Unicode
လွန်ခဲ့သော ၅ နှစ်..
မိုးများ ဖွဲဖွဲ အနည်းငယ် ရွာနေသော အချိန်။ လမ်းမကြီးပေါ်မှ ပြေးနေသာ Luxury ကားနက်လေးတစ်စီး။ ထို ကားပိုင်ရှင် က World's Top 5 ချိတ်တဲ့ Young successful business man မာန်ထက်ရှိန်ဦး ပါ။
ရှိရှိသမျှ ကောင်မလေး ၊ ကောင်လေးတွေ အကုန်လုံး စိတ်ကူးယဉ်နေရတဲ့ အိပ်မက်ထဲက manly man ကြီးပေါ့။ခုထိလည်း ချစ်သူ မရှိသေးသူပါ။
အမြဲတမ်း interview ဖြေထားတဲ့ video တွေ media တွေမှာ တင်လေ့ရှိတာက..
" ကျွန်တော်..မာန်ထက်ရှိန်..လူတစ်ယောက်ကို လွယ်လွယ် ချစ်ပစ်ဖို့်မရွေးဘူး။မာန်ထက်ရှိန် ဘေးနားထိုင်နိုင်ဖို့ ထိုက်တန်တဲ့သူကို ကိုယ်တိုင်ရွေးချယ်မှာပါ။ချစ်မိပြီဆိုရင် ဘယ်လိုအဆင့်အတန်းမျိုးပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ကျွန်တော်က အတ္တကြီးတဲ့လူမို့လို့ အချစ်လည်း ကြီးလိမ့်မယ်။အဲဒါကြောင့် အဲဒီသူက ကျွန်တော် ဘေးနားမှာ တစ်သက်လုံး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် နေရမယ်။နောက်ဆုံးလမ်းကိုတောင် ကျွန်တော် နဲ့ တစ်ပါတည်း ခေါ်သွားမှာ။အဲဒါ ကျွန်တော် သတ်မှတ်ထားတဲ့ ကျွန်တော့် အချစ်ပါ။ "
ထို interview video တွေကြောင့် အကုန်လုံး manly man ကြီးကို လိုချင်လို့ စိတ်ကူးယဉ်ကြပေမယ့် ကြောက်လို့ ဇာတ်လမ်းတော့ သွားမစရဲကြ။
မာန်ထက်တို့ ကား မီးပွိုင့်မိနေတုန်း~
မာန်ထက် ~ " ရဲရင့် chinese clients တွေ ဘယ်ချိန် flight ဆိုက်မှာလည်း.."
ရဲရင့် ~ " နေ့လယ် ၁ နာရီပါ Boss "
" ဟုတ်ပြီ..ည ၈ နာရီလောက်ကို အေးဆေးဆွေးနွေးလို့်ရမည့် resturant တစ်ဆိုင်ဆိုင်မှာ booking လုပ်ထား.."
ရဲရင့် ဘာမှပြန်မပြောဘဲ Boss ကို ပြောပြစရာတစ်ခု ကျန်သေးတာကြောင့်..
" Boss "
" ဥက္ကကြီးက ဖုန်းဆက်ထားပါတယ်.."
မာန်ထက် ~ " ဘာကိစ္စလည်း.."
" ဥက္ကကြီးက ည ၈ နာရီကို Pacific Hotel မှာ တွေ့ဆုံမှု တစ်ခု စီစဉ်ထားတယ် ပြောပါတယ်..မြင့်မိုရ် group ရဲ့ သမီး သဇင်မြင့်မိုရ် ပါ။ Boss ကို သွားတွေ့ခိုင်းပါတယ်"
" ရဲရင့်..နောက်ခါ..ဦးမာန်မဟာရဲ့ သေရေးရှင်ရေး ကိစ္စကလွဲရင် ကျန်တာငါ့ကို report တင်စရာမလိုဘူး..မင်းဘာသာ ကြည့်ဖြေရှင်းလိုက်.."
