအိပ္လို႔ရမလား"

"ရပါတယ္။ဝင္ခဲ့ေလ"

ရႊင္ျမဴးေနတဲ့မ်က္ႏွာနဲ႔ အခန္းထဲကို ဝင္သြားတဲ့ ​ေကာင္ေလးရဲ႕ ဥာဏ္နီဥာဏ္နက္ေတြကို မွည့္နက္ေလးနဲ႔
ေကာင္ေလးက မသိဘူးလို႔မ်ား ထင္ေနေရာ့လား။
တခ်ိဳ႕ အလိမ္အညာေတြက မသိခ်င္ဟန္ေဆာင္ေပး
လိုက္တာ အေကာင္းဆံုးပဲေလ။
လ်စ္လ်ဴ႐ႈျခင္း ခံလိုက္ရတဲ့ မီးသီးေလးကေတာ့
တစ္ဖက္ခန္းထဲမွာ လင္းလင္းထင္းထင္း။

ေက်ာခိုင္းထားတဲ့ အေနအထားနဲ႔ အိပ္ယာေပၚက လူႏွစ္ေယာက္လံုးက အခုထိ အိပ္မေပ်ာ္ႏိုင္ၾကေသး။
တစ္ခန္းလံုးလည္း တိတ္ဆိတ္ေနလိုက္တာမ်ား အပ္က်သံပင္ ၾကားရေလာက္ေအာင္။ တိတ္ဆိတ္လြန္းတဲ့ ဒီအေျခအေနကို ျဖိဳခြဲဖို႔ စတင္ႀကိဳးစားသူက  ထံုးစံအတိုင္း ဝမ္ရိေပၚ။

"အစ္ကို.."

"ေျပာေလ"

"ကြၽန္ေတာ္အိပ္လို႔မရဘူး"

"အဲ့ေတာ့..."

"သီခ်င္းဆိုျပပါလား"

"ေခ်ာ့သိပ္ခိုင္းေနတာလား"

"အင္း။အစ္ကို႔သီခ်င္းသံၾကားမွ အိပ္ေပ်ာ္မယ္ထင္တယ္"

"ကေလးက ကေလးပါပဲေလ"

"အစ္ကိုေနာ္.."

စိတ္ဆိုးသြားတဲ့ ​ေလသံေလးကို ၾကားေတာ့ ​ေ႐ွာင္းက်န္႔
ခပ္ဖြဖြျပံဳးမိေသးရဲ႕။ ဒီကေလးဆိုးေလးကို သူအၾကာႀကီး ​ေစာင့္ေ႐ွာက္ခ်င္မိေသးတာ။

*I remember tears streaming down your face
When I said "I'll never let you go"
ကိုယ္မင္းကိုဘယ္ေတာ့မွအဆံုး႐ွံုးမခံႏိုင္ဘူးလို႔
ေျပာတုန္းကမင္းငိုေနခဲ့တာကိုကိုယ္မွတ္မိေသးတယ္။

When all those shadows almost kill your light
မင္းအလင္းေရာင္ေပ်ာက္ဆံုးလုဆဲဆဲအခါမွာ..

I remember you said "Don't leave me here alone"
တစ္ေယာက္တည္းမထားခဲ့ပါနဲ႔လို႔ မင္းေျပာခဲ့တာေလး ကိုယ္မွတ္မိေနေသးတယ္။

But all that dead is gone and past
Tonight....
ဒါေပမယ့္ အဲ့ဒီအရာေတြအားလံုးက ဒီညေလးမွာ
ၿပီးဆံုးသြားေတာ့မွာပါ

Just close your eyes...
မ်က္လံုးေလးေတြမွိတ္ထားလိုက္ပါ အခ်စ္ရယ္

The sun is going down...
ေနဝင္သြားၿပီေလ

You'll be allright.....
မင္းအဆင္ေျပသြားမွာပါ

No one can hurt you now...
ဘယ္သူမွမင္းကိုနာက်င္ေအာင္မလုပ္ႏိုင္ေတာ့ပါဘူး

Come morning light....
မနက္ခင္းအလင္းေရာင္ေလးျမင္ရတဲ့အခါ

You and I'll be safe and sound...
ကိုယ္တို႔ႏွစ္ေယာက္လံုးေအးခ်မ္းလံုျခံဳစြာ႐ွိေနၾကေတာ့မွာ.....*

