အချစ်ကြမ်းသည်။အပိုင်း~၁၉

1.6K 76 4
                                    

Unicode

ရောင်စဉ်အတန်းအားလုံးပြီးသွားလို့ ပြန်တော့မှာမို့ အိတ်ကိုလွယ်ပြီး ထလိုက်တော့..

နိုင်ထက် ~ " ရောင်စဉ် မင်းဒီညနေ ရောအချိန်ပိုင်း အလုပ်သွားမှာလား.."

" မသွားဘူး..ဒီနေ့..."

" အာ့ဆို..very good..မုန့်သွားစားမယ်"

ရောင်စဉ် ~ " အာ..ငါ..ချိန်းထားတာရှိတယ်.."

နိုင်ထက် မျက်နှာ ရှုံမဲ့ကာ..

" မောင်..ပဲလား.."

ရောင်စဉ် မျက်နှာချိုသွေးရင်း..နိုင်ထက် လက်ကို လှမ်းကိုင်ကာ..

" အင်း..သူငယ်ချင်း..နောက်နေ့မှ မုန့်သွား
စားမယ်နော်..စိတ်မဆိုးပါနဲ့.."

" မင်းလည်းနော်..အခုမှ ပထမဦးဆုံးချစ်သူ..စထားရုံပဲရှိသေး.အပိုးကိုကျိုးနေတာပဲ.."

နိုင်ထက် ~ " အစတုန်းက..ငါက..မင်း ကျောင်းတစ်ဖက်..အန်တီကို ဂရုစိုက်ရတာတစ်မျိူး..အချိန်ပိုင်းအလုပ်က သုံးခုလောက်ဆိုတော့.."

" ငါက..မင်းပင်ပန်းမှာစိုးလို့..part-time job တစ်ခုလောက်လျှော့ပါ..ပြောတုန်းကတော့..လုပ်နိုင်တယ်..ပိုက်ဆံရှာရမယ်..ဘာမယ်နဲ့.."

" မင်း..မောင် မကြိုက်ဘူးလည်းဆိုရော..ချက်ချင်း အလုပ်တွေ..မသွားတော့ဘူး.."

" ကြည့်လုပ်..မင်းကို..ရုန်းမရအောင် ချုပ်ထားလိမ့်မယ်..interview တွေမှာ ဖြေတာတွေ့တယ်မှတ်လား.."

ရောင်စဉ် ~ "ဟုတ်ဘူး..မင်းမှားနေတာ.မောင့်ကြောင့်မဟုတ်ဘူး..မောင်က မကြိုက်ဘူးပြောပေမယ့်.ငါပြောပြလိုက်တော့ လက်ခံပေးပါတယ်.မောင်က ကောင်းတဲ့လူပါ..ငါ့ကို ဂရုစိုက်ပြီး နားလည်ပေးတယ်..အလုပ်မသွားတာက..ငါ့ကို အလုပ်ဖြုတ်လိုက်လို့.."

" ဟမ်..ဖြုတ်တယ်..ဘာဖြစ်လို့.."

"သိပါဘူးကွာ..ငါ့ အလုပ်လုပ်တာ နှေးတယ်တဲ့..ဆက်မသုံးချင်ဘူးတဲ့..နောက် လူအသစ်ရှာမလို့တဲ့.."

"ဟာ..သူတို့ပဲ အဆင်ပြေတယ်ဆို.."ရုတ်တရက်ကြီး.."

" သိတော့ဘူး..ခု ငါ့မှာ အလုပ်ကတစ်ခုပဲရှိတော့တယ်..ပိုက်ဆံလည်း နည်းနေပြီ."

အချစ်​ကြမ်းသည်​။Tempat cerita menjadi hidup. Temukan sekarang