မိုးလည်း တိတ်သွားတာကြောင့်
မာန်ထက် ဘေးက ကားမှန်တံခါးဖွင့်လိုက်ရင်း..အပြင်ကို ကြည့်လိုကိကာ
" ငါ..မာန်ထက်ရှိန် ဘေးနားမှာ ထားဖို့..ထိုက်တန်တဲ့သူကို ငါဘာသာ ရွေးချယ်မယ်.."
ပြောအပြီး မျက်စိထဲ ဝင်လာတာက မပီမသ ပန်းချီကားလေးတစ်ခု။
ပန်းချီပြခန်းလေးက ပတ်ပတ်လည် မှန်အပြည့် ကာထားတာကြောင့် အထဲက ပန်းချီကားလေးများကို ဝိုးတဝါးမြင်နေရတာပါ။ပန်းချီပြပွဲသေးလေး တစ်ခုနဲ့ တူပါတယ်။လူတွေလည်း ကြည့်နေကြတာ တွေ့တာကြောင့်..
မာန်ထက်လည်း သေချာမမြင်ရပေမယ့် စိတ်ထဲတစ်မျိုးဖြစ်သွားရတာမို့..
မီးပွိုင့်စိမ်းသွားတော့ ကားက ဘီးစလိမ့်လိုက်တာကြောင့်..
" ရဲမာန် "
Driver နေရာမှ မောင်းနေသော ရဲမာန်က နောက်ကြည့်မှန်ကနေ သူ့ကို တစ်ချက်ကြည့်ကာ..
" ဟုတ်ကဲ့ Boss "
" ရှေ့က လမ်းကြားထဲမှာ ကားကိုရပ်လိုက်.."
" ငါ..အတည်ပြုစရာ ရှိတယ်.."
ကားရပ်တော့ ရဲမာန်ကဆင်းပြီး ကားတံခါးဖွင့်ပေးတော့ သူလည်း ဆင်းအပြီး လမ်းထိပ်နည်းနည်းပြန်ထွကိကာ ထိုပန်းချီပြခန်းကို ကြည့်နေတုနိး နောက်က ရဲရင့်၊ရဲမာန် နှစ်ယောက်ကို
* မင်းတို့ ဒီမှာစောင့်နေ မလိုက်လာနဲ့တော့*
ပန်းချီပြခန်းအထဲရောက်တော့ ပြခန်းမှူးအမျိုးသမီးက သူ့ကို မှတ်မိသည်အထင် ပြာပြာသလဲ ပြေးလာကာ
" မင်္ဂလာပါဆရာ ကျွန်မတို့်ပြခန်းကို လာရောက်ကြည့်ရှူပေးတာ ကျေးဇူးတင်ပါတယ်..ဘယ်လို ပန်းချီကားမျိုးကို သဘောကျလည်း မသိဘူး.."
ထိုသို့ပြောလိုက်တော့ မာန်ထက် ပန်းချီကားတစ်ခုကို လက်ညှိုးထိုးတော့
" ဆရာ..အဲ့ဒါက..လူငယ် ပန်းချီဆရာအသစ်ရဲ့ ပုံတူပါ..ဒီဘက်မှာ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပိုပြောင်မြောက်တဲ့ လက်ရာ.."
" မင်း..သွားလိုက်တော့.."
" ရှင်.."
မာန်ထက်ဘာမှမပြောပဲ ထိုအမျိုးသမီးကို စိုက်ကြည့်ပေးလိုက်တော့..ကြောက်ကြောက်လန့်လနိ့နဲ့..
" ဟုတ်.ဟုတ်ကဲ့..ဆရာ..အေးဆေးကြည့် ပါ.."
ပြခန်းမှူး အမျိုးသမီး ပြန်ထွက်သွားတော့ သူလည်း ထိုပနိးချီကား ရှေ့လျှောက်သွား
ပြီးသေချာကြည့်မိတော့ ~
အံ့သြမှင်သက်မိရကာ..
ဤမျက်ဝန်းညို၊ နှုတ်ခမ်း၊ကျော့ရှင်းတဲ့လည်ပင်း ဒါတွေအားလုံးဟာ သူအရမ်းချစ်ခဲ့၊လွမ်းခဲ့ရတဲ့ သူ့မေမေ၏ အရာတွေလိုပဲ။ဒုတိယအကြိမ် သူ့အတွက် လောကကြီးက ပြန်ပို့ပေးလိုက်သလိုမျိုး.