သီခ်င္းသံအဆံုးမွာ အိပ္ေပ်ာ္သြားပံုရတဲ့ ​ေကာင္ေလး
ရဲ႕ လက္တစ္ဖက္က ​ေ႐ွာင္းက်န္႔ခါးကို ဖက္ထားေသးတာ။ ဖက္ထားတဲ့ လက္ကို တြန္းဖယ္လိုက္ဖို္႔ ​ေ႐ွာင္းက်န္႔ မစဥ္းစားမိေတာ့ဘူး။ အဲ့ဒီအစား ​ေကာင္ေလးရဲ႕
ခပ္ေႏြးေႏြးရင္ခြင္မွာ ခိုလွံုလိုက္တယ္။

အတူ႐ွိေနရျခင္းေတြမွာပဲ ၾကည္ႏူးစရာ အမွတ္တရေတြ ျဖစ္တည္တယ္။ အတူမ႐ွိေတာ့တဲ့အခါမွာေတာ့
ဒီအမွတ္တရေလးေတြက အေဖာ္ျပဳေပးႏိုင္ေကာင္းရဲ႕။

အတူတူ ျပန္လည္ႏိုးထခြင့္ရဦးမယ့္ မနက္ခင္းတိုင္းမွာ
အျမတ္တႏိုးခ်စ္ရေၾကာင္းေတြကို မင္းသိေအာင္
အက်ယ္တဝင့္ ထုတ္ေဖာ္ျပသရဦးမည္ေလ..
________________________________
A/N

အေပၚမွာပါတဲ့သီခ်င္းေလးကTaylor Swiftရဲ႕
Safe and soundဆိုတဲ့သီခ်င္းေလးပါ။
အရမ္းနားေထာင္လို႔ေကာင္းပါတယ္။My fav💗

_______________________________

Unicode

Chapter 37

ကောင်းမွန်တဲ့ အမှတ်တရအချို့ကို ချန်ထားနိုင်ဖို့
ကြိုးပမ်းတဲ့အခါ အနီးအနားက ဒီလူသားရဲ့ အပြုံးလှလှ
လေးတွေက အဓိကပါဝင်တယ်။

အေးချမ်းခြင်းဆိုတာကို အစ်ကို့ရဲ့ အပြုံးတွေလို့
ရိပေါ်က အဓိပ္ပါယ်ဖွင့်ဆိုတယ်။

ရိပေါ်ရဲ့ ပူဆာမှုကြောင့် အစ်ကိုပါ မနေနိုင်မထိုင်နိုင်
ဖြစ်ပြီး အတူရောက်လာခဲ့ကြတာက အရင်တစ်ခါ
လာဖူးတဲ့ Churchကျောင်းလေးကို။

အချိန်တွေ ကြာသွားတာတောင် ဘာမှပြောင်းလဲမသွားတဲ့ Churchကျောင်းလေးဟာ အရင်လို​အေးချမ်း
နေတုန်းပဲ။ တိုးဝှေ့လာတဲ့​လေပြည်လေးတွေက သင်းပျံ့တဲ့ ပန်းရနံ့တစ်မျိုးကို သယ်ဆောင်လာတယ်။
သေချာပါတယ်။ဒါကပန်းခင်းထဲကTulipပန်းနံ့။

ထုံးစံအတိုင်း အစ်ကိုက စစ်စတာတွေနဲ့ စကားပြောနေ
တုန်း ရိပေါ်ကတော့ Churchအနောက်ဝင်းထဲက ပန်း
ခြံဆီကို ဦးတည်လိုက်သည်။ ခြံထဲကိုရောက်ရောက်ချင်း မြင်လိုက်ရတာကတော့ ကစားနေတဲ့ကလေးတွေ။
ဒါလည်း အရင်ကအတိုင်း မပြောင်းမလဲပါလား။

ဆော့ကစားနေတဲ့ ကလေးတွေထဲက ကလေးမလေး
တစ်ယောက်က ရိပေါ်ကို မြင်တော့ အပြေးလေးလာ
ဖက်သည်။ ဒီကလေးမလေးကို ရိပေါ်မှတ်မိတာပေါ့။
Lizzy...သူပထမတစ်ခါလာတုန်းက သူ့ကို
Daisyပန်းအဖြူလေး လာပေးတဲ့​ကောင်မလေး။
တစ်နှစ်ကျော်ကျော် ကြာသွားတာတောင် မှတ်မိနေခဲ့
တာလား။

