အချစ်ကြမ်းသည်။အပိုင်း-၂

2.2K 123 0
                                    

Unicode

At Mhan Mahar Construction (Group Of Companies)~

Company ဝင်ပေါက်ရှေ့ Dept; တိုင်းက Manager များ နှင့် ဝန်ထမ်းအချို့အသင့်အနေအထားနဲ့ ကြိုစောင့်နေကြသည်။ ဒါကလည်း Boss မရောက်ခင် မာန်မာဟာ group ဝန်ထမ်းများက စောစာရောက်အောင်လုပ်ကြရ၍ Boss မလာခင်အသင့်စောင့်နေကြရသည်။ ထိုသို့ စောင့်နေကြရလို့ သူတို့အနေနဲ့ အောက်ကျခြင်း၊ မကျေနပ်ခြင်း အလျဉ်းမရှိကြပါ။ မာန်မဟာ group သည် သူတို့အပေါ် ကျေးဇူးများစွာရှိခြင်းကြောင့် သူတို့အနေနဲ့ သစ္စာစောင့်သိစွာ ရိုသေလေးစားလျကိ အလုပ်လုပ်ကြပါသည်။

မကြာမီ CEO ပါလာသောကားနှစ်စီး Company ရှေ့သို့ဆိုက်ရောက်လာသည်။ ရဲရင့် ကားပေါ်က ဦးဆုံးဆင်းကာ Boss ကိုကားတံခါးဖွင့်ပေးအပြီး မာန်ထက်ရှိန် ကားပေါ်မှ ဆင်းလာသည်နှင့် ~

Mhan Mahar Staffs~ " မင်္ဂလာပါ Boss"

မာန်ထက်ရှိန်~ " ဟုတ်ပြီ မင်္ဂလာပါ အလုပ်ဝင်နိုင်ပြီ"

Staffs~ "ဟုတ်ကဲ့ပါ Boss"

မာန်ထက်ရှိန် တပည့်နှစ်ယောက်နှင့်အတူ Company အတွင်းသို့ဝင်လာလေသည်။ Company ဝင်သွားရာ လမ်းတစ်လျှောက်ရှိ လျှောက်လာကြသော ဝန်ထမ်းများ CEO ကိုတွေ့သည်နှင့် ဦးညွှတ်ကြပါသည်။ ဒါကလည်း မာန်မာဟာ မိသားစုများ လိုက်နာပြုကျင့်ရမည်စည်းကမ်းတစ်ခုပါ။ ဝန်ထမ်းများအားလုံးသည် မာန်မဟာ group မှ ပုံသွင်းထားခြင်းကြောင့် မည်သည်ကိုမျှ ငေးခြင်း၊ စပ်စုခြင်းအလျဉ်းမရှိ ကိုယ့်အလုပ်ကိုသာအာရုံစိုက်ပြီးသာ လုပ်ကြပါသည်။

ရုံးခန်းရောက်သည်နှင့်~

မာန်ထက်ရှိန် ~ " ရဲရင့် Meeting ဘယ်အချိန်လည်း "

ရဲရင့် ~ " ၁၁ နာရီပါ Boss"

"........ အင်းးး ~ ၁၀ နာရီပြောင်းလိုက်~ ငါနေ့ခင်း ဖြူလေးဆီကို ဖုန်းဆက်ရမှာ နေ့လည်ခင်းအချိန်မကျော်ချင်ဘူး"

" ဟုတ်ကဲ့ Boss" ပြော ပြီးတစ်ပြိုင်နက် ရဲရင့် အခန်းထဲမှထွက်သွားသည်။

ထိုစဉ်~

ရဲမာန် ~ "📱📱📱📱" " Hello" ...
အင်း..အင်း.. ဟုတ်ပြီး မင်းတို့သေချာစောင့်ကြည့်ထား အခြားနေရာထွက်သွားတာနဲ့ ချက်ချင်းဖုန်းဆက်" ဒါပဲ " ဖုန်းချလိုက်အပြီး

အချစ်​ကြမ်းသည်​။Tahanan ng mga kuwento. Tumuklas ngayon