ပန်းချီကားလေး ပုံစံက..
ကောင်လေး တစ်ယောက်က ပန်းချီ stand လေးရှေ့မှာ ပန်းချီ ဆွဲနေဟန် စုတ်တံလေးတစ်ခုကို ကိုင်ထားသော ပုံလေး၊မျက်နှာကို ရှေ့တည့်တည့်လှည့်ကာ ပြုံးနေဟန်..
ကြည့်နေရင်းနဲ့ ဝမ်းသာမိတော့ သူ့မျက်လုံးထဲမှ မျက်ရည်စတောင် ဝေ့လာမိသလိုပဲ..
ပါးစပ်မှ တိုးတိုးရေရွတ်မိကာ..
"မေမေ..မေမေရဲ့ လက်စွပ်ပိုင်ရှင်တွေ့ပြီ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပန်းချီပြခန်း၏ waiting room ထဲတွင် ရင်ခုန်စွာ စောင့်နေကြတဲ့ လူငယ်လေးနှစ်ဦး။ထိုသူ နှစ်ယောက်က ပန်းချီဆရာလေးနှစ်ဦးပါ။ art major second year ကျောင်းသားလေးနှစ်ဦး ရောင်စဉ်ဖြူ နဲ့ နိုင်ထက်ပါ။..
ရောင်စဉ် ~ " ငါ့ ပန်းချီကားလေးကို ကြိုက်ကြပါ့မလား..ကိုယ်တိုင်ရေး ပုံတူပန်းချီကားဆိုတော့ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး.."
နိုင်ထက် ~ " မင်းကလည်း..စိုးရိမ်မနေနဲ့..ကိုယ်တိုင်ရေး ပုံတူလည်း လွယ်တယ်မထင်နဲ့..ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလောက်ထိ ဆွဲနိုင်တာ နည်းတဲ့အရည်အချင်းမှမဟုတ်တာ..ဟီး..ငါတောင် လေယာဉ်ပျံ ပုံတောင် ဖြောင့်အောင်ဆွဲတတ်သေးတာမဟုတ်ဘူး.."
နိုင်ထက်အားပေးတော့ ရောင်စဉ်လည်းပြုံးမိကာ..
ရောင်စဉ် ~ "အေး..အဲ့ဒါတော့ ဟုတ်တယ်..ဒါမယ့်..မင်း ဘဲဥပုံတော့ ကျွမ်းကျင်ပါတယ်"
နိုင်ထက် ~ " ဘာပြောတယ်..မင်းသေပြီပဲ"
နိုင်ထက် သူ့ကို ရိုက်ရန်လက်အမြှောက် တိမ်းရှောင်လိုက်ရင်း နှစ်ယောက်စလုံး
စနောက် ရယ်မိနေစဉ်..
" ရောင်စဉ်ဖြူ "
အသံကြားရာ နောက်လှည့်ကြည့်တော့ တံခါးပေါက်ဝမှာ ရပ်နေတဲ့ ပြခန်းမှူး အမျိုးသမီး..
" customer တစ်ယောက်က ပန်းချီကား အကြောင်းမေးချင်လို့တဲ့.."
ထိုသို့် ပြောလိုက်တော့ နိုင်ထက်ထအော်ကာ
နိုင်ထက် ~ " ယေး..သူငယ်ချင်း..ရောင်စဉ်..တွေ့လား..ငါမပြောဘူးလား..မင်းအဆင်ပြေမှာပါလို့.."
ရောင်စဉ်ဖြူလည်း ပြုံးပျော်ကာ
ပြောပြီး လှည့်ထွက်သွားတဲ့ ပြခန်းမှူးနောက်သို့ လိုက်ရင်း..