"I miss you"

"I miss you too"

ခနတာ တွယ်ငြိတဲ့ သံယောဇဉ်တွေကတောင်
ဒီလောက်ခိုင်မာနေခဲ့ရင် အစ်ကို သူ့အပေါ်ထားတဲ့
သံယောဇဉ်ကရော ဘယ်လောက် ခိုင်မာနေလိုက်မလဲ။

မပြတ်နိုင်မယ့်ကြိုးမှန်း သိရက်နဲ့
ဖြတ်တောက်ဖို့ ကြိုးစားရင်း နာကျင်စေမိတယ်။
မချည်နှောင်ခဲ့သင့်တာပါ....
အရာအားလုံးက ကျွန်တော်က အစပြုလို့ မှားယွင်းခဲ့တာ။
________________________________

ရိပေါ် Lizzyနဲ့ ခဏကစားပေးပြီး ပြန်လာတော့
အစ်ကိုက ခုံတန်းလေးမှာ ထိုင်ပြီး ရိပေါ်ကို​စောင့်နေပုံရတယ်။ အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်တော့ ရိပေါ်ရဲ့
ကိုယ်သင်းနံ့ကို မှတ်မိနေပြီးသား အစ်ကိုက ခပ်ဖွဖွ
ပြုံးတယ်။

ခင်ဗျားပြုံးရင် သိပ်လှတာမို့
ကျွန်တော် မရှိတော့မယ့် အနာဂတ်မှာလည်း
အခုလိုပဲပြုံးနေပါ....

"ကျွန်တော်ထွက်သွားတုန်းကရော ဒီကိုလာဖြစ်
သေးလား"

"ဟင့်အင်း"

"ဘာလို့လဲ"

"အသည်းကွဲနေလို့"

အစ်ကို့ရဲ့ အဖြေကြောင့် ရိပေါ် စိတ်မထိန်းနိုင်ဘဲ
အသံထွက်ပြီး ရယ်မိလိုက်တော့ မကျေမနပ်ဖြစ်သွားပုံ
ရတဲ့ အစ်ကိုက နှုတ်ခမ်းလေး စူထွက်လာတယ်။

"ရယ်စရာပါလို့လား။ မင်းပဲငါ့ကိုအသည်းခွဲသွားပြီး
တော့.."

ဆက်ရယ်နေရင် အကြီးအကျယ် စိတ်ဆိုးတော့မှာကို
ကြိုသိနေလို့ ရိပေါ်ကပဲ စကားလမ်းကြောင်း လွှဲရတော့တယ်။

"Lizzyကိုအစ်ကိုမှတ်မိလား"

"အင်း"

"အဲ့ဒီကလေးမလေးကချစ်စရာလေးနော်"

"မင်းကမွေးစားချင်လို့လား"

"မွေးစားမယ်...။ ကျွန်တော့လိုလူကလား...။ အစ်ကို
ကတော့​နောက်နေပြန်ပြီ။ လပိုင်းလောက်ပဲ အသက်ရှင်ခွင့်ရမလားတောင် မသေချာတဲ့သူက ကလေး
တစ်ယောက်ကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ"

"မင်းမရှိတော့တဲ့အခါကျရင်...ငါက..စောင့်ရှောက်
ပေးမယ်ဆိုရင်ရော"

"......."

"ကိုယ်တို့ လက်ထပ်ရအောင်"

အစ်ကို့စကားကြောင့် ရိပေါ် တကယ်ပင် အံ့အားသင့်
သွားမိသည်။
အစ်ကိုက အခု ရိပေါ်ကို လက်ထပ်ခွင့်တောင်းနေတာလား။

"အစ်ကို...လက်ထပ်ရအောင်လို့ပြောလိုက်တာလား"

"အင်း။ကိုယ့်ကိုလက်ထပ်ပါ ကောင်လေး"

လက်ထပ်ပါတဲ့လား အစ်ကိုရယ်။ ချစ်ရသူက
အမြတ်တနိုးနဲ့ လက်ထပ်ခွင့်တောင်းတာကို ကျွန်တော်က ဘယ်လိုနှလုံးသားမျိုးနဲ့ ငြင်းနိုင်မှာလဲ။

