အချစ်​ကြမ်းသည်​။အပိုင်း~၂၀

3.2K 169 21
                                    

Zawgyi..

ရောင်​စဉ်​တစ်​​ယောက်​ ဒီ​နေ့​တော့ ​ကျောင်း​တောင်​မသွားနိုင်​​တော့ပါ။ဖုန်းကို ကိုင်​ကာ internet ဖွင့်​လိုက်​မိ​တော့ ~

Media ​တွေ ​တော်​​တော်​များ တင်​ထားကြတဲ့ ​ခေါင်းကြီးပိုင်း သတင်း ~

'Emergency Alert'

'Young Successful Business Man

CEO မာန်​ထက်​ရှိန်​ဦး ရဲ့

Love Affair '

ရောင်​စဉ်​ page ထဲဝင်​ကြည့်​လိုက်​မိ​တော့ ​မောင်​ရဲ့ proposing video click တင်​ထားတာ​တွေ့ရပါသည်​။

Post ​တွေရဲ့ Comment ​တွေမှာက..

"ဝိုး..CEO ကြီးအရမ်းရိုတယ်​..​​ကြေကွဲတယ်​​နော်​..😭😭😭 "

"ဟယ်​..CEO ကြီးရဲ့ချစ်​သူက ချစ်​စရာ​လေး ..ဘယ်​သူလည်းဟင်​..အလင်းပြ​ပေးကြပါ.."

"အဲ့ဒီ​ကောင်​​လေးက..​art student second year တဲ့ နာမည်​​တော့မသိဘူး."

"ဘယ်​အသိုင်းအဝိုင်း​တွေထဲကလည်း.."

"သာမာန်​​ကျောင်းသားလို့​တော့ ​ပြောကြတာပဲ.."

"မြူဆွယ်​တာပဲ ဖြစ်​မှာပါ.."

"အပိုင်​ဖမ်းတာ.​နေမှာ​ပေါ့.."

"ဟယ်​..ဖြူဖြူ​သေး​သေး..ချစ်​စရာ​လေး..သ​ဘောတူတယ်​.."

ရောင်​စင်​ဖြူ မန့်​​တွေကို ဖတ်​ကြည့်​ပြီး စိတ်​​တွေလည်း ညစ်​လာရကာ စိတ်​ကမသက်​သာ​တော့။မောင်​နဲ့ ချစ်​သူဖြစ်​တာ ဘယ်​သူမှမသိ​စေချင်​ပါဘူး.. အချိန်​မကြာ​သေးတာ​ရော၊ လူတကာရဲ့ အာရုံစိုက်​မှုကိုလည်း မခံချင်​တာလည်း ပါပါတယ်​။ပြီး​တော့ ​မောင်​က သာမန်​လူမှ မဟုတ်​တာ။သူနဲ့က အဆင့်​အတန်းက အရမ်းကွာခြားတာ​လေ..

ရောင်​စဉ်​ညကအ​ကြောင်း စဉ်းစားမိ​တော့

မောင့်​ propose ကို ကြားပြီး သူ ​ပျော်​ရွှင်​ဖို့်​ မဆိုထားနဲ့။စိတ်​​တောင်​ နည်းနည်း​နောက်​သွားရတယ်​။အားလုံးက အံသြသွားကြလို့ ဝိုင်းကြည့်​ပြီး တီတိုး​ပြောကြတာ​ရော၊ ဖုန်းနဲ့ video ရိုက်​သူကရိုက်​၊ ဓာတ်​ပုံလည်း ဝိုင်းရိုက်​ကြလို့ ခု​တော့ တစ်​နိုင်​ငံလုံး သိသွားရတဲ့အဖြစ်​။မောင့်​ကို မချစ်​လို့​တော့ မဟုတ်​ပါ။ချစ်​တယ်​​လေ..။ဒါ​ပေမယ့်​ တွဲတာ တစ်​လပဲရှိ​သေးတယ်​။လက်​ထပ်​ဖို့ကျ​တော့ အရမ်းမြန်​​နေတယ်​.တစ်​သက်​လုံး တူတူ​နေသွားဖို့ကျ​တော့ သူ​သေချာစဉ်းစားကြည့်​ချင်​တယ်​..ပြီး​တော့လည်း ​မောင့်​ကို..သူ..အပြည့်​အဝနားမလည်​​သေး​တော့ တစ်​ခုခုလည်း ရင်​ထဲ​လေး​နေသလိုပဲ..

အချစ်​ကြမ်းသည်​။Место, где живут истории. Откройте их для себя