ဖြစ်လာမည့် ကံကြမ္မာကို ရောင်စင်ဖြူ တစ်ယောက် ကြိုသိခဲ့ရင်၊ ထိုသူရှေ့ကို ရောက်ရပြီး ဘယ်တော့မှ သူ့ကို ကျောခိုင်းလို့မရဘူးဆိုတာ ကြိုသိခဲ့ရရင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရောင်စဉ် ပြခန်း lobbyထဲရောက်တော့~
ပြခန်းမှူးအမျိုးသမီး ညွှန်ပြရာ ထို customer ကို ကြည့်လိုက်မိတော့ ~
သူ့ ပန်းချီကားရှေ့မှာ ရပ်နေလျက် ~
Suit အပြည့်ဝတ်စုံနဲ့ အရပ်ရှည်ရှည် bodystructure ကောင်းတဲ့အသွင်ရှိပြီး style pant ဘောင်းဘီအနက် အိတ်ထဲသို့ လက်ထည့်ထားကာ ရပ်နေတဲ့ ယောက်ကျားတစ်ဦး။
သူလည်း အနောက်မှာ ရောက်နေရင်း ကိုယ်က ပန်းချီဆရာဆိုတော့ သပ်ရပ်လှပနေမှ ဖြစ်မှာမို့ ဆံပင်ကို သေချာလက်နဲ့ သပ်လိုက်ပြီး အကျႌကို ဆွဲဆန့်လိုက်ကာ ..
ဤအမျိုးသားက မလှည့်လာသေးတော့~
* အင်း..ဘယ်လိုနှုတ်ဆက်ရမလည်း..လုပ်ငန်းရှင် ပုံစံမျိုးပဲ..ပထမဦးဆုံးဆိုတော့..ရိုသေသမှုနဲ့ နှုတ်ဆက်တာကောင်းမယ်..*
ရောင်စဉ်ဖြူလည်း အသက်ဝဝရှူကာ..
"မင်္ဂလာပါ..ကျွန်တော်က..ပန်းချီရေးဆွဲသူ..ရောင်စဉ်ဖြူပါ.."
ထို ငြိမ်သာတဲ့ အသံလွင်လွင်လေး ကြားမိတော့ မာန်ထက် နှုတ်ခမ်း ကွေးညွှတ်ပြုံးကာ..လက်ကမ်းပေးရင်း..
" မင်္ဂလာပါဗျာ..အကိုက..မာန်ထက်ရှိန်ဦးပါ.."
ရောင်စဉ် ~ * ဟင်..ဒါ..ခု star ဖြစ်နေတဲ့ CEO မာန်ထက်ရှိန်ဦးပဲ *သူလိုလူက ဘယ်ကဘယ်လို..*
သူလည်း လက်ကမ်းပေးတာ ကိုင်လိုက်ရင်း စိတ်ထဲ၌ အတွေးများက ယောက်ယက်ခတ်.. အပြင်ပန်းကတော့ ပြုံးပြဖို့တော့မမေ့..
ထူးဆန်းတာက သူလည်း ကိုယ့ိကိုပြုံးပြနေတာ..
တော်တော်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် လက်ကိုင်ထားရင်း မလွတ်ရသေး။သူကအရင် သတိပြန်ဝင်မိတော့..
"အာ..အကို..လက်.."
ပြောလိုက်တာတောင် ထိုယောက်ကျားက မလွတ်သေးဘဲ..
မိတ်ဆွေအချင်းချင်း လက်ဆွဲနှုတ်ဆက်တဲ့ အနေအထားကနေ ကိုင်ထားရင်း သူ့လက်ကို ရုတ်တရက် အပေါ်လှန်လိုက်တော့..မသိရင် ချစ်သူရည်းစား လက်ကိုင်ထားတဲ့ ပုံစံလိုလို..
မာန်ထက် ~ " အင်း...ဘယ်လိုလုပ်ရမလည်း..လက်တောင် မလွတ်ပေးချင်တော့ဘူး.."
"ဟမ်..ဗျာ..ဟိုဟာလေ..ပန်းချီကား အကြောင်းမေးချင်ရင် guest room ရှိပါတယ်..အဲဒီမှာ အနားယူပြီး ပြောလို့ရပါတယ်."