ဒါပေမယ့်လေ...
ဒီ့ထပ်ပိုပြီးချည်နှောင်မိရင် ရုန်းမရမှာကိုစိုးမိတယ် အစ်ကို....
ကျွန်တော်ဆိုတဲ့​လှောင်အိမ်ထဲမှာ အစ်ကို
ထာဝရပိတ်လှောင်သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်

"ကောင်လေး....ကိုယ်မေးတာဖြေဦးလေ"

ရိုးရှင်းတဲ့​မေးခွန်းလေးပေမယ့် ကျွန်တော့မှာ ပြန်ဖြေ
စရာ အဖြေမရှိဘူး အစ်ကို။ အစ်ကို့​မျှော်လင့်ချက်
တွေကို ရိုက်ချိုးပစ်နိုင်လောက်အောင်လည်း ကျွန်တော်
အသည်းမမာဘူး။

"ကောင်းပြီလေ။လက်ထပ်ကြတာပေါ့"

ငြင်းမယ်လို့ အတိအကျ တွက်ထားတာ မဟုတ်ပေမယ့်
အခုလို လွယ်လွယ်ကူကူ လက်ခံလိမ့်မယ်လို့​ရှောင်းကျန့် ထင်မထားမိတာအမှန်။​နောက်ဆုံးတော့...သူချစ်ရ
တဲ့သူကို ပိုင်ဆိုင်ခွင့်ရတော့မယ်။ ခနလေးဆိုရင်တောင် အနည်းဆုံးတော့ ပိုင်ဆိုင်ခွင့်ရခဲ့တာပဲ ဆိုတဲ့ အသိ
လေးနဲ့တင်​ကျေနပ်ရပါတယ်။

"ကောင်လေး တကယ်ပြောတာလား"

"အင်း။ကျွန်တော်တို့လက်ထပ်ကြမယ်။ဒီChurch
ကျောင်းလေးမှာပဲ"

"အင်း"

"အဲ့ဒီနေ့ကျရင် ခန်းမတစ်ခုလုံးကို နှင်းဆီပန်းအဖြူ ရောင်တွေနဲ့ အလှဆင်မယ်။ ကျွန်တော်အကြိုက်ဆုံး
အရောင်ဖြစ်တဲ့ အစိမ်းရောင်လည်း နည်းနည်းထည့်မယ်။ ပြီးတော့ Lizzyကိုပန်းကြဲခိုင်းရမယ်"

"အင်း"

"မင်္ဂလာဆောင်ရင် အဖြူဝတ်တာ အသင့်တော်ဆုံး
ဆိုပေမယ့် အစ်ကိုကတော့ အပြာရောင်လေးဝတ်။
ကျွန်တော်နဲ့ အစ်ကိုစတွေ့တုန်းက အပြာရောင်လေး
ဝတ်ထားတဲ့ အစ်ကိုက သိပ်လှတာ"

"အင်း"

"ဝမ်ကျိုးချန်ကိုလည်း​သေချာပေါက် ဖိတ်ရမယ်။
မင်္ဂလာအချိန်ကျလာတဲ့အခါ ဝမ်ကျိုးချန်ရဲ့ လက်ကိုတွဲပြီး ခန်းမထဲကို ပန်းကြဲထားတဲ့ လမ်းကနေ
တစ်လှမ်းချင်းလျှောက်လာမယ့် အစ်ကို့ကို ကျွန်တော်က တမေ့တမော​ငေးကြည့်နေမယ်။ အစ်ကို့လက်
ကို ကျွန်တော့လက်ထဲ ထည့်ပေးလိုက်ရတဲ့အချိန်မှာ
ဝမ်ကျိုးချန်ရဲ့ မျက်နှာကတော့​သေချာပေါက် စူပုပ်နေမှာပဲ။ သူက အစ်ကို့ကို အရမ်းသံယောဇဉ်ရှိတာလေ။
ကျွန်တော့ကို မျက်စောင်းတွေ ထိုးနေလောက်တယ်"

"အင်း"

"ကျွန်တော်က အစ်ကို့မျက်နှာလေးကို​ငေးပြီးကတိ
သစ္စာကျိန်ဆိုတဲ့အခါ အစ်ကိုက အပျော်လွန်ပြီး မျက်ရည်ဝိုင်းနေမယ် ထင်တယ်။ အစ်ကိုက အငိုသန်လေးမို့လေ"

"ဝမ်ရိပေါ်!!"

"ကျမ်းကျိန်ဆိုပြီးလို့ မင်္ဂလာအထမြောက်တဲ့အခါ
ကျွန်တော်က အစ်ကို့နှဖူးကို အမြတ်တနိုးနဲ့ ခပ်ဖွဖွ အနမ်းတစ်ပွင့်ခြွေမယ်။ အစ်ကို့နှုတ်ခမ်းလေးတွေကတော့
ပြုံးယောင်သမ်းနေမှာပေါ့"

"......"

"လက်ထပ်ပြီးရင် အစ်ကို့အိမ်မှာပဲ အတူတူနေကြမယ်။​နေ့တိုင်း ဘာအလုပ်မှမလုပ်ဘဲ အစ်ကို့အနားမှာပဲ ကပ်ပြီးချွဲနေမှာမို့ စိတ်ကုန်မသွားရဘူးနော်။
နှစ်ယောက်တည်းနေရတာ လွတ်လပ်တယ် ဆိုပေမယ့် အမြဲတမ်းတော့ နှစ်ယောက်တည်းမနေဘူး။
သားသမီးမရှိတဲ့ အိမ်ထောင်ရေးက ဆားမပါတဲ့ဟင်းလိုပဲတဲ့။ အဲ့တာကြောင့် အစ်ကိုနဲ့တူတဲ့ ကလေးလေး
တစ်ယောက်လောက်​မွေးစားမယ်။ Lizzyကိုမွေးစားလည်းရတာပဲ။ ကျွန်တော်နဲ့တော့ မတူရဘူး။
ကျွန်တော်နဲ့တူရင် အရမ်းဆိုးမှာ။ အစ်ကိုထိန်းရခက်
လိမ့်မယ်"

"......"

"အားလပ်ရက်တွေမှာ မိသားစုစုံစုံလင်လင် ခရီးတွေ
ထွက်ကြမယ်။​ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်တွေအကြာကြီး အတူတူဖြတ်သန်းကြမယ်၊ ကျွန်တော်တို့် အရိပ်
တကြည့်ကြည့် ပြုစုစောင့်ရှောက်ခဲ့ရတဲ့ ကလေးလေးက အတောင်အလက်စုံလို့ ကျွန်တော်တို့​လောင်းရိပ်
​အောက်က ထွက်ခွာသွားတဲ့ အချိန်ရောက်ရင် ကျွန်တော်တို့က လွတ်လပ်ခွင့်ပေးရမှာပေါ့။ အစ်ကိုက သံယောဇဉ်ကြီးတဲ့သူဆိုတော့ အဲ့အချိန်ကျရင် ငိုနေမယ်
ထင်တယ်။ အစ်ကိုငိုလို့ရပါတယ်။ အစ်ကိုငိုနေတဲ့အခါ
ကျွန်တော်က အစ်ကို့လက်လေးကို ငြင်ငြင်သာသာ
ဆုပ်ကိုင်ပြီး *ကျွန်တော်ရှိနေတယ်* လို့ပြောပြီး
နှစ်သိမ့်မယ်"

"ကောင်လေး...."

"အိမ်ငယ်လေးထဲမှာပဲ နှစ်ယောက်အတူတူ အသက်
တွေ ကြီးလာတဲ့အထိ အတူနေသွားကြမယ်။ အစ်ကိုက အဖိုးကြီးဖြစ်သွားလည်း​ချောနေဦးမှာပဲ။ အဲ့အချိန်ထိ ကျွန်တော့်ရဲ့ အဖိုးကြီးကို သဝန်တိုရဦးမယ်"

"ကောင်လေး....မပြောပါနဲ့တော့"