ထိုအခါမှ သူ့လက်ကို လွတ်ပေးကာ..
" Ok..အာ့ဆို..ဖြူ ခေါ်သွားပေး.လေ."
ရောင်စဉ်ရှေ့လှည့်လိုက်ပြီးမှ နောက်သို့ပြန်ကြည့်ပြီး..
ရောင်စဉ် ~" ဟမ်..ဖြူ.."
မာန်ထက် ~ " ဟုတ်တယ်.ကိုယ် တစ်ယောက်တည်းပဲခေါ်ခွင့်ရှိတဲ့ ဖြူ.." ခေါ်လို့ရတယ်မှတ်လား.."
" အာ..ရပါတယ်.."
* ဘယ်လိုလူကြီးလည်း..တစ်မျိုးကြီးပဲ..အင်း..ရင်တွေတောင် ခုန်မိတယ်..*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Guest room ထဲရောက်တော့ နိုင်ထက်က သူ့နောက်မှာ ပါလာတဲ့ ထိုအမျိုးသားကို မြင်တော့.. အလန့်တကြားနဲ့
နိုင်ထက် ~ " ရောင်စဉ်..အဲ့ဒါ..CEO မာန်ထက်.."
ရောင်စဉ် ~"ဟုတ်တယ်.တိုးတိုးပြော.ဘယ်လိုဖြစ်နေတာလည်း.."
~ " Sorry ပါ ဗျာ..ဒါ..ကျွန်တော့်
သူငယ်ချင်း နိုင်ထက်..သူလည်း ပန်းချီဆရာပါ.."
မာန်ထက်ရှိန်ဦး နိုင်ထက်ဆိုသူကိုတစ်ချက်
စိုက်ကြည့်ပြီး ..
" ရပါတယ်..သူငယ်ချင်းဆိုရင်တော့.ကိစ္စတော့ မရှိပါဘူး.."
နိုင်ထက် ~ " ဟုတ်ကဲ့..ကျွန်တော်က..နိုင်ထက်ပါ.."
နိုင်ထက်က နှုတ်ဆက်ရင်း လက်ကမ်းလိုက်တော့..
မာန်ထက် ~ " Sorry ..ကျွန်တော်က..လူတိုင်းနဲ့ လက်ဆွဲနှုတ်ဆက်ရမှာ..နည်းနည်း sensitive ဖြစ်တတ်လို့..."
ထိုသို့်ပြောလိုက်တော့ နိုင်ထက်လည်း ရှက်သွားတဲ့ပုံနဲ့ လက်ကမ်းထားတာ ပြန်ရုတ်ပြီး..
" ဟီး..ဟီး..နားလည်ပါတယ်ဗျာ..တချို့ အဲ့လိုလူမျိုးတွေလည်း ရှိတတ်ပါတယ်.."
ရောင်စဉ် စိတ်ထဲမှာတော့..
* sensitive တဲ့..ငါ့ကိုတော့ အရင်လက်ကမ်းပြီး လက်တောင်မလွတ်တော့တာများ *
ရောင်စဉ် ~ " အကို..ထိုင်ပါ.."
သူတို့အားလုံး ထိုင်လိုက်တော့..
ရုတ်တရက် နိုင်ထက် ဖုန်းမှ alarm ထမြည်လာကာ
" တီ..တီ..တီ..တီ.."
နိုင်ထက် ဖုန်းကို ထုတ်ကာကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ..
" အာ..ရောင်စဉ်..အချိန်စေ့ပြီ..ငါ့ crush ကြီး သင်တန်းဆင်းပြီး သူ့နောက်လိုက်ရမယ်.."
ရောင်စဉ်လည်း ကိုမာန်ထက်ကို တစ်ချက်ကြည့်ပြီး..နိုင်ထက်လက်ကို ဆွဲကာ
" နိုင်ထက်..မင်းကလည်း..ငါ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား.."
"ဘာကို..တစ်ယောက်တည်းလည်း..ကိုမာန်ထက်ရှိတာပဲ..သူနဲ့နေ.."
ကိုမာန်ထက်ဆိုသူကလည်း စထိုင်တည်းက သူ့ပဲပြုံးကြည့်နေတော့တာပဲ..