ဝမ်ရိပေါ်ရဲ့အသံက တစ်စတစ်စ တုန်ယင်လာသလို ရှောင်းကျန့်လည်း မျက်ရည်ဝဲနေမိတယ်။

"အသက်အရွယ်တွေ အိုမင်းလာပြီး တစ်နေ့မှာ
ဒီလောကကြီးထဲက ထွက်သွားရမယ့် အချိန်ရောက်
လာခဲ့ရင် ကျွန်တော်ကတော့ အစ်ကို့ကို အရင်သွား
စေချင်တယ်။ ကျွန်တော် အရင် ထွက်သွားပြီး အစ်ကို့
ကို တစ်ယောက်တည်းထားခဲ့ရမှာကို စိတ်မချဘူး။
အစ်ကိုရဲ့​နောက်ဆုံးအချိန်မှာ အိပ်ယာထဲလဲနေတဲ့
ကျွန်တော့ရဲ့ အဖိုးကြီးက အရင်လိုကြည့်ကောင်း
တုန်းပဲဆိုတဲ့ အကြောင်းတွေကို တဖွဖွပြောတဲ့အခါ
အစ်ကိုက ခပ်ဖွဖွလေး ပြုံးပြလိမ့်မယ်။ အစ်ကို့လက်လေးကို ဆုပ်ကိုင်လို့ *ကျွန်တော့်ကို စိတ်ချလို့ရပါပြီ*
လို့​ပြောတဲ့အခါကျရင်တော့ အစ်ကိုက တကယ်ပဲ ကျွန်တော့ကို စိတ်ချလက်ချထားပြီး ထွက်သွားလိမ့်မယ်။ အတူတူရှိခဲ့တဲ့ အမှတ်တရအချို့ကို သိမ်းဆည်းပြီးနောက်မှာတော့ ကျွန်တော်လည်း အစ်ကို့နောက်ကို လိုက်လာခဲ့မှာပေါ့"

"မပြောပါနဲ့တော့ ကောင်လေးရာ"

မျက်ရည်တွေစီးကျနေတဲ့ အစ်ကို့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်ပေမယ့် ရိပေါ်ကိုယ်တိုင်လည်း ငိုနေမိပြန်တယ်။

"ကျွန်တော်က....ကျွန်တော်ကလေ စိတ်ကူးထားတဲ့ အနာဂတ်တွေ အများကြီးရှိတယ် အစ်ကိုရဲ့"

"......"

"ဒါပေမယ့် မဖြစ်နိုင်တော့ဘူး။ ကျွန်တော့ရဲ့ အချိန်
တွေက ရပ်တန့်သွားခဲ့ပြီ"

ရှိုက်သံလေးတွေ​ရောယှက်တဲ့ အက်ကွဲကွဲ အသံက
ရှောင်းကျန့်ရင်ကို ဓားနဲ့မွှန်းနေသလို ခံစားရစေတယ်။

"အစ်ကိုကတော့ အဲ့လိုမဟုတ်ဘူး။ အစ်ကို့မှာ အနာဂတ်ဆိုတာ ရှိသေးတယ်။ကျွန်တော်က
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရှိတော့ပေမယ့် အစ်ကိုက
တော့ ကိုယ့်အနာဂတ်ကိုယ် ပုံဖော်ခွင့်ရှိသေးတယ်။
ကျွန်တော် အစ်ကို့ကို ပိတ်လှောင်မထားချင်ဘူး"

"ကောင်လေးမရှိရင် ကိုယ့်အတွက်အနာဂတ်ဆိုတာရှိလာမှာမဟုတ်ဘူး"

"ဟင့်အင်း။အစ်ကိုကတော့ ကျွန်တော့လိုဘဝမျိုး
ရောက်လို့မဖြစ်ဘူး။ကျွန်တော်မပါတဲ့ အနာဂတ်မှာ
ကောင်းကောင်းမွန်မွန် ရှင်သန်နေမှဖြစ်မှာ။ ဒါမှကျွန်တော်စိတ်ချရမှာ အစ်ကိုရဲ့"

"......"

"ကျွန်တော်မပေးနိုင်ခဲ့တဲ့ လှပတဲ့အနာဂတ်ကို
ကိုယ်တိုင်ရှာဖွေပါ။ အကယ်၍ နောက်ဘဝဆိုတာ
ရှိလာခဲ့ရင် အစ်ကို့အနားမှာ တစ်သက်လုံးနေပေးနိုင်
မယ့်သူတစ်ယောက်အဖြစ်နဲ့ ပြန်မွေးဖွားလာချင်ပါ
သေးတယ်"

အငိုမတိတ်တဲ့ အစ်ကို့ကို​ချော့ဖို့ ရိပေါ်ကိုယ်တိုင်လည်း မစွမ်းသာခဲ့ဘူး။

မျက်ရည်တွေကို ကျွန်တော်မုန်းတယ်။
အထူးသဖြင့် အစ်ကို့မျက်ဝန်းထဲက မျက်ရည်တွေ။

ကျွန်တော့ကြောင့် အကြိမ်ကြိမ် မျက်ရည်ကျစေခဲ့တဲ့
အတွက်​တောင်းပန်ပါတယ်။

ထားခဲ့ရမယ်ဆိုတာကို ကြိုသိလို့
ပိတ်လှောင်ထားဖို့ မကြိုးစားတာပါ
မချစ်လို့မှမဟုတ်တာ အစ်ကိုရယ်...
_______________________________

အိမ်ပြန်ရောက်ကတည်းက စကားတစ်ခွန်းမှ မပြော
ဖြစ်ကြတာဟာ ဝမ်းနည်းစရာတွေကို ပြန်အစမဖော်ချင်လို့ဆိုရင် ပိုမှန်မယ်။ ဒါပေမယ့်လည်း အခုလိုအခြေ
အနေက တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေသလိုခံစားရစေတယ်။

ကြံရာမရတဲ့အဆုံးတော့ ရိပေါ် ရှိသမျှ ဥာဏ်နီဥာဏ်နက်ဥာဏ်ဝါဥာဏ်ပြာ အကုန်သုံးပြီး​ခေါင်းအုံး
လေးကိုကိုင်လို့ အစ်ကို့အခန်းရှေ့ကို​ရောက်လာခဲ့တယ်။ အခန်းတံခါးကို​ခေါက်လိုက်တော့ ချက်ချင်းတံခါး
ဖွင့်ပေးတဲ့ အစ်ကိုက အခုထိ မအိပ်သေးပုံရတယ်။
မို့အစ်နေတဲ့ မျက်ခွံတွေနဲ့ နီရဲနေတဲ့ မျက်ဝန်းမှာ မျက်ရည်စအချို့က ခိုတွဲနေဆဲ။ ကြိတ်ငိုနေပြန်ပြီထင်တယ်။

"အစ်ကို"

"အင်း။ပြောလေ ကောင်လေး။ဘာဖြစ်လို့လဲ"

"ဟို...အခန်းထဲကမီးသီးလေ ပျက်သွားပြန်ပြီ"

"ဟင်။ဟိုနေ့ကထိကောင်းနေသေးတယ်မလား"

"အင်း။အခုပျက်သွားတာ။အဲ့တာ ကျွန်တော်အစ်ကို့အခန်းထဲလာအိပ်လို့ရမလား"

"ရပါတယ်။ဝင်ခဲ့လေ"

ရွှင်မြူးနေတဲ့မျက်နှာနဲ့ အခန်းထဲကို ဝင်သွားတဲ့​ကောင်လေးရဲ့ ဥာဏ်နီဥာဏ်နက်တွေကို မှည့်နက်လေးနဲ့
ကောင်လေးက မသိဘူးလို့များ ထင်နေရော့လား။
တချို့ အလိမ်အညာတွေက မသိချင်ဟန်ဆောင်ပေး
လိုက်တာ အကောင်းဆုံးပဲလေ။
လျစ်လျူရှုခြင်း ခံလိုက်ရတဲ့ မီးသီးလေးကတော့
တစ်ဖက်ခန်းထဲမှာ လင်းလင်းထင်းထင်း။

ကျောခိုင်းထားတဲ့ အနေအထားနဲ့ အိပ်ယာပေါ်က လူနှစ်ယောက်လုံးက အခုထိ အိပ်မပျော်နိုင်ကြသေး။
တစ်ခန်းလုံးလည်း တိတ်ဆိတ်နေလိုက်တာများ အပ်ကျသံပင် ကြားရလောက်အောင်။ တိတ်ဆိတ်လွန်းတဲ့ ဒီအခြေအနေကို ဖြိုခွဲဖို့ စတင်ကြိုးစားသူက  ထုံးစံအတိုင်း ဝမ်ရိပေါ်။

"အစ်ကို.."

"ပြောလေ"

"ကျွန်တော်အိပ်လို့မရဘူး"

"အဲ့တော့..."