နိုင်ထက်လည်း ပြောလည်းပြော သူ့လက်ကို ဖြုတ်လိုက်ရင်း အိတ်ဆွဲကာ ပြေးထွက်သွားတော့သည်။
စိတ်ထဲ၌..
* ဒီ..သူတောင်းစား..*
မာန်ထက် ~ " ဘာလည်း..ကိုယ့်ကို ..ကြောက်လို့လား " ပြောလည်းပြော သူ့မျက်နှာနားကိုကပ်လာပြီး သူ့မျက်လုံးကို စိုက်ကြည့်ပြောတော့..
ရောင်စဉ်လည်း လက်ကာပြရင်း..
" အာ..အဲ့လိုမဟုတ်ပါဘူး..ဟို..ဟိုလေ..ပန်းချီကား ကိစ္စပြောမလိုဆို.."
ထိုသို့ပြောလိုက်မှပဲ မာန်ထက် ကိုယ်ကိုပြန်မတ်လိုက်တာ..
မာန်ထက် ~ "အော်..ဟုတ်သားပဲ.လူကို အပြင်မှာ ကိုယ်တိုင်တွေ့ရတော့ မေ့သွားတာ..ကိစ္စက.အကို..အဲ့ပန်းချီကား ပြန်ဝယ်ချင်တယ်.
ရောင်စဉ် ~ "အာ..အကို..sorry ပါ..ကျွန်တော့် ပထမဆုံး လက်ရာမို့လို့ တန်ဖိုးထားတယ်..အဲ့ဒါကြောင့်..သိမ်းပဲသိမ်းထားမှာ..မရောင်းပါဘူး.."
"အဲ့ဒါဆို..ကိုယ်က ပန်းချီကားထဲကလူကို သတိရလို့ တွေ့ချင်ရင် ဘယ်လိုလုပ်ရမလည်း.."
" ဗျာ..အာ..ဟိုလေ..တွေ့ချင်ရင် ကျွန်တော်ကို ကိုယ်တိုင် တွေ့လို့ရပါတယ်..မိတ်ဆွေအဖြစ်နဲ့ ခင်လို့်ရပါတယ်.."
" ကောင်းပြီလေ..ပန်းချီကားကို သိမ်းထားပါ..ကိုယ် မပိုင်ရရင် ဘယ်သူ့မှ ပိုင်တာ မလိုချင်ဘူး "
" အဲ့ဒါဆိုလေ.."
ခုံပေါ်မှာ တင်ထားမိတဲ့ သူ့လက်ကို ဖွဖွကိုင်လာကာ..သူ့မျက်လုံးကို တည့်တည့်ကြည့်လာပြီး..
" ကိုယ်..အမြဲတမ်း.လာတွေ့မယ်နော်.."
ကိုင်ထားသော လက်ကိုလည်း မရုန်းမိ၊ ရင်တွေတောင် ဒိန်းဒိန်း ခုန်နေရင်း..
မာန်ထက် ~ * ဖြူ..ဖြူ့ကိုယ်တိုင်..ကိုယ့်ကို.မင်းဆန္ဒနဲ့.မင်းဘဝထဲ ဝင်လာဖို့ ခွင့်ပေးလိုက်တာ..ပြန်ရုတ်သိမ်းခွင့်တော့ လုံးဝမရတော့ဘူး.*
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ကြောင်းပြန်တာကလေ အခုအပိုင်းရယ် နောက်အပိုင်း ၂ ပိုင်းထိ ရေးပြီးမှ အရင်အချိန် ပြန်ရောက်မှာပါ။
ရောင်စဉ်တို့ wedding လေးထည့်ချင်လို့ပါ။
ကိုယ့် fic လေး သုံးပတ်မြောက်ပဲရှိသေးတယ် viewers 7k ကျော်သွားပြီ..ပျော်ပါသည်။
ဖတ်ပေးကြတဲ့ readers တွေအားလုံးကျေးဇူးပါ။
ဆက်အားပေးကြပါနော်..
Vote and Comment 😘