"သီချင်းဆိုပြပါလား"

"ချော့သိပ်ခိုင်းနေတာလား"

"အင်း။အစ်ကို့သီချင်းသံကြားမှ အိပ်ပျော်မယ်ထင်တယ်"

"ကလေးက ကလေးပါပဲလေ"

"အစ်ကိုနော်.."

စိတ်ဆိုးသွားတဲ့​လေသံလေးကို ကြားတော့​ရှောင်းကျန့်
ခပ်ဖွဖွပြုံးမိသေးရဲ့။ ဒီကလေးဆိုးလေးကို သူအကြာကြီး​စောင့်ရှောက်ချင်မိသေးတာ။

*I remember tears streaming down your face
When I said "I'll never let you go"
ကိုယ်မင်းကိုဘယ်တော့မှအဆုံးရှုံးမခံနိုင်ဘူးလို့
ပြောတုန်းကမင်းငိုနေခဲ့တာကိုကိုယ်မှတ်မိသေးတယ်။

When all those shadows almost kill your light
မင်းအလင်းရောင်ပျောက်ဆုံးလုဆဲဆဲအခါမှာ..

I remember you said "Don't leave me here alone"
တစ်ယောက်တည်းမထားခဲ့ပါနဲ့လို့ မင်းပြောခဲ့တာလေး ကိုယ်မှတ်မိနေသေးတယ်။

But all that dead is gone and past
Tonight....
ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးက ဒီညလေးမှာ
ပြီးဆုံးသွားတော့မှာပါ

Just close your eyes...
မျက်လုံးလေးတွေမှိတ်ထားလိုက်ပါ အချစ်ရယ်

The sun is going down...
နေဝင်သွားပြီလေ

You'll be allright.....
မင်းအဆင်ပြေသွားမှာပါ

No one can hurt you now...
ဘယ်သူမှမင်းကိုနာကျင်အောင်မလုပ်နိုင်တော့ပါဘူး

Come morning light....
မနက်ခင်းအလင်းရောင်လေးမြင်ရတဲ့အခါ

You and I'll be safe and sound...
ကိုယ်တို့နှစ်ယောက်လုံးအေးချမ်းလုံခြုံစွာရှိနေကြတော့မှာ.....*

သီချင်းသံအဆုံးမှာ အိပ်ပျော်သွားပုံရတဲ့​ကောင်လေး
ရဲ့ လက်တစ်ဖက်က​ရှောင်းကျန့်ခါးကို ဖက်ထားသေးတာ။ ဖက်ထားတဲ့ လက်ကို တွန်းဖယ်လိုက်ဖို့်​ရှောင်းကျန့် မစဉ်းစားမိတော့ဘူး။ အဲ့ဒီအစား​ကောင်လေးရဲ့
ခပ်နွေးနွေးရင်ခွင်မှာ ခိုလှုံလိုက်တယ်။

အတူရှိနေရခြင်းတွေမှာပဲ ကြည်နူးစရာ အမှတ်တရတွေ ဖြစ်တည်တယ်။ အတူမရှိတော့တဲ့အခါမှာတော့
ဒီအမှတ်တရလေးတွေက အဖော်ပြုပေးနိုင်ကောင်းရဲ့။

အတူတူ ပြန်လည်နိုးထခွင့်ရဦးမယ့် မနက်ခင်းတိုင်းမှာ
အမြတ်တနိုးချစ်ရကြောင်းတွေကို မင်းသိအောင်
အကျယ်တဝင့် ထုတ်ဖော်ပြသရဦးမည်လေ..
________________________________
A/N

အပေါ်မှာပါတဲ့သီချင်းလေးကTaylor Swiftရဲ့
Safe and soundဆိုတဲ့သီချင်းလေးပါ။
အရမ်းနားထောင်လို့ကောင်းပါတယ်။My fav💗

________________________________

Continue Reading

You'll Also Like

708K 64.3K 40
" ခ်ီးပဲ သူမ်ားေတြ Time Travellျဖစ္ရင္ အိမ္ေ႐ွ႕စံတို႔သခင္ေလး တို႔ေလ ငါ့က်မွ ယုန္တဲ့လား "
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
49.4K 3.2K 21
It's a simple student sweet love story WangYibo - 🐰Dearest Baby🐰 XiaoZhan -🦁Dearest Ko Ko Photo Crd
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...